← Chapters

လီနိုဗို ဆော့ဖ်ဝဲဘုရင် စတင်တည်ထောင်ပြီ

Vol. 54 Ch. 797

လီနိုဗို ဆော့ဖ်ဝဲဘုရင် စတင်တည်ထောင်ပြီ

Vol. 54 Ch. 797

ဖုန်းယွီသည် ဟောင်ကောင်မှ ပေကျင်းသို့ (၃)ရက်အကြာတွင် ပြန်လည်ရောက်ရှိလာသည်။ ဖူမိသားစု၊ လီမိသားစု၊ လေနှင့်မိုး အတိုင်ပင်ခံ(ဟောင်ကောင်)သို့ ရောက်ခဲ့သေးသည်။ ထိုနေရာများအား လည်ပတ်ရုံမှ လွဲ၍ ဟောင်ကောင်တွင် အခြား လုပ်စရာများ မရှိခဲ့ချေ။

ဖုန်းယွီသည် လီနိုဗို ဆော့ဖ်ဝဲဘုရင် ကုမ္ပဏီကို တည်ထောင်ရန် လိုအပ်သဖြင့် ပေကျင်းသို့ အမြန်ဆုံး ပြန်ခဲ့သည်။ သူ၏ ရင်းနှီးမြုပ်နှံမှုအား အတည်ပြုရန် လိုအပ်ပေသည်။

လီနိုဗို၊ ဆော့ဖ်ဝဲဘုရင်နှင့် ကီရီလန်ကို၏ ဆော့ဖ်ဝဲကုမ္ပဏီတို့သည် ကုမ္ပဏီကြီး တစ်ခုအဖြစ် စုပေါင်း တည်ထောင်မည် ဖြစ်သည်။ ဤကုမ္ပဏီများသည် ၎င်းတို့၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာများ၊ ထုတ်ကုန်များနှင့် ရန်ပုံငွေများကို ဤကုမ္ပဏီအသစ်တွင် ပေါင်းစည်းမည် ဖြစ်သည်။ ဖုန်းယွီသည် ရံပုံငွေနှင့် အကြံဉာဏ်အနည်းငယ်သာ ပေးမည်ဖြစ်သည်။

ဖုန်းယွီသည် ထိုကုမ္ပဏီအသစ်အတွက် ရန်ပုံငွေအများဆုံး ပံ့ပိုးပေးနိုင်ပြီး သူ့ရှယ်ယာ အချိုးအစားကို မည်သူမှ သဘောမတူချေ။

“မန်နေဂျာဖုန်း.. ကျုပ် ချိုးပါ့ကျွင်းနဲ့ မိတ်ဆက်ပေးပါရစေ.. သူက ဆော့ဖ်ဝဲဘုရင်ရဲ့ တည်ထောင်သူ၊ ကျွမ်းကျင် ကုဒ်ရေးသားသူပေါ့.. တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ဆော့ဖ်ဝဲအင်ဂျင်နီယာပါ.. သူက လီတာ့ကျွင်း.. ပေကျင်း ဆော့ဖ်ဝဲဘုရင်ရဲ့ အထွေထွေ မန်နေဂျာပါ.. သူက……….”

လျိုချွမ်ကျစ်သည် လူအနည်းငယ်အား ဖုန်းယွီနှင့် မိတ်ဆက်ပေးခဲ့သည်။

“အားလုံး မင်္ဂလာပါ.. နောက်ဆို ကျုပ်တို့တွေ မိသားစုကြီး ဖြစ်လာမျာပါ..”

ဖုန်းယွီ ရယ်ရယ်မောမောနှင့် နှုတ်ဆက်လိုက်သည်။

“မင်းက မန်နေဂျာဖုန်းလား.. WPS တိုးတက်မှုတွေအတွက် အကြံပေးတဲ့သူလား.. မင်းကို ဒီအကြောင်း ဘယ်သူ သင်ပေးတာလဲ.. ဘယ်ကျောင်းက ဘွဲ့ရတာလဲ..”

ချိုးပါ့ကျွင်း မေးလိုက်သည်။

“ကျုပ် ပရိုဂရမ်ရေးတာ၊ ဆော့ဖ်ဝဲ ရေးတာတွေ မလေ့လာခဲ့ပါဘူး.. သုံးစွဲသူအမြင်တွေအပေါ် အခြေခံပြီး အကြံပြုချက်တွေ ပေးခဲ့တာပါ.. ကုျပ် အကြံပြုထားတဲ့ ပြဿနာတွေ ဖြေရှင်းပြီးတာနဲ့ ကျုပ်တို့ရဲ့ ရုံးသုံးဆော့ဖ်ဝဲ တိုးတက်လာမယ်လို့ အားလုံး ထင်ကြရဲ့လား..”

လျိုချွမ်ကျစ်မှ ကြားဖြတ်၍..

“မင်းမသိလောက်သေးဘူး.. မန်နေဂျာဖုန်းကလဲ မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ တစ်ယောက်လေ..”

လျိုတာ့ကျွင်း တုန်လှုပ်အံ့ဩစွာဖြင့် ထအော်လိုက်မိသည်..

“ဘယ် မိုက္ခရိုဆော့ဖ် ကုမ္ပဏီလဲ..”

ဖုန်းယွီ ရယ်၍သာနေပြီး ဘာမှ ပြန်မဖြေလိုက်ချေ။

“ဒီကမ္ဘာမှာ မိုက္ခရိုဆော့ဖ် ဘယ်နှစ်ခု ရှိလို့လဲ..”

လျိုချွမ်ကျစ်သည် ဖုန်းယွီအား လေးစားမှုအပြည့် ရှိပေသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာအဖြစ် ရုတ်တရက် မည်သို့ ဖြစ်လာသည်ကို သူနားမလည်ခဲ့ပေ။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာ တော်တော်များများ ပိုင်ထားသည်ကိုမူ အကြမ်းမျဉ်းသိထားသည်။ သို့ရာတွင် ကုမ္ပဏီ အစုရှယ်ယာ ပိုင်ဆိုင်မှုနှင့် ဒါရိုက်တာဖြစ်ရခြင်းမှာ အလွန်ကွာခြားပေသည်။

အခန်းတွင်းရှိလူအားလုံး ဖုန်းယွီအား သဘောကျလေးစားရင်း ကြည့်နေကြသည်။ ဖုန်းယွီအား နှိမ့်ချလိုသူများပင် လေးစားသည့် အကြည့်များသို့ ပြောင်းလဲသွားသည်။

ထိုလူငယ်သည် ၎င်းတို့၏ဆော့ဖ်ဝဲအတွက် တိုးတက်စေရန် အဆိုပြုနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ မိုက္ခရိုဆော့ဖ် ဒါရိုက်တာ မဟုတ်ပေလော။ ၎င်းတို့၏ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်၊ တိုးတက်မှုနှင့် ကုမ္ပဏီ အရွယ်အစား တို့ကို နှိုင်းယှဉ်ပါက မိုက္ခရိုဆော့ဖ်ဆိုသည်မှာ အခြားကမ္ဘာမှကဲ့သို့ ဖြစ်ကြောင်း လူအားလုံး ဝန်ခံရပေလိမ့်မည်။

“ကျုပ်က ရင်းနှီးမြုပ်နှံသူပဲလေ.. ခင်ဗျားတို့အားလုံး ဒီဆော့ဖ်ဝဲကို အောင်မြင်အောင် လုပ်ပေးနိုင်မယ့် လူတွေပါ..”

ဖုန်းယွီ ပြန်ဖြေလိုက်သည်။

“မန်နေဂျာဖုန်းက အရမ်း နှိမ့်ချလွန်းပါပြီ.. တရုတ်ဆော့ဖ်ဝဲ လုပ်ငန်းကို ဂုဏ်ပြုဖို့ လက်တွဲ ကြိုးစား သွားကြပါမယ်.. မစ္စတာ ကီရီလန်ကို ဒီနေ့ ရောက်မလာနိုင်ဘူး.. ဒါပေမယ့် ဖုန့်းနဲ့ စကားပြောပြီးပြီ.. ကျုပ်တို့ရဲ့ ဖက်စပ် ကုမ္ပဏီကို လီနိုဗို လုပ်ငန်းစုရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်တဲ့ လီနိုဗို ဆော့ဖ်ဝဲဘုရင် ဆော့ဖ်ဝဲ ကုမ္ပဏီလို့ နာမည် ပေးပါမယ်.. ကုမ္ပဏီခွဲတစ်ခုကို မော်စကိုမှာ တည်ထောင်ပြီဂ.. အများစုကတော့ လီနိုဗို ဆော့ဖ်ဝဲဘုရင် ဆော့ဖ်ဝဲ ကုမ္ပဏီ မော်စကို ရုံးခွဲရဲ့ အင်ဂျင်နီယာ ဌာနခွဲအဖြစ် ခန့်အပ်သွားမှာပါ.. ကုမ္ပဏီ…..”

“ကဲ.. ကျုပ်တို့ ကိုယ်စီ အလုပ်တာဝန်တွေ ခွဲလိုက်ကြရအောင်.. WPS နဲ့ တခြားဆော့ဖ်ဝဲတွေကို ပေကျင်းမှာ လုပ်ကြမယ်.. မော်စကိုက စတော့ဈေးကွက် ခွဲခြမ်းစိတ်ဖြာမျု ဆော့ဖ်ဝဲကို အာရုံစိုက်လိမ့်မယ်.. နှစ်ဖက်စလုံးက လည်ပတ်မှုစနစ်နဲ့ ကွန်ပျူတာ ကူးဆက်ပိုး ကာကွယ်ရေး အတူတူ တီထွင်ကြမယ်.. အကြံဉာဏ် အသစ်တွေ ရလာရင် ထပ်ပြီး ဆွေးနွေးကြတာပေါ့..”

ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ WPS နှင့် စတော့ဈေးကွက် ခွဲခြမ်းစိတ်ဖြာခြင်း ဆော့ဖ်ဝဲသည် အမြတ်အစွန်း များကို အမြန်ဆုံး ထုတ်ပေးနိုင်မည် ဖြစ်ပြီး ထို့နောက်တွင် ကွန်ပျူတာ ကူးဆက်ပိုး နှိမ်နင်းရေး ဆော့ဖ်ဝဲ ဖြစ်ပေသည်။ ကွန်ပျူတာ လည်ပတ်မှုစနစ်သည် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်သည်။ သို့ရာတွင် အောင်မြင်ခဲ့ပါက လီနိုဗို ဆော့ဖ်ဝဲဘုရင်သည် မိုက္ခရိုဆော့ဖ်၏ အဓိက ပြိုင်ဖက် ဖြစ်လာပေလိမ့်မည်။

“ဒါက (၄)ဦး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး ကျုပ်တို့ရဲ့ တစ်ဦးချင်း ရင်းနှီးမြုပ်နှံမှုအပေါ် မူတည်ပြီး ရှယ်ယာတွေ အချိုးချသွားမှာပါ.. ထုတ်ကုန်တွေ၊ နည်းပညာတွေ၊ အားလုံးကို အကဲဖြတ်ပြီး ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမှုအဖြစ် သုံးသွားပါ့မယ်.. ဒီကုမ္ပဏီမှာ ကနဦး မတည်ရင်းနှီးငွေ ကန်‌ဒေါ်လာ သန်း(၁၀၀) ရှိပါမယ်.. လီနိုဗို လုပ်ငန်းစုက နည်းပညာနဲ့ ထုတ်ကုန်တွေအတွက် ကန်ဒေါ်လာ သန်း(၂၀) ရင်းနှီးမြုပ်နှံမှာပါ.. ကုမ္ပဏီရဲ့ ရှယ်ယာတွေ ကုမ္ပဏီက (၂၄)ရာခိုင်နှုန်း၊ ဆော့ဖ်ဝဲက (၂၄)ရာခိုင်နှုန်းနဲ့ နည်းပညာကုမ္ပဏီတွေ ဖြစ်လာမှာပါ.. ဖုန်းယွီကတော့ ရှယ်ယာရဲ့ (၂၇)ရာခိုင်နှုန်းကို ကန်ဒေါ်လာ (၅၅)သန်းနဲ့ လေနှင့်မိုး အဆောက်အဦးမှာ ရုံးခန်းနေရာ (၃)ခု ရင်းနှီးမြုပ်နှံမှာပါ..”

လျိုချွမ်ကျစ် ဆက်ပြောလိုက်သည်။

ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် ကနဦး ရင်းနှီးငွေ၏ (၅၀)ရာခိုင်နှုန်း ကျော်ပေသည်။ သို့ရာတွင် သူ့ရှယ်ယာ အချိုးအစားမှာ (၃၈)ရာခိုင်နှုန်း ရှိပေသည်။ ဖုန်းယွီတွင် အင်ဂျင်နီယာများနှင့် ထုတ်ကုန်များ မရှိသောကြောင့်ပင်။ သို့တိုင်အောင် ဖုန်းယွီကမူ စိတ်ထဲမထားချေ။

ထိပ်တန်း ဆော့ဖ်ဝဲ အင်ဂျင်နီယာများစွာကို စုဆောင်းနိုင်ရန်၊ ဤကုမ္ပဏီ၏ အလားအလာသည် ကြီးမားမည် ဖြစ်ပြီး ရလဒ်များသည် ဖုန်းယွီ ရင်းနှီးမြုပ်နှံထားသည်ထက် များစွာ မြင့်မားပေလိမ့်မည်။

ဖုန်းယွီ၏ အဆောက်အဦးသည် အထပ် (၃)ထပ်သာ ရှိသေးကာ အပြည့်အဝ အသုံးချနိုင်ပေသည်။

အစုရှယ်ယာ အချိုးအစားကိုမူ အသေးစိတ် မပြောနိုင်သေးချေ။ ဥပမာအားဖြင့် ဆော့ဖ်ဝဲဘုရင် ကုမ္ပဏီ၏ ရှဘ်ယာများသည် ချိုးပါ့ကျွင်း တစ်ယောက်ထဲနှင့် သက်ဆိုင်နေခြင်း မဟုတ်ချေ။ ဆော့ဖ်ဝဲဘုရင်၏ ရှယ်ယာရှင်များ အဆိုအရ ရာခိုင်နှုန်း ခွဲခြမ်းမှုများ လုပ်ရပေလိမ့်အုံးမည်။ ဆော့ဖ်ဝဲဘုရင်၏ ရှယ်ယာရှင်များ အားလုံးသည် ကုမ္ပဏီ၏ ရှယ်ယာများကို စီမံခန့်ခွဲရန်အတွက် ဆော့ဖ်ဝဲဘုရင် စီမံရေး ကုမ္ပဏီကို တည်ထောင်မည် ဖြစ်သည်။ ချိုးပကျွင်းသည် ထိုစီမံခန့်ခွဲရေး ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်ပြီး လျိုတာ့ကျွင်း၊ အခြားအစုရှယ်ယာ ရှင်များနှင့် အင်ဂျင်နီယာများသည် ရှယ်ယာအချို့ ပိုင်ဆိုင်ကြလိမ့်မည်။ ချိုးပါ့ကျွင်း၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာများ၏ ကောင်းကျိုးချမ်းသာသည် လီနိုဗိုထက် များစွာ သာလွန်ပေလိမ်မည်။

“ဒီဆော့ဖ်ဝဲကုမ္ပဏီအသစ်ရဲ့ ရှယ်ယာအချိုးအစားကို ကျုပ်တို့ ဆွေးနွေးပြီးပြီဆိုတော့ ဒီအစီအစဉ်ကို သဘောမတူတဲ့သူများ ရှိလား.. မရှိဘူးပေါ့.. ကောင်းပြီလေ.. လီနိုဗို ဆော့ဖ်ဝဲဘုရင်ရဲ့ ထိပ်တန်း စီမံခန့်ခွဲမှုအတွက် ကိုယ်စားလှယ် လောင်းတွေကို အခုပဲ ဆွေးနွေးကြရအောင်.. ကျုပ်ကတော့ ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာပါ.. မန်နေဂျာဖုန်းနဲ့ မစ္စတာ ကီရီလန်ကိုတို့တွေ ဆုံးဖြတ်လိုက်တာပါ.. ဒါရိုက်တာ ဘုတ်အဖွဲ့မျာက ကီရီလန်ကို.. မိုချိုက်ကျွင်း.. ယူကုဘူ.. ဖုန်းယွီ ဒါရိုက်တာ ဘုတ်အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း (၅)ယောက် ရှိပါမယ်..”

လျိုချွမ်ကျစ် ချပြလိုက်သည်။

ဤအစီအစဉ်အား ဆွေးနွေးခဲ့ပေသည်။ အဖွဲ့ (၃)ခုစလုံးမှ ဒါရိုက်တာ အဖွဲ့တွင် လူ(၂)ယောက်ရှိပြီး ဥက္ကဋ္ဌမှာ လျိုချွမ်ကျစ် ဖြစ်သည်။ စောင့်ကြည့်ရေး ကော်မတီဝင်များကို ဖုန်းယွီ ခန့်အပ်ခဲ့သည်။ ဖုန်းယွီကိုယ်တိုင်လည်း စောင့်ကြည့်ရေး ကော်မတီ၏ အကြီးအကဲ ဖြစ်သည်။

(၃)ရက်အကြာတွင် ကီရီလန်ကို၊ မိုချိုက်ကျွင်းနှင့် ကျန်လူများသည် ပေကျင်းသို့ ရောက်လာပြီး စာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ လီနိုဗို ဆော့ဖ်ဝဲဘုရင် ဆော့ဖ်ဝဲ ကုမ္ပဏီကို တရားဝင် တည်ထောင်လိုက်တော့သည်။

ဒါရိုက်တာ ဘုတ်အဖွဲ့သည် ကုမ္ပဏီ၏ အဓိက ခန့်အပ်မှုများကို ဆုံးဖြတ်ခဲ့သည်။ လျိုချွမ်ကျစ်သည် ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကျိုးလီနန်ကို ကုမ္ပဏီ၏ CEO အဖြစ် ခန့်အပ်ခဲ့သည်။ ချိုးပကျါင်း၊ လျိုတာ့ကျွင်းနှင့် မိုချိုက်ကျွင်းတို့သည် ဒု-ဥက္ကဋ္ဌ ဖြစ်လာပေမည်။ မိုချီုက်ကျွင်းမှ မော်စကို ဌာနခွဲကို ဦးဆောင်ရမည် ဖြစ်သည်။

အလယ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းများကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။ အောက်ခြေအဆင့် ဝန်ထမ်းများအတွက် သက်ဆိုင်ရာ အကြီးအကဲများမှ ဆုံးဖြတ်ပေးရပေလိမ့်မည်။ ချိုးပါ့ကျွင်းနှင့် ကျန်လူများသည် ဖုန်းယွီအနေဖြင့် ဤကုမ္ပဏီတွင် ငွေကြေးများစွာ ရင်းနှီးမြုပ်နှံထားပြီး ဖုန်းယွီသည် ဒါရိုက်တာ တစ်ယောက်သာ ဖြစ်ချင်သည်ကို သိချင်နေကြသည်။ သူ့တာဝန်သည် ငွေကြေးကဏ္ဍတစ်ခုသာ ကြီးကြပ်ခြင်းပင်။

မန်နေဂျာဖုန်းသည် အခြားသူများနှင့် မတူချေ။ ချမ်းသာသော လူများသည် ထူးဆန်းကာ မည်သူမှ နားလည်နိုင်မည် မဟုတ်သည်လော။

--------**$$^$$**--------

All Chapters