စပါးသိုလှောင်ခြင်း
Vol. 54 Ch. 807
“ဖုန်းယွီ.. ပိုင်တာ့စန်းက CCTV မှာ ကြော်ငြာ (၂)ကွက်ရလာတယ်.. ဈေးကြီးပေမယ့် အချိန်တွေ တော်တော် ကောင်းတယ်.. ငါတို့ ပိုင်တာစန်း အမှတ်တံဆိပ် ဈေးကွက်တင်တော့မယ်.. ငါတို့ ကုန်အမှတ်တံဆိပ် ပူးပေါင်း ဆောင်ရွက်မှုကရော ဘယ်လိုလဲ..”
ကျန်းလွေ့ချန်း ဖုန်းယွီကို ကြည့်လိုက်သည်။
“ခင်ဗျား ပိုင်တာ့စန်းမှာ အလုပ်စလုပ်နေပြီလား.. အဲ့ကိစ္စ နျိုကန် ကျုပ်ကို မပြောသင့်ဘူးလား.. ကျန်းမင်နဲ့ ဆွေးနွေးဖို့ ပြောလိုက်တာ.. ဘာပြဿနာရှိလဲ.. ကျန်းမင် သဘောမတူဘူးလား..”
ဖုန်းယွီ ရယ်ချင်စိတ်ကို ထိန်းထားရင်း မေးလိုက်သည်။
ပိုင်တာ့စန်းသည် CCTV ၌ ကြော်ငြာအကွက်များ မဝယ်မချင်း ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ကို နှောင့်နှေးစေရန် ကျန်းမင်အား ပြောထားခြင်းဖြစ်သည်။ ဖုန်းယွီ၏ ခွင့်ပြုချက်မရဘဲ ကျန်းမင်သည် ထိုပူးပေါင်းဆောင်ရွက်မှုုကို သဘောတူမည် မဟုတ်ချေ။
ကျန်းမင်ကိုယ်တိုင်မှလည်း စောင့်ကြည့်ချင်၍ ဖြစ်သည်။ ဤပိုင်တာ့စန်း အုပ်စုသည် ရည်မှန်းချက် ကြီးလွန်းကာ လုံလောက်သည့် ရန်ပုံငွေ မရှိချေ။ ယခုနှစ် ခရိုင်အစိုးရအဖွဲ့အနေဖြင့် ကုမ္ပဏီထဲသို့ ငွေထည့်မည်လော။ ပြည်နယ် အစိုးရသည် ပိုင်တာ့စန်း သို့ ရန်ပုံငွေ အနည်းငယ် ပံ့ပိုးပေးမည် ဆိုပါက ပူးပေါင်းဆောင်ရွက်ရကျိုး နပ်မည် ဖြစ်သည်။ အကယ်၍ ပြည်နယ်အစိုးရသည် အထက်အရာရှိများထံမှာ ဘဏ္ဍာငွေများကိုသာ ရချင်ပြီး ပိုင်တာ့စန်းကို ဂရုမစိုက်ပါက ကျန်းမင်အနေဖြင့် အလုပ်တွဲလုပ်မည် မဟုတ်ချေ။
ထိုင်ဟွာ စာသောက်ကုန် ကုမ္ပဏီသည် ယခုအခါ တရုတ်နိုင်ငံတစ်ဝှမ်း၌ ကျော်ကြားပေသည်။ ရင်းနှီးမြုပ်နှံမှုနှင့် ပမာဏသည် ပိုင်တာ့စန်းကဲ့သို့ သိသိသာသာ မဟုတ်သော်လည်း ယွမ်သန်းရာချီ တန်ဖိုး ရှိပေသည်။ နှစ်စဉ် ရောင်းအား (၁)ဘီလီယံကျော်ရှိသည်။
ကျန်းမင်သည် ပိုင်တာ့စန်း မအောင်မြင်သည်ကို ထိုင်ကြည့်ချင်နေပြီး ဖုန်းယွီ ဝယ်ယူရန် သို့တည်းမဟုတ် ထိုင်ဟွာ စားသောက်ကုန်များကို စာရင်းသွင်းပြီး ပိုင်တာ့စန်းကို ဝယ်ရန် ရန်ပုံငွေများ သုံးစွဲဖို့ ကျန်းမင်စည်းရုံးခဲ့သေးသည်။
ထိုနည်းဖြင့် ထိုင်ဟွာစာသောက်ကုန်သည် အာရှ၏ အထင်ရှားဆုံး စိုက်ပျိုးရေးစားသောက်ကုန် ကုမ္ပဏီ ဖြစ်လာ ပေလိမ့်မည်။ ကျန်းမင်သည်လည်း ရသမျှ နှိုက်ရန် စောင့်နေမည်ပင်။
သို့ရာတွင် ဖုန်းယွီ တားထားသည်။ ဖုန်းယွီသည် လောင်ကျင်းပြည်နယ်ရှိ လယ်မြေအားလုံးနှင့် သက်ဆိုင်သဖြင့် ထိုသို့ မလုပ်လိုချေ။ တောင်သူများ၏ ဝင်ငွေ ထိခိုက်သွားပေလိမ့်မည်။ ဖုန်းယွီသည် ထိုလယ်သမားများအပေါ် အခွင့် အရေးမယူချင်။ ဖုန်းယွီနှင့် ဗဟို/ပြည်နယ်အစိုးရ၏ ဆက်ဆံရေးသည် ခပ်တန်းတန်းဖြစ်ကာ၊ ထိုင်ဟွာ စားသောက် ကုန် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်သွားပေလိမ့်မည်။
သို့အတွက် ကျန်းလွေ့ချန်းသည် ထိုကိစ္စ မပြောလျှင်ပင် ကျန်းမင်သည် နှစ်သစ်ကူးမတိုင်မှီ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည် ဖြစ်သည်။
“မြို့တော် အစိုးရနဲ့ ပြည်နယ် အစိုးရတွေမှာ အလုပ်တွေ ရှုတ်နေတာ.. ပိုင်တာ့စန်း ကို စီမံခန့်ခွဲဖို့ ငါ့မှာ အချိန်မရျိဘူး.. အဘိုးကြီးနျိုလဲ ကျန်းမင်ရဲ့ အဖြေကို စောင့်နေတုန်းပဲ.. သူ့မှာလဲ အကူအညီတောင်းယုံကလွဲလို့ ရွေးစရာမရှိတော့ဘူးလေ.. ကျန်းမင် ဒါမှမဟုတ် မင်းအဖေ ဆုံးဖြတ်ချက် ချလို့မရဘူး.. မင်းပဲ ဒီကိစ္စတွေ ဆုံးဖြတ်ချက် ချတဲ့သူဆိုတာ ငါသိတယ်..”
ကျန်းလွေ့ချန်း ဖုန်းယွီစခဲ့စဉ်ကတည်းက သိပေသည်။ ဖုန်းယွီ၏ လုပ်ငန်းသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လာသည်ကို မြင်ခဲ့ရသည်။ ဖုန်းယွီ၏ ကုမ္ပဏီများတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်အားလုံးကို သူဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
“အဲ့ ကျန်းမင်တော့ကွာ.. ကျုပ်မွေးရပ်မြေ ကုမ္ပဏီတွေနဲ့ တွဲလုပ်ရမယ်လို့ ကျုပ်ပြောထားတာ.. စိတ်မပူနဲ့.. ကျုပ် နည်းနည်း ကြိမ်းဖို့ ဖုန်းဆက်လိုက်မယ်..”
ဖုန်းယွီ ဒေါသတကြီး ပုံစံဖြင့် ပြောလိုက်သည်။
ကျန်းလွေ့ချန်း မျက်လုံးပြူးသွားသည်။
“ငါတို့ ပူးပေါင်းဆောင်ရွက်မှာဆိုတော့ စပါးထွက်ကုန် တင်ပို့မှုမျာ ကူညီပေးမှာလား.. ရုရှားရဲ့ ဝယ်လိုအား ဒီနှစ် အများကြီး ကျသွားတယ်..”
ထိုစကားပြောနေစဉ်၌ ကျန်းလွေ့ချန်း စိတ်ပျက်နေပေသည်။ ရုရှားသည် တရုတ်မှ အထူးသဖြင့် လောင်ကျင်း ပြည်နယ်မှ ကောက်ပဲသီးနှံများ ဝယ်ယူခဲ့သည်။
သို့ရာတွင် ယခုနှစ်ပိုင်းအတွင်း ရုရှား၏ စိုက်ပျိုးရေးလုပ်ငန်းသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပြန်လည် ကောင်းမွန်လာသည်။ ဤသည်မှာ ရုရှားများကြောင့် မဟုတ်ဘဲ လောင်ကျင်းမှ လယ်သမား များကြောင့် ဖြစ်သည်။
ဖုန်းယွီသည် လယ်သမားများကို တင်ပို့ရန် အကြံပြုခဲ့သဖြင့် လောင်ကျင်းမှ လယ်သမား အများအပြား ရုရှားမြေများ ငှားရမ်းရန် ရုရှားသို့သွားကြသည်။ မြို့တော်သည် လယ်သမားများအား ချေးငွေထုတ်ပေးပြီး ရုရှား လယ်မြေများနျင့် စက်ယန္တရားများ ငှားရမ်းရန် ကူညီပေးခဲ့သည်။
လယ်သမားများ၏ ဝင်ငွေသည် အဆပေါင်းများစွာ တိုးလာခဲ့သည်။
ဤသည်မှနေ၍ နောက်ထပ် ပြဿနာတစ်ခု ဖန်တီးလာပေသည်။ ရုရှား၏ ကိုယ်ပိုင်စားနပ်ရိက္ခာ ထောက်ပံ့မှု တိုးလာသဖြင့် လောင်ကျင်းမှ စားနပ်ရိက္ခာ လိုအပ်ချက် ကျဆင်းလာသည်။
ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ဒေသများတွင် လောင်ကျင်းကဲ့သို့ ရာဿီဥတုမျိုး ရှိပေသည်။ လောင်ကျင်းမှ လယ်သမားများသည် ရုရှားနိုင်ငံသို့ ရောက်သွားသည့်အခါ ၎င်းတို့သည် မြေယာများတွင် စိုက်ပျိုးနိုင်ကြသည်။ သို့အတွက် ရုရှားပြည်တွင်း စားနပ်ရိက္ခာ ထောက်ပံ့မှု တိုးလာကာ လောင်ကျင်း၏ လယ်ယာထွက်ကုန်များကို တင်ပို့ ရောင်းချနိုင်ခြင်း မရှိတော့ချေ။
ပဲပိစပ်၊ ပြောင်း၊ ဂျုံနှင့် မုန်လာဥများ ဖြစ်သည်။ ၎င်းတို့မှာ အဓိက လယ်ယာထွက်ကုန် (၄)မျိုး ဖြစ်သည်။ ရုရှားမှ ဝယ်လိုအားသည် ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။ လောင်ကျင်းပြည်နယ် တစ်ခုတည်းသာ ထိခိုက်ခဲ့ခြင်း မဟုတ်ချေ။ အခြားသော စားနပ်ရိက္ခာ တင်ပို့သည့် နိုင်ငံများလည်း ထိခိုက်ခဲ့သည်။
ပိုင်တာ့စန်းသည် အသစ်တည်ထောင်ထားပြီး ပထမနှစ်တွင် ထုတ်လုပ်ရောင်းချမှုမရှိချေ။ ဤသည်က ရှုံးနိမ့်မှု တစ်မျိုးပင်။
ကျန်းလွေ့ချန်းသည် ဖုန်းယွီ၌ ရုရှားအဆက်အသွယ်ရှိကြောင်း သိထားပေသည်။ သူ၏ စောင်ကျင်း မော်တော်ကား များကို ရုရှားသို့ တင်ပို့နိုင်ပြီး ရုရှားအစိုးရနှင့် စစ်တပ်များသို့ပင် ရောင်းချနိုင်ပေသည်။ လောင်ကျင်း၏ ကောက်ပဲသီးနှံများကို ရုရှားသို့ရောင်းချခြင်းသည် သူ့အတွက် ပြဿနာ မရှိလောက်ချေ။
ဖုန်းယွီသည် သူ့ဖခင်ထံမှ ထိုကိစ္စကြားထားပြီး ဖြစ်သည်။ ယခုနှစ် သီနှံဈေးကျဆင်းကြောင်း သူ့ဖခင် ပြောထား သည်။ ကံကောင်းသည်မှာ ပြည်နယ်အစိုးရမှ ကောက်ပဲသီးနှံဈေးကို ထိန်းချုပ်နိုင်ခဲ့၍ အရှုံးမပေါ်ခဲ့ချေ။ သို့ရာတွင် အမြတ်ငွေမှာမူ ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပေသည်။
ဖုန်းယွီသည် လောင်ကျင်းလယ်သမားများအား ၎င်းတို့၏ ဝင်ငွေတိုးစေရန် ဦးလေးဝမ်ကို ချေးငွေရရေးသာ ကူညီ ချင်ပေသည်။ သူ၏ အကြံပြုချက်သည် လောင်ကျင်း ပြည်နယ်၏ စီးပွားရေးကို ထိခိုက်စေမည်ဟု မျှော်လင့်မထားချေ။
ဖုန်းယွီ ပြန်တွေးကြည့်လိုက်သည်။ ထိုစဉ်က ရုရှားဘက်မှ ချက်ချင်း သဘောတူခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ အချို့သော မြေများ စွန့်လွှတ်ခဲ့ရသော်လည်း ငှားရမ်းခနှင့် စပါးများကို ဈေးပေါပေါနှင့် ပြန်ရခဲ့ကြသည်။ ရုရှား၏ စပါးဈေးသည် လောင်ကျင်းထက် အနည်းငယ် နိမ့်ပေသည်။ သာမာန်အားဖြင့် ရုရှားသည် လောင်ကျင်း ပြည်နယ်ထက် ပို၍ အကျိုးအမြတ်ရခဲ့သည်။
ဖုန်းယွီ ခေါင်းကုတ်လိုက်သည်။ ကီရီလန်ကို၏ အကူအညီဖြင့် လောင်ကျင်းမှ သီးနှံများ ရုရှားသို့ တင်ပို့ရန် ပြဿနာ မရှိလောက်ချေ။ ရုရှားသည် ထိုကောက်ပဲသီးနှံများ မလိုအပ်လျှင်ပင် အခြားသော ဆိုဗီယက် နိုင်ငံများ၌ ဝယ်လိုအား မြင့်နေဆဲပင်။ ညီနောင်ကီအား အကူအညီ တောင်ရမည်လော။
ထိုအသီးအနှံများကို မည်သည့်အတါက် ရောင်းရမည်နည်း။ ယခုနှစ်မှစ၍ ကောက်ပဲသီးနှံများ စတင် သိုလှောင်သင့် ပေသည်။
“အဲ့ သီးနှံတွေ ကျုပ်တို့ ရောင်းစရာမလိုဘူး.. ဂျုံ၊ ပြောင်း၊ ပဲပိစပ် အဲ့ဒါတွေကို အရေးပေါ်အတွက် ကျုပ်တို့ ဒိုင်မှာ သိမ်းထားလို့ရတယ်.. နောက်နှစ် စပါးဈေးတွေ တက်လာရင် ကျုပ်တို့လဲ တန်ဖိုးတိုးတာပေါ့..”
(၂)နှစ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျံမှု အနည်းငယ် ရှိပေလိမ့်မည်။ ၎င်းတို့သည် ဤ(၂)နှစ်အတွင်း အနည်းငယ် ရိတ်သိမ်းနိုင်ပါက (၁၉၉၈)ခုနှစ် အခက်အခဲများကို ကျော်လွှာရန် လုံလောက်ပေ လိမ့်မည်။ သို့မဟုတ်ပါက (၁၉၉၈)ခုနှစ်တွင် အစားအစာ ထုတ်လုပ်မှု လျော့နည်းသွားမည်ဖြစ်ပြီး ပိုင်တာ့စန်း၏ ကုန်ကျစရိတ် များစွာတိုးလာမည် ဖြစ်သည်။ ပြိုင်ဆိုင်မှု မရှိတော့ချေ။
“စပါးဈေးတွေက ဘာလို့ ရုတ်တရက် တိုးလာမှာတုန်း.. ပြီးတော့ ရုရှားကို တင်ပို့မယ်ဆို ထိခိုက်ပြီး စပါးဈေးတောင် ကျသွားနိုင်သေးတယ်..”
ကျန်းလွေ့ချန်း ဖုန်းယွီ၏ စကားကို နားမလည်နိုင်ချေ။ ဖုန်းယွီသည် ထိုသို့သော သာမာန် ဖြစ်ရိုးဖြစ်စဉ်ကို နားလည် သင့်ပေသည်။
“ကျုပ်တို့ရဲ့ သီးနှံတွေ ထောက်ပံ့မှု ကျလာမယ်ဆို ဘာဖြစ်သွားမလဲ.. ကျုပ်တို့ လောင်ကျင်းပြည်နယ်မျာ မြစ်(၃)စင်း ရှိတယ်.. ရုတ်တရက်သာ ရေးကြီးလိုက်မယ်ဆိုရင် မြေနိမ့်ပိုင်းက လယ်မြေတွေ ပျောက်သွားလိမ့်မယ်..”
“ဘာတွေ ပြောနေတာလဲ.. သဘာဝဘေးအန္တရာယ်တွေ ဖြစ်ချင်နေတာလား..”
ကျန်းလွေ့ချန်း ပြန်ပြောလိုက်သည်။
ဖုန်းယွီ အားကိုးရာမဲ့သွားသည်။ ဖြစ်လာမည့် ရေးကြီးရေလျှံမှု ဆိုးဆိုးရွားရွားဖြစ်မည်ကို သူမည်သို့ သိထားကြောင်း ရှင်းမပြနိုင်ချေ။ လူများမှ သူ့ကို အရူးဟုသာ ထင်ကြပေလိမ့်မည်။
“ကျုပ်ပြောတာ ဘာလွန်လို့လဲ.. အဆိုးဆုံးအတွက် ကြိုပြင်ထားတာ ဘာမှားလို့လဲ..”
ဖုန်းယွီသည် ကျန်းလွေ့ချန်းတို့၏ သီးနှံများကို သိမ်းဆည်းထားရေး စည်းရုံးရန် ကြိုးစားနေပြီး ကျန်းလွေ့ချန်း မှာမူ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
--------**$$^$$**--------