← Chapters

#ဦးချိုမရှိသောလရောင်#

Vol. 79 Ch. 1119

#ဦးချိုမရှိသောလရောင်#

Vol. 79 Ch. 1119

လနတ်ကျောက်တောင်က ခွန်းလွန်အပျက်အစီး၏ အရှေ့နှင့်အနောက်ဘက်တွင် တည်ရှိသည်။ 

နေနှင့်လကအပြန်အလှန် သက်ရောက်နေပြီး လနှစ်စင်း လင်း၀င်းတောက်ပနေသည်။ 

တောက်ပသည့်လနှစ်စင်းကို လနတ်ကျောက်တောင်များကနေတဆင့် ရယူနိုင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် နေနှင့်လ၏ အပြန်အလှန်သက်ရောက်မှုကရော ဘယ်လိုနည်း။ 

နေနှင့်တောက်ပတဲ့လနှစ်စင်းက တစ်ချိန်တည်းမှာ ပေါ်လာခဲ့ကြတာလား!

ဒါကနည်းနည်းကျိုးကြောင်းမဆီလျော်ဘူးမလား!

ရှောင်ဟိုင်နှင့် တခြားသူများ ဒီအကြောင်းကို တွေးနေကြသော်လည်း သူတို့ဘာတစ်ခုမှ မတွေးတောနိုင်ကြပါ။ 

လနတ်ကျောက်တောင်များ တည်ရှိသောနေရာကို ရောက်သောအခါမှသာ နောက်ဆုံးတွင် ရှောင်ဟိုင်တို့ လက်လျှော့လိုက်ကြ၏။ သဲလွန်စမပါဘဲ ဘာကိုတွေးနိုင်မည်နည်း။ လက်ရှိထောက်လှမ်းရေးသတင်းအရ သူတို့တစ်ကြိမ်တွင် တစ်လှမ်းသာလှမ်းပြီး လှုပ်ရှားမှုတိုင်းကို တန်ပြန်နိုင်သည်။ 

လနတ်ကျောက်တောင်တစ်ဝိုက်က ကျောက်သစ်တောတစ်ခုဖြစ်သည်။ 

အစိမ်းရောင်ဖြင့် အလှဆင်ထားသည့် ရှုခင်းဟူ၍မရှိဘဲ မျက်စိတဆုံး ဓားသွားများအလား ချွန်ထက်နေသည့် ကျောက်တုံးကြီးများကသာ ထောင်မတ်နေသည်။ 

၎င်းတို့က ၀င်္ကပါတစ်ခုပမာ အမြင့်မျိုးစုံ၌ စုဆုံနေကြသည်။ 

မော့ကြည့်လိုက်သောအခါ ကျောက်တောင်ထိပ်အားလုံးထက် ပိုမြင့်သည့် ကျောက်တုံးတစ်တုံး ဂုဏ်ယူ၀င့်ကြားစွာ တည်ရှိနေတာကို သူတို့တွေ့လိုက်ကြသည်။ 

ဒီကျောက်တုံးပေါ်တွင်သာ အဖြူရောင်အလင်းစက်များ ၀န်းရံကာ ကခုန်နေကြသည်။ 

"ဒါကလနတ်ကျောက်တောင်လား"

သူတို့ပတ်၀န်းကျင်ကို ကြည့်လိုက်ကြ၏။ အကယ်၍ သူတို့သာ အလယ်က တောင်ထိပ်ကို ရောက်လိုပါက သူတို့ရှေ့က ၀င်ပေါက်ကနေသာ ၀င်၍ရမည့်ပုံပေါ်သည်။ 

ဖန်ချန်းပျံသန်းရန်ကြိုးစားသော်လည်း သူ့ကို မပျံနိုင်အောင် လုပ်ထားသည့် အထူးဖိနှိပ်မှုတစ်ခုရှိနေတာကို သဘောပေါက်သွားသည်။ 

ဒါကကန့်သတ်နေရာတစ်ခုပေတည်း။ 

"ကြည့်ရတာ ဒီကျောက်သစ်တောကိုပဲ ငါတို့ဖြတ်သွားရတော့မယ်ထင်တယ်" ရှောင်ဟိုင်တည်ငြိမ်စွာပြောရင်း ၀င်ရန် ပြင်ဆင်လိုက်၏။ 

မုဖူရှန်းလက်မြှောက်လိုက်သည်။ 

"စီနီယာအစ်ကိုရှောင်ဟိုင်၊ ခဏနေပါဦး"

ရှောင်ဟိုင်စိတ်ရှုပ်ထွေးသွားသလို လူတိုင်းကလည်း လှမ်းကြည့်လိုက်ကြသည်။ 

မုဖူရှန်းကျောက်သစ်တောကို ကြည့်ရင်း ဆန်းစစ်အကဲခတ်သည်။ 

"ဒါက ခွန်းလွန်အပျက်အစီးကို ဖွင့်ဖို့အတွက် အရေးကြီးနေရာတစ်ခုဆိုမှတော့ သာမန်အခြေအနေမှာ ဒီကျောက်သစ်တောက ကျွန်တော်တို့ကို လနတ်ကျောက်တောင်ကို ရောက်မယ့်အရေးကနေ ကာကွယ်တားဆီးဖို့ အရာတိုင်းကို သေချာပေါက် လုပ်ဆောင်လိမ့်မယ်"

"ပြီးတော့ရော" ရှောင်ဟိုင် ကြက်သေသေနေသည့် အမူအရာဖြင့် မေးသည်။ 

"ဒါကြောင့်လည်း အရင်ဆုံးဘာဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့စဉ်းစားရမယ်" မုဖူရှန်းမခံချိမခံသာပြောသည်။ 

"ဥပမာပြောရရင် ဒီကျောက်သစ်တောက ၀င်္ကပါတစ်ခုပဲ၊ အထဲမှာ သတ်ဖြတ်ခြင်းအစီအရင်တွေနဲ့ ပုံရိပ်ယောင်အစီအရင်တွေ ရှိလိမ့်မယ်"

"ဒါမှမဟုတ် ကျွန်တော်တို့သာ ၀င်သွားမယ်ဆိုရင် ခွဲထုတ်ခံရပြီး ကိုယ်ထဲက အင်မော်တယ်ချီကို ကုန်ခမ်းစေဖို့ အဆက်မပြတ် လည်ပတ်နေရအောင် လုပ်ပစ်မယ်ဆိုရင် ပိုမှန်လိမ့်မယ်၊ ပြီးတာနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့အတွက် သတ်ဖြတ်ခြင်းအစီအရင်ကို သုံးလာလိမ့်မယ်"

"ဒါမှမဟုတ် ထောင်ချောက်တွေ၊ လိုက်ဖမ်းသူတွေနဲ့ တခြားဟာတွေ အများကြီးရှိလိမ့်မယ်...."

မုဖူရှန်း ပွင့်လင်းစွာ ပြောဆိုပြီးနောက်တွင် ယဲ့ချိုးပိုင် အကူအညီမဲ့စွာပြောသည်။ 

"ဒါဆိုမင်းမ၀င်ဘူးလား"

"သေချာပေါက်မဟုတ်ဘူးပေါ့" မုဖူရှန်း မျက်လုံးလိမ့်ရင်းပြောသည်။ 

"မ၀င်ခင် ဒီဖြစ်နိုင်ချေရှိတဲ့အရာအားလုံးကို သတိထားဖို့လိုတယ်လေ"

"ဥပမာပြောရရင်....."

သို့စေကာမူ မုဖူရှန်း သူ့အဖြေကို ဘ၀င်ခိုက်စွာ ပြောရန်ပြင်နေစဉ်မှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ စကားပြောရင်း ကျောက်သစ်တောထဲသို့ လျှောက်သွားကြနေတာကို သူသတိထားမိလိုက်သည်။ 

"ဟေး၊ ဟေး၊ ဟေး၊ ဟေး" မုဖူရှန်း လက်ကိုဆန့်ကာ အော်ဟစ်သည်။ 

သို့သော် သူတို့မတုံ့ပြန်ကြလေရာ သူအံကြိတ်ရင်း မျက်နှာရှည်နှင့်အတူ သူတို့နောက်မှ လိုက်ရန်သာ တတ်နိုင်တော့သည်။ 

"ကျွန်တော့်ကိုစောင့်ပါဦး"

ငါးမိနစ်အတွင်းမှာပင် သူတို့ လနတ်ကျောက်တောင်ရှေ့ကို ရောက်လာသော အခိုက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လှည့်ကာ ကြက်သေသေနေသည့် မုဖူရှန်းကို ကြည့်လိုက်ကြ၏။ 

ယဲ့ချိုးပိုင် "ဘာဖြစ်လို့လဲ၊ မင်းဘာလို့ ဘာတစ်ခုမှ မပြောရတာလဲ"

ဟုန်ရင်ပြောသည်။ 

"အာ၊ ငါတို့ဘာလို့ဒီမှာ ဒီလောက်လွယ်လွယ်ရောက်လာရတာလဲ၊ ဒါကငါ့ရဲ့ စိတ်ကူးများဖြစ်နိုင်မလား"

နင်းချန်ရှင်းပြုံးသည်။ 

"ဂျူနီယာညီလေးမုအတွက် သတိထားတာက တကယ်ပဲကောင်းပါတယ်"

ရှီရှန်းရယ်ချင်စိတ်ကို ချုပ်တည်းထားရသည်။ 

"စီနီယာအစ်ကိုနင်း၊ အစ်ကိုသာ ဒီလိုမပြောဘူးဆိုရင် ညီလေးမုပိုနေသာသလို ခံစားရမှာ"

သေစမ်း!

မုဖူရှန်းတစ်ယောက် သူ့ဉာဏ်ရည်က ချေမွဖျက်ဆီးခံလိုက်ရသည့်အလားပင် ခံစားလိုက်ရသည်။ 

ဘယ်ကျောက်သစ်တောက သူတို့ကိုရှေ့ဆက်ခြင်းကနေ တားဆီးမည်နည်း။ 

သတ်ဖြတ်ခြင်းအစီအရင်၊ ပုံရိပ်ယောင်အစီအရင်၊ ထောင်ချောက်များ!

ဘာတစ်ခုမှမရှိပါ။ ဒီနေရာတွင် လုံး၀ဟန့်တားမှုဟူ၍မရှိဘဲ နှစ်ကြိမ်သာပတ်ပြီး အဟန့်အတားမဲ့ဒီကို ရောက်လာကြသည်။ 

ရုတ်တရက် သူ့ဉာဏ်ရည်ဉာဏ်သွေးက မြေကြီးပေါ် ဖိချေခံနေရသည့်ပမာ မုဖူရှန်းခံစားနေရသည်။ 

ဒီအခိုက်အတန့်မှာပင် မု၀မ်အာ မုဖူရှန်းဘေးသို့ လျှောက်လာပြီး ခေါင်းခါယမ်းကာ အဖိုးအိုလေသံနှင့်ပြောသည်။ 

"ဂျူနီယာမောင်လေးမု၊ ဘာမှမဖြစ်ပါဘူး၊ စိတ်ဓာတ်မကျပါနဲ့၊ တကယ်တော့ ဒီထောင်ချောက်တွေရှိပေမယ့် ငါတို့က အရမ်းများတော့ ပုံရိပ်ယောင်အစီအရင်တွေနဲ့ သတ်ဖြတ်ခြင်းအစီအရင်တွေက ထွက်မလာရဲကြတာပါ၊ ဘာမှမဖြစ်ပါဘူး"

ဂျူနီယာညီလေးမုလား!

ဒီတဒင်္ဂတွင် မုဖူရှန်း၌ ချေပရန်အတွက် အစွမ်းမဲ့နေသည်။ 

သူ့မျက်နှာကနီရဲကာ အငွေ့ပျံနေပြီး ခေါင်းငုံ့ကာ လှည့်ပတ်ကြည့်နေသည်။ 

ရှောင်ဟိုင်မေးသည်။ 

"မင်းဘာကြည့်နေတာလဲ"

မုဖူရှန်းပြန်ဖြေသည်။ 

"အပေါက်တစ်ခုခုများရှိသလားလို့ ကြည့်နေတာပါ"

"ဘာလို့ရှာနေရတာလဲ"

"ကျွန်တော့်ခေါင်းကို မြှုပ်ထားဖို့လေ..."

လူတိုင်းရယ်လိုက်ကြသည်။ 

စုန့်ရှောင်နှင့် ကျန်းချင်းလန်တို့ပင် ပျော်ရွှင်စွာ ရယ်မောလိုက်ကြ၏။ 

မင်းမှာလည်း ဒီလိုနေ့မျိုးရှိသေးတာပဲ!

"ပြောနေတုန်း ကျွန်မတို့အခုဒီမှာဆိုတော့ ဒါကိုဘယ်လိုသုံးရမလဲ" မုဇီရှင်းရှေ့တိုးပြီး ကျောက်တုံးကြီးကို ထိကြည့်သည်။ 

ကျောက်တုံးကြီး၏မျက်နှာပြင်က ချောမွေ့သည့်မှန်ကို ထိနေရသည့်အလား ငေါထွက်ခြင်းမရှိဘဲ ချောမွတ်နေသည်။ 

လူတိုင်း မုဖူရှန်းကို ကြည့်လိုက်ကြသည်။ 

မုဖူရှန်းလက်ဝှေ့ယမ်းသည်။ 

"ကျွန်တော့်ကိုမကြည့်နဲ့၊ ကျွန်တော်ဘာမှမသိဘူး"

ဟမ့်၊ အရင်ဖြစ်ရပ်ကနေတောင် ငါနလန်မထူနိုင်သေးဘူး!

ထို့ကြောင့် လူတိုင်း မုဖူရှန်းကို နောက်ထပ်အားကိုးရန် ရည်ရွယ်ခြင်းမရှိကြတော့ပါ။ 

ဒီအချိန်တွင် ရှီရှန်းရုတ်တရက်ရှေ့တိုးကာ သူ့လက်ကို ကျောက်တုံးပေါ်သို့ ညင်သာစွာ တင်လိုက်၏။ သူချောမွတ်သည့် ကျောက်တုံးကို ပွတ်သပ်ရင်း မျက်လုံးမှိတ်လိုက်သည်။ 

ဒါကိုမြင်သော် လူတိုင်းနောက်တစ်လှမ်း ဆုတ်လိုက်ကြသည်။ 

ရုတ်တရက် လနတ်ကျောက်တောင်ပေါ်၌ ကခုန်နေကြသည့် အဖြူရောင်အလင်းစက်များက အောက်သို့ခုန်ဆင်းလာပြီး ရှီရှန်းအနီးတွင် စတင်ကခုန်ကြသည်။ 

ဟမ်!

ဘာဖြစ်နေတာလဲ!

ဘယ်သူမှသူ့ကို မနှောင့်ယှက်ရဲကြပေ။ သူတို့ ရှီရှန်းကို အံ့ဩသင့်တကြီး ကြည့်နေကြသည်။ 

ရုတ်ချည်းဆိုသလို ရှီရှန်းကိုယ်ကနေ ကြယ်တာယာကောင်းကင်စွမ်းအား ထိုးထွက်လာပြီး ဒီနေရာကို လွှမ်းခြုံပစ်သည်။ 

ကြယ်တာယာအလွှာတစ်ခုက ဒီလေဟာနယ်၌ ပြည့်နှက်သွားသည့်အလားပင် ထင်ရသည်။ 

ကြယ်များက ကြယ်တာယာကောင်းကင်၌ ချိန်ဆွဲနေသည်။ 

ဒါက ရှီရှန်း၏ကြယ်ဗဟိုချက်ပေတည်း။ 

ကြယ်တာယာကောင်းကင်ဒန်တျန်က ရုပ်လုံးပေါ်လာသည်။ 

စုန့်ရှောင် ဒီမြင်ကွင်းကိုကြည့်ရင်း ခါးသီးစွာပြုံးသည်။ 

"လနတ်ကျောက်တောင်ကို ဖွင့်ဖို့ လိုအပ်တဲ့ အခြေအနေက ကြယ်တာယာကောင်းကင်စွမ်းအားလား၊ ဒီအခြေအနေက နည်းနည်းကြမ်းတမ်းလွန်းတယ်မလား၊ ညီအစ်ကိုရှီကသာ ဒီမှာမရှိဘူးဆိုရင် ခွန်းလွန်အပျက်အစီးကို ဘယ်သူမှ ဖွင့်လှစ်နိုင်မှာမဟုတ်ဘူး"

ဒါကကံကောင်းခြင်းကြောင့်သာ ဖြစ်နိုင်ပေသည်။ 

ဒီအချိန်မှာပင် ထိုအဖြူရောင်အလင်းစက်များက ရုတ်တရက် ကြယ်တာယာကောင်းကင်၌ ပေါင်းစပ်သွား၏။ 

၎င်းနောက် ကြယ်တစ်လုံးအနီးတွင်လှည့်ပတ်ကာ အလယ်ဗဟို၌ စတင်ဖြည်းဖြည်းချင်း သိပ်သည်းကျစ်လျစ်နေသည်။ 

လူတိုင်း၏ ထူးဆန်းနေသည့်အကြည့်များအောက်တွင် ဒီအဖြူရောင်အလင်းစက်များက တောက်ပသည့်လတစ်စင်းအဖြစ် တဖြည်းဖြည်းသိပ်သည်းသွားသည်။ 

သို့စေကာမူ ဒီတောက်ပသောလူက တစ်စုံတစ်ရာ၏ ကိုက်ဖြတ်ခြင်းကို ခံထားရသည့်အလား ထောင့်တစ်ခုပျောက်ဆုံးနေပုံရသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းနောက်ဆုံးတော့ အားတက်သွားသည်။ သူထိုလ၏ပျောက်ဆုံးနေသာ ထောင့်ကို လက်ညိုးထိုးပြရင်း ကျယ်လောင်စွာ ရယ်မောသည်။ 

"ကျွန်တော်ပြောခဲ့ပါတယ်၊ ကျွန်တော်ပြောခဲ့ပါတယ်၊ ဒါကသေချာပေါက် မလွယ်ကူဘူး"

မု၀မ်အာထပ်ပြောသည်။ 

"ဟုတ်တယ်၊ အန္တရာယ်မရှိပေမယ့် ဒါက ပဟေဠိတစ်ခုကို ဖြေရှင်းရမယ့်ပုံပါပဲ"

ထို့နောက် မုဖူရှန်းခေါင်းငုံ့ကာ မြေကြီးထဲတွင် အပေါက်တစ်ပေါက်ရှာလိုက်ပြန်သည်။ 

သူ သူ့ကိုယ်သူ ပုံစံရေးထွင်းနေသလိုဖြစ်နေသည်။ 

ရှီရှန်းမျက်လုံးဖွင့်ပြီး တောက်ပသည့် လကို ကြည့်လိုက်၏။ 

ဒါက ကောင်းကင်၌ ရှင်းလင်းစွာ တွဲလွဲခိုနေသော်လည်း လရောင်မရှိပါ။ 

"မင်းတစ်ခုခုတွေ့ခဲ့လား" ယဲ့ချိုးပိုင်မေးသည်။ 

ရှီရှန်း တောက်ပသည့်လကို စိုက်ကြည့်ရင်း ခေါင်းခါယမ်းသည်။ 

"ကျွန်တော်မသိဘူး"

ဒီအခိုက်အတန့်၌ မုဇီရှင်းပြောသည်။ 

"ဒီကျောက်သစ်တောက ဘာအတွက်လဲ၊ အလှဆင်ပစ္စည်းတစ်ခုသာသာပဲလား"

မုဇီရှင်း၏စကားလုံးများကို ကြားသောအခါ ရှီရှန်းတစ်ခဏမျှ ကြက်သေသေနေပြီးနောက် ကျောက်သစ်တောကို ကြည့်လိုက်သည်။ 

မှန်ပေသည်။ ယခုလိုအခြေအနေအောက်တွင် ကျောက်သစ်တောက အကြောင်းမရှိဘဲ သေချာပေါက်ရှိနေမည်မဟုတ်။ ၎င်းတွင်လည်း ကိုယ်ပိုင်အသုံး၀င်မှု ရှိရမည်မှာ ကျိန်းသေသည်။ 

အပိုင်း(1120) coming။ 

All Chapters