ဒါရိုက်တာ..အပင်တွေက မီးကျွမ်းကုန်ပြီ
Vol. 15 Ch. 197
“ရှောင်းရီ ဒီနားမှာတစ်ယောက်ယောက်များရှိနေမလား”
“မရှိပါဘူး ပိုင်ရှင်။ စိတ်ချပါ။ ဒီနားမှာ လူသားဆိုလို့ ကူးရီကလွဲပြီး ဘယ်သူမှ မရှိပါဘူး”
“ကောင်းတယ်”
ဖန့်ကြွယ်ယွီလည်း တောင်ထိပ်ကိုတက်သွားသည်။
“သခင်လေးက ထပ်ပြီးပျောက်သွားပြန်ပြီ”
ကူးရီက ဖန့်ကြွယ်ယွီရှိခဲ့သော နေရာကိုရောက်လာသော် ငြား သူ့ကိုရှာမတွေ့ပေ။ ထူးဆန်းသည့်အရိပ်အယောင် များလည်း ထိုနေရာမှာ မရှိနေပါ။
“သခင်လေးကတစ်ခုခုတော့ တစ်ခုခုပဲ။ ထူးဆန်းတယ်”
ကူးရီက စိတ်ထဲမကျေမနပ်မဖြစ်ပေ။ ဖန့်မိသားစု၏ လျှို့ဝှက်ချက်ကို စောင့်ထိန်းရမှာ သူ့တာဝန်ဖြစ်သည်။
သူက ထိုင်ချလိုက်ပြီး ဖန့်ကြွယ်ယွီပြန်ရောက်လာမည်ကို စောင့်နေသည်။
“ဒါရိုက်တာ ရောက်လာပြန်ပြီ”
သူက နတ်ဘုရားအကယ်ဒမီထဲကို ဝင်လိုက်သည်နှင့် ဘုန်းတော်ကြီးက သူ့ကိုဆီးကြိုနေသည်။
“ဟုတ်ပါ့။ မတွေ့ရတာနည်းနည်းတော့ကြာသွားတယ်”
ဘုန်းတော်ကြီးက စက်ရုပ်လူသားဆိုသော်ငြား အဆင့် လေး လောကဘုံ၏ စက်ရုံများက အလွန်ခေတ်မီသည်။ သူတို့၏ ပြင်ပရုပ်ရည်သွင်ပြင်များက လူသားများနှင့် မခြား အတူတူပဲဖြစ်သည်။ ကွာခြားချက်မှာ သူတို့၏ လှုပ်ရှားမှုများကို လူသားများကဲ့သို့ ဦးနှောက်က စေခိုင်း တာမျိုးမဟုတ်ဘဲ ခေါင်းထဲမှာရှိသော ပရိုဂရမ် များက လုပ်ဆောင်နေသည်။
“ဒါရိုက်တာက ဒီနေ့ရော ဘယ်အတန်းတက်မယ်လို့ တွေးထားလဲ”
“အင်း ဆရာယောင်ချန်းရဲ့ ဆေးဖော်နည်းအတန်း တက်မလို့”
“ဆရာယောင်ချန်းက ဆေးလုံးမျှော်စင်မှာအခုရှိနေပါ တယ်။ သွားလို့ရပါတယ် ဒါရိုက်တာ”
ဘုန်းကြီးလည်း ထိုကဲ့သို့ပြောပြီး ဖန့်ကြွယ်ယွီကို အရိုအသေပေးသည်။ ပြီးနောက် သူက မြေပြင်ပေါ်မှာ ကျနေသော သစ်ရွက်များကို ဆက်ပြီးလှဲနေခဲ့သည်။
အကယ်ဒမီ၏ ရင်ပြင်တွင် အပြာရောင်မီးလုံးကြီးများ ရှိနေသည်။ ထိုမီးလုံးကြီးများက ဟန်ပြသက်သက် မဟုတ်ပေ။ နတ်ဘုရားအကယ်ဒမီသည် ကမ္ဘာကြီးထက် ပိုမိုကျယ်ပြန့်သည်။လမ်းလျှောက်ပြီး ကျောင်းဝန်း အတွင်း ပတ်ပါက နှစ်ပေါင်းများစွာကြာမြင့်နိုင်သည်။
ထိုစက်ဝိုင်းများသည် ကျောင်း၏ အကြိုအပို့စနစ်တစ်ခု ဖြစ်သည်။ သွားရမည့်နေရာကို ရွေးချယ်လိုက်ရုံဖြင့် သက်ဆိုင်ရာအဆောက်အဦသို့ တစ်ခါထဲရောက်သွားနိုင် သည်။
ဖန့်ကြွယ်ယွီက စက်ဝိုင်းကိုနင်းပြီး
“ဆေးလုံးမျှော်စင်ဆီသွားမယ်”ဟု ညွှန်ကြားသည်။
ချက်ချင်းဆိုသလို အပြာရောင်အလင်းတန်းတစ်ခုက သူ့ကိုလွှမ်းခြုံပြီး အလွန်တရာခမ်းနားကြီးကျယ်သော အဆောက်အဦအနားကို ရောက်သွားသည်။
“ဝိုး ဆေးလုံးမျှော်စင်ဆိုတာ ဒါပါလား”
တိမ်များထိလုမတတ် မြင့်မားသော အဆောက်အဦ ကို တအံ့တဩကြည့်နေမိသည်။
“ဒါရိုက်တာ ဆေးဖော်တဲ့နည်းပညာသင်ဖို့ ဒီကိုရောက် လာတာလား”
ဖန့်ကြွယ်ယွီ၏ နောက်မှ အသံတစ်သံထွက်လာသည်။
ယောင်ချန်း၏ အစွမ်းကို သူအတိအကျမသိပေ။သို့သော် ယောင်ချန်းသည် နတ်ဘုရားစွမ်းအင်အသုံးပြုသူထက် သာလွန်နိုင်သည်။
ဖြစ်နိုင်တာက သူ့ဖခင်ဖြစ်သူ ဖန့်ဟွိုက်ထက် တောင် အစွမ်းပိုရှိနိုင်သည်။
တစ်ခေါင်းလုံးဆံပင်ဖြူနေသော အဘိုးအိုတစ်ဦးက သူ၏ အနောက်မှာပေါ်လာသည်။
ယောင်ချန်းသည် နတ်ဘုရားအကယ်ဒမီတစ်ခုလုံးတွင် အတော်ဆုံးဆေးပညာရှင်တစ်ဦးဖြစ်သည်။
အခြားသောကျောင်းသားများက အကယ်ဒမီမှာရှိနေ သော အခြားဆေးပညာရှင်များထံမှ အခြေခံဆေးဖော်စပ် နည်းများကို သင်ကြားရသည်။
သို့သော် ပိုင်ရှင်ဖြစ်သူ ဖန့်ကြွယ်ယွီက အခြားသူများ ထက် အခွင့်အရေးပိုရသည်။ အကယ်ဒမီမှာရှိနေသော သူ့စိတ်ကြိုက်ဆရာထံမှ ဆေးဖော်စပ်နည်းများကို သင်ယူနိုင်သည်။
“ဟုတ်ကဲ့ ဆရာယောင်ချန်းက ကျွန်တော်လိုအပ် တာတွေကို ကူညီပေးပါဦးခင်ဗျာ”
(ရှောင်ယန်ရဲ့ဆရာ ယောင်ချန်း)
“ရပါတယ် ဒါရိုက်တာ..ဒါပေမဲ့ ခင်ဗျားက ဆေးဖော်စပ် နည်းတွေနဲ့ အကျွမ်းတဝင်မရှိသေးတာမို့ အခြေခံကနေ စသင်ရမယ်”
ထိုအချိန်မှာ ဆေးလုံးမျှော်စင်၏ ပထမအထပ်ပွင့် လာသည်။
“ဝင်ပါ ဒါရိုက်တာ”
ဖန့်ကြွယ်ယွီက ဆေးလုံးမျှော်စင်ကို ဝင်လိုက်သည်နှင့် ဆေးအနံ့ကိုထောင်းခနဲရလိုက်သည်။ ပထမအလွှာက ဆေးဖော်စပ်သည့်အခါမှာ အသုံးပြုသည့် ပစ္စည်းမျိုးစုံနှင့် ပြည့်နှက်နေသည်။
“ဆေးဖော်စပ်တဲ့ပညာမှာ အရင်ဦးဆုံး ဆေးဖော်တဲ့အခါ သုံးတဲ့ ပစ္စည်းတွေကို သိရမယ်။ ပစ္စည်းကောင်း တစ်ခုကအရည်အသွေးမြင့် ဆေးကို ဖော်စပ်နိုင်တယ်”
သူ၏ လက်တစ်ချက်ဝှေ့ရမ်းသောအခါ ဆေးဖော်စပ် သည့် မီးဖိုထဲမှ အဖြူရောင်အခိုးအငွေ့များ ထွက်လာ သည်။ သူက လက်တစ်ချက်ရွှေ့လိုက်ရုံနှင့် ဆေးမြစ်များ က မီးဖိုထဲကျလာသည်။ ခဏအကြာမှာ ဆေးရည်ကြည် လေးများ ကျလာသည်။
ထိုဆေးရည်များက ဆေးလုံးအဖြစ် ဖြည်းဖြည်းချင်း ငွေ့ရည်စုဖွဲ့သွားသည်။
ယောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် ဆေးလုံးရုပ်သွင် ပေါ်လာပြီး ဆေးရနံ့က ထုံသင်းမွှေးပျံ့နေသည်။
“ဒါရိုက်တာ ဒါက ဆေးဖော်စပ်နည်းအပြည့်အစုံပါ။ တစ်ဆင့်ချင်းစီက အရေးပါတယ်။ ပညာရပ်တစ်ခုကို ကျွမ်းကျင်တယ်ဆိုတာ လေ့ကျင့်ဖို့လည်းလိုတယ်။ ခုတစ်ခေါက် ဒါရိုက်တာက စမ်းသပ်ပြီး ဖော်စပ်ကြည့် ပါဦး။ ကျုပ်ဘေးနားကနေ ကူပါ့မယ်”
ဆေးလုံးမျှော်စင်နှင့် မနီးမဝေးနေရာတွင် ဆေးဥယျာဉ်ခြံ ကြီးရှိနေသည်။ ထိုနေရာတွင် ဆေးဖက်ဝင်အပင်များစွာ က သဘာဝအတိုင်းပေါက်ရောက်နေသည်။
နှမြောစရာတစ်ခုက ပညာမှလွဲပြီး မည်သည့်အရာကိုမှ ကျောင်းဝန်းထဲကနေ ယူသွားပိုင်ခွင့်မရှိနေပေ။
လျှို့ဝှက်စွမ်းအားရှင်များက သူတို့၏ စကြာဝဠာ အရင်းမြစ်စွမ်းအင်ကို သုံးပြီး ဆေးဖော်စပ်ဖို့အတွက် လိုအပ်သော မီးတောက်များစွာကို ငွေ့ရည်ဖွဲ့နိုင်စွမ်း ရှိကြသည်။ သို့သော် ဖန့်ကြွယ်ယွီ၏ ယခုအတွင်းအားက မလုံလောက်နေပေ။ သူက ပြင်ပအင်အားကိုသုံးပြီး မီးတောက်ဖန်တီးရမည်။ ထို့ပြင် သူ၏ စိတ်တန်ခိုးနှင့် အတွင်းအားကိုသုံးပြီး အပူချိန်ကိုထိန်းညှိရမည်။
ကံဆိုးစွာဖြင့် ဆေးဖော်စပ်ခြင်းက ထင်ထားသလို အဆင်မပြေနေပေ။ သူက ဆေးဖက်ဝင်အပင်များမှ ဆေးရည်ထုတ်သင့်အဆင့်မှာပင် အခက်တွေ့နေသည်။
“ဝှီး” နောက်ထပ်ဆေးဖော်စပ်မှုကလည်း အဆင်မပြေနေ ပေ။
“တောင်းပန်ပါတယ် ဆရာယောင်ချန်း ကျွန်တော် လုပ်တာ အဆင်မပြေဘူး”
“ဒါရိုက်တာ..ဆေးဖော်စပ်တာက နဂိုထဲက လုပ်ရတာ အရမ်းလက်ဝင်တယ်။ ကိုယ့်ကိုကိုယ် အားမလိုအားမရ မဖြစ်နေပါနဲ့။ ဆက်ကြိုးစားပါ”
“ဆရာက အားပေးနေမှတော့ ကျွန်တော်ကြိုးစား ကြည့်ဦးမယ်”
ဖန့်ကြွယ်ယွီက ဆေးဥယျာဉ်ထဲကို ယုံကြည်ချက်ရှိရှိဖြင့် လျှောက်လှမ်းကာ နောက်ထပ် ဆေးဖက်ဝင်အပင် တစ်မျိုးကို ခူးလာသည်။
နာရီပေါင်းများစွာလေ့ကျင့်ပြီးနောက် ဖန့်ကြွယ်ယွီက ထိုအပင်ကို ဖျက်စီးလိုက်မိပြန်သည်။
“ဟာ သွားပါပြီ ဒါက နှစ်ပေါင်းနှစ်ထောင်သက်တမ်းရှိတဲ့ နဂါးမုတ်ဆိတ်ပင်”
ယောင်ချန်းက သူ့အပင် ဆုံးရှုံးလိုက်ရသည့်အပေါ် နှမြောတသဖြစ်နေရှာသည်။
“အို…ကျွန်တော်လုပ်တာအဆင်မပြေပြန်ဘူး။ ထပ်လုပ်ကြည့်ဦးမယ်”
“နှစ်ပေါင်းတစ်ထောင့်ငါးရာသက်တမ်းရှိတဲ့ မဟူရာ ပန်းပွင့်”
“ထူးဆန်းလိုက်တာ..မီးအားက တအားပြင်းနေလို့ များလား။ ချက်ချင်း မီးကျွမ်းကုန်တာ”
ဖန့်ကြွယ်ယွီက ဆေးဖော်စပ်သည့်အိုးကို တစ်ချက် ကြည့်လိုက်ပြီး ဆေးဥယျာဉ်ထဲသို့ ပြေးဝင်သွားပြန်သည်။
“နှစ်ပေါင်း ၁၇၀၀သက်တမ်းရှိတဲ့ ဖီးနစ်မြက်”
“နှစ်ပေါင်း ၉၀၀ သက်တမ်းရှိတဲ့ ခရမ်းရောင်ဂျင်ဆင်း”
“နှစ်ပေါင်း ၃၂၀၀သက်တမ်းရှိနေတဲ့ နဂါးနှလုံးသား နွယ်ပင်”
“ဒါရိုက်တာ တော်ပါတော့။ အပင်တွေမီးကျွမ်းကုန် ပြီ”
ယောင်ချန်းက ပျက်စီးမှုအပေါ် နှမြောတသဖြစ်ပြီး မျက်ရည်များပင် ဝဲတက်လာသည်။
စက်ရုပ်လူသားဖြစ်သော်ငြား ဖန့်ကြွယ်ယွီ၏ အလဟသ သုံးဖြုန်းမှုများကို နှမြောတသဖြစ်ပြီး ဝမ်းနည်းစိတ်များ ပေါ်လာသည်။
သူသာ အကျိုးရှိရှိအသုံးချပါက ထိုဆေးဖက်ဝင်အပင် များဖြင့် ဆေးဝါးများစွာ ဖော်စပ်နိုင်သည်။ ဆေးဖော်စပ်ခြင်း၏ အကြွင်းအကျန်ဖြစ်သော ပြာမှုန့်ကို ကမ္ဘာမြေပြင်အပေါ် လွှင့်ပစ်ပါက အလွန်ကောင်းမွန် သော မြေဆီလွှာအဖြစ်ဖန်တီးနိုင်မည်။
“ရပါတယ်။ ဒီခြံထဲမှာ အပင်တွေအများကြီးပဲ ရှိသေးတယ်မဟုတ်လား။ ထပ်လေ့ကျင့်ဦးမယ်လေ။ တကယ်လို့အပင်တွေကုန်သွားခဲ့ရင်ငါ့အဖေကိုထပ်ဖြည့်ခိုင်းပါမယ်။ စိတ်မပူနဲ့”
“အင်း ဒါဆိုလည်း ဆက်လုပ်ပါဗျာ”
ဖန့်ဟွိုက်က ဒီအကယ်ဒမီတစ်ခုလုံးကို အထောက်အပံ့ ပေးနေသည်။ ဖန့်ဟွိုက်ဘယ်လောက်ချမ်းသာလဲဆိုတာ ယောင်ချန်းအသိဆုံးဖြစ်သည်။
ဖန့်ကြွယ်ယွီသုံးလို့ အပင်အားလုံးကုန်သွားလျှင်တောင်မှ ဖန့်ဟွိုက်က ပြန်ပြီးစီစဉ်ပေးနိုင်သည်။
နှစ်ရက်ခွဲကြာလေ့ကျင့်ပြီးနောက် ဖန့်ကြွယ်ယွီလည်း ဆေးဖော်စပ်သည့်နည်းလမ်းများနှင့်အကျွမ်းတဝင်ဖြစ် လာသည်။ ဆေးဖက်ဝင်ဒြပ်ပေါင်းများ ထုတ်ယူခြင်း၊ ငွေ့ရည်ဖွဲ့ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်း စသည့် အဆင့် များကို တစ်ဆင့်ပြီးတစ်ဆင့်ပြီးမြောက်ခဲ့သည်။
ပထမဆုံးဆေးလုံးကို ဖန့်ကြွယ်ယွီဖော်စပ်နိုင်ချိန်တွင် ယောင်ချန်းက ဝမ်းသာလွန်းပြီး မျက်ရည်များပင် ကျမိသည်။
ဖန့်ကြွယ်ယွီက ဆေးဖက်ဝင်အပင်များကို အလဟသဖြစ် အောင် ထပ်မလုပ်တော့ပေ။