← Chapters

ဆရာတို့..ရန်ဖြစ်နေတာတွေရပ်ကြပါတော့

Vol. 15 Ch. 204

ဆရာတို့..ရန်ဖြစ်နေတာတွေရပ်ကြပါတော့

Vol. 15 Ch. 204

ပိုင်ယိုလည်း ဖန့်ကြွယ်ယွီအနောက်မှလိုက်လာပြီး ကျောင်းဝန်းတစ်ခုအတွင်းသို့ ဝင်လိုက်သည်။ ထိုအချိန်မှ စပြီး ပိုင်ယိုနှင့် ပိုင်မိသားစုတစ်ခုလုံး၏ ကံကြမ္မာသည် ပြောင်းလဲတော့မှာဖြစ်သည်။

“ဒါ..ဒါက..”

သူမ၏ မျက်စိရှေ့မှောက်တွင် ရှိသော နတ်ဘုရားအကယ်ဒမီ၏ ကြီးကျယ်ခမ်းနားမှုကို မြင်လိုက်ရချိန်တွင် ပိုင်ယိုလည်း အံ့ဩမှင်သက်မိသည်။

မည်သည့်နည်းပညာနှင့် ဒီကျောင်းကိုတည်ဆောက်ခဲ့သနည်း။

ပိုင်ယိုက ဒဏ္ဍာရီတစ်ပုဒ်ကိုကြားဖူးသည်။ ပါရမီရှင်၏အထက်တွင် နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့်တို့ရှိသည်ဟု ဆိုကြသည်။

သူတော်စင်အဆင့်ကိုရောက်ပါက မသေမျိုးဖြစ်သွားပြီး ကမ္ဘာငယ်လေးများကို လွယ်လင့်တကူဖန်တီးနိုင်သည်။

သူမရှေ့မှာ မြင်နေရသော ကျောင်းသည် သူတော်စင်တစ်ဦးက တည်ထောင်နိုင်သော အနေအထားဖြစ်သည်။

“မစ္စတာဖန့်..ဒီကျောင်းက ရှင်ပိုင်တာလား”

“ဟုတ်တာပေါ့ဗျာ..ဒါပေမဲ့ ဒီနေ့ကစပြီး ငါ့ကိုခေါ်ဝေါ်တာတွေပြောင်းလဲရမယ်။ မစ္စတာဖန့်လို့မခေါ်ပါနဲ့တော့။ ဥက္ကဌဖန့်လို့ ပြောင်းခေါ်ပါ”

“ငါက ဒီမှာ သိုင်းပညာတို့ ဆေးပညာတို့ သင်နိုင်မှာလား”

“ဆိုပါတော့..ဒါတင်မကသေးဘဲ မင်းသင်ချင်တဲ့အရာမှန်သမျှ ဒီမှာရှိတယ်။ မင်းသင်ချင်တဲ့ဘာသာရပ်တိုင်းကို သင်ပေးနိုင်တဲ့ဆရာတွေရှိတယ်။ ငါတော့ မဟုတ်ဘူး”

“ရှင် မသင်ပေးဘူးဆို ဘယ်သူသင်ပေးမှာလဲ”

“ဒီနေရာကကျောင်းဆိုတော့ ဆရာတွေရှိတယ်လေ”

“ငါ့ကျောင်းမှာ ဆရာတွေပေါပါ့။ မင်းက ပထမဆုံးကျောင်းသူဆိုတော့ အထူးအခွင့်အရေးပေးမယ်။မင်းကြိုက်တဲ့ဆရာကိုရွေးချယ်ပြီး သင်နိုင်တယ်”

“ဆရာတွေနဲ့ ဝန်ထမ်းတွေအားလုံး ကျောင်းဝင်ပေါက်က ရင်ပြင်မှာစုကြမယ်” ဟု ဖန့်ကြွယ်ယွီက အော်ခေါ်သည်။

ချက်ချင်းဆိုသလို ဟိုဟိုဒီဒီမှ ဆရာများပြေးထွက်လာကြသည်။

အရောင်စုံမီးတောင်များဖြင့် လွှမ်းခြုံထားသော လူတစ်ဦးက အရင်ဆုံးရောက်လာသည်။

“တိုက်ခိုက်စွမ်းရည်ဌာနက ဒါရိုက်တာ ရှောင်းယန် ရောက်ပါပြီ ဥက္ကဌ”

“ဟား ရှောင်းယန် ခင်ဗျားက အမြဲမြန်တာပဲ”

အဖြူရောင်မီးတောင်ဖြင့် လွှမ်းခြုံထားသော ယောင်ချန်းကို လူကိုယ်တိုင်မမြင်ရသေးဘဲ အသံပဲကြားနေရသည်။

“ဝှစ်”

အဝါရောင်ဆံကေသာနှင့် ဗလတောင့်တောင့် လူတစ်ဦးကလည်း တစ္ဆေတစ်ကောင်အလား သူတို့ရှေ့ပေါ်လာသည်။

“ဟား ဆရာစွန်း မင်းပြောင်းလဲမှုကြီးက မြန်လှချည်လား”

“ဟဲ အိပ်ပျော်နေလို့ နောက်ကျသွားတာပါ”

စွန်းဝူခုန်းက သူ၏နှာခေါင်းကိုပွတ်သပ်နေသည်။

“ကဲ သူတို့တွေက ဒီကျောင်းက ဆရာတွေပေါ့။ မင်းတစ်ခုခုသင်ချင်တယ်ဆို သူတို့ဆီသွားပါ။ ခုက တစ်ကျောင်းလုံးမှာကျောင်းသားဆိုလို့ မင်းပဲရှိသေးတာ။ နောက်ထပ်ကျောင်းသားတွေထပ်ရောက်လာလျှင် ဒီလိုအခွင့်အရေးရဖို့ဆိုတာမသေချာတော့ဘူး”

“ဥက္ကဌ ဒါက ပထမဆုံးကျောင်းသူလား”ဟု ဘုန်းကြီးက မေးသည်။

“ဟုတ်ပါတယ်”

“မိန်းကလေးအနေနဲ့ ဘာကိုသင်ကြားချင်ပါသလဲ” ဘုန်းကြီးက ကျောင်းလုံခြုံရေးအတွက် ဂိတ်တံခါးကို စောင့်သလို ကျောင်းအပ်လက်ခံသည့်တာဝန်ကိုလည်း ယူထားသည်။

“ကျွန်မ သိုင်းပညာနဲ့ ဆေးပညာသင်လို့ရမလား”

“ဆေးပညာသင်တာကရတယ်။ ငါတို့မှာ ဆရာတွေလည်းရှိတယ်။ ဒါပေမဲ့ မင်းကအခုမှ စတက်ဖူးမှာဆိုလျှင် “အခြေခံဆေးဖက်ဝင်အပင်များ”ဆိုတဲ့ဘာသာကို ယူလေ။ဆရာရှန်းနုန်က အသင့်တော်ဆုံးဖြစ်မယ်”

ဘုန်းတော်ကြီးက သူမကို အကြံပေးနေသည်။

ပိုင်ယိုက ဖန့်ကြွယ်ယွီနှင့် မတူဘဲ ဆေးပညာအခြေခံကစပြီး သင်ယူရမည့်ပုံပေါ်သည်။

“ဟုတ်ကဲ့ အဲ့လိုပဲ သင်လိုက်ပါ့မယ်”

“သိုင်းပညာအတွက်ကတော့…”

ဘုန်းတော်ကြီးက ထိုအပိုင်းကိုချက်ချင်းအကြံမပေးရဲပေ။အကြောင်းရင်းမှာ ကိုယ်ခံပညာ ၊ သိုင်းပညာပေါင်းများစွာရှိနေသည်။

“အဲ့လိုဆို ဆရာတွေဘက်က အရည်အချင်းဖြစ်ဖြစ် တစ်ခုခုချပြလေ”

ဖန့်ကြွယ်ယွီက ဆိုသည်။ သူ့အနေနှင့် ဆရာများ၏အနေအထားကို တစ်ခါမှမမြင်ဖူးပေ။

“ဟား..ကျွန်တော်အရင်ပြမယ်”

ကျောဘက်တွင် ဓားကြီးတစ်ချောင်းလွယ်ထားသော ဆရာတစ်ဦးထွက်လာသည်။

“တစ်ယောက်ထဲ အစွမ်းအစထုတ်ပြရတာ ပျင်းစရာကောင်းတယ်။ ယန်ကော နဲ့ပြိုင်ကြည့်လျှင်ကောင်းမလား”

ထိုအချိန်မှာ ဆံပင်အနက်ရောင်ရှိပြီး ခပ်ဝဝလူတစ်ဦးက ထွက်လာပြန်သည်။

“သူက ဘယ်သူလဲ” ဖန့်ကြွယ်ယွီက ဆရာတွေကို မမှတ်မိပေ။

“ကဲ နည်းနည်းနေရာဖယ်ပေးကြ”

“တိုက်ခိုက်ဖို့အတွက် အသင့်ပြင်”

“လောင်းကြေးထပ်ကြ လောင်းကြေးထပ်ကြ”

ဆရာများက စက်ရုပ်လူသားများဆိုသော်လည်း လူသားများနှင့်မခြား အကုန်ကျွမ်းကျင်ကြသည်။ လောင်းကြေးများပင် ထပ်ကြသည်အထိ အဆင့်မြင့်ကြသည်။

“ချလွမ်”ယန်ကောက အနောက်ဘက်ကဓားကို ဆွဲထုတ်လိုက်သည်။သူက အတွင်းအားကိုထုတ်ပြီး ရှေ့ကိုချီတက်သွားသည်။

ထိုဓားနှင့် ပြိုင်ဘက်ဖြစ်သူကို တစ်ဟုန်ထိုးတိုက်ခိုက်သည်။ ထိုအလျင်နဲ့သာဆို ဖန့်ကြွယ်ယွီလည်း မရှောင်တိမ်းနိင်ပေ။

“ဆရာယန်ကောကို သိုင်းပညာစစ်စစ်က ဘယ်လိုလဲဆိုတာ ပြရသေးတာပေါ့”

တခြားဆရာတစ်ဦးက သူ၏လက်ဝါးကိုရင်ဘတ်နားကပ်လိုက်ပြီး အတွင်းအားကိုထုတ်သည်။

“ဟာ..ဒါက ဆရာရှုံးဘပါလား”

“ဘန်း” 

ယန်ကော၏ ဓားနှင့် သူ၏ အတွင်းအား ထိရိုက်မိသွားသည်။သူတို့နှစ်ဦးလုံး၏ အင်အားများက ပါရမီရှင်အဆင့် အထက်မှာရှိနေသည်။

“ဒီဓားသိုင်းက စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါ့ရဲ့ မီးတောက်ဝါးမြိုသိုင်းကို တစ်ချက်လောက် ကြည့်ကြပါဦး” ထိုအချိန်မှာ စိတ်ဝင်တစားကြည့်နေသော ရှောင်ယန်သည်လည်း ထိုရန်ပွဲအတွင်း ဝင်ပါလာသည်။

သို့သော် သိုင်းဆရာများက အင်အားပြင်းမီးတောက်ကမ္ဘာမှ ရှောင်းယန်ကို မယှဉ်နိုင်ကြပေ။ ဝုန်းခနဲဟူသော ပေါက်ကွဲသံကြီးနှင့်အတူ ရှုံးဘနှင့် ယန်ကောတို့လည်း အဝေးကို လွင့်ကုန်ကြသည်။

သူတို့၏ အစွမ်းက ရှောင်းယန်ကိုမယှဉ်နိုင်ပေ။ သူတို့၏ ခန္ဓာကိုယ်များကို တူညီသောပစ္စည်းဖြင့် ဖန်တီးထားသဖြင့် ဒဏ်ရာကြီးကြီးမားမားမရပေ။ သို့သော် သူတို့နှစ်ယောက်လည်း အလွန်ရှက်သွားကြသည်။

“ဟား..ဆောရီးပါကွာ။ နည်းနည်း အားပြင်းသွားတယ်” ရှောင်းယန်က ပြန်တောင်းပန်သည်။

“ကောင်မလေး ငါ့ရဲ့ ကွန်ဖူးသိုင်းကို မင်းကြိုက်ရဲ့လား”

ပိုင်ယို၏ မျက်လုံးများက အရောင်တလက်လက်တောက်ပလာသည်။ ဆရာများမှာရှိသောအစွမ်း၏ ဆယ်ပုံတစ်ပုံလောက်သာရပါက ပိုင်မိသားစုသည် ပြိုင်ဘက်ကင်းဖြစ်ပေလိမ့်မည်။

“ကျစ်..ဆရာရှောင်းယန် မင်းကိုငါစိန်ခေါ်တယ်” ရုတ်တရက်ဆိုသလို ဆရာများ၏ ကြားထဲတွင် အနီနှင့်အဖြူစပ်ထားသော စက်ရုပ်တစ်ရုပ်ပေါ်လာသည်။

“ယူနီကွန်းနိုးထလာပြီကွ”

“ငါလည်းလာပြီ”စွန်းဝူခုန်းကလည်း ပါလာပြန်သည်။

“အဆုံးမဲ့လွတ်လပ်ခြင်းသိုင်း”

“ငါလည်းပါမယ် လင်းတုံ.ကောင်းကင်ဘုံအကျဉ်းချဓားသိုင်း”

“ဓားသိုင်းကျင့်စဉ်”

ဆရာများက တစ်ယောက်ပြီး တစ်ယောက် အစွမ်းတွေထုတ်ပြကြသည်။ ထိုမျှလောက် တော်လွန်းသော ဆရာများကို တစ်စုတဝေးထဲကျောင်းမှာရှိနေအောင် ဘယ်လိုများဆွဲဆောင်ခဲ့သနည်း။ ဒါမှမဟုတ် ဒီကျောင်းကို ဆရာအုပ်စုက သိမ်းပိုက်လိုက်တာလားဟုတောင် ထင်ယောင်ထင်မှားဖြစ်မိသည်။

“ဆရာတို့အချင်းချင်း တိုက်ခိုက်နေတာတွေတော်ကြပါတော့”

ပိုင်ယိုက ငိုမဲ့မဲ့ဖြစ်လာသည်။ ဒီလောက်ဆရာအများကြီးရှိနေသဖြင့် သူမ မရွေးတတ်တော့ပေ။

“ဟား..သေချာစဉ်းစားပြီး ရွေးပါ။ ငါသွားတော့မယ်”

ဖန့်ကြွယ်ယွီက ထောင့်နားမှာကပ်ပြီး ထိတ်လန့်နေသော ဆရာချိုးပိုင်ကို ခေါ်ပြီးထွက်သွားသည်။ သူတို့နှစ်ဦးသည် ကျောင်းရှေ့ရှိရင်ပြင်တွင် ပျောက်ကွယ်သွားတော့သည်။

All Chapters