ခေါင်းဆောင်
Vol. 25 Ch. 356
ချန်ရှီ သိချင်လာသည် -
"ကျနော့်ဆီမှာ တခြားဘာဒေါသထွက်စရာတွေ ဖြစ်ခဲ့သေးလဲ"
"ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး နောင်မှာလည်း နန်းနန်း နဲ့ အရမ်းနီးနီးကပ်ကပ် မနေနဲ့... အမေတို့နှစ်ယောက်က သူ့ကြောင့် အဖမ်းခံခဲ့ရတာ"
ချန်ရှီ ပို၍ သံသယဝင်လာသည်။
နန်းနန်းဟာ သမာသမတ်ကျပြီး မိသားစုကြီးဆယ့်သုံးခုဆီက ဖမ်းဆီးခြင်း မခံရသော တစ်ဦးတည်းသောသူ၊ ငရဲဘုရင် ဆယ်ပါးထဲက နောက်ဆုံးလူဝင်စားသူ ဖြစ်သည်။
သူတို့သားအမိတို့သည် မရဏကမ္ဘာ၌ မကောင်းမှုများစွာကို ကျူးလွန်ပြီး အရှင်ချင်းထျန်း လက်ထဲ ကျရောက်ခဲ့ကြတာ ဖြစ်နိုင်လား။
ချန်ထန်သည် နတ်ဆိုးများကို သုတ်သင်ရန် နည်းလမ်း အမျိုးမျိုးကို ရေးဆွဲနေခဲ့ပြီး အခြေအနေ အမျိုးမျိုးကိုလည်း တွေးတောကာ အဘွားရှား၊ တုယိရန်နှင့် အခြားသူများကို လေ့ကျင့်ရန် ဆွဲခေါ်ခဲ့သည်။
ချန်ရှီ ကမ္ဘာငယ်လေးထဲ ဝင်လာခဲ့သည်။ သူ နတ်ဆိုးများကို သုတ်သင်နေစဉ် ယွိထျန်းချန်နှင့် တခြားသူများသည် ကမ္ဘာငယ်လေးကို ကြီးမားသော စွမ်းရည်ဖြင့် တည်ဆောက်ထားတာ တွေ့လိုက်ရသည်။ ဤနန်းတော်အား ချန်ထန်မှ ရေးဆွဲပေးထညးကာ ဝန်ကြီးဌာနခြောက်ခုကို ကူးယူပြီး အရာရှိများ၊ အရပ်ဘက်၊ ထုံးတမ်းစဉ်လာများ၊ စစ်ဘက်ရေးရာ၊ ပြစ်ဒဏ်များ၊ အလုပ်သမားများ ဟူ၍ နန်းတော်စနစ်ခြောက်ခုကို တည်ထောင်ထားခဲ့သည်။
အခု တရားရုံးမှာ လူသိပ်မရှိဘူးဆိုတော့ ဝန်ကြီးဌာန ခြောက်ခုနဲ့တင် လုံလောက်ပါပြီ။
အရာရှိရေးရာ ဝန်ကြီးဌာနမှာ တုယိရန်၊ အရပ်ဘက်ရေးရာ ဌာနမှာ ချန်ထန်နဲ့ ရှောက်ကျင်၊ ထုံးတမ်းစဉ်လာဌာနမှာ လီထျန်းချင်နဲ့ ရှားချိုးထုန်၊ စစ်ဘက်ရေးရာဝန်ကြီးဌာနမှာ ချင်းယန်နဲ့ ကောင်းကင်မြေခွေး၊ ပြစ်ဒဏ်ဌာနတွင် ကျူးကဲကျန့်နဲ့ အားကျိုး၊ အလုပ်ဝန်ကြီးဌာနမှာ စီးထူဝမ်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့အထဲတွင် ထုံးတမ်းစဉ်လာ ဝန်ကြီးဌာနသည် စစ်မှန်သော ဘုရင်၏ သင်္ချိုင်းတွင်းမှ ထူးခြားသော စွမ်းရည်အမျိုးမျိုးကို တာဝန်ယူရသည်။ အဆောင်လက်ဖွဲ့ ကျွမ်းကျင်မှုနှင့် စာလုံးပေါင်းများကို သင်ကြားပေးရသည့် တောင်နီခန်းမနဲ့ လူပန်ဂိုဏ်းလို တပ်ဖွဲ့များမှ အရည်အချင်းများကို ရွေးချယ်ရန် တာဝန်ရှိသည်။
ဒုတိယမှာ စီးထူဝမ်း တည်ရှိရာ အလုပ်ဝန်ကြီးဌာန ဖြစ်ပြီး တရားရုံး၏ အမျိုးမျိုးသော သေနတ်များကို အဓိကတုပကာ မှော်စစ်သည်များနှင့် မှော်လက်နက်များကို သန့်စင်ပေးသည့် ဌာနဖြစ်သည်။
အရပ်ဘက် ဝန်ကြီးဌာနသည် ငွေနှင့် မှော်စစ်သည်များ၊ မှော်လက်နက်များကို ဖြန့်ဖြူးရမည့် တာဝန်ခံဖြစ်သည်။ အရာရှိရေးရာ ဝန်ကြီးဌာနသည် နေရာအသီးသီးတွင် နံ့သာသခင်များနှင့် ခန်းမသခင်များကို ခန့်အပ်တာဝန်ပေးရသည်။
အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုကဲ့သို့သော ဖြစ်စဉ်များရှိမရှိကို ပြစ်ဒဏ်ခတ်ခြင်းဆိုင်ရာ ဝန်ကြီးဌာနက စောင့်ကြည့်စစ်ဆေးပြီး နေရာအမျိုးမျိုးက ခက်ခဲသော ကိစ္စများကို ဖြေရှင်းပေးသည်။
စစ်ဘက်ရေးရားဌာနသည် အမျိုးမျိုးသော နေရာများတွင် မဖြေရှင်းနိုင်သော နတ်ဆိုးများနှင့် နတ်ဆိုးပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသည်။
ချန်ထန်သည် မူလ ကောင်းကင်ဘုံတရားရုံး ဖွဲ့စည်းပုံထက် များစွာ သာလွန်ကောင်းမွန်သည့် ကောင်းကင်ဘုံတရားရုံး၏ ဌာနခြောက်ခုကို ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲကာ လူတိုင်း၏ အရည်အချင်းများကို အသုံးချခဲ့သည်။
ယနေ့တွင် ကောင်းကင်ဘုံတရားရုံး၏ ဌာနတစ်ခုစီတွင် လူအမြောက်အမြား မရှိသေးပေ။ လူသုံးဆယ် သို့မဟုတ် ငါးဆယ်မျှသာရှိပြီး ၎င်းတို့သည် တရားရုံး၏ အရပ်ဘက် ဝန်ကြီးဌာန၏ အသေးစား အရာရှိများ သို့မဟုတ် ချန်ရှီ၏တပည့်များ ဖြစ်ပြီး ကျန်တစ်ပိုင်းကို တောင်နီခန်းမနှင့် လူပန်ဂိုဏ်းတို့မှ ရွေးချယ်ထားသည်။
နေရာအမျိုးမျိုးရှိ ခန်းမများကို ဆက်သွယ်ရန် အထူးတာဝန်ရှိသည့် ကမ္ဘာငယ်လေးတွင်လည်း စာရွက်စာတမ်းများ ရှိပါသည်။ စာရွက်စာတမ်းများကို ပုဂ္ဂလိကကျောင်းဆရာ ဖုလိန်ရှန်းက စီမံခန့်ခွဲသည်။ သတင်းအချက်အလက် ဆက်သွယ်ရန် ကောင်းကင်ဘုံတရားရုံး အမိန့်ပြားမှတဆင့် နေရာအသီးသီးရှိ ခန်းမများကြားတွင် ခရီးသွားကြသည်။ ၎င်းတို့တွင် ဌာနခြောက်ခုတွင် မပါဝင်ပါ။
အနောက်နွားရှင်းကျိုးရှိ ပြည်နယ်ငါးဆယ်တွင် ပြည်နယ် ၄၇ခုဟာ ကောင်းကင်ဘုံတရားရုံး ၌ ခန်းမများရှိပြီ ဖြစ်သော်လည်း ၎င်းတို့သည် လူများကို ကူညီရန်အတွက်၊ နတ်ဆိုးများကို သုတ်သင်ရန်အတွက် နတ်ဆိုးများကို တောင်နီခန်းမ အဆောင်ဆွဲဆရာအဖွဲ့ အမည်ဖြင့် ခန်းမများကို တည်ထောင်ထားသည်။ ထို့အပြင် ၎င်းသည် မှော်ဆရာများကို ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ပေးနိုင်အောင် ပိုမိုကောင်းမွန်သော အတတ်ပညာများကို သင်ယူနိုင်ဖို့ တောင်နီခန်းမ၌ ပိုမိုကောင်းမွန်သော သွန်သင်ချက်များကို ရယူနိုင်သည်။
ကျူးကဲကျန့် ချန်ရှီအား ပြောပြလာသည်။
"ကောင်းကင်မှာ အပြောင်းအလဲတွေ ပြင်းထန်လာတာနဲ့အမျှ နေရာအသီးသီးက ခန်းမတွေကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရဆို နေရာအမျိုးမျိုးမှာ နတ်ဆိုးအရေအတွက်က လျော့နည်းမသွားဘူး... အဆောင်ဆွဲဆရာကရဲ့ မှော်ဆရာတွေက လူတွေကို ပိုကူညီပြီး နတ်ဆိုးတွေကို ဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပေမယ့် နတ်ဆိုးတွေက တိုးများလာနေတုန်းပဲ..."
"နတ်ဆိုး?"
ချန်ရှီ၏ မျက်နှာသည် ကြည်ကြည်လင်လင်သာ ဖြစ်ပြီး။
"နတ်ဆိုးတွေကို ဘယ်လို ခွဲခြားမလဲ"
"ခွဲခြားရခက်တယ်.. တချို့နတ်ဆိုးတွေက သူတို့ကိုယ်သူတို့ မွေးတော့မယ့် သဘာဝရတနာတွေအဖြစ် အသွင်ပြောင်းသွားလိမ့်မယ် နောက်ဆုံးတစ်ခေါက်က မြစ်နီခရိုင်မှာ နတ်ဆိုးတစ်ကောင် ပေါ်လာတယ်။ အဲဒီနတ်ဆိုးက မြစ်နီအောက်မှာ ပုန်းနေတာ... ညဘက်မှာ တောက်ပပြီး ကောင်းကင်ကို လင်းထိန်စေတယ် စိတ်ကူးယဉ်ဆန်တယ်.... ကျင့်ကြံသူ အများစုက မြစ်ထဲရောက်တဲ့အခါ မှော်လက်နက်တစ်ခု မွေးဖွားတော့မယ်လို့ပဲ ထင်နေကြတာ... နန်းတော်ကလည်း ရတနာရှာဖို့ မြစ်ထဲကို ဆင်းသွားပေမယ့် လူတွေက အသက်ရှင်လျက် ပြန်မလာတော့ဘူး ငါတို့တောင်နီခန်းမကဆော့ နတ်ဆိုးမျိုးစေ့လို့ မှန်းဆပြီး ခန်းမရဲ့ အကြီးအကဲလည်း သွားကြည့်နေတယ်...."
ချန်ရှီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ခန်းမမှာ သခင်တွေ အများကြီးရှိတယ် ဒီနတ်ဆိုးကို ကိုင်တွယ်ဖို့ လူတချို့ကို ငါစေလွှတ်ခဲ့ဖူးတယ်.... အလားတူ နတ်ဆိုးတွေက ရှာရလွယ်တယ်။ ဒါပေမယ့် တချို့နတ်ဆိုးတွေက လူအုပ်နဲ့ ရောနှောပြီး ရှာရခက်တယ်... သူတို့ရဲ့ အပြောအဆိုနဲ့ အကျင့်က သာမန်လူတွေနဲ့ ဘာမှမကွာဘူး... စားတယ်၊ သောက်တယ်၊ ဆီးသွားတယ်၊ အိပ်တယ်၊ ခြားနားချက်မရှိဘူး... ဒါပေမယ့် ညဘက်မှာ လူစားဖို့ ထွက်လာလိမ့်မယ်... အနီးနားက လူတွေက သူ့ကိုတွေ့ရင် ချက်ချင်းတွေ့မှာ မဟုတ်ဘူး... ငါတို့ တောင်နီခန်းမက မှော်ဆရာတွေ အကြိမ်ကြိမ် ခံရတယ် နတ်ဆိုးရဲ့ တန်ခိုးက အရမ်းပြင်းထန်တယ်... အသေအပျောက်တွေလည်း ခံစားခဲ့ရတယ်..."
ထိုစဥ် စာရေးတစ်ယောက် ရုတ်တရက်ရောက်လာပြီး သတင်းပေးလေ၏။
"ဆရာကြီး... ဆေးဘုရင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ထုံချန်းရှို့လို့ဆိုတဲ့ လူတစ်ယောက်ရှိတယ်... နည်းပြကို ရှာပါတယ်"
ချန်ရှီ ဒါကိုကြားတော့ ပြုံးပြလိုက်သည်။
"ဆေးဆရာ ရောက်ပြီလား!"
သူ ဝမ်းသာအားရနဲ့ ကမ္ဘာငယ်လေးထဲက ထွက်သွားလိုက်သည်။ ကျူးကဲကျန့်လည်း အပြင်ဘက်သို့ လိုက်သွားရာ ရွာအဝင်ဝတွင် တိမ်အဝါရောင် လွင့်နေကာ ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားတာ တွေ့လိုက်ရသည်။ အဝါရောင်ကျားကြီးတစ်ကောင်က တိမ်တိုက်အောက်မှာ ပုန်းနေခဲ့၏။ အဝါရောင်ကျားဘေးမှာ ပိန်ပိန်သန်စွမ်းတဲ့ အဘိုးအိုတစ်ယောက်ဟာ ဟွမ်ဖောရွာအပြင်ဘက်ကို ဆေးဆရာများစွာအား ဦးဆောင်ခေါ်လာခဲ့သည်။
အဘိုးအိုက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့ကို အမြန်ပြေးလာသည်။
"မင်းတို့ထဲက ဘယ်သူက ထိပ်တန်းပညာရှင် ချန်ရှီလဲ"
ချန်ရှီ ပြုံးပြလိုက်သည်။
"ဂိုဏ်းချုပ်ထုံ နေကောင်းလားဗျ!"
အဖိုးအိုမှာ ထုံချန်းရှို့ ဖြစ်သည်။ မြေအောက်ကမ္ဘာမှာ သူတို့နှစ်ယောက်လုံးက အရိုးစုတွေဖြစ်ပြီး ချန်ရှီရဲ့မျက်နှာကို တစ်ခါမှ မမြင်ဖူးကြကာ ဒီနေ့က ပထမဆုံး တွေ့ဆုံမှုပင်။
ထုံချန်းရှို့ ဆောလျင်စွာ ဦးညွှတ်လိုက်သည်။
"ချန်ကျွမ့်ယွမ်ကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ဆေးဘုရင်ဂိုဏ်းက ဘယ်တော့မှ ဘိုးဘွားဗိမာန်ကို မပြန်နိုင်တော့မှာကို ကြောက်ရတယ်... ဆေးဘုရင်ရဲ့ လမ်းညွှန်မှုကို ရဖို့ နေနေသာသာ ဖူးတွေ့ခွင့်တောင် ရမှာ မဟုတ်ပါဘူး!"
သူ့နောက်က ဆေးဘုရင်ဂိုဏ်းက ဆေးဆရာတွေကလည်း သူ့အတိုင်း လိုက်ဦးညွှတ်ကြရာ ချန်ရှီ သူတို့ကို အမြန်ကူညီပေးလိုက်သည်။
"ဒါက ကျနော်တို့အလုပ်ပဲလေ... ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ... မြန်မြန်ထကြပါ..."
ထုံချန်းရှို့မှာ ဒီကျေးဇူးကို ပြောမပြတတ်လောက်အောင် ခံစားနေရသည်။
"ရိုးရိုးသားသား ပြောရရင် ငါ့ဆေးဘုရင်ဂိုဏ်းမှာ မထိုက်တန်တဲ့ ခေါင်းဆောင်တွေ အများကြီးရှိတယ်... ငါ့ဆရာ မထိုက်တန်ဘူး ငါ့ဘိုးဘေးကလည်း မထိုက်တန်ဘူး၊ ငါ့အဘိုးကလည်း မထိုက်တန်ဘူး... ဆေးဘုရင်ရဲ့ အမွေဆက်ခံမှုက ဒီနေ့အထိဆို ငါတို့ရဲ့ ဆွေစဉ်မျိုးဆက် အဆက်ဆက် ဆုံးရှုံးခဲ့ရတာ ကြာပြီ... ချန်ကျွမ့်ယွမ်ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်က ငါတို့အတွက်တော့ ကောင်းချီးတစ်ခုပဲ..."
ကျူးကဲကျန့်ကလည်း ဒါကိုမြင်ပြီး စိတ်ထဲက ဝင်ချီးကျူးလိုက်သည်။
'စစ်မှန်တဲ့ဘုရင် ဖြစ်ထိုက်ပါပေတယ်... ဆေးဝါးပညာရှင်တွေ မရှိဘူးလို့ တွေးနေတုန်းရှိသေး ဆေးဘုရင်ဂိုဏ်းက သူ့ဆီရောက်လာတယ်... ဂိုဏ်းချုပ်ထုံက ဘုရင်ကို ကိုးကွယ်နေပြီ... ဘုရင်ကသာ သူ့ကိုပုန်ကန်ခိုင်းရင် သူ လုပ်မှာပဲ!"
ချန်ရှီသည် ဤကာလအတွင်း အရိုက်ခံရပြီး အိမ်၌ နတ်ဆိုးများကို သုတ်သင်ရန် အလောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တာ မဟုတ်ပါလားဟု တွေးနေမိသည်။ အလောင်းကောင် အဖြစ်သို့ ပြောင်းလဲပြီးနောက် ဆေးဘုရင်ဂိုဏ်းကို ဘယ်လို ဆွဲဆောင်ပြီး ကောင်းကင်တရားရုံးအတွက် ဤမျှကြီးမားသော အင်အားကို အနိုင်ယူခဲ့လေသလဲ မသိ။
ချန်ရှီ: "ဂိုဏ်းချုပ်ထုံ... ကျနော် ခင်ဗျားနဲ့ ဆွေးနွေးစရာရှိတယ်"
သူတို့နှစ်ဦးသည် ဆိတ်ငြိမ်သော နေရာသို့ ရောက်လာကြသည်။ ချန်ရှီသည် တောင်နီခန်းမတွင် ဆေးဆရာများမရှိ၍ မသန်စွမ်းသော မှော်ဆရာများစွာ ရှိနေရကြောင်း အမှန်အတိုင်း ပြောပြခဲ့သည်။ ထုံချန်းရှို့က ပြုံးလေ၏။
"ဒီကိစ္စက ငါတို့အတွက် အသေးအမွှားကိစ္စပါ... ငါတို့အတွက် မင်းရဲ့ကျေးဇူးက ပြန်မဆပ်နိုင်လောက်အောင် ကြင်နာပြီး ဖြောင့်မတ်တယ်... အခုအချိန်ကစပြီး တောင်နီခန်းမအတွက် ကုထုံးနဲ့ သန့်စင်ထားတဲ့ ဆေးတွေကို ဆေးဘုရင်ဂိုဏ်းက လွှဲပေးမယ်...."
"ကျေးဇူးတင်ပါတယ်...."
"မခံယူဝံ့ပါဘူး.... ငါတို့ အစကတော့ ဆေးဖက်ဝင်အပင်တွေ အများကြီးရှိတဲ့ ပေါ်ကျိုးမှာ ဆေးပညာကို လေ့ကျင်ခဲ့တယ်... ဒါပေမယ့် ဘိုးဘွားဘုံကျောင်းက ချန်ယန်တောင်မှာ ဆိုတော့ ချန်ယန်တောင်ကို ရွှေ့လာခဲ့ပါ့မယ်!"
သူက တုံ့ဆိုင်းနေပြီး :"ချန်ကျွမ့်ယွမ်... ဂိုဏ်းတပည့် စန်းရှီးရှီး အသက်ရှင်နေသေးလား?"
ချန်ရှီလည်း အံ့သြသွားသည်။
"ရှီးရှီး... ပြန်မလာသေးဘူးလား?"
ထုံချန်းရှို့က ခေါင်းခါပြီး :"သူမ ပြန်မလာသေးဘူးလား.... သူရဲကောင်းဆန်ဆန် မသေသွားဘူးလား"
ချန်ရှီက ပြုံးပြီး။
"သူမ ဘယ်လို သူရဲကောင်းဆန်ဆန် သေရမှာလဲ သူမက အခု ထျန်းကျစ်ပြည်ရဲ့ ပြည်တွင်းရေး ၀န်ကြီးဖြစ်နေပြီ... သူ့ရာထူးက အရမ်းမြင့်တယ်"
ထုံချန်းရှို့လည်း အံ့ဩသွားကာ ဘာ့ကြောင့် ဒီလိုဖြစ်သွားတာလဲ မသိလိုက်။
"ဒီမိန်းကလေးက ထျန်းကျစ်ပြည်မှာ ပြည်တွင်းရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီ... သူမ သက်ရှိကမ္ဘာကို ပြန်ရောက်တဲ့အခါ ဂိုဏ်းချုပ်ရာထူးကို သူမဆီ ပေးမယ်... သူမ ဆေးဘုရင်ဂိုဏ်းဆရာ ဖြစ်လာမှာ..." ထုံချန်းရှို့ မျက်တောင်ခတ်လိုက်ပြီး။
"ငါဘာတွေ လွတ်သွားတာလဲ"
ချန်ရှီလည်း တစ်ခုခုကို သတိရပြီး ထုံချန်းရှို့ဘက် ဆက်ပြောလိုက်သည်။
"လူတွေ အများကြီးကို ထျန်းကျစ်ပြည်ကို ပို့ဖို့ ဆေးဘုရင်ဂိုဏ်းရဲ့ အကူအညီလိုတယ်.... ငါကိုယ်တော်... အဟမ်း အဟမ်း... သူတို့ ကိုင်တွယ်ဖို့ လိုအပ်တာတွေ ရှိသေးတယ်"
"ငါကိုယ်တော်...?" ထုံချန်းရှို့ အနည်းငယ် နားရှုပ်သွားသည်။
ချန်ရှီသည် သာမာန်မျက်နှာ အမူအရာကို ထိန်းထားရန် ကြိုးစားနေပြီး သူ့အပြုံးကိုလည်း ချဲ့ကားပုံမပေါ်စေရန် ကြိုးစားခဲ့သည်။
"တစ္ဆေမျိုးနွယ် ၁၁၂ နွယ်ရဲ့ ဘုံခေါင်းဆောင်... ယင်တောင်တန်း ၁သိန်းရဲ့ ထာဝရမသေနိုင်တဲ့ အလင်းတန်း.... ချန်ရှီ ဘုရင်ချန်က ခင်ဗျားရှေ့မှာပဲ"
ထုံချန်းရှို့ အံ့အားသင့်သွားပြီး ဆွံ့အသွားသည်။
ဆေးဘုရင်ဂိုဏ်းဟာ သူတို့ ခါးပတ်ထဲမှာ ချန်ခွမ်အိတ်ကို ထားရင်း ဆေးပင်တွေ စုဆောင်းဖို့ မြေအောက်ကမ္ဘာကို သွားကြသည်။ ဒါပေါ့။ တစ်ခါတရံမှာ သူတို့ခေါင်းကို ဖြုတ်ပြီး ခါးပတ်မှာ ချည်နှောင်ထားကြရသည်။ ပေါ်ကျိုး ဆေးဘုရင်ဂိုဏ်း၏ တပည့် ဒါဇင်ပေါင်းများစွာသည် ယင်းကြောင့်လည်း နှစ်စဉ် သေဆုံးကြရသည်။
၎င်းတို့သည် ထျန်းကျစ်ပြည်တွင် အနိမ့်ဆုံးအဆင့် အရိုးစုတစ္ဆေများဖြစ်ပြီး အခြားသော သရဲတစ္ဆေများ၏ အနိုင်ကျင့်မှုများနှင့် အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ သူတို့မှာ ကောင်းမွန်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့။
ချန်ရှီသည် ထျန်းကျစ်ပြည်၌ အရိုးစု သရဲတစ္ဆေဖြစ်ခဲ့သည်။ ထျန်းကျစ်ပြည်ကို မည်သို့အုပ်ချုပ်နိုင်မည်နည်း။ သူ မှတ်မိသေးတဲ့ အရင် ထျန်းကျစ်ပြည်ကို အုပ်စိုးသူက ဘယ်ရောက်သွားလေသလဲ။
ထုံချန်းရှို့ရဲ့ နှလုံးခုန်သံက ရုတ်တရက် ခုန်ပေါက်သွားသည်။
"အရင်အုပ်စိုးရှင်ရဲ့ လက်အောက်မှာ အရည်အချင်းရှိတဲ့ သူတွေ အများကြီးရှိတယ်... သူက အရင်မင်းကို ဖယ်ရှားဖို့ လူတွေကို တိတ်တဆိတ် လွှတ်ထားလိမ့်မယ် ဒါမှ ချောချောချူချူ နန်းတက်နိုင်မှာ!"
ရက်အနည်းငယ် ကြာပြီးနောက် ထုံချန်းရှို့ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ခဲ့ပြီး ကမ္ဘာငယ်လေး၏ မြင်ကွင်းကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ရသည်။ သူသည် ကောင်းကင်တရားရုံးရှိ အခြားလူများကို သိလာသောအခါ ချန်ရှီကို သခင်များက ဝိုင်းရံထားလေရာ သူ၏ ခန့်မှန်းချက်ကို ထပ်လောင်း အတည်ပြုလိုက်သည်။
ချန်ရှီကို တုန်လှုပ်ချောက်ချားစွာ ချီတုံချတုံဖြင့် ကောင်းကင်ဘုံတရားသို့ ဝင်ခွင့်ပေးရန် အဆိုပြုခဲ့သည်။
ကျူးကဲကျန့်က ချန်ရှီဘက် လှည့်ပြောလိုက်၏။
"ဘုရင်ကျန်း... ကောင်းကင်ဘုံတရားရုံးက လူတွေအများကြီး လိုနေသေးတယ်... ကျုပ်အမြင်အရတော့ ဇီဇာကြောင်မနေပါနဲ့"
ချန်ရှီလည်း စိတ်မသက်မသာ ဖြစ်နေသော ထုံချန်းရှို့ကို တစ်ချက် ကြည့်လိုက်သည်။
"ကျုပ်က အသက်နည်းနည်းကြီးပေမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကတော့ သေချာပေါက် အကောင်းဆုံးပါပဲ... ရှီးကျင်းမှာရှိတဲ့ နယ်ချဲ့သမားတော်တွေက ကျုပ်ရှေ့မှာ ကလေးတွေလိုပဲ..."
ချန်ရှီက တွန့်ဆုတ်စွာဖြင့်: "ကောင်းပြီလေ... ဆရာကြီးထုံကို ကောင်းကင်ဘုံတရားရုံးထဲ ဝင်ခွင့်ပေးပြီး သူ့ကို ဆေးဆရာကြီးလို့ ခေါ်စေ"
ထုံချန်းရှို့လည်း ဤတော့မှ သက်ပြင်းတစ်ချက်ချနိုင်၏။
"နောက်ဆုံးတော့ ငါဝင်လာပြီ... ငါ့တပည့် ရှီးရှီးကို ဂိုဏ်းချုပ် ရာထူးပေးရင်တောင် ငါ့အဆင့်အတန်းက သူ့ထက်နိမ့်မှာ မဟုတ်ဘူး!"
သူ့မှာ သူ့ကိုယ်ပိုင် တွက်ချက်မှုတွေ ရှိနေ၏။
လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားမှု မြန်ဆန်လာကာ ကျေးလက်တွင် နတ်ဆိုးများ ပိုများလာသည်။ ဆေးဘုရင်ဂိုဏ်း၏ တန်ခိုး တစ်ခုတည်းအားကိုး၍ ရှင်သန်ရန် ခက်ခဲလာ၏။
တစ်နေ့မှာ အပြောင်းအလဲ တစ်ခုဖြစ်လာရင် ဆေးဘုရင်ဂိုဏ်းက တောင်နီခန်းမ အဆောင်ဆွဲဆရာအဖွဲ့ရဲ့ အကူအညီနဲ့ ကောင်းကင်ဘုံနန်းတော်မှာ သခင်တွေ အများကြီးရှိပြီ။ အုပ်ထိန်းနေတဲ့ ဆေးဘုရင်လည်း ရှိပြီမို့ တိုင်တောင်လို တည်ငြိမ်သွားလိမ့်မည်။
"ပြီးတော့ ငါ့ရဲ့ ဂိုဏ်းကလည်း မရဏကမ္ဘာမှာ ချိတ်ဆက်မှုတွေ ရှိလာမှာ..." သူ့ကိုယ်သူ တွေးနေမိသည်။
ပေါ်ကျိုးရှိ ဆေးဘုရင်ဂိုဏ်းမှာ ချန်ယန်တောင်သို့ ပြောင်းရွှေ့ရန် အချိန်အနည်းငယ်ကြာမည် ဖြစ်သည်။ ထုံချန်းရှို့က ဤကိစ္စကို ဂိုဏ်း၏ အခြားသင်းထောက်များထံ လွှဲပြောင်းပေးခဲ့သည်။ သူသည် သေခြင်းတရားအတု၏ သက်သာရာရဆေးကို ပြင်ဆင်ကာ ဝမ်းနည်းခြင်းခန်းမနှင့် ခေါင်းတလားတို့ကို စီစဉ်ပေးကာ ရှောက်ကျင်၊ ယွိထျန်းချန်၊ လီထျန်းချင် နှင့် အခြားလူပေါင်းများစွာကို ခေါင်းတလားထဲတွင် အိပ်စေသည်။ သေခြင်းအတု၏ အသက်ရှုဆေးကို ယူကာ ဆေး၏ အကျိုးသက်ရောက်မှုကို စောင့်မျှော်စေခဲ့သည်။
"စိတ်မပူပါနဲ့... ဆေးရဲ့အာနိသင် ပျက်သွားရင် မင်းတို့အသက် ပြန်ရှင်လာလိမ့်မယ်...စ္ဆေတမန်ကို တွေ့တဲ့အခါ ထိတ်လန့်မနေပါနဲ့ ငွေတွေက ကမ္ဘာကြီးကို လည်ပတ်စေပြီး ဆေးဘုရင်ဂိုဏ်းမှာ ငါတို့က တစ္ဆေတမန်ကို လာဘ်ထိုးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်!"
အားလုံးက မစိုးရိမ်ကြဘူးလို့ ပြောကြပေမယ့် နှလုံးသားတွေက တုန်လှုပ်ချောက်ချားနေကြဆဲ။ သူတို့ရဲ့ နှလုံးခုန်သံတွေက ပိုမြန်လာစဥ် မျက်ခွံတွေက ပိုလေးလာပြီး ရုတ်တရက် နှလုံးခုန်ပါ ရပ်သွားခဲ့သည်။ သူတို့သည် အုံ့မှိုင်းသော ဝမ်းနည်းခြင်းခန်းမထဲတွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြပြီး အံ့ဩမဆုံးနိုင် ဖြစ်နေ၏။
ထုံချန်းရှို့လည်း ခေါင်းတလားထဲရှိ အလောင်းထဲမှ ထထိုင်လိုက်ပြီး။
"ခဏစောင့်... တစ္ဆေတမန်တွေ လာနေပြီ မင်းတို့ကို စာရွက်တွေ မီးရှို့ပေးမယ်... မင်းတို့ ကောင်းကောင်း ပြင်ဆင်ထားသင့်တယ်!"
ခဏအကြာတွင် ယင်စွမ်းအင်များ ပျံ့လွင့်သွားကာ တစ္ဆေတမန်သည် လှေငယ်တစ်စင်းကို လှော်ခတ်ကာ မြစ်ကဲ့သို့ လွင့်မျောလာခဲ့သည်။ ထုံချန်းရှို့၊ လီထျန်းချင် နဲ့ တခြားသူတွေက စက္ကူပိုက်ဆံ ပေးလိုက်၏။ တစ္ဆေတမန်က မြင်းမျက်နှာတစ္ဆေ ဖြစ်သည်။ ပတ်ပတ်လည်တွင် တခြား သရဲတစ္ဆေများ မရှိသည်ကိုမြင်တော့မှ ၎င်းက စာရွက်ကို တိတ်တဆိတ် ကောက်ယူသွားသည်။
"နောက်တစ်ခါ ထပ်မလုပ်နဲ့"
လူအုပ်ကြီးသည် သူ့ကို လှည့်ဖြားပြီး ထျန်းကျစ်ပြည်သို့ တင်ဆောင်သွားမည့် လှေပေါ် ရောက်လာသည်။ လှေက ထျန်းကျစ်ပြည်ရဲ့ မြို့တော်အနီးတွင် ရပ်သွားသည်။ ထုံချန်းရှို့ လူတိုင်းကို လှေပေါ်ကနေ ဦးဆောင်ဆင်းသွားပြီးနောက် တစ္ဆေတမန်က အေးစက်တဲ့ လေပြင်းတိုက်နဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။
ထုံချန်းရှို့က လူအားလုံးကို မြို့တော်ဆီ ပို့ဆောင်ဖို့ တာဝန်ယူလေသည်။
"အရှင်ဘုရင်ကို တွေ့ဖို့ ငါ့နောက်က လိုက်ခဲ့ကြပါ!"
ခဏအကြာတွင် ယင်တောင်တန်း ထျန်းကျစ်ပြည်၏ မြို့တော်တွင် ဒါဇင်နှင့်ချီသော အရိုးစုတစ္ဆေများ ပေါ်ထွက်လာသည်။ သူတို့သည် ပတ်ပတ်လည်ကို ကြည့်ကာ အရာရာကို စူးစမ်းလိုစိတ်ဖြင့် စကားစမြည် ပြောဆိုနေကြသည်။
သူတို့သည် ရှားပါးမျိုးစိတ်များကို ကြည့်ရှုနေသကဲ့သို့ စောင်းကြည့်ရင်း အဆင့်မြင့် သရဲတစ္ဆေများဘက်သို့ ပြေးသွားကာ တအံ့တသြဖြင့် ထပ်ခါတလဲလဲ အော်နေကြ၏။
"မင်းတို့ လမ်းလျှောက်တာ နှေးလွန်းတယ်!"
ထုံချန်းရှို့ အနည်းငယ် စိတ်မချမ်းသာစွာဖြင့် ဆိုလိုက်သည်။
"ဘုရင်ကြီးကို အရိုအသေပေးဖို့ ဘယ်အချိန်မှ နန်းတော်ကို ရောက်မှာလဲ?"
မြို့တော်ရှိ တခြားတစ္ဆေများသည် ထိုအရိုးစုများကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားကြသည်။ ဤအရိုးစု တစ္ဆေများ၏ စွမ်းအားသည် အံ့အားသင့်ဖွယ် အားကောင်းပြီး ၎င်းတို့တစ်ဦးစီတွင် ဝိညာဉ်တစ်ခုစီ ရှိကြသည်။
သို့သော် အရှင်ချန်သည် သူ၏ကိုယ်ပိုင်တရားရုံး အဖွဲ့ကို ဖွဲ့စည်းရန် ဤမျှလောက်များသော အရိုးစုတစ္တေများကို ဆင့်ခေါ်ခဲ့တာလား။
မင်းသား ရှန့်ခွမ်းဟာ နန်းတော်ဆီသို့ လျှောက်သွားနေသည့် ဤအရိုးစုတစ္ဆေများကို စိတ်ပျက်လက်ပျက် ကြည့်နေလေသည်။ ချန်ရှီသာ သူ့အဖွဲ့ကို ဖွဲ့လိုက်ရင် သူ့ရာထူးက တဖြည်းဖြည်း ပိုတည်ငြိမ်လာပြီး အနာဂတ်မှာ ဘုရင်မင်းမြတ်ရာထူးကို သိမ်းပိုက်ဖို့ သူ့အတွက် ပိုခက်လာလိမ့်မည်။
"အိမ်ရှေ့စံ... ကျုပ်တို့ အခု ဘာလုပ်သင့်လဲ"
သူ့ဘေးနားက တစ္ဆေနတ်ဘုရားတစ်ပါးက မေးလေသည်။
"စောင့်မယ်.... အခု မြို့တော်မှာ ဟိုဟိုဒီဒီ လူဟောင်းတွေ ရှိတော့ လှုပ်ရှားဖို့ ခက်တယ်... သူ့ပတ်ဝန်းကျင်မှာ ခေါင်းကြီးတစ္ဆေ မိန်းမလိုလို သခင်တွေလည်း ရှိတယ်... သူတို့ကို သတ်လို့မရဘူး ပြီးပြည့်စုံတဲ့ အခွင့်အရေးကို စောင့်ရုံပဲ ရှိတော့တယ်!"
သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် :"ငါ့မှာ သည်းခံစွမ်း ရှိနိုင်ပေမယ့် တခြားတစ္ဆေနတ်တွေက မရှိလောက်ဘူး... သူတို့က သေချာပေါက် ချန်ရှီကို သတ်ဖို့ ကြိုးစားကြလိမ့်မယ် ပြီးရင် အခွင့်အရေး ပေါ်လာလိမ့်မယ်!"
ဟွမ်ဖောရွာတွင် ချန်ရှီ၊ အဘွားရှား၊ ချန်ထန် နှင့် အခြားသူများ အဆင်သင့် ဖြစ်နေကြပြီမို့ မရဏမြေအောက် လျှောစောက်သို့ တစ်ဖန်ရောက်ရှိလာသည်။
ဝူးချင်းယွီက သူတို့ မြေအောက်ကမ္ဘာထဲ ဝင်သွားတာကို ကြည့်ပြီး တိုးတိုးလေး ပြောလေသည်။
"ကျွန်မခင်ပွန်းက စေ့စပ်သေချာပေမယ့် သူ သတိလက်လွတ် ဖြစ်တတ်ပြီး ဘယ်လိုလိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမလဲဆိုတာ မသိတဲ့ အချိန်တစ်ခု ရှိလာလိမ့်မယ်... နတ်ဆိုးတွေကို ဖယ်ရှားတဲ့ လုပ်ငန်းစဉ်မှာ ကွဲလွဲမှုတွေ အများကြီးရှိပြီး အမှားအယွင်းတွေ များတယ်... မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေမိတာ ရှိရင် တောင်းပန်ပါတယ်"
နိမ့်ပါးသော ကုန်းစောင်းအောက်တွင် နတ်ဆိုး၏ အရိပ်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မြေအောက်ကမ္ဘာထဲသို့ ခိုးဝင်သွားခဲ့သည်။
ဝူးချင်းယွီသည် ချန်ရှီရင်ဘတ်ပေါ်ရှိ အစိမ်းရောင် တစ္ဆေလက်ကို တွေးလိုက်တဲ့အခါ တန်ခိုးကြီးသော သရဲလက်ပိုင်ရှင်၏ မျက်လုံးများ ပေါ်လာလေသည်။ သူမ သက်ပြင်းချပြီး တိုးတိုးလေး ဆက်ပြောနေ၏။
"ကျွန်မတို့ နတ်ဆိုးတွေကို သုတ်သင်ရတာ ကောင်းလား ဆိုးလား မသိဘူး ဒါပေမယ့် တစ်ဆယ်လေးက အခု သာမန်လူတစ်ယောက် ဖြစ်နေပြီ... ရှင်တို့ရဲ့ မင်းဧကရာဇ်မဟုတ်ဘူး.... ရှင်တို့ ကျွန်မသားကို မြေအောက်ကမ္ဘာထဲမှာ ထာဝရနေခွင့် မပေးရဘူး..."