← Chapters

ဟွမ်းလုံနန်းတော်ကို တိုက်ခိုက်ခြင်း....

Vol. 25 Ch. 382

ဟွမ်းလုံနန်းတော်ကို တိုက်ခိုက်ခြင်း....

Vol. 25 Ch. 382

" နှစ်ဆယ်ရာခိုင်နှုန်း..." နန်းတော်သခင်မက ပြောလိုက်သည်။

" နှစ်ဆယ်ရာခိုင်နှုန်းက နည်းတယ်။ " ဦးချိုင်တစ်ချောင်းနှင့်လူက ပြောလိုက်သည်။

နှစ်ဖက်လုံးက ကောင်းကင်ရေအနှစ်သာရကို ခွဲဝေရန် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ဟွမ်းလုံနန်းတော်က ခြောက်ဆယ်ရာခိုင်နှုန်းနှင့် ကောင်းကင်နဂါးအသိုက်က လေးဆယ်ရာခိုင်နှုန်း ယူရန် သဘောတူခဲ့ကြသည်။

" ကျုပ်တို့ အင်အားစုနှစ်ခု ပူးပေါင်းလိုက်ရင် တာအိုအင်မော်တယ်ဂိုဏ်းရော ရွှမ်ဝမ်နန်းတော်ရော ဘာမှမဟုတ်​တော့ဘူး။ " ဦးချိုနှင့်လူက ပြုံး၍ ပြောလိုက်သည်။

ဟွမ်းလုံနန်းတော်သခင်မကလည်း အနည်းငယ် ကျေနပ်နေသည်။ သူမက ကောင်းကင်ရေအနှစ်သာရ၏ လေးဆယ်ရာခိုင်နှုန်းကို ပေးလိုက်ရသော်လည်း ကောင်းကင်နဂါးအသိုက်၏ အကူအညီနှင့် ဟွမ်းလုံနန်းတော်က ပို၍ ယုံကြည်မှုရှိလာပြီဖြစ်သည်။

ဦးချိုတစ်ချောင်းနှင့်လူက ကောင်းကင်နဂါးအသိုက်သို့ ပြန်ရန်ပြင်နေစဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ဟွမ်းလုံနန်းတော်သခင်မကလည်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

သူတို့၏ အထက်မှ ကောင်းကင်က ရုတ်တရက် မှောင်မိုက်လာသည်ကို မြင်လိုက်ရသည်။ အမှန်တွင် ကောင်းကင်က မှောင်မိုက်လာခြင်းမဟုတ်ဘဲ အဖြူအနက် ရောယှက်နေသော လက်တစ်ဖက်က ဟွမ်းလုံနန်းတော်ကို ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။

" ငါတို့ ဟွမ်းလုံနန်းတော်မှာ ဘယ်သူက ဒီလောက်ရဲတင်းရဲတာလဲ။ "

အစစ်အမှန်အင်မော်တယ်အဆင့် နဂါးမျိုးနွယ်ဝင်များက ကောင်းကင်သို့ ပျံတက်သွားကြပြီး နေကို ပိတ်ဆို့ထားသော လက်ကြီးကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသည်။

သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများက လက်ကြီးပေါ်သို့ ကျရောက်သွားသော်လည်း လှိုင်းငယ်များပင် ဖြစ်ပေါ်ခြင်းမရှိပေ။

ဝုန်း ဝုန်း ဝုန်း....

ကြီးမားသော လက်ကြီးက ဖြည်းညင်းစွာ ကျဆင်းလာပြီး လက်ချောင်းများက ဖြည်းညင်းစွာ စုစည်းလာသည်။ ၎င်းက မိုင်ပေါင်းသိန်းချီရှိသော ဟွမ်းလုံနန်းတော်ကို မတင်တော့မည့်အလား ဖြစ်နေသည်။

ဟွမ်းလုံနန်းတော်သခင်မက ပေတစ်သောင်းကျော်ရှည်သော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးမျိုးဆက်စွမ်းအားများက ပတ်ဝန်းကျင်ကို ဖိနှိပ်ကာ လက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှာခဲ့သော နဂါးတစ်ကောင်အနေဖြင့် သူမ၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလွန်းလှသည်။

ထိုတိုက်ခိုက်မှုမျိုးကို ကန်ချင်းအင်မော်တယ်ပင် တိုက်ရိုက်ရင်ဆိုင်ရဲမည်မဟုတ်ဘဲ ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။ သို့သော် ဆင်းသက်လာသော လက်ကြီးကို ရင်ဆိုင်ချိန်တွင် ဟွမ်းလုံနန်းတော်သခင်မ၏ စွမ်းအားအပြည့် တိုက်ခိုက်မှုက သက်ရောက်မှုမရှိသကဲ့သို့ လက်ကြီး၏ ဆင်းသက်မှုကို နှောင့်နှေးစေခဲ့ခြင်းပင် မရှိခဲ့ပေ။

အဝေးမှ ကြည့်လျှင် ဟွမ်းလုံနန်းတော်က လက်ကြီး၏ ဆယ်ပုံတစ်ပုံပင် မရှိသည်ကို တွေ့ရပေလိမ့်မည်။ ဟွမ်းလုံနန်းတော်သခင်မက လက်ကြီးရှေ့တွင် ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

" မကောင်းတော့ဘူး။ " ဟွမ်းလုံနန်းတော်သခင်မ၏ အမူအရာက ပြောင်းလဲသွားပြီး လူအသွင်ဖြစ် ပြန်လည်ပြောင်းလဲကာ နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။

သူမ၏ စွမ်းအားအပြည့်အဝနှင့်ပင် လက်ကြီးကို လုံးဝ မလှုပ်ရှားစေနိုင်သောကြောင့် သူမအနေဖြင့် တားဆီးရန် အခွင့်အရေးမရှိသည်ကို သိလိုက်ရသည်။

ဝုန်း ဝုန်း ဝုန်း.....

ဟွမ်းလုံနန်းတော်သခင်မက လေဟာနယ်စွမ်းအားကို အသုံးပြုပြီး နေရာရွှေ့ပြောင်းရန် ကြိုးစားလိုက်သော်လည်း လက်ကြီး၏ နယ်ပယ်အတွင်း လေဟာနယ်က ခိုင်မာသွားပြီး နေရာရွှေ့ပြောင်းရန် မပြောနှင့် ပျံသန်းရန်ပင် ခက်ခဲသွားပြီဖြစ်သည်။

ဝှစ်....

ဟွမ်းလုံနန်းတော်သခင်မက ချက်ချင်း နန်းတော်ဆီသို့ ပြန်လည်ပျံသန်းသွားသည်။ သူမအတွက် နောက်ဆုံးရွေးချယ်စရာမှာ ကျိုးကျန်းနယ်မြေ၏ အဓိက ရေလမ်းကြောင်းနှင့် ချိတ်ဆက်နေသော နန်းတော်ကို အသုံးပြုပြီး လက်ကြီးကို ခုခံရုံသာရှိတော့သည်။

ကြီးမားသော လက်ကြီးက ဆက်လက်ဖမ်းဆုပ်လာပြီး ရေကြောများဖြင့် ဖွဲ့စည်းထားသော အတားအဆီးများက တစ်ခုပြီးတစ်ခု ကျိုးပျက်ကာ ခုခံနိုင်စွမ်းမရှိတော့ဘဲ ဟွမ်းလုံနန်းတော်တစ်ခုလုံးက နုတ်ယူခံလိုက်ရသည်။

ကောင်းကင်မှ ကြီးမားသော လက်ကြီးနှင့်အတူ ဟွမ်းလုံနန်းတော်က ပျောက်ကွယ်သွားသည်။ မိုင်ပေါင်းသိန်းချီကျယ်ဝန်းသော ချိုင့်ကြီးတစ်ခုသာ ကျန်နေခဲ့သည်။

ခဏအကြာတွင် ရွှေရောင်နဂါးဝတ်ရုံနှင့် လူတစ်ယောက်က ချိုင့်ဝှမ်း၏ အပြင်ဘက်တွင် ပေါ်လာသည်။ သူက မျက်လုံးများ ပြူးကျယ်နေပြီး အလွန်အံ့ဩနေသည်။

ဘာဖြစ်တာလဲ။ ဟွမ်းလုံနန်းတော်က ဘယ်လိုလုပ် ပျောက်ကွယ်သွားတာလဲ။

ရွှေရောင်ဝတ်ရုံနှင့်လူက ကောင်းကင်နဂါးအသိုက်မှ နဂါးသခင်ပင် ဖြစ်သည်။

ကောင်းကင်ကို ဖုံးအုပ်ထားသော လက်ကြီး၏ လက်ကျန်စွမ်းအားလှိုင်းများကို သူက ချက်ချင်း ခံစားမိခဲ့သည်။ သို့သော် သူ ပထမဆုံးရောက်လာချိန်တွင် သူ့ဘဝမှာ ဘယ်တော့မှ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ထိုမျှကြီးမားသော ဟွမ်းလုံနန်းတော်က ရုတ်တရက် ဘယ်လိုလုပ်ပျောက်သွားတာလဲ။ နဂါးသခင်က မယုံကြည်နိုင်ဖြစ်နေသည်။

ဟွမ်းလုံနန်းတော်က ရေလမ်းကြောင်းများဖြင့် ပေါင်းစည်းထားပြီး ဟွမ်းလုံနန်းတော်ကို တိုက်ခိုက်ခြင်းက ကျိုးကျန်းနယ်မြေ၏ အဓိကရေလမ်းကြောင်းကို တိုက်ခိုက်ခြင်းနှင့် တူလေသည်။

၎င်းကို တာအိုပေါင်းစည်းခြင်းအဆင့် မပြောနှင့် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်ပင် မလုပ်နိုင်ပေ။

" ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်..." နဂါးသခင်၏ အတွေးများက တုန်ယင်သွားသည်။ ၎င်းကို အင်မော်တယ်ဘုရင်တစ်ယောက်သာ လုပ်နိုင်လေသည်။

အင်မော်တယ်ဘုရင်အဆင့် လက်နက်များက ဟွမ်းလုံနန်းတော်ကို ထိခိုက်အောင် လုပ်နိုင်လျှင်တောင် ယခုကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားအောင်တော့ မလုပ်နိုင်ပေ။

" ဟွမ်းလုံနန်းတော်က အင်မော်တယ်ဘုရင်တစ်ယောက်ကို စော်ကားမိတာလား။ နဂါးသခင်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

အကြောင်းမှာ ကျိုးကျန်းနယ်မြေ၏ အသန်မာဆုံး အင်အားစုများထဲမှ တစ်ခုက အင်မော်တယ်ဘုရင်တစ်ယောက်ကို စော်ကားမိလျှင် ကျိုးကျန်းနယ်မြေတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်လား။ သို့မဟုတ် သူ၏ ကောင်းကင်နဂါးအသိုက်ကို ထိခိုက်စေနိုင်လား။

ထိုအင်မော်တယ်ဘုရင်က ဟွမ်းလုံနန်းတော်ကို ယခုကဲ့သို့ ပျောက်ကွယ်သွားအောင် လုပ်နိုင်သောကြောင့် သူ၏ ကောင်းကင်နဂါးအသိုက်ကလည်း ကွာခြားမည်မဟုတ်ပေ။

ကျိုးကျန်းနယ်မြေ၏ အစစ်အမှန်အင်မော်တယ်များကလည်း တစ်ယောက်ပြီး တစ်ယောက်ပေါ်လာကာ ကြီးမားသော ချိုင့်ကြီးကို ကြည့်ပြီး မှင်သက်သွားကြသည်။ နဂါးသခင်ကဲ့သို့ပင် သူတို့လည်း အ​ခြေအနေကို ခန့်မှန်းမိကြလေသည်။

" ငါတို့ ဘာလုပ်သင့်လဲ။ "

" ဟွမ်းလုံနန်းတော်က ဘယ်အင်မော်တယ်ဘုရင်ကို ဆန့်ကျင်ခဲ့တာလဲ။ "

" အဲ့ဒီဟွမ်းလုံနန်းတော်က တကယ်သေသင့်တယ်။ အင်မော်တယ်ဘုရင်တစ်ယောက်ကို ဆန့်ကျင်တာက ငါတို့ပါ ထိခိုက်မှာလားမသိဘူး။ "

" မဖြစ်ဘူး။ ငါ တခြားနယ်မြေကို ပြောင်းရမယ်။ ကျိုးကျန်းနယ်မြေက အခု အရမ်းအန္တရာယ်များနေပြီ။ "

" ငါလည်း ပြောင်းရွှေ့တော့မယ်။ "

အစစ်အမှန်အင်မော်တယ်များက အချင်းချင်း ဆွေးနွေးနေကြပြီး ကျိုးကျန်းနယ်မြေတွင် နှစ်ပေါင်းများစွာတိုင်အောင် အခြေကျနေသော်လည်း သူတို့က ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျိုးကျန်းနယ်မြေတွင် သက်သောင့်သက်သာ နေရသော်လည်း သူတို့အသက်လောက် ဘယ်အရာမှ အရေးမကြီးပေ။

သိုင်းဘုရားကျောင်း။

ကန်ချင်းအင်မော်တယ်က လင်းယွမ်၏ ညာလက်ကို စိုက်ကြည့်နေသည်။ ခဏကြာသောအခါ လင်းယွမ်က သူ၏ လက်ကို ရုတ်သိမ်းပြီး လက်ဝါးဖြန့်လိုက်သည်။

ယခင်ဘာမှမရှိသော လင်းယွမ်၏ လက်ထဲတွင် ယခု နန်းတော်တစ်ခု ရှိနေလေသည်။ နန်းတော်က အလွန်လှပပြီး အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ စီးဆင်းနေသည်။

" ဒီနန်းတော်က ဘာလို့ ဒီလောက်ရင်းနှီးနေတာလဲ။ " ကန်ချင်းအင်မော်တယ်က လင်းယွမ်၏ လက်ထဲတွင် ပေါ်လာသော နန်းတော်လေးကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

ဝေါင်း...

နန်းတော်အတွင်းမှ တိုးညှင်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ၎င်းအတွင်း သေးငယ်သော တီကောင်လေးများ ပိတ်လှောင်ထားသကဲ့သို့ မမြင်နိုင်သော စွမ်းအားတစ်ခုက ဖိနှိပ်ထားပြီး နန်းတော်၏ နယ်နိမိတ်အတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိကြပေ။

ကန်ချင်းအင်မော်တယ်က ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုနန်းတော်ကို သေချာကြည့်ပြီးနောက် ဟွမ်းလုံနန်းတော်နှင့် တစ်ထပ်တည်း တူညီနေဝည်ကို တွေ့လိုက်ရသည်။

ထိုသေးငယ်သော တီကောင်လေးများက နဂါးမျိုးနွယ်၏ အစစ်အမှန်အင်မော်တယ်များ ဖြစ်ကြသည်။ အထူးသဖြင့် အဖြူရောင်တီကောင်လေးက အခြားတီကောင်များထက် အရွယ်အစားနှင့် တည်ရှိမှုက ပို၍ သာလွန်ပြီး ၎င်းက ရုပ်ခန္ဓာကပ်ဘေးကို ကျော်လွှားခဲ့သော ဟွမ်းလုံနန်းတော်သခင်မပင်ဖြစ်သည်။

တစ်ချိန်က ကန်ချင်းအင်မော်တယ်ကို ခေါင်းကိုက်စေခဲ့ပြီး ရွှမ်ဝမ်နန်းတော်ကပင် စိုးရိမ်ရသော အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် တစ်ယောက်က ယခု နန်းတော်ထဲတွင် တီကောင်လေးတစ်ကောင်လို ပိတ်မိနေလေသည်။

" ဒါက..." ကန်ချင်းအင်မော်တယ်က မှင်သက်သွားပြီး ရုတ်တရက် လင်းယွမ်၏ ယခင်စကားကို အမှတ်ရလိုက်သည်။

" သူတို့ကို တိုက်ရိုက်ဖမ်းလိုက်ရုံပေါ့။ "

ထိုအချိန်က ကန်ချင်းအင်မော်တယ်မှာ လင်းယွမ်က သူ၏ နောက်လိုက်များကို စေလွှတ်ပြီး ဟွမ်းလုံနန်းတော်မှ နဂါးမျိုးနွယ်များကို ဖမ်းဆီးမည်ဟု ထင်ခဲ့သည်။ လင်းယွမ်က သူ၏ နောက်လိုက်များကို အင်မော်တယ်ဘုရင်အမိန့်နှင့် စေလွှတ်ခဲ့လျှင် ဟွမ်းလုံနန်းတော်ကို ဖိအားပေးနိုင်မည်ဖြစ်သည်။

သို့သော် ယခု ကန်ချင်းအင်မော်တယ်က လင်းယွမ်၏ လက်ထဲမှ သေးငယ်သော ဟွမ်းလုံနန်းတော်ကို မြင်မှ လင်းယွမ်၏ စကားအဓိပ္ပါယ်ကို နားလည်သွားသည်။ သူက လက်တစ်ချက်ဖမ်းဆုပ်ရုံနှင့် ဟွမ်းလုံနန်းတော်၏ နဂါးမျိုးနွယ်များကို ဖမ်းဆီးခဲ့လေသည်။

ဟွမ်းလုံနန်းတော်အတွင်း အစစ်အမှန်အင်မော်တယ် နဂါးမျိုးနွယ်များက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ အစပိုင်းတွင် စိတ်ရှုပ်ထွေးသွားကြသော်လည်း နောက်ပိုင်း သူတို့အား တိုက်ခိုက်သူမှာ အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်နိုင်သည်ကို နားလည်သွားကြသည်။

အင်မော်တယ်ဘုရင်တစ်ယောက်မဟုတ်လျှင် အစစ်အမှန်အင်မော်တယ်နဂါးမျိုးနွယ်များစွာနှင့် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် နန်းတော်သခင်မတို့ကို ကြက်ကလေး ငှက်ကလေးလို ဖမ်းနိုင်မှာလဲ။

အင်မော်တယ်ဘုရင်တစ်ယောက်မဟုတ်လျှင် ကျိုးကျန်းနယ်မြေ၏ အဓိကရေလမ်းကြောင်းကို ဂရုမစိုက်ဘဲ မိုင်သန်းပေါင်းများစွာ ကျယ်သော ဟွမ်းလုံနန်းတော်ကို ကစားစရာအရုပ်တစ်ရုပ်လို လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်မှာလဲ။

All Chapters