← Chapters

မျိုးဆက်သစ်

Vol. 54 Ch. 801

မျိုးဆက်သစ်

Vol. 54 Ch. 801

(၅)သန်းလော။

အကြီးအကဲလူ ဝမ်းသာသွားသည်။ စပွန်ဆာ ယွမ်(၅)သန်းလောက် ဤမျှ ခပ်မြန်မြန်ရမည်ဟု မျှော်လင့်မထားချေ။ မန်နေဂျာဖုန်း ရက်ရောလွ်းသည်။ သို့ရာတွင် ထို (၅)သန်းကို အားကစားသမားများအား မည်မျှပေးမည်ကို မဆုံးဖြတ်ရသေးချေ။ ပံ့ပိုးကူညီမှုအားလုံးကို အားကစားအထွေထွေအုပ်ချုပ်ရေးရုံးမှ ထုတ်မပေးမီ စုစည်းရအုံးမည် ဖြစ်သည်။

ဝမ်သောင်ကျွင်း တံခါးခေါက်ကာ လက်ဖက်ရည်တစ်ခွက်နှင့် အခန်းအတွင်း ဝင်လာသည့်အခါ အကြီးအကဲလူ တစ်ခုခု ပြောချင်နေပေသည်။ ဖုန်းယွီအား လက်ဖက်ရည်တိုက်ပြီး ခေါင်းငုံ့၍ ပြန်ထွက်လာလိုက်သည်။ ထိုရှောင်ဝမ် သည် မန်နေဂျာဖုန်းကိုပင် နှုတ်ဆက်မသွားချေ။ အကယ်၍ အကြီးအကဲ ကျောင်း ကြောင့်သာမဟုတ်ပါက သူသည် ဝမ်သောင်ကျွင်းအား အမည်ပင် မပေါ်လွင်သည့် ရွာတစ်ရွာသို့ ပြောင်းပစ်မိပေလိမ့်မည်။ တက္ကသိုလ်ဘွဲ့ရလော။ လက်ဖက်ရည် တစ်ခွက်ကို မည်သို့ ပေးရမည်မှန်းပင် မသိချေ။

အကြီးအကဲလူ ဆက်တွေးချင်နေသော်လည်း ဖုန်းယွီကြားဖြတ်၍..

“ကျုပ်တို့ တခြားရော ဘာတွေများ လိုအပ်နေသေးလဲ..”

“ငါတို့ဌာနက အစားအစာနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးပါတယ်.. မင်းတို့ ပမ့်မြို့တော် ဆေးဝါးက ပူးပေါင်း ဆောင်ရွက်မှုက ငါတို့အတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပံ့ပိုးပေးတယ်လေ..”

အကြီးအကဲလူ ခေတ္တစဉ်းစားလိုက်သည်။ ဖုန်းယွီသည် စပွန်ဆာများ ပေးရန် စိတ်ဝင်စားသည်မှာ သေချာသော် လည်း မည်သည့်ဘက်တွင် လိုအပ်နေသည်ကို မသိချေ။

အကြီးအကဲလူ ကြိုသိထားပါက သူသည် ဆုတံဆိပ်များအတွက် ငွေသားဆုများပင် တောင်းမိပေလိမ့်မည်။ ထိုမန်နေဂျာဖုန်းသည် အလွန်ရက်ရောကာ မစ္စတာဖောက်ခ်ထက် ပိုပေးနိုင်ပေသည်။

“သယ်ယူပို့ဆောင်ရေးအတွက်ရော စပွန်ဆာရှိလား..”

“သယ်ယူပို့ဆောင်ရေးက လေယာဉ်နဲ့သွားပြီး အိုလံပစ် ရွာမှာပဲ နေမယ်လေ.. အဝေးတစ်နေရာရာကို သွားမယ်ဆိုရင် ပွဲစီစဉ်သူတွေ လိုက်ပို့ပေးလိမ့်မယ်..”

အကြီးအကဲလူ ပြန်ဖြေလိုက်သည်။ မန်နေဂျာဖုန်းသည် လေယာဉ်လက်မှတ်များကို စပွန်ဆာပေးလိုသည်လော။ သို့ရာတွင် ထိုလေယာဉ်လက်မှတ်ထများမှာ မိမိဌာန ဘတ်ဂျက်တွင် ထည့်သွင်းထားပေသည်။

“ကောင်းပြီလေ.. ကျုပ် ဆောင်ကျန်း ကားအစီးရေ(၁၀၀) အတ္တလန်တာ အိုလံပစ်ရွာကို ပို့ပေးမယ်.. ကျုပ်တို့ အားကစားသမားတွေ အဲ့ရောက်ရင် သုံးပေါ့.. ယာဉ်မောင်းတွေအတွက် စိတ်မပူနဲ့ ကျုပ်ရှင်းထားမယ်..”

ဖုန်းယွီ ပြောလိုက်သည်။

စောင်ကျင်းကားများသည် ရုရှားနှင့် ယခင် ဆိုဗီယက်နိုင်ငံများတွင် ရောင်းအားကောင်းခဲ့သည်။ ဖုန်းယွီသည် သူ့ကားများအား အမေရိကန်သို့ သယ်လာရန် စိတ်ကူးနေပြီး အမေရိကန်များ မည်သို့ တုန့်ပြန်မည်ကို ကြည့်ချင်နေသည်။

အမေရိကန်နိုင်ငံသားများသည် နိုင်ငံတွင်း မော်တော်ကား အမှတ်တံဆိပ်များကိုသာ ကြိုက်ကြသည့် နိုင်ငံဖြစ်သည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် အမေရိကန်တွင် တံဆိပ်မျိုးစုံ ရှိပေသည်။ ပြည်တွင်း အမှတ်တံဆိပ်များသည်ပင် ရုန်းကန် နေကြရပေသည်။

အမေရိကန်သို့ ပေးပို့ခဲ့သည့် ကားစီးရေး (၁၀၀)ကို ပြိုင်ပွဲများ အပြီးတွင် ဖုန်းယွီ၏ ကုမ္ပဏီများမှ အသုံးပြုနိုင်ပေသည်။ ထို့အပြင် အိုလံပစ် အားကစားပြိုင်ပွဲကို တစ်ကမ္ဘာလုံးသို့ ရုပ်သံထုတ်လွှင့်မည် ဖြစ်ပြီး စောင်ကျင်း အမှတ်တံဆိပ်ကို ဈေးကွက်တိုးချဲ့ရန် အကောင်းဆုံးအခွင့်အရေး တစ်ခုဖြစ်သည်။

အကယ်၍ အမေရိကန်များ စိတ်ဝင်စားပါက ဖုန်းယွီသည် အမေရိကန်တွင် ရုံးခွဲ၊ စက်ရုံခွဲ တည်ထောင်ရန် စဉ်းစား ရပေလိမ့်မည်။

အကြီးအကဲလူသည် ဤစပွန်ဆာ၏ ရည်ရွယ်ချက်ကို နားမလည်ချေ။ မိမိတို့သုံးရန် ကားအစီး(၁၀၀) ပို့ပေး ထားမည်လော။ ထိုကားကိစ္စမှာ ငှားရမ်းခြင်း သို့တည်းမဟုတ် အလကား စီးရခြင်းများပင် ရှိနိုင်သေးသည်။ နောက်ဆုံး တက္ကစီ စီး၍ရပေသည်။

သို့တိုင်အောင် အကြီးအကဲလူ နှုတ်မှ ထုတ်မပြောချေ။ မည်သို့ပင်ဖြစ်စေ ကောင်းသည့် အရာတစ်ခု မဟုတ်ပေလော။

“ကျေးဇူးတင်ပါတယ်..”

ဖုန်းယွီ ခေတ္တစဉ်းစားပြီးနောက်..

“ခင်ဗျားတို့မှာ ဝန်ထမ်း ဦးထုပ် ပါလား..”

“မပါဘူး.. အားကစားပွဲက နွေရာသီမှာဆိုတော့ အရမ်းပူတယ်.. ဘယ်သူကရော ဦးထုပ်ဆောင်းချင်မှာလဲ..”

“မိုးရွာရင် ဘယ်လိုလုပ်မလဲ.. သူတို့အတွက် ဦးထုပ်တွေတော့ ပြင်ပေးထားရမှာပေါ့.. သူတို့အတွက် ဦးထုပ်တစ်လုံးစီ ကျုပ်လုပ်ပေးမယ်..”

“အဟမ်း… ဒါဆိုလဲ မင်းကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်..”

“ဒါ ဒုက္ခမဟုတ်ပါဘူးဗျာ.. ခင်ဗျားတို့ တခြားနေရာမှာ ငွေလိုတာရှိသေးလား..”

ဦးထုပ်များပေါ်၌ တရုတ် နှင့် လေနှင့်မိုး အမှတ်တံဆိပ်များ ရိုက်နှိပ်မည် ဖြစ်သည်။

အကြီးအကဲလူ အံ့ဩသွားသည်။ ဤလူသည် ငွေကို မည်မျှ သုံးချင်နေသနည်း။ ငွေကြေး လိုအပ်သည့် နေရာ များစွာ ရှိနေပေသည်။

“မန်နေဂျာဖုန်း.. ကျုပ်တို့မှာ ကဏ္ဍအရမ်းများတော့ ရန်ပုံငွေ လိုတာအမှန်ပဲ.. အားကစားသမားတွေရဲ့ လေ့ကျင့်မှုနဲ့ ပြင်ဆင်မှုတွေ လုပ်တဲ့နေရာမှာ ငွေကြေးတော်တာ်လိုတယ်..”

ဤစကားပြောပြီးနောက် အကြီးအကဲလူသည် ဖုန်းယွီကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“ကိစ္စမရှိပါဘူး. အားကစားသမားတွေ လေ့ကျင့်နိုင်ဖို့ နောက်ထပ် (၅)သန်း လှူပါ့မယ်..”

ဖုန်းယွီသည် သူ့ထုတ်ကုန်များနှင့် အမှတ်တံဆိပ်များကို ကြော်ငြာရန်အတွက် ဤအိုလံပစ် အားကစားပြိုင်ပွဲကို အပြည့်အဝ အသုံးချရန် တွေးနေပေသည်။ ထပ်မံ၍ ပစ္စည်းများပင် ပံ့ပိုးပေးနိုင်ပေသေးသည်။

“ကျုပ်တို့ အားကစားသမားတွေ ပြိုင်ပွဲမဝင်ခင်မှာ စိုးရွံ့စိတ်တွေများ ရှိနေမလား..”

ဖုန်းယွီ မေးလိုက်သည်။

“အင်း.. အဲလိုဖြစ်တယ်ဆိုတာတော့ ပုံမှန်ပါပဲလေ..”

အကြီးအကဲလူမှာ ဖုန်းယွီ မည်သည့်အတွက် မေးသည်ကို နားမလည်ချေ။

“သူတို့ကို အိုက်ဝါ CD စက် (၅၀၀)လှူလိုက်မယ်.. ဒါဆို သူတို့တွေ ကြိုက်တဲ့ သီချင်းတွေ နားထောင်လို့ ရမှာပေါ့..”

“မန်နေဂျာဖုန်း.. မင်း တော်တော် စဉ်းစားတတ်တာပဲ.. ငါတို့ အားကစားသမားတွေ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်..”

အကြီးအကဲလူမှာ မန်နေဂျာဖုန်းသည် ငွေသုံးချင်၍ ဤနေရာသို့ ရောက်နေသည်ဟု ပြောနိုင်ပေသည်။

အကြီးအကဲလူ စကားဆက်မပြောမီ ဖုန်းယွီမှ..

“စောင်ကျင်း မော်တော်ဆိုင်ကယ် တစ်စီ ကျုပ်ပေးမယ်.. ဆုရတဲ့သူတွေကို စောင်ကျင်း အိုလံပစ် ဆိုင်ကယ် တစ်စီးစီ ချီးမြှင့်မယ်.. မော်ဒယ် (၃)မျိုးခွဲထားပေးမယ်.. ရွှေ၊ ငွေ၊ ကြေးနဲ့ လိုက်ဖက်မယ့် ပုံစံတွေပေါ့..”

အခြား မော်တော်ကား ကုမ္ပဏီများ စောင်ကျင်းနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း ကြည့်ရပေမည်။ ကြီးကျယ် ခန်းနားသည့် ဆုပေးပွဲ အခမ်းအနားကို ကျင်းပကာ အောင်ပွဲည အဖြစ် ပြောင်းလဲ ပစ်ရပေမည်။ အလွန်ကောင်းမွန် သည့် ဈေးကွက်ရှာဖွေရေး တစ်ခု ဖြစ်ပေလိမ့်မည်။

ရက်ရောလွန်းနေပေသည်။ အကြီးအကဲ လူ ပြုံးနေသော်လည်း စိတ်ထဲ မသန့်ဖြစ်လာသည်။ ကားများပေးနေပြီး အားကစား အထွေထွေ အုပ်ချုပ်ရေးမှပင် ဝင်လုပ်ပေးစရာ ရှိတော့မည် မဟုတ်ချေ။ အနည်းဆုံး အားကစား သမားများအတွက် မစ္စတာ ဖောက်ခိ၏ ရွှေနှင့် ငွေသားဆု တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပြစရိတ်နှင့် အလှပြင် စရိတ်အဖြစ် ထိုအထဲမှ နှုတ်ယူမည် ဖြစ်သည်။ ထိုကားများမှ ဘာရနိုင်မည်နည်း။ ထိုကားများကို အားကစား သမားများနှင့် ဝေးဝေးတွင် ထား၍ မရချေ။ အသံများ ထွက်လာပါက အားကစား အထွေထွေ အုပ်ချုပ်ရေး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေပေတော့မည်။

အားကစားသမားများ၏ ငွေသားဆုများထဲမှာ နှုတ်ယူနိုင်သေးပေသည်။

“အာ.. အကြီးအကဲ လူ.. ပြိုင်ပွဲမှာ ပါဝင်သူအရေအတွက်က (၄၉၀)ရှိတယ်.. ဘာလို့ (၅၀၀) မရွေးတာလဲ..”

ဖုန်းယွီသည် ကိန်းဂဏန်းများကိုလည်း သဘောကျပေသည်။

“အင်း.. ငါတို့မှာ ရန်ပုံငွေ အလုံအလောက်မရှိလို့..”

အကြီးအကဲလူ စိတ်ရှုတ်သွားသည်။ မန်နေဂျာဖုန်းသည် လူတစ်ချို့အား စပွန်ဆာပေးချင်နေသည်လော။ လူများများ သွားစရာမလိုချေ။ အမှန်တကယ်တွင် လူပေါင်း (၄၈၀)သည်ပင် လုံလောက် နေပေပြီ။ ထိုအထဲတွင် ခေါင်းဆောင် အများအပြား ပါဝင်သေးသည်။ ကိုယ့်စားရိတ်ကိုယ်သုံး၍ အားလပ်ရက် အပန်းဖြေသကဲ့သို့ လည်ပတ်ရန် အကြောင်းပြချက်တစ် ရှာခြင်းသာဖြစ်သည်။ နောက်ထပ် (၁၀)ဦးမှာ သီးသန့်အမည်များ အဖြစ် ချန်ထားခြင်းဖြစ်သည်။

“လူ(၅၀၀)ပြည့်အောင် ကျုပ်တို့ ဆက်ဆံရေး တိုးမြှင့်တဲ့အနေနဲ့ နောက်ထပ် (၁)သန်း အသုံးစရိတ်အနေနဲ့ ထပ်လှူလိုက်မယ်.. အာ. အတွေ့အကြုံရအောင် မျိုးဆက်သစ် လူငယ် တစ်ချို့ လိုက်ခွင့်ပေးသင့်တယ်လို့ ကျုပ်မြင်တယ်..”

မျိုးဆက်သစ်များလော။ မည်သည်ကို ဆိုလိုသနည်း။

“အကြီးအကဲလူ.. ခင်ဗျားနဲ့ စကားပြောခွင့်ရတာ ဝမ်းသာပါတယ်.. ကျုပ်လူတွေ ပစ္စည်းတွေ ပို့ခိုင်ပြီး စစ်ဆေးဖို့ အတွက် ကျုပ်လိုက်ပို့ပေးပါ့မယ်..”

ထိုငွေများကို အကြီးအကဲ လူအား အလကားပေးလိုက်ခြင်း မဟုတ်ပေ။ အားကစား အထွေထွေ အုပ်ချုပ်ရေးမှ ရန်ပုံငွေ မည်မျှ သုံးမည်ကို စီစဉ်ပြီးပါက ဖုန်းယွီသည် သူ့အမှတ်တံဆိပ်များကို မည်သို့ ဈေးကွက်တင်ရမည်ကို ဆွေးနွေးသွားမည် ဖြစ်သည်။

“မန်နေဂျာဖုန်း.. ကျုပ်မင်းကို အပြင်လိုက်ပို့ပေးမယ်..”

အကြီးအကဲလူ မတ်တပ်ရပ်လိုက်သည်။ ထိုပုဂ္ဂိုလ်သည် စည်းစိမ်ဥစ္စာနတ်ဘုရား ဖြစ်၍ နှောက်ယှက်၍ မရချေ။ နောင်တွင် ဖုန်းယွီ၏ အကူအညီ လိုအပ်နေသေးသည်။

“မလိုပါဘူးဗျာ.. သောင်ကျွင်း ကျုပ်ကို ပို့ပေးလဲ ရပါတယ်..”

ဝမ်သောင်ကျွင်းလော။ မန်နေဂျာဖုန်း နှင့် သိနေသည်လော။

ဖုန်းယွီအပြင်ထွက်လာသည်နှင့် ဝမ်သောင်ကျွင်းအား သတင်းကောင်းတစ်ခု ကြားရတော့မည်ဟု ပြောသွားသည်။

ဝမ်သောင်ကျွင်း ထွေထွေထူးထူး စဉ်းစားမနေဘဲ သူရုံးခန်းသို့ အပြန်တွင် လူတစ်ယောက်မှ သူ့ကို အကြီးအကဲ လူရုံးခန်းသို့ သွားခိုင်တော့သည်။

“အကြီးအကဲ ကျုပ်ကို ခေါ်လားမသိဘူး..”

“ရှောင်ဝမ် ထိုင်အုံး.. မန်နေဂျာဖုန်းနဲ့ သိလား..”

အကြီးအကဲလူ မေးလိုက်သည်။ ဝမ်သောင်ကျွင်းနှင့် စကားပြောသည့်အခါ မတ်တပ် မရပ်သင့်ချေ။ သို့ရာတွင် ထိုသို့ မရပ်ပါက အကြီးအကဲလူ၏ လည်ပင်းမှာ မော့ရလွန်း၍ နာကျင်ရပေလိမ့်မည်။

“သိပါတယ်.. အတူတူကြီးလာတဲ့ ငယ်ပေါင်းတွေပါ..”

“ကောင်းပြီလေ.. ဒါပါပဲ.. အလုပ်ပြန်လုပ်တော့.. အားတဲ့အချိန် အင်္ဂလိပ်စကားပြော လေ့ကျင့်ထားအုံး.. အတွေ့အကြုံရအောင် အိုလံပစ်ပြိုင်ပွဲကို လိုက်ခဲ့ရမယ်.. မင်းတို့လို လူငယ်တွေ ပိုကြိုးစားမှရမယ်..”

ဝမ်သောင်ကျွင်း စိတ်ရှုတ်စွာဖြင့် အခန်းထဲမှ ထွက်လာလိုက်သည်။ မိမိက ဆက်ခံရမည်လော။ ကျန်းဟန်၏ ဖခင်သည် သူ့လိုက်ပါမည့်ကိစ္စ မေ့ထားရန် ပြောထားသည်။ အကြီးအကဲမှ မည်သည့်အတွက် ဤသို့ ပြောလာသနည်း။

မကြာမီက ဖုန်းယွီ ပြောခဲ့သည်ကို သတိရသွားမိသည်။ ဖုန်းယွီပြောသည့် သတင်းကောင်း ဖြစ်ပေလိမ့်မည်။

--------**$$^$$**--------

All Chapters