← Chapters

ငါ ကြိုးစားကြည့်ရမလား..

Vol. 15 Ch. 205

ငါ ကြိုးစားကြည့်ရမလား..

Vol. 15 Ch. 205

“ဟူးး နောက်ဆုံးတော့ ဒီအလုပ်သင်တာဝန်ကြီးပြီးခဲ့ပြီ”

၂၀၁၉ခုနှစ်၏ နောက်ဆုံးရက်တွင် ဖန့်ကြွယ်ယွီ၏ နှစ်လတာမျှ အလုပ်သင်ဆင်းရခြင်းသည် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး NetEaseကုမ္ပဏီမှ အလုပ်သင်ပြီးစီးကြောင်းထောက်ခံချက်ရခဲ့သည်။

အလုပ်သင်အစီရင်ခံစာကို ရေးပြီးသည့်နောက် ကျန်းနန်တက္ကသိုလ်ကိုသွားပြီး အစီရင်ခံတင်ပြဖို့ကို စိတ်အားထက်သန်နေသည်။သူက ဌာနမှူး၏ ရုံးခန်းထဲသို့ လျှောက်သွားသောအခါ ဌာနမှူးကျောက အခြားဆရာတစ်ဦးနှင့် ဆွေးနွေးနေသည်ကိုတွေ့ရသည်။

လာမည့် နိုင်ငံတကာတက္ကသိုလ်အဆင့် နည်းပညာလုံခြုံရေးပြိုင်ပွဲအကြောင်း ဆွေးနွေးနေသည်ကို ဖန့်ကြွယ်ယွီလည်း နားစွန်နားဖျားကြားလိုက်ရသည်။

သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးကို နိုင်ငံများစွာက ဦးစားပေး မြှင့်တင်လာကြသည်မို့ ထိုအပိုင်းကို ဦးတည်သော ပြိုင်ပွဲများလည်း အစီအရီပေါ်လာကြသည်။

နိုင်ငံတကာတက္ကသိုလ်အဆင့်နည်းပညာလုံခြုံရေးပြိုင်ပွဲကို ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ တက္ကသိုလ်တစ်ခုစီမှ ပြိုင်ပွဲဝင်လေးဦးကို စေလွှတ်ပေးရသည်။ ထိုပြိုင်ပွဲတွင် ကုတ်ရေးခြင်း၊ ပရိုဂရမ်ရေးဆွဲခြင်းစသည့် ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရသည်။

ပြိုင်ပွဲကျင်းပသည့်ပုံစံကလည်း ထူးခြားသည်။ တစ်ဦးချင်းစီ ထိပ်တိုက် ယှဉ်ပြိုင်ရတာမျိုးမဟုတ်ဘဲ တစ်ဦးနှင့် အများ ပြိုင်ဆိုင်ရသည့် ပြိုင်ပွဲများစွာပါဝင်သည်။ထိုကဲ့သို့ ယှဉ်ပြိုင်မှသာ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အရည်အချင်းအစစ်အမှန်ကို သိနိုင်ပေမည်။

ပြိုင်ပွဲကို ကနဦးအနေဖြင့် တရုတ်ပြည်တွင်းတက္ကသိုလ်များမှာ ကျင်းပမှာဖြစ်ပြီး အနိုင်ရသည့်အသင်းသည် နောက်တစ်နှစ်တွင် စင်ကာပူနိုင်ငံမှာကျင်းပမည့် နိုင်ငံတကာတက္ကသိုလ်များအဆင့် နည်းပညာလုံခြုံရေးပြိုင်ပွဲကြီးတွင် တရုတ်ပြည်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရပေမည်။

ကျန်းနန်တက္ကသိုလ်ရှိကွန်ပျူတာသိပ္ပံဌာနသည် နာမည်ကြီးသည်။ ပြည်တွင်းတက္ကသိုလ်များအကြားတွင် ကျန်းနန်တက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်နှင့် ကျင်းပေ တက္ကသိုလ်တို့သည် ကွန်ပျူတာသိပ္ပံဘာသာရပ်တွင် နာမည်ကြီးတက္ကသိုလ်များဟုဆိုနိုင်သည်။

နည်းပညာလုံခြုံရေးပြိုင်ပွဲကြီးကို ခြောက်ကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီး တရုတ်ဘက်က တစ်ခါမှ အနိုင်မရခဲ့ဖူးပေ။

အကြောင်းရင်းမှာ တက္ကသိုလ်သုံးခုစီမှ ကိုယ်စားပြုကစားသမားများကို ရွေးချယ်လိုက်ကြသည်။ သို့သော် ယန်ကျင်းတက္ကသိုလ်နှင့် ပေကျင်းတက္ကသိုလ်မှ ကိုယ်စားပြုကစားသမားနှစ်ဦးသည် နည်းပညာလုံခြုံရေးအပိုင်းတွင် အလွန်နာမည်ကြီးကြသည်။ သူတို့မှာကွန်ပျူတာကဲ့သို့မှတ်ဥာဏ်ရှိပြီး တိုက်ခိုက်မှုများကို အေးအေးဆေးဆေး တုံ့ပြန်နိုင်ကြသည်။

ဘေကျင်း တက္ကသိုလ်မှ လျှိုယီရမ်နှင့် ယန်ကျင်းတက္ကသိုလ်မှ ဆုမြောင်တို့ ဘွဲ့ရပြီးနောက် အင်တာနက်ကုမ္ပဏီများမှ အပြိုင်အဆိုင်ခေါ်ယူကြသည်။ သို့သော် သူတို့နှစ်ဦး၏ တက္ကသိုလ်အသီးသီးက သူတို့အား ဂုဏ်ထူးဆောင်ပါမောက္ခရာထူးပေးထားပြီး တက္ကသိုလ်အဆင့် နည်းပညာလုံခြုံရေးပြိုင်ပွဲများပေါ်လာပါက ကျောင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်စေသည်။

တစ်ဖက်မှာလည်း ကျန်းနန်တက္ကသိုလ်က ပြိုင်ပွဲဝင်တိုင်းသည် အရည်အချင်းရှိသော်လည်း အလွန်ထူးထူးချွန်ချွန် နာမည်ကြီး အနေအထားမဖြစ်လာကြပေ။ ကျန်းနန်တက္ကသိုလ်မှာ လျှိုယီရမ် နှင့်ဆုမြောင်တို့ကဲ့သို့ နာမည်ကြီးမရှိပေ။ အရည်အချင်းပိုင်းမှာလည်း ထိုနှစ်ဦးကို မယှဉ်နိုင်ပေ။

ဌာနမှူးကျောက ပြိုင်ပွဲအတွက် ကျောင်းကိုယ်စားပြု ရွေးချယ်ရာတွင် နှစ်တိုင်းလိုလို ခေါင်းခဲရသည်။ ဒီနှစ်မှာသာ စင်ကာပူနိုင်ငံထိ သွားရောက်ယှဉ်ပြိုင်မည့် ကိုယ်စားပြုအသင်းမဖြစ်ပါက ဘက်ပေါင်းစုံမှ ထိုးနှက်ကြတော့မည်။

ဆရာနှစ်ဦးက ခေါင်းချင်းဆိုင်ဆွေးနွေးနေသော်လည်း ဘာအကြံမှ မထွက်လာပေ။

“ဒေါက် ဒေါက် ဒေါက်”

ဖန့်ကြွယ်ယွီက တံခါးခေါက်သည်။

“ဝင်လာခဲ့ပါ”

ဖန့်ကြွယ်ယွီလည်း အခန်းထဲဝင်သွားပြီး အလုပ်သင်ပြီးစီးကြောင်း ထောက်ခံချက်နှင့် အစီရင်ခံစာကို သူ၏ စားပွဲပေါ်သို့တင်လိုက်သည်။

“အင်း ငါဒီလောက် တွန်းတွန်းတိုက်တိုက်လုပ်ခိုင်းလို့ ဒီလိုဖြစ်လာတာပဲ။ မင်း NetEaseကိုတော့ မဝယ်ဘူးမဟုတ်လား”

အမှန်အတိုင်းပြောရမည်ဆိုဌာနမှူးကျောသည် ဖန့်ကြွယ်ယွီအား သဘောကျသည်။ ယခုနှစ် ဆောင်းဦးပိုင်းတွင် ဖန့်ကြွယ်ယွီနှင့် အချိတ်အဆက်ရှိသော ကုမ္ပဏီများက ကျန်းနန်တက္ကသိုလ်မှ ကျောင်းသားများကို အလုပ်ခန့်အပ်သဖြင့် ကျောင်းသားများ၏ အလုပ်နှင့်ပတ်သက်သော ဖိအားတော်တော်များများ လျော့ပါးခဲ့ရသည်။ ကျန်းနန်တက္ကသိုလ်၏ အလုပ်အကိုင်ပေးနိုင်မှုနှုန်းလည်း အလွန်မြင့်မားလာခဲ့သည်။

“မင်း ဘွဲ့ရဖို့အတွင် စာတမ်းရေးလို့ရပြီလေ..မင်းရေးမဲ့ ခေါင်းစဉ်ကို သေချာစဉ်းစား။ proposal ကိုတစ်ပတ်အတွင်း​ရေးပြီး ငါ့ဆီလာထပ်လေ”

ဌာနမှူးကျောက သူ့စာတမ်း၏ ကြီးကြပ်သူ ဖြစ်လောက်မည်။

“ဟမ်”

ထိုကိစ္စများကို ဖန့်ကြွယ်ယွီစိတ်အပျက်ဆုံးဖြစ်သည်။

“ဌာနမှူးကျော…စာတမ်းရေးတာက ဒုတိယပညာသင်နှစ်ဝက်မှစမှမဟုတ်လား။ နည်းနည်းလောနေသလားလို့”

“စကားများလှချည်လားကွ..ငါက ဆရာလား..မင်းက ဆရာလား”

“နောက် ပညာသင်နှစ်ဝက်မှာ ငါက နည်းပညာလုံခြုံရေးပြိုင်ပွဲဝင်မဲ့အဖွဲ့ကို ကြီးကြပ်ပေးမှာ။ အဲ့အတွက်ကြောင့် မင်းရဲ့စာတမ်းကို သေချာကြည့်ပေးဖို့ အချိန်ပေးနိုင်မှာမဟုတ်ဘူး။ မင်းဒီပညာသင်နှစ်ဝက်မှာ ရေးနိုင်သလောက်အပြီးရေးထား”

“ဟုတ်ကဲ့”

ဖန့်ကြွယ်ယွီလည်း ဌာနမှူးကျော ပြောတာကို အထွန့်မတက်ရဲတော့ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်းရီကူညီပေးပါက ထိုကိစ္စက အဆင်ပြေသွားလိမ့်မည်။

ထိုအချိန်မှာ နောက်ထပ်ကျောင်းသားတစ်ဦးက တံခါးလာခေါက်သည်။

“ဝင်လာခဲ့ပါ”

“ဟမ် လုချောင်”

အခန်းထဲ ဝင်လာသော ကျောင်းသားကို ဖန့်ကြွယ်ယွီက သိသည်။ သူတို့နှစ်ဦးက အတန်းဖော်ဖြစ်ကြသော်လည်း သိပ်ပြီး စကားမပြောဖြစ်ကြပေ။

“ဟေး ဖန့်”လုချောင်က သူ့အား ပြန်နှုတ်ဆက်သည်။

“လုချောင်…မင်းက ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး စိတ်လည်းဝင်စားသလို အမြင်လည်းရှိတယ်ဆိုတော့ ဒီနှစ်ပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြု ယှဉ်ပြိုင်ပေးမလား”

ကျန်းနန်တက္ကသိုလ်ရှိ ကွန်ပျူတာသိပ္ပံဌာနတွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့ရှိသည်။ လုချောင်သည် ထိုအဖွဲ့၏ ဥက္ကဌဖြစ်သည်။ ဒါတင်မကသေးဘဲ လုချောင်က ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည်။

“ဒါပေမဲ့ ပါမောက္ခ..တစ်ခုရှိတာက အဲ့ပြိုင်ပွဲကို ဝင်ပြိုင်လျှင် ကျွန်တော်စာတမ်းကို အချိန်မီ မတင်နိုင်တော့ဘူး။ ကျွန်တော့်သုတေသနအတွက် ပြင်ဆင်ဖို့လိုသေးတယ်”

တခြားပြိုင်ပွဲဝင်များ၏ နည်းဗျူဟာကို လိုက်လေ့လာရသည်မှာ အချိန်ကုန်သည်။

“ငါက မင်းရဲ့ စာတမ်းကြီးကြပ်သူနဲ့ ဆွေးနွေးထားပြီးသားပါ။ ဒီပြိုင်ပွဲမှာရတဲ့အဆင့်ကို မင်းရဲ့စာတမ်းလို့သတ်မှတ်ပေးမယ်။ မင်းက ထိပ်ဆုံးသုံးယောက်ထဲဝင်တာနဲ့ မင်းရဲ့စာတမ်းကို ထူးချွန်အဆင့်လို့ သတ်မှတ်ပေးမယ်..ဘယ်လိုလဲ”

“ဟုတ်ကဲ့” လုချောင်လည်း နှစ်ခါပြန်မစဉ်းစားဘဲ သဘောတူသည်။ သူက ပထမနေရာရမည်ဟု ယုံကြည်ချက်မရှိသော်ငြား ထိပ်ဆုံးသုံးယောက်ထဲဝင်နိုင်မည်ဆိုတာ ယုံကြည်သည်။

“ဒါပေမဲ့ ပါမောက္ခ ကျောင်းအသင်းအတွက် တခြားပြိုင်ပွဲဝင်တွေကို ရွေးပြီးပြီလား”

ဌာနမှူးကျောက ခေါင်းခါပြသည်။

“ငါက တခြားနှစ်ယောက်ကို ဆက်သွယ်ပြီးပြီ။ သူတို့နှစ်ယောက်က မနှစ်က ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတော့ အဆင်ပြေတယ်။ တစ်ယောက်ပဲလိုတာ”

“စာတမ်းမတင်လဲရတယ်ဆိုတော့ ဆရာ..ကျွန်တော်ဝင်ပြိုင်ကြည့်ရမလား”

“မင်းက…” သူက စီးပွါးရေးအမြင်ရှိတာသိသော်ငြား နည်းပညာကျွမ်းကျင်မှုအပိုင်းတော့ ဌာနမှူးလည်း မသိပေ။

“ဟုတ်ကဲ့..ဘွဲ့ရဖို့ စာတမ်းတင်စရာမလိုဘူးဆို ဒီနှစ်ပြိုင်ပွဲအတွက် သေချာပေါက် ချန်ပီယံဆု ယူလာပေးမယ်ဗျာ”

All Chapters