← Chapters

 ဟင်းချက်နေသည့်အလား

Vol. 15 Ch. 199

 ဟင်းချက်နေသည့်အလား

Vol. 15 Ch. 199

“ငါ သွားပြီ။ တာ့တာ”

ဖန့်ကြွယ်ယွီက ပိုင်ယိုကိုလက်ပြနှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။

“ဖန့်ကြွယ်ယွီ ခဏနေပါဦး”

ဖန့်ကြွယ်ယွီက ဆေးဖော်စပ်နည်းကို မသိလျှင်တောင်မှ သူအနေဖြင့် အတော်ဆုံးသမားတော်နှင့် သိကျွမ်းနိုင်သည် မဟုတ်ပါလော။

“ဘာဖြစ်ပြန်ပြီလဲ။ မင်းပဲ ခုနက ပြောတော့ ငါ့ကိုအရူးဆို။ ငါသွားတော့မယ်”

“ကျွန်မတောင်းပန်ပါတယ်။ အခုနတုန်းက ကျွန်မစိတ်တွေရှုပ်ထွေးနေလို့ပါ။ ကျွန်မမှာ အဘိုးကိုကယ်ချင်တဲ့စိတ်ပဲရှိတာပါ”

ထိုသို့ပြောပြီး ပိုင်ယိုလည်း မျက်ရည်ကျတော့သည်။

“ဟေ့ဟေ့ ခဏနေဦးလေ။ ငါက မင်းကိုစတာပါကွာ။ ကဲ မငိုနဲ့ တိတ်တော့”

မိန်းကလေးများ ငိုနေသည့်အချိန်တွင် ဖန့်ကြွယ်ယွီ မနေတတ်ပေ။

“ရှင် ပြောတဲ့ သမားတော်ဆိုတဲ့လူကို ငါ့အဘိုးကိုကယ်ပေးဖို့ပြောပေးပါ့လား။ ဘယ်လောက်ပဲဖြစ်ဖြစ် ပေးပါ့မယ်”

အစွမ်းထက်သည့် သမားတော်က ကုသပေးခြင်းက သာမန်သမားတော်တစ်ဦးထက် အဆပေါင်းများစွာကောင်းသည်ဆိုတာ သူတို့သိကြသည်။

“မင်းအဘိုးကိုကုဖို့ ငါ့ဆရာကိုပြောဖို့ မလိုပါဘူး။ ငါနဲ့တင် အဆင်ပြေတယ်”

ပိုင်ယုဟိုင်၏ ဒဏ်ရာကို ခန္ဓာကိုယ်ထိန်းချုပ်ဆေးနဲ့တင် ကုသပေးနိုင်သည်။ ဆေးတစ်လုံး၏ အဆင့်အတန်းကို ပထမအဆင့်မှ နဝမအဆင့်ထိသတ်မှတ်နိုင်သည်။ ထိုဆေးသည် ပထမအဆင့် ဆေးဖြစ်သည်။

ထိုဆေးအတွက် လိုအပ်သော ပါဝင်ပစ္စည်းများနှင့် ဖော်စပ်ခြင်းအဖုံဖုံကို ရှောင်းရီ၏ အကူအညီဖြင့် ရခဲ့ပြီးဖြစ်သည်။

ယောင်ချန်းက နှစ်ရက်နှင့်တစ်ပိုင်း သင်ကြားပေးသဖြင့် သူသည် ဆေးပညာသီအိုရီနှင့် ပတ်သက်သည့် အကြောင်းများနှင့် လက်တွေ့စမ်းသပ်မှုများကို အဆင့်နှစ် သမားတော်တစ်ဦးနီးပါး တတ်မြောက်ခဲ့သည်။

သူက လျှို့ဝှက်စွမ်းအားရှင်ဖြစ်သောကြောင့် တတိယအဆင့်ဆေးကိုတောင် ဖော်စပ်နိုင်သည်။ ထို့ကြောင့် ပထမအဆင့်ဆေးသည် သူ့အတွက် အသေးအဖွဲဖြစ်သည်။

သို့သော် ထိုအကြောင်းအရာများကို ပိုင်ယိုကိုပြောပြလျှင် သူ့ကိုရူးနေသည်ဟု ထင်လိမ့်မည်။ ထို့ပြင် သူ့ဆရာကို အကူအညီမတောင်းပေးချင်သောကြောင့် ရှောင်သည်ဟု ထင်နေသည်။

“ဖန့်ကြွယ်ယွီ ငါ့အဘိုးကိုကူညီပေးဖို့ တောင်းဆိုနေတာပါဟာ”

သူမက ပြောရင်းဆိုရင်း မျက်ရည်များ ကျလာပြန်သည်။

“ဟုတ်ပြီ မငိုပါနဲ့တော့။ ငါတို့ အရင်ဆုံး နင့်အဘိုးအခြေအနေကို သွားကြည့်ကြမယ်။ ငါမကုပေးနိုင်လျှင် ငါ့ဆရာကို ပြောပေးမယ်ဟာ ဟုတ်ပြီလား”

“တကယ်နော်”

သမားတော်တစ်ဦးက ကုပေးဖို့ဆိုတာ မလွယ်ကူသော်ငြား ဖန့်ကြွယ်ယွီက ကတိပေးသဖြင့် မျှော်လင့်ချက်ရောင်ခြည်သမ်းပြီဟု ဆိုနိုင်သည်။

“ငါက မင်းကို စ ပါ့မလားကွာ။ မင်းကို စလိုက်လို့ ငါပိုက်ဆံရလို့လား”

ဖန့်ကြွယ်ယွီပြောတာလည်း မှန်ပေသည်။ သူမကို စနောက်ခြင်းကြောင့် သူ့အနေဖြင့် ဘာမှအကျိုးအမြတ်မရပေ။ သူက ပိုက်ဆံအရမ်းရှိတာမို့ သူမတို့မိသားစုနှင့်လည်း အပြိုင်အဆိုင်ဖြစ်စရာမလိုပေ။

“လာပါ မင်းအဘိုးကို မြန်မြန်သွားကြည့်မယ်။ ဒါမှ ငါလည်း စောစောပြန်လို့ရမှာ”

“ဟုတ်ပါပြီ”

သိပ်မလှမ်းမကမ်းတွင် အနီရောင်မာစီရာတီကားကို ရပ်ထားသည်ကို တွေ့ရသည်။ထိုကားက ပိုင်ယို၏ ကားဖြစ်ရမည်။

ရှေးသိုင်းပညာရှင် မိသားစုက လူများအကြား ပေါ်​ပေါ်ထင်ထင် နေလို့မရကြောင်း ပိုင်ယိုတစ်ခါပြောဖူးသည်ကို အမှတ်ရမိသည်။ သူတို့ရှိနေကြသည်ကို သာမန်လူများက မသိကြပေ။ ထို့ပြင် သူတို့က မြို့ပြနှင့်ဝေးရာ ကျေးလက်ဒေသမျိုးတွင် နေကြတာများသည်။

ပိုင်မိသားစု၏ အိမ်ရာသည် ကျန်းနန်မြို့မြောက်ဘက်မှ တစ်ရာကီလိုမီတာကျော်ကွာဝေးသည်။ ထိုနေရာကို တောင်တန်းများ၊ တောအုပ်များဖြင့် ဖုံးလွှမ်းထားသည်။

လာဒီးနစ်မိသားစုနှင့် ရော့စ်ချိုင်းမိသားစုတို့လောက် မချမ်းသာသော်လည်း ပိုင်မိသားစု၏ ဩဇာတိက္ကမကြီးမားမှုကို မငြင်းနိုင်ပေ။ ထို့ပြင် ပိုင်မိသားစုအိမ်တော်တွင် အစွမ်းထက်သောလူများရှိနေသည်ကို အာရုံခံစားမိသည်။

“ပိုင်ရှင် ဒီမှာ အဆင့်မြင့် သိုင်းသမား ၆ ဦးရှိနေပါတယ်။ ကျန်တဲ့လူရဲ့ သိုင်းအရည်အချင်းက နိမ့်ပါတယ်”

“ဟား..လာဒီးနစ်မိသားစုလောက်တောင် မရှိပါ့လား”

သိုင်းပညာအရဆို ပိုင်မိသားစုသည် ရော့စ်ချိုင်းမိသားစု၏ ဆယ်ပုံပုံတစ်ပုံလောက်တောင်မရှိပေ။

ပိုင်ယိုနှင့် ဖန့်ကြွယ်ယွီတို့လည်း ပိုင်မိသားစုအိမ်ရာကို ရောက်ခဲ့သည်။

ပိုင်မိသားစုအိမ်ယာသည် ရှေးဟောင်းအိမ်ပုံစံမျိုးတည်ဆောက်ထားသည်။ သက်လတ်ပိုင်း အမျိုးသားအမျိုးသမီးများက ဟိုဟိုဒီဒီသွားလာနေသည်။

“ပါးပါး သမီးပြန်ရောက်ပြီ”

“သမီး ပစ္စည်း ပါလာပြီလား”

ပိုင်ရွှမ်၏ ဘေးနားမှာ သူနှင့်ရုပ်ချင်းဆင်သော လူကြီးနှစ်ဦးလည်းရှိနေသည်။

“ပါလာပါတယ် ပါးပါး”

ပိုင်ရွှမ်က ဆေးဖော်စပ်သည့်ပစ္စည်းကို လှမ်းယူရင်း “ကောင်းတယ် ရှောင်းယို ဒါနဲ့ သူကဘယ်သူလဲ သမီး”ဟု မေးသည်။

“ဒါက သမား…သမားတော်တစ်ဦးပါ။ သမီးခေါ်လာခဲ့တာ”

“လျှောက်ပြောနေပြန်ပြီ။”

ပိုင်ရွှမ်လည်း ဒေါသထွက်သွားသည်။

“ပိုင်မိသားစုအိမ်တော်က တွေ့ကရာလူ လာလို့ရတဲ့ နေရာမဟုတ်ဘူး”

“ထားလိုက်ပါတော့ လူကြီးမင်းပိုင်…ပိုင်ယိုကလည်း ငယ်သေးတယ်လေ။ ငယ်တဲ့လူကတော့ ဒါတွေဘယ်စဉ်းစားပါ့မလဲ။ ငါတို့တွေ မစ္စတာပိုင် ဒဏ်ရာကို အရင်ဆုံးကုရအောင်လေ”

“နင်နဲ့ နောက်မှစာရင်းရှင်းမယ်” ပိုင်ရွှမ်လည်း သူ့သမီးပိုင်ယိုကို ကြိမ်းမောင်းပြောဆိုပြီး ထွက်သွားသည်။

ထို့နောက် ပိုင်ရွှမ်သည် သေတ္တာကို ထိုလူကြီးအား ပေးသည်။

သူက သေတ္တာကို ဖြည်းဖြည်းချင်းဖွင့်ပြီး အထဲမှ နှစ်ဆယ်စင်တီမီတာမြင့်သော ဆေးဖော်ပစ္စည်းကို တအံ့တဩကြည့်နေသည်။

“ဆရာဟူ..ခင်ဗျားတောင်းတဲ့ ပစ္စည်းရပြီဆိုတော့ အဖေ့အတွက် လိုအပ်တဲ့ဆေးကို ဖော်ပေးနိုင်မလား”

“အင်း..ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားဦးမယ်။ ခင်ဗျားတို့က ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းအကုန်ပေးတယ်။ ငါက ဆေးဖော်တဲ့အပိုင်းတာဝန်ယူမယ်။ ဒါပေမဲ့ အောင်မြင်မှုနှုန်းကိုတော့ အာမမခံနိုင်ဘူး”

“ဟုတ်ကဲ့ ရပါတယ် ဆရာဟူ” ထိုအရာက ဆေးပညာလောက၏ စည်းမျဉ်းတစ်ခုဆိုတာ ပိုင်ရွှမ်နားလည်သည်။

“ကဲ ဆေးဖော်ဖို့လိုအပ်တဲ့ ပစ္စည်းတွေယူလာကြဟေ့”

ပိုင်မိသားစု၏ အစေခံများလည်း ဂျင်ဆင်း၊ လင်းဇင်းမှိုကဲ့သို့ ဆေးဖက်ဝင်အပင်များကို ယူလာကြသည်။

သမားတော်များ ဆေးဖော်စပ်ရာတွင် အထူးနည်းလမ်းရှိသည်။ သူတို့ရွတ်ဖတ်သော ဂါထာမန္တာန်ကို မသိဘဲနှင့် ဘေးနားက ရပ်ကြည့်ရုံဖြင့် မတတ်မြောက်ပေ။ ထို့ကြောင့် ဆရာဟူက လူအများရှေ့မှာ ဆေးဖော်စပ်ရဲသည်။

ဆေးဖော်ဖို့ ပစ္စည်းလည်းစုံပြီမို့ မီးတောက်ပေါ်တွင် ဆေးဖော်စပ်ရာတွင်သုံးသည့် ပစ္စည်းကိုတင်လိုက်သည်။ ထို့နောက် ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခုပစ်ထည့်သည်။ သူ ဆေးဖော်စပ်သည့်ပုံစံက ဟင်းချက်သည့်ပုံစံနှင့် တူနေသည်။

“ဒီနည်းလမ်းက ရုပ်ပျက်လိုက်တာ”

ယောင်ချန်း၏ ဆေးဖော်နည်းက သူ့နည်းလမ်းထက် ပိုပြီး စနစ်ကျသည်။

ဆေးဖော်စပ်တာ အောင်မြင်ပါက ဆေးနံ့သင်းသင်းလေးထွက်လာမှာဖြစ်သည်။ သို့သော် ဆရာဟူ ဖော်စပ်သော ဆေးမှ အနံ့ဆိုး ထွက်လာတော့သည်။

“အေ့”

ဖန့်ကြွယ်ယွီလည်း ထိုအနံ့ကြောင့် ပျို့တက်လာသည်။

အားလုံး၏မျက်ဝန်းအစုံက သူ့ထံရောက်လာသည်။ အနံ့ကဆိုးရွားသော်လည်း မည်သူမှ ထိုသို့ မလုပ်ရဲကြပေ။ သူတို့၏ အပြုအမူက သမားတော်ကို စော်ကားရာကျမှာဆိုးသောကြောင့်ဖြစ်သည်။

ဖန့်ကြွယ်ယွီလည်း ထိုအနံ့ကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။

“တော်တော့။ ခင်ဗျားရဲ့ မဖြစ်စလောက်အရည်အချင်းနဲ့ ကိုယ့်ကိုကိုယ် သမားတော်လို့ခေါ်တာမရှက်ဘူးလား။ ဝက်စာအတွက် ချက်ပြုတ်နေသလားတောင်ထင်ရတယ်”

All Chapters