ကမ္ဘာတစ်ခုလုံး၏ အော်ရာ....
Vol. 25 Ch. 384
" မြို့တစ်မြို့အတွင်းမှာပဲ ကန့်သတ်ထားတဲ့ သိုင်းဘုရားကျောင်းမှာ အင်မော်တယ်ဘုရင်တစ်ယောက် ရှိနေတာလား။ "
" သတင်းမှားတော့ မဖြစ်နိုင်ဘူး။ တာအိုအင်မော်တယ်ဂိုဏ်းက ဘယ်လောက်သတ္တိကောင်းကောင်း အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ အထောက်အထားကို ဖန်တီးရဲမှာမဟုတ်ဘူး။ "
အစစ်အမှန်အင်မော်တယ်များစွာက သိုင်းဘုရားကျောင်းမှ အင်မော်တယ်ဘုရင်ထွက်ပေါ်လာသည့်သတက်းကို သံသယရှိကြသော်လည်း တိုက်ရိုက်ကန့်ကွက်ခြင်းတော့ မရှိကြပေ။
အခြားအင်အားစုများ သို့မဟုတ် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များကိုပင် လူသိရှင်ကြား သံသယဝင်နိုင်သော်လည်း အင်မော်တယ်ဘုရင်ကတော့ မရပေ။ သူတို့က တာအိုပြည်နယ်သုံးထောင်ကို ဖြတ်ကျော်ပြီး အဝေးဆုံးသို့ ထွက်ပြေးလျှင်တောင် အင်မော်တယ်ဘုရင်၏ ဒေါသကို ဘယ်သူမှ တားဆီးနိုင်မည်မဟုတ်ပေ။
" မရတော့ဘူး။ ငါ ရွှမ်ဝမ်နယ်မြေကို သွားပြီး အဲ့ဒီသိုင်းဘိုးဘေးကို သွားကြည့်တော့မယ်။ "
" ငါလည်း သွားမယ်။ သိုင်းဘိုးဘေးက ငါ့ကို တပည့်အဖြစ် လက်ခံရင် ငါ့ရဲ့ ကျင့်ကြံမှုအားလုံးကို စွန့်လွှတ်ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ပြောင်းလိုက်မယ်။ "
" မင်းကို တပည့်အဖြစ် လက်ခံရအောင် မင်းကိုမင်းလည်း ပြန်ကြည့်ပါဦး။ အဲ့ဒါ အင်မော်တယ်ဘုရင်တစ်ယောက်နော်။ "
အနီးရှိ ပြည်နယ်အချို့မှ အစစ်အမှန်အင်မော်တယ်များစွာက တုန်ယွင်တာအိုပြည်နယ်သို့ ဦးတည်လာကြသည်။ အင်မော်တယ်ဘုရင်တစ်ယောက်နှင့် တွေ့ဆုံရန် မျှော်လင့်ချက်ဖြင့် သူတို့က မိုင်သန်းပေါင်းများစွာ အဝေးမှပင် ပြေးလာကြသည်။
စွမ်းအားကြီးသော အစစ်အမှန်အင်မော်တယ်များနှင့်ယှဉ်လျှင် အဆင့်နိမ့်ကျင့်ကြံသူများစွာက ပို၍ စိတ်လှုပ်ရှားကြလေသည်။
" သိုင်းတာအိုကျင့်ကြံခြင်းစနစ်က တကယ် အင်မော်တယ်ဘုရင်တစ်ယောက် မွေးထုတ်ပေးနိုင်တာလား။ "
" ဒါက ငါလိုချင်တာပဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်က နိမ့်ကျတယ်။ အင်မော်တယ်လမ်းစဉ်မှာ ငါ့ရဲ့ အလားအလာက ကန့်သတ်ချက်ရှိတယ်။ ငါ သိုင်းဘုရားကျောင်းကို သွားပြီး တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုတော့မယ်။ "
" ဟုတ်တယ်။ သိုင်းဘုရားကျောင်းကို ဝင်တာက အင်မော်တယ်ဘုရင်မရှိတဲ့ အခြာယအင်အားစုတွေထဲ ဝင်တာထက် အများကြီးသာလွန်တယ်။ "
သိုင်းဘုရားကျောင်းတွင် သိုင်းတာအိုကျင့်ကြံသူများက စိတ်ရှုပ်ထွေးနေကြသည်။
" ဘာ ငါတို့ သိုင်းဘိုးဘေးက ပြန်လာပြီးတော့ အင်မော်တယ်ဘုရင်ဖြစ်လာတဲ့အပြင် ဟွမ်းလုံနန်းတော်ကိုလည်း ဖျက်ဆီးခဲ့တာပေါ့။ "
" ဒါ ဒါ..."
သိုင်းဘုရားကျောင်းကို ယခုမှ ဝင်ခါစ ကျင့်ကြံသူများက ကောင်းကင်မှ ကံကောင်းခြင်းများ ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ အစတွင် သူတို့က သိုင်းဘုရားကျောင်းသို့ ဝင်ခြင်းမှာ တာအိုအင်မော်တယ်ဂိုဏ်းနှင့် ရွှမ်ဝမ်နန်းတော်မှ တပည့်များထက် နိမ့်ကျသည်ဟု ထင်ခဲ့ကြသော်လည်း ယခု သူတို့ကပင် ပို၍ အဆင့်မြင့်သွားပြီဖြစ်သည်။
ရှန်ယောင်မြို့၏ အပြင်ဘက်တွင် ကျွင်းဟိုင်ချို၊ ကျွင်းနန်းကုန်းနှင့် ကျွင်းယွင်ရှန်းတို့က ရပ်နေကြသည်။
" ငါတို့ဘိုးဘေးဝူကျိက အင်မော်တယ်ဘုရင်တစ်ယောက်လား။ " ကျွင်းဟိုင်ချိုနှင့် အခြားနှစ်ယောက်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့က ကန်ချင်းအင်မော်တယ်မဟုတ်ပေ။ တာအိုအင်မော်တယ်ဂိုဏ်းမှ ရှန်ယောင်မြို့သို့ ရောက်ရန် အချိန်အတော်ကြာခဲ့လေသည်။ သို့သော် လမ်းတွင် သိုင်းဘိုးဘေးက အင်မော်တယ်ဘုရင်ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
" နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တဲ့ ဘိုးဘေးဝူကျိက အင်မော်တယ်ဘုရင်တစ်ယောက်အဖြစ် ပြန်လာခဲ့တာလား။ "
ကျွင်းမိသားစု၏ မျိုးဆက်သုံးယောက်က အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဘိုးဘေးဝူကျိမှာ အလွန်အစွမ်းထက်ကြသည်ကို သိကြလေသည်။ သူတို့က ကလေးဘဝကတည်းက သူ့အကြောင်း ဒဏ္ဍာရီများ ကြားဖူးနေကြပြီး သူက အနည်းဆုံး ကန်ချင်းအင်မော်နယ်နှင့် အဆင့်တူဖြစ်မည်ဟု ထင်ခဲ့ကြသည်။ အင်မော်တယ်ဘုရင်အဆင့် ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ကြပေ။
" ဘိုးဘေးဝူကျိက ငါတို့ကို တွေ့ရော တွေ့ချင်မှာလား။ " ကျွင်းဟိုင်ချိုက တွန့်ဆုတ်စွာ မေးလိုက်သည်။
" ဘာပဲဖြစ်ဖြစ် သူက ငါတို့ ကျွင်းမိသားစုရဲ့ ဘိုးဘေးပဲ။ ငါတို့ သူ့ကို သွားတွေ့သင့်ပါတယ်။ " ကျွင်းနန်းကုန်းက ပြောလိုက်သည်။
စတုတ္ထကောင်းကင်ဘုံတွင် ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲတစ်ယောက်က ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက အောက်မှ တုန်ယွင်တာအိုပြည်နယ်၏ တည်နေရာကို ကြည့်လိုက်သည်။
" မမျှော်လင့်ဘဲ ဒီလို ဝေးလံတဲ့ တာအိုပြည်နယ်တစ်ခုမှာ တာအိုရောင်းရင်းတစ်ယောက် ထွက်ပေါ်လာတာပဲ။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲကလည်း အင်မော်တယ်ဘုရင်တစ်ယောက်ပင် ဖြစ််သည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များ နည်းပါးလွန်းသောကြောင့် တာအိုရောင်းရင်းတစ်ယောက်ကို တွေ့ဆုံရခြင်းက ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်ပြီး သူ့ကို သွားရောက်လည်ပတ်လိုစိတ်ကို ဖြစ်ပေါ်လာစေသည်။
" သိုင်းဘိုးဘေး... ဒီနာမည်ကို အရင်က မကြားဖူးဘူး။ အခုမှ အသစ်တက်လာတဲ့ အင်မော်တယ်ဘုရင်လား။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
အထွတ်အထိပ် အင်မော်တယ်ဘုရင်ကဲ့သို့ အစွမ်းထက်သူများက တာအိုပြည်နယ်သုံးထောင်တွင် ရိုသေလေးစားခြင်းခံရသူများဖြင့်ပြီး အခြားအင်မော်တယ်ဘုရင်များကပင် လေးစားမှုပြရလေသည်။
သိုင်းဘိုးဘေး။ ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ဗဟုသုတ ကြွယ်ဝသော်လည်း ထိုနာမည်နှင့် အင်မော်တယ်ဘုရင်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ ထို့ကြောင့် ထိုသိုင်းဘိုးဘေးက မကြာသေးမီကမှ ကပ်ဘေးကို ကျော်လွှားပြီး အင်မော်တယ်ဘုရင်ဖြစ်လာသည်ဟု သူက ခန့်မှန်းခြင်းဖြစ်သည်။
ဝှစ်....
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ရှန်ယောင်မြို့၏ အပြင်ဘက်တွင် ပေါ်လာပြီး တောင်ထိပ်တစ်ခုပေါ်တွင် ရပ်တန့်လိုက်သည်။
" ဒီအင်မော်တယ်ဘုရင်က ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ ကြည့်ရအောင်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ မျက်လုံးများက ခရမ်းရောင်အလင်းများ လင်းလက်သွားသည်။
ကပ်ဘေးကျော်လွှားခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် အင်မော်တယ်ဘုရင်တစ်ယောက်က ပတ်ဝန်းကျင်ကို စတင်သက်ရောက်နိုင်ပြီး သူတို့၏ အော်ရာပုံရိပ်ကို ထုတ်ဖော်နိုင်ကြလေသည်။
ထိုသို့သော ပုံရိပ်များက ပုံသဏ္ဍန်မရှိသောကြောင့် စောင့်ကြည့်ရန် ခက်ခဲသော်လည်း ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ၎င်းတို့ကို စောင့်ကြည့်နိုင်သော လျို့ဝှက်နည်းစနစ်တစ်ခုကို လေ့ကျင့်ခဲ့သည်။
" တကယ်လို့ အခုမှ အသစ်တက်လာတဲ့ အင်မော်တယ်ဘုရင်ဆိုရင် ပုံရိပ်က သေးငယ်လိမ့်မယ်။ အခြားအင်မော်တယ်ဘုရင်တွေဆိုရင်တော့ သူတို့ရဲ့ အော်ရာပုံရိပ်က ကောင်းကင်ကိုးခုထိ ရောက်နိုင်လိမ့်မယ်။ "
ထိုသို့ တွေးပြီး ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ရှန်ယောင်မြို့ကို စောင့်ကြည့်နေခဲ့သည်။ ကပ်ဘေးကျော်လွှားခြင်းအဆင့်တွင် အချိန်ကြာကျင့်ကြံသည်နှင့် ပတ်ဝန်းကျင်ကို ပို၍ သက်ရောက်နိုင်ပြီး အော်ရာပုံရိပ်များက ပို၍ ကြောက်စရာကောင်းလေသည်။ ထိုပုံရိပ်များမှ တစ်ဆင့် အင်မော်တယ်ဘုရင်၏ ခွန်အား တစ်စိတ်တစ်ပိုင်းကို ခန့်မှန်းနိုင်လေသည်။
" ဒါက..." ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ အမူအရာက ပြောင်းလဲသွားပြီးနောက် ထိတ်လန့်တုန်လှုပ်သွားသည်။
" အင်မော်တယ်ဘုရင်ရဲ့ ဒီလိုအော်ရာ..." ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ရှန်ယောင်မြို့၏ အထက် ကောင်းကင်ယံရှိ လေဟာနယ်ကို စိုက်ကြည့်နေသည်။
အစစ်အမှန် အင်မော်တယ် သို့မဟုတ် သာမန်အင်မော်တယ်ဘုရင်တစ်ယောက်ပင် ထိုနေရာ၏ ထူးခြားမှုကို သတိပြုကြမည်မဟုတ်ပေ။
သို့သော် ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ မျက်လုံးထဲတွင် ခမ်းနားသော ကမ္ဘာကြီးတစ်ခု ပေါ်ထွက်နေပြီး ၎င်းမှထုတ်လွှတ်သော အော်ရာက အင်မော်တယ်ဘုရင်တစ်ယောက်ထက် မနိမ့်ကျပေ။
" အဲ့ဒါ ကမ္ဘာတစ်ခုလုံးရဲ့ အော်ရာပဲ..." ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက စိတ်ထဲတွင် တုန်လှုပ်သွားသည်။ အကြောင်းမှာ အင်မော်တယ်ဘုရင်အများစု၏ အော်ရာက ကောင်းကင်ထောက်တိုင် သို့မဟုတ် သမုဒ္ဒရာကဲ့သို့ အချို့အရာဝတ္ထုများ၏ ပုံရိပ်များဖြစ်ကြလေသည်။
သို့သော် သူ၏ ရှေ့တွင် ရှိနေသော ကမ္ဘာ၏ အော်ရာက အော်ရာတစ်ခုတည်းမဟုတ်ဘဲ အခြားအော်ရာများလည်း စုပေါင်းပါဝင်နေသည်။
" သိုင်းဘိုးဘေးက အသစ်တက်လာတဲ့ အင်မော်တယ်ဘုရင်မဟုတ်တာတော့ သေချာတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက သူ၏ အတွေးများကို စုစည်းလိုက်သည်။
သူမြင်လိုက်ရသော ကမ္ဘာတစ်ခု၏ အော်ရာက သာမန်အင်မော်တယ်ဘုရင်များ ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ကြီးမားသော ကမ္ဘာကြီးအတွင်း၌ ထူးခြားဆန်းကြယ်မှုများစွာ ပါဝင်နေသည်။
" ဖန်တီးခြင်းစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ယောက်သာ ဒီလိုအော်ရာမျိုးကို ပေါင်းစည်းနိုင်လိမ့်မယ်။ "
ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များတွင် အမျိုးအစား နှစ်မျိုးရှိလေသည်။
တစ်မျိုးမှာ အင်မော်တယ်ဘုရင်အသစ်များ၊ သာမန်အင်မော်တယ်ဘုရင်များ၊ ဝါရင့်အင်မော်တယ်ဘုရင်များနှင့် အဆင့်မြင့် အင်မော်တယ်ဘုရင်များဖြစ်သည်။
ထိုအဆင့်လေးခုကြား ခွန်အားကွာခြားမှုမှာ သူတို့၏ ဖန်တီးခြင်းစွမ်းအားကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်သော်လည်း ကွာဟချက်မှာ များစွာ ကြီးမားခြင်းမရှိပေ။
အဆင့်မြင့် အင်မော်တယ်ဘုရင်တစ်ယောက်က အင်မော်တယ်ဘုရင်အသစ်တစ်ယောက်ကို သတ်ရန် ခက်ခဲလေသည်။ ကပ်ဘေးကို ကျော်လွှားပြီးနောက် အင်မော်တယ်ဘုရင်တစ်ယောက်က ဖန်တီးခြင်းစွမ်းအားကို ပိုင်ဆိုင်ပြီး မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းက လွန်စွာ မြင့်မားလာသကဲ့သို့ မနိုင်လျှင် ထွက်ပြေးရန်မှာ ပြဿနာမရှိပေ။
ဒုတိယက အထွတ်အထိပ်အင်မော်တယ်ဘုရင်ဖြစ်၏။ အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ယောက်က ဖန်တီးခြင်းစွမ်းအားကို အပြည့်အဝ ကျွမ်းကျင်နေပြီး အချို့မှာ ဖန်တီးခြင်းစွမ်းအားတစ်မျိုးထက်ပင် ပို၍ နားလည်ထားကြသည်။
ထို့ကြောင့် ကပ်ဘေးကျော်လွှားခြင်းအဆင့် အထွတ်အထိပ် အင်မော်တယ်ဘုရင်များက လုံးဝ လေးစားရမည့်သူများဖြစ်ကြသည်။ သို့သော် အထွတ်အထိပ်အင်မော်တယ်ဘုရင်များက အလွန်ရှားပါးသော တည်ရှိမှုများ ဖြစ်ကြသည်။