လေးစာမှု လိုသည်လော
Vol. 54 Ch. 805
ကျန်းလွေ့ချန်း မျက်လုံးပြူးကျယ်သွားသည်။ မိမိ ဂျင်းထည့်ခံရဖူးသည်လော။ သူဘာကို ပြောချင်နေသနည်း။
ထိုကောင် ဟိုကိစ္စအား ရည်ရွယ်၍ ပြောသည်လော။
“မင်း သေချာလား..”
“သေချာတာပေါ့.. မှန်းကြည့်ရအောင်.. သူ့မှာ နည်းပညာအသစ်တွေရှိတယ်.. နေရာတော်တော်များများကို စစ်တမ်း ကောက်ခဲ့ဖူးတယ်လို့ ပြောတယ်မို့လား.. နောက်ဆုံးကျမှ ပမ့်မြို့တော်ကို ရွေးလိုက်တာလို့ရော..”
“ဟုတ်တယ်.. ပမ့်မြို့တော်မှာ အရမ်းကောင်းတဲ့ ရေသန့်စင်စနစ် ရှိတယ်တဲ့.. ဒါက လေထု ညစ်ညမ်းမှုကို ထိန်းချုပ်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်တဲ့..”
“သူ့ပိုင်ဆိုင်မှုတွေ အားလုံး ပြောခဲ့သေးလား.. ခွင့်ပြုချက် စာရွက်စာတမ်းတွေ ရတာနဲ့ ဘဏ်ကနေ ချေးငွေ ယူလိမ့်မယ် ဆိုတာ ကျုပ်ပြောရဲတယ်.. ချေးငွေက ရတဲ့ငွေက မြေကွက်ဝယ်ဖို့ သုံးမယ်.. မြေကွက်အတွက် ပေးရမယ့်ငွေ မလုံလောက်ရင် ဘာဖြစ်လာမလဲ.. နောက် (၃)နှစ်အထိ ချေးငွေ ထပ်တိုးပေးဖို့ မြို့တော်အစိုးရကို တောင်းလာမယ်.. အသုံးမဝင်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ အပုံလိုက်ကြီး မြေကွက်ပေါ်မှာ စွန့်ပစ်ထားပြီး ပျောက်သွားလိမ့်မယ်..”
“ခွင့်ပြုချက် စာရွက်စာတမ်းတွေနဲ့ ချေးငွေ ရနိုင်တယ်လား..”
“သူ့ချေးငွေ အတည်မပြုရင် မြို့တော်အစိုးရကို အကူအညီတောင်မှာလေ.. ဒါက မဟာစီမံကိန်းကြီး တစ်ခု ဖြစ်ပြီး ကမ္ဘာ့ ပိုလီ စီလီကွန် ထုတ်လုပ်ရေး စက်ရုံဖြစ်လာမှာပေါ့.. နိုင်ငံတော်အဆင့် ကုမ္ပဏီကြီး တစ်ခု ဖြစ်လာမယ်ပေါ့.. ခင်ဗျားတို့တွေ အထက်အဆင့်ဆင့်ကိ သတင်းပို့မှာပဲ မဟုတ်ဘူးလား.. အဲ့လိုသတင်းပို့ပြီးတာနဲ့ ဟိုကောင်က ခင်ဗျားကို မိုက္ခရိုဆော့ဖ်ဆီက ရတဲ့ ရန်ပုံငွေ ဒီလောက်များတာ မြို့နယ် အစိုးရရဲ့ ဘဏ်ကနေ ချေးငွေ ထုတ်ချေးဖို့ လိုမှာတဲ့လား..”
ကျန်းလွေ့ချန်း အသံတိတ်နေပေသည်။ ဖုန်းယွီပြောသည်မှာ မှန်ပေသည်။ ဤသည်မှာ ကြီးကျယ်ခန်းနားသည့် စီမံကိန်းကြီး တစ်ခုဖြစ်ပြီး အထက်အရာရှိများထံ သတင်းပို့ရပေလိမ့်မည်။ အစီရင်ခံပြီးနောက် စီမံကိန်း မအောင်မြင်ပါက မိမိတို့ တာဝန်ယူရပေလိမ့်မည်။ ပမ့်မြို့တော် အစိုးရအဖွဲ့သည် အာမခံပေးယုံမှလွဲ၍ ရွေးစရာမရှိတော့ဘဲ မိုက္ခရိုဆော့၏ ရန်ပုံငွေ ရောက်လာသည်အထိ စောင့်မျှော်နေရပေမည်။ အစိုးရသည် ထောင်ချောက်ထဲ ကျသွားပေလိမ့်မည်။ နောက်ဆုံး၌ ထိုလူသည် ရန်ပုံငွေများနှင့်အတူ ပျောက်သွားပါက အစိုးရ ဘာလုပ်နိုင်မည်နည်း။
“ဒုန်း….”
ကျန်းလွေ့ချမ်း စားပွဲခုံကို အားရပါးရ ထုချလိုက်သည်။ ထိုလုပ်ငန်းနှင့် မရင်းနှီးသည့်အတွက် ယခုနှစ်အတွင်း ခွင့်ပြုချက် နှောင့်နှေးမနေပါက မြို့တော်ဝန်သည့် ခွင့်ပြုချက် ပေးပြီးလောက်ပေပြီ။ ကံကောင်းသည်မှာ ဖုန်းယွီ ပြန်ရောက်လာပြီး ကျန်းလွေ့ချန်း မေးလိုက်မိသည်။ သို့မဟုတ်ပါက တာဝန်ယူရပေတော့မည်။
“ခင်ဗျားတို့ အထက်အရာရှိတွေကို သတင်းပို့ပြီးပြီလား..”
“ငါ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုပဲ အကြောင်းကြားထားတာ.. တားဖို့ အချိန်မှီသေးတယ်..”
“အဲ့ အမေရိကန် တရုတ်က လူလွတ် ဖြစ်လောက်မယ်.. သူ့ကို ပြန်လွှတ်လိုက်.. သူ့ ပတ်စပို့ မိတ္တူ ကျုပ်ကို ပေးလိုက်.. နှစ်ကူးပြီးလို့ အမေရိကန်ပြန်သွားတဲ့အချိန် သူ့ကို စောင့်ရှောက်လိုက်မယ်..”
ဖုန်းယွီ ထိုသို့သော လူလိမ်မျိုးများကို မုန်းတီးပေသည်။ မိမိ လောဘကြောင်း အခြားသူများထံမှ ငွေကြေးများ လိမ်လည် လှည့်စားကြသည်။ သားကောင်း၏ နောင်ရေးကို စိတ်မဝင်စားချေ။ ပိုဆိုးသည်မှာ ထိုလူသည် တရုတ်ဖြစ်ပြီး တရုတ်အချင်းချင်း လိမ်လည်ရန် တရုတ်ပြည်သို့ ပြန်လာသည်လော။
“မဟုတ်သေးဘူး.. ငါဒီကောင့်ကို ပြန်မလွှတ်နိုင်သေးဘူး..”
ကျန်းလွေ့ချန်း ခေါင်းငုံကာ ဆေးလိမ့်မီးညှိလိုက်သည်။
“ဘာလို့လဲ.. အဲ့လူ ချေးငွေ ယူသွားပြီလား..”
“သူက ပမ့်မြို့တော်မှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပြီး ကနဦး စတော့တွေ ရောင်းထားတယ်.. ပမ့်မြို့တော်မှာရှိတဲ့ လူတော်တော်များများတောင် ဝယ်ထားပြီး.. အရောင်းအဝယ်လုပ်တဲ့ ပမာဏ တော်တော်ကြီးတယ်ကွ..”
ဤသည်က တရားမဝင်ချေ။ မည်သည့်အတွက် ကနဦးစတော့ ဖြစ်ရမည်နည်း။ အမြတ်ဝေစုလည်း ရှိလာမည် မဟုတ်ချေ။
“ငွေပမာဏ တော်တော်ကြီးတယ်လား.. ဘယ်လောက်တောင် ကြီးလဲ.. သူကို အခုသွားဖမ်းလို့ ရမလား.. အဲ့ကောင် ထွက်ပြေးသွားရင် အဲ့ငွေတွေ ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ဘူး..”
ဖုန်းယွီ ပြောလိုက်သည်။
ကျန်းလွေ့ချန်း ချက်ခြင်းထရပ်ကာ သူ့စားပွဲပေါ်မှ ဖုန်းကို ကောက်ယူလိုက်သည်။ ပြည်နယ် အစိုးရရုံး၏ ညွှန်ကြား ရေးမှူးကို ခေါ်လိုက်ခြင်းဖြစ်သည်။
“ဟယ်လို.. အဘိုးကြီးမာ.. ငါ ကျန်းလွေ့ချန်းပါ.. ကျောက်ရှောင်းဆိုတဲ့ကောင် တော်တော်ဟုတ်တဲ့ကောင်ဟေ့.. အခု အဲ့ကောင်ကို ဖမ်းဖို့ မင်းလူတွေ လိုတယ်ကွ..”
ကျန်းလွေ့ချန်း နောက်ထပ် ဖုန်းတစ်လုံး ထပ်ခေါ်ပြန်သည်။
“အဘိုးကြီးရှောင်… အခု ငါ့ရုံခန်း လာခဲ့အုံး..”
*********
“မြို့တော်ဝန်ရှောင်.. ရောက်လာပြီလား… အကြီးအကဲ မင်းကို စောင့်နေတယ်..”
အခန်းအတွင်းမှ အတွင်းရေးမှူးလျို၏ အသံကြားလိုက်ရပြီးနောက် မြို့တော်ဝန် ရှောင် ရုံးခန်းထဲသို့ ဝင်လာသည်ကို ဖုန်းယွီ တွေ့လိုက်ရသည်။
“မန်နေဂျာဖုန်း.. မင်းလဲရောက်နေတာလား..”
“ကျုပ် စကားစမြည်ပြောဖို့ ရောက်နေတာပါဗျာ..”
ဖုန်းယွီ ပြုံး၍ ပြောလိုက်သည်။
“အဘိုးကြီးရှောင်.. ငါမင်းကို တစ်ပြောမှရမယ်ကွ.. ကျောက်ရှောင်းဆိုတဲ့ကောင် တကယ့် လူယုတ်ကွ..”
ကျန်းလွေ့ချန်း ပြန်ပြောလိုက်သည်။
“ဘယ်လို.. မင်းကို ဘယ်သူပြောလဲ..”
မြို့တော်ဝန်ရှောင် မတ်တပ်ရပ်နေရာမှ ထိုင်လိုက်မိသည်။ သူသည် ဤစီမံကိန်းအား အခြားပြည်နယ်မှ လုယူလာ ခြင်းဖြစ်သည်။ သူ့အတွက် အကျိုးဆောင်မှုအဖြစ် ယူဆထားရာမှ လိမ်လည်မှု တစ်ခု ဖြစ်နေသည်လော။
“ဖုန်းယွီ.. မင်းပဲ သူ့ကို ရှင်းပြလိုက်ကွာ..”
ကျန်းလွေ့ချန်း ခေါင်းရှောင်လိုက်သည်။ သူကိုယ်တိုင်လည်း မယုံချင်ပေ။ သို့ရာတွင် ဖုန်းယွီ လိမ်ညာမည် မဟုတ်ကြောင်း သူသိနေပေသည်။
“မြို့တော်ဝန်ရှောင်၊ ကျုပ် အချက်(၂)ချက်ပဲ ပြောတော့မယ်.. ပထမအချက်.. ကျုပ်က မိုက္ခရိုဆော့ရဲ့ ဒါရိုက်တာ တစ်ယောက်ပါ.. မိုက္ခရိုဆော့ဖ်ရဲ့ အစီရင်ခံစာအားလုံး ကျုပ်သိတယ်.. မိုက္ခရိုဆော့အနေနဲ့ ပိုလီ ဆီလီကွန်ကွာ ဘယ်တုန်းကမှ ရင်းနှီးမြုပ်နှံထားတာ မရှိဘူး.. အရင်ကလဲ မလုပ်ခဲ့ဖူးဘူး.. နောက်တစ်ချက်က ကျုပ် မိုလီစီလီကွန်မှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင်တောင် ပမ့်မြို့တော်ကို ဘယ်တော့မှ ရွေးမှာ မဟုတ်ဘူး.. လုပ်အားခနဲ့ သယ်သူပို့ဆောင်ရေးစရိတ်က တခြားပြည်နယ်တွေနဲ့ယှဉ်ရင် ကွာမှာမဟုတ်ဘူးလေ..”
တရုတ်နိုင်ငံ၏ လျှပ်စစ် စက်ရုံအများစုသည် အရှေ့တောင်ဘက် ဒေသတစ်လျှောက်တွင် ရှိရမည် ဖြစ်ပြီး ရှန်ဟိုင်းသည် အကောင်းဆုံးနေရာ ဖြစ်သည်။ အလုပ်သမားစရိတ်သည် စိုးရိမ်စရာ ဖြစ်ပါက အနောက်ဘက်ခြမ်းတွင် ဖြစ်လောက်ပေမည်။ ထိုနေရာတွင် မြေနှင့် လုပ်အားသည် ဈေးပေါပေသည်။ ပမ့်မြို့တော် ကို မည်သည့်အခါတွင်မှ ရွေးချယ်မည် မဟုတ်ချေ။ တည်နေရာမှာ လွဲချော်နေပြီး လုပ်သားစရိတ်သည် တရုတ်နိုင်ငံ၌ အများဆုံးနေရာ ဖြစ်သည်။
ဖုန်းယွီ၏ ဝင်ရောက်စွက်ဖက်မျုကြောင့် ပမ့်မြို့တော်ရှိ စက်ရုံဟောင်းအများအပြား ပြန်လည် ရှင်သန်လာ သော်လည်း ရုံးခွဲများ၊ စက်ရုံခွဲများအပြင် တိုးချဲ့မှု အားလုံးသည် ပမ့်မြို့တော်၌ မဟုတ်ပေ။
ပထဝီအနေအထားကြောင့် ပမ့်မြို့တော်သည် ရင်းနှီးမြုပ်နှံသူ များစွာကို ဆွဲဆောင်နိုင်ခြင်း မရှိချေ။ ဖုန်းယွီသည် ပမ့်မြို့တော်သား မဟုတ်ပါက ဤနေရာတွင် ငွေကြေးများစွာ မြုပ်နှံထားမည် မဟုတ်ချေ။
“မင်းက မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာလား..”
မြို့တော်ဝန်ရှောင် မယုံကြည်နိုင်စွာ မေးလိုက်သည်။
“ကျုပ်က မိုက္ခရိုဆော့ဖ်ရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်ပါ..”
ဖုန်းယွီ ထပ်ပြောလိုက်ပြန်သည်..
“တရုတ်မှရှိတဲ့ မိုက္ခရိုဆော့ဖ်ရဲ့ လုပ်ငန်းအားလုံး ကျုပ်တာဝန်ယူထားတယ်..”
“မိုက္ခရိုဆော့ဖ်က အဲ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမထားဘူးဆိုလဲ ရင်းနှီးမြုပ်နှံတဲ့ တခြားကုမ္ပဏီတွေ ရှိကောင်း ရှိမှာပေါ့.. ပြီးတော့ ကျောက်ရှောင်းဆိုတာ သူဌေးကြီးကွ.. သန်းပေါင်းတော်တော်များများ ချမ်းသာတဲ့ သူဌေးလေ..”
မြို့တော်ဝန်ရှောင် အကြောက်အကန် ငြင်းရန် ကြိုးစားနေသဖြင့် ဖုန်းယွီရယ်မောရင်း..
“စီးပွားရေးသမားတစ်ယောက် အနေနဲ့ အမြတ်အစွန်းရှိတဲ့ လုပ်ငန်းတစ်ခုမှာ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ဘာလို့ ဝင်ပါခိုင်းရမှာလဲ.. ဘာလို့ ရလာမယ့်အမြတ်တွေအကုန် သိမ်းကြုံးမယူရမှာတုန်း..”
“ဒါက စွန့်စားမှု နည်းအောင် လုပ်ဖို့လေ.. အစုရှယ်ယာ ကုမ္ပဏီတွေလဲ အတူတူပဲမို့လား..”
“စွန့်စားမှုနည်းအောင်လား.. အဲ့ဒါ အကြောင်းပြချက်ကောင်း တစ်ခုပဲ.. ရင်းနှီးမြုပ်နှံမှုတွေမှာ စွန့်စားရတာတွေ ရှိတယ်.. သူတို့ ရန်ပုံငွေတွေ အားလုံး ကုန်သွားပြီဆိုပြီး ကနဦးရှယ်ယာ ဝယ်တဲ့သူတွေကို ပြောမှာတဲ့လား..”
ဖုန်းဘွီ ပခုံးတွန့်ပြလိုက်သည်။
အကျိုးတူ ရင်းနှီးမြုပ်နှံမှု ဖြစ်လျှင်ပင် နောက်ကြောင်း စစ်ဆေးမှုများနှင့် သင့်တော်သည့် အကဲဖြတ်မှုများ လိုပေသည်။ အားလုံး သူ့နောက်ကြောင်းကိုပင် မသိကြချေ။ ဤသည်ကို ယုံကြည်သည်လော။ ကနဦး အစုရှယ်ယာ ထုတ်ပေးခွင့် ရှိသည်လော။ ငတုံးများသာပင်။
အစုရှယ်ယာ ကုမ္ပဏီများသည် စွန့်စားရမှုများကို ကွဲပြားရုံသာမက ပို၍ အရေးကြီးသည်မှာ အစုရှယ်ယာ ပိုင်ဆိုင်သည့် ကုမ္ပဏီသည် အစုရှယ်ယာဝင်များအား ၎င်းတို့ အဆကောင်းဆုံး လုပ်ဆောင်နိုင်မည့် ကိစ္စများကို တာဝန်ခံခိုင်းကာ အတူတကွ ငွေရှာရန် ဖြစ်သည်။ ကျောက်ရှောင်၏ ကုမ္ပဏီနှင့် မည်သို့ တူနိုင်မည်နည်း။
“မန်နေဂျာဖုန်း.. မင်းဘယ်လိုပြောလိုက်တာလဲ..”
မြို့တော်ဝန်ရှောင် ဒေါသထွက်သွားသည်။
ဖုန်းယွီ ရယ်မောက..
“တစ်ကမ္ဘာလုံးရဲ့ တစ်နှစ်တာ ပိုလီ စီလီကွန် ထုတ်လုပ်မှုက တန်ချိန်(၁၀၀၀၀)တောင် မပြည့်ဘူး.. အားလုံး ဒီအကြောင်း စုံစမ်းကြည့်ဖူးလား.. တန်ချိန် (၁၀၀၀၀)တဲ့လား.. စီးပွားရေးနဲ့ ပတ်သက်လာရင် ခင်ဗျား ကျုပ်ကို မမှီဘူး.. ကုမ္ပဏီတစ်ခု ဘယ်လိုထူထောင်ရမယ်ဆိုတာတောင် သိမှာမဟုတ်ဘူး.. ကျုပ် ကုမ္ပဏီဘယ်နှခု တည်ထောင်ထားတယ်ဆိုတာ သိရဲ့လား..”
ဖုန်းယွီ မောက်မာစွာ ပြောခဲပေသည်။ သို့ရာတွင် မြို့တော်ဝန်ရှောင်သည် သူ့စကားကို မယုံချင်သလိုဖြင့် ငြင်းခုံရန် ကြိုးစားနေသည်ကို မြင်သဖြင့် ဒေါသထွက်သွားသည်။ သို့အတွက် ကျောက်ရှောင်းသည် ဖုန်းယွီ ယခင်ဘဝက ငွေများနှင့်အတူ ထွက်ပြေးသွားနိုင်ခြင်း ဖြစ်သည်။
သူတစ်ပါးကို လေးစားသမှု ပြရပေလိမ့်မည်။ မိမိ အမှား ဝန်မခံချင်လျှင်ပင် စိုသောလက် မခြောက်စေနှင့်။ မိမိကိုယ်ကို လေးစားပါ။
--------**$$^$$**--------