← Chapters

ဘုရင်မင်းမြတ်ချန် မကောင်းဆိုးဝါးဖြစ်လာပြီ

Vol. 25 Ch. 359

ဘုရင်မင်းမြတ်ချန် မကောင်းဆိုးဝါးဖြစ်လာပြီ

Vol. 25 Ch. 359

"ဒီ့အပြင် နောက်တစ်ခုရှိသေးတယ်..."

ချန်ရှီ ခဏလောက် စဉ်းစားပြီး အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ငါ ပေါင်းစည်းနယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အခါ ဆိုးယုတ်သွားတယ်လို့ ခံစားရတယ်"

လီထျန်းချင်လည်း အနည်းငယ် ထိတ်လန့်သွား၏။

"ဘာဖြစ်တာလဲ?"

ချန်ရှီသည် သူနဲ့ ရန်ပိကြားက အလောင်းအစား အကြောင်းပါ ပြောပြလိုက်သည်။

"ငါလျှောက်ခဲ့တဲ့ ကျင့်​ကြံမှုလမ်းကြောင်းက စစ်မှန်တဲ့ ဘုရင်ခေတ်ရဲ့ လမ်းကြောင်း... နတ်သန္ဓေသားတွေ၊ နတ်ဆင်းသက်နယ်ပယ်နဲ့ နတ်သန့်စင်နယ်ပယ်လိုမျိုး နယ်ပယ်တွေ မရှိဘူး... ငါ့အတွက်က အတိဒုက္ခနယ်ပယ်နဲ့ အထက်ပျံသန်း နယ်ပယ်နှစ်ခုပဲ ကျန်တော့တယ်... ရန်ပိကတော့ မကောင်းဆိုးဝါး ခန္ဓာကိုယ်ကို ရှောင်လွှဲလို့ မရဘူးလို့ ပြောတယ်..."

"မင်းဘယ်လိုခံစားရလဲ"

ချန်ရှီ တုံ့ဆိုင်းသွားပြီး :"ပေါင်းစပ်မှုနယ်ပယ်မှာ ပေါင်းစပ်မှုသုံးမျိုး လိုအပ်တယ်... နတ်ဝိညာဉ်နဲ့ ခန္ဓာ ပေါင်းစပ်ရမယ်... ခန္ဓာနဲ့ ကောင်းကင်မြေကြီးနဲ့ ပေါင်းစပ်ထားပြီး နောက်တစ်ခါ နတ်ဝိညာဉ်က ကောင်းကင်မြေကြီးနဲ့ ပေါင်းစပ်ထားရမယ်.... ဒါက ကောင်းကင်နဲ့လူသားရဲ့ စည်းလုံးညီညွတ်မှုလို့ ခေါ်တဲ့အတွက် ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို သုံးနိုင်တယ်... ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်ရင် ကောင်းကင်နဲ့မြေကြီးကြားက ယန်စွမ်းအင်ကို လျှို့ဝှက်ထားတယ်လို့ ခံစားရတယ်... ငါ့ခန္ဓာကိုယ်က ကောင်းကင်မြေကြီးရဲ့ ပေါင်းစပ်မှုနဲ့အတူ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်တွေက အစေ့အဆံတွေလို ကြီးထွားလာတယ်..."

သူက ထူးဆန်းတဲ့လေသံနဲ့ ဆက်ပြောလေသည်။

"ငါ့ရဲ့စိတ်ဝိညာဉ်ထဲမှာ လှုပ်လှုပ်ရွရွ ကြီးထွားလာပြီး ငါ့စိတ်ဝိညာဉ်ရဲ့ နက်နဲရာထဲကို တစ်ခုခုက ဖောက်ထုတ်နေသလို ခံစားရတယ်.... အဲဒီခံစားချက်က ငါ့နတ်ဝိညာဉ်ထဲမှာ ပေါ်လာတယ်... ဒီအရိုးစုထဲမှာတောင် ခံစားနေရသလိုပဲ... ငါ့အရိုးထဲမှာ အဖုတွေ တွန့်လိမ်နေတယ်လို့လည်း ခံစားရတယ်..."

လီထျန်းချင်က သူ့နားကို စိုက်ကြည့်နေ၏။ ထိုအခိုက် ချန်ရှီရဲ့နှလုံးကလည်း အနည်းငယ် လှုပ်ရှားသွားပြီး။

"မင်း ဘာမြင်တာလဲ"

"မင်းနားပေါက်ထဲက ဆံပင်လို အမွေးလေး ပေါက်လာတာ... သာမန်ဆံပင်တွေထက် ပိုပျော့ပြီး ပါးတယ်... အသက်ရှိနေသလိုမျိုး လေကို လိုက်ရှာနေတာ..."

"ဒါ!"

ချန်ရှီ သူ့ခေါင်းကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ချွတ်ယူကာ နားပေါက်ကို လှမ်းကြည့်လိုက်သည်။ လီထျန်းချင် ပြောတဲ့ ဆံပင်နဲ့တူတဲ့ အရာတစ်ခုကို သူတွေ့ရပါသည်။ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်တော့ စူးစူးရဲရဲ နာကျင်လာသည်။

သူ့အရိုးစု ခန္ဓာကိုယ်သည် နာကျင်မှုကို အမှန်တကယ် ခံစားနေရသည်။ နာကျင်မှုသည် အရိုးစု ခန္ဓာကိုယ်မှသာမက စိတ်ဝိညာဉ်နှင့် နတ်ဝိညာဉ်တို့အထိပါ ပါလာသည်။ ဤဆံပင်သည် သူ့စိတ်ဝိညာဉ်နှင့် တချိန်တည်းတွင် အမြစ်တွယ်နေပုံရလေ၏။

ချန်ရှီ သူ့သွားတွေကို အံကြိတ်ပြီး ခက်ခက်ခဲခဲ ဆွဲလိုက်ပေမယ့် ဆံပင်က စုတ်ပြဲမသွားဘဲ အစိတ်အပိုင်းကြီး တစ်ခုကို ဆွဲထုတ်လိုက်မိသလိုသာ နာကျင်လာသည်။ နာကျင်မှုက ရင်တထိတ်ထိတ် ဖြစ်လုနီးပါး ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားကာ အကြောဆွဲချင်လာသည်။

သူ့သွားတွေကို အံကြိတ်ကာ ဆက်ဆွဲကာ အခြားအပိုင်းကို ဆွဲထုတ်လိုက်သည်။

ချန်ရှီ အဆက်မပြတ် ဆွဲထုတ်နေတာကြောင့် မကြာခင်မှာပဲ မြေပြင်ပေါ်မှာ ပိုရှုပ်ပွနေတဲ့ ဆံပင်တွေ ထွက်ကျလာပြီး အဆုံးမရှိသလိုပဲ သူ့နားပေါက်တွေကနေ နောက်ထပ် ဆံပင်တွေကို ဆွဲထုတ်နိုင်နေသေး၏။

"တစ်ဆယ်လေး!"

လီထျန်းချင် သူ့ကိုတားဖို့ သူ့လက်ကို မြှောက်လိုက်ရတော့သည်။

"ကောင်းကင်နဲ့မြေကြီးကြားက နတ်ဆိုးသဘာဝက ထာဝရတည်ရှိနေတာ... မင်းပေါင်းစပ်နယ်ပယ်ကို ရောက်တဲ့အခါ ပြင်ပကောင်းကင်နဲ့ မြေကြီးနဲ့ ဆက်စပ်နေပြီးသား... အပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်ရင် ကောင်းကင်နဲ့မြေကြီးထဲက နတ်ဆိုးတွေက မင်းကို အပိုင်းအစတစ်ခု ထပ်ပေးလိမ့်မယ်... ဒီအပိုင်းအစတွေ အားလုံးကို မင်းဘယ်တော့မှ ဆွဲထုတ်လို့ ပြီးနိုင်မှာ မဟုတ်ဘူး"

ချန်ရှီ ရပ်တန့်သွားတော့ ဆံပင်နှင့်တူသော ကြိုးက သူ့နားထဲသို့ ပြန်ရောက်သွားပြန်သည်။ မကြာခင်မှာပဲ အပြင်မှာ အန္တရာယ်ရှိမရှိ စမ်းသပ်သလိုပဲ သူ့ခေါင်းကို နားအပေါက်ထဲက အပ်ချည်ကြိုးတစ်ချောင်းသာ ကျန်ပါတော့၏။

၎င်းကဆံပင် မဟုတ်ဘဲ အသက်ရှိ​နေပုံရသည်။ ချန်ရှီနဲ့ တွယ်တာနေတဲ့ နတ်ဆိုးက မွေးဖွားလာပြီး ချန်ရှီကို အားကိုးရတဲ့ ထူးဆန်းတဲ့ဘဝ တစ်ခုလိုပင်။ ချန်ရှီ၏ ကျင့်ကြံမှု တိုးတက်လာမှုနှင့်အတူ ၎င်းသည်လည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး ချန်ရှီ၏ အစိတ်အပိုင်း တစ်ခုဖြစ်လာကာ သူနှင့် အတူရှိနေပါသည်။

လီထျန်းချင်လည်း ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဖူးပါ။ သူ အတန်ကြာ တွေးတောဆင်ခြင်ပြီးမှ ပြောလိုက်သည်။

“ပေါင်းစပ်နယ်ပယ်ကို မဖျက်သိမ်းဘူးဆိုရင်…ဒါပေမဲ့ ပေါင်းစည်းနယ်ပယ်ကို ဖျက်သိမ်းလိုက်ရင် အလောင်းနတ်သုံးကောင်၊ နတ်သန့်စင်နယ်ပယ်၊ အနတ္တသန့်စင်နယ်ပယ်ကနေ မဟာယာန အားလုံးကို ဖျက်သိမ်းပစ်ရမှာ....”

ချန်ရှီလည်း စိတ်တည်ငြိမ်သွားကာ လက်ချောင်းလေး၏ အရိုးကို ဆွဲထုတ်ကာ နားပေါက်ထဲသို့ ထည့်ရင်း ဆံပင်ကို ပိတ်ဆို့ထားလိုက်သည်။

"စစ်မှန်တဲ့ ဘုရင်က အတိဒုက္ခနယ်ပယ်နဲ့ အထက်ပျံသန်း နယ်ပယ်နှစ်ခုကို ဖျက်သိမ်းလိုက်ပြီး နတ်ကွန်း၊ နတ်သန္ဓေသားလေး၊ နတ်ဆင်းသက်၊ နတ်သန့်စင်နယ်ပယ် ၄ခုကို ဖြည့်သွားတယ်... ကျင့်ကြံသူတွေ ပေါင်းစည်းမှုနယ်ပယ်ကို ဖြတ်ကျော်လာတဲ့အခါ ငါနဲ့ အလားတူ အခြေအနေမျိုး ကြုံရမှာပဲ..."

လီထျန်းချင်ရဲ့ မျက်လုံးများလည်း တောက်ပလာခဲ့သည်။

"အမှန်ပဲ... အကြောင်းပြချက်ကို အဖြေရှာနိုင်ရင် မကောင်းတဲ့ အပြောင်းအလဲတွေကို ရှောင်ရှားနိုင်မှာပဲ... ငါ သက်ရှိကမ္ဘာကို အရင်ပြန်သွားပြီး ဖြတ်ကျော်ပြီးရင် မင်းဆီ ပြန်လာခဲ့မယ်.... ငါ မကောင်းတဲ့ အပြောင်းအလဲ​တွေကို ရပ်တန့်ဖို့ နည်းလမ်း ရှာနိုင်လောက်တယ်!"

စိတ်လှုပ်ရှားစွာနဲ့ ထွက်သွားလေတော့သည်။

ချန်ရှီသည် သူ့ခန္ဓာကိုယ်ကို မိုးခြိမ်းသံဖြင့် သန့်စင်ရန် ပထမဦးဆုံး နတ်စာလုံးအသစ်ကို အသုံးပြုရန် ကြိုးစားခဲ့သည်။ မိုးကြိုးသည် သန့်စင်သော ယန်စွမ်းအင်ဖြစ်၍ မကောင်းသော စွမ်းအင်အားလုံးကို သန့်စင်ပေးနိုင်သည်။ စမ်းသပ်လိုက်တော့ ဤဆံပင်ကို အမှန်ပင် သန့်စင်ပေးနိုင်ကြောင်း သူတွေ့ရှိခဲ့သည်။ သို့သော် သန့်စင်ပြီးနောက် ပြန်လည် ကြီးထွားလာဦးမှာပင်။

သူသည် ၎င်းကို မီးအစစ်အမှန်ဖြင့် ထပ်မံမီးရှို့ခဲ့ပြီး ဤဆံပင်သည် အမှန်တကယ်ပင် လောင်ကျွမ်းနိုင်သော်လည်း ဆက်လက် ကြီးထွားနေဆဲ။ သူ နည်းလမ်းအမျိုးမျိုးကို စမ်းသုံးကြည့်သော်လည်း ၎င်းကို အမှန်တကယ် ဖယ်ထုတ်နိုင်စွမ်း မရှိပေ။

ချန်ရှီသည် နတ်ဆိုးက သူ၏ တွေးခေါ်နိုင်စွမ်းကို တိတ်တဆိတ် ထိခိုက်စေပြီး ကြမ်းတမ်း ဒေါသဖြစ်နေစေကြောင်းပါ တွေ့ခဲ့သည်။ ဒါကို တွေးမိတော့ မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်လာသည်။

"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါ့အသိစိတ်က ငါ့အသိပဲလား? ငါ့အတွေးတွေက ငါ့အတွေးတွေပဲလား"

သူသည် စိတ်ဓာတ်ကျနေပြီး အဖြူရောင်ဝတ်နတ်သမီးသည် ခါတိုင်းကဲ့သို့ပင် သူ့ထံ တွယ်ကပ်နေဆဲဖြစ်ပြီး အရိုးစုအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် စိမ်းကားခြင်းမရှိခဲ့ပေ။

ချန်ရှီ သူမဒူးပေါ် လှဲလိုက်စဥ် နတ်သမီးက ခေါင်းငုံ့လာ၏။ အနက်ရောင်ဆံပင်တွေက ရေတံခွန်လို သူ့ရင်ဘတ်ပေါ် ဖြာကျလာခဲ့သည်။ ချန်ရှီသည် ဤထောင့်မှ နှလုံးခုန်နေသော မျက်နှာကို မြင်နိုင်သော်လည်း သူ အရိုးစုအဖြစ် ပြောင်းလဲသွားပြီးနောက် အောက်ပိုင်း အလောင်းနတ် ဖန်ကျွယ်ကလည်း သူနှင့် ပြတ်တောက်သွားခဲ့သည်။

ချန်ရှီသည် ယခုအခါ အင်္ဂါလေးပါးတို့မှ ကင်းစင်သော ဗုဒ္ဓနှင့်တူသည်။

ဝတ်ရုံဖြူနတ်သမီးက သူ့အား ဘေးတိုက်လှည့်ရန် အချက်ပြ​နေခဲ့သဖြင့် ချန်ရှီလည်း ဘေးတိုက်လှည့်ကာ ကောင်မလေးသည် နားပေါက်များကို တူးဆွရန် ခေါင်းငုံ့လိုက်သည်။ အခု သူ့နားပေါက်တွေက အရမ်းကြီးနေတော့ သူမလက်ချောင်းတွေကို အထဲ တိုက်ရိုက်ထည့်လို့ရလေသည်။

ဝတ်ရုံဖြူနတ်သမီးက နှစ်ကြိမ် တူးပြီးနောက် ထူးဆန်းတဲ့ဆံပင်ကို ဆွဲယူလိုက်ပုံရတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၏။

"မဟုတ်ဘူး မဟုတ်ဘူး!"

ချန်ရှီ အော်ဟစ်ပြီး ထတော့မည် ဖြစ်သော်လည်း အဖြူရောင်ဝတ်ရုံ နတ်သမီးက တင်းတင်းကျပ်ကျပ် ဆွဲထုတ်လိုက်ရာ ချန်ရှီခမျာ သူ့စိတ်ဝိညာဉ်မှာ တစ်စုံတစ်ရာ ကွဲထွက်သွားသလို ခံစားလိုက်ရသည်။

ငြိမ်သက်သွားကာ မတ်တပ်ရပ် ကြည့်လိုက်သော် ဝတ်ရုံဖြူနတ်သမီးက သူမလက်ထဲတွင် ထူးဆန်းသောဆံပင်ကို ကိုင်ထားလေသည်။ မြင်လိုက်ရသည့် အရာမှာ ဆံပင်များ လျင်မြန်စွာ ညှိုးနွမ်းကာ ပြာဖြစ်သွားခြင်းပင်။

ချန်ရှီ အံ့အားသင့်သွားပြီး သူ့ကိုယ်သူ အမြန်စစ်ဆေးလိုက်သည်။ ကောင်းကင်မြေကြီးနှင့် ဆက်သွယ်နေသောအခါတွင် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသော ကောင်းကင်နှင့်မြေကြီး၏ မကောင်းသော စွမ်းအင်များက နားမလည်နိုင်သော စွမ်းအားဖြင့် ဖြတ်တောက်ခံလိုက်ရလေ၏။

သူ အော်ဟစ်ခုန်ပေါက်ကာ ခန်းမထဲတွင် ပြေးလွှားနေခဲ့သည်။ အဝတ်ဖြူဝတ်နတ်သမီးက သူ့ကို ပြုံးပြုံးလေးနဲ့သာ ကြည့်နေကာ လှည့်ပတ်ပြေးရတာ ငြီးငွေ့လာတဲ့အခါ ခြေထောက်တွေကို ညင်သာစွာ ပွတ်သပ်ပြီး သူမခြေထောက်ပေါ် လှဲအိပ်ခိုင်းလိုက်သည်။

ချန်ရှီ လဲလျောင်းနေပေမယ့် အလွန်စိတ်လှုပ်ရှားနေဆဲ။

သူ့ဆံပင်​​တွေ စုတ်​ပြတ်​သွား​ပြီ။

ဒီမိန်းကလေးဟာ ကောင်းကင်နဲ့မြေကြီးကြားက နတ်ဆိုးနဲ့ သူနဲ့ကြားက ဆက်စပ်မှုကို ဖြတ်တောက်ဖို့ အမျိုးအမည်မသိတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်မည်။ လေ့ကျင့်မှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ ဆက်လက်လေ့ကျင့်မည် ဆိုပါက နတ်ဆိုးသည် သူနှင့် ဆက်နွယ်နေဦးမည်ဟု ခံစားရနိုင်သည်။

ဤသည်မှာ ကောင်းကင်နှင့် လူသား၏ ပေါင်းစပ်မှုနယ်ပယ်တွင် မလွှဲမရှောင်သာသော စည်းလုံးမှုဖြစ်သည်။ ဒါပေမယ့် ခဏလောက်တော့ ဒီကိစ္စကို စိတ်ပူနေစရာ မလို​တော့ပါ။

"ငါ သွေးကန်ကျင့်စဥ်ကို အရင်လေ့ကျင့်လို့ရတာပဲ... ခဏနေဦး..."

ချန်ရှီ သူ့ဦးခေါင်းခွံကို ပွတ်တိုက်နေတဲ့ လှပတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။

"ဒီလောကထဲက နတ်ဆိုးတွေကြားက အဆက်အသွယ်ဖြတ်ဖို့ သူက ဘာကိုသုံးခဲ့တာလဲ... သူရော ငါနဲ့ စာမေးပွဲဖြေတဲ့ ပညာရှင်ထဲက တစ်ယောက်ရော ဟုတ်ရဲ့လား"

သူထ၍ ကောင်မလေးကို ကြည့်သည်။ ရုတ်တရက် သူသည် မိန်းကလေး၏ ဆံပင်ကို ခွဲလိုက်ကာ သူမမေးစေ့ကို အဖြူရောင် အရိုးလက်ချောင်းများဖြင့် မြှောက်ကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ အဖြူရောင်ဝတ်နတ်သမီးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို လှည့်သွား၏။

ချန်ရှီစိတ်လည်း ယိမ်းယိုင်သွားကာ အောက်ပိုင်းအလောင်းနတ် ဖန်ကျွယ်ထံမှ တန်ခိုးကို ခံစားလိုက်ရသည်။ သူသည် မိန်းကလေး၏ မူလဇစ်မြစ်ကို ဆက်လက် လေ့လာတော့မည့် အခိုက် ရုတ်တရက် အတွင်းရေးဝန်ကြီး စန်းရှီးရှီးက ပြေးဝင်လာသည်။

"အရှင်မင်းကြီး... သူ့ကိုယ်သူ ဝမ်းဝူယွီလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်က အရှင့်ကို တွေ့ခွင့်တောင်းနေပါနယ်"

သူတို့နှစ်ယောက်ကို တွေ့တော့ ယောက်ျားက မြေခွေးဖြစ်ပြီး မိန်းမက လှတယ်ဆိုလို့ ရေရွတ်ကာ တိတ်တိတ်လေး သက်ပြင်းချလိုက်သေးသည်။

အဖြူရောင် ၀တ်စုံနဲ့ မိန်းကလေးကို အကြိမ်ပေါင်းများစွာ မြင်ဖူးပေမယ့် သူမရဲ့ အသွင်အပြင်ကို အံ့သြနေရဆဲပါ။ ထိုမိန်းကလေးက သူမဘ၀တွင် မြင်ဖူးသမျှ အလှဆုံးမိန်းကလေး ဖြစ်ကြောင်း ခံစားခဲ့ရပြီး သူမသည် လူသားတစ်ယောက်လိုပင် မဟုတ်ပေ။

"ပညာရှင်တွေက တပ်မက်တဲ့ သရဲတစ္ဆေတွေလို့ လူတွေပြောကြတာ အံ့သြစရာတော့ မရှိပါဘူး... ဘုရင်မင်းမြတ်တောင် စာမေးပွဲကို အောင်မြင်ပြီး ဆာလောင်မွတ်သိပ်နေတဲ့ သရဲတစ္ဆေတွေကြားထဲမှာ နေရသေးတယ်... မြေအောက်ကမ္ဘာမှာတောင် အလှ​လေးတွေကို ဘုံကျောင်းထဲ ထည့်သိမ်းလာသေးတယ်"

သူမသည် တစ်ယောက်တည်း တွေးတောရင်း အသွင်အပြင်ကို အလွန်သိချင်နေခဲ့သည်။ ချန်ရှီရဲ့ ခန္ဓာကိုယ်အစစ်ကို သူမ မမြင်ဖူး​သေးပေ။

ချန်ရှီ တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်သည်။

"ဝမ်းဝူယွီက ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ပါ... သူ့ကို ဝင်ခွင့်ပြုလိုက်..."

စန်းရှီးရှီးက ချောင်းဆိုးပြီး သတိပေးသည်။

"အရှင်မင်းကြီး... အဝတ်အစားတွေ..."

"ဒုက္ခက များလိုက်တာ"

ချန်ရှီလည်း ဝတ်ရုံကို ဝတ်လိုက်ပြီး ဘေးနားက သရဖူကို ကောက်တင်လိုက်သည်။ ထို့နောက် စန်းရှီးရှီးက ဝမ်းဝူယွီကို ဖိတ်ခေါ်ပေး၏။

ဝမ်းဝူယွီသည် အပြာရောင်ဖျော့ဖျော့ ဖြောင့်စင်းသော စကတ်ရှည်ကို ဒေါင်းအမြီးနှင့် အနက်ရောင်ကော်လာဖြင့် ၀တ်ဆင်ထားကာ သူမ၏လှပသော ရုပ်သွင်ကို ပြသနေဆဲဖြစ်သည်။ သူမ ခန်းမထဲကို လျှောက်ဝင်လာခဲ့သည်။

သူမတွင် နူးညံ့သော မိတ်ကပ်နှင့် ပုလဲနားကပ်နှစ်ခု၊ အရှည်တစ်ခုနှင့် အတိုတစ်ခုအား နားရွက်ပေါ်တွင် ဆွဲထားသည်။ ချန်ရှီနဲ့ မတွေ့ဆုံခင်မှာ သူမ သေသေချာချာ ၀တ်စားဆင်ယင်ထားတာ ထင်ရှားပါ၏။

သို့သော် အဖြူရောင်ဝတ်နတ်သမီးကို သူမ မျက်လုံးများက စိုက်ကြည့်မိသွားသောအခါ သူမနှလုံးသညးက နှစ်ကြိမ်တိုင်တိုင် ပြင်းထန်စွာ ခုန်နေသေးသည်-

"လှလိုက်တာ!"

အဖြူရောင်ဝတ် နတ်သမီးသည် သူစိမ်းတစ်ယောက် ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် ရှက်သွားသဖြင့် ချန်ရှီခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲသို့ အမြန်သွားကာ ပျောက်ကွယ်သွားခဲ့သည်။

ဝမ်းဝူယွီလည်း ချန်ရှီ ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ကို ကြည့်လိုက်သော်လည်း ဘုံကျောင်းငယ်က သွေးကန်ငရဲထဲသို့ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားလေ၏။

ဝမ်းဝူယွီက အတော်လေး အံ့အားသင့်စွာ ပြုံးလိုက်ပြီး။

"ချန်ကျွမ့်ယွမ်ရဲ့ ခေါင်းနောက်က အဲဒီဘုံကျောင်းက ဘာလဲ... နတ်ကွန်းနဲ့တူပေမယ့် နတ်ကွန်းလည်း မဟုတ်ဘူး"

ချန်ရှီ အနည်းငယ် ပြုံး​ပြပြီး ထိုင်ခိုင်းလိုက်သည်။ ဝမ်းဝူယွီက ရာဇပလ္လင်ကို ငုံ့ကြည့်ကာ ခေါင်းယမ်းလေ၏။

"နင်နဲ့အတူ ရာဇပလ္လင်ပေါ်မှာ ထိုင်လိုက်ရင် ငါက မိဖုရားဖြစ်သွားမှာ မဟုတ်ဘူးလား... နင့်ရဲ့ နန်းတော်က ငြီးငွေ့စရာကောင်းတယ် ဒီနေရာက အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေ မနက်ရုံးတက်တဲ့ နေရာပဲ... ငါ့ကိစ္စမဟုတ်ဘူး ဘာဖြစ်လို့ လမ်းလျှောက်မထွက်တာလဲ"

ချန်ရှီလည်း မတ်တပ်ထရပ်ပြီး :"အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေ ဘယ်မှာလဲ မနက်တိုင်း တရားရုံးကို ဘယ်မှာ သွားဖူးလို့လဲ ဘုရင်ကြီးအနေနဲ့ ငါကိုယ်တော် ဒီရက်ပိုင်း တရားရုံးကို တစ်ရက်မှ မတက်ဖူးဘူး!"

ဝမ်းဝူယွီ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

"ထျန်းကျစ်ပြည်က မျိုးနွယ်စု ပူးတွဲအုပ်ချုပ်မှုတစ်ခု... မျိုးနွယ်စု အကြီးအကဲတွေက ကိုယ့်ကိစ္စကိုယ် စီမံခန့်ခွဲတယ်။ ဘုရင်ကို အနှောက်အယှက် ပေးစရာ မလိုဘူးလေ... ဘုရင်လုပ်နိုင်တာက မျိုးနွယ်စုတစ်ခုစီက အခွန်ကောက်ဖို့၊ ပိုက်ဆံပေး၊ ကိုယ့်အာဏာကို ပြုစုပျိုးထောင်ပြီး တခြားနိုင်ငံတွေကို တိုက်ခိုက်မယ်... လူတွေနဲ့ မြေယာတွေကို လုယူဖို့ တွန်းအားပေးမယ် ဒါပဲ..."

ချန်ရှီ သူမနှင့်အတူ နန်းတော်မှထွက်ကာ မြို့တော်၏ လမ်းများဆီသို့ လျှောက်သွားခဲ့သည်။ ငရဲနတ်လေးတွေ တော်တော်များများ တန်းစီနေကြသည်။ တောင်နီခန်းမက မြေအောက်ကမ္ဘာမှာ ခန်းမတစ်ခုဆောက်ပြီး အလုပ်စလုပ်တော့မှာမို့ ငရဲနတ်လေးတွေက အလုပ်ရှာဖို့ လာကြသည်။

ချန်ရှီ ဝမ်းဝူယွီကို တစ်ချက်ကြည့်လိုက်သည်။

"မင်း ငါ့ယွမ်ချန်နန်းတော်မှာ သုံးနှစ်လောက် တကယ်အလုပ်လုပ်ခဲ့တာလား"

"ငါ နင့်ကိုလိမ်ခဲ့တာ! ငါ ရက်အနည်းငယ်ပဲ အလုပ်လုပ်ခဲ့ပေမယ့် နင်က ဒီလောက်ရိုးသားပြီး ပိုက်ဆံအများကြီး ပေးမယ်လို့ မမျှော်လင့်ထားဘူး။"

ချန်ရှီသည် တ​ခြားယောက်ျားလေးများလို ထူးခြားသော မိုက်မဲတတ်ကြောင်း တွေးရင်း သူမ ပြုံးကာ ခေါင်းခါလိုက်သည်။

ချန်ရှီ: "မင်းရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ဖို့ ပိုက်ဆံပေးခဲ့တာပါ... အဲဒီပိုက်ဆံတွေကို ငါပြန်ယူပြီးရင် နောင်တရမိတယ် မင်းက ငါ့မွေးရာပါ တာအိုသန္ဓေသားကို ယူခဲ့တာလို့ ငါထင်ခဲ့တာ... မင်းကို ငါ ရက်စက်မိတယ် မင်းလိုချင်ရင် ငါပြန်ပေးမယ်"

ဝမ်းဝူယွီသည် သူ့အရှေ့မှ လှမ်းနေခဲ့ကာ လှည့်ကာ ပြုံးပြလာသည်။

"အဲ့ဒါတွေ ဘာအတွက် လိုအပ်လို့လဲ ငါက တစ္ဆေလည်း မဟုတ်ဘူး"

သူမအပြုံးသည် အလွန်ချိုမြိန်ပြီး မရဏကမ္ဘာ၏ ကောင်းကင်ယံမှ နေရောင်ကပါ သူမအပေါ်တွင် ဖြန်းခနဲ လင်းလက်နေပြီရာ အလွန်တောက်ပနေသလို လူအများအား ခံစားရစေခဲ့သည်။

ချန်ရှီ သူ့နောက်ကို လိုက်သွားခဲ့သည်။ သူတို့ထဲက တစ်ယောက်က အရိုးစုဖြစ်ပြီး နောက်တစ်ယောက်က အဝါရောင်ပန်းပွင့်လို လှပတဲ့ မိန်းကလေးပင်။ သူတို့သည် သရဲတစ္ဆေများနှင့် နတ်ဘုရားများ၏ အာရုံကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

"ချန်ရှီ... ငါတို့ အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ် ဒီမှာ တစ်ကြိမ်၊ အမတမြို့မှာ တစ်ကြိမ်နဲ့ ရှင်းရှန်မှာ တစ်ကြိမ်"

ချန်ရှီနှလုံးသားလည်း အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

"ရှင်းရှန်က အချိန်ကိုတော့ ငါ မမှတ်မိတော့ဘူး"

ဝမ်းဝူယွီ : "ငါမှတ်မိတယ်... အဲဒီနှစ်မှာ ငါက ငါ့ဆရာနဲ့ လိုက်လာခဲ့တာ... ကလေးထောင်ပေါင်းများစွာထဲမှာ ငါက ငါ့ဆရာသခင်ရဲ့ အကောင်းမွန်ဆုံး အရည်အချင်းနဲ့ နားလည်နိုင်စွမ်းရှိတဲ့ တပည့်ဖြစ်ခဲ့တယ်... စိတ်ပျက်ဖွယ်ကုန်းစောင်းက အရမ်းတင်းကြပ်တယ်။ အဲဒီတုန်းက ငါ့အသက်က ရှစ်နှစ်၊ ကိုးနှစ်အောက်ပဲရှိသေးတာ.... ငါ့ဆရာသခင်ဆီက ဉာဏ်ရည်ထက်မြက်တဲ့သူ ကလေးပညာရှင် တစ်ယောက် ရှင်းရှန်မှာ ပေါ်လာတယ်လို့ ကြားတယ်... မွေးရာပါတာအိုသန္ဓေသား ရထားတယ် ငါးဆယ်မှာ ပထမအဖြစ် လေးစားခံခဲ့ရတယ်တဲ့... ဒီကလေးပညာရှင်ကို မြင်လိုက်တာမှ နင်ကလည်း ငါနဲ့တူတဲ့ နှာရည်ယိုနေတဲ့ ကလေးလေးတစ်ယောက်ဆိုတာ သိလိုက်ရတာ...."

“အဲဒီတုန်းက နင့်အသက်က ကိုးနှစ်ပဲရှိသေးတယ် ဒါပေမယ့် သွက်သွက်လက်လက် စကားပြောတတ်တဲ့ လူကြီးတစ်ယောက်လိုပဲ... ဦးလေး၊ အဒေါ်တွေနဲ့ ဝမ်းကွဲတွေက နင့်ကို မှော်အတတ်ပညာမျိုးစုံနဲ့ စမ်းသပ်ဖို့လာပေမယ့် နင်က ချက်ချင်းဆိုသလို သင်ယူခဲ့တယ်... နင့်ရဲ့ လှုပ်ရှားမှုတွေက အံ့မခန်းဘဲ အရမ်းကို အံ့သြစရာကောင်းပြီး လူအများရဲ့ ချီးမြှောက်မှုတွေလည်း ရခဲ့တယ်”

ချန်ရှီ : "ငါ့ကို အတတ်ပညာ​ပေါင်းများစွာနဲ့ မှော်ပညာနဲ့ စမ်းသပ်တဲ့လူတွေကို ငါ့မွေးရာပါ တာအိုသန္ဓေသားက ဆွဲဆောင်ခဲ့တာ သူတို့က ငါ့တာအိုသန္ဓေသားကို မတူးဖော်ခင်ကတည်းက ငါ့ကို စမ်းသပ်နေကြတာ... စျေးကွက်မှာ သတ်ဖို့ နွား၊ သိုးတွေဝယ်ပြီး နွားတွေ သိုးတွေကို ဖောက်ထုတ်သလိုမျိုး... သွားတွေကို ပါးစပ်ကနေ မြင်နေရသလိုပဲ"

ဝမ်းဝူယွီ ခဏလောက် နှုတ်ဆိတ်နေပြီး :"ဒါပေမယ့် နင့်ကို ကျွဲ၊ နွားသတ်ဖို့ သိုးတွေလို သဘောထားခဲ့တာ ငါမသိလိုက်ဘူး... အဲဒီတုန်းက နင့်ကို အရမ်းလေးစားတယ် နင့်နောက်ကို အမြဲလိုက်နေပြီး နင်နဲ့အတူ လှည့်ပတ်ပြေးတယ်... နင့်ကိုကြည့်ရင် အမြဲတမ်း ငါ့ကိုယ်ငါ တုံးတယ်လို့ ခံစားရတယ်.... ငါက တခြားကလေးတွေထက် ပိုဉာဏ်ကောင်းပေမယ့် နင်နဲ့ယှဉ်ရင် တော်တော် တုံးသလိုပဲ"

ချန်ရှီ လေသံက အေးစက်သွားသည်- "မိန်းကလေးဝမ်း... ငါတို့ကြားက အကွာအဝေးကို ကျဉ်းကျဉ်းလေးပဲ ဒီစကားတွေ ပြောနေစရာ မလိုဘူး"

ဝမ်းဝူယွီက ခေါင်းခါပြီး :"အဲဒီတုန်းက ငါ အသက် ရှစ်နှစ်ပဲ ရှိပါတယ်... စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး တပည့်ဖြစ်ခဲ့ပါတယ် ငါ့မှာ နတ်သန္ဓေသားလေး မရှိသေးဘဲ ချီကို သန့်စင်နေရတုန်း... သုံးနှစ်ကြာတော့ အုတ်မြစ်ကို စတင်တယ်... နတ်ကွန်းကို တည်ဆောက်ပြီး နတ်သန္ဓေသားကို ရယူခဲ့တယ်..."

ချန်ရှီ တုံ့ဆိုင်းနေပြီး အနည်းငယ် နှေးကွေးသော လေသံဖြင့် :"မင်းက အဲဒီအချိန်က ငါ့ရဲ့နတ်သန္ဓေသားကို ယူခဲ့တဲ့လူတွေထဲက တစ်ယောက်လို့ ငါထင်ခဲ့တာ"

ဝမ်းဝူယွီ: "မွေးရာပါ တာအိုသန္ဓေသားရဲ့ စွမ်းအားကို ကြည့်ဖို့ ဆရာကြီးက ငါ့ကို အဲဒီနေရာကို ခေါ်သွားပြီး ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေကြီး ဘယ်လောက်နက်တယ် ဆိုတာ သင်ပြပေးတယ်... ငါတို့ စိတ်ပျက်ဖွယ်ကုန်းစောင်းမှာဆို ဆရာတစ်ယောက်နဲ့ တပည့်တစ်ယောက်ပဲ ရှိရတယ် ကျန်တဲ့ ဦးလေးနှစ်ယောက်ကလည်း တပည့်တစ်ယောက်စီပဲ ရှိတယ်"

ချန်ရှီ: "တစ်ယောက်က ကျွမ်းဝူကျို့... နောက်တစ်ယောက်က ဘယ်သူလဲ"

"သူ့နာမည်က ဝူဝမ့်... စိတ်ပျက်ဖွယ်ကုန်းစောင်းမှာရှိတဲ့ ဒီတပည့်မျိုးဆက်ရဲ့ အကြီးဆုံးအစ်ကို"

ချန်ရှီ ထိုနာမည်ကို မှတ်ထားလိုက်သည်။

ဝမ်းဝူယွီလည်း ခဏတုံ့ဆိုင်းသွားပြီး :"အစ်ကိုဝူဝမ့်က အရည်အချင်းအရှိဆုံး၊ နားလည်မှုအရှိဆုံး... ငါတို့အားလုံးထဲမှာ ကျင့်​ကြံမှု အမြင့်မားဆုံး အောင်မြင်ထားတဲ့သူ... သူ့ရဲ့ခွန်အားက ငါ့ထက် အများကြီးပိုတယ်"

ချန်ရှီက မတုန်မလှုပ်ပင်။

"ငါ သေခြင်းက ရှင်ပြန်ထမြောက်လာပြီးပြီ...ငါ လေ့ကျင့်​နေတာ နှစ်နှစ်ပဲ ရှိပါသေးတယ်... ဒါပေမဲ့ သူနဲ့ လိုက်နိုင်မယ်လို့ ငါ ယုံကြည်တယ်!"

ဝမ်းဝူယွီ စကားသိပ်မပြောဘဲ အကြောင်းအရာကို ပြောင်းလိုက်သည်။

"နင့်ရဲ့ရှေ့က ဘုရင်ဟောင်း ရှန့်ဖူက စိတ်ဝင်စားစရာတွေ ရှာတွေ့ပြီး သေသွားတာ... နင်ရော သွားကြည့်ချင်လား...."

ချန်ရှီ စူးစမ်းချင်စိတ် ပြင်းပြလာသည်။

"အမတတွေကို ရှာဖို့သွားခဲ့လို့ အမတကောင်တွေလက်ထဲမှာ သေသွားရတာလို့ မင်းပြောခဲ့တာမလား... တကယ် အမတတွေရှိလား"

"ငါ ဒီကိုလာတာက အဲဒီကိစ္စကို စုံစမ်းဖို့ အမိန့်ပေးခံရလို့...."

ဝမ်းဝူယွီရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် ပြုံးကာ။

"ငါ့အမြင်အရတော့ အမတတွေ ရှိတယ်... အရင်ဘုရင်ရှန့်ဖူရဲ့ အလောင်းပေါ်က အလင်းရောင်က မဟာတာအိုရဲ့ စွမ်းအားတွေ ပါ၀င်တဲ့ အမတစွမ်းအင် တစ်ခုပဲ... နင် လိုက်ခဲ့ချင်လား "

"ကောင်းပြီ!"

ချန်ရှီ ဟက်ဟက်ပက်ပက် ပြုံးလိုက်သည်။

All Chapters