ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်....
Vol. 25 Ch. 387
" လူသားမျိုးနွယ်က စကြာဝဠာစွမ်းအားဆိုတာ အနာဂတ် နဝမအလွှာကို တက်လှမ်းရာမှာ အများကြီး အထောက်အကူဖြစ်တယ်လို့ပြောတယ်။ သီအိုရီအရ စကြာဝဠာစွမ်းအားတွေ ပိုကျွမ်းကျင်ရင် ပိုအထောက်အကူဖြစ်တယ်ဆိုပေမယ့် ဒါက သီအိုရီသက်သက်သာ ရှိနေသေးတော့ ဘယ်သူမှအလေးမထားကြဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ပါရမီရှင် အဋ္ဌမအလွှာ ဆင်ကဲပြောင်းလဲသူများပင် စကြာဝဠာစွမ်းအား တစ်မျိုး သို့မဟုတ် အများဆုံး နှစ်မျိုးသာ ကျွမ်းကျင်ကြလေသည်။
" နောက်ထပ် ဖန်တီးခြင်းစွမ်းအားတစ်ခုကို နားလည်ဖို့က အခြားအင်မော်တယ်ဘုရင်တွေအတွက် အရမ်းခက်ခဲတယ်။ သူတို့က သူတို့နားလည်ထားပြီးသား ဖန်တီးခြင်းစွမ်းအားကိုပဲ ပိုပြီးကျွမ်းကျင်အောင် အချိန်ပေးကြမှာပဲ။ ဒါပေမယ့် ငါ့မှာက ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းရှိတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
သူ၏ စိတ်ထဲတွင် စဉ်းစားထားပြီးသား ဖြစ်သည်။ သူက မူလကမ္ဘာသို့ ပြန်ရောက်ချိန်တွင် စကြာဝဠာစွမ်းအားများစွာကုိ ကျွမ်းကျင်နေပြီး သူ၏ ကျယ်ဝန်းလှသော အတွင်းကမ္ဘာကိုပါ ပေါင်းထည့်လိုက်လျှင် သူက နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့်ပင် ယှဉ်နိုင်လောက်ပေသည်။
သမိုင်းတစ်လျှောက်တွင် အင်အားအကြီးဆုံး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် နဝမအလွှာများ၏ ရှေ့တွင် သူတို့၏ အသက်ကို ကယ်တင်နိုင်ရုံမျှသာ ဖြစ်သည်။
ထိုကယ်တင်နိုင်ခြင်းကလည်း အဋ္ဌမအလွှာတားဆီးမရသူက နဝမအလွှာ တစ်ယောက်၏ ရှေ့တွင် သူတို့၏ အသက်ကို ခဏတာ ဆွဲဆန့်ပြီး သူ၏ မျိုးနွယ်မှ နဝမအလွှာ တစ်ယောက် လာရောက်ကယ်တင်ခြင်းကို စောင့်ဆိုင်းခြင်းသာဖြစ်သည်။
" ပထမဆုံး ငါ ဒီမူလခရမ်းရောင်ချီကို အပြည့်အဝ နားလည်အောင် လုပ်ရမယ်။ " လင်းယွမ်က သူ၏ ရှေ့မှ ခရမ်းရောင်ချီမျှင်ကို လေးနက်စွာ ကြည့်လိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော အော်ရာကို လေ့လာပြီး နားလည်အောင် ကြိုးစားနေပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော အော်ရာကို လေ့လာပြီး နားလည်အောင် ကြိုးစားနေပါပြီ။ ]
လင်းယွမ်၏ မူလခရမ်းရောင်ချီကို နားလည်မှုအရ ထိုစကြာဝဠာစွမ်းအားက အဆင့်မြင့် စကြာဝဠာစွမ်းအားများနှင့် မယှဉ်နိုင်ဘဲ သာမန်စကြာဝဠာစွမ်းအားတစ်ခုသာ ဖြစ်သည်။
သူထိန်းချုပ်ထားသော ထိုက်ကျိစွမ်းအားက အဆင့်မြင့်သော စကြာဝဠာစွမ်းအားဟု ပြောနိုင်လေသည်။ အဆုံးစွန်သော စွမ်းအားနှစ်ခုကို ပေါင်းစပ်ပြီး ခုခံခြင်းဖြစ်စေ တိုက်ခိုက်ခြင်းဖြစ်စေ ပြည့်စုံလုနီးပါးပင် ဖြစ်သည်။
ရှန်ယောင်မြို့က ရွှမ်ဝမ်နယ်မြေအတွင်းမှ သာမန်မြို့လေးတစ်မြို့ဖြစ်သော်လည်း အစစ်အမှန်အင်မော်တယ်များနှင့် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် အချို့က သိုင်းဘိုးဘေးနှင့် တွေ့ဆုံရန်အတွက် စိတ်အားထက်သန်စွာ ရောက်လာကြသည်။
ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်တစ်ယောက်က အစွမ်းထက်သူများစွာကို ဆွဲဆောင်နိုင်လေသည်။ အင်မော်တယ်ဘုရင်နှင့် တွေ့နိုင်သည်ဖြစ်စေ မတွေ့နိုင်သည်ဖြစ်စေ ကြိုးစားကြည့်ကြခေသည်။
အထွတ်အထိပ် အစစ်အမှန်အင်မော်တယ်များနှင့် အင်မော်တာ်ဘုရင် တစ်ဝက်အဆင့် အချို့က သူတို့၏ လက်ရှိနေရာတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းသောင်းချီ သို့မဟုတ် သိန်းချီ ကြာနေပြီဖြစ်သည်။ တံခါးပိတ်ကျင့်ကြံခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ ရည်ရွယ်ချက်မရှိ လျှောက်သွားနေမည့်အစား အင်မော်တယ်ဘုရင်များ၏ ခြေရာများကို ရှာဖွေခြင်းက ပိုကောင်းလေသည်။
ယခုအခါ ရှန်ယောင်မြို့တွင် အစစ်အမှန်အင်မော်တယ်နှင့် အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များက စုစည်းနေကြပြီး သာမန်ကျင့်ကြံသူများပင် သူတို့ကို အလွယ်တကူ တွေ့နိုင်လေသည်။ သူတို့က အင်မော်တယ်ဘုရင်တစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေကြသောကြောင့် တတ်နိုင်သမျှ နှိမ့်ချပြီး နေကြလေသည်။
သိုင်းဘုရားကျောင်း၏ ဝင်ပေါက်တွင် လူသုံးယောက် ထွက်လာသည်။
" အစစ်အမှန်အင်မော်တယ်တွေ အများကြီးပဲ။ "
" ငါ့ဘဝမှာ ဒီလောက်များတဲ့ အစစ်အမှန်အင်မော်တယ်တွေကို တစ်ခါမှ မမြင်ဖူးဘူး။ "
ကျွင်းမိသားစု၏ မျိုးဆက် သုံးယောက်က မြို့ထဲမှ နက်ရှိုင်းသော အော်ရာများကို ခံစားမိပြီး မျက်လုံး ပြူးနေကြသည်။ ရွှမ်ဝမ်နယ်မြေ၏ အင်အားစုကြီးသုံးခုထဲမှ တစ်ခုဖြစ်သော တာအိုအင်မော်တယ်ဂိုဏ်းပင် အစစ်အမှန်အင်မော်တယ် ဆယ်ယောက်ကျော်သာရှိသော်လည်း ယခု ရှန်ယောင်မြို့တွင် အစစ်အမှန်အင်မော်တယ်များ သိန်းချီ ရှိနေကြသည်။
" ရွှမ်ဝမ်နယ်မြေမှာတောင် အစစ်အမှန်အင်မော်တယ်က ရာချီပဲရှိတယ်။ ဘိုးဘေးဝူကျိက ပတ်ဝန်းကျင် ပြည်နယ်အမျိုးမျိုးက အစစ်အမှန်အင်မော်တယ်များစွာကို ဆွဲဆောင်ထားတယ်။ "
" နောက်ထပ် ထပ်ရောက်လာမှာနဲ့ဆို အစစ်အမှန်အင်မော်တယ်က တစ်သန်းကျော်သွားလောက်တယ်။ " ကျွင်းနန်းကုန်းက ပြောလိုက်သည်။
" အစစ်အမှန်အင်မော်တယ် တစ်သန်း..." ကျွင်းယွင်ရှန်းက တံတွေးများ မျိုချလိုက်သည်။
" ဘိုးဘေးဝူကျိသာမရှိရင် ငါတို့ ဒီမှာ ဘယ်လိုလုပ်ရပ်နေနိုင်မှာလဲ။ " ကျွင်းဟိုင်ချိုက ခံစားချက်များနှင့် ပြောလိုက်သည်။
သူတို့က လင်းယွမ်နှင့် တွေ့ဆုံရန် သိုင်းဘုရားကျောင်းသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ လင်းယွမ်က သူတို့ကို သိုင်းဘုရားကျောင်းတွင် နေခိုင်းပြီး သူအားသည့်အခါ လမ်းညွှန်ပေးမည်ဟု ပြောခဲ့လေသည်။ ထို့ကြောင့် သူတို့က သိုင်းဘုရားကျောင်းထဲသို့ အလွယ်တကူ ဝင်ထွက်နိုင်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဆက်ဆံမှုမျိုးက အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များပင် မနာလိုဖြစ်စေပေလိမ့်မည်။ သိုင်းဘုရားကျောင်းသို့ အလွယ်တကူ ဝင်ထွက်နိုင်ခြင်းက သိုင်းဘိုးဘေး၏ အော်ရာကို အနီးကပ် ခံစားနိုင်ပြီး အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်များအတွက် ကြီးမားသော ဂုဏ်သရေပင် ဖြစ်သည်။
ကျင့်ကြံခြင်းဂူအတွင်း လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်း လိမ္မော်ရောင်မီးတောက်များက အဆက်မပြတ် လောင်ကျွမ်းနေသည်။ လင်းယွမ်၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာပြီး နောက်ဆုံး ပြာအဖြစ် ပြောင်းလဲသွားသည်။ မကြာမီ သွေးပြန်လည်မွေးဖွားခြင်းဖြင့် လင်းယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်ပေါ်လာသည်။
" လိမ္မော်ရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်တော့မယ်လို့ ငါခံစားနေရတယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်၍ သူ၏ ခန္ဓာကိုယ်နှင့် အတွင်းကမ္ဘာ၏ တိုးတက်မှုများကို ခံစားနေသည်။
ယခုအခါ လင်းယွမ်၏ အတွင်းကမ္ဘာက သာမန်အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ အတွင်းကမ္ဘာထက် ၆.၅ဆ ပိုမိုကြီးမားလေသည်။
အနီရောင်အရည်က လင်းယွမ်ကို ၃.၃၃ဆ မြှင့်တင်ပေးပြီး လိမ္မော်ရောင်အရည်ကလည်း ၃.၂ဆသို့ ရောက်နေပြီဖြစ်သည်။ ၎င်းက ၃.၃၃ဆနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။
" တတိယအရောင်ကို စုပ်ယူရခါနီးပြီ။ " လင်းယွမ်က တွေးလိုက်သည်။ " ပြီးတော့ ပထမအရည်နှစ်မျိုးကို စုပ်ယူနေတုန်းမှာ ငါ့ရဲ့ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ကလည်း ပိုအဆင့်မြင့်လာပြီ။ "
ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းက ယခင် နှေးကွေးသော နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခြင်းဖြစ်သည်။ ယခု ဘူးသီးခြောက်ထဲမှ အရည်များကို အကြိမ်များစွာ စုပ်ယူပြီး အကြိမ်များစွာ ပြန်လည်မွေးဖွားပြီးနောက် ၎င်းကလည်း သဘာဝအတိုင်း ပိုမိုသန်မာလာခဲ့သည်။
" အဲ့ဒါကောင်းတယ်။ မူလကမ္ဘာကို ပြန်ရောက်ရင် အချိန်မကုန်တော့ဘူး။ " လင်းယွမ်က ကျေနပ်နေသည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် လိမ္မော်ရောင်အရည်ကို အပြည့်အဝ စုပ်ယူရန် လင်းယွမ်က နှစ်တစ်ရာလောက် အချိန်ယူခဲ့ရလေသည်။ သို့သော် ထိုအချိန်အတွင်း သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်က အဆင့်မြင့်လာသောကြောင့် မူလကမ္ဘာသို့ ပြန်ရောက်သောအခါ လင်းယွမ်က လိမ္မော်ရောင်အရည်ကို ရက်အနည်းငယ်အတွင်း အပြည့်အဝ စုပ်ယူနိုင်ပေလိမ့်မည်။
သတ္တမကောင်းကင်ဘုံ။
ထိုက်ကျိမူလစိတ်ဝိညာဉ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။
" သတ္တမကောင်းကင်ဘုံမှာ အင်မော်တယ်ဘုရင်တစ်ယောက်နဲ့ တွေ့နိုင်မလားမသိဘူး။ "
လင်းယွမ်က အင်မော်တယ်ဘုရင်များ ပိုင်ဆိုင်ထားသော ဖန်တီးခြင်းစွမ်းအားက မူလကမ္ဘာမှ စကြာဝဠာစွမ်းအားနှင့် တူညီသည်ကို သိရှိပြီးနောက် လင်းယွမ်က အခြားအင်မော်တယ်ဘုရင်များကို ရှာဖွေရာတွင် စိတ်အားထက်သန်လာခဲ့သည်။
အထူးသဖြင့် အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ ဖန်တီးခြင်းစွမ်းအားက အဆင့်မြင့် စကြာဝဠာစွမ်းအားနှင့် တူညီနိုင်လေသည်။ ထိုသို့သော အဆင့်မြင့် စကြာဝဠာစွမ်းအားကို နားလည်ခြင်းက နဝမအလွှာသို့ တက်လှမ်းသောအခါ လင်းယွမ်ကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
" ဒီကောင်းကင်ဘုံက..." လင်းယွမ်က သူ၏ အာရုံကို အရပ်မျက်နှာအနှံ့ ဖြန့်ကျက်လိုက်သည်။
" ဟင် " လင်းယွမ်က အင်မော်တယ်ဘုရင်တစ်ယောက်၏ အော်ရာကို ခံစားမိလိုက်ပြီး သူ၏ မျက်လုံးများက တောက်ပသွားသည်။
ဝှစ်....
သူက ထိုနေရာသို့ ချက်ချင်း သွားလိုက်သည်။
ခဏကြာသောအခါ လင်းယွမ်က ရပ်တန့်သွားပြီး ရှေ့သို့ ကြည့်လိုက်သည်။
ထွားကျိုင်းသော လူကြီးတစ်ယောက်က ကြီးမားသော ပုဆိန်ကြီးကို ကိုင်၍ ရပ်နေပြီး အဝေးမှ တွင်းနက်နှင့်တူသော မြင်ကွင်းတစ်ခုကို လေ့လာနေသည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်က ထိုလူကြီးကို လေ့လာနေပြီး သူကိုင်ဆောင်ထားသော ပုဆိန်မှ ထွက်ပေါ်လာသော အော်ရာက ကမ္ဘာများကိုပင် ခွဲခြမ်းနိုင်သည်ဟု ခံစားလိုက်ရသည်။
" အဲ့ဒါ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်လား။ သူက ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားကို ပိုင်ဆိုင်တာပဲ။ " လင်းယွမ်က အနည်းငယ် တုန်လှုပ်သွားသည်။
ခရမ်းရောင်ဝတ်ရုံနှင့် အကြီးအကဲပေးခဲ့သော အချက်အလက်များအရ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၏ ဖျက်ဆီးနိုင်စွမ်းက လက်ရှိခေတ် အထွတ်အထိပ် အင်မော်တယ်ဘုရင်များထဲတွင် ထိပ်ဆုံးသုံးယောက်ထဲဝင်နိုင်ပြီး ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားက မည်သည့်အရာကိုမဆို ခွဲခြမ်းနိုင်လုနီးပါးဖြစ်သည်။
ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်ကလည်း တစ်စုံတစ်ခုကို ခံစားမိပြီး လင်းယွမ်ကို လှည့်ကြည့်လာသည်။
" ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင် " လင်းယွမ်က ပြုံ၍ လျှောက်လာသည်။
ခဏကြာသောအခါ လင်းယွမ်က ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားတစ်မျှင်ကို သိမ်းဆည်းပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။