← Chapters

ထိုက်ကျိစကြာဝဠာစွမ်းအား...

Vol. 25 Ch. 377

ထိုက်ကျိစကြာဝဠာစွမ်းအား...

Vol. 25 Ch. 377

နင်ယွင်နှင့် ရှန်ယန်တို့က စိတ်လှုပ်ရှားစွာဖြင့် သိုင်းဘုရားကျောင်းခန်းမမှ ထွက်လာကြသည်။ သိုင်းဘိုးဘေး သူတို့က ယနေ့ ဒဏ္ဍာရီထဲမှ သိုင်းဘိုးဘေးနှင့် တွေ့ခဲ့ရလေသည်။ ထို့အပြင် သိုင်းဘိုးဘေး၏ ခွန်အားက အနည်းဆုံး ကပ်ဘေးကျော်လွှားခြင်းအဆင့်ကို ခြေလှမ်းတစ်ဝက်ရောက်နေသော ကန်ချင်းအင်မော်တယ်ထက် ပို၍ သန်မာလေသည်။

" ငါတို့ သိုင်းတာအိုကလည်း အဲ့လိုစွမ်းအားကြီးသူတွေ မွေးထုတ်ပေးနိုင်တော့မှာလား။ " ရှန်ယန်ကလည်း စိတ်ဓာတ်တက်ကြွနေပြီး နင်ယွင်နှင့်အတူ ပြန်လာခဲ့သည်။

သိုင်းဘိုးဘေး၏ တည်ရှိမှုက သိုင်းတာအိုမှာ လမ်းပိတ်နေခြင်းမဟုတ်ဘဲ အင်မော်တယ်လမ်းစဉ်ကဲ့သို့ ကောင်းကင်ကို သွားရာလမ်းဖြစ်ကြောင်း နားလည်ခဲ့ကြသည်။

" ဟုတ်သားပဲ။ သိုင်းဘိုးဘေးက ကျောက်စိမ်းပြားရှိသေးတယ်။ " နင်ယွင်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။

သိုင်းဘုရားကျောင်းခန်းမတွင် သိုင်းဘိုးဘေးက သူတို့နှစ်ယောက်ကို ကျောက်စိမ်းပြားတစ်ခုစီ ပေးခဲ့လေသည်။ သူတို့၏ ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်မည်ဟုလည်း ပြောခဲ့လေသည်။

" ဟုတ်တယ်။ " ရှန်ယန်ကလည်း ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်းပြားက သာမန်သာဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်နှင့် အခြေတည်အဆင့် ကျင့်ကြံသူများ အသုံးပြုသော အရာနှင့် မခြားပေ။ သို့သော် သတ္တမအလွှာ ကျင့်ကြံသူရှန်ယန်က ၎င်းကို နတ်ဘုရားရတနာတစ်ခုကဲ့သို့ ကြည့်နေလေသည်။

နောက်ဆုံးတွင် ရှန်ယန်နှင့် နင်ယွင်တို့က တစ်ပြိုင်နက် ဖတ်ရှုလိုက်ကြသည်။ သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး စိတ်ထဲမှ တုန်လှုပ်သွားကြသည်။

ဒါက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ရဲ့ သတ္တမအလွှာလား။ သတ္တမအလွှာကို ဒီလိုလည်း ကျင့်ကြံနိုင်လား။

ကျောက်စိမ်းပြားထဲမျိ အကြောင်းအရာများက မများသော်လည်း သတ္တမအလွှာ ကျင့်ကြံသူနှစ်ယောက်ကတော့ တစ်နေကုန် ဖတ်နေကြသည်။ သူတို့က စကားလုံးတိုင်းကို ဆင်ခြင်ပြီး စဉ်းစားတိုင်း မတူညီသည့် အဓိပ္ပါယ်များကို ရှာတွေ့ခဲ့ကြသည်။

တစ်ရက်အကြာတွင် ရှန်ယန်က သတိဝင်လာပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ကာ ရေရွတ်လိုက်သည်။ " ငါတို့ရဲ့ သိုင်းတာအိုကလည်း ကောင်းကင်ကို သွားရာလမ်းကြောင်းပဲ။ "

နင်ယွင်ကလည်း စိတ်လှုပ်ရှားနေပြီး မျက်လုံးများ တောက်ပနေသည်။ " သိုင်းဘိုးဘေးက တကယ်နတ်ဘုရားတစ်ပါးပဲ။ ဘာမှမရှိတဲ့အခြေအနေကနေ သိုင်းတာအိုကို ဖန်တီးခဲ့ပြီး အခုလည်း သတ္တမအလွှာကဏ္ဍအကြောင်း အများကြီး ရှင်းပြနိုင်တယ်။ "

သူတို့နှစ်ယောက်က အချင်းချင်း ကြည့်၍ မတ်တပ်ရပ်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်ကာ သိုင်းဘုရားကျောင်းခန်းမဘက်သို့ လှည့်ပြီး သုံးကြိမ် ရိုသေစွာဦးညွှတ်လိုက်ကြသည်။

သိုင်းဘုရားကျောင်းခန်းမထဲတွင် လင်းယွမ်က ထိုင်ပြီး အတွေးနက်နေသည်။ သတ္တမအလွှာ သုံးယောက်ကို လမ်းညွှန်ပေးခြင်းက သူ့အတွက် အသေးအဖွဲ့ကိစ္စသာဖြစ်ပြီး ယခု သူက အခြားကိစ္စတစ်ခုကို စဉ်းစားနေသည်။

" ဟွမ်းလုံနန်းတော်..." လင်းယွမ်က ရေရွတ်လိုက်သည်။

ကျိုးကျန်းနယ်မြေမှ တာအိုပေါင်းစည်းခြင်းအဆင့် အင်အားစုတစ်ခု ဖြစ်သော ဟွမ်းလုံနန်းတော်က တာအိုအင်မော်တယ်ဂိုဏ်းနှင့် နှစ်ပေါင်းသောင်းချီကြာအောင် စစ်ပွဲဆင်နွှဲနေခဲ့ကြသည်။

သူတို့က ကောင်းကင်ရေ အနှစ်သာရအတွက် တိုက်ခိုက်နေကြပြီး နှစ်ရာအနည်းငယ်မှ နှစ်တစ်ထောင်လျှင် တစ်ကြိမ် စစ်ပွဲဆင်နွှဲကြသည်။ စစ်ပွဲတွင် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ် ဆယ်ယောက်နီးပါး တိုက်ပွဲဝင့်ကပြီး လီချင်းနှင့် အခြားနှစ်ယောက်တို့ကလည်း ထိုစစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။

ကျွင်းတုန်ကျင်းက စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လာချိန်တွင် ဟွမ်းလုံနန်းတော်မှ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ် နဂါးရှေးဟောင်းသူတော်စင်ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ထိုဒဏ်ရာကြောင့်သာ မဟုတ်လျှင် ကျွင်းတုန်ကျင်းက တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရှိလေသည်။ ၎င်းက ဖြစ်နိုင်ချေတစ်ခုသာဖြစ်ပြီး သူက အဆင့်တက်ရာတွင် ကျရှုံးရန် ကံပါပြီးသွားလည်း ဖြစ်နိုင်လေသည်။

စိတ်ဝိညာဉ်ကမ္ဘာ၏ အထက်တွင် ကောင်းကင်ကိုးခုက အမြင့်မှ အနိမ့်သို့ ရှိနေသည်။ ကောင်းကင်ဘုံတိုင်းတွင် မဟာတာအို၏ မူလနိယာမ၏ ထင်ရှားမှု သို့မဟုတ် ကမ္ဘာအနှစ်သာရနှင့် ဆက်စပ်နေသော အံ့ဩဖွယ်ရာများ ရှိနေသည်။

စတုတ္ထကောင်းကင်ဘုံ။

နေတစ်စင်းကဲ့သို့ တောက်ပနေသော ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေသည်။ ထိုပုံရိပ်က လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။

" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို စတုတ္ထကောင်းကင်ဘုံထိပဲ ရောက်နိုင်လိမ့်မယ်။ ပဉ္စမကောင်းကင်ဘုံကတော့..."

လင်းယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မည်းမှောင်သော တိမ်တိုက်များ ထူထပ်စွာ စုဝေးနေပြီး ခရမ်းရောင်လျှပ်စီးများ ရောယှက်နေသည်ကို တွေ့လိုက်ရသည်။

ပဉ္စမကောင်းကင်ဘုံသို့ ဝင်ရောက်ရန် ကိုးဆလျှပ်စီးကပ်ဘေးကို ကျော်လွှားရမည်ဖြစ်သည်။ ၎င်းက တာအိုပေါင်းစည်းခြင်းအဆင့်မှ ကပ်ဘေးကျော်လွှားခြင်းအဆင့်ကို တက်လှမ်းသော ရုပ်ခန္ဓာကပ်ဘေးထက် များစွာ ပိုကြောက်စရာကောင်းလေသည်။

တာအိုပေါင်းစည်းခြင်း အစစ်အမှန်အင်မော်တယ်များက ပထမနှင့် ဒုတိယကောင်းကင်ဘုံများတွင်သာ လှည့်လည်သွားလာကြလေသည်။ တတိယကောင်းကင်ဘုံကို သူတို့က ဝင်နိုင်ခြင်းမရှိဘဲ စတုတ္ထကောင်းကင်ဘုံက ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များ၏ နယ်မြေဖြစ်လေသည်။

ပဉ္စမကောင်းကင်ဘုံအတွက် အင်မော်တယ်ဘုရင်များထဲတွင် အစွမ်းထက်သူများသာ ကိုးဆလျှပ်စီးကပ်ဘေးကို ခုခံပြီး ဝင်ရောက်နိုင်ပေလိမ့်မည်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က နောက်ဆုံးတွင် မူလစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်ပြီး မူလခန္ဓာကိုယ်ထက် အားနည်းလေသည်။ ထိုက်ယင်နှင့် ထိုက်ယန်တို့ ပေါင်းစပ်ပြီး ထိုက်ကျိမူလစိတ်ဝိညာဉ်သာမဟုတ်လျှင် ကိုးဆလျှပ်စီးကပ်ဘေးကို ဖြတ်ကျော်ခြင်းက မူလစိတ်ဝိညာဉ်ကို ပျက်ဆီးစေခြင်းသာ ရှိပေလိမ့်မည်။

" နည်းနည်း ထပ်စောင့်ရမယ်။ ငါ့ရဲ့ ထိုက်ယင်နိယာမနဲ့ ထိုက်ယန်နိယာမတို့ ပေါင်းစပ်တာ ပြီးခါနီးနေပြီ။ အချိန်ကျရင် ငါ့ မူလစိတ်ဝိညာဉ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း သိသိသာသာ မြင့်တက်လာလိမ့်မယ်။ "

လင််းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ အတွင်းကမ္ဘာကို ပြန်လည်ဖန်တီးချိန်တွင် ထိုက်ယင်နိယာမက ထိုက်ယန်နိယာမနှင့် ပေါင်းစပ်သွားပြီး အတွင်းကမ္ဘာ၏ ကောင်းကင်တွင် စွမ်းအားလုံးတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ ထိုပြောင်းလဲမှုပြီးဆုံးသည်နှင့် ထိုက်ယင်နှင် ထိုက်ယန်နိယာမတို့က မယုံနိုင်စရာပြောင်းလဲမှုတစ်ခု ကြုံတွေ့ရလိမ့်မည်ဟု လင်းယွမ်က ခံစားနေရသည်။

ဂူအတွင်း၌ လင်းယွမ်က ကျင့်ကြံနေခဲ့သည်။ ထိုအချိန်တွင် သူက ဖြည်းညင်းစွာ မျက်လုံးများ ဖွင့်လိုက်သည်။

ဝှစ်...

အတွင်းကမ္ဘာထဲတွင် လင်းယွမ်က ပေါ်လာသည်။

သူက ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများ ပေါင်းစည်းနေသော အလင်းလုံးကို ကြည့်လိုက်သည်။ အလင်းလုံးထဲမှ ပြောင်းလဲမှုက နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်သည်။

ခရက်....

လင်းယွမ်က ရုတ်တရက် ကွဲအက်သံတစ်ခုကို ကြားလိုက်ရသည်။ ကောင်းကင်မှ အလင်းလုံးက စတင်ကွဲအက်လာသည်။

ဝုန်း....

စွမ်းအားအသစ်များ သို့မဟုတ် နိယာမများ၏ အမျှင်များက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုစွမ်းအားက အဖြူနှင့်အနက်ပင် ဖြစ်သည်။

၎င်းက လုံးဝ ပေါင်းစပ်သွားခြင်းဖြစ်သည်။ ယခင်ကဲ့သို့ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားတို့ ပေါင်းစည်းခြင်းမဟုတ်တော့ဘဲ မူလကတည်းက တည်ရှိနေသော စွမ်းအားအသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်နှင့်ယန်စွမ်းအားများက ပြည့်စုံသော ထိုက်ကျိစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး အတွင်းကမ္ဘာနှင့် ပေါင်းစပ်သွားသည်။

" ဒါက..." လင်းယွမ်၏ စိတ်အသိက လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။

သူ၏ ညာလက်ကို မြှောက်လိုက်ရာ သန့်စင်သော ယင်ယန်စွမ်းအားများက အိပ်မက်ဆန်သော အလင်းရောင်ကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ ဖုံးလွှမ်းသွားသည်။

ထိုအချိန်တွင် လင်းယွမ်က လုံးဝ ထိန်းချုပ်နိုင်စွမ်းကို ခံစားလိုက်ရသည်။ သူ၏ အာရုံအတွင်း အရာအားလုံးကို သူက ထိန်းချုပ်နိုင်လေသည်။

" ဒီခံစားချက်.... ဒါက အဋ္ဌမအလွှာ တားဆီးမရသူတွေရဲ့ စကြာဝဠာစွမ်းအားနဲ့ တူညီလောက်လား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွား၏။

မူလကမ္ဘာတွင် အဋ္ဌမအလွှာ တားဆီးမရသူများ၏ ​စကြာဝဠာစွမ်းအားကို အတုယူ၍ မရသော်လည်း မှတ်တမ်းတင်ထားသော အင်္ဂါရပ်တစ်ချို့တော့ ရှိလေသည်။ အဋ္ဌမအလွှာ တားဆီးမရသူများ နားလည်သော စကြာဝဠာစွမ်းအားများတွင် တူညီသော အချက်တစ်ချက် ရှိသည်။ ၎င်းက ထိန်းချုပ်မှုဖြစ်သည်။ လုံးဝထိန်းချုပ်မှုဖြစ်၏။

" ထိုက်ယင်နဲ့ ထိုက်ယန်ကို ထိုက်ကျိအဖြစ် ပေါင်းစပ်လိုက်တာက စကြာဝဠာစွမ်းအား တစ်မျိုးမျိုး ဖြစ်ပေါ်လာတာလား။ " လင်းယွမ်က ကျေနပ်သွားသည်။

သူက မိုင် ၂၆သန်း ကျယ်ဝန်းသော အတွင်းကမ္ဘာကို အားမကိုးဘဲ နတ်ဘုရားစွမ်းရည်များနှင့် လျို့ဝှက်နည်းစနစ်များကို အသုံးမပြုလျှင်တောင် အဋ္ဌမအလွှာ တာဆီးမရသူများနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ အကြောင်းမှာ သူက အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ဟု ပြောနိုင်နေပြီဖြစ်သည်။

" မူလကမ္ဘာက မရေတွက်နိုင်တဲ့ အဋ္ဌမအလွှာတွေ လိုချင်တောင့်တနေတဲ့ စကြာဝဠာစွမ်းအားက ငါ တတိယအလွှာနဲ့ စတုတ္ထအလွှာမှာ အဲ့ဒါရဲ့ အခြေခံကို ဆုပ်ကိုင်နိုင်ခဲ့မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " လင်းယွမ်က စိတ်လှုပ်ရှားနေသည်။

စကြာဝဠာစွမ်းအားက အဋ္ဌမအလွှာများအတွက် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက အနာဂတ်တွင် နဝမအလွှာ သို့မဟုတ် ပိုမြင့်သော အဆင့်ကို ရောက်ခဲ့လျှင် စကြာဝဠာစွမ်းအား၏ ပြောင်းလဲမှုက ပို၍ ကြီးမားလာမည်ဖြစ်သည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ရန် နှစ်သောင်းချီ သိန်းချီ ကြာနိုင်လေသည်။ သို့သော် အဋ္ဌမအလွှာတွင် နားလည်ထားသော စကြာဝဠာစွမ်းအားက တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သော်လည်း နဝမအလွှာကို ချိုးဖျက်ရာတွင် အကူအညီမပေးနိုင်ပေ။

All Chapters