← Chapters

နွားနွား

Vol. 25 Ch. 360

နွားနွား

Vol. 25 Ch. 360

ချန်ရှီနဲ့ ဝမ်းဝူယွီတို့သည် လေဟုန်ကိုစီးလျက် ထျန်းကျစ်ပြည်၏ ရေကန်နှင့် တောင်တန်းများပေါ် အတူတူ လွင့်မျောသွားကြသည်။ မြေအောက်ကမ္ဘာမှာ ဖြစ်ခဲ့ပေမဲ့ ရှုခင်းတွေကတော့ အင်မတန် လှပါ၏။

သူတို့ အမြင့်ကို မပျံသန်းခဲ့ပေ။ မဟုတ်ရင် အမှောင်ထဲမှာ ဝှက်ထားတဲ့ နတ်ဆိုးတွေက အလွယ်တကူ တွေ့သွားနိုင်သလို သခင်အဆင့်က တခြား တန်ခိုးကြီးတဲ့ နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေရဲ့ နယ်မြေထဲကိုလည်း အလွယ်တကူ လှမ်းဝင်မိနိုင်တာကြောင့်ပင်။

ဤအရာများသည် ယင်တောင်တန်းတွင် အလွန်အန္တရာယ်များသော တည်ရှိမှုများဖြစ်ပြီး ၎င်းတို့ သတိမပြုပါက အသက်ဆုံးရှုံးရမည် ဖြစ်သည်။ ဘုရင် ဟုတ်မဟုတ်ကို သူတို့က ဂရုမစိုက်ကြပါ။

"ကမ္ဘာပေါ်မှာ တကယ် အမတတွေ ရှိတာလား"

သူ့ဘေးမှာ လှပတဲ့ မိန်းက​​လေးတစ်ယောက်နဲ့ ချန်ရှီဟာ လေးလေးနက်နက် တွေးတောမိသွားသည်။

လေကိုသောက်၊ နှင်းရည်ကိုသောက်ပြီး အမှီအခိုကင်းသော အမတများသည် စာ​ပေပညာရှင်နှင့် ကဗျာဆရာများ၏ အရေးအသားများထဲတွင်သာ တည်ရှိပြီး ၎င်းတို့ကို ဘယ်သူမှ မမြင်ဖူးပေ။

သက်ရှိလောကတွင်လည်း အမတများကို တစ်ခါမှ မမြင်ဖူးပါ။ ထို့ကြောင့် မရဏကမ္ဘာကဲ့သို့ နေရာတွင် အမှန်တကယ်ပင် ရှိနိုင်ပါ့မလား။

ဤသာမန်ဒဏ္ဍာရီများနှင့် နှိုင်းယှဉ်ပါက ဘုံကျောင်းငယ်လေးထဲက အဖြူရောင်ဝတ်ထားသော မိန်းကလေးဟာ အမတတစ်ယောက်နှင့် တူသည်ဟု ချန်ရှီ ခံစားရလေသည်။

သူမသည် မစားမအိပ်ဘဲတောင် လန်းဆန်းတက်ကြွနေပါသည်။ ဘုံကျောင်းငယ်လေးရှိ နတ်ကွန်းတွင် သူမ ထိုင်လိုက်သည့် အခါတိုင်း ချန်ရှီသည် သူ့စိတ်နှလုံးထဲ၌ ငြိမ်သက်အေးချမ်းမှုကို အမြဲခံစားရပြီး ကျင့်ကြံမှုကလည်း အလွန်သန့်စင်လာခဲ့သည်။

"ဒါ့အပြင် သူမ ငါ့ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ဖယ်ရှားနိုင်တယ် ဒါကြောင့် မကောင်းဆိုးဝါးအသွင်ပြောင်းတာကို ခဏ ရပ်တန့်နိုင်ခဲ့တာ..."

ချန်ရှီ တစ်ယောက်တည်း တွေးနေမိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် အဖြူရောင်မိန်းကလေး၏ ဆွေမျိုးများကို ရှာဖွေရန် နေရာအသီးသီးသို့ သွားရောက်ရန် တောင်နီခန်းမကို တာဝန် အပ်နှင်းခဲ့သော်လည်း သတင်းမရရှိခဲ့ပေ။

နှစ်ယောက်သား ထျန်းကျစ်ပြည်မှ ထွက်ခွာခဲ့ပြီး ဝူလျောင့် ချောက်ကမ်းပါးကို ပျံသန်းကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။

ဝမ်းဝူယွီသည် ရုတ်တရက် ဆင်းသက်လာသည့်အခိုက် သူမရဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားသည်။ အချိန်တိုလေး အတွင်းမှာပင် သူသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦးမှ ခေါင်းပေါ်တွင် ချိုနှစ်ချောင်းနှင့် နွားဦးခေါင်းတစ္ဆေ အဖြစ်သို့ ပြောင်းလဲသွားလေ၏။

သူမသည် အရပ်နှစ်ပေသာရှိ၍ ချန်ရှီရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။ မိန်းကလေး၏ တင်ပါးနောက်တွင် နွားအမြီးလည်း ပါရှိသည်။ အမြီး၏အရှေ့ဘက်ရှိ အမွေးများက ပျော့ပျောင်းပြီး အမြီး၏နောက်ဘက်မှာတော့ ထူပြီး ရှည်လျားသည်။

သူမသည် နွားခေါင်းတစ္ဆေ၏ ရွာတစ်ရွာသို့ ရောက်ရှိလာပြီး လမ်းညွှန်မှုအတွက် နွားဦးခေါင်းပါသော အဒေါ်တစ်ယောက်အား စကားပြောလိုက်သည်။

"ကွမ်....ကျီ?"

နွားခေါင်းဦးခေါင်းပါသော အဒေါ်ကြီးက အဝေးက ချိုင့်ဆီသို့ ညွှန်ပြလေသည်။

"ကွမ်....ကွမ်"

ဝမ်းဝူယွီသည် နွားခေါင်းဖြင့် အဒေါ်ကို ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြီး ချန်ရှီနှင့် အတူ ချိုင့်ဆီသို့ လျှောက်သွားခဲ့သည်။

"နတ်သမီးအလင်းရောင် ပေါက်ကွဲတဲ့ နေရာက ရှိသေးတယ်လို့ သူမက ပြောတယ်!"

ချန်ရှီ သူမနောက်သို့ လိုက်သွားပြီး လှုပ်နေသော သူမ၏ နွားအမြီးကို ရိုက်ပစ်လိုက်သည်။ ဝမ်းဝူယွီ ရပ်လိုက်ပြီး သူ့ကိုပြန်ကြည့်ကာ ရှက်စိတ်များ၊ ဒေါသများဖြင့် အော်ပြောလေ၏။

"နောက်တစ်ခါ ထပ်ထိရင် ငါနင့်ကို သတ်ပစ်မယ်!"

ချန်ရှီကလည်း ချီတုံချတုံနဲ့ ပြန်ပြောသည်။

"အဲဒါက ထပ်ပြီးလှုပ်နေတာ တွေ့ရင်တော့ ထိချင်မှာပဲ...."

ဝမ်းဝူယွီ အော်ဟစ်ပြီး ရှေ့ကို ဆက်လျှောက်သည်။ ချန်ရှီသည် ထိုအမြီး အပြန်ပြန်အလှန်လှန် လှုပ်နေသည်ကို မြင်ပြီး မသိသော အကြောင်းပြချက်ဖြင့် ၎င်းကို ထပ်မံထိလိုက်မိသည်။

ဝမ်းဝူယွီ ဒေါသတကြီးဖြင့် လှည့်ပြေးလာတော့သည်။

"ငါ နင့်ကို တိုက်မယ်... ချိုနဲ့ ခွေ့သတ်မယ်"

ချန်ရှီလည်း သူမ၏ ဦးချိုများကို အမြန်ဆွဲထားလိုက်သည်။

"ညီမဝူယွီ ငါ့ကို သက်ညှာပေးပါဦး!"

ဝမ်းဝူယွီလည်း သူ့ကို လွှတ်လိုက်ပြီး မျက်လုံးတွေကို ခဏ မှိတ်ထားလိုက်သည်။

"နင်က ထျန်းကျစ်ပြည်ရဲ့ အုပ်စိုးရှင်ပဲ လူတော်တော်များများကို စော်ကားခဲ့တာ။ နင့်အသက်ကို လိုချင်တဲ့ လူတွေက ဒီကနေတန်းစီရင် နန်းတော်အထိ ရောက်သွားလောက်တယ်... ဒီတစ်ခါတော့ အမတ ဘယ်မှာရှိတယ်ဆိုတာကို ထုတ်ဖော်ပြီး သူ့ကိုရှာချင်တဲ့လူတွေ အများကြီးရှိလာလိမ့်မယ်.... နင်လည်း ပိုအဆင်ပြေအောင် နွားခေါင်းတစ္ဆေ ပုံစံ ပြောင်းလဲလိုက်...."

ချန်ရှီလည်း တွေးလိုက်မိသည်။ သူထွက်သွားသောအခါတွင် နတ်ဆိုးများနှင့် နတ်ဘုရားများစွာတို့သည် အာဏာရှင်ကို သတ်ပစ်ရန် အော်ငေါက်ကြသည်။ တကယ့်ကို ဒုက္ခဖြစ်စေမှာပင်။

သူသည် အသွင်ပြောင်းနည်းကို ချက်ချင်းအသက်သွင်းပြီး နွားခေါင်းတစ္ဆေ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူပြောင်းသွားတဲ့ နွားဦးခေါင်းတစ္ဆေဟာ အရပ်နှစ်ပေသာရှိပြီး သူ့တင်ပါးနောက်မှာ နွားအမြီးလည်း ရှိနေ၏။

အသွင်ပြောင်းမှု ပြီးသွားသောအခါ ချန်ရှီ အံ့သြသွားသည်။ သူ့မှာ ကိုယ်လက်အင်္ဂါ အပိုတစ်ခု ရှိတယ်လို့ ခံစားလာရကာ ထိုအမြီးကို အမြဲတမ်း လှုပ်​ကြည့်ချင်နေသည်။

ထိုစဥ် ဝမ်းဝူယွီက သူ့အမြီးကို လှမ်းကိုင်လိုက်ပြီး။

"နင့်ကို ငါ့အမြီး ထိခွင့်ပြုလိုက်ပြီးပြီ... အခု ငါ့အလှည့်ပဲမလား?"

ချန်ရှီမှာ သူ့အမြီးက မလှုပ်နိုင်တော့ဘဲ ဘယ်နေရာမှာ အဆင်မပြေမှန်း မပြောနိုင်တာကြောင့် သူ့အမြီးကို ဖမ်းဖို့ လက်လှမ်းလိုက်လေသည်။

ဝမ်းဝူယွီက လျင်မြန်စွာ ဘေးတိုက် လှည့်လိုက်သဖြင့် ချန်ရှီ သူ့ခေါင်းကို ငုံ့ကာ ဝင်တိုက်ပစ်လိုက်သည်။ ချိုများက ကောင်မလေးကို မြှောက်ချလိုက်ပြီး မြေပြင်ပေါ်သို့ လှန်တင်လိုက်သည်။

ထိုစဥ် ဝမ်းဝူယွီက သူ့အမြီးကို ကိုင်လိုက်ပြီး အောက်ကို ဆွဲချလိုက်ပြန်သည်။ နွားဦးခေါင်း တစ္ဆေနှစ်ကောင်သည် မြေပြင်ပေါ်၌ လူးလိမ့်ကာ အချင်းချင်း၏ အမြီးများကို ဆုပ်ကိုင်ကာ နှစ်ယောက်လုံး လက်မလွှတ်ကြပေ။

ချန်ရှီသည် တစ်ဖက်လူကို သူ့အောက်၌ ဖိချထားရန် သူ၏ ခွန်အားရှိသမျှကို အားကိုးခဲ့သည်။ ဝမ်းဝူယွီကလည်း သူ့ဦးချိုတွေကို တွန်းဖို့ကြိုးစား​နေခဲ့ပြီး ချန်ရှီကလည်း ထိုဦးချိုတွေကို နောက်ပြန်တွန်းနေခဲ့သည်။

ခေါင်းနှစ်လုံးက အချင်းချင်း ထိမိပြီးနောက် ချန်ရှီ သူမကို ဖိချထားနိုင်ခဲ့သည်။ အမြီးကို ဖမ်းဖို့ လက်တစ်ဖက်ကို ဆွဲထုတ်လိုက်၏။

"ဖမ်းမိပြီ!"

ချန်ရှီ သူမ၏ အမြီးကို ကိုင်လိုက်ပြီး ရွှင်လန်းသွားသည်။ ဝမ်းဝူယွီလည်း ရုတ်တရက် ခုခံမှုကို စွန့်လွှတ်လိုက်ရာ ချန်ရှီ အံ့ဩသွားမိသည်။ သူ့အောက်မှာ နွားခေါင်းလေးင နည်းနည်းရှက်နေတာကို သူမြင်လိုက်ရသည်။ နွားခေါင်းနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေစဥ် ချန်ရှီသည် သူ့ပါးစပ်နှင့် လျှာကို ခြောက်သွေ့သွားသလို ခံစားလိုက်ရကာ သူ့နှလုံးခုန်သံများ ပြင်းထန်လာသည်။ သူ့ကိုယ်သူ နည်းနည်း ထူးဆန်း​နေသလိုလည်း ခံစားလာရ၏။

အမတမြို့က ဝေးကွာနေတာတောင် အလောင်းနတ် ဖန်ကျွယ်က ဒီအချိန်မှာ သူ့စိတ်ကို နှောင့်ယှက်ဖို့ တစ်ခုခု လုပ်နေတာဖြစ်မယ်လို့ တွေးလိုက်သည်။

ချန်ရှီ တခဏမျှ တုံ့ဆိုင်းသွားသည်။ သူမနွားမြီးကို လွှတ်လိုက်ပြီး သူ့ဘေးက မြေပြင်ပေါ် လှဲချလိုက်သည်။

ဝမ်းဝူယွီသည် သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် မြေကြီးပေါ် ထောက်လိုက်ပြီး သူ့အဝတ်အစားများ အနည်းငယ် ရှုပ်ပွနေကာ ကမန်းကတန်း ထထိုင်ကာ အဝတ်အစားများကို သပ်ရပ်သွားအောင် လုပ်နေ၏။ ခေါင်းငုံ့ကာ ဘာမှ မပြောဘဲ သူ့ကို တိတ်တဆိတ် စိုက်ကြည့်ကာ နွားမြီးကို တိတ်တဆိတ် ဖြောင့်တန်းလိုက်သည်။

ချန်ရှီလည်း နှလုံးခုန်သံကြောင့် ဒီတိတ်ဆိတ်မှုကို ဘယ်လို ချိုးဖျက်ရမလဲ မသိ။

"နေ့ခင်းကြောင်တောင် နွား​လေးနှစ်ကောင်က ဒီမှာ လာပြီး ကြည်နူးနေတာပဲ... ရင်ခုန်စရာ ကောင်းလိုက်တာ!"

ကြမ်းတမ်းသော အသံတစ်ခုက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ရာ ချန်ရှီနဲ့ ဝမ်းဝူယွီလည်း ရှက်ရွံ့ကာ ကမန်းကတန်း ထလိုက်ကြသည်။ မင်းသား ရှန့်ခွမ်း ဦးဆောင်သော သရဲတစ္ဆေနှင့် နတ်ဘုရား ဆယ်ယောက်ထက်မနည်း ရောက်ရှိလာတာ တွေ့လိုက်ရသည်။

မင်းသား ရှန့်ခွမ်းသည် အရပ်သုံးပေခန့်ရှိပြီး ထွားကျိုင်းသည်။ အရပ်ရှည်ကာ ဆင်နှာမောင်းနှင့် လူ့ခန္ဓာကိုယ်၊ ကျောက်စိမ်းကဲ့သို့ အဖြူရောင် အစွယ်သေးနှစ်ချောင်းရှိသည်။

သူနှင့်အတူ အခြားတစ္ဆေမျိုးနွယ်စုများမှ သခင်ငယ်များလည်း ပါလာကြသည်။ ၎င်းတို့ထဲမှ တစ်ဦးက ရှိုးလော် မျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးဖြစ်ပြီး အရပ် ၁၆၇ မီတာခန့် အရပ်ရှည်သော အလှတရားလေးပင်။ သေးငယ်သော အဝတ်အစားများ ဝတ်ဆင်ကာ ရောင်စုံအ၀တ်များဖြင့် ရင်ဘတ်ကို ရစ်ပတ်ထားသည်။

သူမသည် ခါးတစ်ဝိုက်တွင် ရောင်စုံစကတ်တစ်ထည်ကို ၀တ်ဆင်ထားပြီး လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် ခေါင်းလောင်းများ တွဲလောင်း ချိတ်ကာ၊ ဘယ်ဘက်နှာခေါင်းအပေါက်မှ ငွေခေါင်းလောင်းငယ်တစ်ခုကိုလည်း ၀တ်ဆင်ထားသည်။

သူမတွင် အနည်းငယ်ပိုကြီးသော ငွေခေါင်းလောင်းတစ်ခုအား သူမ၏ ရင်ဘတ်၌ ချိတ်ထား၏။ ဒီအမျိုးသမီးကို ယို့ဖေး ဟု ခေါ်သည်။

နောက်တစ်ယောက်မှ ခြေလေးချောင်းနှင့် လက်ရှစ်ချောင်းရှိသော အမျိုးသမီးတစ်ဦးပါ။ သူမ၏လက်ထဲတွင် သရဲအရုပ်များစွာကို ကိုင်ဆောင်ကာ သူမနောက်တွင် တစ္ဆေအရုပ်များ ရှိနေ၏။ သူမက ရန့်ဝူး ဖြစ်သည်။

ထို့အပြင် ဓားထောင်မျိုးနွယ်မှ ကုံရှီ၊ ယွမ်လုံ မျိုးနွယ်မှ ယိုဟွမ်၊ ဟော်ရှောင်းမျိုးနွယ်မှ ချစ်ကျွင်း နှင့် အခြားသော မျိုးနွယ်စုများမှ ထူးချွန်ထက်မြက်သော လူငယ် ဆရာသမားများ ပါလာ၏။

"ဒီနွားလေးတွေက နွေဦးရာသီထဲ ရောက်နေကြတယ်ပဲ..."

ကုံရှီသည် ချန်ရှီနဲ့ ဝမ်းဝူယွီကို စိုက်ကြည့်ကာ ရယ်မောနေလေသည်။

"သူတို့ ခဏပဲ ရှိသေးတယ် တောထဲမှာ ချစ်မိသွားကြပြီ... နောက်နှစ်ဆို နွားကလေး မွေးတော့မယ် ထင်တယ်"

ယို့ဖေးကလည်း ရယ်မောရင်း :“နွားနှစ်ကောင်က နွားသေးတုန်းမှာ နွားမွေးနိုင်ပါ့မလား”

ဝမ်းဝူယွီသည် ချန်ရှီနောက်တွင် ရှက်ရွံ့စွာ ပုန်းနေပြီး အပြင်ကို လှမ်းချောင်းကြည့်လိုက်သည်။

မင်းသား ရှန့်ခွမ်း : "နွားမွေးတာ ကောင်းပါတယ် နောက်နှစ်မှာ အခွန်ပေးဆောင်ရမယ့် တိရစ္ဆာန်တစ်ကောင် ထပ်တိုးလာမှာပဲလေ... နွားလေးတွေ ဒီပတ်ဝန်းကျင်မှာ အမတ အကောင်တွေရှိလား... မင်းတို့ သိလား"

ချန်ရှီ တုံ့ဆိုင်းနေချိန်တွင် ဝမ်းဝူယွီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေ၏။

"ငါသိတယ်!"

"လမ်းပြ....."

ဝမ်းဝူယွီက ချန်ရှီကို မျက်စိ မှိတ်ပြလိုက်ပြီး နွားကလေးနှစ်ကောင် အရှေ့မှ လျှောက်လာခဲ့သည်။ ထိုစဥ် ​ဟော်ရှောင်းမျိုးနွယ်စုမှ ချစ်ကျွင်းက မေးလိုက်သည်။

"ဒီမှာ တကယ် အမတ​တွေ ရှိလား"

မင်းသားရှန့်ခွမ်း: "ရှိတယ်... ငါ့အဖေက အဲဒီအမတကို ရှာဖို့သွားခဲ့ပေမယ့် မထင်မှတ်ပဲ ဆုံးသွားတယ်.... သူ့ခန္ဓာကိုယ်ပေါ်က အလင်းရောင်က အမတစွမ်းအင်တစ်မျိုးပဲ... မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး တစ္ဆေမျိုးနွယ်မှာ အစွမ်းထက်တဲ့ အဖေတောင် အဲဒါကို လုံးဝ မခံနိုင်ဘူး!"

ရှန့်ဖူ၏ အလောင်းကို တွေးမိသောအခါ သူ တုန်လှုပ်သွားသည်။ ဘုရင်ရှန့်ဖူသည် ထျန်းကျစ်ပြည်တွင် တန်ခိုးအရှိဆုံး သတ္တဝါဖြစ်သော်လည်း သူသည် ခွဲခြမ်းစိပ်ဖြာ ခံထားရသော တိရစ္ဆာန်ကဲ့သို့ သနားစရာကောင်းလောက်စွာ သေဆုံးသွားခဲ့သည်။

ရန့်ဝူးက ငိုနေတဲ့ သရဲတစ္ဆေရုပ်ကို သူမရင်ခွင်ထဲ ဆွဲငင်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"အရှင့်သား ဒီတစ်ခါ အမတကို ရှာတွေ့ချင်တဲ့ ရည်ရွယ်ချက်က သိပ်တော့ မရိုးရှင်းဘူး မဟုတ်လား"

မင်းသားရှန့်ခွမ်းရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့်။

"ဘာရည်ရွယ်ချက်နဲ့ ရှိရမှာလဲ"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှင့်သား ချန်ရှီနဲ့ အဲ့မိန်းကလေး ရေကန်ပေါ့မှာ တိုက်ခိုက်နေတာကို မြင်ခဲ့တယ် ပြီးတော့ အရှင့်သား အမတအကောင်တွေကို ရှာတွေ့ဖို့ စိတ်အားထက်သန်လာတယ်....ကျွန်မက ရှင် ချန်ရှီကို လန့်သွားတယ်လို့တောင် ထင်နေတာ..."

မင်းသားရှန့်ခွင်း: "သူ့ရဲ့ ခွန်အားက ဒီလောက်ပါပဲ ငါက သူ့ကို ဘယ်လိုကြောက်ရမှာလဲ ငါ့ရဲ့ သွေးစွမ်းအားက ဆဋ္ဌမအဆင့်အထိ နိုးထလာပြီးပြီ... ဆဋ္ဌမအဆင့် သွေးစွမ်းအားနဲ့​ဆို မျိုးနွယ်အကြီးအကဲတွေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကလွဲလို့ ဘယ်မျိုးနွယ်ကိုမှ ငါမကြောက်ဘူး!"

မျိုးနွယ်စုတစ်ခုစီ၏ ထိပ်ပိုင်းမှ ငယ်ရွယ်ပြီး စွမ်းအားကြီးမားသော လူဆယ်ဦးကျော်ရှိသော အုပ်စုတစ်စုသည် သူ့စကားကို လှောင်ပြောင်ကာ လက်မခံခဲ့ပေ။

မင်းသား ရှန့်ခွမ်း: "ချန်ရှီမှာ သွေးစွမ်းအား မရှိဘူး သူ့ရဲ့ ခွန်အားက မပျော့ပေမယ့် ငါ့ထက်တော့ ပိုဆိုးတယ်.... နန်းတက်ရင် မျိုးနွယ်စုအားလုံးက သူတို့ရဲ့ အဖိုးတန်ဆုံး နတ်သွေးကို ပူဇော်ကြလိမ့်မယ် အဲဒီအခါ ငါ့ရဲ့ သွေးက အဆင့်ကိုးအထိ နိုးထလာ​ပြီးလောက်ပြီ... ချန်ရှီမှာ ဘာရှိလဲ... သူက တကယ့် ခေါင်းဆောင် မဖြစ်နိုင်ဘူး... ဘာဖြစ်လို့လဲ သူ့မှာ တကယ့် ခေါင်းဆောင် ဖြစ်နိုင်တဲ့ သွေးစွမ်းအင် မရှိဘူး"

ယိုဟွမ်: "ဘုရင်ကြီး အဲဒီမိန်းမနဲ့ ရန်ဖြစ်တုန်းက သူ့ခေါင်းနောက်က သွေးအိုင်ကို မမြင်လိုက်ဘူးလား... အဲဒါ သွေးကန်ငရဲပဲ သူက ငါတို့တစ္ဆေမျိုးနွယ်ရဲ့ ဆုံးရှုံးသွားတဲ့ စွမ်းရည်တွေကို လေ့ကျင့်ခဲ့ပြီးပြီ... ဒီအချက်ကို အခြေခံပြီး သူက ငါတို့ တစ္ဆေမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်လောက်အောင် လုံလောက်သွားပြီ... ငါတို့ကို ကယ်တင်မယ့် ကဗျာမှာ ဖော်ပြထားတဲ့ လူက ချန်ရှီပဲလို့ အမှတ်တမဲ့ ကြားလိုက်သေးတယ်"

မင်းသား ရှန့်ခွမ်းက ရယ်မောပြီး သူ့ကို ဝင်နှောင့်ယှက်၏။

"အပြင်လူက ငါတို့ကို ကယ်တင်မယ့် သူရဲကောင်းဖြစ်မှာတဲ့လား.... ယိုဟွမ် ငါတို့သာ အမတကို ရှာတွေ့ပြီး အမတဘာသာစကားကို သင်နိုင်နေသရွေ့တော့ ငါတို့က တစ္ဆေမျိုးနွယ်စုကို ကယ်တင်တဲ့ သူရဲကောင်းတွေပဲ... အပြင်လူ ချန်ရှီ မဟုတ်ဘူး"

ဒါကိုကြားတော့ အားလုံးက သဘောတူပြီး ခေါင်းညိတ်ကြ၏။

ကုံရှီ သက်ပြင်းချရင်း: "တိုင်းပြည်ရဲ့ အကြီးအကဲရာထူးအတွက် ချန်ရှီကို မယှဉ်နိုင်ဘူးဆိုတာ သိလိုက်ရတဲ့နေ့မှာပဲ သူ့ရဲ့ ခွန်အားက သတ္တမမြောက်သွေးလိုင်းကို နိုးထလာပြီ... အကြီးအကဲတွေနဲ့ နီးစပ်တယ်။ ပြီးတော့ ငါက ဆဋ္ဌမသားပဲ"

အားလုံး တိတ်ဆိတ်သွားကြသည်။

မင်းသား ရှန့်ခွမ်းလည်း အနည်းငယ် ဝမ်းနည်းသွားသည်။ ချန်ရှီ ဝမ်းဝူယွီကို အနိုင်ယူပြီး နောက်တစ်နေ့တွင် အရှေ့နန်းတော်က သခင်များ ထွက်ပြေးသွားခဲ့သည်။ ဤတစ္ဆေနတ်များနှင့် နတ်ဘုရားများက သူ့ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် သေချာပေါက် ထောက်ပံပေးနိုင်သော်လည်း နိမိတ်ပုံမှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်ရန် ခွန်အားရှိရမည် ဖြစ်သည်။ တစ္ဆေတိုင်းပြည်က အင်အားကို လေးစား၏။ သူရဲ့ ခွန်အားက ချန်ရှီလောက် မအားကောင်းသလို ဒီသရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက သူ့ကို နှိမ့်ချတဲ့အတွက် သူ ထွက်ပြေးရလိမ့်မည်။

ရုတ်တရက် မင်းသား ရှန့်ခွမ်းက ဒေါသတကြီးနဲ့ အော်လိုက်လေ၏။

"အသေးအမွှားလေး နှစ်ကောင် မြန်မြန်လျှောက်စမ်း!"

ချန်ရှီနဲ့ ဝမ်းဝူယွီလည်း အလျင်အမြန် အရှိန်မြှင့်လိုက်သည်။ သွားနေရင်း ဝမ်းဝူယွီက တိုးတိုးလေး ကပ်ပြော၏။

"သူတို့က နင့်ကို အရမ်းသဘောကျနေတာပဲ"

ချန်ရှီလည်း သူ့အသံကို လျှော့လိုက်ပြီး။

"မင်းကို ငါအနိုင်ယူခဲ့တယ်... မင်းရော ငါ့ကို သဘောကျလို့လား"

ဝမ်းဝူယွီက လှောင်ပြောင်သည် - "မဟုတ်ဘူး... ငါ လှုပ်ရှားဖို့ လွတ်သွားတာ ငါ့ရဲ့ ခွန်အားကို အကုန်အသုံးမချခဲ့ဘူး အဲဒါကြောင့် နင့်ရဲ့ အကြွင်းမဲ့ ဖွဲ့စည်းမှု ဆယ်ခုကြောင့် ငါ ရှုံးသွားတာ.... ငါ့ရဲ့ ခွန်အားကို အကုန်သုံးရင် ဟမ်ဟမ်..."

ချန်ရှီ ပြုံးလိုက်သော်လည်း ဘာမှ မပြော။

သူ့အသွင်အပြင်ကို မြင်တော့ ဝမ်းဝူယွီဟာ ဒေါသထွက်ပြီး စိုးရိမ်စိတ်တွေ မထိန်းနိုင်ဘဲ သူ့အမြီးကို ဆွဲထုတ်ချင်ပေမယ့် ချန်ရှီက အမြီးကို ခါးမှာပတ်ထားလိုက်သည်။ ဝမ်းဝူယွီ ၎င်းကို ဖမ်းရန် လှမ်းလိုက်သော်လည်း ချန်ရှီက ရှောင်လိုက်ပြီး သူမ၏ အမြီးကို ဖမ်းရန် လက်လှမ်းလိုက်သည်။

ဝမ်းဝူယွီကလည်း သူမ၏ တင်ပါးထဲ အမြီးကို ညှပ်ကာ ပြုံးလိုက်သည်။

"နင် ဖမ်းလို့မရဘူး!"

နှစ်ယောက်သား ဆော့ကစားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကာ တောက်လျှောက် လျှောက်သွားကြသည်။

မင်းသား ရှန့်ခွမ်းနှင့် အခြားသူတို့က ဒါကိုမြင်သောအခါ ပြုံးနေကြသော်လည်း ခေါင်းသာယမ်းနိုင်သည်။

ယို့ဖေးက ပြုံးပြီး ရေရွတ်လေ၏။

"နွေဦး ရောက်ပြီထင်ပါတယ်.... လေနွေးနွေးလေးတောင် အနံ့ရနေပြီ"

ခဏအကြာတွင် ဝမ်းဝူယွီသည် အားလုံးကို ခေါ်ဆောင်ကာ ချိုင့်ကို ဖြတ်လျှောက်သွားပြီးနောက်မှာတော့ သူတို့ရှေ့မှာ အက်ကွဲနေတဲ့ တောင်တန်းကြီးတစ်ခုကို မြင်လိုက်ရလေသည်။ အမတနန်းတော်သည် တောင်ပေါ်တွင် လွင့်မျောကာ အလင်းရောင် ဖျော့ဖျော့လေး ထုတ်လွှတ်နေ၏။ အနက်ရောင်ကြိုးများက နတ်သမီးနန်းတော်ကို သော့ခတ်ထားသလိုပင်။

ချန်ရှီလည်း အံ့အားသင့်သွားသည်- "ဒါဆို အမတတွေ တကယ်ရှိတာပဲ!"

အမတနန်းတော်သည် ဤကမ္ဘာနှင့် မသက်ဆိုင်သလို လွင့်မျောနေသည်။ သံကြိုးတွေ လွှတ်ထားသရွေ့တော့ လွင့်ပျံသွားလိမ့်မည်။

"နင့်အမြီးကို ငါဖမ်းလိုက်ပြီ!"

ဝမ်းဝူယွီက သူ့အမြီးကို ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် အော်လိုက်သည်။

မင်းသား ရှန့်ခွမ်း၊ သရဲတစ္ဆေများနှင့် နတ်ဘုရားများက သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။ ဝမ်းဝူယွီသည် နွားခေါင်းတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ရှက်ရွံ့မှုကို ဖုံးကွယ်ထား၍မရပေ။ သူမသည် ချန်ရှီအမြီးကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး ခေါင်းငုံ့ကာ တွေးလိုက်သည်။

'ကောင်းလိုက်တာ... ငါအခု နွားခေါင်းတစ္ဆေ ဖြစ်နေသေးတယ်... မဟုတ်ရင် သူတို့ကို နှုတ်ပိတ်ဖို့ ငါ သရဲတစ္ဆေတွေကို သတ်နေရလိမ့်မယ်"

ယို့ဖေးက တဟားဟား ရယ်မောနေသည်။

“အရှင့်သား... သူတို့ကို နှုတ်ပိတ်ဖို့ မသတ်ပါနဲ့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်”

မင်းသား ရှန့်ခွမ်းကလည်း ကြင်နာတတ်တဲ့ နှလုံးသားရှိပါသေး၏။

"မေ့လိုက်ရအောင်... သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်... သွားကြရအောင် အမတွေက အရေးကြီးတယ်!"

သရဲတစ္ဆေများနှင့် နတ်ဘုရားများက ဦးဆောင်ကာ အက်ကွဲနေသော တောင်ပေါ်သို့ လျှောက်သွားကြသည်။

ချန်ရှီသည် အမတအလင်းရောင်ဖြင့် ဖုံးလွှမ်းနေသော လှပသည့် နန်းတော်အား မျှော်ကြည့်နေဆဲဖြစ်ပြီး သူ့​အမြီးသည် မသိစိတ်က တင်ပါးကို ပုတ်နေ၏။

"ဝူယွီ... သက်ရှိလောကမှာလည်း ဒီလိုမြင်ကွင်းတစ်ခုကို ငါမြင်ဖူးတယ်..."

"နင့ဆိုလိုတာက သက်ရှိကမ္ဘာမှာ တောင်ကြီးတစ်ညလုံး လွင်ပြင်ပေါ်မှာ ပေါ်လာပြီး တောင်ပေါ်မှာ ဘုံကျောင်းတစ်ခု ရှိတယ်ပေါ့... ဒီလိုမျိုးကို မြင်ဖူးတာလား"

ချန်ရှီက ခေါင်းညိတ်ပြီး။

"ဟုတ်တယ် တောင်အက်ကွဲကြောင်းကိုလည်း ငါတွေ့ခဲ့တယ်... အထဲမှာ နတ်ဘုရားတွေရဲ့ ဘုံကျောင်းတစ်ခု ပေါ်လာခဲ့တယ်"

"ဒါတွေအားလုံးက သူပုန်တွေပဲ သူတို့က စိတ်ပျက်ဖွယ်ကုန်းစောင်းက ချေမှုန်းပစ်ချင်တဲ့ ပစ်မှတ်တွေ.... ဒီလိုမျိုး ထပ်တွေ့ရင် ငါ့ကို ပြောပါ...အဲဒီဘုံကျောင်းတွေကို ဖျက်စီးပစ်ရမယ်!"

ချန်ရှီက ခေါင်းယမ်းပြီး :"မင်းပြောတာမှားတယ်... သူတို့က ဟွာရှရှန်ကျိုးက နတ်တွေ.... သူပုန်တွေ မဟုတ်ဘဲ ကမ္ဘာကြီးကို အကာအကွယ်ပေးတဲ့ နတ်တွေပဲ"

ဝမ်းဝူယွီက သူ့ကိုကြည့်ပြီး။

"သူတို့က လူတွေရဲ့ယုံကြည်ခြင်းကို နှောင့်ယှက်တယ်... လူတွေရဲ့စိတ်ကို နှောင့်ယှက်တယ် တော်လှန်ဖို့ နတ်ဘုရားတွေရဲ့ နာမည်ကိုသုံးတယ်.... သူတို့က သူပုန်တွေပဲ"

ချန်ရှီ သူမကို ငေးကြည့်ရင်း ဆိုလိုက်သည်။

"ကောင်းကင်ကြီးက ကြီးတယ်၊ မြေကြီးကလည်း ကျယ်တယ်... ဒါပေမယ့် လူ့နှလုံးသားကလည်း မသေဘူး... သူတို့က လူတွေကို ကာကွယ်တယ် တောင်းဆိုသမျှကို တုံ့ပြန်တယ် လူတွေရဲ့ နှလုံးသားကို အနိုင်ယူတာ သူပုန်မဟုတ်ဘူး"

နှစ်ယောက်လုံးက လျှော့မပေးကြ။ ခဏအကြာတွင် ချန်ရှီ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

"ငါတို့အားလုံးက နွားခေါင်းတစ္ဆေတွေ ဖြစ်နေသေးလို့ မင်းနဲ့ငါက အတူတူပဲလို့ အထင်မှားသွားခဲ့တယ်... စိတ်မကောင်းပါဘူး မင်းကို စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ မွေးဖွားခဲ့တာကို မေ့သွားခဲ့တယ်... မင်းနဲ့ငါက တစ်မျိုးနွယ်တည်း မဟုတ်သလို အပြန်အလှန် သစ္စာဖောက်နေမယ့်သူပဲ"

နှစ်ယောက်သား အဝေးကို လှမ်းကြည့်သည်။

ဝမ်းဝူယွီသည် သူ့အနားတွင် ရပ်နေပြီး အဝေးမှ အက်ကွဲနေသော တောင်တန်းများပေါ်ရှိ အမတနန်းတော်ကို ကြည့်နေသည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူမက။

"ဆရာသခင်က စိတ်ပျက်ဖွယ်ကုန်းစောင်းကို ပြန်ရောက်ကတည်းက သူငယ်ချင်း မဖွဲ့ခိုင်းထားဘူး.... ချန်ရှီ နင်က ငါ့ရဲ့နောက်ဆုံးသူငယ်ချင်းပဲ"

ချန်ရှီသည် တောင်ပေါ်ရှိ အမတနန်းတော်အား ကြည့်ရှုရင်း သူ့အမြီးသည် မသိစိတ်က သူ့တင်ပါးကို ပုတ်လိုက်သည်။

ဝမ်းဝူယွီက သူ့အမြီးဖျားကို တိတ်တဆိတ် ချိတ်လိုက်ပြီး ချန်ရှီလည်း သူမ၏ အမြီးကို ခါထုတ်လိုက်သည်။ ဝမ်းဝူယွီ ထပ်ပြီး ချိတ်ပေမယ့် ချန်ရှီ တစ်ကြိမ် လှုပ်ပေမယ့် မလှုပ်ချင်​တော့တာကြောင့် ရုန်းကန်မှုကို စွန့်လွှတ်လိုက်တော့၏။

ထိုအချိန်တွင် အဝေးရှိ အမတနန်းတော်ဆီမှ ဟောက်သံတစ်သံ ထွက်လာသည်-

"သောက်ကျိုးနည်း! ယွီပြည်က ချောင်းတိုက်တယ်! သူတို့ကို ချ!"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ်လှုပ်သွားပြီး။

"သွားကြည့်ရအောင်!"

ဝမ်းဝူယွီလည်း ခေါင်းညိတ်လိုက်ပြီး အမြီးနှစ်ချောင်းကို တိတ်တဆိတ် ခွဲခွာလိုက်သည်။ နွားကလေးနှစ်ကောင်က အမတနန်းတော်ဆီသို့ ပျံသန်းသွားသလိုမျိုး ခုန်ပေါက် ပြေးသွားကြ၏။

All Chapters