ကျွင်းမိသားစု၏ သတင်း....
Vol. 25 Ch. 376
လီချင်းက တာအိုအင်မော်တယ်ဂိုဏ်းတွင် အဆင့်အတန်းတစ်ခုရှိသူဖြစ်ပြီး ကျွင်းတုန်ကျင်း၊ မုလျန်အာနှင့် အခြားသူများအကြောင်း သေချာပေါက် သိပေလိမ့်မည်။
" ဆရာရဲ့ မိဘတွေက တာအိုပေါင်းစည်းခြင်းအဆင့်ကို မတက်လှမ်းနိုင်ခဲ့ကြဘူး။ " လီချင်းက တုံ့ဆိုင်းစွာ ပြောလိုက်သည်။
တာအိုပေါင်းစည်းခြင်းအဆင့်ကို မရောက်ဘဲ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သာ ရှိလျှင် သူတို့က အများဆုံး နှစ်တစ်သိန်း နှစ်နှစ်သိန်းလောက်သာ အသက်ရှင်နိုင်လေသည်။
" သူတို့အားလုံး ဆုံးသွားကြပြီလား။ " လင်းယွမ်က အံ့ဩခြင်းမရှိဘဲ သက်ပြင်းချလိုက်သည်။
၎င်းက အဖြစ်နိုင်ဆုံးရလဒ်ပင်ဖြစ်၏။ သိုင်းတာအို၏ ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ချိုးဖျက်ခြင်းက အလွန်ခက်ခဲသကဲ့သို့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ချိုးဖျက်ခြင်းကလည်း အတူတူပင်ဖြစ်သည်။
ကျွင်းတုန်ကျင်းက သန္ဓေပြောင်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်ရှိပြီး အင်မော်တယ်တာအိုကမ္ဘာတွင် အရှားပါးဆုံး ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သော်လည်း စိတ်ဝိညာဉ်ကမ္ဘာတွင် သာမန်သာဖြစ်၏။
စိတ်ဝိညာဉ်ကမ္ဘာတွင် ပါရမီအရည်အချင်းများကို စိတ်ဝိညာဉ်အမြစ်များအပေါ် အခြေခံပြီး ဆုံးဖြတ်သည့်အပြင် အခြားတာအိုရုပ်ခန္ဓာများလည်း ရှိလေသည်။
ကျွင်းတုန်ကျင်းက ဟင်းလင်းပြင်သန့်စင်ခြင်း အထွတ်အထိပ်သို့ ကျင့်ကြံနိုင်ခဲ့သော်လည်း တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားရာတွင် မအောင်မြင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလျန်တို့ကလည်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံနိုင်ခြင်းမရှိခဲ့ပေ။ လင်းယွမ်ချန်ခဲ့သော အစီအစဉ်များအရ သူတို့က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ ကျင့်ကြံခြင်းက နှေးကွေးသွားခဲ့သည်။
" သူတို့ကရော ဘာတွေလုပ်ပေးခဲ့လဲ။ "
" သူတို့ ကောင်းကြပါတယ်။ တာအိုအင်မော်တယ်ဂိုဏ်းက သူတို့ကို ကောင်းကောင်းဆက်ဆံကြပါတယ်။ " လီချင်းက ချက်ခြင်းပြောလိုက်သည်။
လင်းယွမ်က မည်သည့်နေရာသို့ ရောက်နေသည်ကို မသိခင် သူတို့က ကျွင်းတုန်ကျင်းနှင့် အခြားသူများကို ထိခိုက်အောင် မလုပ်ရဲခဲ့ပေ။
ကျွင်းတုန်ကျင်းနှင့် အခြားသူများကို လက်ခံထားခြင်းက တာအိုအင်မော်တယ်ဂိုဏ်းအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု မဟုတ်ဘဲ ကန်ချင်းအင်မော်တယ်ကလည်း သူတို့ကို တာအိုဆွေးနွေးရန် မကြာခဏ ဖိတ်ခေါ်ခဲ့လေသည်။
" ဆရာမိဘတွေမဆုံးခင် ဆရာကို ဆက်ရှာဖို့ ကျွန်မကို တိုက်တွန်းခဲ့ကြတယ်။ " လီချင်းက လေးနက်စွာ ပြောလိုက်သည်။
" စိတ်မကောင်းစရာပဲ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
သူသာ အချိန်စောပြီး ဆင်းသက်ခဲ့လျှင် ရလဒ်က ပြောင်းလဲသွားနိုင်လေသည်။
" အနာဂတ်မှာ ငါ ကြီးမြတ်သူတစ်ယောက်ဖြစ်လာရင် သူတို့ကို အသက်သွင်းဖို့ ကြိုးစားကြည့်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ကြီးမြတ်သူများက အချိန်နှင့် လေဟာနယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး အချိန်ကို နောက်ပြန်လှည့်က ယခင်သေဆုံးသွားခဲ့သူများကို ပြန်လည်အသက်သွင်းနိုင်လေသည်။
သူတို့မသေဆုံးမီ ကျွင်းတုန်ကျင်းနှင့် အခြားသူများက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ခဲ့ကြသည်။ သူတို့၏ အသက်စွမ်းအားမှာ ဆဋ္ဌမအလွှာနှင့် အတူတူပင် ဖြစ်သည်။
သူတို့၏ အသက်စွမ်းအားကို စိတ်ဝိညာဉ်ကမ္ဘာနှင့် တမင်ပေါင်းစပ်ထားခြင်းမရှိလျှင်တောင် ထိုမျှကြာကြာ အသက်ရှင်ခဲ့ပြီးပြီဖြစ်သောကြောင့် သူတို့၏ အသက်အနှစ်သာရကို စိတ်ဝိညာဉ်ကမ္ဘာက မှတ်တမ်းတင်ထားပြီးသားဖြစ်သည်။
လင်းယွမ်က ကြီးမြတ်သူဖြစ်လာပြီး ဤကမ္ဘာကို ပြန်ရောက်လာခဲ့လျှင် အချိန်ကို နောက်ပြန်လှည့်ပြီး သူတို့ကို ပြန်အသက်သွင်းနိုင်ပေလိမ့်မည်။ သို့သော် သူတို့က သက်တမ်းကုန်သွားသောကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး ပြန်အသက်ရှင်လာလျှင်တောင် အသက်ရှူချိန်အနည်းငယ်အတွင်း သူတို့၏ သက်တမ်းက နောက်တစ်ကြိမ် ပြန်လည်ကုန်ဆုံးသွားပေလိမ့်မည်။
သို့သော် ထိုအသက်ရှူချိန်အနည်းငယ်က လင်းယွမ်အတွက် သူတို့ကို အသက်ဆက်ပေးရန်လုံလောက်ခေသည်။ စိတ်ဝိညာဉ်ကမ္ဘာတွင် အသက်ရှည်နိုင်သည့် နည်းလမ်းများ ရှားပါးသော်လည်း မူလကမ္ဘာတွင် ပေါများလွန်းပေသည်။
ဆဋ္ဌမအလွှာ အသက်အနည်းကယ်ကို ပြန်လည်အသက်သွင်းသည့်အတွက် ကမ္ဘာ၏ တန်ပြန်မှုကလည်း ကြီးမြတ်သူတစ်ယောက်အတွက် အသေးအဖွဲသာ ဖြစ်ပေလိမ့်မည်။
" ပြီးတော့ ဆရာရဲ့ အကိုကြီးနဲ့ အမလတ်တို့ရဲ့ မျိုးဆက်တွေကလည်း တာအိုအင်မော်တယ်ဂိုဏ်းမှာ ကောင်းကောင်းရှိနေကြပါတယ်။ " လီချင်းက တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
လင်းယွမ်နှင့် ပက်သက်မှုကြောင့် လီချင်းက ကျွင်းမျိုးနွယ်၏ ထောက်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ လီချင်းအသက်ရှင်နေသရွေ့ ကျွင်းမျိုးနွယ်ကို အထိခိုက် ခံမည်မဟုတ်ပေ။ ထို့အပြင် ကန်ချင်းအင်မော်တယ်ကလည်း စောင့်ကြည့်နေလေသည်။
" အဲ့လိုလား။ " လင်းယွမ်က လီချင်းကို ကြည့်လိုက်သည်။
" ဆရာ ကျွင်းမျိုးနွယ်က ထူးချွန်တဲ့ မျိုးဆက်တွေကို ဆရာဆီ ခေါ်လာခဲ့ရမလား။ " လီချင်းက မေးလိုက်သည်။
" အင်း ကောင်းတာပေါ့။ " လင်းယွမ်က ခဏ စဉ်းစားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူက ကျွင်းမျိုးနွယ်နှင့် ကံကြမ္မာရှိသောကြောင့် သူတို့နှင့်တွေ့ဆုံရခြင်းက ကောင်းလေသည်။
" ကောင်းပြီ။ " လီချင်းက မျက်လုံးမှိတ်ပြီး ချက်ချင်း ဆက်သွယ်လိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်း၏ စစ်ပွဲများတွင် ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် လီချင်းက တာအိုအင်မော်တယ်ဂိုဏ်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သော နည်းလမ်းများ ရှိလေသည်။
" ဆရာသတင်းကို လျို့ဝှက်ထားရမလား။ " သတင်းပို့ပြီးနောက် လီချင်းက မေးလိုက်သည်။ " ကန်ချင်းအင်မော်တယ်က ဆရာသတင်းတစ်ခုခုရရင် ချက်ချင်း ပြောပြဖို့ တောင်းဆိုထားတယ်။ "
" ကန်ချင်းအင်မော်တယ်က အသက်ရှင်နေသေးတာလား။ " လင်းယွမ်က စိတ်ဝင်စားသွား၏။
ထိုအဘိုးကြီး၏ လုပ်ဆောင်မှုက သူ့ကို စိတ်ကျေနပ်စေလေသည်။ အနည်းဆုံးတော့ သူမရှိသည့်အချိန်တွင် အခွင့်အရေးမယူခဲ့ပေ။ လင်းယွမ် အင်မော်တယ်တာအိုကမ္ဘာသို့ ရောက်ထျိန်ကတည်းက ကန်ချင်းအင်မော်တယ်က နှစ်ပေါင်းသိန်းချီ အသက်ရှင်ခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်းသိန်းချီကျော်လွန်သွားပြီဖြစ်သောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင် သေဆုံးသင့်နေပြီဖြစ်သည်။
" ကန်ချင်းအင်မော်တယ်က စိတ်ဝိညာဉ်ကပ်ဘေးကို ဖြတ်ကျော်ပြီးသွားပြီ။ ဒါကြောင့် သူက သာမန် အစစ်အမှန်အင်မော်တယ်တွေထက် အသက်ပိုရှည်နေတာ။ " လီချင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
တာအိုပေါင်းစည်းခြင်းအဆင့်မှ ကပ်ဘေးကျော်လွှားခြင်းအဆင့်သို့ တက်လှမ်းရန် ကျင့်ကြံသူတစ်ယောက်က ကပ်ဘေးနှစ်ခုကို ကျော်လွှားရန် လိုအပ်လေသည်။
တစ်ခုက ရုပ်ခန္ဓာကပ်ဘေးဖြစ်ပြီး နောက်တစ်ခုက စိတ်ဝိညာဉ်ကပ်ဘေးဖြစ်၏။ ၎င်းက စိတ်နှလုံးနတ်ဆိုးကပ်ဘေးနှင့် အတူတူပင်ဖြစ်သည်။ အင်မော်တယ်ကျင့်ကြံသူတစ်ယောက်အတွက် အခက်ခဲဆုံးမှာ ရုပ်ခန္ဓာကပ်ဘေးဖြစ်၏။
အင်မော်တယ်ကျင့်ကြံသူများ၏ နည်းလမ်းအများစုမှာ ရုပ်ခန္ဓာကို အာရုံမစိုက်ကြပေ။ ရုပ်ခန္ဓာကပ်ဘေးအတွင်း ခန္ဓာကိုယ်ပျက်ဆီးခြင်းနှင့် ကြုံတွေ့ရသောအခါ ခုခံနိုင်စွမ်းမရှိသလောက်ပင် ဖြစ်၏။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားခဲ့သော အစစ်အမှန်အင်မော်တယ်တစ်ယောက်က ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်အဆင့်နှင့် ဝေးကွာသေးသော်လည်း သူတို့၏ စိတ်ဝိညာဉ်က ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်သက်တမ်းက သိသိသာသာ တိုးလာမည်ဖြစ်သည်။
ထို့အပြင် အစစ်အမှန်အင်မော်တယ်တစ်ယောက်က ခန္ဓာတစ်ခုကို အလွယ်တကူ သိမ်းပိုက်နိုင်လေသည်။ စိတ်ဝိညာဉ်သက်တမ်းမကုန်သရွေ့ သူတို့ကို နတ်ဘုရားဟုပင် ခေါ်ရပေလိမ့်မည်။
" လျို့ဝှက်ထားဖို့မလိုဘူး။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဘာလို့လျို့ဝှက်ထားရမှာလဲ။ ယခု လင်းယွမ်၏ ခွန်အားက အပြည့်အဝ ပြန်ရလာသည့်အပြင် ပို၍ပင် တိုးတက်လာပြီး အင်မော်တယ်ဘုရင်များထဲတွင် အင်အားကြီးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသော အထွတ်အထိပ် အင်မော်တယ်ဘုရင်အောင် နိမ့်ကျမည်မဟုတ်ပေ။ ထို့ကြောင့် လျို့ဝှက်ထားရန် မလိုအပ်ပေ။
" ဟုတ်ကဲ့ " လီချင်းက ပြန်ဖြေလိုက်သည်။
လီချင်းက ခဏစကားပြောပြီးနောက် လင်းယွမ်က တောင့်တောင့်ကြီးရပ်နေသော ရှန်ယန်နှင့် နင်ယွင်တို့ကို ကြည့်လိုက်သည်။ သူတို့က သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ သတ္တမအလွှာသို့ ရောက်နိုင်ခဲ့သောကြောင့် ပါရမီရှင်များဟု ခေါ်ထိုက်ပေသည်။
" မင်းတို့က အရင် ငါ့ရဲ့ လမ်းညွှန်မှုကို မရခဲ့ဘူးဆိုတော့ သိပ်မလွယ်လောက်ဘူး။ ဒီထဲမှာ ငါ့ရဲ့ သတ္တမအလွှာအပေါ် နားလည်ထားတာတွေပါတယ်။ မင်းတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး အဖြူရောင်ကျောက်စိမ်းပြားနှစ်ခုက သူတို့နှစ်ယောက်ရှေတွင် ပေါ်လာသည်။
သူတို့နှစ်ယောက်က သတ္တမအလွှာ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းခြင်းမရှိသေးပေ။ သတ္တမအလွှာသို့ ရောက်နေပြီဖြစ်သော်လည်း လင်းယွမ်ကတော့ မှားယွင်းသောလမ်းကြောင်းဟု ယူဆလေသည်။ သူတို့တွင် ပြန်လည်ပြင်ဆင်ရန် အခွင့်အရေးရှိနေသေးသည်။
" မင်းကတော့..." လင်းယွမ်က လီချင်းကို ကြည့်လိုက်သည်။
လီချင်းက သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး သူမ၏ အခြေခံကို ပြန်လည်ပြုပြင်ခြင်းက ရိုးရှင်းသော ကိစ္စမဟုတ်ပေ။
သို့သော် လင်းယွမ်က အတွေးရှိပြီးသား ဖြစ်၏။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် လီချင်း၏ ခန္ဓာကိုယ်ကို လေ့လာပြီး သူမ၏ ကျင့်ကြံခြင်းကို ပြန်လည်ပုံဖော်ရန် သင့်လျော်သော နည်းလမ်းကို ဖန်တီးနိုင်ခဲ့သည်။
" ကျေးဇူးတင်ပါတယ် ဆရာ " လီချင်းက အလွန်ကျေးဇူးတင်သွားသည်။
သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်ပြီးနောက် သူမက ရှေ့တွင် လမ်းမရှိကြောင်း မရေမရာခံစားခဲ့ရသည်။ မမျှော်လင့်ထားသော အဖြစ်အပျက်မရှိလျှင် သူမက ထိုအဆင့်တွင် ရပ်တန့်သွားပေလိမ့်မည်။
လီချင်းက သတ္တမအလွှာသို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ကံကောင်းမှုကြောင့်သာမက လင်းယွမ်ချန်ခဲ့သော လမ်းညွှန်မှုကြောင့်လည်း ဖြစ်သည်။