← Chapters

ဟွမ်းလုံနန်းတော်....

Vol. 25 Ch. 379

ဟွမ်းလုံနန်းတော်....

Vol. 25 Ch. 379

ရွှမ်ဝမ်နယ်မြေ၊ တာအိုအင်မော်တယ်ဂိုဏ်း။

" ဘိုးဘေးလီက ဆက်သွယ်တာလား။ " မိန်းကလေးတစ်ယောက်က အခြားနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဘိုးဘေးလီ..."

" ဘိုးဘေးလီက အရေးကြီးတာမရှိရင် ဆက်သွယ်မှာမဟုတ်ဘူး။ " သူမက ပြောလိုက်သည်။

" မြန်မြန်စစ်ဆေးကြည့်။ ဟွမ်းလုံနန်းတော်နဲ့ စစ်ပွဲမှာ မထင်မှတ်တာ တစ်ခုခုဖြစ်လို့လား။ "

အခြားနှစ်ယောက်ကလည်း လေးနက်သွားကြသည်။ သူတို့သုံးယောက်က ကျွင်းရှောင်ယောင်၏ ထူးချွန်သော မျိုးဆက်များဖြစ်ကြသည်။ သူတို့က ကျွင်းဟိုင်ချို၊ ကျွင်းနန်းကုန်းနှင့် ကျွင်းယွင်ရှန်းတို့ဖြစ်ကြသည်။

စိတ်ဝိညာဉ်ကမ္ဘာ၏ တာအိုအင်မော်တယ်ဂိုဏ်းတွင် မုမိသားစုက အင်အားကြီးသော မျိုးနွယ်ဖြစ်ပြီး ကျွင်းတုန်ကျင်းတို့ တက်လှမ်းလာမှ ကျွင်းမိသားစုက ဖြစ်ပေါ်လာခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ကျွင်းမိသားစု၏ ကြိုးစားအားထုတ်မှုနှင့် လီချင်း၏ ထောက်ပံ့မှုတို့ကြောင့် ကျွင်းမိသားစုက တာအိုအင်မော်တယ်ဂိုဏ်းတွင် အခြေချနိုင်ခဲ့သည်။

" ဘိုးဘေးဝူကျိ ပြန်လာပြီလား။ " ကျွင်းနန်းကုန်း၏ အမူအရာက စိတ်လှုပ်ရှားနေသည်။

နှစ်ပေါင်းသောင်းချီကြာခဲ့သော်လည်း ကျွင်းမိသားစုက ဘိုးဘေးဝူကျိအား ရှာဖွေခြင်းကို လက်မလျှော့ခဲ့ကြပေ။ တာအိုအင်မော်တယ်ဂိုဏ်းပင် ရှာဖွေခဲ့သော်လည်း မည်သည့်သတင်းမှ မရခဲ့ပေ။

ကျွင်းမိသားစုမှ အကြီးအကဲများက ဘိုးဘေးဝူကျိမှာ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။ မဟုတ်လျှင် သူတို့က နှစ်ပေါင်းများစွာတိုင်အောင် ဘိုးဘေူဝူကျိ၏ အရိပ်အယောင်ကို မတွေ့ရမည် မဟုတ်ပေ။

" သွားကြစို့။ ဘိုးဘေးဝူကျိနဲ့ သွားတွေ့ရအောင်။ "

" ငါတို့ ဘိုးဘွားတွေ ငါတို့မိဘတွေ ငါတို့ ကျွင်းမိသားစုဝင်တွေရဲ့ ဆန္ဒတွေဟာ ငါတို့မျိုးဆက်မှာ အကောင်ထည်ပေါ်လာခဲ့ပြီ။ " ကျွင်းယွင်ရှန်းကလည်း စိတ်လှုပ်ရှားနေသည်။

" သိုင်းဘုရားကျောင်းက တပည့်တွေအများကြီးကို လက်ခံနေတာလား။ "

" လူသားမျိုးနွယ်က ဘယ်သူမဆို သိုင်းဘုရားကျောင်းကို ဝင်ရောက်နိုင်ပြီလား။ "

" သိုင်းဘုရားကျောင်းကို ဝင်တာနဲ့ သိုင်းတာအို ကျင့်ကြံခြင်းစနစ်ရဲ့ သင်ကြားမှုတွေကို ရနိုင်တာလား။ အင်မော်တယ်လမ်းစဉ်မှာရှိတဲ့သူတွေတောင် သိုင်းဘုရားကျောင်းကို ဝင်ခွင့်ရနိုင်တာလား။ "

ရှန်ယောင်မြို့ထဲတွင် သတင်းတစ်ခုက မုန်တိုင်းတစ်ခုလို ပျံ့နှံ့သွားခဲ့သည်။ ယခင် သိုင်းဘုရားကျောင်းက တပည့်လက်ခံသော နေရာတွင် အလွန်တင်ကြပ်ခဲ့သော်လည်း ယခု ထိုကန့်သတ်ချက်များကို လျှော့ချလိုက်ပြီဖြစ်သည်။

" မြန်မြန်..."

" သိုင်းတာအိုက အခမဲ့ သင်ကြားမှုတွေပေးနေတယ်။ "

" သိုင်းတာအိုရဲ့ သတ္တမအလွှာက အင်မော်တယ်လမ်းစဉ်ရဲ့ အစစ်အမှန်အင်မော်တယ်အောင် မနိမ့်ဘူးလို့ကြားတယ်။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်မှာ ထူးခြားတဲ့ အဓိပ္ပါယ်တွေ ရှိရမယ်။ "

သိုင်းဘုရားကျောင်း၏ အပြင်ဘက်တွင် လူများစွာက တန်းစီနေကြသည်။

" သိုင်းဘုရားကျောင်းက ဘာလို့ ဒီလိုလုပ်တာလဲ။ "

" သိုင်းဘုရားကျောင်းရဲ့ ဘိုးဘေးသုံးယောက်က မကြာသေးခင်က ပြန်လာခဲ့တာမဟုတ်လား။ ဒါ သူတို့ရဲ့ အကြံများလား။ "

" ငါတော့အဲ့လိုမထင်ဘူး။ အရင်လည်း ဘိုးဘေးသုံးယောက်ရှိနေတာပဲ။ သိုင်းဘုရားကျောင်းရဲ့ စည်းကမ်းတွေက မပြောင်းလဲပါဘူး။ "

" အခုလို ရုတ်တရက် လျှော့ပေါ့ပေးလိုက်တာက အခြားအကြောင်းရင်း ရှိလောက်တယ်။ "

" ဘယ်သူဂရုစိုက်လို့လဲ။ သိုင်းတာအိုက သင်ကြားမှုတွေ ပေးနေသရွေ့ ငါတို့မှာ ဘာဆုံးရှုံးမှုမှ မရှိဘူ။ "

သိုင်းဘုရားကျောင်းထဲတွင် လင်းယွမ်က အဓိကနေရာတွင် ထိုင်ပြီး ရှန်ယောင်တစ်မြို့လုံးကို ကြည့်နေသည်။

" ဆရာ သိုင်းတာအိုရဲ့ သင်ကြားမှုတွေကို ဒီလို မျှဝေလိုက်တာ တကယ်အဆင်ပြေပါ့မလား။ " လီချင်းက တစ်ဘက်တွင် ရပ်ပြီး ရိုသေစွာ မေးလိုက်သည်။

" အဆင်ပြေတယ်။ " လင်းယွမ်က သာမန်အတိုင်း ပြန်ဖြေလိုက်၏။

သူက ဤကမ္ဘာတွင်လည်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ချင်လေသည်။ သေးငယ်သော သိုင်းဘုရားကျောင်းလေးကိုသာ အားကိုးနေလျှင် နှစ်သန်းပေါင်းများစွာ ကြာပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က သိုင်းတာအို၏ သင်ကြားမှုတွေကို ဖြန့်ဝေရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

သိုင်းဘုရားကျောင်းက ဖြန့်ဝေလိုက်သော သင်ကြားမှုများက အချိန်တိုအတွင်း ခွန်အားတိုးတက်စေရန် လင်းယွမ်က ပြုပြင်ထားခဲ့သည်။

အဆင့်နိမ့်ကျင့်ကြံသူများအတွက် သိုင်းတာအိုဖြစ်စေ အင်မော်တယ်လမ်းစဉ်ဖြစ်စေ အခြားကျင့်ကြံခြင်းစနစ်ဖြစ်စေ အရေးကြီးဆုံးအချက်မှာ ရေတိုထိရောက်မှုဖြစ်သည်။

သိုင်းတာအို၏ သင်ကြားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလိုက်ခြင်းက လူကောင်းလူဆိုး ရောနှောနေနိုင်ပြီး သိုင်းဘုရားကျောင်းအပေါ် သစ္စာရှိမှု လျှော့နည်းသွားမည်ဖြစ်သော်လည်း လင်းယွမ်က ဂရုမစိုက်ပေ။

မည်သည့်ကမ္ဘာတွင်ဖြစ်စေ သူ၏ သိုင်းတာအိုကို ကျင့်ကြံသူတိုင်းသည် မည်သည့်အတွေးများရှိသည်ဖြစ်စေ သူ၏ အနာဂတ် အန္တိမအသိအမြင်အတွက် အားဖြည့်စရာသာ ဖြစ်သည်။

ကျိုးကျန်းနယ်မြေ၊ ဟွမ်းလုံနန်းတော်။

တာအိုပေါင်းစည်းခြင်းအဆင့် အင်အားစုတစ်ခုအနေဖြင့် ဟွမ်းလုံနန်းတော်က တာအိုအင်မော်တယ်ဂိုဏ်းထက် နိမ့်ကျခြင်းမရှိသည့်အပြင် နဂါးမျိုးနွယ်ဝင်များလည်း ဖြစ်သည်။

ဟွမ်းလုံနန်းတော်မှ အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားက တာအိုအင်မော်တယ်ဂိုဏ်းထက်ပင် အားကောင်းလေသည်။

ဟွမ်းလုံခန်းမ။

လူဆယ်ယောက်ကျော်က ထိုနေရာတွင် စုဝေးနေကြသည်။ ဟွမ်းလုံနန်းတော်က လူသားမျိုးနွယ်အင်အားစုမဟုတ်ဘဲ နဂါးမျိုးနွယ်ဖြစ်ပြီး ကျိုးကျန်းနယ်မြေက သူတို့၏ ပိုင်နက်ပင်ဖြစ်သည်။

" အားလုံးပဲ ငါတို့နန်းတော်က တာအိုအင်မော်တယ်ဂိုဏ်းနဲ့ နောက်တစ်ကြိမ် စစ်ပွဲစတင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲ့ဒီကောင်းကင်ရေအနှစ်သာရကို ငါတို့ ဟွမ်းလုံနန်းတော်က ပိုင်ဆိုင်ရမယ်။ " ဟွမ်းလုံနန်းတော်သခင်မက သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမကလည်း အစွမ်းထက်သော နဂါးတစ်ကောင်ဖြစ်လေသည်။

သူမ၏ သွေးမျိုးဆက်က အစစ်အမှန်စိတ်ဝိညာဉ်အဆင့်ကို မရောက်သေးသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ တာအိုပေါင်းစည်းခြင်းအဆင့်တွင် ပြိုင်ဘက်မရှိသလောက်ပင် ဖြစ်သည်။

" ကောင်းကင်ရေအနှစ်သာရက ငါတို့ နဂါးမျိုးနွယ်ရဲ့ ရတနာဖြစ်ပြီး တာအိုအင်မော်တယ်ဂိုဏ်းက အတင်းအဓမ္မ သိမ်းယူခဲ့တာပဲ။ အခု ငါတို့ အဲ့ဒါကို ပြန်ယူရမယ်။ "

" နန်းတော်သခင်မ ကျုပ်လည်း ဒီအဆုံးအဖြတ်တိုက်ပွဲမှာ ပါဝင်မယ်။ ကျုပ်က တာအိုအင်မော်တယ်ဂိုဏ်းရဲ့ အစစ်အမှန်အင်မော်တယ်တွေကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ " စိတ်အားထက်သန်သော အသံတစ်သံက ထွက်ပေါ်လာသည်။

" ရွှမ်ဝမ်နန်းတော်သာမရှိရင် တာအိုအင်မော်တယ်ဂိုဏ်းက ကျွန်တော်တို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ " နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။

အဆုံးအဖြတ်စစ်ပွဲက ဟွမ်းလုံနန်းတော်နှင့် တာအိုအင်မော်တယ်ဂိုဏ်းကြား အသက်ချင်းလဲသော စစ်ပွဲဖြစ်သည်။ အစစ်အမှန်အင်မော်တယ်တိုင်းက စစ်ပွဲတွင် ပါဝင်ကြမည်ဖြစ်ပြီး မည်သည့်အင်အားစုမှ သနားညှာတာမှုကို ပြသမည်မဟုတ်ပေ။

အဆုံးအဖြတ်စစ်ပွဲများက နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်းတိုင်အောင် ဖြစ်ပွားခြင်းမရှိပေ။ အကြောင်းမှာ မည်သူနိုင်သည်ဖြစ်စေ နှစ်ဖက်လုံးက ဆုံးရှုံးမှုကြီးမားသောကြောင့် ဖြစ်သည်။

" ဟမ့် ရွှမ်ဝမ်နန်းတော်လား။ " ဟွမ်းလုံနန်းတော်သခင်မက နှာခေါင်းရှုံ့လိုက်သည်။

ယခင် စစ်ပွဲများတွင် ရွှမ်ဝမ်နန်းတော်၏ နှောက်ယှက်မှုကြောင့် သူမက တာအိုအင်မော်တယ်ဂိုဏ်းကို ချေမှုန်းနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ယခင ဟွမ်းလုံနန်းတော်သခင်မက ရုပ်ခန္ဓာကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ မြင့်တက်လာခဲ့သည်။ သာမန် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များက သူမ၏ အာရုံစိုက်မှုပင် မခံရပေ။

ရုပ်ခန္ဓာကပ်ဘေးကို မကျော်လွှားခင်ကတောင် သူမ၏ အစစ်အမှန်နဂါးသွေးမျိုးဆက်နှင့် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်တစ်ယောက်နှင့် တိုက်ခိုက်နိုင်ခေသည်။

ယခု သူမက အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်ကို ရောက်နေပြီဖြစ်သောကြောင့် သူမကို ယှဉ်နိုင်ရန် သူတို့သုံးလေးယောက်လိုပေလိမ့်မည်။

ကောင်းကင်ရေအနှစ်သာရက နဂါးမျိုးနွယ်ဝင်များ နဂါးအဖြစ် ပြောင်းလဲရာတွင် ထင်ရှားသော သက်ရောက်မှုရှိလေသည်။ ဟွမ်းလုံနန်းတော်သာ ကောင်းကင်ရေအနှစ်သာရကို ရယူနိုင်ခဲ့လျှင် သူတို့၏ စွမ်းအားက နှစ်တစ်သောင်းအတွင်း အဆင့်သစ်တစ်ခုသို့ ရောက်သွားပေလိမ့်မည်။

ဟွမ်းလုံနန်းတော်သခင်မက စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားရာတွင်လည်း များစွာ အထောက်အကူပြုပေလိမ့်မည်။

ပုံမှန်အားဖြင့် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်တစ်ယောက်က ရုပ်ခန္ဓာကပ်ဘေးထက် စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်လွှားနိုင်ရန် အခွင့်အရေးပိုများလေသည်။

သို့သော် နဂါးမျိုးနွယ်ဝင်ဖြစ်သည့်အတွက် ဟွမ်းလုံနန်းတော်သခင်မက မွေးရာပါရုပ်ခန္ဓာသန်မာသောကြောင့် ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားရာတွင် ပို၍ လွယ်ကူခဲ့သည်။ စိတ်ဝိညာဉ်ကပ်ဘေးကို ရင်ဆိုင်ရတွင် ပို၍ ဂရုစိုက်ရန် လိုအပ်လေသည်။

တာအိုအင်မော်တယ်ဂိုဏ်း။

ကန်ချင်းအင်မော်တယ်က အမြင့်တွင် ထိုင်နေသည်။

" ဟွမ်းလုံနန်းတော်က ဘာတွေကြံစည်နေတာလဲ။ " ကန်ချင်းအင်မော်တယ်က မျက်မှောင်ကြုတ်နေသည်။

စစ်မြေပြင်မှ သတင်းများအရ ဟွမ်းလုံနန်းတော်၏ အစစ်အမှန်အင်မော်တယ်အဆင့် အင်အားစုများက စစ်မြေပြင်သို့ စတင်စုစည်းလာကြောင်း သတင်းရခဲ့သည်။

" သူတို့က နောက်ထပ် အဆုံးအဖြတ်တိုက်ပွဲဖြစ်ဖို့ စဉ်းစားနေတာလား။ " ကန်ချင်းအင်မော်တယ်က ခေါင်းကိုက်လာသည်။

ရွှမ်ဝမ်နန်းတော်၏ ပံ့ပိုးမှုရှိနေသော်လည်း ဟွမ်းလုံနန်းတော်နှင့် အကြိမ်ကြိမ် တိုက်ခိုက်နေရသောကြောင့် တာအိုအင်မော်တယ်ဂိုဏ်းက တဖြည်းဖြည်း အားနည်းလာသည်။

ရွှမ်ဝမ်နန်းတော်က ရွှမ်ဝမ်နယ်မြေတွင် အင်အားအကြီးဆုံးဖြစ်ပြီး အခြားအင်အားစုတစ်ခုနှင့် တာအိုအင်မော်တယ်ဂိုဏ်းတို့က နောက်တွင် ရပ်တည်နေကြသည်။

" ကောင်းကင်ရေအနှစ်သာရ..." ကန်ချင်းအင်မော်တယ်က တာအိုအင်မော်တယ်ဂိုဏ်းနှင့် ဟွမ်းလုံနန်းတော်တို့ကြား အဆုံးမရှိသော စစ်ပွဲများ၏ ရင်းမြစ်ကို တွေးမိလိုက်သည်။

ကောင်းကင်ရေအနှစ်သာရက လူသားမျိုးနွယ်အတွက် များစွာအသုံးဝင်ခြင်းမရှိပေ။ သို့သော် အသုံးမဝင်သော်လည်း ဟွမ်းလုံနန်းတော်၏ လက်ထဲသို့ ရောက်သွား၍ မရပေ။

ဟွမ်းလုံနန်းတော်က ကောင်းကင်ရေအနှစ်သာရကို ရရှိသွားသည်နှင့် သူတို့၏ စွမ်းအားက နှစ်တစ်သောင်းအတွင်း မြင့်တက်လာပြီး ရွှမ်ဝမ်နယ်မြေကို ကျော်လွန်၍ နယ်မြေများစွာတွင် အစွမ်းထက်ဆုံး အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် တာအိုအင်မော်တယ်ဂိုဏ်းက ဟွမ်းလုံနန်းတော်ကို လုံးဝယှဉ်နိုင်တော့မည်မဟုတ်ပေ။

All Chapters