ငါက နတ်ဆိုး မဟုတ်ဘူး
Vol. 15 Ch. 200
“ဟေ့ကောင် မင်းဘာတွေလျှောက်ပြောနေတာလဲ”
ဖန့်ကြွယ်ယွီ၏ စကားကိုကြားပြီးပိုင်ယို၏ ဦးလေးဖြစ်သူ ပိုင်ဟီက လှမ်းငေါက်သည်။
ဆရာဟူ၏ နာမည်အရင်းသည် ဟူရင် ဖြစ်သည်။ အသက် ၆၃ နှစ်အရွယ် ဟူရင်သည် အတော်ဆုံး သမားတော်ဖြစ်ဖို့ သိပ်မလိုတော့ပေ။
မွေးရာပါ သိုင်းပါရမီရှင် မိသားစုများတောင်မှ ဟူရင်ကို တလေးတစားဆက်ဆံရသည်။
ဟူရင်ကို ငှါးရန် ပိုင်မိသားစုပိုင် ဘိုးဘွားအမွေကို စတေးခဲ့ရသည်။ဒီကောင်လေးက အနှောင့်အယှက်ပေးပါက ပိုင်မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်စေလိမ့်မည်။
ထို့အပြင် ဟူရင်က ဒေါသလည်းကြီးပြီး အငြှိုးလည်းကြီးသည်။ ပိုင်မိသားစုက သူနှင့် မသင့်မြတ်ပါက အကျိုးဆက်က မတွေးဝံ့ပေ။
ပိုင်မိသားစုတွင် ပိုင်ယုဟိုင်နှင့် ပိုင်ရွှမ်နှစ်ဦးသာ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်သည်။
ဖန့်ကြွယ်ယွီက ထပ်ပြီး မနှောင့်ယှက်စေရန် ပိုင်ယို၏ ဦးလေးပိုင်ဟီက ဖန့်ကြွယ်ယွီရှေ့ကို ဒေါသတကြီးဝင်လာသည်။
“ဦးလေး(၂) မလုပ်ပါနဲ့”
ဖန့်ကြွယ်ယွီက အဆင့်မြင့်သိုင်းပညာရှင်စစ်စစ်တစ်ဦးဆိုတာ ပိုင်ယိုက လွဲပြီး မည်သူမှ မသိကြပေ။ ပိုင်ဟီသည် အလယ်အလတ်အဆင့်မှာရှိသေးတာမို့ ဖန့်ကြွယ်ယွီကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
ပိုင်ယိုတားသည်က သူ့အတွက်ဆိုတာ ပိုင်ဟီ မသိပေ။
“သခင်လေး …ကျွန်တော်ရှင်းလိုက်ရမလား”
ကူးရီ၏ အသံကို နားထဲကြားလိုက်ရသည်။
“မလိုပါဘူး။ ဒီလူလောက်ကို မင်းရဲ့ သခင်လေးက အေးဆေးရင်ဆိုင်နိုင်ပါတယ်ကွ”
စွမ်းအားရှင်ကျင့်စဉ်ကြောင့် သူ၏အစွမ်း၊ လျင်မြန်ဖျက်လတ်မှုနှင့် အာရုံခံမှုများပါ ပြောင်းလဲလာရုံမက ဘဝအပေါ် ခံယူချက်များပြောင်းလဲလာသည်။
“ဟားး လွန်ခဲ့တဲ့ရက်ပိုင်းကမှ နတ်ဘုရားကျောင်းမှာ သင်ခဲ့တဲ့ လက်ဝါးသိုင်းကို ပြရချည်သေးရဲ့”
ဖန့်ကြွယ်ယွီက နောက်ကိုနှစ်လှမ်းဆုတ်ပြီး လက်ဝါးပုံစံကို ပြင်လိုက်သည်။
အံ့အားသင့်စွာဖြင့် သူ၏ အရိုးနှင့် ကြွက်သားများထံမှ နဂါးတစ်ကောင်ဟိန်းဟောက်သံလို အသံအကျယ်ကြီး ကြားရပြန်သည်။
“နဂါးလက်ဝါး”နဂါးပုံစံအတွင်းအားသည် သူ၏လက်ဖဝါးထဲမှ ထွက်လာသည်။ ထိုအချိန်မှာသူသည် နဂါးတစ်ကောင်အလား ထင်ရသည်။
“ဘာ..အတွင်းအားကို ထုတ်ပြနိုင်တယ်”
ပိုင်ဟီသာ မက ရှိရှိသမျှလူအားလုံး အံ့ဩကုန်သည်။
ထိုကဲ့သို့ အတွင်းအားကို အပြင်ဘက်မှာထုတ်ပြခြင်းအား မွေးရာပါ သိုင်းပါရမီရှင်များသာ လုပ်ပြနိုင်သည်။
ဒီကောင်လေးက မွေးရာပါ သိုင်းပါရမီရှင်များ ဖြစ်နေမလား.’.
ဝုန်း..
ထိုအတွင်းအားက ပိုင်ဟီ၏ ရင်ဘတ်နားကို ထိသွားသည်။ “အား” ခနဲဟူသော အော်သံနှင့်အတူ နံရိုးကျိုးသံများပါ ကြားလိုက်ရသည်။ ပိုင်ဟီက ခြံထဲက ကျောက်ပုံပေါ်ကျသွားသည်။ ထို့နောက် ပိုင်ဟီသည် ဒူးထောက်ပြီး တောင်းပန်နေသည်။
“မစ္စတာ ချောင်ဖန့်ရဲ့ နဂါးလက်ဝါးနဲ့ ယှဉ်ရင် ငါအတော်လိုသေးတာပါလား”
ဖန့်ကြွယ်ယွီလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
ချောင်ဖန့်၏ နဂါးလက်ဝါးသိုင်းမှာ ချီစွမ်းအင်ရှိသည်။ သို့သော် ထိုနည်းလမ်းအတွက် စကြာဝဠာအရင်းမြစ်စွမ်းအင်လိုအပ်နေသည်။ ဖန့်ကြွယ်ယွီက တစ်ခဏလေးကျင့်ရုံဖြင့် ထိုအစွမ်းကို မရပေ။
သိုင်းလောကတွင် အတွင်းအားထုတ်ပြနိုင်ခြင်းက မွေးရာပါ သိုင်းပါရမီရှင်ကသာ ပြုလုပ်နိုင်သည်။ သို့သော် ထိုအချက်က ဖန့်ကြွယ်ယွီအတွက် မမှန်ပေ။ သူက အတွင်းအားသုံးတတ်ခြင်းမှာ အဆင့်လေးလောကဘုံကြောင့် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ အတွင်းအားထုတ်ပြခြင်းက ဖန့်ကြွယ်ယွီ၏ အားအင်များကို
ကုန်ခမ်းစေသည်။ထို့ကြောင့် သူသည် ချီစွမ်းအင်ဖြည့်ဆေးကို ပြန်လည် မှီဝဲရသည်။ ထိုဆေးများက သူ၏ သီးသန့်ကမ္ဘာထဲမှာ အများအပြားရှိနေတာမို့ သူ့စိတ်ကြိုက်သုံးစွဲနိုင်သည်။
“မင်းက မွေးရာပါသိုင်းပါရမီရှင်လား”
ထိုဖြစ်ရပ်ကိုမြင်လိုက်ရပြီး ပိုင်ရွှမ်၏ လေသံပြောင်းလဲလာသည်။ မွေးရာပါ သိုင်းပါရမီရှင်များက အားအင်များကို ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းရှိကြသည်ဟု ကြားဖူးသည်။ ဖန့်ကြွယ်ယွီက ပါရမီရှင်များဖြစ်နေမလား။
“မဟုတ်ပါဘူး။ ကျွန်တော်က သာမန်ကျောင်းသားလေးတစ်ဦးပါ။ ခင်ဗျားပြောတဲ့ပါရမီရှင် မဟုတ်ရပါဘူး”
“အမ်” ပိုင်ရွှမ်လည်း ဘာပြန်ပြောလို့ပြောရမှန်း မသိတော့ပေ။
“ပါးပါး…ဘိုးဘိုးဒဏ်ရာကို အဆင်ပြေအောင်ကုပေးတဲ့သူရှိတယ်လို့ သမီးတစ်ခါပြောဖူးတယ်လေ မှတ်မိလား။ အဲ့တာသူပေါ့”
ထိုအချိန်မှ ပိုင်ယိုလည်း စကားပြောဖို့ အခွင့်သာတော့သည်။
“ဘာလို့ စောစောက မရှင်းပြတာလဲ သမီးရယ်”
သူ့ဖခင်၏ဒဏ်ရာကိုကုသပေးနိုင်သောလူသည် အဆင့်မြင့်သိုင်းပညာရှင်နှင့် အထက်ဖြစ်ရမည်။ သူသာစောစောက ကြိုသိခဲ့လျှင် ပိုင်ဟီကို အလောတကြီး မပြုမူဖို့ တားမြစ်မှာဖြစ်သည်။
“ဆရာ တောင်းပန်ပါတယ်ဗျာ။ ကျုပ်ညီက ရိုင်းပျသလို ဖြစ်သွားခဲ့ရင် ဗွေမယူပါနဲ့ဗျာ”
ဖန့်ကြွယ်ယွီက အဆင့်မြင့်သိုင်းသမားတစ်ဦးထက် သာလွန်လိမ့်မည်။ သူ့ညီကို ညှာတာပြီး ဘာမှ ကြီးကြီးမားမား ပြန်မလုပ်တာပဲဖြစ်ရမည်။ သူ့လို သိုင်းပါရမီရှင်က သူ့ညီကို တစ်ချက်တည်းဖြင့် အသေသတ်နိုင်သည်။
သို့သော် ဖန့်ကြွယ်ယွီက သူ့မှာရှိသောအတွင်းအား၏ ၈၀%လောက်ကို အသုံးပြုပြီးဆိုတာ မည်သူမှ မသိကြပေ။
သူက အတွင်းအားကို ထုတ်ပြနိုင်သော်ငြား သိုင်းပါရမီရှင်နှင့် မယှဉ်နိုင်ပေ။ဖန့်ကြွယ်ယွီ၏
အင်အားသည် အခြေခံလျှို့ဝှက်စွမ်းအားရှင်တစ်ဦးသာသာပဲဖြစ်သည်။
“ရပါတယ်ဗျာ။ ကျွန်တော်က ဒုက္ခပေးဖို့ လာတာမှမဟုတ်တာ။ အဘိုးပိုင်နဲ့ ကျွန်တော်က မိတ်ဆွေတွေပါ။ သူဒဏ်ရာရတယ်ဆိုလို့ သူ့ကိုယ်ထဲမှ အေးခဲစွမ်းအင်တွေကို အမြစ်ပြတ်ဖယ်ရှားပေးချင်လို့ ရောက်လာတာပါ”
“တကယ်လား ကျေးဇူးတင်လိုက်တာဗျာ”
မွေးရာပါသိုင်းပါရမီရှင်၏ အကူအညီနှင့်ဆို သူ့ဖခင်၏ ဒဏ်ရာကို အမြစ်ပြတ်ကုသပေးနိုင်မည်ဆိုတာ ပိုင်ရွှမ်သိနေသည်။
“ခင်ဗျားတို့စကားပြောနေတာတွေက ရှေးဆန်လိုက်တာ။ အခုခေတ်လိုပြောပါဗျာ”
“အမ်”
ဖန့်ကြွယ်ယွီက လူထူးဆန်းတစ်ဦးဟု ပိုင်ရွှမ်တွေးမိလာသည်။
“စီ…စီနီယာ”ဟူရင်က ဖန့်ကြွယ်ယွီအားမျက်နှာပင်မပြဝံ့ပေ။ သူက ထိပ်တန်း သမားတော်တစ်ပါးဖြစ်သော်လည်း ပါရမီရှင်ကိုတော့ မချေမငံမဆက်ဆံရဲပေ။
“ဆရာ..ကျွန်တော့်အဖေက အခန်းထဲမှာရှိပါတယ်။ ဘာလုပ်မယ်စိတ်ကူးထားပါသလဲခင်ဗျာ”
ဖန့်ကြွယ်ယွီ ဘာလုပ်မလဲဆိုတာ သူမသိပေ။ ချီအတွင်းအားကို သုံးပြီးသူ့ဖခင်ကိုယ်ထဲက အေးခဲစွမ်းအင်ကိုထုတ်ပေးမှာလားဆိုတာ မသိပေ။
“အင်း ဆေးဖော်စပ်ရမှာပေါ့။ ကျွန်တော်က သိုင်းပါရမီရှင်ပါလို့ပြောဖူးလို့လား။ ကျွန်တော်သာ သိုင်းပါရမီရှင်ဆို အဘိုးပိုင်ကို အရင်တစ်ခေါက်ထဲက ကုပေးလိုက်ပြီပေါ့။ အခုအချိန်ထိ စောင့်နေပါ့မလား”
“ဒါ..ဒါက”
သူရှင်းပြတော့လည်း ဟုတ်သားဟု ပိုင်ရွှမ်တွေးမိပြန်သည်။ သို့သော် သူက ဘာကြောင့်များ
သိုင်းပါရမီရှင်တစ်ဦး၏ နည်းလမ်းများကို ပြသနိုင်ရသနည်း။
သူက ဆေးဖော်စပ်မည်ဟု ပြောလိုက်တာလား။သူက တရုတ်ပြည်၏ ထိပ်တန်းသမားတော်သုံးဦးနှင့် အပြင်မှာမဆုံဖူးသော်လည်း သူ့ရှေ့က ဖန့်ကြွယ်ယွီလောက် ငယ်ကြမည့်သူမဟုတ်ဘူးဆိုတာ အလိုလိုမှန်းဆမိသည်။
ဆေးဖော်စပ်ခြင်းက သိုင်းပညာထက်ပိုခက်သည်။
သူ့ပုံစံက ဟန်ဆောင်သည့်ပုံမပေါ်သော်လည်း ဖန့်ကြွယ်ယွီက သမားတော်တစ်ဦးဆိုတာ ပိုင်ရွှမ်မယုံချေ။
“ဟုတ်ကဲ့ပါ.. ဆရာအကို အဲ့တာဆို ကျွန်တော်တို့ ပြင်ပေးရမှာများရှိလား ခင်ဗျာ”
“ဘာကို ဆရာအကိုလဲဗျာ..ကျွန်တော့်အသက်က အခုမှ ၂၀ပဲရှိသေးတာ။ တွေ့လား” ဟုဆိုကာ အိတ်ထဲမှ ကျောင်းသားကတ်ကို ထုတ်ပြသည်။
“ကြည့် ကျွန်တော်က ၁၉၉၈ခုနှစ်ဖွား.. နတ်ဆိုးလည်း မဟုတ်ပါဗျာ”