← Chapters

ဖန်တီးခြင်းစွမ်းအားများ စုဆောင်းခြင်း....

Vol. 25 Ch. 388

ဖန်တီးခြင်းစွမ်းအားများ စုဆောင်းခြင်း....

Vol. 25 Ch. 388

အထွတ်အထိပ်အင်မော်တယ်ဘုရင် အချင်းချင်း ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားကို လေ့လာရန် တောင်းဆိုခြင်းက များစွာ မခက်ခဲလှပေ။ မှန်၏ လင်းယွမ်ကလည်း သူ၏ ထိုက်ကျိစွမ်းအားနှင့် လဲလှယ်ရန် ကမ်းလှမ်းခဲ့သည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် တစ်ခါမှမကြားဖူးသော ထိုက်ကျိစွမ်းအားက ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၏ စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေခဲ့ပြီး ချက်ချင်း သဘောတူခဲ့လေသည်။

ထိုသို့ဖြင့် လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က သတ္တမကောင်းကင်ဘုံတွင် နေပြီး အင်မော်တယ်ဘုရင်များ၏ ဖန်တီးခြင်းစွမ်းအားများကို စုဆောင်း လေ့လာနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်သုံးရာ ကြာသွားခဲ့သည်။

" ရောက်ပြီ။ " လင်းယွမ်က ပြုံး၍ အဝေးတွင် ထိုင်နေသော အင်မော်တယ်ဘုရင်တစ်ယောက်ကို ကြည့်လိုက်သည်။ သူက တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်က မမြင်ရသော သက်ရောက်မှုများကြောင့် အလွန်တည်ငြိမ်နေပြီး သာမန်လူများပင် ရှင်သန်နိုင်လေသည်။

" ကျစ်ကောင်း အင်မော်တယ်ဘုရင် " လင်းယွမ်က အင်မော်တယ်ဘုရင်ကို သေချာကြည့်လိုက်သည်။ " တာအိုပြည်နယ်သုံးထောင်မှာ အထင်ရှားဆုံးတွေထဲက တစ်ယောက်ပဲ။ "

တာအိုပြည်နယ်သုံးထောင်ထဲတွင် ကျစ်ကောင်းတာအိုပြည်နယ်ဟု ရှိပြီး ၎င်းက ကျစ်ကောင်းအင်မော်တယ်ဘုရင်၏ သင်ကြားမှုများ ပို့ချခဲ့သော နေရာဖြစ်သည်။

" သတ်ဖြတ်နိုင်စွမ်းအရဆို ကျစ်ကောင်းအင်မော်တယ်ဘုရင်က ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်လောက် မကောင်းပေမယ့် အလုံးစုံခွန်အားအရဆိုရင် နှစ်ယောက်လုံးက အဆင့်တူလောက်ရှိမယ်။ "

အထွတ်အထိပ်အင်မော်တယ်ဘုရင်များကြားတွင် အားသာချက် အားနည်းချက်များ ရှိကြပြီး ပြည့်စုံသော ဖန်တီးခြင်းစွမ်းအားကို ကိုင်စွဲထားသည့် အထွတ်အထိပ် အင်မော်တယ်ဘုရင်က အခြားသူများထက် ပိုမိုအားကောင်းလေသည်။

စိတ်ဝိညာဉ်ကမ္ဘာမှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ သက်တမ်းက စိတ်ဝိညာဉ်ကမ္ဘာနှင့်အတူ တည်ရှိနိုင်သည်ဟု ပြောနိုင်ပြီး ဖန်တီးခြင်းစွမ်းအားအမျိုးမျိုးကို လေ့လာရန် လုံလောက်သော အချိန်ရှိလေသည်။

" သိုင်းဘိုးဘေး..." ကျစ်ကောင်းအင်မော်တယ်ဘုရင်က မျက်လုံးများ ဖွင့်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်သုံးရာအတွင်း လင်းယွမ်က မလှုပ်ရှားခဲ့သော်လည်း အထွတ်အထိပ် အင်မော်တယ်ဘုရင်များက သူတို့၏ အာရုံနှင့် လင်းယွမ်၏ နက်ရှိုင်းသော ခွန်အားကို ခန့်မှန်းနိုင်ကြလေသည်။

ထို့ကြောင့် ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်ဖြစ်စေ ကျစ်ကောင်းအင်မော်တယ်ဘုရင်ဖြစ်စေ သူနှင့် မိတ်ဖွဲ့လိုကြသည်။

ဤနှစ်များတွင် လင်းယွမ်က အထွတ်အထိပ် အင်မော်တယ်ဘုရင် အတော်များများနှင့် မိတ်ဆွေဖွဲ့ခဲ့ပြီး သူတို့ထိန်းချုပ်ထားသော ဖန်တီးခြင်းစွမ်းအားများကို လဲလှယ်ခဲ့လေသည်။

" ကောင်းကင်ဖွင့်လှစ်ခြင်းက မင်းကို ပြင်ဆင်မှုဘယ်လိုရှိလဲ စစ်ဆေးခိုင်းလိုက်တယ်။ " လင်းယွမ်က ကျစ်ကောင်းအင်မော်တယ်ဘုရင်ကို ကြည့်ပြီး ပြောလိုက်သည်။

" ငါက အဆင်သင့်ပဲ။ " ကျစ်ကောင်းအင်မော်တယ်ဘုရင်၏ အမူအရာက လေးနက်သွားပြီး ပြောလိုက်သည်။ " သမိုင်းမတိုင်မီခေတ်က မသေနိုင်တဲ့ အဘိုးကြီးတွေ သူတို့က အဋ္ဌမကောင်းကင်ဘုံကို သိမ်းပိုက်ထားတာ ကြာပြီ။ အခု သူတို့ နေရာဖယ်ပေးဖို့ အချိန်တန်ပြီ။ "

သာမန်အင်မော်တယ်ဘုရင်များက သမိုင်းမတိုင်မီခေတ်နှင့် ပက်သက်သော ကိစ္စများတွင် ပါဝင်ရန် ခက်ခဲလေသည်။ သို့သော် အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ မျက်စိထဲတွင် သမိုင်းမတိုင်မီခေတ်က လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

သမိုင်းမတိုင်မီခေတ် အဆုံးသတ်ပြီး တာအိုပြည်နယ်သုံးထောင်ခေတ်သို့ ရောက်ကတည်းက သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ်အင်မော်တယ်ဘုရင်များက အဋ္ဌမကောင်းကင်ဘုံကို သိမ်းပိုက်ထားခဲ့ကြသည်။

ထို့အပြင် သူတို့က တာအိုပြည်နယ်သုံးထောင်ခေတ်မှ ထွက်ပေါ်လာသော အထွတ်အထိပ် အင်မော်တယ်ဘုရင်များ တက်လှမ်းလာခြင်းကိုလည်း တားမြစ်ထားခဲ့ကြသည်။

ထို့ကြောင့် ကောင်းကင်ဖွင့်လှစ်ခြင်းနှင့် ကျစ်ကောင်းတို့ကဲ့သို့ ​တာအိုပြည်နယ်သုံးထောင်ခေတ်တွင် ထွက်ပေါ်လာသော အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အဋ္ဌမကောင်းကင်ဘုံကို တိုက်ခိုက်ရန် အဆက်မပြတ် ကြိုးစားခဲ့ကြသည်။

နဝမကောင်းကင်ဘုံကို စူးစမ်းလိုခြင်းဖြစ်၏။ သမိုင်းမတိုင်မီခေတ်မှ ဖြစ်စေ တာအိုပြည်နယ်သုံးထောင်ခေတ်မှ ဖြစ်စေ အထွတ်အထိပ် အင်မော်တယ်ဘုရင်များအားလုံးက အချက်တစ်ချက်ကို ကောင်းစွာ သိကြလေသည်။

၎င်းမှာ နဝမကောင်းကင်ဘုံတွင် ကြီးမားသော လျို့ဝှက်ချက်တစ်ခု ရှိနေသည်ဟူ၍ပင် ဖြစ်သည်။

" လူများထက်သာလွန်သော လူများရှိ၏။ ကောင်းကင်ထက် သာလွန်သော ကောင်းကင်များရှိ၏။ ကောင်းကင်ကိုးခုအထက်တွင် ကောင်းကင်အရှင်သခင်များရှိ၏။ "

ထိုစကားစုက ကောလဟာလတစ်ခု မဟုတ်ပေ။ ထိုကောင်းကင်အရှင်သခင်ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင်ကို ကျော်လွန်သော အဆင့်ဟုလည်း ကောလဟာလများ ရှိလေသည်။

သမိုင်းမတိုင်မီခေတ်၏ အဆုံးသတ်က နဝမကောင်းကင်ဘုံနှင့် သက်ဆိုင်နေသည်။ အထွတ်အထိပ်အင်မော်တယ်ဘုရင်များစွာက နဝမကောင်းကင်ဘုံသို့ တက်လှမ်းလိုကြသည်။

သို့သော် လက်ရှိအချိန်တွင် နဝမကောင်းကင်ဘုံသို့ သွားရာလမ်း အဋ္ဌမကောင်းကင်ဘုံကို သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက သိမ်းပိုက်ထားပြီး တာအိုပြည်နယ်သုံးထောင်ခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။

ထို့ကြောင့် နှစ်သန်းပေါင်းများစွာအတွင်း ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်ကဲ့သို့ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အဋ္ဌမကောင်းကင်ဘုံကို ကျူးကျော်ရန် ကြိုးစားခဲ့ကြသည်။

ယခင် လင်းယွမ်ပြောခဲ့သော ပြင်ဆင်မှုများဆိုသည်မှာ အဋ္ဌမကောင်းကင်ဘုံကို နောက်တစ်ကြိမ် တိုက်ခိုက်ရန်အတွက် ဖြစ်သည်။ သေချာသည်မှာ ယခုအချိန်ထိ သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အသာစီးရနေဆဲ ဖြစ်ပြီး ကောင်းကင်ဖွင့်လှစ်ခြင်းကဲ့သို့ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ ကျူးကျော်မှုများမှ မအောင်မြင်သေးပေ။

" သမိုင်းမတိုင်မီခေတ်..." လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

သူက ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၊ ကျစ်ကောင်းအင်မော်တယ်ဘုရင်တို့နှင့် ပူးပေါင်းခြင်းမှာ နဝမကောင်းကင်ဘုံတစ်ခုတည်းအတွက်ကြောင့် မဟုတ်ပေ။ ၎င်းက သမိုင်းမတိုင်မီခေတ် အင်မော်တယ်ဘုရင်များ ပိုင်ဆိုင်သော ဖန်တီးခြင်းစွမ်းအားများကြောင့်လည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်သုံးရာအတွင်း လင်းယွမ်က လက်ရှိခေတ် အထွတ်အထိပ် အင်မော်တယ်ဘုရင်များ အားလုံးနီးပါးဆီမှ ဖန်တီးခြင်းစွမ်းအားတစ်မျှင်စီ စုဆောင်းနိုင်ခဲ့သည်။

ကျစ်ကောင်းအင်မော်တယ်ဘုရင်နှင့် စကားပြောပြီးနောက် လင်းယွမ်က သတ္တမကောင်းကင်ဘုံမှ သူ၏ နေရာသို့ ပြန်လာခဲ့သည်။

" ငါ ဒီနှစ်သုံးရာအတွင်း သိသိသာသာ တိုးတက်လာခဲ့တယ်။ " လင်းယွမ်က ထိုင်လိုက်သည်။

နှစ်သုံးရာအတွင်း လင်းယွမ်က စကြာဝဠာစွမ်းအား ၃၀ ကျော်ကို နားလည်နိုင်ခဲ့သည်။ ၎င်းတို့အနက် လေးမျိုးမှာ အဆင့်မြင့် စကြာဝဠာစွမ်းအားများ ဖြစ်ကြသည်။

ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအား၊ ဖျက်ဆီးခြင်းစွမ်းအား၊ အနှိုင်းမဲ့စွမ်းအားနှင့် ညီမျှခြင်းစွမ်းအားတို့ဖြစ်၏။ သာမန်စကြာဝဠာစွမ်းအားများမှာ မူလခရမ်းရောင်ချီ၊ လှိုင်းနယ်ပယ်၊ အဆုံးမဲ့ဖြတ်တောက်ခြင်းနှင့် အဆုံးမဲ့မိုးကြိုး စသည်တို့ ဖြစ်ကြသည်။

လင်းယွမ်က ထိုစကြာဝဠာစွမ်းအားများကို နားလည်ခဲ့ရုံသာဖြစ်ပြီး နက်နဲစွာ ကျွမ်းကျင်ထားခြင်းမရှိသေးပေ။

စိတ်ဝိညာဉ်ကမ္ဘာမှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ အဆင့်သတ်မှတ်မှုအရ ဖန်တီးခြင်းစွမ်းအားကို ပထမနယ်ပယ်၊ ဒုတိယနယ်ပယ်နှင့် တတိယနယ်ပယ်ဟူ၍ သုံးမျိုးခွဲခြားထားသည်။

လင်းယွမ်က အားလုံးကို ပထမနယ်ပယ် ကျွမ်းကျင်ပြီးနောက် နောက်ထပ် ဖန်တီးခြင်းစွမ်းအားများကို ဆက်လက်ရှာဖွေခဲ့သည်။

၎င်းက အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်၏။ ထိုဖန်တီးခြင်းစွမ်းအားများကို နားလည်ပြီးနောက် မူလကမ္ဘာတွင် စကြာဝဠာစွမ်းအားများအဖြစ် ပြောင်းလဲနိုင်လေသည်။ သူက စိတ်ဝိညာဉ်ကမ္ဘာ၏ ဆုံမှတ်များနှင့် ဤကမ္ဘာသို့ အချိန်မရွေးပြန်လာနိုင်သော်လည်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကုန်ကျမည်ကိုတော့ သတိပြုရပေလိမ့်မည်။

" တကယ်တော့ သာမန်ဖန်တီးခြင်းစွမ်းအားတွေက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားတွေရဲ့ အစိတ်အပိုင်းတွေပဲ။ " လင်းယွမ်က တွေးလိုက်သည်။

သူနားလည်ခဲ့သော ဖန်တီးခြင်းစွမ်းအား ဆယ်ခုကျော်လောက်က အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား လေးခုထဲတွင် ပါဝင်နေကြသည်။

ဥပမာ အနှိုင်းမဲ့စွမ်းအားကို ကြည့်လျှင် ၎င်းက အဆင့်မြင့်သော ဖန်တီးခြင်းစွမ်းအားတစ်ခုဖြစ်ပြီး မူလခရမ်းရောင်ချီ၊ လှိုင်းနယ်ပယ် စသည့် သာမန်ဖန်တီးခြင်းစွမ်းအားများ ပါဝင်နေသည်။

" ကံမကောင်းတာက အထွတ်အထိပ် အင်မော်တယ်ဘုရင်တိုင်းက အဆင့်မြင့်တဲ့ ဖန်တီးခြင်းစွမ်းအားတွေကို မပိုင်ဆိုင်ကြဘူး။ သာမန်ဖန်တီးခြင်းစွမ်းအားကို တတိယနယ်ပယ်ထိ ကျင့်ကြံနိုင်ရင် အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားရဲ့ ဒုတိယနယ်ပယ်နဲ့ နီးစပ်သွားလိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

သာမန် ဖန်တီးခြင်းစွမ်းအားများကို တတိယနယ်ပယ်ထိ ကျင့်ကြံထားသော အင်မော်တယ်ဘုရင်က ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်ထက် အားနည်းမည်မဟုတ်ပေ။

အဓိကပြဿနာမှာ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားများကို တတိယနယ်ပယ်ထိ ကျင့်ကြံနိုင်ရန် အလွန်ခက်ခဲလေသည်။ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်နှင့် ကျစ်ကောင်းအင်မော်တယ်ဘုရင်တို့ပင် ဒုတိယနယ်ပယ်၌ ရပ်တန့်နေကြသည်။

" ငါနားလည်ထားတဲ့ ဖန်တီးခြင်းစွမ်းအား ဆယ်ခုကျော်က ပထမအလွှာဖြစ်ပေမယ့် ပေါင်းစပ်လိုက်ရင် အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား တတိယနယ်ပယ်နီးပါး အစွမ်းထက်သွားပြီမဟုတ်လား။ " လင်းယွမ်က တွေးလိုက်သည်။

သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အဆင့်မြင့်ဖန်တီးခြင်းစွမ်းအား တစ်ခုနှစ်ခုကို လေ့လာခဲ့လျှင် ၎င်းတို့ကို နှစ်သုံးရာအတွင်း တတိယအလွှာထိ ကျင့်ကြံနိုင်ပေလိမ့်မည်။

သို့သော် ၎င်းက လင်းယွမ်၏ ရည်ရွယ်ချက်မဟုတ်ပေ။ စိတ်ဝိညာဉ်ကမ္ဘာတွင် ဖန်တီးခြင်းစွမ်းအားများစွာရှိပြီး ၎င်းတို့ကို မူလကမ္ဘာသို့ ယူဆောင်နိုင်လျှင် စကြာဝဠာစွမ်းအားများအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ရာ အရည်အသွေးထက် အရေအတွက်က ပို၍ အရေးကြီးလေသည်။

အရည်အသွေးကို မူလကမ္ဘာတွင် မြှင့်တင်နိုင်သော်လည်း အရေအတွက်မှာမူ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်သုံးပြီး စိတ်ဝိညာဉ်ကမ္ဘာသို့ ပြန်လာရုံသာ ရှိလေသည်။

All Chapters