← Chapters

အောင်ပွဲခံမှုသည် အကြောင်းပြချက် တစ်ခုကြောင် အနီးကပ်ရှိနေပေလိမ့်မည်

Vol. 54 Ch. 803

အောင်ပွဲခံမှုသည် အကြောင်းပြချက် တစ်ခုကြောင် အနီးကပ်ရှိနေပေလိမ့်မည်

Vol. 54 Ch. 803

“မန်နေဂျာဖုန်း.. ဒီအစီအစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ခွဲထုတ်ဖို့ အစီအစဉ် လိုသေးတယ် ဆိုပေမယ့် အစီအစဉ်ကောင်း တစ်ခုလို့တော့ မြင်တယ်.. မင်း ဘယ်လောက်ထိ စပွန်ဆာပေးမယ် မှန်းထားလဲ..”

“အစီအစဉ်က အစောဆုံး နှစ်ကူးပြီးတာနဲ့ စလို့ရပြီ.. အဲ့အစီအစဉ်ကို အပတ်စဉ် လား နေ့စဉ်အနေနဲ့ လုပ်မှာလား..”

“အပတ်စဉ် အစီအစဉ်ပဲ ကောင်းမယ်ထင်တယ်.. နေ့စဉ် အတွက်ဆို အကြောင်းအရာတွေ အများကြီး ရှိမှာ မဟုတ်ဘူး..”

အိုလံပစ် အားကစားပြိုင်ပွဲတွင် ပွဲအနည်းငယ်သာရှိ၍ CCTV မှ ပြသရန် လူကြိုက်များသည့် အားကစားများကို ရွေးချယ်ရသေးသည်။ ဇာတ်ညွှန်း သိပ်မများချေ။

“စည်းမျဉ်းအဟောင်းတွေအတိုင်းပေါ့.. အစီအစဉ်နာမည်ကို ပြောစရာမလိုတော့ဘူးပဲ ထားလိုက်တပေါ့.. စင်မြင့်မှာ လေနှင့်မိုး အမှတ်တံဆိပ် ထုတ်ကုန်တွေ ရှိရမယ်.. အစီအစဉ်မှူးက ကြော်ငြာကြွေးကြော်သံနဲ့ အစီအစဉ်မှူးရဲ့ ဝတ်စုံမှာလဲ တံဆိပ်ရိုက်ထားရမယ်..”

“ခဏလေး.. မန်နေဂျာဖုန်း.. မင်းမှာ အဝတ်အစားအတွက် အမှတ်တံဆိပ်ရှိတယ်လို့ ငါမကြားဖူးသေးပါဘူး.. လေနှင့်မိုးက အဝတ်အစားတွေ မထုတ်ပါဘူးဟစ..”

ဌာနမှူးကျား ဖုန်းယွီအား စိတ်မချမ်းမြေ့စွာ ကြားဖောက်ပြောလိုက်သည်။

“အဓိက စပွန်ဆာအနေနဲ့ မထားချင်ဘူးလား.. ကျုပ်ကတော့ အဆင်ပြေပါတယ်.. အပိုင်းတိုင်းရဲ့ အဆုံးမှာ အိုလံပစ် ပြိုင်ပွဲနဲ့ အားကစားသမားတွေနဲ့ ပတ်သက်တဲ့ ပဟေဠိ အမေးအဖြေ လုပ်နိုင်သေးတယ်.. ဆုတွေအတွက် ကျုပ်စပွန်ဆာပေးမယ်.. အဲ့လိုဆို ကြည့်ရှုသူတွေကို ပိုတောင် ဆွဲဆောင်နိုင်တဲ့အပြင် ပရိတ်သတ်နဲ့ အပြန်အလှန် ပြောဆိုနိုင်တယ်လေ..”

ဌာနမှူးကျား မျက်လုံးများ တောက်ပလာသည်။ ဤပဟေဠိသည် အစီအစဉ်၏ အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး သုံးသပ်ချက် ကောင်းများ ရရှိပေလိမ့်မည်။ ဤသည်က CCTV5 အတွက် အလွန်ကောင်း ပေသည်။

“ဒီအစီအစဉ်မပြီးခင် ကြော်ငြာကွက်တွေ ကျုပ်လိုချင်တယ်..”

“ခနလေး.. မန်နေဂျာဖုန်း .. အစီအစဉ် မစခင်နဲ့ အပြီးသတ်က ကြော်ငြာကွက်တွေမှာ မပါသင့်တော့ဘူး…”

“ဘာဖြစ်လို့လဲ.. ဒီအစီအစဉ်မစခင်မှာ တခြားလူတွေရဲ့ ကြော်ငြာ ထုတ်လွှင့်လိုက်ရင် ကျုပ်ကြော်ငြာတွေအပေါ် သက်ရောက်မှု ရှိသွားမှာပေါ့.. ဒီကိစ္စ ဖြေရှင်းလို့ရမယ်မို့လား..”

“မန်နေဂျာဖုန်း.. မင်းတောင်းဆိုချက်တွေ များလွန်းနေတယ်..”

“အဲ့အတွက် ငွေပိုပေးမယ်လေ.. ဆုတွေအပြင် နာမည်အတွက် အပိုင်းတစ်ပိုင်းကို ယွမ်(၂)သိန်း ပေးမယ်.. အပိုင်း (၁၆)ပိုင်းစာအတွက် ယွမ် (၃.၂)သန်းပေးမယ်..”

“မန်နေဂျာဖုန်း.. မင်းဘာလို့ ပိုပိုဆိုးလာတာလဲ.. မင်းမှာ လိုအပ်ချက်တွေ အများကြီးပဲ.. မင်းပေးတဲ့ စပွန်ဆာက အရမ်းနည်းလွန်းတယ်..”

“အစီအစဉ် အသစ်အတွက် အဆင့်သတ်မှတ်ချက်က မျိုစုံရှိုးတွေထဲမှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးတောင် ဖြစ်နိုင်တယ်.. ပြီးတော့ CCTV5 ကို ကြည့်လို့ မရနိုင်သေးတဲ့နေရာ တရုတ်နိုင်ငံမှာ အများကြီးရှိသေးတယ်လေ..”

“ဘာပြောပြော.. နည်းတယ်ကွာ.. တစ်ပိုင်းကို အနည်းဆုံး ယွမ်(၃)သိန်း ပေးရမယ်..”

“ကောင်းပြီလေ.. ယွမ်(၃)သိန်းပေါ့.. ဒါဆို ပြီးသွားပြီ.. နောက်ထပ် ပံ့ပိုးရမယ့် အကြောင်းတွေ ပြောရအောင်..”

ဖုန်းယွီ ချက်ချင်းပင် ခေါင်းစဉ် ပြောင်းလိုက်သည်။ ဌာနမှူးကျားကို နောင်တရချိန်ပင် မပေးချေ။

ဌာနမှူးကျား စွံ့အ သွားရသည်။ ယွမ်(၃)သိန်းဆိုသည်မှာ ဖုန်းယွီ မှန်းထားသည်ထက် နည်းနေသည်မျာ သေချာပေသည်။ သို့ရာတွင် အခြားသော ပံ့ပိုးကူညီမျုများ ရှိနေသေးသည်။

“နောက်ထပ် ဘယ်လို ပံ့ပိုးချင်သေးတာလဲ..”

“ခင်ဗျားတို့တွေ အိုလံပစ် အားကစားပွဲ ကျင်းပတဲ့ နေရာတွေကို သတင်းထောက်တွေ ပို့ရမယ်မို့လား.. သတင်းထောက်တွေရဲ့ နေ့စဉ် ဝတ်စုံတွေမှာ လေနှင့်မိုး အမှတ်တံဆိပ်တွေ ပါရမယ်.. သူတို့ အသုံးစရိတ်အားလုံး ကျုပ်စပွန်ဆာပေးမယ်.. တစ်ခုတော့ရှိတယ်.. သတင်းထောက်တွေ တွေ့ဆုံမေးမြန်းမှုပြီးတိုင် ကျုပ်ကုမ္ပဏီကို ပြောပေးရမယ်.. ဥပမာ.. ဒီတွေ့ဆုံမေးမြန်းမှုအတွက် လေနှင့်မိုး အိမ်သုံးပစ္စည်းက ပံ့ပိုးကူညီပါတယ်… ပေါ့..”

“မဖြစ်နိုင်ဘူး..”

ဌာနမှူးကျား ရူးချင်ချင် ဖြစ်သွားတော့သည်။ ဤဖုန်းယွီသည် အခွင့်အရေးရတိုင်း ကြော်ငြာချင်နေသည်။ တွေ့ဆုံ မေးမြန်းခန်းများတွင် မည်သို့ ကြော်ငြာရမည်နည်း။

“ခင်ဗျားဘာကို စိတ်လှုပ်ရှားနေတာတုန်း.. ခင်ဗျား ခွင့်မပြုတော့လဲ ကောင်းပါတယ်.. ကျုပ်လက်ခံရမှာပေါ့.. ကျုပ် အမှတ်တံဆိပ်ပါတဲ့ ဝတ်စုံလေးတော့ လုပ်လိုက်..”

“ဒါလဲ ခွင့်မပြုနိုင်ဘူး..”

“ကောင်းပြီလေ.. ဆက်ပြောမယ်.. ခင်ဗျား သဘောမတူရင် ဒီစပွန်ဆာကိစ္စ ဆက်ပြောစရာ မလိုတော့ဘူး..”

ဌာနမှူး ကျား မျက်လုံးများ နီရဲလာသည်။ ဖုန်းယွီအား စိုက်ကြည့်နေပေသည်..

“ဒါက CCTV ကွ.. ငါတို့က အိုလံပစ် အားကစားပြိုင်ပွဲ ထုတ်လွှင့်ရမှာ.. တရားလွန်ကြီး မလုပ်နဲ့ကွ..”

“ကျုပ် တရားလွန် မလုပ်ဘူးလို့ ကတိပေးတယ်ဗျာ.. ကျုပ်က အားကစား စီမံခန့်ခွဲရေးအတွက် ငွေအများကြီး ထောက်ပံ့ပေးထားတာ.. ဒီကိစ္စလဲ သိထားလောက်မှာပါ.. ကျုပ်ထုတ်ကုန် တော်တော်များများ အဲ့အားကစားသမား တွေအနားမှာ ပေါ်လာမှာပဲ.. ကျုပ်ဘက်က တောင်းဆိုချက် တစ်ခုပဲရှိတယ်.. အားကစားသမားတွေနဲ့ တွေ့ဆုံမေးမြန်းတဲ့ အချိန်အတွင်း ကျုပ်ရဲ့ ထုတ်ကုန်တွေကို ရုပ်မြင်သံကြားမှာ ရှင်းရှင်းလင်းလင်း ပြပေးရမယ်.. တခြား အမှတ်တံဆိပ်တွေ.. ထုတ်ကုန်အတူတွေ ပြလို့မရဘူး.. ကျုပ်အမှတ်တံဆိပ်ပဲ ပေါ်လာရမယ်..”

“မင်း ဘယ်ထုတ်ကုန်တွေ စပွန်ဆာပေးထားလဲ..”

“သိပ်တော့ မများပါဘူး.. ဆေးပစ္စည်းတွေအားလုံး ပမ့်မြို့တော် ဆေးဝါးစီမံကိန်းက.. အားကစားသမား ဆေးတစ်ခုခု သုံးနေတယ်ဆိုရင် အဲ့ဆေးကို အနီးကပ် ပြပေးရမယ်.. ဆေးသေတ္တာကို အနီးကပ် ရိုက်မပြနိုင်ရင်တောင် အနည်းဆုံး ဆေးသေတ္တာက အမှတ်တံဆိပ်လေးတော့ ပြပေးရမယ်.. အားကစားသမားတွေနဲ့ နည်းပြတွေအားလုံး ဦးထုပ်ဆောင်းထားပြီး တရုန်နိုင်ငံနဲ့ လေနှင့်မိုး အမှတ်တံဆိပ် ရိုက်ပေးထားတယ်.. အားကစားသမားတွေ အားလုံးကို သေချာ ရိုက်ပေးရမယ်.. အိုက်ဝါ CD စက် တစ်လုံးစီ တွေ့ဆုံမေးမြန်းခန်းတွေမှာ ပေါ်လာလိမ့်မယ်.. ကျုပ်က စောင်ကျင်းအမှတ်တံဆိပ် မော်တော်ကားတွေ ပို့ထားတော့ အားကစားသမားတွေ ပြန်လာပြီး တွေ့ဆုံ မေးမြန်းခန်းတွေမှာ ပစ္စည်းသိမ်းတာ ဘာညာ ပါမှာဆိုတော့ ကျန်တဲ့ ပစ္စည်းတွေကိုလဲ ရိုက်ကူးပေးရမယ်..”

ဌာနမှူးကျား မေးရိုးပြုတ်ကျမတတ် ဖြစ်သွားသည်။ ဖုန်းယွီသည် ရိုးရှင်းလွန်းသည့် တွေ့ဆုံမေးမြန်းမှုကိုပင် ရှုတ်ထွေးလွန်းသည့် ကိစ္စအဖြစ် ပြောင်းလဲပစ်နိုင်သည်ကို သူမသိလိုက်ချေ။ သို့ရာတွင် ဖုန်းယွီ၏ စည်းကမ်းများကို မဆန့်ကျင်နိုင်ချေ။ ယခင်က မည်သူမှ ထိုသို့ မလုပ်ဖူးကြချေ။

“မန်နေဂျာဖုန်း.. မင်း ထုတ်ကုန်တွေ ဘယ်လောင်တောင် စပွန်ဆာပေးနေတာလဲဟ..”

“အရမ်းများပါဘူး.. အိုလံပစ် အားကစားပွဲတွေ ပြီးသွားရင် အောင်ပွဲည ဆင်နွှဲတဲ့ အထိပါ..”

ဖုန်းယွီသည်ပင် စိတ်လှုပ်ရှားလာသည်။

“အောင်ပွဲည…”

“ဟုတ်တယ်လေ.. အားကစားသမားတွေ အောင်ပွဲခံပြီး ပြန်လာမှာကို.. အောင်ပွဲညနဲ့ ဂုဏ်ပြုရမျာပေါ့.. စည်းကမ်း အဟောင်းတွေ အတိုင်းပြလေ.. ခင်ဗျားတို့တွေ အဓိက ပွဲစီစဉ်သူတွေဖြစ်ပြီး ရန်ပုံငွေက ကျုပ်ရှင်းမယ်.. ဒီအထူးအစီ အစဉ်ရဲ့ နာမည်ကို လေနှင့်မိုး အိုလံပစ်အားကစားပြိုင်ပွဲ ကြယ်ပွင့်များည လို့ နာမည်ပေးရမယ်.. အစီအစဉ် အတွင်းမှာ ဆုတံဆိပ်တွေအားလုံး ပေးအုံးမှာ.. အဲ့ဆုတံဆိပ်တွေကို လူတွေ ကြည့်ရှုမှု များလိမ့်မယ်လို့ အာမခံတယ်.. တခြားအစီအစဉ်တွေလဲ ရှိသေးတယ်..”

ဖုန်းယွီ ယခင်ဘဝက ထိုသို့သော အစီအစဉ် အမျိုးမျိုး ရှိခဲ့ပေသည်။ အကြောင်းပြချက် ရှိနေသရွေ့ အောင်ပွဲည ရှိပေလိမ့်မည်။ အောင်ပွဲည အစီအစဉ်များသည် ထုတ်လွှင့်ရန် ဈေးကြီးသော်လည်း ရုပ်မြင်သံကြားဌာနများသည် စပွန်ဆာများထံမှ ငွေအများအပြား ရနိုင်ပေသည်။ ထိုသို့သော အစီအစဉ်များသည် ကုမ္ပဏီများအတွက် ၎င်းတို့၏ အမှတ်တံဆိပ်နှင့် ထုတ်ကုန်များကို ဈေးကွက်တင်ရန် ကောင်းပေသည်။ ဖုန်းယွီသည် အစီအစဉ်အတွင်း အားကစား သမားများအား စောင်ကျင်း မော်တော်ကားများ ပေးနိုင်ပါက ပိုကောင်းပေလိမ့်မည်။

လူများ၏ ဘဝ တိုးတက်လာသည်ဆိုသော်လည်း ကားများသည် ဇိမ်ခံပစ္စည်းများ ဖြစ်နေဆဲပင်။ မော်တော်ကားများ ပေးခြင်းသည် ဤခေတ်တွင် မကြားဖူးသေးဘဲ မြို့တော်များအတွင်း အချိန်တော်တော်ကြာသည်အထိ ပြောစမတ် တွင်နေပေလိမ့်မည်။ ဟောင်ကောင်မှ ဖောက်ခ် မိသားစုသည် တရုတ်အားကစားသမားများအား ပံ့ပိုးကူညီနေကြောင်း လူမည်မျှ သိသနည်း။ ရုပ်မြင်သံကြားဌာနများသည် သူ၏ စပွန်ဆာနှင့် ကြော်ငြာရန် မကူညီခဲ့ချေ။

ဖုန်းယွီသည် တရုတ်နိုင်ငံ၏ သူဌေးကြီး၊ ထိပ်တန်း ပရဟိတသမားကြီး ချန်းကောင်းပေါင်၏ ကျော်ကြားသည့် စကားတစ်ခွန်း သတိရမိလိုက်သည်။

“လူနေခြုံကြား၊ စိတ်နေဘုံဖြား..”

ဖုန်းယွီသည် ဤဈေးကွက်ရှာဖွေမှုသည် စောင်ကျင်း၊ လေနှင့်မိုး၊ အိုက်ဝါအပြင် သူ၏ အခြားအမှတ်တံဆိပ်များ အားလုံး၏ ရောင်းအားကို လှုံ့ဆော်ပေးမည်ဟု ယုံကြည်ထားသည်။ လီဟဟ၊ ထိုင်ဟွာနှင့် အခြားဆက်စပ် အမှတ်တံဆိပ်များလည်း ပါဝင်နိုင်ပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ဖုန်းယွီသည် ထိုအထူးအစီအစဉ်တွင် အခြား အမှတ်တံဆိပ်များကို ပြသခွင့် လုံးဝမပေးချေ။

ဌာနမှူးကျားမှာ အောင်ပွဲည ကျင်းပရန် စိတ်လှုပ်ရှားနေပေသည်။ ခမ်းနားသည့် အောင်ပွဲည အစီအစဉ်သည် ခေါင်းဆောင်များစွာ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ပြီ၊ လုပ်ဆောင်မှုတိုင်းမှာ သူ့အတွက် ဂုဏ်ယူစရာ ဖြစ်ပေ လိမ့်မည်။

ဌာနမှူးကျားသည် ယခုအချိန်၌ ဝန်ကြီး၏ လက်ထောက်ဖြစ်သည်။ မိမိ ကောင်းကောင်း စွမ်းဆောင်နိုင်ပါက ဒု-ဝန်ကြီးအဖြစ် ခန့်အပ် ခံရနိုင်ပေသည်။ ယခင်က ဌာနမှူးအဖြစ်သာ ရာထူးတိုးရန် စဉ်းစာခဲ့သည်။ သို့ရာတွင် ဌာနမှူး ဖြစ်လာပြီးနောက်တွင် ရည်မှန်းချက် ပိုကြီးမားလာခဲ့သည်။

ဖုန်းယွီသည် CCTV အထူးအစီအစဉ်အတက် (၁)ရာခိုင်နှုန်းပင် ခွဲပေးမည် မဟုတ်ကြောင်း ပြောခဲ့သည် မဟုတ်လော။ ဤကမ်းလှမ်းချက်ကို မည်သူ ငြင်းပယ်မည်နည်း။

“မန်နေဂျာဖုန်း.. အသေးစိတ်ဆွေးနွေးကြရအောင်.. ဒီအကြံက ပြဿနာမရှိဘူးထင်တယ်..”

--------**$$^$$**--------

All Chapters