← Chapters

ပံ့ပိုးကူညီသူများ

Vol. 54 Ch. 800

ပံ့ပိုးကူညီသူများ

Vol. 54 Ch. 800

“ဖုန်းယွီ.. မင်းဘာလို့ ဒီကို ရောက်လာတာလဲ..”

ဝမ်သောင်ကျွင်းသည် ဖုန်းယွီအား တွေ့ရသည့်အခါ အံ့ဩသွားသည်။ ဤသည်မှာ တရုတ် အားကစား အထွေထွေ အုပ်ချုပ်ရေး ရုံးဖြစ်သည်။ ဖုန်းယွီသည် ဤနေရာတွင် မည်သည့် ကိစ္စ ရှိနေသနည်း။

“မင်းတို့ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ငါဒီကို ရောက်နေတာ.. မင်းကရော အခု ဘာလုပ်နေတာလဲ..”

ဖုန်းယွီသည် ဝမ်သောင်ကျွင်းကို ကြည့်လိုက်သည်။ သူသည် ဝမ်သောင်ကျွင်းနှင့် ဖုန်းအတွင်း အကြိမ်ပေါင်းများစွာ စကားပြောဖူးသော်လည်း ဝမ်သောင်ကျါင်းမှာ သူ့ရာထူးကို ထုတ်မပြောလိုချေ။ သူသည် ဖုန်းယွီအား အားကစားအထွေထွေ အုပ်ချုပ်ရေးရုံးတွင် အလုပ်လုပ်နေကြောင်းသာ ပြောထားပေသည်။

ဖုန်းယွီ ထိုမေးခွန်းကို မေးသည့်အခါ ဝမ်သောင်ကျွင်း မျက်နှာပြောင်းသွားသည်။

“မင်းက ခေါင်းဆောင်တွေ စောင့်နေတဲ့ သူဌေးကြီးလား..”

“ဘာဖြစ်လို့လဲ.. ငါက သူဌေးမဟုတ်ပါဘူး..”

“လာလာ.. မင်းကို လိုက်ပို့ပေးမယ်..”

ဝမ်သောင်ကျွင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“အတွင်းရေးမှူးဝမ်.. ဒီစာရွက်မှာ အကြီးအကဲ လူရဲ့ လက်မှတ်လိုနေတယ်..”

ကောင်မလေးတစ်ယောက်သည် ဝမ်သောင်ကျွင်းအား တွေ့ကာ စာရွက်လေးတစ်ခု ပေးလိုက်သည်။

ဖုန်းယွီသည် ဝမ်သောင်ကျွင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ အတွင်းရေးမှူးဝမ်လော။ ထိုလူမိုက်သည် အားကစား အထွေထွေ အုပ်ချုပ်ရေးရုံးတွင် သူဘာလုပ်နေသည်ကို ဖုန်းယွီအား မပြောလိုသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ထိုလူမိုက်သည် အတွင်းရေးမှူးရာထူးအား အမုန်းဆုံးဖြစ်သည်။

ဝမ်သောင်ကျွင်းသည် အားကစား အထွေထွေ အုပ်ချုပ်ရေး ရုံးသို့ ဝင်ရောက်ပြီးနောက် အတွင်းရေးမှူး ဖြစ်လာလိမ့်မည်ဟု ထင်မထားချေ။

“အော်.. ဟို.. ဟီး.. ကျန်းဟန် အဖေ မင်းအတွက် အတွင်းရေးမှူး ရာထူး စီစဉ်ပေးထားတာလား..”

“အဲ့ကိစ္စ ပြောမနေပါနဲ့ကွာ.. ငါ ဘတ်စကက်ဘောဌာနမှာကွ.. ဒါပေမယ့် ကျန်းဟန်နဲ့ ငါ့ ဆက်ဆံရေးကို အကြီးအကဲ လူသိသွားတော့ ငါ့ကို သူ့ရုံးခန်းထဲမှာ အတွင်းရေးမှူး ရာထူး ပေးလိုက်တော့တာပဲ.. ဘတ်စကက်ဘောဌာနမှာ ပိုပျော်ပါတယ်ကွာ.. ဘတ်စကက်ဘော အားကစားရုံကို စောင့်ရှောက်ဖို့ပဲ လိုတာလေ..”

ဝမ်သောင်ကျွင်း ဒေါသသံဖြင့် ရှင်းပြနေပေသည်။ သူ့ အဆက်အသွယ်ကောင်းခြင်း၏ အမှားပင်။

“ဟား ဟား ဟား.. အကြီးအကဲလူ အဲ့လိုလုပ်လိုက်တာက မင်းရဲ့ ယောက္ခမလောင်းကြီးကြောင့်ပါကွာ.. မင်းဆောင်းဆောင်ရဲ့ အတွင်းရေးမှူးရာထူး မြန်မြန် ရလိမ့်မယ်.. မင်း အဲ့ရာထူး တကယ်မလိုချင်င် ငါကူပါ့မယ်..”

“ဘယ်လိုလဲ..”

“နောက်တော့ သိရမှာပေါ့ကွာ..”

ဖုန်းယွီ ထူးထူးခြားခြား ပြန်ဖြေလိုက်သည်။

“အကြီးအကဲ.. ဖုန်းယွီလာပါပြီ..”

ဝမ်သောင်ကျွင်း တံခါးခေါက်ရင်း လှမ်းပြောလိုက်သည်။

အကြီးအကဲလူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုရှောင်ဝမ်မှာ မည်သည့် ဂါရဝတရားမှ မရှိချေ။ ဤသူဌေးကြီးသည် စပွန်ဆာကိစ္စပြောရန် ရောက်လာခြင်း ဖြစ်သည်။ သူသည် ရှောင်ဝမ်နှင့် အသက်ရွယ်တူ ဖြစ်သော်လည်း အမည်တပ် ပြော၍ မသင့်ချေ။

“မန်နေဂျာဖုန်း.. နောက်ဆုံးတော့ မင်းနဲ့ တွေ့ခွင့်ရပြီပေါ့..”

ဖုန်းယွီသည် ယခင်က ကြော်ငြာများအတွက် အားကစားသမားများစွာကို ငှားရမ်းခဲ့ပြီး အကြီးအကဲ လူ သူ့အကြောင်း သိနေပေသည်။ သို့ရာတွင် ထိုအချိန်တွင် ဘာမှ မစဉ်းစားခဲ့ချေ။

သို့ရာတွင် နောက်ပိုင်း၌ ထိုအားကစားသမားများနှင့် ရှန်းရန်၏ အားကစားအထွေထွေ အုပ်ချုပ်ရေးအဖွဲ့သည် ထောက်ခံ့မှုများမှ ငွေအမြောက်အများ ရခဲ့ကြောင်း အကြီးအကဲလူသီပြီးနောက် နောင်တရသွားသည်။ ထိုအားကစား သမားများအား အမျိုးသားအားကစား အထွေထွေ အုပ်ချုပ်ရေးရုံးသို့ လွှဲထားသင့်သည်။ ထိုနည်းဖြင့် ငွေများအားလုံး သူ့ဌာနထဲသို့ ရောက်သွားပေလိမ့်မည်။ ဤအဖြစ်အပျက်ကြောင့် ရှန်းရန်တွင် ထိုလူများကိုပင် ကြိမ်းမောင်းခဲ့သေးသည်။

ရှန်းရန်ရှိ လူ၏ အကြီးအကဲ တစ်ယောက်မှာ သူဌေးကြီး တစ်ယောက် စပွန်ဆာပေးလိုကြောင်း ပြောခဲ့သဖြင့် အကြီးအကဲ လူသည် ဖုန်းယွီအား သူ့ရုံးခန်းသို့ ချက်ချင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

“အကြီးအကဲလူ.. ခင်ဗျား နှိမ့်ချနေပါပြီလေ.. ခင်ဗျားရဲ့ ဦးဆောင်မှုအောက်မှာ ကျုပ်တို့ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာတယ်လေ..”

“ဟား ဟား .. မင်း ချီးကျူးတာ ကျေးဇူးတင်ပါတယ်ကွာ.. အဲ့ဒါ လူတိုင်း ကြိုးစားမှုကြောင့်ပါ..”

အကြီးအကဲ လူ နှိမ်ချစွာ ပြန်ဖြေလိုက်သည်။

“အကြီးအကဲ လူ.. ခင်ဗျား ဘာလို့ ကျုပ်နဲ့ တွေ့ချင်တယ်ဆိုတာ သိလို့ရမလား..”

“မန်နေဂျာဖုန်း.. ငါမင်းကို ရိုးရိုးသားသားပဲပြောမယ်.. ငွေအကြောင်းပြောဖို့ ခေါ်လိုက်တာပါ.. အဲ့နှစ်က အိုလံပစ် အားကစားပွဲ နှစ်(၁၀၀)ပြည့်လေ.. ပြီးခဲ့တဲ့ အိုလံပစ် အားကစားပွဲတွေနဲ့ယှဉ်ရင် ကျုပ်တို့ဘက်က နောက်ထပ် ပါဝင်မယ့်သူတွေ အများကြီး နဲ့ဆိုတော့ ငါတို့ အားကစား အထွေထွေ အုပ်ချုပ်ရေးက ရန်ပုံငွေ ပြတ်နေတယ်.. ငါတို့ အားကစားသမားတွေအတွက် စာရင်းသွင်းဖို့ မတတ်နိုင်တဲ့ ပွဲတွေ အများကြီး ရှိနေတယ်..”

ဖုန်းယွီ ချက်ချင်းပင်..

“အာ.. အကြီးအကဲလူ.. တကယ်ဆို ကျုပ်လဲ ဒီကိစ္စပဲ ခင်ဗျားကို ပြောချင်တာ.. ငွေဘယ်လောက်လိုလဲ .. ကျုပ်စပွန်ဆာ ပေးပါ့မယ်..”

ဖုန်းယွီ ချက်ချင်း သဘောတူလိုက်သဖြင့် အကြီးအကဲ လူအံ့ဩသွားသည်။ ဖုန်းယွီအား စည်းရုံးရန် အမျိုးအမျိုး ပြင်ဆင်ခဲ့သည်။ သို့ရာတွင် ထိုပြင်မှုများပင် မသုံးရဘဲ ဖုန်းယွီသည် စပွန်ဆာပေးရန် ဆုံးဖြတ်လိုက်ပေသည်။

အကြီးအကဲလူသည် ဖုန်းယွီအားကြည့်ကာ တွေးလိုက်မိသည်။ ရန်ပုံငွေ ပိုတောင်းလိုက်ရမည်လော..”

“မန်နေဂျာဖုန်း.. မင်း ဘယ်လောက်ထိ စပွန်ဆာပေးချင်လဲ..”

အကြီးအကဲလူ မေးလိုက်သည်။

“ခင်ဗျားတို့ လိုအပ်သဘောက် ကျုပ် ပံ့ပိုးပေးမယ်.. ပြီးတော့ ဆုတံဆိပ်ရတဲ့သူတိုင်းအတွက်လဲ ငွေသားဆုတွေ ပြင်ဆင်ပေးထားမယ်..”

(၁၉၉၆)ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံသည် ယခင်ကထက် ဆုတံဆိပ်များစွာ ပိုမိုရရှိခဲ့သည်ကို ဖုန်းယွီ သတိရလိုက်သည်။ စုစုပေါင်း ဆုတံဆိပ် အရေအတွက် (၅၀)ခန့်ပင် ရှိပေသည်။

“မန်နေဂျာဖုန်း.. ဟောင်ကောင်က မစ္စတာ ဖောက်ခ် ငါတို့အတွက် ဆုတံဆိပ်တွေ ပံ့ပိုးပေးမှာပါ.. ကျန်တဲ့ အားကစားသမားတွေကလဲ ငါတို့အတွက် အများကြီး ပံ့ပိုးပေးတယ်.. သူတို့ကို အကူအညီ ပေးလို့ရမလား..”

အကြီးအကဲ လူမေးလိုက်သည်။

ဟောင်ကောင်မှ မစ္စတာဖောက်ခ်လော။ ဖုန်းယွီသည် ဖောက်ခ်ယင်းတောင် ဖောင်ဒေးရှင်းကို ရုတ်တရက် သတိရသွားသည်။ ထို ဖောင်ဒေးရှင်းသည် တရုတ်ရွှေတံဆိပ် ဆုရှင်များကို (၁၀၀၀)ဂရမ် ရွှေတံဆိပ်နှင့် ကန်ဒေါ်လာ (၈၀၀၀၀)ဆုချီးမြှင့်ခဲ့သည်။ ငွေတံဆိပ် ဆုရှင်များသည် ရွှေ (၂၅၀)ဂရမ်နှင့် ကန်ဒေါ်လာ (၄၀၀၀၀)ရ ပေလိမ့်မည်။ ကြေးတံဆိပ်ဆုရှင်များသည် ရွှေ(၁၅၀)ဂရမ်နှင့် ကန်ဒေါ်လာ (၂၀၀၀၀)ရရှိပေမည်။

ဖောက်ခ်ယင်းတောင် ဖောင်ဒေးရှင်းအား (၁၉၈၄)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပေသည်။ မစ္စတာဖောက်ခ်သည် ထိုဖောင်ဒေးရှင်း တည်ထောင်ရန် ဟောင်ဒေါ်လာ သန်း(၁၀၀)လှူဒါန်းခဲ့ပါသည်။ နှစ်များအတွင်း ဖောင်ဒေးရှင်း သည် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများမှ ငွေအများအပြားရခဲ့ပြီး တရုတ်အားကစားသမားများသည် လွန်ခဲ့သည့် အိုလံပစ် အားကစားနည်းများတွင် ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ချေ။ ဖောင်ဒေးရှင်း၏ ငွေများ တော်တော် တိုးလာသည်ဟု ဖုန်းယွီ ကြားလိုက်ရသည်။

ယခုအချိန်တွင် ရွှေဈေးသည် (၁)ဂရမ်လျှင် ယွမ်(၁၂၀)ရှိပေသည်။ ယွမ်နှင့် ကန်ဒေါ်လာ ငွေလဲနှုန်းမှာ (1:8.4) ဖြစ်သည်။ ဆိုလိုသည်မှာ ရွှေတံဆိပ်ဆုရှင်များကို ပေးခဲ့သည့် ရွှေတံဆိပ်သည် ယွမ်(၈၀၀၀၀၀)နီးပါး တန်ဖိုးရှိပေသည်။ ငွေတံဆိပ်ဆုရှင်များနှင့် ကြေးတံဆိပ် ဆုရှင်များသည် ယွမ် (၃၆၀၀၀၀)နှင့် ယွမ်(၁၈၀၀၀၀)တန်ဖိုးရှိ ရွှေတံဆိပ် အသီးသီး ရှိရမည် ဖြစ်သည်။

ဖောက်ခ်ယင်းတောင် ဖောင်ဒေးရှင်းသည် ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲအတွက် ယွမ်သန်း(၂၀)ကျော် လှူဒါန်းမည် ဖြစ်သည်။

ဖုန်းယွီ ခေါင်းကိုက်သွားသည်။ ထိုမိုက်မဲသည့် ဖောက်ခ်မိသားစုသည် ရက်ရောလွန်းလှသည်။ တရုတ် အားကစား သမားများ ထိုမျှတိုးတက်လာမည်ဟု မျှော်လင့်မထားသင့်ချေ။

“အကြီးအကဲလူ.. ကျန်တဲ့ အားကစားသမားတွေကို ဘယ်လို ဆုချမယ်ဆိုတဲ့ အကြံဉာဏ်များ ရှိလား..”

ဖုန်းယွီမေးလိုက်သည်။ ထိုအားကစားသမားများကို မျှမျှတတ ဆုချရန် သူ့တွင် အကြံဉာဏ် မရှိချေ။

“အားကစားသမား တစ်ယောက်စီကို နည်းနည်းပံ့ပိုးပေးရမှာပေါ့.. တစ်ယောက်ကို ယွမ် (၁၀၀၀၀)လောက်ဆို ဘယ်လိုလဲ..”

အကြီးအကဲလူသည် လာမည့် အိုအံပစ်အားကစားပြိုင်ပွဲတွင် တရုတ်အားကစားသမားများ ယခင်ကထက် ဆုတံဆိပ်များ ပိုမိုရရှိလိမ့်မည်ဟု ယုံကြည်ထားကာ ဖောက်ခ်ယင်းတောင် ဖောင်ဒေးရှင်းမှ ဆုတံဆိပ်များ ပံ့ပိုးပေးမည်ကို သိပြီးနောက် ဖုန်းယွီ စိတ်ပြောင်းသွားလိမ့်မည်ဟု ခံစားခဲ့ရသည်။ သို့အတွက် ဖုန်းယွီသည် ကျန်အားကစားသမားများကို စပွန်ဆာ ပေးစေလိုခြင်းဖြစ်သည်။

ဖုန်းယွီသည် အောင်မြင်သည့် စီးပွားရေးသမားဟု အကြီးအကဲလူ ထင်ထားသော်လည်း ဟောင်ကောင်မှ မစ္စတာဖောက်ခ်နှင့် မနှိုင်းယှဉ်နိုင်ချေ။ ဖုန်းယွီမှ ယွမ် (၁)သန်း လှူလျှင်ပင် နည်းသည့် ငွေမဟုတ်ချေ။

ဖုန်းယွီ ပြောစရာမဲ့သွားသည်။ ဤသည်ကို ဆုကြေး သို့တည်းမဟုတ် ထောက်ပံ့သည်ဟု ခေါ်နိုင်မည်လော။ ၎င်းတို့၏ ခရီးစရိတ် ဆိုလျှင်ပင် ဖြစ်တန်ကောင်းသေးသည်။

သို့ရာတွင် ဤသည်က မကောင်းသည့် အကြံတစ်ခုတော့ မဟုတ်ချေ။ အားကစားသမား ရာဂဏန်းသာ ရှိသေးသည်။ သို့ရာတွင် ဖုန်းယွီသည် မည်သည့် ပြန်လည်ရရှိမှုမှ မရှိဘဲ ယွမ်သန်းနည်းနည်းမှ မပေးလိုပေ။

“ပြဿနာ မရှိပါဘူး.. စုစုပေါင်း အားကစားသမား ဘယ်လောက်ရှိလဲ..”

“အဲ့ပြိုင်ပွဲမှာ လူပေါင်း (၄၈၀)လောက် ရှိမယ်မှန်းထားတယ်.. အဲ့အထဲမှာ အားကစားသမား (၃၀၀)လောက်ရှိမယ်.. ကျန်တဲ့သူတွေက နည်းပြအဖွဲ့ရယ်.. ဆရာဝန်တွေအဖွဲ့ရယ်ပေါ့..”

ပဏာမအနေဖြင့် လူပေါင်း (၄၅၀)သတ်မှတ်ထားသည်။ သို့ရာတွင် ဖုန်းယွီ၏ ပံ့ပိုးကူညီမှုဖြင့် အရေအတွက် အနည်းငယ် တိုးလာနိုင်ပေသည်။

ဖုန်းယွီ တွေးကြည့်နေပေသည်။ အစိုးရအရာရှိများ တွဲ၍ လွှတ်ပေလိမ့်မည်။ အားကစားသမားများ အကြောင်း ပြောနေသော်လည်း ထိုအစိုးရ ဝန်ထမ်းများ ပါဝင်မည်မဟုတ်ပေလော။ ပြဿနာမရှိချေ။ မိမိ အားလုံးကို စပွန်ဆာ ပေးလိုက်ပေမည်။

“ကောင်းပြီလေ.. အားကစားသမားတွေအတွက် စပွန်ဆာ ယွမ်(၅)သန်း သတ်မှတ်လိုက်မယ်..”

--------**$$^$$**--------

All Chapters