စပါးသိုလှောင်ရုံသည် ဂိုဒေါင်များ ဖြစ်လာသည်
Vol. 54 Ch. 808
ကျန်းလွေ့ချန်း၏ အမူအရာမှ တစ်ခုခု တွေးနေသည်ကို ဖုန်းယွီ ပြောနိုင်ပေသည်။
“ကျုပ်တို့ ထိုင်ဟွာ ကုန်သွယ်ရေးရဲ့ အသစ်ငှားထားတဲ့ ဂိုဒေါင်က အရင်တုန်းက စပါးသိုလှောင်ရုံတွေပေါ့.. ပဲပုတ်စိ တွေတောင် သိုလှောင်ဖို့ သုံးဖူးသေးတယ်..”
ဖုန်းယွီ ပြုံးလိုက်သည်။
ဟင်းသီးဟင်းရွက်ဆီများ သိုလှောင်ရန်အတွက် သီးနှံဒိုင်များ သုံးခဲ့ကြသည်။ ထိုင်ဟွာ ကုန်သွယ်ရေးသည် ယခင်က ပဲပုတ်ဆီ သိုလှောင်ရန်သုံးသည့် ဂိုဒေါင်တစ်ခုလုံးကို ငှားရမ်းခဲ့သည်။
“မင်းတို့ သိုလှောင်ရုံတွေကို ငှားပေးမယ်လို့ ပြောနေတာလား..”
ကျန်းလွေ့ချန်း ဖုန်းယွီအား စိုက်ကြည့်လိုက်သည်။
“ခင်ဗျား ကျုပ်တို့ကို တစ်ဝက်လောက် ငှားခွင့်ရချင်နေတာလား..”
ဖုန်းယွီ မျက်လုံးပြူးသွားသည်။
ကျန်းလွေ့ချန်းသည် မြို့တော်ရှိ စပါးသိုလှောင်ရုံ မပြည့်ကြောင်း သိလိုက်သည်။ နိုင်ငံတော်မှ သီးနှံများ စီမံအုပ်ချုပ်ရေး လုပ်ငန်း လုပ်နေစဉ်က ထိုစပါးသိုလှောင်ရုံသည် မည်သည့်အခါမှ မပြည့်ချေ။ ထိုစဉ်က တိုင်းပြည်သည် ဆင်းရဲကာ ပြည်သူများ စားရန်ပင် မလုံလောက်ချေ။ အရေးပေါ်အခြေအနေအတွက် သီးနှံများ သိုလှောင်ရန် နည်းလမ်းမရှိချေ။
သို့ရာတွင် ဒိုင်သည် အနည်းဆုံး ထက်ဝက်ပြည့်သွားသည်။ ကျန်းလွေ့ချန်းသည် ဒိုင်မှ ငှားထားကြောင်း မသိချေ။ စပါး သိုလှောင်ရန်အတွက် အစိုးရမှ ထောက်ပံ့ငွေများ ပြည်နယ်အစိုးရထံ ကြိုတင် ပေးအပ်ခဲ့ပေသည်။
လောင်ကျင်းပြည်နယ်အတွက် အထက်လူကြီးများ၏ လိုအပ်ချက်မှာ သီနှံကီလို သန်း(၆၀)နှင့် ဟင်းချက်ဆီ တန်ချိန် (၁၀၀၀၀)ရှိရန် လိုပေသည်။ ထိုလိုအပ်ချက်မှာ လျော့ချထားခြင်းသည်။ ယခင် လောင်ကျင်း ပြည်နယ် အတွက် လိုအပ်ချက်မှာ ကီလို (၈၅)သန်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း စပါးရိတ်သိမ်းမှု များပြားလာသဖြင့် လိုအပ်ချက်များ လျော့ချခဲ့သည်။
စပါးဈေးထိန်းညှိရန်အတွက် အရန်ဆန်များကို သုံးခဲ့ရသည်။ ဈေးကွက်အတွင်း စပါးဈေးသည် အနိမ့်ဆုံးဈေး အောက်သို့ ကျဆင်းသွားပါက တိုင်းဒေသကြီး အစိုးရမှ စပါးများ ဝယ်ယူ၍ အရံအဖြစ် သိမ်းဆည်းသွားမည် ဖြစ်သည်။ ဈေးကွက်ပေါက်ဈေးများ အလွန်အကျွံ တက်လာပါ အရန်ဆန်များ ဈေးလျော့ရောင်းမည် ဖြစ်သည်။
ထိုစပါးသိုလှောင်ရုံအတွက် ထောက်ပံ့ငွေများတွင် အတိုးနှုန်း၊ သယ်သူပို့ဆောင်ရေး၊ သီးခြားထောက်ပံ့ရေး၊ ဈေးနှုန်း ထိန်းသေးရေးများ စသည်တို့ ပါဝင်ပေသည်။ ထိုထောက်ပံ့ငွေများ အားလုံးကို ပြည်နယ်အစိုးရမှ ပေးအပ်ခဲ့သည်။ ပိုလျှံလာပါက အစိုးရမှ ဂရုမစိုက်ချေ။ သို့ရာတွင် အဆင်မပြေပါက ပြည်နယ်အစိုးရမှ ဝင်ရောက် စွက်ဖက်ပေ လိမ့်မည်။
ဖုန်းယွီသည် ကျန်းလွေ့ချန်းအား စပါးအရန်ငွေ တိုးရန် ပြောနေသည်လော။ စပါးအရန်ငွေ မလုံလောက်ကြောင်း အရိပ်အမြွက် ပြောနေပေပြီ။
ဖုန်းယွီသည် ကျန်းလွေ့ချန်း မျက်နှာပျက်သွားသည်ကို မြင်ကာ..
“အဲ့ကိစ္စတွေ ခင်ဗျားမသိဘူးလား..”
“အရင်က အဲ့ကိစ္စတွေ ငါမသိဘူး.. အခုတော့ သိသွားပြီ.. စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့တော့ လိုပြီ..”
ဖုန်းယွီ ချက်ချင်းပင်..
“ခင်ဗျားတို့ အသေးစိတ် သွားစုံစမ်းလို့ရတယ်.. ငှားရမ်းခတွေ ပေးချေပြီးသား၊ အငှားစာချုပ်တွေလဲ လက်မှတ်ထိုးပြီးသား၊ အဲ့ဂိုဒေါင်တွေ ငှားခွင့်မပေးရင် ကျုပ်ကို (၃)ဆ ပြန်လျော်ကြေးပေးရမှာနော်..”
“မင်းအတွက် တခြားဂိုဒေါင်တွေနဲ့ လဲပေးမယ်..”
ကျန်းလွေ့ချန်း ပြန်ပြောလိုက်သည်။ ငှားရမ်းခ၏ (၃)ဆလော။ ဘဏ်သို့သွား၍ ဓားပြမှ ရပေလိမ့်မည်။
ဖုန်းယွီ ခေါင်းညိတ်ပြကာ..
“အဲ့ဒါ ပိုကောင်းတယ်.. စာရင်းတွေ ပေးမယ်လေ.. ကျုပ်စာရင်းကို အခြေခံပြီး စုံစမ်းကြည့်လို့ ရပါတယ်..”
ကျန်းလွေ့ချန်းသည် ဖုန်းယွီအား စိုက်ကြည့်နေရင်း..
“မင်း ဂိုဒေါင်တွေလုပ်ဖို့ စပါးကျီတွေ ဘယ်လောက်တောင် ငှားထားတာလဲ..”
“သိပ်တော့ မများပါဘူး.. ကျုပ်တို့ ထိုင်ဟွာ အစားအသောက် ထုတ်ကုန်တွေက တိရိစ္ဆာန် အစာတွေလည်း ရောင်း နေတယ်ဆိုတာ သိမှာပါ.. အစိုခံ.. အပူခံနိုင်တဲ့ ဂိုဒေါင်တွေ လိုတယ်လေ.. အသင့်တော်ဆုံးက သီးနှံသိုလှောင်ရုံတွေ ဆိုတော့ ကျုပ်တို့ ပြည်နယ်ထဲမှာရှိတဲ့ စပါးဒိုင်တော်တော်များများမှာ ငှားထားတယ်.. စာရင်းနဲ့ စစ်ဆေးလိုက်ရင် ဒုက္ခတော်တော် နည်းသွားလိမ့်မယ်.. ပြီးတော့ တိရိစ္ဆာန်တွေ ထားမထားဘူးဆိုတာ အာမခံတယ်.. အဲ့ဒိုင်တွေ အရန်စပါးအဖြစ် ဟန်ပြလုပ်ထားတာက ကျုပ်တို့ စပါးတွေပဲ..”
ကျန်းလွေ့ချန်း မျက်ကလဲဆန်ပြာ ဖြစ်သွားသည်။
“အရန်ဆန်အဖြစ် ဟန်ပြထားတာလား.. အဲ့ဒိုင်တွေကို ဘယ်လိုစစ်ဆေးရမယ်ဆိုတာ ငါသိတယ်.. ဒီပြဿနာ သေးသေးဖွဲဖွဲ မဟုတ်တော့ဘူး..”
ယမန်နှစ်က ဒိုင်စစ်ဆေးရေးတွင် ပြဿနာ မရှိခဲ့ချေ။ ထိုလူများသည် တပါးသူများ၏ သီးနှံများကို အရန်အဖြစ် ဟန်ဆောင်ထားပေသည်။ စစ်ဆေးပြီးပါက စပါးများ ပြန်ပို့မည်ဖြစ်သည်။ ဤသည်က ကြီးမားပြင်းထန်သည့် ချိုးဖောက်မှုပင်။
“အမှန်ပဲဗျ.. ဒိုင်တွေအားလုံးအတွက် အငှားစာချုပ်တွေကတော့ အတူတူပဲ.. အစိုးရအနေနဲ့ ဖြေရှင်းပေးမှ ရမယ်.. ကျုပ်တို့က အခွန်ထမ်း သားကောင်း ပြည်သူတွေပါ..”
ဖုန်းယွီ သေချာပြောနေပေသည်။
“မင်းဂိုဒေါင်ပြဿနာတွေ ငါရှင်းပေးမယ်.. စာရင်းသာ ချက်ချင်းပေး..”
ကျန်းလွေ့ချန်း အံကြိတ်လိုက်သည်။
“ခင်ဗျား ဘာလို့ ကျုပ်ကိုလာအော်နေတာလဲ.. ခင်ဗျားကို လိမ်တာ ကျုပ်မဟုတ်ဘူးနော်..”
“အဲ့ဒိုင်တွေရဲ့ ငှားရမ်းခက ပေါက်ဈေးထက် မနိမ့်ဘူးလို့ ပြောရဲလား.. သိုလှောင်ရုံတွေ အားလုံး လွတ်နေတာ မင်းမသိဘူးလို့ ပြောရဲလား.. ဂိုဒေါင်ငှားရမ်းမှုရဲ့ ကွာခြားချက်အတိုင်း မင်းကို ပြန်လုပ်ပေးမယ်..”
ကျန်းလွေ့ချန်း ဒေါသတကြီး အော်ဟစ်နေပေသည်။
ဖုန်းယွီသည် စပါးသိုလှောင်မှုအကြောင်း သေချာသိသော်လည်း ခရိုင် အရန်စပါးများနှင့် ပတ်သက်၍ ပြဿနာများ ရှိကြောင်းကိုမူကား မည်သို့ သိနိုင်မည်နည်း။
“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ကျုပ် မတူအောင် ဖန်တီးပေးမယ်.. ကျုပ်မှာ ငွေမရှိသလိုနဲ့ အစိုးရဆီကနေ အခွင့်အရေးယူတယ်လို့ ပြောနေတာလား.. ဒီကိစ္စတွေ ကျုပ်မပြောရင် ခင်ဗျားသိမှာ မို့လို့လား..”
ဖုန်းယွီကိုယ်တိုင်လည်း ယခင်က ထိုအကြောင်း မသိခဲ့ချေ။ ကျန်းမင်နှင့် ဝူကျစ်ကောင်းတို့ ထိုဂိုဒေါင်များ ငှားပြီး မှသာ ဂိုဒေါင်များအကြောင်း သိလာခြင်း ဖြစ်သည်။ ငှားရမ်းခများသည် ပုံမှန်နှုန်းထားများထက် အလွန် နိမ့်နေသည်လော။ ထိုသို့မဟုတ်ချေ။ အစိုခံ၊ မီးဒဏ်ခံနိုင်သည့် ဂိုဒေါင်များကိုသာ ငှားရမ်းခဲ့ကြခြင်းပင်။ ဖုန်းယွီသည် ငွေအနည်းငယ် ချွေတာနိုင်ယုံမျှဖြင့် တရားမဝင်သော မည်သည့်ကိစ္စမှ လုပ်မည် မဟုတ်ချေ။
အတွင်းရေးမှူးလျိုသည် ဖုန်းယွီနှင့် ကျန်းလွေ့ချန်းတို့ ရုံးခန်းအတွင်း အော်ဟစ်သံများ ကြားရကာ အမြန်ဆုံး ပြေးဝင်လာလိုက်သည်။ ရုတ်တရက် မည်သည်ကို ထငြင်းနေကြသနည်း..
“မန်နေဂျာဖုန်း.. မင်းအတွက် လက်ဖက်ရည် ယူလာတယ်..”
အတွင်းရေးမှူုးလျိုသည် သူ့အထက်လူကြီးကို ကြည့်ကာ အံ့ဩနေပေသည်။
“အစ်ကိုလျို.. ခင်ဗျားဆရာ အရမ်းတော်တယ်ဗျာ.. ကျုပ်ကလဲ သူ့ကို ကူညီရသေးတယ်.. သူက ကျုပ်ကို ပြန်ပြီး အပြစ်တင်နေတယ်..”
ဖုန်းယွီ လက်ဖက်ရည်ခွက် ယူ၍ သောက်လိုက်သေးသည်။
“ထားတော့.. ငါ မင်းကို အမှားလုပ်လိုက်မိတယ်.. ဟုတ်ပြီလား..”
ကျန်းလွေ့ချန်း စိတ်ပျက်နေသော်လည်း ဖုန်းယွီအား တောင်းပန်လိုက်သေးသည်။
“အာ.. ဟုတ်ပါပြီဗျာ.. ကျုပ်ခွင့်လွှတ်ပါတယ်.. အစ်ကိုလျို ဒီလက်ဖက်ရည် အရမ်းကောင်းတာပဲ.. ကျုပ်ကို ပါဆယ် ထုပ်ပေးပါလား.. အဖေ့ကို တိုက်ချင်လိုက်တာဗျာ..”
ဖုန်းယွီ ပြန်ဖြေလိုက်သည်။
“မန်နေဂျာဖုန်း.. ဒါက သာမာန် လက်ဖက်ရွက်တွေပါပဲ.. မင်း ဒီထက်ကောင်းတဲ့ လက်ဖက်တွေတောင် တတ်နိုင်သေးတာကို နောက်မနေပါနဲ့တော့..”
အတွင်းရေးမှူးလျို ပြန်ဖြေလိုက်သည်။ ထိုမန်နေဂျာဖုန်း ရောက်လိုက်တိုင်း တစ်ခုခု အမြဲလိုချင်နေသည်မှာ မည်သည့်အတွက်နည်း။
“မတူဘူးဗျ.. အဖေက ကျုပ်ဝယ်ထားတဲ့ လက်ဖက်ခြောက်တွေကို မကြိုက်ဘူး.. ခင်ဗျားဆရာဆီက လက်ဖက်ဆို အရမ်းသဘောကျမှာဗျ..”
အမှန်တကယ်တွင် ဖုန်းရှင်းထိုင်သည် ဖုန်းယွီနှင့် အတူတူသာပင်။ လက်ဖက်ရည်အကြောင်း ဘာမှ မသိချေ။ ခေါင်းဆောင်များ သောက်သည့် လက်ဖက်ရည်သည် ကောင်းရမည်ဟူသည့် ခံယူချက်သာရှိသည်။
“အဲ့ လက်ဖက်ခြောက်တွေ ယူပြီး ပြန်ခိုင်းလိုက်.. ထုပ်ပိုးပြီးရင် ကားပြင်ပေးထား”
ကျန်းလွေ့ချန်း ပြောလိုက်သည်။
အတွင်းရေးမှူးလျိုသည် သူ့ဆရာမှ ဖုန်းယွီကို အကောင်းဆုံးလက်ဖက်ရည် ပေးချင်သည်မှာ အံ့ဩစရာ မရှိချေ။ သို့ရာတွင် ဆရာသမားသည် မည်သည့်အတွက် ကားပြင်ထားရန် လိုသနည်း။ ယနေ့အတွက် အချိန်ဇယားတွင် မပါဝင်ချေ။ ကျန်းလွေ့ချန်း၏ အမူအရာမှာ ကြောက်စရာ ကောင်းသည့် ကိစ္စတစ်ခု ဖြစ်နေသလိုပင်။
ထိုလူလိမ်ကောင်အား ဖမ်းကာ လူတစ်ယောက်ကို ဖြေရှင်းခိုင်းလိုက်သည်။ မည်သည့်အတွက် ထိုနေရာသို့ သွားရန် လိုမည်နည်း။
(၅)မိနစ်အကြာတွင် ဖုန်းယွီသည် လက်ဖက်ခြောက်ထုပ်ဖြင့် ကျန်းလွေ့ချန်း ရုံးခန်းမှ ထွက်လာသည်။ လူအများ သူ့ကိုမြင်ကာ နှုတ်ဆက်ကြသည်။ ဖုန်းယွီ အပြုံးဖြင့်ပင် နှုတ်ဆက်၍ ပြန်သွားသည်။ ယခုအချိန်၌ မြို့တော် အစိုးရ၏ ခေါင်းဆောင် တစ်ယောက်ဖြစ်နေပြီဟု ခံစားနေမိလိုက်သည်။
မြို့တော်အစိုးရမှ လူများသည် ဖုန်းယွီနှင့် ဆွေးနွေးကြသည်။ ကျန်းလွေ့ချန်းနှင့် ဖုန်းယွီတို့သည် အလွန် ရင်းနှီးကြသည်။ ဖုန်းယွီသည် ကျန်းလွေ့ချန်း ရုံးခန်းမှ ထွက်သွားတိုင်း ကျန်းလွေ့ချန်း၏ ကိုယ်ပိုင် ပစ္စည်း အနည်းငယ် ယူသွားတတ်ပေသည်။ ဤသည်က မန်နေဂျာဖုန်းဖြစ်နေ၍ပင်။ အခြားမည်သူမှ မလုပ်နိုင်ချေ။
ကားပေါ်တက်ပြီးနောက် ဖုန်းယွီသည် ကျန်းမင်နှင့် ဝမ်ကျစ်ကန်း တို့ကို ချက်ချင်း ဖုန်းဆက်ကာ ငှားထားသည့် ဂိုဒေါင်စရင်းကို ပြင်ဆင်ခိုင်းထားလိုက်သည်။ ထိုဂိုဒေါင်များမှ ပြောင့်ရွှေနိုင်ရန်လည်း ပြင်ဆင်ထားရပေလိမ့်မည်။
ဖုန်းယွီ သူလုပ်သင့်သည်ကို လုပ်ခဲ့ခြင်းပင်။ သူသည် ကျန်းလွေ့ချန်းအား သတိပေးလိုက်သည်။ ဤမျှသာ ပြောနိုင်ပေမည်။
--------**$$^$$**--------