← Chapters

ပြင်ဆင်ခြင်း....

Vol. 25 Ch. 389

ပြင်ဆင်ခြင်း....

Vol. 25 Ch. 389

ဖန်တီးခြင်းစွမ်းအားများကို နားလည်ခြင်းမှာ လင်းယွမ်၏ နှစ်သုံးရာ ကျင့်ကြံခြင်းမှ ရရှိခဲ့သော အကျိုးကျေးဇူးများ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

လင်းယွမ်က သိုင်းတာအို၏ အဋ္ဌမအလွှာကို ဖန်တီးရာတွင် တတိယအဆင့်ကို ကျော်လွန်ပြီး စတုတ္ထအဆင့်သို့ ရောက်လာခဲ့သည်။ အဋ္ဌမအလွှာကို အဆင့်လေးဆင့် ခွဲခြားထားပြီး စတုတ္ထအဆင့်က အဆုံးသတ်သို့ ရောင်ခါနီးနေပြီဖြစ်သည်။ မူလကမ္ဘာမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကလည်း အဆင့်လေးဆင့် ရှိသောကြောင့် အတူတူပင် ဖြစ်သည်။

အဋ္ဌမအလွှာ တားဆီးမရသူများက အတိအကျပြောလျှင် စတုတ္ထအဆင့်တွင်သာ ရှိနေသည်။ သို့သော် စကြာဝဠာစွမ်းအားတစ်ခုကို ပိုင်ဆိုင်သောကြောင့် ကွဲပြားသွားခြင်းဖြစ်သည်။

" ကံမကောင်းတာက မူလကမ္ဘာမှာ စကြာဝဠာစွမ်းအားတွေအပေါ် ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ ငါ့ရဲ့ထိုက်ကျိစွမ်းအားက စကြာဝဠာစွမ်းအားတစ်ခုပဲ။ နောက်လာမယ့် သိုင်းတာအိုကျင့်ကြံသူတွေက ငါ့ခြေရာအတိုင်း လိုက်လျှောက်ရင်တောင် ဒီလို စွမ်းအားမျိုးကို ရရှိနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သို့သော် ထိုက်ကျိစွမ်းအား မဖြစ်နိုင်လျှင်တောင် အခြားစွမ်းအားများ ရှိနေလေသည်။ ဥပမာ ဒြပ်စင်ငါးမျိုးစွမ်းအား.... သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့က တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကာ ထိန်းချုပ်ထားကြသည်။

ထိုအခြေခံနိယာမ ငါးခုကို အပြည့်အဝ နားလည်ပြီး ဒြပ်စင်ငါးမျိုး ပေါင်းစပ်သွားသည်နှင့် အခြားစကြာဝဠာစွမ်းအားတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိလေသည်။

သိုင်းတာအိုက တာအိုအားလုံးကို လွှမ်းမိုးနိုင်ပြီး သီအိုရီအရ စကြာဝဠာစွမ်းအားများစွာကို မွေးထုတ်ပေးနိုင်သည့် အလားအလာ ရှိလေသည်။

" ပင်မလေဟာနယ်ပုံစံတွေလည်း ရှိသေးတယ်။ " လင်းယွမ်၏ မျက်လုံးထဲတွင် နက်ရှိုင်းသော လေဟာနယ်အတက်အကျများ ထွက်ပေါ်လာသည်။

နှစ်သုံးရာအတွင်း လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၄၆၀၀ထိ နားလည်သွားခဲ့သည်။ လွန်ခဲ့သော နှစ်သုံးရာက နားလည်ခဲ့သော ၃၀၀၀ အပြင် ယခုနှစ်သုံးရာအတွင်း နောက်ထပ် ၁၆၀၀ကို နားလည်ခဲ့သည်။

ပင်မလေဟာနယ်ပုံစံက ၇၀၀၀ ကျော်သာရှိပြီး အရေအတွက်တိုးလာသည်နှင့်အမျှ ခက်ခဲမှုကလည်း တိုးလာသည်။ ထိုသို့သော အ​ခြေအနေတွင် လင်းယွမ်က ၁၆၀၀ကို နားလည်နိုင်ခြင်းမှာ အတော်ပင် မယုံကြည်နိုင်စရာကောင်းလှသည်။

" မူလကမ္ဘာက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတွေအတွက် ပင်မလေဟာနယ်ပုံစံ ၄၆၀၀ ဆိုရင် အတွင်းကမ္ဘာက မိုင် ၆၈၀၀၀၀ လောက် ရှိလောက်ပြီ။ "

ပင်မလေဟာနယ်ပုံစံများကို နားလည်လာသည်နှင့်အမျှ အတွင်းကမ္ဘာကလည်း ကျယ်ပြန့်လာမည်ဖြစ်သည်။ သီအိုရီအရ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုကို နားလည်သွားလျှင် အတွင်းကမ္ဘာက မိုင်ဆယ်သန်းထိ ရောက်လာမည်ဖြစ်သည်။

" ဒါပေမယ့် အဲ့ဒါက သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ရဲ့ အတွင်းကမ္ဘာပဲ။ ငါ့ရဲ့ အတွင်းကမ္ဘာဆိုရင်..." လင်းယွမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

ဆန်းကြယ်သော ဘူးသီးခြောက်၏ ကောင်းမှုကြောင့် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သန်း၇၀နီးပါးထိ ရောက်လာခဲ့သည်။

ထိုမျှကြီးမားသော အတွင်းကမ္ဘာကို အဋ္ဌမအလွှာ လူသားဆင့်ကဲပြောင်းလဲသူများမပြောနှင့် အထွတ်အထိပ်မျိုးနွယ်ဖြစ်သော ကြယ်ပင်လယ်ခွန်ကဲ့သို့ အထူးသက်ရှိများပင် ယှဉ်နိုင်မည်မဟုတ်ပေ။

သီအိုရီအရ ကြယ်ပင်လယ်ခွန်များ၏ အတွင်းကမ္ဘာကန့်သတ်ချက်မှာ မိုင် သန်း၅၀ ဖြစ်ပြီး လူသားများထက် ငါဆ ပိုမိုသန်မာလေသည်။

ယခု လင်းယွမ်၏ အတွင်းကမ္ဘာက ကြယ်ပင်လယ်ခွန်များ၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားခဲ့ရာ မယုံကြည်နိုင်စရာကောင်းလှသည်။ ထို့အပြင် မိုင် သန်း ၇၀ ရှိသော အတွင်းကမ္ဘာက လင်းယွမ်၏ ကန့်သတ်ချက်မဟုတ်သေးပေ။

" ဘူးသီးခြောက်..." လင်းယွမ်က ဘူးသီးခြောက်အတွင်းမှ အရည်များစုပ်ယူမှုမှာ စတုတ္ထအမျိုးအစားသို့ ရောက်သွားပြီဖြစ်သည်။

အရည်ခုနှစ်မျိုးဖြစ်သည့် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာနှင့် ခရမ်းရောင်တို့ထဲမှ လင်းယွမ်က အစိမ်းရောင်အရည်ကို စတင်စုပ်ယူနေပြီဖြစ်သည်။

" အစိမ်းရောင်အရည်ကို စုပ်ယူဖို့က ပထမသုံးမျိုးထက် အများကြီး ပိုခက်တယ်။ ဒီအရည်ကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကတည်းက စုပ်ယူနေတာ အခုထိ တစ်ဆတောင် မတိုးတက်သေးဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ငါ ကြီးမားတဲ့ အကျိုးအမြတ် ရထားပြီ။ အတွင်းကမ္ဘာကို ဆယ်ဆကြီးအောင် လုပ်နိုင်တာက ကြီးမြတ်သူတွေအတွက်တောင် မယုံကြည်နိုင်စရာပဲ မဟုတ်လား။ "

ကြီးမြတ်သူတစ်ယောက်က ၎င်းကို လုပ်နိုင်မလား လင်းယွမ်မသိပေ။ သို့သော် သူက အဆင့်ခုနှစ်နိုင်ငံသား၊ ကြယ်သခင်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူအနေဖြင့် ၎င်းကို တစ်ခါမှမကြားဖူးခဲ့ပေ။

" အခု ငါ့ရဲ့ ထိုက်ကျိမူလစိတ်ဝိညာဉ်ရဲ့ ခွန်အားက ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ထက် အများကြီး နိမ့်ကျသွားပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ဆန်းကြယ်သော ဘူးသီးခြောက်သာ မရှိလျှင် ထိုက်ကျိမူလစိတ်ဝိညာဉ်နှင့် အစစ်အမှန်ခန္ဓာကိုယ်ကြား များစွာ ကွာခြားမှုရှိမည်မဟုတ်ပေ။

အစစ်အမှန်ခန္ဓာက ထိုက်ကျိ၊ ကောင်းကင်ဖွင့်လှစ်ခြင်းနှင့် အခြားစကြာဝဠာစွမ်းအားများကို ကျွမ်းကျင်ပြီး ထိုက်ကျိမူလစိတ်ဝိညာဉ်ကလည်း ထိုစွမ်းအားများကို အသုံးပြုနိုင်လေသည်။

သို့သော် ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက မိုင် ၆.၈သန်းသာ ရှိသည်။ အခြားတစ်ဖက်တွင် အစစ်အမှန်ခန္ဓာကိုယ်၏ အတွင်းကမ္ဘာက မိုင်သန်းခုနှစ်ဆယ် ရှိလေသည်။

နှစ်သုံးရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သိုင်းဘုရားကျောင်းက တုန်ယွင်တာအိုပြည်နယ်တွင် ကြီးမားသော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။ ၎င်း၏ ဩဇာအာဏာက တုန်ယွင်တာအိုပြည်နယ်ကို ကျော်လွန်၍ အခြားပြည်နယ်များထိပင် ပြန့်နှံ့ခဲ့သည်။

တာအိုပြည်နယ်သုံးထောင်လုံးတွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အင်မော်တယ်လမ်းစဉ်နှင့် မယှဉ်နိုင်သေးသော်လည်း တုန်ယွင်တာအိုပြည်နယ်နှင့် ပတ်ဝန်းကျင်ရှိ တာအိုပြည်နယ်များတွင် ၎င်းတို့၏ ဩဇာအာဏာက မည်သူမျှ မယှဉ်နိုင်အောင် ကြီးထွားလာပြီဖြစ်သည်။ အင်မော်တယ်လမ်းစဉ်ပင် သိုင်းတာအိုကို ဖိနှိပ်နိုင်စွမ်းမရှိတော့ပေ။

အကြောင်းမှာ သိုင်းဘိုးဘေးက သိုင်းဘုရားကျောင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်သုံးရာအတွင်း သိုင်းဘိုးဘေးက သိုင်းတာအိုကို ဟောပြောပွဲများစွာ ပြုလုပ်ခဲ့ပြီး ပါရမီရှင်များစွာကို သိုင်းတာအိုလမ်းစဉ်ပေါ်သို့ ခေါ်ဆောင်ခဲ့သည်။

ကျင့်ကြံခြင်းဂူအတွင်း လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" အခု သိုင်းတာအိုက..." လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

နှစ်သုံးရာ မြှင့်တင်ပြီးနောက် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အင်မော်တယ်လမ်းစဉ်အောက် အားအကောင်းဆုံး ကျင့်ကြံခြင်းစနစ်တစ်ခု ဖြစ်လာခဲ့သည်။

လွန်ခဲ့သော နှစ်သုံးရာအတွင်း ကပ်ဘေးကျော်လွှားခြင်းအဆင့် အင်မော်တယ်ဘုရင်များက လင်းယွမ်ကို လာရောက်တွေ့ဆုံခဲ့ကြပြီး လင်းယွမ်၏ ခွန်အားကို သိရှိပြီးနောက် သူတို့၏ အင်အားစုများကို သိုင်းဘုရားကျောင်းအား မဆန့်ကျင်ရန် အမိန့်ပေးခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အင်မော်တယ်လမ်းစဉ်နှင့် တန်းတူ ရပ်တည်နိုင်လိမ့်မည်ဟု ခန့်မှန်းရလေသည်။

လင်းယွမ်အတွက် စိတ်မကျေနပ်စေသည်မှာ ယနေ့အထိ သိုင်းတာအိုကျင့်ကြံခြင်းစနစ်မှ အဋ္ဌမအလွှာ ကျင့်ကြံသူတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိသေးပေ။ ပဉ္စမအလွှာနှင့် ဆဋ္ဌမအလွှာ ကျင့်ကြံသူများသာ ထွက်ပေါ်လာခဲ့သည်။

သို့သော် သိုင်းတာအို၏ အဋ္ဌမအလွှာက ကပ်ဘေးကျော်လွှားခြင်းအဆင့်နှင့် ယှဉ်နိုင်သောကြောင့် အဋ္ဌမအလွှာများ ထွက်ပေါ်မလာသေးသည်မှာ သဘာဝကျလေသည်။

" သိုင်းတာအို အဋ္ဌမအလွှာ..." လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက သိုင်းဘိုးဘေးဖြစ်နေသောကြောင့်သာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အလွန်အစွမ်းထက်နေခြင်းဖြစ်သည်။ အနှစ်သာရအားဖြင့် သိုင်းတာအို၏ အခြေခံက များစွာ နက်ရှိုင်းခြင်းမရှိသေးပေ။

နှစ်ပေါင်းများစွာ တည်ရှိနေပြီဖြစ်သော်လည်း လင်းယွမ်တာဝန်ယူခဲ့သော နှစ်သုံးလေးရာမှလွဲ၍ ကျန်အချိန်များတွင် အောင်မြင်မှုများစွာ မရှိခဲ့ပေ။ ရာစုနှစ်အနည်းငယ်အတွင်း အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းက အိပ်မက်မက်နေခြင်းနှင့် တူလေသည်။

လင်းယွမ်က သူ၏ မူလရင်းမြစ်ကို အသုံးပြုပြီး ကျင့်ကြံသူတစ်ယောက်ကို ပျိုးထောင်ပေးခဲ့လျှင်တောင် သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်ရောက်ချိန်တွင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် လွဲချော်သွားသည်နှင့် အားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

" ငါ ဒီမှာ နေရာမယ့်အချိန်မကုန်ခင် သိုင်းတာအိုရဲ့ အဋ္ဌမအလွှာ ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာရင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်လည်း တည်ငြိမ်သွားလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်၏ စိတ်ထဲမှ အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်ဖွယ် ရှိသူများထဲမှ အနည်းငယ်မှ သဘယဝအတိုင်း ဝါရင့် သတ္တမအလွှာများ ဖြစ်ကြသော လီချင်း၊ ရှန်ယန်နှင့် နင်ယွင်တို့ ပါဝင်လေသည်။

သတ္တမကောင်းကင်ဘုံ။

လင်းယွမ်အပါအဝင် အထွတ်အထိပ် အင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်က တစ်နေရာတည်းတွင် စုဝေးနေကြပြီး သူတို့၏ ကြောက်မက်ဖွယ် အော်ရာများက မိုင်ဘီလီယံနှင့် ချီသော ဧရိယာကို တုန်ခါသွားစေသည်။

တာအိုပြည်နယ်သုံးထောင်ခေတ် စတင်ကတည်းက နှစ်သန်းပေါင်းများစွာ အတွင်း ထွက်ပေါ်လာသော အထွတ်အထိပ် အင်မော်တယ်ဘုရင် အရေအတွက်မှာ သုံးဆယ်ကို မကျော်လွန်ခဲ့ပေ။

" အဋ္ဌမကောင်းကင်ဘုံ..." ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က မဲနက်နေသော ပုဆိန်ကြီးတစ်လက်ကို ကျော်တွင်လွယ်ပြီး အဋ္ဌမအလွှာ ကောင်းကင်ဘုံ၏ ဝင်ပေါက်ကို ကြည့်နေသည်။

ထိုနေရာတွင် တိမ်များနှင့် မြူခိုးများ ဖုံးလွှမ်းနေပြီး ကြောက်စရာကောင်းသော အော်ရာများက လည်ပတ်နေသည်။ ၎င်းတို့က သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ ချန်ထားခဲ့သော နည်းလမ်းများဖြစ်သည်မှာ ထင်ရှားလေသည်။

နောက်လာမည့် မျိုးဆက်များ အဋ္ဌမကောင်းကင်ဘုံသို့ ဝင်ရောက်ပြီး နဝမကောင်းကင်ဘုံမှ အခွင့်အလမ်းအား ရှာဖွေခြင်းကို တားဆီးရန် ဖြစ်သည်။

All Chapters