← Chapters

စိတ်ထား ပွင့်လင်းရမည်

Vol. 54 Ch. 799

စိတ်ထား ပွင့်လင်းရမည်

Vol. 54 Ch. 799

“မန်နေဂျာဖုန်း.. ပြန်လာပြီလား.. ဘာလို့ ကြိုမပြောတာလဲ.. လေဆိပ် လာကြိုမှာပေါ့..”

ကျန်းဝမ်မင် ရယ်လိုက်သည်။

“အပိုတွေ ပြောမနေစမ်းပါနဲ့.. မင်းကုမ္ပဏီရောင်းအား တိုးလို့ ငါဝမ်းသာပါတယ်..”

ဖုန်းယွီသည် ကျန်းဝမ်မင်အား မျက်စောင်းထိုးလိုက်သည်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းရှင်အားလုံး စကားပြော ကောင်းကြပေသည်။

လီနသည် ဤရက်ပိုင်းအတွင်း စာမေးပွဲ ဖြေနေသဖြင့် ဖုန်းယွီမှာ လေနှင့်မိုး အိမ်သုံးပစ္စည်း သို့ သွားရောက် ကြည့်ရှုချိန်ရလိုက်သည်။ ဖုန်းယွီသည် ကျန်းဝမ်မင်ကို ကုမ္ပဏီအား တာဝန်ပေးခဲ့သော်လည်း စိတ်ပူနေရဆဲ ဖြစ်သည်။ ကုမ္ပဏီသို့ ရံဖန်ရံခါ လာရောက် ကြည့်တတ်ပေသည်။

ကျန်းဝမ်မင် ရယ်လိုက်ရင်း..

“ငါတို့ ထုတ်ကုန်အသစ် ရှာနေတယ်.. ငါတို့ရဲ့ DVD သုတေသနမှာ အောင်မြင်မှု တွေရခဲ့တယ်.. ကံကောင်းတာ တစ်ခုက ငါတို့တွေ တစ်နှစ်အတွင်း ထုတ်လုပ်မှု တိုးမြှင့်နိုင်လိမ့်မယ်..”

တစ်ခါတစ်ရံ၌ ထုတ်ကုန်၏ သုတေသနသည် ကံတရာအပေါ် မူတည်ပေသည်။

“ထုတ်လုပ်မှု တိုးပြီးရင် ထုတ်လုပ်မျု ကုန်ကျစရိတ် ဘယ်လောက် ရှိသွားမလဲ..”

“ကျုပ်တို့တွေ ယွမ်(၅၀၀)အောက်ထိ ထိန်းချုပ်နိုင်သွားလိမ့်မယ်..”

ကျန်းဝမ်မင် ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။

ကုန်ကျစရိတ် အများကြီး သက်သာနိုင်မည်လော။ ဖုန်းယွီ အမေရိကန်သို့ မသွားမှီ VCD များ၏ ကုန်ကျစရိတ်မှာ ယွမ်(၅၀၀)ကျော် ရှိကြောင်း သတိရလိုက်သည်။

“မင်းတို့တွေ ဘယ်အပိုင်း အောင်မြင်လိုက်တာလဲ..”

“အဓိက အစိတ်အပိုင်းတွေရဲ့ ဈေးနှုန်းတွေ ကျလာတာလေ.. အပြင်ပန်း ပစ္စည်းတွေလဲ ဈေးသက်သာလာတယ်.. ကုန်ကျစရိတ်များမယ့် အစိတ်အပိုင်းတွေအတွက် ဈေးသက်သက်သာသာနဲ့ အစားထိုးနိုင်တာတွေ တွေ့လိုက်ရတယ်.. နိုင်ငံခြား ကုမ္ပဏီတွေဆီက လေ့လာလိုက်တာလေ..”

ကျန်းဝမ်မင်သည် သူ့ထံ၌ ပို၍ အဆင့်မြင့်သည့် နည်းပညာများ ရှိထားသော်လည်း နိုင်ငံခြား၌ ထူထောင်ထားသည့် အိမ်သုံးပစ္စည်းကုမ္ပဏီများနှင့် နှိုင်းယှဉ်၍ မရနိုင်သေးကြောင်း ဝန်ခံထားပေသည်။

လေနှင့်မိုး အိမ်သုံးပစ္စည်းများသည် VCD စက်များ၏ ဈေးနှုန်း လျော့ချကာ မူပိုင်ခွင့်ပြုချက်များအား အခြား ကုမ္ပဏီများထံ ရောင်းချထားသော်လည်း ထိုနိုင်ငံခြား ကုမ္ပဏီများမှာ အမြတ်အစွန်း မရကြချေ။ သို့ရာတွင် အချိန် အတန်ကြာပြီးနောက် ထိုကုမ္ပဏီများသည် ကုန်ကျစရိတ် လျှော့ချနိုင်သည့် နည်းလမ်းများ ရှာဖွေ တွေ့ရှိသွားကြသည်။ တစ်နည်းအားဖြင့် ပြောရမည် ဆိုလျှင် ဆေးသက်သာသည့် ပစ္စည်းများ အသုံးချရန်ပင်။

ထို နိုင်ငံခြား ကုမ္ပဏီများသည် ဈေးကြီးသည့် ပစ္စည်းများကဲ့သို့ စွမ်းဆောင်နိုင်သည့် ဈေးပေါသော အစိတ်အပိုင်းများ ရှာနိုင်ခဲ့ကြသည်။ အစိတ်အပိုင်းများ ကြာရှည်ခံမှုမှာ (၁၀)နှစ် (၁၂)နှစ်မှ (၇)နှစ် (၈)နှစ်သို့ တိုသွားတော်လည်း DVD စက်များသည် VCD စက်များကို အစားထိုးသွားမည် ဖြစ်သည်။ VCD စက်များသည် (၃)နှစ်မှ (၅)နှစ်ခန့်အတွင်း အသုံးပြုကြတော့မည် မဟုတ်သဖြင့် မည်သည့်အတွက် ကြာရှည်ခံ အစိတ်အပိုင်းများ သုံးရန်လိုတော့မည်နည်း။

ကျန်းဝမ်မင်သည် ထိုကိစ္စအသိနောက်ကျသဖြင့် နောင်တရမိသည်။ သူတို့၏ VCD စက်များတွင် အကောင်းဆုံး အစိတ်အပိုင်းများကိုသာ သုံးရန် ပြောထားပေသည်။ အကယ်၍ VCD စက်အတွက် ဈေးသက်သာသည့် အခြား ရွေးစရာများ အသုံးချနိုင်မည် ဆိုပါက VCD စက်တစ်လုံး၏ ကုန်ကျစရိတ်သည် ယွမ်(၃၀၀)အောက်ပင် လျော့ကျသွားမည် ဖြစ်ပြီး အမြတ်ငွေ ပိုမို မြင့်မားလာပေလိမ့်မည်။

ကံကောင်းသည်မှာ ကျန်းဝမ်မင်သည် ထိုကုန်ကျစရိတ်သက်သာ ပမာဏကို သိသွားပြီးနောက် အထူးVCD စက်များ၏ ကုန်ကျစရိတ် လျှော့ချနိုင်လိုက်သည်။ နောင်တွင် DVD စက်များ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း မျှော်လင့်ထားသည်ထက် များစွာ နိမ့်ကျသွားမည် ဖြစ်သည်။ DVD စက်များကို ဈေးကွက်တင်ရန် အထောက်အကူ ဖြစ်ပေလိမ့်မည်။

ဖုန်းယွီသည် သူ့ယခင်ဘဝက VCD စက်များကို ယွမ်(၃၀၀)ဖြင့် မည်သည့်အတွက် ရောင်းချနိုင်ကြောင်း နားလည် သွားတော့သည်။ ထို VCD စက်များကို အညံ့စား အစိတ်အပိုင်းပစ္စည်းများဖြင့် ပြုလုပ်ထားသဖြင့် (၁)နှစ်ထက် ပိုမခံနိုင်ချေ။

“ငါတို့တွေ ထုတ်ကုန် အရည်အသွေး သတိထားရမယ်နော်.. ငါတို့ ထုတ်ကုန်တွေ ရောင်းပြီးလို့ လပိုင်းနဲ့ ပျက်သွား တာမျိုး မမြင်ချင်ဘူး.. လုပ်ဆောင်ချက် အသစ်တွေ တီထွင်ပြီးပြီလား..”

“အရည်အသွေး မလျှော့ပါဘူး.. ကျုပ်တို့ VCD စက်တွေ အနည်းဆုံး နှစ်နဲ့ချီ ကြာလိမ့်မယ်.. လောလောဆယ် လုပ်ဆောင်ချက် အသစ်(၂)မျိုး ဖန်တီးထားတယ်.. နောက်ဆုံးပေါ် မော်ဒယ်တွေမှာ ထည့်ထားတယ်.. တစ်ခုက မှတ်ဉာဏ် လုပ်ဆောင်ချက်.. အဲ့ဒါက သုံးတဲ့သူတွေ နောက်ဆုံးကြည့်ထားတဲ့ နေရာကနေ ပြန်ကြည့်လို့ ရလိမ့်မယ်.. ဒါပေမယ့် တစ်ခုပဲ မှတ်တမ်းတင်တယ်တယ်.. နောက်တစ်ခုက သုံးဆွဲသူကို VCD ရဲ့ တိကျတဲ့အချိန်မှတ်စနစ်ဖွင့်ပြီး VCD စသုံးလို့ ရလိမ့်မယ်..”

ဖုန်းယွီ ထိုလုပ်ဆောင်ချက် (၂)မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်ကို သည့်လိုက်ရ၍ ဝမ်းသာမိသည်။ ထို လုပ်ဆောင်ချက် (၂)မျိုးသည် ပြိုင်ဖက်များထက် ခြေတစ်လှမ်းသာနေပေလိမ့်မည်။

“ကောင်းပြီလေ.. ဒီအတိုင်းဆို ငါတို့ရဲ့ အထူးVCD စက်တွေ လုပ်ငန်းနယ်ပယ်မှာ ရှေ့ဆောင်နေလိမ့်မယ်.. ဒါပေမယ့် မလုံလောက်သေးဘူး.. နောက်ထပ် လုပ်ဆောင်ချက် အသစ်တွေ တီထွင်ဆန်းသစ်ဖို့ စဉ်းစားထားအုံးမှ ရမယ်..”

ကျန်းဝမ်မင် ဖုန်းယွီအား ကြည့်လိုက်သည်။ မည်သို့သော အသစ်ဖန်တီး တီထွင်မှုမျိုးနည်း။ မိမိတို့သည် DVD စက်ကို သုတေသန ပြုလုပ်တီထွင်နေချိန်ဖြစ်သည်။ ထုတ်ကုန်အသစ်များကို ရှာဖွေလေ့လာရန် အချိန် မည်သို့ ရှိမည်နည်း။

“အခု ဈေးကွက်ထဲမှာ ရောင်းရအကောင်းဆုံး အိမ်သုံးပစ္စည်းက ဘာလဲ..”

ဖုန်းယွီ တစ်ခု သတိရလိုက်သည်။

“ကွန်ပျူတာလား.. ငါတို့မှာ ကွန်ပျူတာဘက် အတွေ့အကြုံမရှိဘူး.. ဒါပေမယ့် အစိတ်အပိုင်းတွေ ဝယ်ပြီး ကိုယ်တိုင် တပ်ဆင်လို့တော့ ရမယ်.. မင်းမှာ လီနိုဗို ရှယ်ယာတွေ ရှိတယ်မို့လား..”

ကျန်းဝမ်မင်မှာ ဖုန်းယွီသည် သူ့ကို မည်သည့်အတွက် လီနိုဗိုနှင့် ယှဉ်ခိုင်းနေသနည်းဟု တွေးနေမိသည်။

“ကျုပ်က ကွန်ပျူတာ ထုတ်ဖို့ ပြောတာမဟုတ်ဘူး.. အရိုးရှင်းဆုံး သင်ယူရေး ကိရိယာ ဘယ်လိုထုတ်လုပ်ရမယ် ဆိုတာ မင်းသိလား..”

“နတ်ဆိုးလေးက သင်ယူရေးစက်တွေ ထုတ်နေတယ်လို့ ငါထင်တယ်.. ငါတို့ လေနှင့်မိုး အမှတ်တံဆိပ်က အဲ့ထုတ်ကုန်မျိုး ထုတ်မှာမဟုတ်ဘူး..”

သင်ယူရေး ကိရိယာ ရောင်းအား ကျဆင်းနေပေသည်။ လူအများစုသည် ကွန်ပျူတာ ဘက်သို့ ပြောင်းသွားကြပြီး ယနေ့ခေတ်တွင် သင်ယူရေး ကိရိယာများကို လူနည်းစုကသာ ဝယ်ယူကြပေလိမ့်မည်။

ကွန်ပျူတာများသည် သင်ယူရေး ကိရိယာထက် ပိုမိုအစွမ်းထက်သည့် လုပ်ဆောင်ချက် ပိုမို များပြားပေသည်။ ထို့အပြင် လီနိုဗို ကွန်ပျူတာသည် ယခင်ကထက် ပိုမို အဆင့်မြင့်ကာ ဈေးသက်သာပေသည်။ ယခုဆိုလျှင် ယွမ် (၈၀၀၀)သာ ကျသင့်တော့သည်။

“ငါတို့ VCD မှာ သင်ကြားရေး ကိရိယာရဲ့ လုပ်ဆောင်ချက် ပေါင်းထည့်ဖို့ ပြောနေတာ.. နားလည်ပြီလား..”

ဖုန်းယွီသည် ကျန်းဝမ်မင်အား လူမိုက်ဟု တစ်ဖက်လှည့်ဖြင့် ပြောလိုက်သည်။

“သက်ကြားရေး ကဏ္ဍရဲ့ လုပ်ဆောင်ချက်ကို VCD စက်ထဲ ပေါင်းထည့်ရမှာလား.. ဘယ်လိုထည့်ရမှာလဲ.. အတွင်းထဲမှာ မားသားဘုတ် တစ်ခု ထပ်ထည့်ရမှာလား..”

ကျန်းဝမ်မင် တိုးတိုးလေး ပြောလိုက်သည်။

“ဘာလို့ မလုပ်နိုင်ရမှာလဲ.. အထူး VCD စက်တွေက ကလေးတွေကို စာရိုက်တတ်၊ ဂိမ်းကစားတတ်အောင် လုပ်ပေး နိုင်ရင် ရောင်းအား ပိုတက်လာမယ်လို့ရော မထင်ဘူးလား..”

“အဲ့လိုဆို ပိုကောင်းတာပေါ့.. ထုတ်ကုန် (၂)ခုရဲ့ လုပ်ဆောင်ချက်တွေ ပါမှတော့ ပိုပြီး တန်ဖိုးတက်မယ့်အပြင် ရောင်းအားလဲ ကောင်းသွားလိမ့်မယ်.. နေရာဲ သက်သာတယ်.. ခက်တာက ဘယ်သူမှ မလုပ်ဖူးသေးဘူး..”

“ငါတို့ VCD စက်တွေ စရောင်းတုန်းကလဲ ဘယ်သူမှ မစဉ်းစားဖူးဘူးလေ.. တခြား ဘယ်သူ လုပ်ဖူးလို့လဲ.. ငါတို့တွေ တခြားလူတွေထက် အရည်အသွေး ပိုကောင်းတယ်.. လူအိုတွေတောင် သိနေတာကို..”

ဖုန်းယွီ စိတ်ပျက်သည့် အကြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ဂိမ်း ကရော ဘယ်လိုလဲ.. ဂိမ်း ခလုပ်တွေအတွက် ငါတို့ စက်မှာ အပေါက် တစ်ခု ဖန်တီးမှ ရမယ်..”

“ကွန်ပျူတာ ဂိမ်းတွေအကြောင်း မင်းသိလား ကွန်ပျူတာဂိမ်းတွေ ဘယ်လို အလုပ်လုပ်လဲ..”

“ဖတ်စက်.. ဟုတ်ပြီ.. နားလည်ပြီ.. ဂိမ်းတွေကို CD တွေထဲမှာ သိမ်းလို့ရတယ်လို့ ပြောသံကြားတယ်.. အဲ့လို လုပ်လိုက်ရင် ဂိမ်းခလုပ်ဝင်ပေါက်အတွက် အပေါက်တစ်ခု ဖန်တီးလိုက်ယုံပဲ.. စက်ရဲ့ အရွယ်အစား ပိုကြီးလာမှာ မဟုတ်ဘူး.. အပြင်ပိုင်း ဒီဇိုင်းတွေလဲ ပြောင်းလာမှာ မဟုတ်ဘူး.. မန်နေဂျာဖုန်း.. မင်းတကယ်ကို ဉာဏ်ကြီးရှင်ပဲ..”

ဖုန်းယွီသည် ကျန်းဝမ်မင်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။ မှန်ပေ၏ မိမိသည် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ ကျန်းဝမ်မင်သည် သူ၏ နည်းစနစ်ပိုင်း၌ အလွန်ကျွမ်းကျင်ပေသည်။ သို့ရာတွင် တွေးခေါ်ပုံ လိုက်လျောညီထွေမှု မရှိချေ။ ကျန်းဝမ်မင်သည် ထိုအပိုင်း၌ မိမိထက် များစွာ သာလွန်ပေသည်။

ကျောင်းချီရှန်းကို ကြည့်လိုက်မိသည်။ ကွမ်းတုံ အုပ်စုကိုဝယ်ယူပြီးနောက် သစ်သီးဂျယ်လီ ထုတ်ကုန်များ ထပ်မံ တီထွင်ခဲ့သည်။ သူသည် ဈေးကွက်အတွက် ထုတ်ကုန်အသစ်များ အမြဲရှိနေပြီး သူ၏ ထုတ်ကုန် အများစုကို သုံးစွဲသူ အမြောက်အများ လက်ခံကြပေသည်။

နောက်ဆုံး ထုတ်ကုန်မှာ AD ကယ်လစီယံ ဂျယ်လီဟူသော ဂျယ်လီတစ်မျိုး ဖြစ်သည်။

ဤထုတ်ကုန်သည် ဂျယ်လီအတွင်းသို့ ဗီတာမင် (A)နှင့်(D)ကိုသာ ပေါင်းထည့်ထားခြင်း ဖြစ်သည်။ ဂျယ်လီ၏ အရသာနှင့် အသွင်အပြင် ပြောင်းလဲခြင်း မရှိသော်လည်း ဂျယ်လီသည် ပို၍ အဟာရ ပြည့်ဝလာသည်။

မိဘများသည် သားသမီးများအတွက် အစားအသောက်ပစ္စည်းများကို ဝယ်ယူသည့်အခါ၌ အဟာရပြည့်ဝသည့် ထုတ်ကုန်များကို ရှာဖွေကြမည် ဖြစ်သည်။ မိဘများသည် မည်သည့်အတွက် သားသမီးများ အဆာပြေစားခြင်းကို မကြိုက်ကြသနည်း။ သရေစာများသည် အဟာရမပြည့်ဘဲ ကလေးများ၏ ကြီးထွားမှုကို ထိခိုက်စေသောကြောင့် ဖြစ်သည်။ ယခုအခါတွင်မူ AD ကယ်လစီယံ ဂျယ်လီဖြင့် မိဘများသည် ထိုစိုးရိမ်စိတ် ပယ်ပျောက်သွားကြသည်။ ဤထုတ်ကုန်၏ ရောင်းအားသည် ဈေးကွက်ရှိ အခြား ဂျယ်လီ ထုတ်ကုန်အားလုံးကို ကျော်တက်သွားတော့သည်။

တစ်ချိန်က တစ်စုံတစ်ယောက်သည် မသက်ဆိုင်သော အရာ(၂)ခု ပေါင်းစပ်လိုက်ပါက တီထွင်မှု တစ်ခု ဖြစ်လာမည် ဟုပြောဖူးပေသည်။ သို့အတွက် လီဟဟသည် အမျိုးမျိုးသော ထုတ်ကုန် များစွာကို ရရှိနိုင်သည်။

လီဟဟ၏ လက်ဖက်ရည်ဖျော်ရည်သည် လက်ဖက်ရည်နှင့် အချိုဖျော်ယမကာများ ပေါင်းစပ်ဖန်တီးထားပေသည်။ AD ကယ်လစီယံနို့ကို ဒိန်ချဉ်ဖျော်ရည်များတွင် ဗီတာမင်နှင့် ကယ်လစီယမ် ပေါင်းထည့်ခြင်းဖြင့် ဖန်တီးထားသည်။ လန်းဆန်းစေသည့် ကာဗွန်နိတ် အချိုရည် များသည် သစ်သီးအရသာနှင့် ကာဗွန်နိတ်ရေ ပေါင်းစပ်မှုသာပင်။

ထို ဖန်တီးမှုများ အားလုံးသည် လီဟဟအတွက် မြင့်မားသည့် အမြတ်အစွန်းများ ယူဆောင်လာပေသည်။ ယခု အခါ လီဟဟသည် တရုတ်နိုင်ငံ၏ ထိပ်တန်း အဖျော်ယမကာ ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ရောင်းအားနှင့် အမြတ်များသည် ကျန်းလီပေါင်ကိုပင် လိုက်မှီသွားသည်။ ကျောင်းချင်းရှန်၏ နောက်ထပ် ပစ်မှတ်မှာ ကျန်းလီပေါင်ကို ကျော်ဖြတ်ရန် ဖြစ်သည်။

“မန်နေဂျာဖုန်း.. အဲ့ဒီ VCD ကစားသမားတွေ အိုက်ဝါ၊ နတ်ဆိုးလေး တို့ရဲ့ အကူအညီ လိုတယ်.. အဲ့ဒါ လုပ်ပေးလို့ ရမလား..”

ကျန်းဝမ်မင် ပြန်မေးလိုက်သည်။

“ကောင်းပြီလေ.. အဲ့ဘက်က တစ်ယောက်ယောက် လာဆက်သွယ်လိမ့်မယ်.. မင်းဘက်က စိတ်ထား ပွင့်လင်းရမယ် ဆိုတာ သတိရပါ..”

--------**$$^$$**--------

All Chapters