← Chapters

မင်းကို ဂျင်းထည့်နေပြီ

Vol. 54 Ch. 804

မင်းကို ဂျင်းထည့်နေပြီ

Vol. 54 Ch. 804

အားကစား အထွေထွေ အုပ်ချုပ်ရေးဌာန၊ CCTV တို့နှင့် စာချုပ်များ ချုပ်ပြီးနောက် လီနသည်လည်း ကျောင်းပိတ်ရက် စပြီဖြစ်၍ ဖုန်းယွီနှင့်အတူ ပမ့်မြို့တော်သို့ ပြန်ခဲ့ကြသည်။

သို့ရာတွင် လီနသည် ရှက်နေကာ ပမ့်မြို့တော်တွင် တစ်ရက်သာနေပြီး ရွာသို့ ပြန်သွားသည်။ ဖုန်းယွီ ပြန်လာကြောင်း ကျန်းလွေ့ချန်း ကြားရပြီး စကားပါးခိုင်းလိုက်သည်။

“အို့… အစ်ကိုလျို.. ဒီမှာ.. ဒီမှာ.. ခင်ဗျားဖို့ အမေရိကန်က ဝယ်လာတာ..”

အတွင်းရေးမှူးလျို မျက်လုံး မှိတ်ထားလိုက်မိသည်။ မန်နေဂျာဖုန်းသည် မိမိ အကြီးအကဲရှေ့၌ စီးကရက် တစ်တောင့် မည်သည့်အတွက်ပေးရသနည်း။ ရည်ရွယ်ချက် ရှိရှိ လုပ်နေသည်လော။

ကျန်းလွေ့ချန်းသည် ဖုန်းယွီအား မျက်လုံးပြူးကြည့်ကာ..

“အဲ့ဒါ ဘယ်လောက်တန်လဲကွ..”

“ငွေအကြောင်း မပြောစမ်းပါနဲ့ဗျာ.. ဒါက လက်ဆောင်ပဲကို.. အစ်ကိုလျို.. ခင်ဗျား ကျုပ်နဲ့ ညစာစားဖို့ အချိန် နည်းနည်းတော့ ပေးရမယ်နော့..”

ကျန်းလွေ့ချန်း ခေါင်းယမ်းကာ အတွင်းရေးမှူးလျိုအား ကြည့်၍..

“ယူလိုက်.. ယူလိုက်.. ဖုန်းယွီဆီက လက်ဆောင်ဆိုတာ ရခဲတယ်.. မင်းယောက္ခမကို ပေးလို့ရတာပေါ့..”

အတွင်းရေးမှူးလျို စီးကရက်တောင့်ကို ယူလိုက်သည်။ သူ့အကြီးအကဲကိုယ်တိုင် ပြောလာပြီဖြစ်၍ စိတ်ပူစရာ မလိုတော့ချေ။ ကျန်းလွေ့ချန်းစကားကြောင့် ဖုန်းယွီ ဒေါသထွက်သွားသည်။ မိမိထံမှ လက်ဆောင်ရခဲသည် ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ မိမိ လက်ဆောင်ကို သူလက်ခံရဲမည်လော။

“အာ.. ခေါင်းဆောင်ကြီး.. ခင်ဗျား ဆံပင်တွေတောင် ပိုဖြူလာပြီ.. ကျန်းမာရေး ဂရုစိုက်အုံးဗျ…”

ဖုန်းယွီ နောက်လိုက်သေးသည်။

“မန်နေဂျာဖုန်းရေ သူ့ စိတ်ထဲမှာက အလုပ်တွေနဲ့ ပြည့်နေတော့ အနားယူဖို့တောင် အချိန်မရှိလောက်ဘူး..”

“ဘာတွေ စိတ်အနှောက်အယှက်ဖြစ်စရာရှိနေလဲ ကျုပ်ကိုပြော…”

ဖုန်းယွီ စိတ်ဝင်တစား မေးလိုက်သည်။

ကျန်းလွေ့ချန်းသည် သူ့အတွင်းရေးမှူးကို စိုက်ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အတွင်းရေးမှူးမှပင် ဖုန်းယွီထံ အကြံဉာဏ်တောင်းရန် အကြံပေးထားခြင်းဖြစ်သည်။

“အိမ်ခြံမြေကိစ္စအပေါ် မင်းဘယ်လိုမြင်လဲ..”

အိမ်ခြံမြေများလော။ ပမ့်မြို့တော်သည် အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေချင်နေသည်လော။ ဤသည်က ကောင်းသည့် လက္ခဏာ မဟုတ်ချေ။ အိမ်ခြံမြေဈေးကွက် တက်လာပါက လူတော်တော်များများ ဒုက္ခရောက်ကြ ပေလိမ့်မည်။

“ဘာတွေ မှားနေလို့လဲ… ဒီကိစ္စ မြို့တော်အစိုးရ ဒါမှမဟုတ် ခရိုင်အစိုးရက အကြံပေးထားတာလား..”

“ဘယ်က မြို့နယ်တွေ ပြည်နယ်အစိုးရတွေတုန်း.. အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စပြောနေတာမဟုတ်ဘူးဟ.. အဲ့လုပ်ငန်းကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ စဉ်းစားနေတာ..”

“ထိန်းညှိပေးဖို့လား.. ပမ့်မြို့တော်က အိမ်ခြံမြေဈေးတွက် တော်တော်တက်သွားပြီလား..”

ဖုန်းယွီ မတ်တပ်ရပ်နေရာမှ ထိုင်လိုက်သည်။ ပမ့်မြို့တော် စက်မှုလုပ်ငန်းကို ပြန်လည် အသက်သွင်းကာ လူဦးရေ ထူထပ်လာပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်စေလာသည်လော။

တက္ကသိုလ်ဘွဲ့ရများသည် ယခုအချိန်တွင်း ၎င်းတို့ကိုယ်တိုင် အလုပ်အကိုင် ရှာဖွေခဲ့ရပြီး ကုမ္ပဏီများသည် လုံခြုံရေး အာမခံ ပေးဆောင်ရမည် ဖြစ်ပါသည်။ လုပ်ငန်းခွင် အများစုသည် ၎င်းတို့၏ ဝန်ထမ်းများအား ပိုင်ဆိုင်မှုများ မပေးဘဲ ထောက်ပံ့ကြေး အနည်းငယ်သာ ပေးထားကြသည်။ ထိုကိစ္စသည် အိမ်ခန်းဈေးနှုန်းများ တိုးလာရသည့် ပုံမှန် အကြောင်းအရင်းမှန် ဖြစ်သည်။ အတိုးနှုန်း အလွန်များလာပါက ပြဿနာအနည်းငယ် ရှိလာပေလိမ့်မည်။

အိမ်ခြံမြေဈေးကွက် ပြိုကျပြီး ထိုနေရာသည် တစ္ဆေမြို့ ဖြစ်လာသည့် အချို့သော နေရာများကဲ့သို့ပင်။ ထိုဒေသများ ပြန်လည် ရှင်သန်လာရန် ဆယ်စုနှစ်များစွာ အချိန်ယူရပေလိမ့်မည်။

“လူတွေအတွက် နေစရာ အခက်အခဲ မရှိပါဘူး.. မြို့တော်က အရင်ကတည်းက စီစဉ်ထားတာ ကြာပြီ.. အစိုးရပိုင် လုပ်ငန်းက ဝန်ထမ်းတွေအတွက် ရပ်ကွက်တွေ ချပေးထားတယ်.. ဒါပေမယ့် မကြာခင်က လုပ်ငန်းရှင်တစ်ယောက် ပမ့်မြို့တော်ကို လာပြီး နည်းပညာ အဆောက်အဦး ဆောက်ချင်နေတယ်.. မြေကွက်တစ်ကွက် အတည်ပြုပေးဖို့ မြို့တော် အစိုးရကို တောင်းဆိုလာတယ်.. မြို့တော်မှာ အယူအဆ (၂)မျိုးကွဲနေတယ်.. တစ်ခုက ရင်းနှီးမြုပ်နှံသူ တွေကို မြေကွက်တွေ ချပေးသင့်တယ်တဲ့.. အဲ့စကား လူတွေသိသွားတော့ ကုမ္ပဏီတော်တော်များများက အဆောက်အဦးတွေ ဆောက်ဖို့ မြေဝယ်ချင်တာနဲ့ ငါ့ဆီ ခေါင်းတည်လာကြတာပေါ့။ နောက်တစ်ခုက ဒါဟာ မတည်မြဲနိုင်တဲ့ စီမံကိန်းတစ်ခုပဲမို့ ပြည်သူတွေအတွက် အထောက်အကူ မပေးနိုင်ဘူးလို့ ပြောနေကြတာ။

နည်းပညာ အဆောက်အဦးလော။ လာမည့် နှစ်အနည်းငယ်အကြာတွင် ဤသည်က ရေပန်းစားမည့် အယူအဆ တစ်ခု ဖြစ်လာပေလိမ့်မည်။ လီကျယ်ခိုင်၏ ကုမ္ပဏီသည် ဤအယူအဆကို သုံးကာ တော်တော်များများ လုပ်ခဲ့ပေသည်။ ယခင်က လူတစ်ယောက်သည် ဤသည်ကို လုပ်ခဲ့ဖူးကာ အထင်ရှားဆုံးမှာ ဧရာမ အဆောက်အဦးကြီးပင်။

နည်းပညာသည် အဆင့်မြင့်အရာတစ်ခုဟု ထင်ရသော်လည်း ဤသည်မှာ သိပ္ပံနည်းကျသာ ဖြစ်သည်။ ထုတ်လုပ်မှု အားလုံးသည် နည်းပညာများ လိုအပ်ပေသည်။ သို့ရာတွင် လက်ရှိအချိန်၌ လူများ၏ အထင်ကြီးလေးစားမျုမှာ နည်းပညာမြင့်ကာ ငွေကြေးနှင့် သိပ္ပံပညာရှင် အများအပြား လိုအပ်ပေသည်။ နည်းပညာသည် ထုတ်ကုန် တစ်ခု ဖြစ်လာသည်နှင့် လူအားလုံး ငွေရှာနိုင်ကြပေလိမ့်မည်။

“နည်းပညာ အဆောက်အဦးဆိုတာ ဘာကို ပြောတာလဲ.. စက်ရုံ ဒါမှမဟုတ် သုတေသန အဆောက်အဦးလား..”

“အားလုံးပဲ..”

“အားလုံးလား…”

ကျန်းလွေ့ချန်း မည်သည်ကို ဆိုလိုသနည်း။

ကျန်းလွေ့ချန်းသည် ဖုန်းယွီမျက်နှာပေါ်မှ ရှုတ်ထွေးသည့် အမူအရာကိုမြင်ကာ..

“အဲ့ နည်းပညာ အဆောက်အဦးကို သိပ္ပံနည်းပညာ စက်မှု ဥယျာဉ်လို့ ပြောလို့ရတယ်.. သုတေသန၊ စက်ရုံ အလုပ်ရုံတွေ အပါအဝင် မီတာ(၁၀၀)လောက် မြင့်တဲ့ အဆောက်အဦးကြီးကွ..”

ဤသည်က ဟာသတစ်ခုလော။ အမှန်ဖြစ်ပါက ယွမ် (၁)ဘီလီယံကျော် ကုန်ကျမည် ဖြစ်သည်။ တရုတ်တွင် မည်သည့်လုပ်ငန်းရှင်က ငွေအများအပြား ရှိနေသနည်း။

“ဘယ်အဖွဲ့လဲ.. သူတို့တွေ ဘာလုပ်မှာလဲ.. အဲ့အဆောက်အဦးမှာ သူတို့ ရှင်းနှီးမြုပ်နှံမှုတွေကို ဘယ်လို ပြန်ယူမှာလဲ.. သူတို့ရဲ့ အဓိက စီးပွားရေးကရော ဘာလဲ..”

ဖုန်းယွီသည် ယခင်က စက်မှုပန်းခြံတစ်ခုတွင် ရင်းနှီးမြုပ်နှံခဲ့သည်။ ပတ်ဝန်းကျင်တွင် ဆောက်လုပ်ရေး အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံငယ်လေးများကို အဓိကဆွဲဆောင်မှုအဖြစ် သူ၏ စောင်ကျင်း ဆိုင်ကယ် များနှင့် ကားစက်ရုံများ ဖြစ်သည်။ ကုမ္ပဏီများနှင့် စက်ရုံငယ်များ အားလုံးသည် စောင်ကျင်း စက်ရုံ အနီးတွင် လည်ပတ်နေပေသည်။

ဖုန်းယွီသည် ဤစက်မှု ဥယျာဉ်၏ အဓိကလုပ်ငန်းကို သိချင်နေသည်။

“ပိုလီ စီလီကွန် နည်းပညာတွေ..”

ပိုလီ စီလီကွန် လုပ်ငန်းလော။ ထိုင်ဝမ်မှလော။

ပိုလီစီလီကွန်ဆိုသည်မှာ စုပေါင်းဆာ့ကစ်ခေါ် IC ချစ်ပ်ပြားများ ထုတ်လုပ်သည့် ပစ္စည်း တစ်ခုဖြစ်သည်။ ထိုပစ္စည်းကို ရေဒီယို၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်း အတော်များများတွင် တွေ့နိုင်ပေသည်။

တရုတ်နိုင်ငံတွင် ထိုနည်းပညာ ရှိသော်လည်း ခေတ်နောက်ကျနေပေသည်။ ပိုလီဆီလီကွန်တွင် ရှိသည့် စက်ရုံအများစုသည် လေထု ညစ်ညမ်းမှုကြောင့် ပိတ်ခဲ့ရသည်။ ထိုလုပ်ငန်းအတွက် လိုသည့်သည့် ရင်းနှီးမြုပ်နှံမှုသည် မြင့်မားကာ အနည်းဆုံး (၂)ဘီလီယံခန့် လိုအပ်ပေသည်။ သို့မဟုတ်ပါက အမြတ်အစွန်း ပမာဏ တစ်ခုထိ မရောက်နိုင်ချေ။ ပိုလီစီလီကွန် ထုတ်လုပ်သည့် အသေးစား စက်ရုံများသည် ငွေရှာမည် မဟုတ်ချေ။ အကယ်၍ တစ်ယောက်ယောက်သည် ဤလုပ်ငန်းတွင် အမှန်တကယ် ပါဝင်လိုပါက ကနဦး ရင်းနှီးမြုပ်နှံမှုသည် (၁)ဘီလီယံအောက် နည်း၍မရချေ။

အကယ်၍ ထိုကုမ္ပဏီ အောင်မြင်ပါက လီနိုဗို၊ လေနှင့်မိုး လျှပ်စစ် ထုတ်ကုန်များ၏ ကုန်ကျစရိတ် လျော့ကျသွားမည် ဖြစ်သည်။

“ဘယ်ကုမ္ပဏီလဲ.. တစ်နှစ်ကို တန်ချိန် ဘယ်လောက် ထုတ်လုပ်နိုင်မျာလဲ..”

ဖုန်းယွီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ ‘အနာဂတ် နည်းပညာ အုပ်စု’တဲ့.. အမေရိကန်က ကုမ္ပဏီကြီးတစ်ခုပဲ.. ကုမ္ပဏီ သူဌေးက အမေရိကန် တရုတ် လူမျိုး.. သူ့ကုမ္ပဏီရဲ့ နှစ်စဉ် ထုတ်လုပ်မှုက တန်ချိန် (၁၀၀၀၀)ကျော်လို့ ငါကြားထားတယ်..”

‘အနာဂတ် နည်းပညာ အုပ်စု’ လော။ ဖုန်းယွီ စဉ်းစားလိုက်သည်။ ယခင်ဘဝက ထိုကုမ္ပဏီအကြောင်း မကြားဖူးချေ။ ပိုလီစီလီကွန်ကို ကိုင်တွယ်ဖြေရှင်းရန် တတ်နိုင်သည့် ကုမ္ပဏီ သိပ်မရှိချေ။ ထုတ်လုပ်သည့် ကုမ္ပဏီအားလုံး ကြီးမားကြပေသည်။

ဖုန်းယွီ တစ်ခုခု ပျက်စီးသွားသလို ခံစားလိုက်ရသည်။ ပြဿနာ တစ်ခု ရှိပေလိမ့်မည်။ လက်ရှိခေတ်တွင် ကမ္ဘာပေါ်၌ ပိုလီစီလီကွန် စုစုပေါင်း ထုတ်လုပ်မှုသည် တန်ချိန် (၁၀၀၀၀)သာရှိပေသည်။ ဤသည်က မကောင်းသည့် ကောင်ပင်။

“သူတို့ သူဌေးနာမည်က ဘာလဲ..”

“သူ့ရဲ့ တရုတ်နာမည်က ကျောက်ရှောင်းတဲ့.. မိုက္ခရိုဆော့ဖ်တောင် သူ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတယ်လို့ ပြောတယ်..”

“ဘယ်ကုမ္ပဏီက…”

မိုက္ခရိုဆော့ဖ်လော။ ဤသည်ကို မိမိ မည်သည့်အတါက် သတိမထားမိလိုက်သနည်း။

ဖုန်းယွီ ယခင်ဘဝတါင် ပမ့်မြို့တော်သည် အဆင့်မြင့်နည်းပညာသုံး စက်မှုဥယျာဉ် တစ်ခု တည်ဆောက်ရန် ကြိုးစားကာ ပိတ်ပင်ခံလိုက်ရသည်။ (၁၉၉၆)ခုနှစ်ခန့်က ဖြစ်လိမ့်မည်။

“မိုက္ခရိုဆော့ဖ်လေ.. ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲကုမ္ပဏီ.. အဲ့ကုမ္ပဏီအကြောင်း မင်းနည်းနည်းမှ မကြားဖူးဘူးလား..”

ကျန်းလွေ့ချန်း အံ့ဩသွားသည်။ ဤသည်က နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်ပြီး ဖုန်းယွီ မကြားဖူးဘူးလော။

“အကြီးအကဲ.. ဆော့ဖ်ဝဲ ဖုတ်လုပ်မှုမှာ ပိုလီစီလီကွန်မလိုဘူးဆိုတာ မင်းသိလား..”

ဖုန်းယွီ ပြန်မေးလိုက်သည်။ ဆော့ဖ်ဝဲ ကုမ္ပဏီများသည် ပိုလီဆီလီကွန်တွင် ရင်းနှီးမြုပ်နှံရန် မည်သည့်အချိန်က လိုအပ်မည်နည်း။ မိုက္ခရိုဆော့သည် ကိုယ်ပိုင် ကွန်ပျူတာများ ဖန်တီးချင်နေသည်လော။

မိုက္ခရိုဆော့ဖ်သာ ထိုသို့လုပ်ပါက ကွန်ပျူတာ ကုမ္ပဏီများအားလုံး ဆန့်ကျင်ကြပေလိမ့်မည်။ ထုတ်လုပ်သူများသည် မိုက္ခရိုဆော့ကို ဆန့်ကျင်ကာ လက်ဝါးကြီး အုပ်ထားမှုကို ရပ်တန့်မည် ဖြစ်သည်။

“မိုက္ခရိုဆော့ဖ်က ကွန်ပျူတာ ကုမ္ပဏီ မဟုတ်ဘူးလား.. ကွန်ပျူုတာတွေမှာ အဲ့ပစ္စည်းလိုတယ်လေ..”

ဖုန်းယွီ သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း..

“ကျုပ် အမေရိကန်ကို ဘာလို့ သွားတယ်ဆိုတာ ခင်ဗျားသိလား.. ရင်းနှီးမြုပ်နှံမှုကြောင့်ပဲ.. ခုနက ခင်ဗျားပြောတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတစ်ယောက်ဗျ..”

“မင်းက မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာရှင်လား..”

ကျန်းလွေ့ချန်း အံ့ဩသွားသည်။ ဖုန်းယွီတွင် ငွေအများအပြား ရှိနေပြီလော။

“အဲ့ဒါကြောင့် ခင်ဗျား ဂျင်းထည့်ခံနေရပြီဆိုတာ ကျုပ်သေချာပြောနိုင်တယ်..”

--------**$$^$$**--------

All Chapters