← Chapters

တက်လှမ်းခြင်းတိုက်ပွဲ...

Vol. 25 Ch. 390

တက်လှမ်းခြင်းတိုက်ပွဲ...

Vol. 25 Ch. 390

" လွန်ခဲ့တဲ့ တက်လှမ်းခြင်းတိုက်ပွဲမှာ ငါ့ရဲ့ ခွန်အားက အဆင့်မတက်သေးဘူး။ ဒီတစ်ခါတော့ သေချာသွားပြီယ " ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က အခြားအင်မော်တယ်ဘုရင်များကို ကြည့်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

သူပိုင်ဆိုင်သော ဖန်တီးခြင်းစွမ်းအားက အဆင့်မြင့်သည့်အပြင် တိုက်ခိုက်ရေးတွင် အားသာသောကြောင့် လွန်ခဲ့သော အဋ္ဌမကောင်းကင်ဘုံးသို့ ကျူးကျော်မှုများတွင် သူက အဓိကတိုက်ခိုက်သူဖြစ်လာခဲ့သည်။

ထို့အပြင် အဋ္ဌမကောင်းကင်ဘုံသို့ ကျူးကျော်မှုကို အထွတ်အထိက် အင်မော်တယ်ဘုရင်များက တက်လှမ်းခြင်းတိုက်ပွဲဟု ခေါ်ကြလေသည်။

" ငါတို့ မင်းကို ယုံတယ်။ "

" သမိုင်းမတိုင်မီခေတ်က အဘိုးကြီးတွေက တော်တော် လောဘကြီးတာ နဝမကောင်းကင်ဘုံက အခွင့်အလမ်းကို သူတို့ချည်းပဲ သိမ်းပိုက်ချင်နေကြတယ်။ "

" ငါ အဲ့ဒီ မြူခိုးအင်မော်တယ်ဘုရင်ကို နောက်မှ ကိုင်တွယ်မယ်။ "

တက်လှမ်းခြင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့သောကြောင့် သူတို့က အဋ္ဌမအလွှာမှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များနှင့် အတော်ပင် ရင်းနှီးနေကြပြီဖြစ်သည်။

အထွတ်အထိပ် အင်မော်တယ်ဘုရင်များအနေဖြင့် သူတို့က ရှုံးနိမ့်ခဲ့လျှင်တောင် သေဆုံးရန် မဖြစ်နိုင်ဘဲ ဒဏ်ရာရရုံသာ ရှိလေသည်။ ထို့ကြောင့် အဋ္ဌမကောင်းကင်ဘုံမှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက သူတို့ကို သတ္တမကောင်းကင်ဘုံထိ လိုက်လံသတ်ဖြတ်ခြင်း မရှိခဲ့ပေ။ သူတို့ လိုက်လာခဲ့လျှင်တောင် အထွတ်အထိပ် အင်မော်တယ်ဘုရင်များကို သတ်နိုင်ရန် လွန်စွာ ခက်ခဲလေသည်။

လင်းယွမ်က တစ်ဖက်တွင် ရပ်ပြီး သူတို့၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေသည်။ ထိုနေရာမှ အထွတ်အထိပ် အင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်တွင် လင်းယွမ် တစ်ယောက်တည်းသာ တက်လှမ်းခြင်းတိုက်ပွဲကို မပါဝင်ဖူးခြင်းဖြစ်သည်။

" ဟမ် " လင်းယွမ်က အဋ္ဌမကောင်းကင်ဘုံ၏ ဝင်ပေါက်ကို မော့ကြည့်လိုက်သည်။

ထိုနေရာတွင် အထွတ်အထိပ် အင်မော်တယ်ဘုရင်များ စုဝေးနေသည်ကို သူက အာရုံခံမိလိုက်သည်။ အဋ္ဌမကောင်းကင်ဘုံမှ အင်မော်တယ်ဘုရင်များကလည်း တက်လှမ်းခြင်းတိုက်ပွဲ မကြာခင် စတင်တော့မည်ကို သိနေကြသည်မှာ ထင်ရှားလေသည်။

" နဝမကောင်းကင်ဘုံ.... " လင်းယွမ်ကလည်း နဝမကောင်းကင်ဘုံတွင် မည်သည့်အရာများ ရှိနေသည်ကို သိချင်စိတ် ပြင်းပြနေသည်။

၎င်းကြောင့်ပင် သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အဋ္ဌမကောင်းကင်ဘုံတွင် နေထိုင်ပြီး နောင်လာမည့် အထွတ်အထိပ် အင်မော်တယ်များကို အဋ္ဌမကောင်းကင်ဘုံသို့ တက်လှမ်းခြင်းအား တားဆီးခဲ့ကြလေသည်။

" ငါ မကြာခင် သိရတော့မှာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အဋ္ဌမကောင်းကင်ဘုံ။

ကြောက်မက်ဖွယ်အော်ရာများက သတ္တမကောင်းကင်ဘုံသို့ ချိတ်ဆက်ထားသော ထွက်ပေါက်တွင် ပေါ်လာကြသည်။

" အောက်က ကောင်လေးတွေ ထပ်တိုက်ချင်နေကြတုန်းပဲ။ ဒါပေမယ့် သူတို့ အပေါ်ရောက်လာရင်တောင် သူတို့ရဲ့ စွမ်းအားနဲ့ ဘာလုပ်လို့ရမှာလဲ။ "

မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက လှောင်ပြောင်လိုက်သည်။ သမိုင်းမတိုင်မီခေတ်က အထွတ်အထိပ် အင်မော်တယ်တစ်ယောက်အနေဖြင့် ကောင်းကင်ဖွင့်လှစ်ခြင်းအင်မော်တယ်ဘုရင်နှင့် ကျစ်ကောင်းအင်မော်တယ်ဘုရင်တို့ကို ကောင်လေးများဟု အမှန်တကယ် ခေါ်ဆိုနိုင်ပေသည်။

" သူတို့ကို အထင်မသေးနဲ့။ အဲ့ဒီကောင်းကင်ဖွင့်လှစ်ခြင်းအင်မော်တယ်ဘုရင်က ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ အနှိုင်းမဲ့စွမ်းအားကို ထိန်းချုပ်ထားတဲ့ ကျစ်ကောင်းအင်မော်တယ်ဘုရင်လည်း ရှိသေးတယ်။ သူတို့က တတိယနယ်ပယ်အထိ နားလည်သွားရင် ငါ့တို့အတွက် ပြဿနာရှိလာနိုင်တယ်။ " နောက်ထပ်ပုံရိပ်တစ်ခုက ပြောလိုက်သည်။

ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအား။

အနှိုင်းမဲ့စွမ်းအား။

နှစ်ခုလုံးက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားများ ဖြစ်ကြသည်။ ယခင် တက်လှမ်းခြင်းတိုက်ပွဲများတွင် ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်နှင့် ကျစ်ကောင်းအင်မော်တယ်ဘုရင်တို့က ထိုအဆင့်မြင့်စွမ်းအားများကို ဒုတိယနယ်ပယ်အထိသာ နားလည်ကြသည်။

" အဲ့ဒါက တကယ်ပြဿနာပဲ။ " တတိယပုံရိပ်က ပြောလိုက်သည်။

ပါရမီစွမ်းရည်အရဆိုလျှင် သူတို့ သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက တာအိုပြည်နယ်သုံးထောင်ခေတ်မှ လူများထက် နိမ့်ကျမည်မဟုတ်ပေ။ ကျင့်ကြံသည့်နှစ်များအရဆိုလျှင် သူတို့က ခေတ်နှစ်ခေတ် နီးပါး ဖြတ်သန်းခဲ့ကြပြီး ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်တို့ထက် များစွာ သာလွန်လေသည်။

" အဲ့ဒီ ကောင်းကင်ဖွင့်လှစ်ခြင်းအင်မော်တယ်ဘုရင်ကို ငါ့အတွက်ထားလိုက်။ ငါလည်း ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားကို ကျင့်ကြံတာပဲ။ " ထွားကြိုင်းသော ပုံရိပ်တစ်ခုက ပြောလိုက်သည်။

စိတ်ဝိညာဉ်ကမ္ဘာမှ ဖန်တီးခြင်းစွမ်းအားများက ကန့်သတ်ထားခြင်းမရှိဘဲ အင်မော်တယ်ဘုရင်များစွာက နားလည်နိုင်လေသည်။ ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားက သတ်ဖြတ်နိုင်စွမ်းကြီးမားသည့် အဆင့်မြင့် ဖန်တီခြင်းစွမ်းအားဖြစ်သောကြောင့် သဘာဝအတိုင်း အင်မော်တယ်ဘုရင်များကို ဆွဲဆောင်နိုင်လေသည်။

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အမျိုးမျိုး ဆွေးနွေးနေကြစဉ်....

ဝုန်း.....

သတ္တမကောင်းကင်ဘုံမှ ကြောက်စရာကောင်းသော ပုဆိန်အလင်းတန်းတစ်ခုက လေဟာနယ်ကို ခွဲခြမ်းပြီး အဋ္ဌမကောင်းကင်ဘုံ၏ ဝင်ပေါက်သို့ ကျရောက်လာသည်။

တိမ်များနှင့် မြူခိုးများက ခွဲခြမ်းခံလိုက်ရပြီး ပြန်လည်စုဝေးလာကြသော်လည်း နောက်မှ ပုဆိန်အလင်းတန်းများက ဆက်တိုက် လိုက်လာခဲ့သည်။

" ကောင်လေး ကောင်းကင်ဖွင့်လှစ်ခြင်း... "

မြူခိုးများနှင့် ပုံရိပ်က မျက်မှောင်ကြုတ်သွားသည်။ " သူတို့ အပေါ်တက်မလာအောင် တားကြစို့။ "

" အကိုကောင်းကင်ဖွင့်လှစ်ခြင်းရဲ့ စွမ်းအားက အဆင့်တက်သွားပြီပဲ။ " ကျစ်ကောင်းအင်မော်တယ်ဘုရင်က ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင် ပိုင်းဖြတ်လိုက်သော ပုဆိန်အလင်းတန်းများကို ကြည့်ပြီး ရေရွတ်လိုက်သည်။

ယခုအချိန်တွင် ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၏ ခွန်အားက ကြောက်စရာကောင်းလှသည်။ ပုဆိန်အလင်းတန်းများက သာမန် အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်၏ အပြည့်အဝ တိုက်ခိုက်မှုထက် ပိုမို အားကောင်းလေသည်။

ဝှစ်....

ရုတ်တရက် အဋ္ဌမကောင်းကင်ဘုံဝင်ပေါက်မှ ပုံရိပ်များ ထွက်ပေါ်လာသည်။

သူတို့ထဲမှ ထွားကျိုင်းသော ပုံရိပ်တစ်ခုကလည်း ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ပုဆိန်တစ်ခုလုံးက အပြာရောင်တောက်ပလာပြီး ပုဆိန်အလင်းတန်းများထွက်ပေါ်ကာ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုကို တိုက်ရိုက် တားဆီးလိုက်သည်။

" ကောင်လေးတွေ မင်းတို့ဘာသာ မင်းတို့ ဆင်းမလား။ ငါတို့ကန်ချပေးရမလား။ " ဦးဆောင်နေသော ပုံရိပ်က ကျယ်လောင်စွာ ပြောလိုက်ပြီး သူ၏ အသံက သတ္တမကောင်းကင်ဘုံတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

" လင်းရှုအင်မော်တယ်ဘုရင်... အဲ့ဒီမသေနိုင်တဲ့ အဘိုးကြီး..." ကျစ်ကောင်းအင်မော်တယ်ဘုရင်၏ အသံတွင် ကြောက်ရွံ့မှု အနည်းငယ် ပါဝင်နေသည်။

လင်းရှုအင်မော်တယ်ဘုရင်က အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား တစ်ခုနှင့် သာမန်ဖန်တီးခြင်းစွမ်းအား ခြောက်ခုကို ပိုင်ဆိုင်ထားပြီး အားလုံးကို တတိယနယ်ပယ်အထိ ကျင့်ကြံထားသဖြင့် သူ၏ ခွန်အားက အလွန်ပင် ကြောက်စရာကောင်းလှသည်။

လင်းယွမ်ကလည်း လင်းရှုအင်မော်တယ်ဘုရင်ကို လေ့လာနေသည်။

လင်းရှုအင်မော်တယ်ဘုရင်ထံမှ ထွက်ပေါ်နေသော ဖန်တီးခြင်းစွမ်းအားများ၏ အော်ရာထဲတွင် သူ တစ်ခါမှ မတွေ့ဖူးသော စွမ်းအားသုံးမျိုးပါဝင်နေသည်။ ထိုထဲတွင် အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားလည်း ပါဝင်လေသည်။

" သွားကြစို့..." အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ကောင်းကင်သို့ အတူတူ ပျံတက်သွားကြသည်။

ဝုန်း ဝုန်း ဝုန်း.....

အထွတ်အထိပ် အင်မော်တယ်ဘုရင် ဆယ်ယောက်ကျော်က ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုများက မိုင်သန်းပေါင်းများစွာအထိ သက်ရောက်ပြီး ကောင်းကင်ကိုးခုတွင်မဟုတ်ဘဲ တာအိုပြည်နယ်သုံးထောင်တွင် ဖြစ်လျှင် သူတို့၏ တိုက်ခိုက်မှုမှ နောက်ဆက်တွဲ အားလှိုင်းကပင် တာအိုပြည်နယ်သုံးထောင်ကို အကြိမ်ကြိမ် ဖျက်ဆီးပစ်နိုင်လေသည်။

သို့သော် သတ္တမကောင်းကင်ဘုံတွင် တိုက်ခိုက်မှုများက များစွာ သက်ရောက်ခြင်းမရှိခဲ့ပေ။ စုတ်ပြဲသွားသော လေဟာနယ်များကလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြသည်။

လင်းယွမ်က နောက်ဆုံးမှ လိုက်ပါလာပြီး တိုက်ပွဲကို လေ့လာနေသည်။

ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားကို နားလည်ထားသော အထွတ်အထိပ် အင်မော်တယ်ဘုရင်နှင့် တိုက်ခိုက်နေသည်။ သူတို့ တိုက်ခိုက်သည့်ပုံစံက တူညီလုနီးပါးဖြစ်ပြီး ပုဆိန်ကို ပုဆိန်နှင့် တိုက်ရိုက်ပြန်တိုက်ခိုက်သော်လည်း ပါဝင်သော ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားများက သာမန် အထွတ်အထိပ် အင်မော်တယ်ဘုရင်များကို ထိတ်လန့်သွားစေနိုင်လေသည်။

ကျစ်ကောင်းအင်မော်တယ်ဘုရင်က အထွတ်အထိပ် အင်မော်တယ်ဘုရင်နှစ်ယောက်နှင့် တိုက်ခိုက်နေသည်။ အနှိုင်းမဲ့စွမ်းအားကို ကိုင်စွဲထားပြီး တိုက်ခိုက်မှုတိုင်းက ပြင်းထန်ကာ နှစ်ယောက်ကို တိုက်ခိုက်နေရသော်လည်း ပြိုင်ဘက်များကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်သည်။

လင်းယွမ်က လှည့်ပတ်ကြည့်လိုက်ပြီး သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

" မလှုပ်ရှားရတာ ကြာပြီပဲ။ "

" ကောင်လေး စီနီယာတစ်ယောက်အနေနဲ့ မင်းကို အရင်တိုက်ခွင့်ပေးမယ်။ မဟုတ်ရင် မင်းအခွင့်အရေးရှိမှာ မဟုတ်ဘူး။ " ပိန်ပိန်နှင့် လူတစ်ယောက်က အဝေးတွင်ရပ်ပြီး လင်းယွမ်ကို ပြုံး၍ ကြည့်နေသည်။

" အရင်တိုက်ခွင့်ပေးမယ်..." လင်းယွမ်က ခဏစဉ်းစားလိုက်သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ်က မူလခန္ဓာကိုယ်ထက် အားနည်းသော်လည်း ထိုက်ကျိစွမ်းအားအပြင် အခြားအဆင့်မြင့်စွမ်းအားလေးခုနှင့် သာမန်ဖန်တီးခြင်းစွမ်းအား ဆယ်ခုကျော်ကို ပိုင်ဆိုင်ထားလေသည်။ သူ၏ ခွန်အားက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားကို တတိယနယ်ပယ်ထိ ကျင့်ကြံထားသော အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်ထက် နိမ့်ကျမည်မဟုတ်ပေ။

" ဟုတ်တယ်။ " ပိန်ပိန်နှင့် အင်မော်တယ်ဘုရင်က ခေါင်းညိမ့်လိုက်သည်။

သို့သော် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ အကြောင်းမှာ လင်းယွမ်က ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ထိုပျောက်ကွယ်မှုက လှုပ်ရှားခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းခြင်းမဟုတ်ဘဲ ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

" မကောင်းတော့ဘူး။ " သူက ချက်ချင်း နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် နောက်ကျသွားလေပြီ။ လင်းယွမ်၏ ပုံရိပ်က သူ၏ ဘေးတွင် ပေါ်လာပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးချက်က မည်သည့်စွမ်းအားမှ မပါဝင်သကဲ့သို့ ထင်ရသော်လည်း ပိန်ပိန်နှင့် အင်မော်တယ်ဘုရင်က သေခြင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

" ပေါက်ကွဲစမ်း "

ပိန်ပိန်နှင့် အင်မော်တယ်ဘုရင်၏ အရေပြားမှ သွေးများစွာ ပန်းထွက်လာပြီးနောက် ချက်ချင်း သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။ လင်းယွမ်၏ လက်သီးချက်အောက်တွင် သူ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။

All Chapters