ဖန်တီးခြင်းစွမ်းအား သို့မဟုတ် စကြာဝဠာစွမ်းအား....
Vol. 25 Ch. 386
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ အနီးတွင် ရှိနေသောကြောင့် သူက အတွင်းကမ္ဘာမရှိသည်ကို လင်းယွမ်က အာရုံခံမိလေသည်။
သို့သော် ထိုအကြီးအကဲ၏ စွမ်းအားက မူလကမ္ဘာမှ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အောက် နိမ့်ကျခြင်းမရှိသည်ကို လင်းယွမ်က ခံစားမိလေသည်။
အတွင်းကမ္ဘာကို အားမကိုးဘဲ အတွင်းကမ္ဘာကို ပိုင်ဆိုင်သော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် ယှဉ်နိုင်စွမ်းရှိသည့် အဓိကသော့ချက်မှာ အင်မော်တယ်ဘုရင်များ ကိုင်စွဲထားသော ဖန်တီးခြင်းစွမ်းအားပင် ဖြစ်သည်။
" သိုင်းဘိုးဘေး ကျုပ်ပိုင်ဆိုင်ထားတဲ့ ဖန်တီးခြင်းစွမ်းအားက မူလ ခရမ်းရောင်ချီလို့ ခေါ်ပါတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သကဲ့သို့ သူ၏ လက်ချောင်းထိပ်များတွင် ခရမ်းရောင်ချီမျညး လှည့်ပတ်နေသည်။
" ဟမ် " လင်းယွမ်က သေချာစစ်ဆေးကြည့်ရင် ပြောလိုက်သည်။ " ငါ့ကို တစ်ချောင်းလောက်ပေးလို့ရမလား။ "
" သိုင်းဘိုးဘေးလိုချင်ရင် ပေးလို့ရပါတယ်။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ ဖန်တီးခြင်းစွမ်းအားကို ထိန်းချုပ်ထားသော အင်မော်တယ်ဘုရင်တစ်ယောက်အနေဖြင့် အမျှင်တစ်မျှင် ပေးခြင်းက ရိုးရှင်းသော ကိစ္စတစ်ခုပင် ဖြစ်သည်။
" ကောင်းပြီ။ မင်းအခု သွားလို့ရပြီ။ တစ်ခုခုရှိရင် ငါမင်းကို ဆက်သွယ်လိုက်မယ်။ " လင်းယွမ်က ခရမ်းရောင်ချီမျှင်ကို သိမ်းဆည်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက လင်းယွမ်ကို အရိုအသေပေးပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
ရှန်ယောင်မြို့နှင့် မိုင်သန်းပေါင်းများစွာ အဝေးတွင် ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ပေါ်လာသည်။
" သိုင်းဘိုးဘေးက အဲ့ဒီသွေးဆာနေတဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်တွေလိုတော့ မဟုတ်ဘူး။ " ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက သက်ပြင်းချလိုက်သည်။ သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက သာမန်အင်မော်တယ်ဘုရင်များအား အမဲလိုက်ရသည်ကို နှစ်သက်ကြကြောင်း မှတ်မိနေသောကြောင့် ဖြစ်သည်။
" သိုင်းဘိုးဘေးက ဒီခေတ်က အင်မော်တယ်ဘုရင်တွေအကြောင်း အများကြီးမေးခဲ့တယ်။ သူ့မှာ တခြားရည်ရွယ်ချက်တွေများ ရှိနေလား။ " သူက စဉ်းစားလိုက်သည်။
" သိုင်းဘိုးဘေးရဲ့ ရည်ရွယ်ချက်က ဘာပဲ ဖြစ်ဖြစ် ငါ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမယ်။ " သူက ဆုံးဖြတ်လိုက်သည်။
သူတို့ မခွဲခွာမီ သိုင်းဘိုးဘေးကို ဆက်သွယ်ရန် နည်းလမ်းတစ်ခု ရရှိခဲ့ပြီး သူ့ကို ဆက်သွယ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်နှင့် ဆက်သွယ်နိုင်ခြင်းက မယုံကြည်နိုင်စရာကောင်းသော အခွင့်အရေးတစ်ခုဖြစ်သည်။
အစပိုင်းတွင် သူက သိုင်းဘိုးဘေး၏ အကျင့်စရိုက်ကို မသိသောကြောင့် သူက ရှောင်တိမ်းရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု စကားအနည်းငယ် ပြောပြီးနောက် သိုင်းဘိုးဘေးက သွေးဆာနေသော အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်မဟုတ်သည်ကို နားလည်ခဲ့သည်။
သိုင်းဘုရားကျောင်း။
လင်းယွမ်က ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။
" သမိုင်းမတိုင်မီခေတ်..."
" ပြီးတော့ နဝမကောင်းကင်ဘုံ..."
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက ထိုစကားလုံးများကို ပြောချိန်တွင် ကြောက်ရွံ့လေးစားသော တုန့်ပြန်မှုများ ရှိခဲ့လေသည်။
" ထားလိုက်တော့။ အဲ့ဒီအကြောင်းတွေကို နောက်မှစဉ်းစားမယ်။ " လင်းယွမ်က ၎င်းကို အာရုံမစိုက်တော့ပေ။
ယခု သူအာရုံစိုက်ရမည့်အရာမှာ ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ ပိုင်ဆိုင်သော ဖန်တီးခြင်းစွမ်းအားပင် ဖြစ်သည်။
မူလခရမ်းရောင်ချီ။
လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်သည်နှင့် ခရမ်းရောင်ချီမျှင်တစ်ချောင်း ပေါ်လာသည်။
" ဒီအော်ရာက..." လင်းယွမ်က သေချာအာရုံစိုက်ပြီး လေ့လာနေသည်။
ထိုမူလခရမ်းရောင်ချီက သူ၏ စကြာဝဠာ စွမ်းအားဖြစ်သော ထိုက်ကျိစွမ်းအားနှင့် တူညီမှုများ ရှိနေသည်။
" ဒါက တကယ် စကြာဝဠာစွမ်းအားလား။ " လင်းယွမ်က သေချာ စောင့်ကြည့်ရင် စဉ်းစားလိုက်သည်။
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ မူလခရမ်းရောင်ချီက မူလကမ္ဘာတွင် အဋ္ဌမအလွှာ တားဆီးမရသူသာ ထိန်းချုပ်နိုင်သော စကြာဝဠာစွမ်းအားတစ်ခုနှင့် တူညီလေသည်။
" ဒါက ဒီလိုကိုး။ " လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။
စိတ်ဝိညာဉ်ကမ္ဘာမှ ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များက အတွင်းကမ္ဘာမရှိဘဲ မူလကမ္ဘာမှ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်နိုင်ခြင်းမှာ အံ့ဩစရာမရှိပေ။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ အတွင်းကမ္ဘာမှ ကမ္ဘာစွမ်းအားကြောင့် လူသားဆင့်ကဲပြောင်းလဲသူများက အထူးသက်ရှိများနှင့် ယှဉ်နိုင်ခဲ့သည်။ တူညီသော စွမ်းအားအနည်းငယ်ကသာ ကမ္ဘာစွမ်းအားကို ယှဉ်နိုင်လေသည်။
သို့သော် စကြာဝဠာစွမ်းအားက ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။ စကြာဝဠာစွမ်းအားမျိ ဖြစ်ပေါ်လာသော တိုက်ခိုက်ရေးစွမ်းအားက ကမ္ဘာစွမ်းအားထက် ပိုမိုမြင့်မားလေသည်။
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲက မူလခရမ်းရောင်ချီ၏ တစ်စိတ်တစ်ပိုင်းသာ ကျွမ်းကျင်ထားသော်လည်း ပြည့်စုံသွားခဲ့လျှင် ကမ္ဘာစွမ်းအားမရှိဘဲ အဋ္ဌမအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်နိုင်မည်ဖြစ်သည်။
" အဲ့ဒီအထွတ်အထိပ်အင်မော်တယ်ဘုရင်တွေက အတွင်းကမ္ဘာမရှိဘဲ အဋ္ဌမအလွှာ တားဆီးမရသူတွေနဲ့ ယှဉ်နိုင်နိုင်တယ်ဆိုတော့ သူတို့မှာ ပိုမြင့်တဲ့ ဖန်တီးခြင်းစွမ်းအား ရှိရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
မူလကမ္ဘာတွင် အဋ္ဌမအလွှာ တားဆီးမရသူများက ခွန်အားအမျိုးမျိုးရှိကြသည်။ သန်မာသူက အားနည်းသူကို အနိုင်မယူနိုင်သော်လည်း သူတို့ကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်ပြီး ကွာခြားချက်မှာ မတူညီသော စကြာဝဠာစွမ်းအားများပင် ဖြစ်သည်။
" အခွင့်အရေးပဲ။ ဒါက ငါ့အတွက် အကြီးမားဆုံး အခွင့်အရေးပဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
ဘယ်လိုအခွင့်အရေးမျိုးလဲ။ သိုင်းတာအို၏ အဋ္ဌမအလွှာကို ဖန်တီးဖို့လား။ မဟုတ်ပေ။ အဋ္ဌမအလွှာကို မူလကမ္ဘာမှာပင် ပြည့်စုံအောင်လုပ်နိုင်လေသည်။
အင်မော်တယ်ဘုရင်များ ကိုင်စွဲထားသော ဖန်တီးခြင်းစွမ်းအားက စကြာဝဠာစွမ်းအားနှင့် မတူညီသည်ကို မသိရမီ စိတ်ဝိညာဉ်ကမ္ဘာသို့ ဆင်းသက်ခြင်းက လင်းယွမ်ကို အချိန်ကုန်သက်သာစေပြီး အင်မော်တယ်ကျင့်ကြံခြင်းစနစ်နှင့် အခြားကျင့်ကြံခြင်းစနစ်များကို ကိုးကားရန်ဖြစ်သည်။
သို့သော် ယခု ဖန်တီးခြင်းစွမ်းအားကို အတည်ပြုပြီးနောက် ၎င်းက သူ့အတွက် အကြီးမားဆုံး အခွင့်အရေးဖြစ်သည်ကို နားလည်သွားခဲ့သည်။
မူလကမ္ဘာ ကြယ်စကြာဝဠာတွင် စကြာဝဠာစွမ်းအားတိုင်းက ထူးခြားပြီး အတုယူနိုင်ခြင်းမရှိပေ။ လူတစ်ယောက် နားလည်ထားသော စကြာဝဠာစွမ်းအားကို အခြားတစ်ယောက်က ကျွမ်းကျင်န်ုင်မည်မဟုတ်ပေ။ ၎င်းက မူလကမ္ဘာ၏ စည်းမျဉ်းတစ်ခုဖြစ်သည်။
" စိတ်ဝိညာဉ်ကမ္ဘာမှာ မူလကမ္ဘာလို ဖန်တီးခြင်းစွမ်းအားတစ်ခုကို အင်မော်တယ်ဘုရင်တစ်ယောက်ပဲ ကိုင်စွဲနိုင်တယ်ဆိုတဲ့ စည်းမျဉ်းမျိုး မရှိဘူး။ " လင်းယွမ်က စိတ်ထဲမှ ကျေနပ်သွား၏။
ဆိုလိုသည်မှာ သူက စိတ်ဝိညာဉ်ကမ္ဘာတွင် ဖန်တီးခြင်းစွမ်းအား အများအပြားကို ကျွမ်းကျင်နိုင်လေသည်။ ထို့နောက် မူလကမ္ဘာသို့ ပြန်ပြီး ထိုစွမ်းအားများကို စုပေါင်း၍ စကြာဝဠာစွမ်းအားအဖြစ် ပြောင်းလဲနိုင်လေသည်။
မူလကမ္ဘာ၏ မျိုးနွယ်များက ရှည်လျားသော သမိုင်းကြောင်းရှိပြီး အဋ္ဌမအလွှာ တားဆီးမရသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သော်လည်း သူတို့ထဲမှ အများစုက စကြာဝဠာစွမ်းအားတစ်ခုကိုသာ ကျွမ်းကျင်ကြလေသည်။
အနည်းစုကသာ မတော်တဆမှုအမျိုးမျိုးကြောင့် စကြာဝဠာစွမ်းအားနှစ်မျိုးကို ပိုင်ဆိုင်ကြပြီး ၎င်းက အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်လေသည်။
သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်တွင် ရည်မှန်းချက်နှစ်ခုရှိလေသည်။ တစ်ခုမှာ နဝမအလွှာသို့ တက်လှမ်းရန်နှင့် နောက်တစ်ခုမှာ စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ရန်ဖြစ်သည်။ သို့သော် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်တွင် ရည်မှန်းချက်တစ်ခုသာ ရှိပြီး ၎င်းမှာ နဝမအလွှာသို့ တက်လှမ်းရန် ဖြစ်သည်။
နဝမအလွှာကို တက်လှမ်းခြင်းကသာ သက်တမ်းကို ပိုရှည်စေနိုင်ပြီး အခြားစကြာဝဠာစွမ်းအားများကို ဆက်လက်လေ့လာခြင်းက မသေချာသော အလုပ်တစ်ခုဖြစ်သည်။ စကြာဝဠာစွမ်းအားတစ်ခုကို ကျွမ်းကျင်ခြင်းမှာ ကံကောင်းမှုက အဓိကနေရာတွင် ပါဝင်နေသည်။
ထို့ကြောင့် လင်းယွမ်က စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
သူက ဖန်တီးခြင်းစွမ်းအား၏ အနှစ်သာရကို ရှာမတွေ့ခဲ့လျှင် စိတ်ဝိညာဉ်ကမ္ဘာတွင် စကြာဝဠာစွမ်းအားအပေါ် ကန့်သတ်ချက်များစွာ မရှိဘူးဟု သိခဲ့လျှင်တောင် သူက အခြားအတွေးများ ရှိမည်မဟုတ်ပေ။
လင်းယွမ်က ထိုက်ယင်နှင့် ထိုက်ယန်နိယာမတို့ကို အပြည့်အဝ နားမလည်ခင်က ထိုက်ကျိစွမ်းအားမှာ စကြာဝဠာစွမ်းအားတစ်မျိုးဖြစ်သည်ကိုပင် မသိခဲ့ပေ။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် နောက်ထပ်စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ရန် အချိန်ပေးရမည်ဖြစ်ပြီး အခြားအရာများကို နှောင့်နှေးစေနိုင်ျလသည်။
ယခု ဖန်တီးခြင်းစွမ်းအားကို လိုက်စားရန် နည်းလမ်းတစ်ခု ရှိနေပြီး လင်းယွမ် လုပ်ဆောင်ရန် လိုအပ်သည်မှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာသကဲ့သိည့ အချိန်ယူပြီး ဆင်ခြင်ခြင်းသာ ဖြစ်သည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် ဖန်တီးခြင်းစွမ်းအားတစ်ခုကို ကျွမ်းကျင်ပြီး မူလကမ္ဘာသို့ ပြန်ခြင်းက စကြာဝဠာစွမ်းအားတစ်ခု ပိုင်ဆိုင်ခြင်းကို ဆိုလိုလေသည်။
" မူလခရမ်းရောင်ချီ.... လူသားမျိုးနွယ် အဋ္ဌမအလွှာ တားဆီးမရသူတွေရဲ့ မှတ်တမ်းထဲမှာ ဒီစကြာဝဠာစွမ်းအားကို ပိုင်ဆိုင်တဲ့သူ မရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
သမိုင်းတွင် မှတ်တမ်းမတင်ထားသော အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က မူလခရမ်းရောင်ချီကို ပိုင်ဆိုင်နိုင်ချေလည်း ရှိနေသည်။
သို့သော် ဖြစ်နိုင်ခြေမှာ နည်းပါးလှသည်။ လင်းယွမ်၏ ပန်းတိုင်မှာ မူလခရမ်းရောင်ချီ စကြာဝဠာစွမ်းအားတစ်ခုတည်းကို နားလည်ရန် မဟုတ်ပေ။ အခြား အင်မော်တယ်ဘုရင်များ ပိုင်ဆိုင်သည့် ဖန်တီးခြင်းစွမ်းအားအမျိုးမျိုးကိုလည်း လေ့လာရန် စီစဉ်ထားသည်။