← Chapters

ဝိညာဉ်ချီရေ

Vol. 1 Ch. 89

ဝိညာဉ်ချီရေ

Vol. 1 Ch. 89

အတော်လေး ကြာပြီးနောက် ချန်းဖန်လည်း မပြီးဆုံးနိုင်သော ဆွေးနွေးပွဲကြီးအား ရပ်တန့်စေကာ ဧည့်သည်များအား ပြန်ကြရန် အရိပ်အမြွက် ပြလိုက်ရတော့သည်။

ထိုလူများ မထွက်ခွာခင် ချန်းဖန်က တစ်ယောက်ချင်းစီအား လက်ဖက်ရည် တစ်ခွက်စီ သောက်စေသည်။

"ဘာတွေလဲ"

အခြားသူများက အနည်းငယ် တုံ့ဆိုင်းနေကြသော်လည်း အားပျောင်က ကရားကိုယူ၍ လူတိုင်း၏ လက်ဖက်ရည် ပန်းကန်များထဲသို့ လောင်းထည့်ပေးလိုက်သည်။

ကောဝေ့က အတွင်းအား ပညာရှင်တစ်ယောက် ဖြစ်သည့်အလျောက် အခြားသူများကဲ့သို့ ဘာဘာညာညာ တွေးမနေဘဲ လက်ဖက်ရည်ခွက်အား ယူလိုက်ပြီး တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်သည်။

ရုတ်တရက် သူသည် အေးစက်သော အထိအတွေ့ တစ်ခုအား လည်ချောင်းမှသည် ဝမ်းဗိုက်တလျှောက် ခံစားလိုက်ရသည်။ ထို့နောက် အေးစက်သော အထိအတွေ့မှ ပူပြင်းသော အထိအတွေ့အဖြစ် ပြောင်းလဲသွားသည်။ ထိုအပူစီးကြောင်းလေးက သူ့ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာဟောင်းများနှင့် ထိတွေ့သွားသောအခါ တဆစ်ဆစ် ဖြစ်လာသော အထိအတွေ့အား ဒဏ်ရာတဝိုက်၌ ခံစားလိုက်ရပြီး တဖြည်းဖြည်းနှင့် သက်တောင့်သက်သာ ဖြစ်လာသည်။

"ဘုရားသခင်"

ကောဝေ့သည် ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်မိသည်။

လက်ဖက်ရည် သောက်ပြီးသော အခြားလူများ၏ မျက်နှာ အမူအရာများမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီး ၎င်းတို့၏ ကိုယ်တွင်း၌ ကောဝေ့ကဲ့သို့ပင် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်များ ဖြစ်နေကြပုံ ရသည်။

"တကယ်ကို ကျုပ်ခန္ဓာကိုယ် ဒီလောက်ထိ ပေါ့ပါးနေတာမျိုး တစ်ခါမှ မခံစားဖူးဘူး"

အားပျောင်သည်လည်း ပါးစပ်အဟောင်းသားနှင့် ပြောလာသည်။

"နောက်နေတာ မဟုတ်ဘူး ဆောင်းတွင်းဘက်ဆို ကျုပ်ရဲ့ အရိုးအဆစ်တွေက အမြဲ ကိုက်ခဲနေတတ်တာ အခုတော့ လုံးဝ မခံစားရတော့ဘူး"

ကျိုးထျန်ဟောက်က အခိုင်အမာ ပြောလိုက်ပြန်သည်။

သို့သော်လည်း လက်ဖက်ရည် သောက်လိုက်သည့် လူများထဲတွင် တတိယသခင်ကြီးသည် အကျိုးကျေးဇူး အရဆုံး ဖြစ်သည်။

နှစ်ပေါင်းများစွာ အပျော်အပါး အသောက်အစား လိုက်စားလာမှုကြောင့် တတိယသခင်ကြီးဝေ့၏ ခန္ဓာကိုယ်မှာ အတော်လေး ယိုယွင်း ပျက်စီးနေပြီ ဖြစ်သည်။ ချန်းဖန် လက်ဆောင် ပေးထားသော မှော်ရတနာကြောင့်သာ မဟုတ်ပါက တတိယသခင်ကြီးသည် နာတာရှည် ရောဂါကြောင့် အိပ်ရာထဲပင် လဲနေလောက်သည်။

လက်ဖက်ရည်အား ပထမဆုံး တစ်ငုံ သောက်ကြည့်လျှင်ပင် လက်ဖက်ရည် အတွင်းရှိ လတ်ဆတ်မှုနှင့် သန့်စင်မှုအား ခံစားနိုင်သည်။ ထိုလက်ဖက်ရည်က လူကုံထံ အိမ်များတွင် လက်ဖက်ရည်ပွဲ ပြင်ရန် သီးသန့်ထားသော နွေဦးစမ်းရည်ထက်ပင် ကြည်လင်ဟန် ရသည်။

တတိယသခင်ကြီးဝေ့သည် လက်ဖက်ရည် တစ်ခွက်လုံးအား မြိုချပြီးနောက် အပူစီးကြောင်းလေး တစ်ခုက သူ၏ ဝမ်းဗိုက်မှသည် ခန္ဓာကိုယ် တစ်ခုလုံးအား အားဖြည့်ပေးနေသကဲ့သို့ ခံစားရသည်။ အထိအတွေ့ကား စကားနှင့် ပြောပြလို့ မရလောက်အောင် သက်သောင့်သက်သာ ရှိလှသည်။ သူက မနေ့ညကမှ ဇနီးနှစ်ယောက်နှင့် ခုတင်ထက်တွင် လူးလှိမ့်ခဲ့သောကြောင့် အားအင် ကုန်ခမ်းနေပြီး တပတ်ခန့် နားရမည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ယခုမူ သူ၏ ခြေနှစ်ချောင်းကြားရှိ တတိယခြေထောက်မှာ စိတ်ဆန္ဒတို့နှင့် အားအင်ပြည့်ဝစွာ နောက်တစ်ကြိမ် ထကြွလာသည်ကို ခံစားရသည်။

"ဆရာချန်း ... ဒါက ကောင်းကင်ဘုံက ရေနဲ့ လုပ်ထားတဲ့ လက်ဖက်ရည်များလား"

တတိယသခင်ကြီးဝေ့က စိတ်အား ထက်သန်စွာဖြင့် မေးမိသည်။

"ဒါက ဘယ်ရေနဲ့လုပ်တဲ့ လက်ဖက်ရည်ပဲဖြစ်ဖြစ် ‌ပရဆေးဈေးကွက်မှာ ရောင်းတဲ့ မြွေဆီနဲ့ သက်ရောက်မှု အတူတူပဲ"

အမှန်တကယ်တွင်တော့ ထိုရေ‌နွေးကရားသည် ဝိညာဉ် စုဆောင်းခြင်း အစီအရင်ထဲ၌ ချန်းဖန်နှင့်အတူ တစ်နေ့လုံး ရှိနေခဲ့ပြီး သန့်စင်သော ဝိညာဉ်ချီများ ပျော်ဝင်နေခဲ့သည်။ ထို့ကြောင့် လက်ဖက်ရည် တစ်ငုံစာခန့် သောက်ခြင်းကပင် ဝိညာဉ်ချီ ပြည့်ဝသော နေရာ၌ တစ်ညလုံးလုံး တရားထိုင်နေခြင်းနှင့် ညီမျှသည်။

ချန်းဖန်သည် ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်အား ပြင်ဆင်ပြီးနောက် ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ ဝိညာဉ်ချီ ထုတ်လွှတ်နိုင်စွမ်းသည် ဆယ်ဆ တိုးလာခဲ့ပြီး စံအိမ်တစ်ခုလုံးသည် ဝိညာဉ်နယ်မြေ အသေးစားလေး ဖြစ်လာခဲ့သည်။ ထိုဝိညာဉ်ချီများ ပျော်ဝင်နေသော ရေသည်လည်း သောက်သုံးသူများ အပေါ် အလွန် အကျိုးထူးစေတာ ဖြစ်သည်။

သို့သော်လည်း ထိုလက်ဖက်ရည်များသည် ဝိညာဉ်ချီ ပျော်ဝင်နေသော သာမန် လက်ဖက်ရည်များသာ ဖြစ်ရာ စွမ်းအင်စုစည်း ဆေးလုံးနှင့် ‌ပြင်ဆင်ထားသော လက်ဖက်ရည်နှင့်တော့ မနှိုင်းသာပေ။

"ဆရာချန်း ... ကျုပ် တစ်ခွက်လောက် ထပ်သောက်လို့ ရမလားဟင်"

ကျိုးထျန်ဟောက်က အရဲစွန့်၍ တောင်းဆိုလိုက်သည်။

"ရတယ်"

ချန်းဖန်က သာမန်ကာလျှံကာမျှ ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်သာ ခင်ဗျားနေရာမှာ ဆိုရင် ပထမ သောက်ထားတဲ့ တစ်ခွက်က သက်ရောက်မှုတွေ မကုန်သေးဘဲ နောက်ထပ် အများကြီး ထပ်သောက်မှာ မဟုတ်ဘူး"

စံအိမ်အတွင်းရှိ ဝိညာဉ် စုဆောင်းခြင်း အစီအရင် မပျက်စီးသေးသ၍ ချန်းဖန်တွင် ထိုကဲ့သို့သော ရေများက ပေါများစွာ ရှိနေမှာ ဖြစ်သည်။

"ဟုတ်ကဲ့ ဆရာကော ခင်ဗျားလည်း သောက်လေ ကျုပ်လည်း ဒုတိယ တစ်ခွက်လောက်တော့ သောက်လိုက်ဦးမယ်"

ကျိုးထျန်ဟောက်က ဆရာကောအား အဖော်စပ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာချန်း"

ကောဝေ့က ချန်းဖန်အား လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။ သိုင်းပညာ တံခွန်စိုက်ပွဲတုန်းက 'လက်ရှစ်ဖက် အာမက် : စုန့်ထောင်'ကြောင့် ရခဲ့သော ဒဏ်ရာမှာ အလွန် ပြင်းထန်လှသည်။ ကောဝေ့သည် သုံးလလုံးလုံး ကုစားနေခဲ့သော်လည်း အနည်းငယ်သာ သက်သာခဲ့သည်။ ချန်းဖန် တည်ခင်းသော လက်ဖက်ရည်ကို သောက်ပြီးနောက် ဒဏ်ရာက သိသိသာသာ သက်သာ သွားသောကြောင့် ကောဝေ့က ဒုတိယတစ်ခွက်တော့ သောက်ချင်သေးသည်။

သို့နှင့် ကောဝေ့ ဦးဆောင်သော သူဌေးတစ်စုသည် တဖြည်းဖြည်း ရှေ့သို့ တိုးလာပြီး လက်ဖက်ရည်အား ထည့်သောက်ကြသည်။

သူဌေးတစ်စု၏ အမဲဖျက်မှု အောက်တွင် ရေ ငါးလီတာ ဆန့်သော လက်ဖက်ရည်ကရားမှာ မျက်တောင် တစ်ခတ်စာ အတွင်း တက်တက်စင် သွားတော့သည်။

ရုတ်တရက် တတိယသခင်ကြီးဝေ့က အော်လိုက်သည်။

"မင်းတို့တွေ ရူးနေကြလား ဒီရေက ဘယ်လို အဓိပ္ပာယ်လဲဆိုတာ သိကြရဲ့လား"

"ဘယ်လို အဓိပ္ပာယ်လဲ"

အားပျောင်က နားမလည်စွာနှင့် နောက်သို့လှည့်ကာ ပြန်မေးလိုက်သည်။

တတိယသခင်ကြီးဝေ့သည် ထိုင်ခုံမှထရင်း မေးလိုက်သည်။

"ဆရာချန်း ဒီလိုရေမျိုးကို ဆရာချန်းအနေနဲ့ နေ့တိုင်း ထုတ်ပေးနိုင်လား မသိဘူး"

ချန်းဖန်က တတိယ သခင်ကြီးဝေ့၏ အတွေးအား နားလည်စွာနှင့် နှုတ်ခမ်းတွန့်ရုံ ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဝိညာဉ်စုဆောင်းခြင်း အစီအရင် လည်ပတ်နေသေးသ၍ ကျွန်တော့်အနေနဲ့ တစ်နေ့ကို ‌ရေဆယ်ကရားလောက် ထုတ်နိုင်တယ် ကရား နှစ်ဆယ်ဆိုလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

"ရေဆယ်ကရားဆိုရင် လီတာငါးဆယ်၊ ကရားနှစ်ဆယ်ဆိုရင် လီတာတစ်ရာ "

တတိယသခင်ကြီးဝေ့က အလျင်အမြန်ပဲ တွက်ချက်လိုက်သည်။

"‌နေ့တိုင်းသာ လီတာတစ်ရာဆိုရင် တစ်နေ့ကို လက်ဖက်ရည်ခွက် ၂၀၀ကနေ ၄၀၀အတွင်း ရောင်းနိုင်တာပဲ"

တတိယသခင်ကြီးဝေ့က ချန်းဖန်အား အချောင်သမား မျက်လုံးများနှင့် ကြည့်လာသည်။

"ဆရာချန်း ဒီရေက ရောဂါအကုန်လုံးကို ကုသနိုင်စွမ်း ရှိတယ်မလား"

"သီအိုရီအရတော့ မှန်တယ် ပြောရရင် ရောဂါတွေ အကုန်လုံးက ခန္ဓာကိုယ်ရဲ့ ခုခံအား နည်းမှုကြောင့် ဖြစ်ရတာတွေ ချည်းပဲလေ ကူးစက်တတ်တဲ့ ရောဂါတွေဆိုလည်း ကိုယ်ခံအား နည်းတဲ့လူတွေကို ပိုပြီး အလွယ်တကူ ကူးစက်နိုင်တယ်"

ချန်းဖန်က ရှင်းပြသည်။

"ဒါကြောင့်လည်း ကျန်းမာရေး လိုက်စားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်တဲ့ လူတွေက ဖျားနာခဲတယ်"

ဆရာကောလည်း ခေါင်းညိတ်လိုက်ရင်း ထောက်ခံသည်။

"အမှန်ပဲ ကျုပ်တို့လို အတွင်းအား ကျင့်ကြံတဲ့ လူတွေဆိုရင် အအေးမိတာတို့၊ ဖျားနာတာတို့ ဖြစ်လေ့မရှိဘူး ဒီရေထဲမှာ ဝိညာဉ်ချီတွေ ပါနေတယ် ဆိုမှတော့ လူ့ခန္ဓာကိုယ်မှာ ဖြစ်လေ့ရှိတဲ့ ရောဂါတွေကို ပျောက်ကင်းစေမှာ အမှန်ပဲ  ဝိညာဉ်ချီတွေနဲ့ နီးနီးကပ်ကပ် ရှိနေရတဲ့ လူတွေက ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ဖျားနာနိုင်ပါ့မလဲ"

"ဒီတော့ ဆိုလိုတာက ဒီရေတစ်ခွက်ကို သောက်တာရဲ့ သက်ရောက်မှုက ကျုပ်ရဲ့ မှော်ရတနာကို တစ်ပတ်လောက် ဝတ်ထားတာနဲ့ အတူတူပဲလား"

တတိယသခင်ကြီးက တုန်ယင်နေသော အသံနှင့် ‌မေးလာသည်။

"အမှန်ပဲ"

ချန်းဖန်က ခေါင်းညိတ်သည်။

အတည်ပြုချက် ရပြီးနောက် တတိယသခင်ကြီးဝေ့မှာ ပိုမို တက်ကြွသွားပြီး ရေရောင်းချရန် စီးပွားရေး အစီအစဉ်များပင် ဆွဲနေတော့သည်။

တတိယသခင်ကြီးဝေ့က ‌အဆောင်၏ အစွမ်းထက်မှုအား သေချာ နားလည်ရာ ထိုရေ၏ အစွမ်းကိုလည်း အခြားသူများထက် နားလည်ပေသည်။ သူ့အား ချန်းဖန်ပေးထားသော အဆောင်သည် နေ့တိုင်း သုံးနိုင်သော်လည်း စွမ်းအား အကန့်အသတ် ရှိပြီး အားကုန်သည်နှင့် အလိုအလျောက် ရပ်တန့်သွားရာ ဝိညာဉ်စုဆောင်းခြင်း အစီအရင်နှင့် မယှဉ်နိုင်ပေ။

"ခဏလေး.."

ကျိုးထျန်ဟောက်က တစ်စုံတစ်ရာအား သတိရသွားပြီး မေးလိုက်သည်။

"ဆရာချန်း  ... ရေရဲ့ သက်တမ်းကရော"

ကျိုးထျန်ဟောက်၏ မေးခွန်းကြောင့် တတိယသခင်ကြီးဝေ့၏ စိတ်အားထက်သန်မှုလေးပင် ဟုတ်ခနဲ ငြိမ်သက်သွားသည်။

ချန်းဖန်လည်း ခေါင်းညိတ်လိုက်ရင်း..။

"အစီအရင်ထဲမှာ ဆိုရင်တော့ ရေက တစ်သက်လုံး အထားခံပေမဲ့ အပြင်ဘက်ကို ရောက်သွားရင်တော့ နေ့တစ်ဝက်လောက်ပဲ ခံလိမ့်မယ်"

မှန်ပေသည်။ အပြင်ဘက်သို့ ရောက်သည်နှင့် ရေထဲတွင် ပျော်ဝင်နေသော ဝိညာဉ်ချီများသည် အငွေ့ပျံသွားပေလိမ့်မည်။

"သေစမ်း"

တတိယသခင်ကြီးဝေ့မှာ မျက်ရည်ဝဲသွားရသည်။ အကျိုးနည်းလှချေသည်။

'နေ့တစ်ဝက်ပဲ ခံတယ် ဆိုမှတော့ ဝယ်သူတွေဆီကို ရောက်ရင် ရေရဲ့ အာနိသင်က ပြယ်သွားတော့မှာပေါ့ လတ်လတ်ဆတ်ဆတ် နွားနို့ကမှ ဝိညာဉ်ချီရေထက် အထားခံသေးတယ် '

"ဆရာချန်း ရေရဲ့ အာနိသင်ကို ထိန်းထားလို့ရတဲ့ နည်းလေး ဘာလေးများ မရှိဘူးလား"

တတိယသခင်ကြီးဝေ့က အထွန့်တက်လိုက်သည်။ သူက ကြီးကျယ် ခမ်းနားလှသော စီးပွားရေး အစီအစဉ်ကြီးအား တွေးတောပြီး ဖြစ်ရာ လွယ်လွယ်နှင့် လက်မလွှတ်လိုပေ။

"နည်းက ရှိတယ်"

ချန်းဖန်က ဖြည်းညင်းစွာ ပြောသည်။

"ရေကို ကျောက်စိမ်း ပုလင်းထဲမှာ ထည့်ထားမယ်ဆိုရင် အာနိသင်က တစ်ပတ်လောက်အထိ ခံလိမ့်မယ်"

ကျောက်စိမ်းများသည် သဘာဝကပင် ဝိညာဉ်ချီတချို့ ပါဝင်သော ကျောက်မျက်တမျိုး ဖြစ်သောကြောင့် ရေထဲတွင် ပါဝင်သော ဝိညာဉ်ချီများအား တစ်ပတ်ခန့် ထိန်းသိမ်းထားနိုင်သည်။

"တစ်ပတ် ဒါက လုံလောက်တယ်"

တတိယသခင်ကြီးက စိတ်လှုပ်ရှားစွာ ပြောသည်။ ကျုံးကျိုးမြို့ရှိ သူ၏ မိတ်ဆွေတစ်ယောက်က ကျောက်စိမ်းသတ္တုတွင်း ပိုင်ရှင် ဖြစ်ရာ ဖောက်သည်ဈေးနှင့် ဆိုပါက ကျောက်စိမ်းပုလင်း တစ်ပုလင်းလျှင် ယွမ်တစ်ရာထက် ပိုမကုန်ပေ။ အကယ်၍ ပိုကုန်လျှင်ပင် အများကြီး မြတ်နေသေးသည်။

"သခင်ကြီးဝေ့က ဝိညာဉ်ချီရေတွေကို ရောင်းမလို့လား"

ကောဝေ့က မေးသည်။

"ကျုပ်အထင် တစ်ပုလင်းကို ယွမ်တစ်ထောင်လောက်နဲ့ ရောင်းလို့ ရမယ် ထင်တယ်"

တတိယသခင်ကြီးဝေ့က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။

"ဘာကို ယွမ်တစ်ထောင်လဲ ကျုပ်က တစ်ပုလင်းကို ယွမ်တစ်သိန်းနဲ့ ရောင်းမှာ"

ကြားလိုက်ရသည်ကြောင့် အားလုံးက ဆွံ့အသွားကြသည်။

မကြာသေးခင်က ချန်းဖန် ပြောခဲ့သည်မှာ တစ်နေ့လျှင် ခွက်၂၀၀မှ ၄၀၀အထိ ထုတ်နိုင်သည်ဟူ၍။ သို့ဆိုလျှင် ဝိညာဉ်ချီရေ ရောင်းချခြင်း၏ တစ်နှစ်စာ အမြတ်ငွေက ယွမ်ဆယ်ဘီလီယမ်ထက် ကျော်နေပေလိမ့်မည်။

"ဒါ ... ဒါကြီးက ရူးလောက်စရာပဲ"

ကျိုးထျန်ဟောက်က အလွန် အံ့ဩစွာနှင့် မေးလိုက်သည်။

"ကျုပ်စိုးရိမ်တာက ဝယ်သူတွေအနေနဲ့ ရေတစ်ပုလင်းကို ယွမ်တစ်သိန်းပေးပြီး ဝယ်ပါ့မလား လို့ပါ"

"ယွမ်တစ်သိန်း မပြောနဲ့ ယွမ်တစ်သန်း ဆိုရင်တောင် ဝယ်တယ်"

တတ်ယသခင်ကြီးဝေ့က အခိုင်အမာ ပြောသည်။ သူက ဆေးလောကအကြောင်း လူတိုင်းထက် ပိုသိသည်။ သူ၏ ကျန်းမာရေးကြောင့် ဆေးလောကထဲတွင် သူသည်လည်း ဝယ်သူဖောက်သည် တစ်ယောက် ဖြစ်နေခဲ့သည်။ သက်တမ်းအား တတ်နိုင်သလောက် ဆွဲဆန့်နိုင်ရန်အတွက် သူသုံးခဲ့ရသော ငွေကြေးများကို တွက်ကြည့်လျှင် ကားဆယ်စီးစာပင် ကမည်မဟုတ်။ ယွမ်တစ်သိန်းဆိုသည်က ဘာမှ မဟုတ်ပေ။

ဝိညာဉ်ချီရေ၏ သက်ရောက်မှုက သူသုံးခဲ့ဖူးသော ဆေးတိုင်းထက် သာသည်။ ဝိညာဉ်ချီရေ ထွက်ပေါ်လာမှုက ဆေးလောကအား လှုတ်ခတ်မှုကြီး တစ်ခု ဖြစ်စေလိမ့်မည်ကို သူက ကြိုမြင်ယောင်မိသည်။

လူတစ်ယောက်က ချမ်းသာလေလေ၊ ကျန်းမာရေးအား အရာရာတိုင်းထက် ဂရုစိုက်လေလေ ဖြစ်သည်။ ကျန်းမာရေး မကောင်းပါက ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူ ဖြစ်လျှင်ပင် ပျော်နိုင်မည် မဟုတ်။

ချန်းဖန်လည်း သဘောတူသည့်အနေနှင့် ခေါင်းညိတ်မိသည်။ သူသည်လည်း ကျန့်မိသားစုသို့ 'လျှို့ဝှက်ဆန်းကြယ် ဆေးလုံးများ' ရောင်းခဲ့စဉ်က တတိယသခင်ကြီးဝေ့ကဲ့သို့ တူညီသော အတွေး ရှိခဲ့သည်။

သို့သော်လည်း သူက ဆေး၏ ဈေးနှုန်းအား ဝယ်သူ၏ တတ်နိုင်စွမ်းနှင့် ချိန်ဆရသေးသည်။ မဟုတ်ပါက ကျန့်မိသားစုပင်လျှင် ထိုဆေးလုံးများအား တတ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျန့်မိသားစုအကြောင်း တွေးမိသွားသောကြောင့် သူ၏ မှတ်ဉာဏ်တချို့ ပြန်လည် လှုပ်ရှားသွားသည်။

"ကြည့်ရတာ ကျန့်မိသားစုက ပေးရမဲ့ အကြွေးကို မေ့နေပုံပဲ ဒီလိုဆိုတော့လည်း ဟောင်ကောင်ကို သွားပြီး စကားစမြည်လေး ပြောရသေးတာပေါ့"

အေးစက်၍ အရှိန်အဝါတမျိုး ဖုံးလွှမ်းနေသော အပြုံးတစ်ခုက ချန်းဖန်၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသည်။

***

All Chapters