← Chapters

လျှို့ဝှက်သော ယုဝမ်ကျင်း

Vol. 2 Ch. 106

လျှို့ဝှက်သော ယုဝမ်ကျင်း

Vol. 2 Ch. 106

ညစာစားခြင်းအမှု ပြီးဆုံးသည့်နောက် ဝူကျွင်းကျဲ့က မိန်းကလေး နှစ်ယောက်အား အိမ်ပြန် လိုက်ပို့ပေးရန် ကမ်းလှမ်းလာသည်။ နှစ်ယောက်လုံးအား ကမ်းလှမ်းခြင်း ဖြစ်သော်လည်း သူ၏ မျက်လုံးများက ယုဝမ်ကျင်းကိုသာ သိသိသာသာ ကြည့်လျက်ရှိသည်။

ယုဝမ်ကျင်းက ယဉ်ကျေးစွာပင် ငြင်းပယ်ပြီး အိမ်သို့ လမ်းလျှောက်ပြန်မည် ဖြစ်ကြောင်း ပြောသည်။

အားလုံးအား အံ့ဩ သွားစေသည်မှာ ချန်းဖန်ကပါ ဝူကျွင်းကျဲ့၏ ကားနှင့် မလိုက်ဘဲ ယုဝမ်ကျင်းနှင့် အတူ လမ်းလျှောက်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ချန်းဖန်၏ ဆုံးဖြတ်ချက်ကြောင့် ဝူကျွင်းကျဲ့သည် ချန်းဖန်အား သံသယ ဝင်စွာ ကြည့်လာသည်။ ခဏတာ ဝေခွဲမရ ဖြစ်ပြီးသည့်နောက် ဝူကျွင်းကျဲ့သည် ချန်းဖန်တို့ နှစ်ယောက်အား လမ်းလျှောက်ပြန်ရန် သဘောတူလိုက်ပြီး ကျန်သုံးယောက်အား အိမ်ပြန် လိုက်ပို့ပေးရန် ထွက်ခွာသွားသည်။

ချန်းဖန်နှင့် ယုဝမ်ကျင်းသည် ဘေးချင်းယှဉ်လျက် တိတ်ဆိတ်စွာ လမ်းလျှောက် နေကြသည်။

"လွန်ခဲ့တဲ့ ခြောက်လကထက် စာရင် နင်အများကြီး ပြောင်းလဲ သွားတယ်နော်"

ယုဝမ်ကျင်းက မေးလိုက်သည်။ သူမ၏ အသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။

"မတူညီတဲ့ ပတ်ဝန်းကျင် တစ်ခုမှာ နေပြီးတဲ့အခါ ဘယ်သူမဆို ပြောင်းလဲ သွားတတ်ပါတယ်"

ချန်းဖန်က တိတ်ဆိတ်စွာ ပြန်ဖြေလိုက်သည်။

သူငယ်ချင်းများ ထွက်ခွာ သွားကြသည့်နောက် ညစာစားစဉ်က ချန်းဖန်၏ မျက်နှာပေါ်တွင် ရှိနေခဲ့သော အပြုံးရေးရေးက ပျောက်ကွယ် သွားပြီ ဖြစ်ကာ မူလက အေးတိအေးစက် နိုင်သော မျက်နှာမျိုး ပြန်ဖြစ်သွားသည်။

ယုဝမ်ကျင်းက ထပ်မံ စကားမဆိုတော့ဘဲ တိတ်ဆိတ်စွာသာ ချန်းဖန်၏ ဘေးမှ လိုက်ပါလာသည်။ အိမ်အပြန် လမ်းတစ်လျှောက် လျှောက်လာကြရင်း လမ်းတွင် ဖြတ်သွားဖြတ်လာ အများစုက ယုဝမ်ကျင်းအား ငေးမကြည့်ဘဲ မနေနိုင်ကြ။ သူမသည် ဆယ့်ခြောက်နှစ်မျှသာ ရှိသေးသော်လည်း သတိပြုလောက်စရာ အလှအား ပိုင်ဆိုင်ထားသည်။ သူမ၏ ချောမွေ့ကာ ရောင်ခြည်များ ဖြာထွက် နေသကဲ့သို့ တောက်ပသော အသားအရည်ကြောင့် ကာတွန်း စာအုပ်ထဲမှ မင်းသမီးလေး အပြင်ဘက်သို့ ခုန်ထွက်လာသည့် အလား ထင်ရသည်။

အချိန်တစ်ခု ကြာပြီးနောက် ကသိကအောက် ဖြစ်ဖွယ် တိတ်ဆိတ် နေသော အခြေအနေအား သည်းမခံနိုင်‌တော့သော ယုဝမ်ကျင်းက စကားစလာသည်။

"ချန်းဖန်... နင်ငါ့ကို ပြောစရာ တစ်ခုခု ရှိနေတာလား...."

သူမသည် လမ်းလျှောက် နေခြင်းအား ရပ်တန့်လိုက်ကာ ချန်းဖန်ဘက်သို့ တည့်တည့် စိုက်ကြည့်ပြီး ပြောသည်။

"တကယ်လို့ နင်ငါ့ကို ဖွင့်ပြောမလို့ ဆိုရင်တော့ မေ့လိုက်တော့ ငါတို့က အထက်တန်း နောက်ဆုံးနှစ်ကို ရောက်နေပြီ အိပ်နေဖို့ အချိန်တောင် မရှိတာ ရည်းစားထားဖို့ ဆိုတာ အဝေးကြီးမှာ"

"ငါနင့်ကို ဖွင့်ပြောမယ်လို့ ထင်နေတာလား...."

ချန်းဖန်က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

"မဟုတ်ဘူးလား...."

ယုဝမ်ကျင်းသည် ချန်းဖန်၏ တည်ငြိမ်သော အမူအရာကြောင့် အံ့ဩသွားသည်။

သူမထံ ချဉ်းကပ်လာကြသော ယောက်ျားလေးတိုင်းတွင် တူညီသော ရည်ရွယ်ချက် တစ်ခုသာ ရှိကြသည်။ ဥပမာ သူမတို့ သူငယ်ချင်း အုပ်စုထဲတွင် ဆိုလျှင်လည်း ဝူကျွင်းကျဲ့၏ ချိုချိုသာသာ စကားများ၊ ရှုဟောက်ရွှမ်း၏ မသိမသာ ဝန်ခံနေခြင်းများ၊ ရန်ရှောင်ပိုင်၏ တစ်ချက်တစ်ချက် ခိုးကြည့်တတ်သော အကြည့်များ... အားလုံးတို့သည် အကြောင်းအရာ တစ်ခုတည်းသို့သာ ဦးတည် နေကြသည်။ သူတို့ကိုလည်း အပြစ်တော့ မဆိုသာပေ။ သူမ၏ အလှက ချူကျိုးမြို့ရှိ မိန်းကလေးများနှင့် နှိုင်းယှဉ်လျှင်ပင် အလှဆုံးများထဲက တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

ရုပ်ရည်အားဖြင့် ယုဝမ်ကျင်းသည် ကျန်းချူယန်၊ ရှုယုံဖေးတို့ထက် ပိုလှနေခြင်း မဟုတ်သော်လည်း သူမတွင် မြင်သူတကာတိုင်း ချက်ချင်း သတိထားမိ စေနိုင်သော ထူးခြားသည့် ကိုယ်ရောင်ကိုယ်ဝါတစ်ခု ရှိသည်ဟု ဆိုရမည်။

ထိုကိုယ်ရောက်ကိုယ်ဝါမှာ ကျင့်ကြံသူတယောက်သာ ပိုင်ဆိုင်နိုင်သော အရောင်အဝါမျိုး ဖြစ်ကြောင်း ချန်းဖန် တစ်ယောက်သာ သိသည်။

"စားသောက်ဆိုင်မှာတုန်းက ငါပြောခဲ့တဲ့ စကားကို မှတ်မိသေးလား...."

ချန်းဖန်က အနည်းငယ် ညိုမှိုင်းနေသော အမူအရာနှင့် မေးလိုက်သည်။

"နင်ပြောချင်တာက..."

ယုဝမ်ကျင်း နောက်တကြိမ် အံ့ဩ သွားရသည်။ သူမ ထင်ခဲ့သည်မှာ ချန်းဖန်သည်လည်း အခြားသော ယောက်ျားလေးများကဲ့သို့ သူမ၏ အာရုံစိုက်မှုအား ရလို၍ ထိုသို့ ပြောခဲ့သည်ဟု။ မထင်မှတ်ဘဲ ချန်းဖန်က ထိုစကားများအား အလေးအနက် ပြောခဲ့ခြင်း ဖြစ်နေခဲ့သည်။

"ဟုတ်တယ် နင့်မှာ ဘယ်လို ပြဿနာမျိုးပဲ ရှိနေပါစေ ငါ့ကိုလာရှာ ငါဖြေရှင်းပေးနိုင်တယ်"

ချန်းဖန်သည် နားမလည်နိုင် ဖြစ်နေသော ယုဝမ်ကျင်း၏ မျက်လုံးများထဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။

ယုဝမ်ကျင်းသည် ချန်းဖန်အား စက္ကန့်အနည်းငယ်မျှ ပြန်လည် စိုက်ကြည့် နေမိပြီးနောက် အလျင်အမြန် မျက်နှာ လွှဲလိုက်သည်။ အမှတ်တမဲ့ သူမက ချန်းဖန်၏ နောက်ကျော‌ဘက်သို့ ကျော်၍ ‌ကြည့်မိသည်တွင် လမ်းတစ်ဖက်၌ ရပ်နေသော သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်အား မြင်လိုက်ရသည်။ အကြည့်လေး တစ်ချက်နှင့်တင် သူမ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားပြီး ချန်းဖန်အား အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"ငါ့ဦးလေး ငါ့ကို လာခေါ်နေပြီ ငါ သွားတော့မယ်နော်"

ယုဝမ်ကျင်းသည် ခြေလှမ်း အနည်းငယ်ခန့် လျှောက်ပြီးတော့မှ နောက်သို့ တစ်ဖန် ပြန်လှည့်လာပြီး မပီမပြင် ပြုံးလိုက်ကာ ကျေးဇူးတင်စကား ဆိုသည်။

"ကျေးဇူးပါ ချန်းဖန် နင့်ရဲ့စေတနာကို ငါနားလည်ပါတယ်"

ထို့နောက်တွင် ယုဝမ်ကျင်းသည် ချန်းဖန်အား လုံးဝ လှည့်မကြည့်တော့ဘဲ သက်လတ်ပိုင်း လူကြီး ရှိရာသို့ ပြေးသွားတော့သည်။

ထိုသက်လတ်ပိုင်း လူကြီးနှင့် ချန်းဖန်၏ မျက်လုံးများ အကြည့်ချင်း ဆုံသွားသောအခါ သတိပေးမှု တချို့ ပါဝင်နေသော အေးစက်စက် စွမ်းအားများအား ခံစားလိုက်ရသည်။

"ထူးကဲသော အောင်မြင်မှု အဆင့်ကို ရောက်နေတဲ့ အတွင်းအား ပညာရှင်.... ယုဝမ်ကျင်းက တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ"

ချန်းဖန်သည် အနည်းငယ် အံ့ဩ သွားသော်လည်း လောလောဆယ်တွင် တတ်နိုင်သည့်အရာ မရှိသောကြောင့် အိမ်သို့သာ ပြန်လာခဲ့သည်။

ယုဝမ်ကျင်းရော၊ သက်လတ်ပိုင်း လူကြီးပါ မသိသည်မှာ ချန်းဖန်သည် ယုဝမ်ကျင်း၏ ကိုယ်ပေါ်၌ မှော်အမှတ်အသား တစ်ခု ချန်ရစ်ခဲ့သည် ဆိုတာပင်။

ချန်းဖန်၏ နတ်ဘုရားစိတ်အာရုံသည် မီတာရာအနည်းငယ်ခန့် အထိသာ ဖြန့်ကြက်နိုင်သည် ဆိုသော်လည်း ထိုအမှတ်အသား၏ အကူအညီနှင့် ဆိုပါက မိုင်ပေါင်းများစွာ အကွာကပင် ယုဝမ်ကျင်းအား ကာကွယ်နိုင်သည်။ ယုဝမ်ကျင်း စီကျွေးမြို့နယ် အတွင်း၌ ရှိနေသ၍ သူမ၏ လုံခြုံရေးအား အာမခံနိုင်ပေသည်။

ချန်းဖန် လမ်းသွယ်လေး တစ်ခုအတွင်း ဝင်သွားသည်ကို မြင်တော့မှ သက်လတ်ပိုင်း လူကြီးက ရေရွတ်လိုက်သည်။

"ဘာမဟုတ်တဲ့ ကောင်လေး တစ်ယောက်ပါပဲ လူတွေ အာရုံစိုက်မှာ စိုးတာကြောင့်သာ မဟုတ်ရင် အဲ့ကောင်လေးကို တစ်ခုခု လုပ်ပြီးနေပြီ"

ထို့နောက် လူကြီးက ယုဝမ်ကျင်းဘက်သို့ လှည့်ကာ ပြင်းထန်စွာ ဆူပူ မာန်မဲလိုက်သည်။

"ကျောင်းက ကောင်တွေနဲ့ ကင်းကင်းရှင်းရှင်း နေပါလို့ ငါမပြောထားဘူးလား။ နောက်တစ်ခါ အဲ့ကောင်နဲ့ အတူတူ တွေ့ရလို့ကတော့ အဲ့ကောင် တစ်ခုခု ဖြစ်ပြီလို့သာ မှတ်လိုက်တော့"

ထိုလူကြီး၏ လေသံမှာ အလွန် ရုန့်ရင်း ကြမ်းတမ်းလှပြီး ပုံမှန် ဦးလေးတစ်ယောက်က တူမအား ဆုံးမနေသည့် ပုံစံနှင့် လုံးဝ မတူပေ။

ယုဝမ်ကျင်းက တုန်တုန်ယင်ယင်နှင့် ပြန်ဖြေရှာသည်။

"ဟုတ်ကဲ့"

ယုဝမ်ကျင်းသည် ချန်းဖန် ထွက်ခွာသွားရာ ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်ရင်း စိတ်အတွင်းမှ တောင်းပန်လိုက်မိသည်။

'ရှောင်ဖန် ငါတကယ် တောင်းပန်ပါတယ် ငါနင့်ကို အမှန်အတိုင်း ပြောပြလို့ မဖြစ်လို့ပါ။ ဒါက နင့်ရဲ့ ကူညီနိုင်စွမ်းထက် ကျော်လွန်နေတယ် ဒီအရှုပ်အထွေးထဲ နင့်ကိုပါ ဆွဲမသွင်းချင်ဘူး"

ချန်းဖန်၏ ဖခင်သည် စီကျွေးတွင်တော့ အရာရှိ တစ်ဦး ဖြစ်သောကြောင့် အရမ်းကြီး မကြီးသော်လည်း မသေးသော နှစ်ထပ်အိမ်တစ်လုံး ပိုင်ဆိုင်သည်။ နယ်မြို့လေးများ၌ နေရသည်မှာ မြို့ကြီး ပြကြီးများလောက် စိတ်လှုပ်ရှားစရာ မကောင်းသော်လည်း လူ၏ စိတ်အား အလွန် သက်တောင့်သက်သာ ဖြစ်စေသည်။

ချန်းဖန် အိမ်ရှေ့သို့ ရောက်သောအခါ အစ်ကိုစွန်းက တံခါးဖွင့်ပေးပြီး ချန်းဖန်အား အနည်းငယ် ဆူပူလာသည်။

"မင်းအဖေက ထမင်းအတူစားဖို့ စောင့်နေတာကို အခုမှပဲ ပြန်လာရလား"

"တောင်းပန်ပါတယ် အစ်ကိုစွန်း ကျွန်တော် အပြင်မှာ ကျွင်းကျဲ့တို့နဲ့ စားလာခဲ့ပြီးပြီ"

ချန်းဖန်က အပြုံးတစ်ခုနှင့် တောင်းပန်လိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်လာလိုက်သည်တွင် ဆိုဖာခုံပေါ်၌ ထိုင်နေသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်အား တွေ့ရသည်။

ထိုလူကြီး၏ သွင်ပြင်မှာ ပညာတတ် ဆန်သော ရုပ်ရည်မျိုး ဖြစ်ပြီး အစိုးရ အရာရှိ တစ်ယောက်ထက် ‌တက္ကသိုလ်ရှိ ပါမောက္ခတစ်ယောက်နှင့် ပိုတူသည်။ ထိုလူကြီးက သတင်းစာ တစ်စောင်အား လက်ထဲတွင် ကိုင်လျက် စာပါ အကြောင်းအရာတို့အား စိတ်ဝင်တစား ဖတ်လျက်ရှိသည်။

"အဖေ..."

ချန်းဖန်၏ အသံထဲ၌ နှစ်ပေါင်း ငါးရာကျော်ခန့် တမ်းတခဲ့ရသော လွမ်းဆွတ်မှုများ ရောယှက် ပါဝင်နေပြီး သူကိုယ်တိုင်ပင် သတိမထားမိဘဲ နေရာတွင် တောင့်ခဲစွာ ရပ်နေမိသည်။

"ပြန်လာပြီလား...."

လူကြီးက လက်ထဲရှိ သတင်းစာအား ချပြီး ချန်းဖန်အား ချစ်မြတ်နိုးရိပ် သန်းနေသော မျက်လုံးများဖြင့် ကြည့်လာသည်။

"ကျွင်းကျဲ့တို့နဲ့ တွေ့လာခဲ့ပြီးပြီလား...."

"ဟုတ်ကဲ့"

ချန်းဖန်က ခေါင်းညိတ်သည်။

ထို့နောက် သူက ဖခင်ဖြစ်သူ အနီးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ အစ်ကိုစွန်းက သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ပြင်ဆင်ပေးရန် မီးဖိုချောင်ဘက်သို့ ထွက်ခွာသွားသည်။

"ဒီနှစ်ဝက်အတွင်း ချူကျိုးမြို့မှာ ကျောင်းတက်ရတာ ဘယ်လိုလဲ အဆင်ပြေရဲ့လား...."

ချန်းဖန်၏ ဖခင် ချန်းကောရှင်းက မေးသည်။

"ဟုတ်ကဲ့ အဆင်ပြေပါတယ်"

နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သူ တယောက်၏ စိတ်ဓာတ် ကြံ့ခိုင်မှုမျိုးဖြင့် ချန်းဖန်က ကိုယ့်ကိုယ်ကိုယ် အလျင်အမြန် ထိန်းလိုက်နိုင်သည်။ သူက ဖခင်ဖြစ်သူနှင့် ပထမဆုံး ပြန်တွေ့ရချိန်တွင် ဝမ်းနည်းဖွယ် ခံစားချက်များအား မွေးမြူ မထားချင်ပေ။

အတိတ်ဘဝက မိခင်ဖြစ်သူ ကားအက်စီးဒန့်ကြောင့် ဆုံးပါးသွားခဲ့သော အချိန်အား ချန်းဖန် မှတ်မိနေသေးသည်။ ထိုအချိန်က အမြဲလိုလို တက်ကြွ၍ တာဝန် ကျေတတ်သော ချန်းဖန်၏ ဖခင်သည် အသက်မရှိသူ တယောက်ကဲ့သို့ နေ့နေ့ညည ငူငူငေါင်ငေါင်ကြီး ဖြစ်သွားခဲ့ပြီး ဇနီးသည်အား ကျုံးဟိုင်မြို့သို့ လွှတ်လိုက်မိခြင်း အပေါ် နောင်တများနှင့် ယူကျုံးမရ ဖြစ်နေခဲ့သည်။

'ဒီဘဝမှာတော့ တူညီတဲ့ အမှားမျိုးတွေ နောက်တကြိမ် မဖြစ်စေရတော့ဘူး။ ကမ္ဘာကြီး တစ်ခုလုံးကို ဆန့်ကျင်ရမယ် ဆိုရင်တောင် ကျွန်တော် အမေ့ကို အတိတ်ကလိုမျိုး သနားစရာ ကောင်းတဲ့ ပုံစံမျိုးနဲ့ မသေစေရဘူး....'

ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပလျက် ရှိသည်။

"ကောင်းတယ် အဖေ့သားက စာကြိုးစားလိမ့်မယ် ဆိုတာ အဖေ ယုံပြီးသားပါ သားအမေ ပြန်လာရင် သားကို စမ်းသပ် လိမ့်မယ်နော် ကြိုပြီး သတိပေး မထားဘူးလို့တော့ အဖေ့ကို အပြစ်မတင်နဲ့"

"ပြဿနာ မရှိပါဘူး အဖေ"

ချန်းဖန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

ချန်းကောရှင်းသည် သူတခါမှ မမြင်ဖူးခဲ့သော သားဖြစ်သူ၏ နာခံလွန်းနေသည့် ပုံစံကြောင့် အံ့အားသင့်ရသည်။

အမှန်တကယ်တွင် ချန်းဖန်သည် အတိတ်ဘဝက ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပြီး ကတည်းက တခါမြင်ပြီးလျှင် မေ့ရန် ခဲယဉ်းသော အလွန် ကောင်းသည့် မှတ်ဉာဏ်မျိုး ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ မလိုလားအပ်သော အာရုံစိုက်ခံရခြင်းများ ဖြစ်မလာစေရန်သာ မဟုတ်ပါက ချန်းဖန်သည် နောက်ဆုံး စာမေးပွဲ၌ တစ်နိုင်ငံလုံး အဆင့်တစ် ရအောင်ပင် ဖြေဆိုနိုင်စွမ်း ရှိပေသည်။

အကိုစွန်းသည် လက်ဖက်ရည် ဗန်းအား ကိုင်ထားရင်း ထောင့်တနေရာတွင် ရပ်ကာ သားအဖေ နှစ်ယောက်၏ စကားဝိုင်းအား အပြုံးတစ်ခုနှင့် ကြည့်လို့နေသည်။

ချန်းဖန်၏ မိဘများသည် ချန်းဖန်အတွက် အချိန်ပေး ဖြစ်သည်မှာ အလွန်ရှားပြီး မိဘများနှင့် ရင်အုပ်မကွာ ကြီးပြင်းလာရခြင်း မဟုတ်သောကြောင့် ချန်းဖန်၏ ပင်ကိုဗီဇသည် အေးဆေး‌သော်လည်း ရန်လိုတတ်သော ကောင်လေးမျိုး ဖြစ်သည်။

သို့သော် အကိုစွန်း၏ အမြင်အရ ချန်းဖန်သည် ချူကျိုးမြို့၌ နှစ်ဝက်ခန့် ကျောင်းတက် ခဲ့ပြီးနောက် ရင့်ကျက်လာပုံ ရသည်။ အရင်က ချန်းဖန်နှင့် နှိုင်းယှဉ်ရသော ယခုချန်းဖန်ကား လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

"ဆရာ... ဒီနေ့ အစည်းအဝေး တစ်ခု ရှိနေတာ ကျွန်တော် အချိန်ရွေ့လိုက်ရမလား...."

အစ်ကိုစွန်းက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

"မလိုဘူး"

ချန်းကောရှင်းသည် မတ်တတ် ရပ်လိုက်ပြီး အလုပ်သို့ သွားရန် ပြင်ဆင်လိုက်သည်။

ချန်းကောရှင်းက မထွက်ခွာခင် ပြောခဲ့သေးသည်။

"သားအမေနဲ့ အမက နောက်ငါးရက် ခြောက်ရက်လောက်နေမှ ပြန်ရောက် လိမ့်မယ် ဒီအတောအတွင်း ပြဿနာတော့ မရှာဘူးမလား...."

"စိတ်ချပါ အဖေ"

ချန်းဖန်က ပြုံး၍ ကတိပေးလိုက်သည်။

ချန်းဖန် တစ်ယောက်တည်း အိမ်တွင် ကျန်ခဲ့ချိန်၌ ရုတ်တရက် ယုဝမ်ကျင်း၏ ကိုယ်ပေါ်တွင် သူကိုယ်တိုင် ချန်ရစ်ခဲ့သော မှော်အမှတ်အသားက ‌ဝေးလံ‌သော နေရာ‌တစ်ခုသို့ ရွေ့လျား သွားကြောင်း သိလိုက်ရသည်။ ချန်းဖန် မျက်မှောင်ကျုံ့ လိုက်မိသည်။

"ယုဝမ်ကျင်းက ထွက်သွားတော့မှာလား...."

ခဏမျှ စဉ်းစားပြီးနောက် ချန်းဖန်က သေချာအောင် စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

***

All Chapters