ထာဝရ
Vol. 54 Ch. 798
“နန.. အပြင်မှာ လူတစ်ယောက် နင့်ကိုတွေ့ချင်နေတယ်.. တော်တော်တော့ ကြည့်လို့ကောင်းတာပဲ..”
ဘွဲ့လွန်အတန်းမှ သူငယ်ချင်း အခန်းဖော်တစ်ယောက် ပြောလာပေသည်။ စာသင်ချိန် တစ်လျောက်လုံး လီနအား အဆောင်အပြင်ဘက်တွင် စောင့်မျှော်နေသူ များစွာရှိခဲ့ပေသည်။
“ငါ စာတမ်းရေးရအုံးမယ်..”
လီန ခေါင်းပင် မော့မကြည့်ဘဲ ပြန်ပြောလိုက်သည်။ ထိုကဲ့သို့ လူများကို စိတ်မဝင်စားချေ။
“ဒါကိုမြင်ရင် နင်သူ့ကိုတွေ့ဖို့ အောက်ထပ်ထိ ဆင်းလာလိမ့်မယ်တဲ့..”
လီန၏ အခန်းဖော်သည် စကားဆုံးသည်နှင့် ယုန်ဖြူချိုချဉ် ထုပ်အား လီနထံပေးလိုက်ပြီး ထပ်မံ၍..
“ဒီကောင်လေး တော်တော် စိတ်ဝင်စားစရာပဲ.. ငါတို့ နန ကို ကလေးလို့ ထင်နေလား.. ယုန်ဖြူချိုချဉ်တဲ့.. အယ်.. အာ.. ဘယ်သွားမလို့လဲ..”
အခန်းဖော်၏ စကားမဆုံးမီပင် လီန အခန်းအတွင်းမှ ပြေးထွက်လာခဲ့သည်။ အပေါ်ထပ် အင်္ကျီကိုပင် မဝတ်တော့ဘဲ အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။
“ဟိုကောင်လေး ဘယ်သူ့ကို စောင့်နေတာပါလိမ့်..”
ဘော်ဒါဆောင် အပြင်ဘက်တွင် မိန်းကလေးတစ်ယောက် သူ့သူငယ်ချင်းအား တိုးတိုးလေး ပြောလိုက်သည်။
“ဘာလို့ သူ့သွားမမေးတာလဲ..”
ကျန်တစ်ယောက်မှ အရွှန်းဖောက်လိုက်သည်။
“မေးပါဘူး.. နင်သွားမေးပါလား..”
“ကောင်းပြီလေ.. ငါသွားမေးမယ်.. အယ်.. ဟေ့.. ဟေ့.. သူစောင့်နေတဲ့သူက ဟိုမှာ..”
ကောင်မလေး စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသည်။
ဖုန်းယွီသည် လီန၏ ဘော်ဒါဆောင် အဝင်ပေါက်တွင် ရပ်နေပေသည်။ လီနသည် ဘော်ဒါဆောင်အတွင်းမှ ထွက်လာသည်ကို မြင်ရသည့်အခါ အပြေးလေး ပွေ့ဖက်လိုက်သည်။
လီန ဖုန်းယွီ၏ ရင်ဘတ်အား ခပ်သာသာလေး ထုကာ..
“နင်ပြန်လာတာ ငါ့ကိုဘာလို့ ဖုန်းမခေါ်တာလဲ..”
လီနသည် ယုန်ဖြူချိုချဉ်ထုပ်ကို မြင်သည်နှင့် ဖုန်းယွီမှ ဖုန်းယွီဖြစ်မှန်း သိလိုက်သည်။
“ပြီးခဲ့တဲ့ (၂)ရက်လောက်က တော်တော်ကို အလုပ်များနေတာ.. အလုပ်တွေ ပြေလည်သွားတာနဲ့ နင့်ဆီ တမ်းလာတာ.. နင့်ကို ဖုန်းဆက်ဖို့လုပ်သေးတယ်.. ဖုန်းပိတ်ထားတယ်လေ..”
ဖုန်းယွီ လီနကို ကြည့်လိုက်သည်။
“အင်း.. ငါ စာမေးပွဲအတွက် ပြင်ဆင်တဲ့အပိုင်းက စာတမ်းရေးနေလို့ ဖုန်းပိတ်ထားတာ မေ့သွားတယ်.. အဆောင်ကို ဘာလို့ ဖုန်းမခေါ်တာလဲ..”
လီနာ ထပ်ကြပ်ပြန်သည်။
“နင် အပေါ်ထပ်အင်္ကျီလဲ ဝတ်မလာဘူး.. ဘယ်မျာလဲ.. အေးနေပြီလေ.. ဒါဝတ်ထားလိုက်..”
ဖုန်းယွီသည် ချင်ချင်းဆိုသလို သူ့အင်္ကျီကို ချွတ်ကာ လီနအား ဝတ်ပေးလိုက်သည်။ အဆောင်ဖုန်းနံပတ် မမှတ်မိ သဖြင့် လီနာ စိတ်ပြောင်းသွားစေရန် နဖူးကို အမြန်ဆုံး နမ်းလိုက်တော့သည်။
လီန ပြန်ကြည့်ကာ တိုးတိုးလေးဖြင့်..
“နင်ဘာတွေ လုပ်နေတာလဲ.. အနားမှာ လူတွေ အများကြီးရှိနေတယ်လေ..”
“ပတ်ပတ်လည်မှာ ဘယ်သူမှ မရှိရင်တော့ လုပ်ချင်တာ လုပ်လို့ ပြောချင်တာလား..”
ဖုန်းယွီ ရွှတ်နောက်နောက် လုပ်ပြီးမှ ထပ်မံ၍..
“နောက်တောင် ကျနေပြီ.. နင်ဘာစားမလဲ..”
“စီချွမ်ငါးစွတ်ပြုတ် စားချင်နေသလိုပဲ.. ဒီမှာ ခနစောင့်.. ငါ အဝတ်သွားလဲလိုက်မယ်..”
ဖုန်းယွီ၏ အင်္ကျီကို ပြန်လည်ပစ်ပေးကာ လီန ပြန်ဝင်သွားသည်။
“အယ်… လီန ဘာလို့ ပြန်လာတာလဲ..”
အခန်းဖော်မှ မေးလိုက်ခြင်းပင်။ လီနသည် ထိုလူငယ်ကို ငြင်းခဲ့သည်လော။
“အင်္ကျီ ပြန်လာဝတ်တာ..”
လီန ပြန်ဖြေပြီးသည်နှင့် ဆံပင်များ ဖြီးကာ စုစည်းလိုက်သည်။
ဆံပင်စည်းပြီးနောက် အင်္ကျီနှင့် ဖိနပ် အမြန်ဝတ်ကာ အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။
လီန၏ အခန်းဖော်ပင် ထိတ်လန့်သွားမိသည်။ လီန အလွန်စိတ်ပူနေသည်ကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရ ခြင်းဖြစ်သည်။
အောက်ထပ်မှ လူချောလေးသည် လီန၏ ချစ်သူများလော။ အမေရိကန်သို့ သွားဖူးသည်လော။
သူတို့မှာ ဘွဲ့လွန်ကျောင်းသားများဖြစ်ပြီး ဘာသာရပ် မတူကြချေ။ လီန၏ အခန်းဖော်သည် ယခင်က မရင်းနှီးဖူး ခဲ့သလို၊ ဖုန်းယွီကိုလည်း မတွေ့ဖူးချေ။ ထိုသို့ ရုပ်ချောချော ချစ်သူ ရှိနေသဖြင့် လီနကိုပင် မနာလို ဖြစ်မိလိုက်သည်။ လီနချစ်သူမှာ အမေရိကန်တွင် အလုပ်လုပ်နေပေသည်။ တော်တော် ချမ်းသာပေလိမ့်မည်။ မိမိတွင် မည်သည့် အတွက် ထိုသို့သော ချစ်သူမျိုးနှင့် မဆုံနိုင်ရသနည်း။
လီန ဖုန်းယွီရှေ့ ပြန်ပေါ်လာသည့်အခါ အင်္ကျီဝတ်ထားသည့်အပြင် ဦးထုပ်ပါ ဆောင်းထားသည်။ ဖုန်းယွီ သူ့လက်ကလေး ကိုင်လိုက်စဉ် အေးစက်နေသည်ကို တွေ့လိုက်ရသည်။
“ဘာလို့ လက်အိတ် ဝတ်မထားတာလဲ..”
ဖုန်းယွီ လက်ကလေးကို တင်းတင်း ကိုင်ဆုပ်ထားသည်။
“ငါ မေ့သွားတာ..”
လီန ရယ်လိုက်သည်။ အမှန်တကယ်မှာ တမင်လက်အိတ် ဝတ်မလာခြင်းပင်။ ဖုန်းယွီလက်မှ နွေးထွေးမှုကို ခံစား ချင်၍ ဖြစ်သည်။
“ဒီလက်အိတ် ဘယ်လိုတောင် မေ့လိုက်တာလဲ.. ကဲပါ ညစာ သွားစာရအောင်..”
ဖုန်းယွီသည် လီန၏ နှာခေါင်းကို အသာလေး ဖိလိုက်သည်။
ဖုန်းယွီ သူ့လက်ကို ကိုင်ကာ ကားပါကင်သို့ ခေါ်သွားစဉ်အတွင်း လီန ပျော်ရွှင်နေပေသည်။
**********
“ငါတို့ ပါမောက္ခက အရမ်းတင်ကျပ်တာပဲ.. ငါ့ စီနီယာ တစ်ယောက်ဆို စာတမ်းရေးတာ (၃)ခါလောက် ရှိသွားပြီ ပါမောက္ခ မကြိုက်လို့ အခုထိ မပြီးသေးဘူး..”
“တကယ်ကြီးလား.. နင်ရော စာတမ်း ဘယ်နှစ်ကြိမ် ပြင်ရအုံးမှာလဲ..”
“တစ်ကြိမ်ထဲပါ.. ငါ့အမှတ်တွေ ကောင်းလိမ့်မယ်..”
လီန ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
“ဝို့…. လီန အတော်ဆုံးပဲ..”
“ငါ့သူငယ်ချင်းတွေနဲ့ နှင်းလူ လုပ်ကြတုန်းက နှင်းလူ နှာခေါင်းမှာ မုန်လာဥနီ တပ်ဖို့ မေးသွားတော့ သူတို့တွေ သစ်ကိုင်း တပ်လိုက်တာ အရုပ်ဆိုးချက်တော့..
အဲ့နေ့ပဲလေ.. ဒု-ပါမောက္ခတစ်ယောက် နှာချေပြီး ဆံပင်တုကြီး ပြုတ်ကျသွားတာ.. အဲ့နေ့ကစပြီး သူ့ဆံပင်တုကြီးကို အားလုံး ဝိုင်းကြည့်နေကြရော..”
********
လမ်းတစ်လျှောက် လီနသည် ဖုန်းယွီအား စိတ်အား ထက်သန်စွာဖြင့် ပြန်လည် ဖောက်သည်ချနေတော့သည်။
ဖုန်းယွီသည်လည်း သူ့စကားများကို နားထောင်ကာ ရယ်နေလိုက်သည်။ လီန သူနှင့်ရှိနေချိန်အတွင်း စိတ်အေးချမ်းသာနေမိသည်။
“ငါတို့ ရုပ်ရှင် မကြည့်ဖြစ်တာ တာပြီ..”
“ညစာ စားပြီးရင် ရုပ်ရှင်သွားကြည့်ရအောင်လေ.. ဇာတ်ကားကောင်း ရှိလား..”
ညစာ စားပြီးနောက် ဖုန်းယွီ လီနကို ရုပ်ရှင်ရုံ ခေါ်သွားလိုက်သည်။ ရုပ်ရှင်မှာ (၂)ကားသာ ပြပေသည်။ တစ်ကားမှာ ဂျက်ကီချမ်းကား ဖြစ်ပြီး နောက်တစ်ကားမှာ ထိုင်ဝမ် ကလေးသရုပ်ဆောင် စတီပင် ဟောင်ရှောင်ဝမ် ၏ ဟာသ ဇာတ်ကားဖြစ်သည်။
“အဲ့ ဝက်ကလေး ဇာတ်ကား ကြည့်ချင်တယ်..”
ထိုစဉ်က ဟောင်ရှောင်ဝမ်သည် အလွန်ချစ်စရာ ကောင်းပေသည်။ ဖုန်းယွီသည်လည်း ကြည့်ချင်နေပေသည်။ လက်မှတ်ဝယ်၊ မုန့်များဝယ်ကာ ရုပ်ရှင် ကြည့်လိုက်ကြသည်။
ပိတ်ရက်ဖြစ်သော်လည်း ရုံရှင်ရုံထဲ၌ လူသိပ်မများချေ။ ထိုကာလတွင် ရုပ်ရှင်လောက ကျဆင်းဆဲ ကာလ ဖြစ်သည်။ ရုပ်ရှင်ကြည့်ရန် ရုပ်ရှင်ရုံသို့ သွားချင်သူ အလွန်နည်းပေသည်။ ဇာတ်ကားကောင်းများ မရှိ၍ မဟုတ်ဘဲ VCD ကြောင့် ဖြစ်သည်။
ဖုန်းယွီသည် ခိုးကူးခွေများ တိုက်ဖျက်ခဲ့ပြီး VCD ဈေးများ လျှော့ပေးခဲ့သည်။ လူအများစုမှာ ထိုဈေးနှုန်းကို လက်ခံနိုင်ကြသဖြင့် နာမည်ကျော်လာသည်။ သို့ရာတွင် ရုပ်ရှင်ရုံ လက်မှတ်ရောင်းအား သိပ်မကောင်းတော့ချေ။
“ဟား.. ဟား.. အဲ့ကလေး တော်တော် ဒုက္ခပေးတာ.. လူတွေကို လိုက်နောက်နေတော့တာပဲ..”
“အယ်.. မျက်မပြင်ကောင်မလေးနဲ့ အဘိုးကြီး သနားစရာ ကောင်းလိုက်တာ.. နင်သာဆို သူတို့ကို ကူညီမှာလား..”
လီန ဖုန်းယွီ၏ ပုခုံးကိုမှီကာ မေးလိုက်သည်။
“အဲ့လို လူမျိုးနဲ့ တွေ့ရင်တော့ ငါကူညီရမျာပေါ့..”
ဖုန်းယွီ ပြန်ဖြေလိုက်သည်။ စိတ်အတွင်း၌မူ နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်မိသည်။ မည်သို့ပင် ဖြစ်စေ မိမိသည် ထိုလူများကဲ့သို့ အဖြစ်ခံမည် မဟုတ်ချေ။ မိမိကောင်းကွက်များကို တပါးသူ သိစေမည် မဟုတ်ချေ။ ထိုမျက်မမြင် မိန်းကလေးသည် အမြင်အာရုံ ပြန်ကောင်းသွားပြီးနောက် အခြားတစ်ယောက်လက်ထဲ ရောက်သွားသည်။
ရုပ်ရှင်ပြီးလုနီးတွင် အဘိုးအိုသည် ထိုမျက်မမြင် မိန်းကလေးအတွက် ဆေးဘိုး (၅)သိန်း လှူဒါန်းလိုက်သည်။ သို့ရာတွင် နှုတ်မှ ထုတ်မပြောခဲ့ချေ။ စေတနာ သက်သက်ဖြင့် လှူလိုက်ခြင်းပင်။ နောက်ဆုံး၌ ထိုကောင်မလေး ရည်းစားရသွားသည့်မအချိန် အဖိုးအိုမှာ ငွေမရှိတော့သဖြင့် လမ်းဘေးရောက်သွားသည်။
“ငါသာ အဲ့ကောင်မလေး နေရာမှာဆို ဟိုအဘိုးကြီး အသံမကြားရမချင်း တခြားယောက်ျား လက်ခံမှာ မဟုတ်ဘူး..”
လီန ပြတ်ပြတ်သားသား ပြောလာပြန်သည်။
“ဒါက ရုပ်ရှင် တစ်ခုပဲလေ..”
“ဖုန်းယွီ.. ငါတို့ရော အဲ့လိုမျိုး ဝမ်းနည်းစရာ အဆုံးသတ် ရှိလောက်မလား..”
“ဘာမှ စိတ်မပူနဲ့.. ငါ နင့်ကို တစ်သက်လုံး လက်တွဲသွားမှာ.. အဲ့လို ဝမ်းနည်းစရာ အဆုံးသတ်မျိုး ငါတို့အတွက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..”
ဖုန်းယွီ လီနကို ထွေးပွေ့လိုက်သည်။
ထို့နောက် တစ်ယောက်ထဲ တွေးလိုက်မိသည်။ လီနကို မိမိထံမှ လုယူရန် ကြိုးစားသည့် မည်သူမဆို ရူးသွပ်စွာ လက်စားချေနိုင်ရေး ကြိုတင် ပြင်ဆင်ထားရပေတော့မည်။
--------**$$^$$**--------