အမှတ်တံဆိပ် ဟောင်းများသည် ရတနာများ ဖြစ်သည်
Vol. 54 Ch. 806
ရုံးခန်းအတွင်း အခြေအနေ တင်းမာနေပေသည်။ မြို့တော်ဝန်ရှောင် ဆိုဖာပေါ် ရုတ်တရက် ပြန်လှဲလိုက်သည်။ အကယ်၍ ကျောက်ရှောင်းသည် အမှန်တကယ် လူရှုတ် ဖြစ်ပါက ဤစီမံကိန်းကို စတင်ခဲ့မိသည့် သူသည် အပြည့်အဝ တာဝန်ယူရပေလိမ့်မည်။ ဘဏ္ဍာငွေအားလုံး ပြန်မရှာနိုင်ပါက သူ့တက်လမ်း တစ်ခုလုံး ပျက်စီးရပေတော့မည်။
မြို့တော်ဝန်ရှောင် ဤကိစ္စအတွက် စိတ်ပျက်နေသည်။
အကျိုးဆောင်မှုအတွက် ကြိုးစားခဲ့သည်မှာ မမှားချေ။ အစိုးရအရာရှိများအားလုံးသည် သူတို့ ဂုဏ်ပြုခံရမည်ကိုသာ လုပ်ချင်ကြသည်။ သို့မဟုတ်ပါက ဝိုင်းပယ်ထားပေလိမ့်မည်။
သို့ရာတွင် အရာရှိသည် အကြွေးခံနိုင်ရပေမည်။ နိုင်ငံရေးအရ အောင်မြင်မှုများ ဖလှယ်ရာတွင် အစိုးရ အရာရှိ တစ်ယောက်၏ တာဝန်ကို မေ့ထား၍မရချေ။ ပထမဦးစွာ အုပ်ချုပ်နေသည့် ပြည်သူများ၏ ဘဝကို မြှင့်တင် ပေးရမည်။ မြို့တော်ဝန်ရှောင်သည် လုံလောက်အောင် စစ်ဆေးမှုများ မလုပ်ခဲ့ဘဲ လူအများအပြားကို ဆွဲခေါ်လိုက်မိသည်။ ဤသည်က သူ၏ ကျရှုံးရခြင်း အကြောင်းပင်။
တန်ချိန်(၁၀၀၀၀)ကို အတည်မယူမီ အနည်းဆုံး စီမံကိန်း၏ လုပ်ဆောင်မှုများကို နားလည်ထားသည့်သည်။ ထိုလူလိန်သည် တန်ချိန်(၁၀၀၀၀)ဟု ပြောလာသည်။ မည်သည့် အတည်ပြုချက် တစ်စုံတစ်ရာမှ မရှိဘဲ ယုံကြည် လိုက်သည်လော။
စားပွဲပေါ်မှ ဖုန်းသံမြည်လာကာ ကျန်းလွေ့ချန်း အမြန်ကောက်လိုက်သည်။ စကား (၂)ခွန်းခန့်ပြောပြီး ပြန်ချလိုက်သည်။
“အဲ့ကောင် အခု အချုပ်ခန်းထဲ ရောက်နေပြီ.. ရှောင်.. ခရိုင်အစိုးရရုံးကို သွားရအောင်.. ငွေတွေ အကုန်ပြန်ရမှ ဖြစ်မယ်.. အဆင်မပြေရင် မြို့တော် အစိုးရက တွက်ချက်ပေး.. လူတွေ ခက်ခက်ခဲခဲ ရှာထားရတဲ့ ငွေတွေ အဆုံးရှုံး မခံနိုင်ဘူး..”
ဖုန်းယွီ ဝင်ပြောချင်နေသည်။ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် မြို့တော်သည် မည်သည့်အတွက် ငွေသုံးသင့် သနည်း။ ဤသည်က အခွန်ထမ်းများ၏ ငွေဖြစ်သည်။
မြို့တော်ဝန်ရှောင် ထါက်သွားပြီးနောက် ကျန်းလွေ့ချန်းမှာ ဖုန်းယွီ စိတ်မကြည်ဟန်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ..
“ဘာဖြစ်နေတာလဲ.. ဒီကိစ္စ ဖုံးဖိဖို့အတွက် မြို့တော်အစိုးရ ငွေတွေ မသုံးသင့်ဘူးလို့ တွေးနေတာလား.. ဒါဆိုလဲ အဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ..”
မြို့တော်ဝန်ရှောင်၏ လစာမှ ဆုံးရှုံးမှု ပမာဏကို နုတ်ယူရပေမည်။ အစိုးရ အရာရှိ တစ်ယောက်၏ လစာသည် လူလိမ်၏ ငွေပမာဏကို ပြန်လည် ဖြတ်တောက်ရန် မလုံလောက်ချေ။ မြို့တော် အစိုးရမှ တာဝန်ယူ ပေးရပေလိမ့်မည်။ သို့မဟုတ်ပါက မြို့တော်အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှု လျော့ကျသွားပေလိမ့်မည်။
ဖုန်းယွီ ငြိမ်နေသည်ကို မြင်သည်နှင့် ကျန်းလွေ့ချန်းမှပင်..
“ရှောင်က အစွမ်းအစတော့ ကောင်းပါတယ်.. ငါတို့ ပမ့်မြို့တော်ကို ကြည့်လိုက်လေ.. အရင်ကထက် အများကြီး ပိုသန့်ရှင်သွားပြီ.. သူက မြို့ပြစီမံကိန်းမှာလဲ ကျွမ်းကျင်တယ်.. ဒါက သာမာန် အမှားတစ်ခုပဲလေ.. ပိုဆိုးမလာခင် စောစောသိလိုက်ရတာ မဆိုးပါဘူး..”
“အစိုးရ အရာရှိတွေ ဘယ်လိုနေတယ်ဆိုတာ ကျုပ်သိပ်စိတ်မဝင်စားဘူး..”
ဖုန်းယွီ လက်ကာပြလိုက်သည်။
ကျန်းလွေ့ချန်း စကားမပြောနိုင်တော့ချေ။ မိမိအား ထိုဝန်ထမ်းများမှ တစ်ယောက်ကဲ့သို့ သဘောထားနေ သည်လော။
“အို့.. ကျုပ်တို့ အဲ့ဒီ ပိုလီစီလီကွန် ထုတ်လုပ်ရေး လုပ်ငန်း လုပ်နိုင်မယ် မင်းထင်နေလား..”
ကမ္ဘာပေါ်တွင်ပင် ပိုလီစီလီကွန် ထုတ်လုပ်မှုသည် တန်ချိန်(၁၀၀၀၀)မပြည့်ပေ၊ ဆိုလိုသည်မှာ ပြိုင်ဆိုင်မှု သိသာ ထင်ရှားခြင်း မရှိဟု ပြောရပေမည်။ မိုလီ စီလီကွန်၏ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားသည် အလွန်မြင့်မားနေပြီး အမြတ်အစွန်းရှိသည့် လုပ်ငန်းတစ်ခု ဖြစ်လောက်သည်ဟု ပမ့်မြို့တော် တွေ့ရှိထားသည်။
“ကျုပ် စောစောက ပြောပြီးသားပဲ.. ပမ့်မြို့တောရဲ့ တည်နေရာက မသင့်တော်ဘူး.. ဝယ်လိုအားလဲ ထင်သလောက် မကြီးသေးဘူး.. ပြီးတော့ ကျုပ်တို့မှာ လိုနေတဲ့ နည်းပညာလဲ မရျိဘူး.. အဲ့လုပ်ငန်းနယ်ပယ်ကို ဘယ်လိုလုပ် ဝင်မလဲ..”
“ငါတို့တွေ သေးသေးလေးက စလို့မရဘူးလား.. တရုတ်ရဲ့ လိုအပ်ချက်လောက်ပဲ အရင်ဆုံး အာရုံ မစိုက်နိုင်ဘူးလား.. ပိုလီ စီလီကွန်ကို ပေကျင်းပို့ဖို့တော့ ပြဿနာ မရှိလောက်ပါဘူး.. နည်းပညာတွေအရဆို နိုင်ငံတကာ နည်းပညာဌာနမှာတော့ ဖြေရှင်းချက် ရှိလိမ့်မယ်လို့ ကျုပ်ထင်တယ်..”
“နည်းပညာ တက္ကသိုလ်မှာ အဲ့နည်းပညာ ရှိတယ်လို့ ပြောလိုက်တာလား..”
ဖုန်းယွီ အံ့အားသင့်သွားသည်။ ထိုနည်းပညာမျာ ရှုတ်ထွေနေသည် မဟုတ်သော်လည်း နည်းပညာအဆင့်များမှာ ကွဲပြားပေသည်။ ဝက်အူလှည့်ဖြင့် လျှပ်စစ် ပြင်ရသည်ကို သဘောကျပေသည်။
“အဲ့မှာ လိုအပ်တဲ့ နည်းပညာ ရှိလောက်တယ်.. ကျောက်ရှောင်းက ငါတို့ဆီ ချဉ်းကပ်လာတော့ နည်းပညာ တက္ကသိုလ်ကို မေးဖူးတယ်.. သူတို့က ပိုလီ ဆီလီကွန် ဝယ်လိုအား ကြီးကြီးမားမား ရှိတဲ့အပြင် ဝယ်လိုအားလဲ ပိုတိုးလာမယ်တဲ့.. အဲ့ဒါကိုက အဲ့စီမံကိန်းမှာ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းပြချက် တစ်ခုပဲ..”
“ခင်ဗျား အဲ့လောက် မမွှန်းနဲ့.. သူတို့ နည်းပညာက နိုင်ငံတကာ အဆင့်မီရဲ့လား..”
“မင်းစိတ်ဝင်စားလို့လား..”
ကျန်းလွေ့ချန်း မေးလိုက်သည်။
“ကျုပ်မှာ စက်ရုံတွေ အများကြီးပဲ.. ပိုလီ စီလီကွန်အများကြီး တင်သွင်းရဖို့ရှိတယ်.. ဒါပေမယ့် စိတ်မဝင်စားဘူးဗျ.. နည်းပညာတက္ကသိုလ်မှာ တကယ်သာ အဲ့နည်းပညာရှိရင် သူတို့ဆီက ဝယ်ချင်ပါတယ်.. အဲ့လို မကြည့်နဲ့.. ကျုပ် ပိုလီစီလီကွန်ကို ပမ့်မြို့တော်မှာ တည်ထောင်မှာ မဟုတ်ဘူး..”
ကျန်းလွေ့ချန်း မပြောခင် ဖုန်းယွီ ထိပ်မှ ပိတ်ထားလိုက်သည်။
“ဘာဖြစ်လို့လဲ.. ပမ့်မြို့တော်က အရမ်းကောင်းပါတယ်ဟ.. တည်နေရာဆိုတာ ပြဿနာ မဟုတ်ပါဘူး.. ပြီးတော့ ပိုလီစီလီကွန်ကို ရုရှားကိုတောင် တင်ပို့လို့ရတယ်လေ.. ငါတို့က ပိုနီးတယ် မဟုတ်ဘူးလား..”
“ရုရှားကို တင်ပို့ရမှာလား.. ဥရောပမှာ ထုတ်လုပ်ထားတဲ့ ပိုလီစီလီကွန်အများစု ရှိတယ်.. ရုရှားတွေက ဥရောပကနေ တင်သွင်းမှာ မဟုတ်ဘူး.. ကျုပ်တို့ဆီက ယူမယ်ထင်လား.. ပြီးတော့ ကျုပ်တို့ လုပ်ငန်း အစမှာ သေးသေးလေးဆိုရင်တောင် ရင်းနှီးငွေ ဘယ်လောက်ရှိမယ် ထင်လား.. အနည်းဆုံး သန်းရာချီ ရင်းနှီးမြုပ်နှံပြီး အနည်းဆုံး နှစ်နဲ့ချီ အချိန်ပေးရလိမ့်မယ်.. ကျုပ်တို့မှာ ပိုလီစီလီကွန် ထုတ်ယူတဲ့ နည်းပညာမရခဲ့ရင် တခြား ထိရောက်မယ့် နည်းပညာလဲ တစ်ခုမှ မရှိဘူး..”
ဖုန်းယွီသည် စီမန်း၏ ပိုလီစီလီကွန် နည်းပညာသည် စက်မှုလုပ်ငန်းတွင် ဦးဆောင်သူ ဖြစ်ကြောင်း သတိရမိလိုက်သည်။ ၎င်းထံတွင် ပိုလီစီလီကွန် ထုတ်လုပ်မှုတွင် အထိရောက်ဆုံး နည်းပညာရှိသည်။
နည်းပညာ တက္ကသိုလ်တွင် ထိုစက်မှုနည်းပညာရှိသည်လော။ သို့တည်းမဟုတ် ၎င်းတို့၏ နည်းပညာများသည် ခေတ်မမီတော့သည့် နည်းပညာများလော။
“နည်းပညာ တက္ကသိုလ်၏ နည်းပညာ ပိုမို ထိရောက်မယ်ဆိုရင် ပမ့်မြို့တော်မှာ အဲ့ဒီ ထုတ်လုပ်မှု စက်ရုံ တည်ထောင်ချင်လား..”
“နိုးပဲ… ကျုပ် ကွမ်းချိုက် အစီအစဉ်မှာ ပါထားတယ်ဆိုတာ ခင်ဗျားသိလား..”
“ဘာအစီအစဉ်လဲဟ..”
ကျန်းလွေ့ချန်းသည် ဖုန်းယွီအား စိုက်ကြည့်လိုက်သည်။ ထိုနာမည်မှာ ထူးဆန်းနေပေသည်။
“ဆင်းရဲတဲ့ အနောက်ပိုင်း ပြည်နယ်တွေကို ကူညီဖို့ အစပျိုးလုပ်ငန်းတစ်ခုပေါ့.. လုပ်ငန်းရှင်တစ်စု တည်ထောင် ထားတာ.. အဲ့ပြည်နယ်တွေမှာ စက်ရုံတွေ တည်ပြီး ရင်းနှီးမြုပ်နှံမယ်.. အနောက်တိုင်း ပြည်နယ်တွေမှာ သယံဇာတတွေ ပေါပြီး ကျုပ်တို့ စက်ရုံတွေ အဲ့နေရာမှာ ထူထောင်မယ်ဆိုရင် သယ်သူစရိတ် သက်သာသွားမယ်.. သွင်းကုန်လိုအပ်ရင် ကမ်းရိုးတန်းဒေသတွေမှာ စက်ရုံတွေ တည်ထောင်သင့်တယ်..”
ကျန်းလွေ့ချန်း သက်ပြင်းချလိုက်သည်။
“ပမ့်မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မျုက တစ်ဆို့နေပြီ..”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ပမ့်မြို့တော်မှာ မဖော်ထုတ်ရသေးတဲ့ အရင်းအမြစ်တွေ အများကြီး ကျန်သေးတယ်.. အဲ့အရင်းအမြစ်တွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ရင် အလားအလာ တော်တော်မြင့်တာကို..”
“အရင်းအမြစ်တွေ အများကြီးပဲလား.. မင်းဘာကို ပြောနေတာလဲ..”
ကျန်းလွေ့ချန်း စပ်စုလိုက်သည်။ ပမ့်မြို့တော်ရှိ အရင်းအမြစ် အသစ်များနှင့် အလားအလာကို သူသတိမထားမိချေ။
“ဥပမာ ပြောရရင် ကျုပ်တို့ရြ့ သောင်လင် အစားအသောက် ထုတ်ကုန်တွေ၊ Red Sausage< Kvass အဲ့ဒါတွေ အားလုံး နိုင်ငံခြားကို ရောင်းလို့ရတယ်.. လူတွေက အသစ်အဆန်းတွေပဲ အမြဲသိချင်နေတာ.. အဲ့ Kuass ဖျော်ရည် ဆိုတာ ရုရှားကပါ.. ဝက်အူချောင်းတွေ အခုဆို ခေတ်စားနေတယ်.. ဝက်အူချောင်းနီတွေကို ဘာလို့ သေချာ ထုပ်ပိုးပြီး တခြားနယ်တွေကို တင်မရောင်းတာလဲ..”
“အဲ့ဒါ အလုပ်ဖြစ်ပါ့မလား..”
“လုံးဝ ပြဿနာမရှိဘူး.. သောင်လင်း စားသောက်ကုန်တွေက နှစ်တစ်ရာနီးပါး သက်တမ်းကြာတဲ့ အမှတ်တံဆိပ်ပါ.. ကျုပ်မှာ ဖြန့်ဖြူးရေး လမ်းကြောင်းတွေရှိတယ်.. သောင်လင်း အစားအသောက် ထုတ်ကုန်တွေကို ထိုင်ဟွာ ကုန်တိုက် တွေမှာ တင်ရောင်းခွင့် ပေးလို့ရတယ်.. ကုန်ကျစရိတ်အားလုံးတော့ ပေးရမှာနော်..”
ဤသည်မှာ ခဲတစ်လုံးတည်းနှင့် ငှက်(၂)ကောင် ပစ်ခြင်းပင်။ ဖုန်းယွီသည် သူ၏ မွေးရပ်မြေရှိ အမှတ်တံဆိပ် တစ်ခုကို ကူညီပေးနိုင်ပြီး ထိုင်ဟွာ ကုန်တိုက်တွင်လည်း ကုန်ပစ္စည်း တိုးပွားစေနိုင်ပေသည်။
“နောက်ထပ်ရော..”
ကျန်းလွေ့ချန်း မေးလိုက်သည်။
“ပမ့်မြို့တော် ဘီယာလေ.. တရုတ်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ဘီယာ အမှတ်တံဆိပ်ပဲကို.. သောင်လင်း စားသောက်ကုန်တွေနဲ့ အတူတူ တည်ထောင်ထားတာလေ.. ဟုတ်သားပဲ.. ရှေးကျတဲ့ အမှတ်တံဆိပ် တစ်ခုလေ.. ခင်ဗျားဘာလို့ မသုံးရတာလဲ..”
ဖုန်းယွီ မျက်လုံးပြူးသွားသည်။ ပမ့်မြို့တော်သည် ရတနာသိုက်ဖြစ်သည်။ အခြားသူများကို ကြည့်နေသည်မှာ မည်သည့် သဘောနည်း။
“တခြားပြည်နယ်တွေမှာလဲ ဘီယာတွေ ရှိတယ်လေ.. အမှတ်တံဆိပ်ကြောင့်လား..”
ကျန်းလွေ့ချန်း ထပ်မေးလိုက်သည်။ ပမ့်မြို့တော၏ ဘီယာနှင့် ပတ်သက်၍ ထူးခြားမှု မရှိဟု ခံစားထားမိသည်။
“တစ်ပုလင်း (၁၅)ယွမ်နဲ့ ရောင်းတဲ့ ဘီယာနည်းနည်းတော့ ရှိတယ်.. ချို့ဆို တစ်ပုလင်းကို (၁.၅)ယွမ်နဲ့တောင် တောင်းကြတယ်.. ကွားခြားချက်က ဘာလဲ.. ကျုပ်တို့ ပြည်နယ်ကိုကြည့်လိုက်.. ဘီယာ အမှတ်တံဆိပ်တွေမှ အများကြီးပဲ.. ခင်းဗျားမှာ ဘာလို့ ဘီယာအမှတ်တံဆိပ် တစ်ခုလေးတောင် မရှိရတာလဲ.. ခင်ဗျား အရှေ့မြောက်ပိုင်း ပြည်နယ် (၃)ခု အရင်အရယူပြီး တောင်ပိုင်းဘက်ကို ဖြည်းဖြည်းချင်း တိုးချဲ့ရမယ်.. ကုမ္ပဏီတွေ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ ရနိုင်တယ်ဆိုတာ သိရဲ့လား..”
“မင်း ဘီယာတွေ ရောင်းတာ ဝင်ငွေ တော်တော် များတယ်လား..”
ဖုန်းယွီ ကျန်းလွေ့ချန်းကို တစ်ချက်ကြည့်လိုက်သည်။ ဆိုဒါ ရောင်းလျှင်ပင် ဘီယာထက် ပိုရနိုင်သေးသည်။ ကိုကာကိုလာနှင့် ပက်ပ်စီ ကိုမကြည့်ဘဲ ကျန်းလီပေါင်ကို ပင်ကြည့်ရပေမည်။
“အဲ့ဒါကြောင့် ကျုပ်တို့ ပမ့်မြို့တော်နဲ့ လောင်ကျင်း ပြည်နယ်မှာ ခင်ဗျား ဖော်ထုတ်ဖို့ အရင်းအမြစ်တွေ အများကြီး ကျန်သေးတယ် ပြောတာပေါ့.. ပြင်ပ ရံပုံငွေတွေ ရဖို့ မလိုပါဘူး.. မြို့တော်က အဲ့အမှတ်တံဆိပ်ဟောင်တွေကို တခြားပြည်နယ်တွေ တင်ပို့ဖို့ပဲ လိုတာ.. ခင်ဗျားတို့တွေ အမြတ်အစွန်း ကြီးကြီးမားမားကို ရမှာ..”
ကျန်းလွေ့ချန်း ခေါင်းညိတ်လိုက်သည်။ ဖုန်းယွီ ပြောသကဲ့သို့ ပမ့်မြို့တော်နျင့် လောင်ကျင်း ပြည်နယ်တို့၌ အမှန်တကယ်ကို အလားအလာ များစွာ ရှိပေသည်။
--------**$$^$$**--------