#ဗလာနတ္ထိပုံတူ#
Vol. 79 Ch. 1118
"သူတို့အလောင်းတွေဘယ်မှာလဲ" စုန့်ရှောင်မျက်လုံးပြူးကျယ်သွားပြီး အတွင်းဘက်သို့ ဆက်ကြည့်နေသည်။
သို့စေကာမူ အတွင်းဘက်က တောင်ငယ်အားလုံးက နစ်မြှုပ်သွားခဲ့ပြီး အကြွင်းအကျန်များကပင် ပြောင်းလဲမသွားဘဲ ထိုနေရာ၌ရှိနေဆဲပင်။
မြင်ကွင်းက ပြင်းထန်သောသေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု မည်သောအခါမှ မရှိခဲ့သည့်အလား အရင်ကကဲ့သို့ ကောင်းမွန်နေဆဲပါ။
ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့က လေထဲတွင် ပျောက်ကွယ်သွားသည့်အလားပင်။
အချိန်အတော်ကြာသွားပြီးနောက် မုဖူရှန်း၏စရိုက်ကို ကျန်းချင်းလန် အတိုင်းအတာတစ်ခုအထိ နားလည်လာခဲ့သည်။
သူကအလွန်အမင်းသတိကြီးသူတစ်ယောက်ဖြစ်သည်။
သို့စေကာမူ စစ်မြေပြင်က ခြေရာလက်ရာများကို ဖယ်ရှားပစ်နိုင်သည့် မုဖူရှန်း၏ စွမ်းရည်ကို ပြန်လည်မြင်ရသောအခါ သူမထိတ်လန့်နေမိသည်။
အတားအဆီးအထဲက ဖျက်ဆီးခြင်းအော်ရာက အပြင်ကမ္ဘာထိပင် ပျံ့လာခဲ့သည်။ ယခုလိုအခြေအနေများအောက်တွင် မပျက်စီးသောအရာဟူ၍မရှိသလို ခြေရာမကျန်ရှိတာက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ တည်ငြိမ်နေကြသည်။ မုဖူရှန်း သူတို့အတွက် အမြင်မကောင်းသည့် သဲလွန်စများကို သေချာပေါက် မချန်ထားခဲ့တာကို သိရရန်အတွက် သူတို့ အတားအဆီးအတွင်းဘက်က မြင်ကွင်းကို ကြည့်စရာပင်မလို။
"မင်းဘာတွေ့ခဲ့လဲ" ရှောင်ဟိုင်မေးသည်။
မုဖူရှန်း ကျန်းချင်းလန်နှင့် စုန့်ရှောင်တို့ကို စိုက်ကြည့်ရင်း အသံပို့လွှတ်လိုက်၏။
"ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့ရဲ့ပန်းတိုင်က အဲဒီနတ်ဆိုးဘုရင်ပိုင်နက်နဲ့ အခြေခံအားဖြင့် ကွဲပြားတယ်၊ နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက အစ်ကို့ကို အရှင်လတ်လတ် ဖမ်းချင်ကြပြီး နတ်ဆိုးဘုရင်ပိုင်နက်ကတော့ အနာဂတ်ပြဿာနာတွေကို တတ်နိုင်သမျှ လျှော့ချပစ်ဖို့ သတ်ပစ်ချင်ကြတယ်"
ရှောင်ဟိုင်အနည်းငယ် ကြက်သေသေသွားသည်။
"ကြည့်ရတာ ဒီနတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းမှာ တခြားရည်ရွယ်ချက်တွေရှိပုံပဲ"
ရှောင်ဟိုင်၏မှတ်ဉာဏ်က အပြည့်အ၀ ပြန်မကောင်းလာသေးသည့်တိုင် သူအရင်မှတ်ဉာဏ်များ၌ ပေါ်လာသည့် သေတ္တာကို တွေးလိုက်မိသည်။
မုဖူရှန်းနောက်ထပ်ပြောသည့် စကားလုံးများက ရှောင်ဟိုင်၏ခန့်မှန်းချက်ကို အတည်ပြုခဲ့သည်။
"ကြည့်ရတာ သူတို့ပစ္စည်းတစ်ခုဖွင့်ဖို့အတွက် အစ်ကို့ကို လိုနေကြပုံပဲ"
"ဒါ့အပြင် ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က ထပ်မစောင့်နိုင်ကြတော့ဘူး၊ သူတို့အဆိုအရဆိုရင်...." ဒီနေရာတွင် မုဖူရှန်း၏ အမူအရာက လေးနက်သွား၏။
"ဒီတစ်ကြိမ် သူတို့နှစ်ယောက်သာ ကျရှုံးသွားမယ်ဆိုရင် ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က အစ်ကိုကို တိုက်ခိုက်ဖို့ သူတို့ရဲ့ထိပ်တန်းတိုက်ခိုက်ရေးစွမ်းမားကို စည်းရုံးလိမ့်မယ်"
ဖန်ချန်းသိချင်စိတ်ဖြင့်မေးသည်။
"နတ်သခင်ဟောင်တျန်း သူတို့ကို သတိမပေးခဲ့ဘူးလား"
မုဖူရှန်းခေါင်းညိတ်သည်။
"ဒါပေမယ့်အခု စီနီယာအစ်ကိုရှောင်ဟိုင်မှာ နတ်အင်ပါယာနယ်ပယ်စွမ်းအားပဲ ရှိသေးတာဆိုပေမယ့် ဒါက နတ်သခင်အဆင့်ကျွမ်းကျင်သူကို ဆော်ဩဖို့ဆိုတာက ပြဿာနာတစ်ခုမဟုတ်ဘူး"
ဖန်ချန်းတိတ်ဆိတ်သွားသည်။
သူတို့လက်ရှိနယ်ပယ်က နတ်အင်ပါယာနယ်ပယ်ကို ရောက်နေကြပြီဖြစ်သော်လည်း နတ်သခင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ခုခံရန် အခွင့်အလမ်းမရှိလောက်ပေ။
ရှောင်ဟိုင်ပြုံးသည်။
"တကယ်လို့ သူတို့သာ ငါ့ကိုဖမ်းဖို့အတွက် အဲတပည့်တွေကို စည်းရုံးသိမ်းသွင်း ဆော်ဩနေဦးမယ်ဆိုရင် သူတို့ နတ်သခင်အဆင့်ဂိုဏ်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူး"
"ငါတို့ကြုံလာသမျှ အရာတိုင်းကို ကိုင်တွယ်ကြတာပေါ့၊ အနည်းဆုံးတော့ အခုအတွက် လုံခြုံနေပါသေးတယ်" ယဲ့ချိုးပိုင်ပြုံးသည်။
"အခုငါတို့လုပ်ရမှာက နောက်ပိုင်းဖြစ်ပျက်လာမယ့်အရာတွေကို ကိုင်တွယ်နိုင်ဖို့အတွက် ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးတိုးမြှင့်အောင် လုပ်ရမယ်"
ရှေ့တွင် ငရဲနတ်ဆိုးဒေသ၏ ကျားကြီးတစ်ကောင်ရှိနေပြီး နောက်တွင် နတ်သခင်အဆင့်ဂိုဏ်းမှ ကြမ်းကြုတ်ရက်စက်သည့် ဝံပုလွေတစ်ကောင်ရှိနေသည်။
ရှေ့နှင့်နောက်မှ တိုက်ခိုက်ခံနေရတာက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ လက်ရှိအခြေအနေပင်။
"ကောင်းပြီ၊ ထွက်ခွာဖို့အချိန်ကျပြီ၊ ဂျူနီယာမောင်လေးရှောင်ဟိုင်ရဲ့ခွန်အားက ခွန်းလွန်အပျက်အစီးကို ဖွင့်ပြီးတဲ့အခါကျရင် နောက်တစ်ဆင့်ကို တိုးသွားလောက်တယ်" ဟုန်ရင်ပြုံးသည်။
သူတို့အုပ်စုက လနတ်ကျောက်တောင်တစ်ခုဆီသို့ ဦးတည်းပြေးလွှားသွားကြ၏။
....
ဒီမတိုင်ခင်က ကြီးကြပ်ရေးဗိမာန်က လူများ ဘိုးဘေးအင်ပါယာအပိုင်းသို့ ချီတက်ခဲ့ကြသည်။
သို့စေကာမူ မြေပုံအရ သူတို့ဘိုးဘေးအင်ပါယာအပိုင်းကို ရောက်လာသောအခါ သူတို့ရှေ့၌ တောင်ကြီးတစ်တောင်ရှိနေသည်။
တောင်ထိပ်ကိုပင် မမြင်နိုင်သည့် အဆုံးမဲ့တောင်တန်းနှစ်ခုက ကောင်းကင်အားဖုံးလွှမ်းကာ ဒီကုန်းမြေအပိုင်းကို လုံး၀သီးသန့်ဖယ်ထားသည်။
တစ်ခုတည်းသောလမ်းကြောင်းက စုန့်စီနှင့် ကျန်သောသူများရှေ့က နက်ရှိုင်းသည့်ချောက်ပေတည်း။
တောင်တန်းနှစ်ခုက အနုပညာလက်ရာအလား အင်မတန်ပြားချပ်နေသည်။
ရှေးဦးမူလခေတ်ကလာသည့် နိယာမစွမ်းအားအသီးသီးနှင့် ပြည့်နှက်နေသော အော်ရာတစ်ခုက ချောက်၏ တခြားဘက်ကနေ သူတို့ထံ လိမ့်၀င်လာသည်။
"ဒါက....."လီချန်း ချောက်ကိုလက်ညိုးထိုးပြရင်း ပြောသည်။
"ဘိုးဘေးအင်ပါယာချောက်၊ ဘိုးဘေးအင်ပါယာအပိုင်းရဲ့ တစ်ခုတည်းသော၀င်ပေါက်"
၀မ်ကျင်းကျောက် ခါးသီးစွာပြုံးသည်။
"ဒါပေမယ့် ၀င်ဖို့နည်းနည်းခက်မှာကို ငါကြောက်နေမိတယ်"
စုန့်စီ မြေပေါ်၌ ထိုင်နေသည့် အရိုးစုနှစ်စုကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။
အရိုးစုများက ချောက်၀င်ပေါက်နှစ်ဘက်စလုံးတွင် ထိုင်နေပြီး အသက်ကင်းမဲ့နေပုံပင်။
သို့စေကာမူ အနီးကပ်လေ့လာကြည့်မည်ဆိုပါက အရိုးစုဆီကနေ ထွက်လာသည့် သတ်ဖြတ်ခြင်းဆန္ဒလှိုင်းများကို ခံစားနေရသည်။ ဒီချောက်ထဲက ခုန်၀င်ရဲသောသူတိုင်း အသတ်ခံရမည့်အသွင်။
စုန့်စီရင်ဘတ်ကိုကိုင်ကာ ရှေ့သို့လျှောက်လာသည်။ သူအရိုးစုနှစ်ခုနှင့် ဆယ်လှမ်းအကွာတွင် ရပ်လိုက်ပြီးနောက် လက်နှစ်ဖက်ဆုပ်သည်။
"ဂျူနီယာစုန့်စီ စီနီယာနှစ်ယောက်ကို နှုတ်ဆက်ပါတယ်၊ ကျွန်တော်တစ်ခုခုရယူဖို့အတွက် ဘိုးဘေးအင်ပါယာအပိုင်းကို ၀င်ချင်ပါတယ်၊ စီနီယာတို့၀င်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်"
သူစကားပြောပြီးသည့်တိုင် အရိုးစုနှစ်ခုက ထိုနေရာ၌ လှုပ်ရှားခြင်းမရှိဘဲ ထိုင်နေဆဒပင်။
စုန့်စီဦးညွတ်ကာ လက်နှစ်ဖက်ဆုပ်ထားရင်း ဒီကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားသည်။
ဒါကရက်တစ်၀က်ခန့်ကြာသွားခဲ့သည်။
ဒီအခိုက်အတန့်မှာပင် အရိုးစုကနေ အသံတစ်သံထွက်လာသည်။
"ဘာကိုရယူချင်တာလဲ"
စုန့်စီအပြုံးဖြင့်ထရပ်ကာ ပြောသည်။
"ဗလာနတ္ထိပုံတူပါ"
ဒါကိုကြားသော အရိုးစုတစ်ခု ဦးခေါင်းခွံကို မြှောက်လိုက်သည်။ အပြာရောင်မီးလျှံက ၎င်း၏လစ်ဟာနေသည့်မျက်လုံး၌ ပွင့်လန်းနေသည်။
"မင်းဘယ်သူလဲ၊ ဗလာနတ္ထိပုံတူအကြောင်း ဘယ်ကနေ သိခဲ့တာလဲ"
အပြာရောင်မီးလျှံအရိုးစု၏ အကြည့်အောက်၌ စုန့်စီရေခဲတိုက်တစ်ခုထဲသိုပ ကျသွားသည့်အလား ချက်ချင်းခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက ရေခဲအရိုးဆူးချွန်များ သူ့ခြေလက်အင်္ဂါများကို ထိုးဖောက်ကာ မြေကြီး၌ ထိုးသွင်းခံထားရသည့်အလား အေးစက်နေပြီး ရွှေ့လျားလှုပ်ရှားခြင်းကနေ တားဆီးထားသည်။
သူ့ကိုယ်ထဲကသွေး၊ ဒန်တျန်ထဲက ဝိဉာဉ်ချီအပြင် သူ့အသိစိတ်ပင်လယ်တစ်ခုလုံးပါ အေးခဲသွားပုံရပြီး မလှုပ်ရှားနိုင်၊ မတွေးတောနိုင်ဘဲ သေခြင်းတရားအတွက်သာ စောင့်နေနိုင်တော့သည်။
စုန့်စီအံကြိတ်လိုက်သည်။ အေးစက်သည့်အလင်းအောက်တွင် သူ့မေးရိုးများပင် တုန်ယင်နေပြီး သူအားယူကာပြောလိုက်၏။
"စီနီယာ၊ ကျွန်တော်တို့ဒါကို သေမျိုးနယ်မြေရဲ့ ဘေးကင်းမှုအတွက် လုပ်နေတာပါ"
"အသေးစိတ်ကရော"
"ငရဲနတ်ဆိုးဒေသ ဖိနှိပ်မှုကနေ ချိုးဖျက်လာဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ ကျွန်တော်မသိပေမယ့် အများကြီးကြာမှာမဟုတ်ဘူး၊ ဒါကြောင့် ငရဲနတ်ဆိုးဒေသကို ခုခံဖို့အတွက် ကျွန်တော်တို့ ဗလာနတ္ထိပုံတူကို လိုအပ်ပါတယ်"
အရိုးစုနှာခေါင်းရှုံပသည်။
"အရင်က သေမျိုးနယ်မြေမှာ ဗလာနတ္ထိပုံတူ၊ ကောင်းကင်ဖိနှိပ်စေတီနဲ့ တခြားဘိုးဘေးရှေးဟောင်းပစ္စည်းတွေ ရှိတာတောင် ငရဲနတ်ဆိုးဒေသကို နှင်ထုတ်ဖို့အတွက် ဒီလိုကြီးမားတဲ့ တန်ဖိုးတစ်ခုပေးဆပ်ခဲ့ရတယ်၊ ဗလာနတ္ထိပုံတူလေးနဲ့ မင်းတို့ ငရဲနတ်ဆိုးဒေသကို ခုခံချင်တာလား"
"လူသားနှလုံးသားက အမြဲအကျဉ်းတန်တယ်၊ မင်းကျင့်ကြံခြင်းနဲ့ ငါ့ရှေ့မှာ ကိုယ့်ကိုကိုယ်အရှက်ရအောင် မလုပ်နဲ့"
စုန့်စီမေးသည်။
"ကျွန်တော်သာမမှားဘူးဆိုရင် စီနီယာက ဒီနေရာကိုပဲ စောင့်ကြပ်နေတာမလား၊ ကျွန်တော်တို့ အခြေအနေနဲ့ ကိုက်ညီနေသရွေ့ စီနီယာ၀င်ခွင့်ပေးလို့ရတယ်မလား"
အရိုးစုတိတ်ဆိတ်သွားသည်။
စုန့်စီဆက်ပြောသည်။
"ဒီတော့စီနီယာ၊ ဘိုးဘေးအင်ပါယာအပိုင်းကို ၀င်ဖို့အတွက် အခြေအနေရပ်တွေက ဘာလဲဆိုတာ ပြောပြလို့ရမလား"
အရိုးစု၏ အပြာရောင်မျက်လုံးများက စုန့်စီကို စိုက်ကြည့်နေသည်။
တစ်ခဏအကြာတွင် သူ အနည်းငယ်သက်ပြင်းချသည်။
"ဘိုးဘေးအင်ပါယာအပိုင်းမဖွင့်သေးခင် မင်းကျန်တဲ့အပိုင်းသုံးပိုင်းရဲ့ စမ်းသပ်မှုတွေကို ရှင်းလင်းဖို့လိုအပ်တယ်"
ထို့နောက် အရိုးစု၏မျက်လုံးထဲက အပြာရောင်မီးလျှံများက ပျောက်ကွယ်သွားပြီး ၎င်းက ချောက်ကမ်းဘေးတွင် ခြေချင်းခတ်ထိုင်ကာ မလှုပ်ရှားတော့ပါ။
စုန့်စီကိုယ်ပေါ်ကဖိအားကလည်း ရုတ်တရက်ပျောက်ကွယ်သွား၏။ သူအရိုးစုကို ဦးညွတ်ပြီးနောက် ကြီးကြပ်ရေးဗိမာန်က ကျန်ငါးယောက်ကို ကြည့်လိုက်သည်။
"မင်းတို့ကြားတယ်မလား၊ ဒါပေမယ့် အချိန်အတွက်ကြောင့် ငါစုချန်နဲ့ ၀မ်ကျင်းကျောက်တို့ကို ခွန်လွန်အပိုင်းကို ခေါ်သွားမယ်၊ မင်းက ကျန်နှစ်ယောက်ကို အဇူရာကောင်းကင်အပိုင်းကို ခေါ်သွားပါ"
အမျိုးသမီးခေါင်းညိတ်ကာ ပြတ်သားစွာလှည့်ပြီး သစ်သားလူနှင့် အဖြူ၀တ်စစ်ဆေးသူတစ်ယောက်ကို ဦးဆောင်ကာ အဇူရာကောင်းကင်အပိုင်းကို ဦးတည်လိုက်၏။
စုန့်စီကမူ ကျန်နှစ်ယောက်ကို ခွန်းလွန်အပိုင်းသို့ ခေါ်ဆောင်သွားလေတော့သည်။
သူတို့ထွက်သွားသောအခါမှသာ အရိုးစုသက်ပြင်းချသည်။
"လူသားဘိုးဘေးဆရာတွေရဲ့လုပ်ရပ်က မှန်လား၊ မှားလားဆိုတာ ငါသိချင်မိတယ်"
အပိုင်း(1119) coming။