← Chapters

ငါက သာမန်လူမဟုတ်ဘူး

Vol. 15 Ch. 208

ငါက သာမန်လူမဟုတ်ဘူး

Vol. 15 Ch. 208

နိုင်ငံအဆင့်ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကြီးကို မတ်လ ၂၀၂၀ရက်နေ့တွင် စတင်ကျင်းပသွားမှာဖြစ်ပြီး ဆယ့်ငါးရက်တိုင်တိုင်ကြာမြင့်မှာဖြစ်သည်။

နိုင်ငံတကာအဆင့်ပြိုင်ပွဲက ဧပြီလလယ်ထိ ကျင်းပဖို့ မသေချာသေးသဖြင့် သူတို့မှာ လေ့ကျင့်ရန် အချိန်များစွာရသည်။

လုချောင်တို့က ဒီကာလအတွင်း အပြင်းအထန်လေ့ကျင့်ပြီး ပြိုင်ဘက်အသင်းများ၏ နည်းဗျူဟာများကို လေ့လာဖို့ပြင်နေကြသည်။ သို့သော်ငြား ဖန့်ကြွယ်ယွီကတော့ ထိုသို့ပြုလုပ်ရန် စိတ်ကူးရှိမနေပေ။ သူက အိမ်မှာ အေးအေးဆေးဆေးနေပြီး အနားယူဖို့သာ ပြင်ဆင်ခဲ့သည်။

သူ၏ အလုပ်သင်ကာလပြီးမြောက်ခဲ့တာမို့ အေးအေးဆေးဆေး အနားယူနိုင်သည့်ကာလရောက်ခဲ့သည်။ နှစ်သစ်ကူးကာလနီးလာသည်နှင့် ကောရှင်းယွီလည်းလုပ်လက်စ အလုပ်များကို လက်စသပ်ကာ အေးအေးဆေးဆေး အနားယူဖို့ ပြင်ခဲ့သည်။

ကောရှင်းယွီက ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေစဉ် ဖန့်ကြွယ်ယွီက စွမ်းအားရှင်ကျမ်းစဉ်များကို လေ့ကျင့်သည်။ သူက စွမ်းအားရှင်ကျမ်းစဉ်များကို လေ့လာနေသည်မှာ လေးလကြာမြင့်ခဲ့ပြီဖြစ်သဖြင့် သူ၏ ကိုယ်ထဲက အတွင်းအားလည်း အတော်လေး တိုးတက်ခဲ့ပြီဟု ဆိုနိုင်သည်။ ရှေးသိုင်းပညာစနစ်ဖြင့်ကြည့်ပါက သူသည် ပြင်ပစွမ်းအားကို ဆရာတစ်ဆူသုံးနိုင်သော အနေအထားဟု ဆိုရမည်။

နတ်ဘုရားအကယ်ဒမီတွင် အဖော်မဲ့ဓားသိုင်း၊ ဓားပျံသိုင်း၊ အရိပ်မဲ့ဓားသိုင်း နှင့် ကိုယ်ဖျောက်သိုင်း စသည့် သိုင်းကျမ်းပေါင်းများစွာကို သင်ယူခဲ့သည်။

သူ၏ ယခုလက်ရှိအနေအထားနှင့်ဆို SSSအဆင့် စွမ်းအားရှင်များကို ယှဉ်ပြိုင်နိုင်သည်။ သိုင်းပါရမီရှင်များကိုသာ သူမယှဉ်နိုင်သေးပေ။

ရုတ်တရက်ဆိုသလို ဘေးနားပတ်ဝန်းကျင်မှ ရုတ်တရက်တောက်လောင်လာသလို ခံစားချက်မျိုးရလိုက်သည်။ သူ့ဘေးနားမှာ အလယ်အလတ်အဆင့်သိုင်းပညာရှင်နှင့် စွမ်းအားညီမျှသော အတွင်းအားတစ်ခုရှိနေတာကို ဖန့်ကြွယ်ယွီ ခံစားလိုက်ရသည်။

“ဘာဖြစ်နေတာလဲဟ”

သူ့မျက်လုံးအစုံကို ဖွင့်ကြည့်သောအခါ ထိုစွမ်းအင်က ကောရှင်းယွီထံမှလာတာကို သိလိုက်ရသည်။

သို့သော် ကောရှင်းယွီက စွမ်းအားရှင်ကျင့်စဉ်ကိုမကျင့်ဖူးဘဲ ဤအတွင်းအားများကို ဘယ်ကနေများ ရခဲ့တာလဲ…

“ပိုင်ရှင့်ကို ပေးဖူးတဲ့စာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို မေ့သွားပြီလား”

“အဲ့တာကြောင့်ဖြစ်တာလေ”

ဖန့်ကြွယ်ယွီက စွမ်းအားရှင်ကျင့်စဉ်ကို စတင်လေ့လာချိန်တွင် ရှောင်းရီက စာအုပ်ပါအကြောင်းအရာများကို သူ့အား ပြောပြပေးခဲ့သည်။သို့သော် ထိုအရာများကို သင်ပြီးသည့်တိုင် သူ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်စုံတစ်ရာကို မခံစားရပေ။ ဘာကြောင့်လဲဆိုသော အကြောင်းရင်းကို ရှောင်းရီကလည်း မရှင်းပြပေ။

“အမှန်အတိုင်းပြောရရင် အဲ့စာအုပ်က အထူးကျင့်စဉ်စာအုပ်ပါ။ ပိုင်ရှင်ရဲ့ ကျင့်စဉ်တွေက သူမကိုယ်ထဲကို တချို့တဝက်ကူးပြောင်းပြီးနောက် ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲကို ပိုပြီးသန့်စင်တဲ့အတွင်းအားတွေအနေနဲ့ ပြန်ရောက်လာမှာပါ”

“ဟာ..မိုက်လှချည်လားကွ”

ဖန့်ကြွယ်ယွီက ထိုသို့ တွေးမိသော်ငြား သူတွေးသလို မှန်နေလိမ့်မည်ဟု ထင်မထားပေ။

“ဒါဆို ရှင်းယွီက ဘာလို့ အခုလိုဖြစ်နေရတာလဲ”

ရှင်းယွီ၏ နဖူးပေါ်မှာချွေးများတဒီးဒီးကျနေပြီး ကိုယ်လည်းပူနေတာကို သတိထားမိသည်။

“ဘာလို့လဲဆိုတော့ သူက စွမ်းအားရှင်ကျမ်းစဉ်ရော သိုင်းပညာရော မကျင့်ဖူးလို့ပါ။သူ့ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ အတွင်းအား ပမာဏထက် များနေတာ။ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကနေ အခုလိုတုံ့ပြန်နေတာပါ”

“ဒါဆို သူသက်သာလာအောင် ဘာလုပ်ပေးရမလဲ”

“အသေးအဖွဲပါ။ ပိုင်ရှင်ရဲ့ အတွင်းအားကိုသုံးပြီးသူ့ကိုယ်ထဲက စွမ်းအင်ကို ငြိမ်အောင်လုပ်ပေးလိုက်ပါ။ဒါပေမဲ့ နောက်ပိုင်းမှာ သူလည်း လေ့ကျင့်ဖို့လိုတယ်။မဟုတ်ရင် သူ့ကိုယ်ထဲက အတွင်းအားအရမ်းများလာလို့ မထိန်းနိုင်ခဲ့လျှင် ဒုက္ခရောက်နိုင်တယ်”

“အင်း အဲ့လိုကိုး”

ဖန့်ကြွယ်ယွီက ကောရှင်းယွီ၏ ကျောပေါ်ကို လက်ဝါးတင်လိုက်ပြီး အတွင်းအားလွှတ်လိုက်သည်။ သူမ၏ကိုယ်ထဲမှာ ဗြောင်းဆန်နေသော အတွင်းအားများကို ငြိမ်အောင်လုပ်ချင်သောကြောင့်ဖြစ်သည်။

ခဏအကြာမှာ သူမကိုယ်ထဲမှာရှိသော အတွင်းအားလည်း ငြိမ်သက်သွားပြီး ကိုယ်အပူချိန်လည်း ကျသွားသည်။

“ရှင်းယွီကို နတ်ဘုရားအကယ်ဒမီမှာတက်ခိုင်းဖို့ လိုနေပြီထင်တယ်။ ကျွင်းယွီကိုလည်း ခေါ်လာရမယ်”

မနက်ခင်းမှာ ကောရှင်းယွီနိုးလာပြီး မျက်လုံးဖွင့်ကြည့်သောအခါ သူမကိုထိုင်ကြည့်နေသော ဖန့်ကြွယ်ယွီကိုတွေ့ရသည်။

“အာ..မကြည့်နဲ့။ မိတ်ကပ်လိမ်းမထားဘူး။ ကြည့်ရဆိုးနေတာ”

ကောရှင်းယွီလည်း ရှက်ရှက်နှင့် မျက်နှာကို စောင်ဖြင့် အုပ်လိုက်သည်။

မိန်းကလေးတိုင်းက ဘာမှမလိမ်းခြယ်ထားသော မျက်နှာကိုပြရမှာ ရှက်ကြသည်မဟုတ်ပါလော။

“ရှင်းယွီ မင်းရဲ့ အသားအရည်တွေ တဖြည်းဖြည်းကောင်းလာတာ သတိထားမိလား”

ဖန့်ကြွယ်ယွီက သူမမျက်နှာပေါ်က စောင်ကို ဖယ်လိုက်သည်။

လွန်ခဲ့သော နှစ်လသုံးလခန့်ကစပြီး သူမ၏ ခန္ဓကိုယ်လက္ခဏာများ ကောင်းမွန်လာသည်ကို ကောရှင်းယွီ သတိထားမိသည်။သူမက နေ့ခင်းအလုပ်ချိန်များတွက် တက်ကြွလန်းဆန်းနေတတ်သည်။ ညဘက် ညဉ့်နက်သည်အထိ အလုပ်လုပ်ရသည့်တိုင် အိပ်ချင်စိတ်မရှိပေ။ မနက်ခင်းမှာ မျက်ကွင်းညိုတာလည်းမရှိဘဲ သူမ၏ အသားရည်က တဖြည်းဖြည်းပိုမိုကောင်းမွန်လာသည်။

“ရှင်းယွီ ငါမင်းကို အမှန်အတိုင်းပြောပြစရာတစ်ခုရှိတယ်”

“အင်းပြောလေ”

“တကယ်တော့ ငါက သာမန်လူမဟုတ်ဘူး”

“အင်း သိတယ်လေ”

“ငါပြောချင်တာက ချမ်းသာတာကိုပြောတာမဟုတ်ဘူး။ဆိုလိုတာက ငါက သာမန်လူသားတစ်ဦးမဟုတ်ဘူးလို့ပြောချင်တာကွာ”

“ခစ် ခစ် ခစ်”ကောရှင်းယွီလည်း ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့ပေ။ ဖန့်ကြွယ်ယွီက လျှို့ဝှက်ချက်တစ်ခုကိုပြောပြမည်ဟု ထင်ခဲ့သည်။

“ငါ အတည်ပြောနေတာလို့ ကြည့်နေ..မင်းယုံအောင်လုပ်ပြမယ်”

ဖန့်ကြွယ်ယွီက စားပွဲပေါ်တင်ထားသော မီးအိမ်ကို စိုက်ကြည့်သောအခါ မီးအိမ်က လေပေါ်ပျံဝဲလာသည်။

ကောရှင်းယွီလည်း မြင်လိုက်ရသည့် မြင်ကွင်းအပေါ် အလွန်အံ့အားသင့်သွားတော့သည်။

“မင်း အခုယုံပြီမလား”ဖန့်ကြွယ်ယွီက မီးအိမ်ကို စားပွဲပေါ်ပြန်တင်ရင်း မေးလိုက်သည်။

“ရှင်…ရှင် ဘယ်လိုလုပ်လိုက်တာလဲ”

“အင်း မင်းနားလည်အောင်ပြောရရင် ကိုယ်က စွမ်းအားရှင် ဒါမမဟုတ် သိုင်းပညာရှင်ပဲဆိုပါစို့”

“မင်းလည်း သင်လိုက်ရင် အဲ့တာမျိုး လုပ်နိုင်မှာပဲ..မင်း သင်ချင်လား”

“မင်း ခန္ဓာကိုယ်ထဲမှာအနွေးဓာတ်ကို ခံစားမိလား”

ရုတ်တရက်ဆိုသလို သူမ၏ ဝမ်းဗိုက်နားမှ ပူနွေးသော ခံစားချက်တစ်မျိုး ခံစားလိုက်ရသည်။

ဖန့်ကြွယ်ယွီက သူမ၏ နားအနားကိုကပ်ပြီးတိုးတိုးလေးပြောပြသောအခါ သူမ၏မျက်နှာ နီရဲတက်လာသည်။ သူမက ထိုစွမ်းအင်ကို မဟုတ်တရုတ်နေရာမှ ရလာခြင်းဖြစ်သည်။

“တကယ်တော့ မင်းကိုပြောပြဖို့ အစီအစဉ်မရှိသေးဘူး။ဒါပေမဲ့ မင်းကိုယ်ထဲက စွမ်းအင်တွေက အရမ်းအားကောင်းလာလျှင် မင်းကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ သင်ထားမှ ရမယ်။ မဟုတ်လျှင် မင်းခန္ဓာကိုယ်ထိလိမ့်မယ်”

“ဒါဆို ငါ ဘာလုပ်ရမလဲ”

“အင်း..တစ်ခုတော့ရှိတယ်။ ဆောင်းရာသီပိတ်ရက်ကျ မင်းနဲ့ကျွင်းယွီကို နေရာတစ်ခုခေါ်သွားမယ်။ အဲ့နေရာရောက်ရင် မင်းတို့အားလုံး သိလာလိမ့်မယ်”.

စာစဉ်ပြီး၏

All Chapters