အိုလံပစ် ခရီးစဉ်
Vol. 54 Ch. 802
ဌာနမှူးကျား၏ ဘဝလမ်းကြောင်းမှာ ချောမွေ့နေခဲ့သည်။ သူသည် CCTV ဌာနမှူးဖြစ်လာပြီးနောက် အရုပ်မြင် သံကြားဌာန၏ ဝင်ငွေတိုးအောင် အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။ လိုင်းများရှိ အစီအစဉ်များအားလုံး ကြည့်ရှုသူ များကာ လက်ခံလာကြသည်။ အထက်လူကြီးများမှလည်း အကြိမ်ကြိမ် ချီးကျူးခဲ့ကြသည်။
သို့ရာတွင် မကြာခင်က ဌာနမှူး စိတ်ပူပန် နေရပေသည်။ အိုလံပစ် အားကစားပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပမည် ဖြစ်ကာ CCTV သည် အိုလံပစ်နှင့် ပတ်သက်သည့် အစီအစဉ်များ ထုတ်လွှင့်ခဲ့ရပြီး ထုတ်လုပ်မှု ရန်ပုံငွေကို မိမိကိုယ်တိုင်သာ ရှာရမည် ဖြစ်သည်။
ကြော်ငြာများမှ ဝင်ငွေ အများအပြား တိုးလာသော်လည်း CCTV ၏ ကုန်ကျစရိတ် တိုးလာပေမည်။ အလုပ်သမား များ၏ လစာသည် ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ များစွာ မြင့်မားလာကာ ဌာနသည် ၎င်းတို့အား အပိုဆုနှင့် ထောက်ပံ့ကြေး များပေးရသေးသည်။
ဌာနမှူးကျား အဖြေတစ်ခုရရန် စဉ်းစားနေစဉ် ဖုန်းဝင်လာသည်။ ဖုန်းနံပါတ်ကို ကြည့်ကာ အကြံတစ်ခု ရသွားသည်။
“အို့.. ဌာနမှူးကျား.. ကျုပ်ကို ညစာ ခေါ်ကျွေးလို့ ကျေးဇူးတင်ပါတယ်ဗျာ.. သောင်လီရှန်းက ဈေးကြီးတယ်နော့..”
“အာ.. မင်းငါ့ကို အကြိမ်ကြိမ် ဒါကာခံထားတာ.. ဒီတစ်ခါတော့ ငါဒကာပေါ့ကွာ..”
“ဒါပေါ့ ဒါပေါ့.. မင်းရာထူးတိုးထားတာကိုး.. ပါရမီ ဖြည့်ပေးရမှာပေါ့လေ..”
ဌာနမှူးကျားသည် CCTV ဌာနမှူး ဖြစ်ရုံသာမက ဗဟိုပြည်သူ့ရေးရာ ဌာန ဝန်ကြီး၏ လပ်ထောက်လည်း ဖြစ်ပေသည်။
ဖုန်းယွီနှင့် ဌာနမှူးကျားတို့သည် သိုးသားနှင့် ပြုလုပ်ထားသည့် ဟင်းလျာကို စားနေကြသည်။ ထိုဟော့ပေါ့ အလွန် အရသာရှိပေသည်။
“ဒီနှစ် ကြော်ငြာလေလံပွဲမှာ မင်းကိုမတွေ့ပါဘူး.. ဘာဖြစ်လို့လဲ..”
ဌာနမှူးကျား ပြုံး၍ မေးလိုက်သည်။
“ကျုပ် နိုင်ငံခြားမှာ အလုပ်များနေတာ.. လေလံပွဲမှာ ကျုပ်လူတွေ ပါတယ်လေ.. ဒီနှစ် အမြင့်ဆုံး လေလံနဲ့ ယွမ် (၆၆.၆၆)သန်းလေ.. မနှစ်ကထက် အများကြီး ပိုတာပဲ.. ဒါကိုပဲ စံနှုန်းတစ်ခုအနေနဲ့ ခင်ဗျားလုပ်ပြီး တခြားကြော်ငြာ အကွက်တွေရဲ့ ဈေးနှုန်း တိုးလိုက်တာလေ.. ခင်ဗျားဌာနရဲ့ ကြော်ငြာဝင်ငွေဆို အနည်းဆုံး သန်း(၅၀)လောက် တိုးသွားလောက်မှာပါ..”
မိမိအား လေလံဝင်ဆွဲစေချင်နေသည်လော။ အမြင့်ဆုံး လေလံဆွဲသူဖြစ်ရေးအတွက် တိုက်ပွဲဝင်နွှဲမည် မဟုတ်ချေ။ အရူးများသာ လုပ်ပေလိမ့်မည်။ ကြော်ငြာအကွက်အစ်ခု ရယုံဖြင့် လုံလောက်သည် ထင်နေသည်လော။ ပေးဆောင် ရမည့် ပမာဏသည် အခြားအချိန် ကြော်ငြာကွက် အများအပြား ရရန် လုံလောက်ပေသည်။
သို့ရာတွင် ဤနှစ်များတစ်လျှောက် ထိုကြော်ငြာကွက်များကို ရယ်စရာကောင်းလောက်သည့် ဈေးနှုန်းဖြင့် လေလံဆွဲခဲ့သည်မှာ အရက်စက်ရုံများသာ ဖြစ်သည်။ လွန်ခဲ့သည့် (၂)နှစ်က ကွန်ဖူး အမှတ်တံဆိပ်ဖြစ်ပြီး သူနောက်တွင် ချီချင် ဖြစ်သည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် လီဟဟ အလွန်ရူးသွပ်ပေသည်။ ယခုဘဝ တွင်မူ လီဟဟသည် အကောင်းဆုံး ကြော်ငြာကွက်အတွက် တိုက်ပွဲဝင်ရန် မလိုချေ။ ဖုန်းယွီသည် လီဟဟ ထုတ်ကုန်များကို ကြော်ငြာရန်အတွက် အချိန်အတော်များများ သုံးချင်ပေသည်။
ဖုန်းယွီ၏ ထုတ်ကုန်များသည် ရုပ်မြင်သံကြား ကြော်ငြာအနည်းငယ်သာလိုပြီး အထူးကြော်ငြာ အချိန်များတွင် ထုတ်လွှင့်ရန် မလိုအပ်ချေ။ သူ့ထုတ်ကုန် အများစု၌ ပြိုင်ဘက်မရှိချေ။
“ကြော်ငြာ ဝင်ငွေ တိုးလာပေမယ့် ငါတို့ အသုံးစရိတ်လဲ တိုးလာတယ်ကွ.. ဒီနှစ် အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပတော့မယ်.. အဲ့ကိစ္စ သိပြီးပြီလား.. တွေ့ဆုံမေးမြန်းဖို့တွေအတွက် ငါ့လူတွေ အမေရိကန်ကို လွှတ်ရအုံးမယ်.. ဆက်စပ် အစီအစဉ် အမျိုးမျိုးလဲ ထုတ်လွှင့်ဖို့ လိုတယ်.. ဒါတွေအကုန်လုံး ရန်ပုံငွေ အများကြီးလိုတယ်ကွ..”
ဌာနမှူးကျား သက်ပြင်းချလိုက်သည်။
မိန်ကျစ်ကောင်းသည် ဌာနမှူးကျားကို စိုက်ကြည့်လိုက်သည်။ ဤသည်က CCTV အကြီးအကဲ ဖြစ်သည်။ သူသည် ထိပ်တန်း အစိုးရ အရာရှိတစ်ယောက်ကဲ့သို့ အပြုအမူမရှိဘဲ မန်နေဂျာဖုန်းနှင့် အလွန်ရင်းနှီးနေသည့် ပုံဖြစ်နေသည်။
“ဌာနမှူးကျား … ကျုပ်တို့သိကျွမ်းလာတာလဲ ကြာပြီ.. ခင်ဗျားဘာလိုလဲ ကျုပ်ကိုပြောဗျာ..”
“မန်နေဂျာဖုန်း.. မင်းမှာ ရုပ်မြင်သံကြား အစီအစဉ်တွေနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေ အများကြီးပဲလေ.. မင်း ငါ့ကို အကြံဉာဏ်ပေးလို့ရမလား..”
မိန်ကျစ်ကောင်း ပါးစပ်အဟောင်းသာ ဖြစ်သွားသည်။ ရုပ်မြင်သံကြားဌာနတစ်ခု၏ ခေါင်းဆောင်သည် လုပ်ငန်းခွင် အတွင်းမရှိသောသူထံတွင် အကြံဉာဏ်တောင်းနေသည်လော။ မန်နေဂျာဖုန်းသည် ရုပ်မြင်သံကြား ထုတ်လုပ်ရေး အကြောင်း သိနေသည်လော။
ဌာနမှူး ကျား ခေါင်းရှုတ်နေသေည်မှာ ထိုကိစ္စလော။ ဌာနမှူးကျားသည် ဖုန်းယွီထံမှ စပွန်ဆာပေးရန် ပြောမည်ဟု ထင်ထားခြင်းဖြစ်သည်။ သို့ရာတွင် ဖုန်းယွီသည် အချို့သော အစီအစဉ်များကို စပွန်ဆာပေးမည်ဆိုပါက တစ်ခုခု ပြန်တောင်းမည် ဖြစ်ကြောင်း ဌာနမှူးကျား သိထားလောက်ပေမည်။
“ရုပ်မြင်သံကြား ထုတ်လွှင့်ရေး အစီအစဉ်လား.. ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက CCTV5 ကို ဂြိုလ်တုလိုင်းအဖြစ် ပြောင်းလိုက်ပြီလေ.. အဖြစ်အပျက် အကုန်လုံးကို တိုက်ရိုက် ရုပ်သံလွှင့်ပြီး ပြနိုင်နေပြီကို ဘာခက်လို့လဲ..”
အားကစားပွဲများ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် အောင်ပွဲညနှင့် အလွန်ကွာခြားပေသည်။ ပို၍ပင် လွယ်သေးသည်။
“အဲ့ကိစ္စ ငါတို့အတွက် ပြဿနာမရှိသလို ငါလဲ စီစဉ်ထားပြီးပြီ.. ခက်တာက အထက်လူကြီးတွေ အိုလံပစ် အားကစား ပြိုင်ပွဲ မြှင့်တင်စေချင်နေကြတယ်.. အားကစား အုပ်ချုပ်ရေးက ဒီနှစ် ငါတို့ အားကစားသမားတွေ အတွက် စွမ်းဆောင်ရည် အမြင့်ဆုံး နှစ်ဖြစ်လိမ့်မယ်တဲ့.. စပွန်ဆာတွေလဲ အများကြီးရထားတယ်ကြားတယ်.. အားကစား စီမံခန့်ခွဲရေးမှူး အဘိုးကြီးလူ အဲ့ကိစ္စ အာကျယ်အာကျယ် ဖြစ်နေတယ်..”
ဌာနမှူးကျား မနာလိုစွာ ပြန်ပြောလိုက်သည်။
ဖုန်းယွီသည် ဌာနမှူးကျား လိုချင်ကိုသည် ပြောနိုင်ပေသည်။ အစီအစဉ်များအတွက် အကြံဉာဏ်များလော။ သူ့ အစီအစဉ်များကို စပွန်ဆာပေးရမည့်သူမှာ မိမိသာ ဖြစ်ပေလိမ့်မည် မဟုတ်ပေလော။
“ဌာနမှူးကျား.. ကျုပ် အားကစား စီမံခန့်ခွဲရေးမှာ စပွန်ဆာ နည်းနည်း ပေးထားတယ်.. CCTV အတွက် တစ်ချို့ အစီအစဉ်တွေမှာ ထပ်ပြီး ပံ့ပိုးပေးစေချင်နေတာလား..”
ဌာနမှူးကျားမှ..
“CCTV5 က အခုဆို ဂြိုလ်တုလိုင်း တစ်ခု ဖြစ်သွားပြီလို့ ပြောပြီးသားနော်.. အဲ့လိုင်းအတွက် ကြာငြာခ ဘာလို့ ဒီလောက်နည်းနေရသေးတာလဲ မသိတော့ဘူး..”
ကြော်ငြာခ နည်းနေသည်လော။ ဤနှစ်သည် အိုလံပစ်နှစ်ဖြစ်သည်။ CCTV5 တွင် ကြော်ငြာခြင်းသည် ပို၍ ကျယ်ပြန့် လာမည်ဖြစ်သည်။
ဖုန်းယွီ ပေါ့ပေါ့ပါးပါးဖြင့်ပင်..
“မရောင်းရသေးတဲ့ ကြော်ငြာကွက်တွေ ရှိနေလို့လား.. ကျုပ်ပြန်ကြည့်လိုက်မယ်လေ.. ဈေးနှုန်း သင့်တော်ရင် ကြော်ငြာကွက် တစ်ချို့တော့ ကျုပ်ဝယ်ပါ့မယ်.. အာ.. အိုလံပစ်နဲ့ ပတ်သက်ပြီး အစီအစဉ် အကြံပေးစရာရှိတယ်.. ခင်ဗျား အိုလံပစ် အထူးအစီအစဉ် လုပ်လို့ရတယ်..”
“ဘယ်လို အထူးအစီအစဉ်လဲ..”
“လေနှင့်မိုး အံလံပစ်ခရီးစဉ်..”
ဌာနမှူးကျား ဘာပြောရမှန်း မသိတော့။ ထိုအစီအစဉ်အတွက် ပြဿနာမရှိချေ။ သို့ရာတွင် နာမည် စပွန်ဆာကို မည်သို့ဆုံးဖြတ်ရမည်နည်း။
“အဲ့အကြံအစည် ပြောစမ်းပါအုံး..”
“အစီအစဉ်ရဲ့ သဘောတရာက ရိုးရှင်းတယ်.. နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်း အချိန်တစ်ခု သတ်မှတ်ပြီး အိုလံပစ် ပြိုင်ပွဲတစ်ချို့ ထုတ်လွှင့်ပြဖို့တော့ လိုတယ်.. ပြိုင်ပွဲတွေကို အချိန်တိုင်း လွှင့်နေစရာ မလိုဘူး.. ကစားပွဲတွေကို ရှင်းပြဖို့ သုံးသပ်တင်ပြသူတွေ ခင်ဗျားရှာနိုင်မှာပါ.. ဆုတံဆိပ် ရနိုင်ခြေများတဲ့ အားကစားသမား တစ်ချို့ကိုလဲ ပြပေးလို့ရတယ်.. အားကစား အုပ်ချုပ်ရေးက ခင်ဗျားကို ဝမ်းသာအားရ ကူညီလိမ့်မယ်..”
“အဲ့ဒါ အားကစားသမားတွေကို ဖိအား မတိုးစေဘူးလား..”
“စိတ်ဖိစီးမှုက သူတို့ကို လှုံ့ဆော်ပေးနိုင်တယ်လေ.. သန်းယာဖျင် ကိုပဲကြည့်လေ.. ဖိအားပြင်းပြင်းအောက်မှာ ရှိနေပေမယ့် ဘယ်သူက သူ့ကို အနိုင်ယူနိုင်မှာလဲ.. လျိုကောင်းလင်ရဲ့ မနှစ်က ရလဒ်တွေလဲ အောင်မြင်မှု သိပ်မရှိသေးဘူး.. ဝမ်ကျင်းရှ ရဲ့ နာမည်ပြောင် ‘အာရှသမင်’ ဆိုတာလဲ လူအများပေးထားတာလေ.. ပြေးခုန်ပစ် အားကစားသမားတွေရဲ့ ကမ္ဘာမှာ မျှော်လင့်ချက် အရမ်းမြင့်တာ.. ဒါတွေကို မှတ်တမ်းတင်ထားရမယ်..”
“ဒီလောက်ပဲလား..”
“ဟုတ်တယ်လေ.. အိုလံပစ် ဆုတံဆိပ်ရှင်ဟောင်းတွေနဲ့ နည်းပြတွေကိုလဲ မိတ်ဆက်ပေးလို့ရတယ်.. အဲ့ဒါ ကျုပ်တို့ အားကစားသမားတွေကို ကူညီပေးနိုင်တဲ့အပြင် နိုင်ငံအတွက် ထူးထူးခြားခြား ပံ့ပိုးကူညီခဲ့တဲ့ လူတွေလေ..”
“ဒါတော့ မဖြစ်မနေ လုပ်ပေးရမှာပေါ့.. ဂုဏ်ပြုရမယ့် အပိုင်းပဲ..”
ဌာနမှူးကျား ခေါင်းညိတ်လိုက်သည်။
“အားကစားသမားတွေကို အစီရင်ခံတာက ပြတ်ပြတ်သားသားကို ကွာခြားမှုတွေ ရှိရမယ်.. စားပွဲတင် တင်းနစ် လိုမျိုးဆို အာရုံစိုက်စရာ မရှိဘူး.. အဲ့ပွဲအတွက် ကျုပ်တို့က ကမ္ဘာမှာ အကောင်းဆုံး ဖြစ်နေပြီ.. မြေပြင်တင်းနစ်၊ ကြက်တောင်ရိုက် အဲ့လိုပွဲတွေကို အစီရင်ခံရမယ်.. ပြီးတော့ ‘တစ်မျိုးသားလုံး ကျန်းမာဖို့ လူနေမှုပုံစံ လှုပ်ရှားမှု လိုက်ပါလှုပ်ရှားစို့’… ‘အိုလံပစ် ပြိုင်ပွဲ ဝင်မနွှဲနိုင်ပေမယ့် ကျန်းမာတဲ့ ဘဝရဖို့ လိုက်ပါလေ့ကျင့်ကြ’… အဲ့ဒါ ဆောင်ပုဒ်ကောင်းပဲ.. လူတိုင်း လိုက်လုပ်လို့ရတဲ့ အားကစား တစ်ခုပဲလေ..”
တစ်မျိုးသားလုံး ကျန်းမာသော လူနေမှုပုံစံ လှုပ်ရှားမှု။ ဤသည်က အကြံကောင်းပင်။ အထက်လူကြီးများသည် ဆောင်ပုဒ်ဖြင့်ပင် ပျော်ရွှင်ကြပေလိမ့်မည်။ တရုတ် အပြေးပြိုင်ပွဲကွင်း၏ ကြယ်ပွင့်မှာ ဝမ်ကျန်းရှ ဖြစ်ကြောင်း ဌာနမှူးကျား မသိချေ။ ထိုလှုပ်ရှားမျုသည် သူ့တန်ဖိုး တိုးစေပေလိမ့်မည်။ နှစ်ရှည်စာချုပ် ချုပ်ဆိုထားသည် ဖုန်းယွီ အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။
ယခုအချိန်တွင် နောက်ထပ် ကြယ်ပွင့် အားကစားသမားများကို ခေါ်ယူသင့်သည်လော။ ဖူမင်ရှသည် ယခုနှစ် ရွှေတံဆိပ် (၂)ခု ဆွတ်ခူးနိုင်မည်ဟု နာမည်ကြီးလာသည်။
ထိုသို့သော ရုပ်ချောသည့် အားကစားသမားများ လက်မှတ်ရေးထိုးနိုင်ရေးအတွက် တစ်ယောက်ယောက်ကို ရအောင် ယူရပေလိမ့်မည်။
--------**$$^$$**--------