ငါကိုယ်တော်ရဲ့ ပြည်သူ
Vol. 25 Ch. 361
ချန်ရှီနဲ့ ဝမ်းဝူယွီတို့သည် သေးငယ်ပြီး သွက်လက်သဖြင့် အလွန် လျင်မြန်သည်။ များမကြာမီ နှစ်ခြမ်းကွဲနေသော တောင်ပေါ်သို့ ရောက်ရှိလာကြလေသည်။ တောင်၏ခွဲခြမ်း တည်နေရာက ပုံမှန် မဟုတ်ပေ။ တောင်သည် ကြမ်းတမ်းပြီး အကွေ့အကောက်များကာ ကျိုးပဲ့နေသော နံရံများနဲ့ ရောယှက်နေတာကြောင့် အလွန်ရှုပ်ထွေးလှသည်။
အမတနန်းတော် အောက်ဘက်ရှိ အက်ကွဲနေသော တောင်တန်းများကြားတွင် နှင်းဆီနီရောင် တိမ်တိုက်များက လွင့်ပျံနေလျက် ရှိသည်။ ချန်ရှီသည် နှင်းဆီရောင် တိမ်တိုက်များအောက်တွင် လမ်းလျှောက်လာရင်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူ့ရှေ့မှာ လဲလျောင်းနေတဲ့ အလောင်းတစ်လောင်း။ အလောင်းသည် ချန်းအာမျိုးနွယ်က တစ္ဆေနတ်ဘုရား ဖြစ်သင့်သည်။ ဤမျိုးနွယ်တွင် လူမျက်နှာနှင့် ကြွက်နားရွက်၊ ဦးခေါင်းသေးသေးနှင့် ကြီးမားသော ခန္ဓာကိုယ်များရှိပြီး ခွဲခြားရလွယ်ကူသည်။
တစ္ဆေနတ်ဘုရား၏ ဝမ်းဗိုက်ပေါ်တွင် ချိတ်ဆွဲထားသော ခြင်းတောင်းတစ်ခု ရှိကာ တောင်းထဲတွင် ယခုအချိန်၌ အလောင်းဖြစ်သွားသော ငရဲနတ်လေး သုံးကောင်ပါရှိသည်။
ထိုသုံးကောင်နှင့် တစ္ဆေနတ်ဘုရားတို့၏ အလောင်းများတွင် အသွေးအသားတစ်ဝက်သာ ကျန်ခဲ့လေ၏။ အသွေးအသားမပါသော ခန္ဓာကိုယ်တစ်ဝက်က အရိုးများသာ ရှိတော့ပြီး ကျန်အင်္ဂါ အစိတ်အပိုင်းများ အားလုံးက ပျောက်ကွယ်သွားကာ သွေးလည်း မထွက်ထားချေ။
ဤသေဆုံးမှုသည် ယခင် ထျန်းကျစ်ပြည် အုပ်စိုးရှင် သေဆုံးပုံနှင့် အတူတူပင်။ သိသာထင်ရှားသည်မှာ သူတို့အားလုံးသည် အလင်းတန်းများကို ထိတွေ့ပြီးနောက် ဤထူးဆန်းသော ပြောင်းလဲမှုကို တွေ့ကြုံခံစားခဲ့ကြရပုံပါပဲ။
"ဒီအလင်းတန်းတွေက ဘုရင်ရှန့်ဖူကို သတ်လိုက်တာ ဖြစ်နိုင်လား"
ချန်ရှီသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများထဲက တစ်ခုခုကို မြင်ရန်ကြိုးစားသော်လည်း ဤအံ့သြဖွယ် အလင်းရောင်တွင် လျှို့ဝှက်ဆန်းကြယ်ပုံလည်း သိပ်မပေါ်ပါ။ အလင်းရောင်သည် ဆွဲဆောင်မှုရှိပြီး လူအများအား ၎င်းကို ထိချင်လာအောင်တော့ ဆွဲဆောင်နိုင်၏။
ဤသွေးဆောင်မှုသည် အလွန်အန္တရာယ်များလှသည်။ ကိုယ့်ကိုယ်ကို မထိန်းနိုင်ရင် လွယ်လွယ်နဲ့ သေသွားမှာပင်။
သူတို့ အရှေ့ကို လှမ်းကြည့်လိုက်တော့ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို တွေ့လိုက်ရလေသည်။ ဒီအလောင်းတွေဟာ တစ်ချိန်တည်းမှာ သေသွားကြတာတော့ မဖြစ်နိုင်။ မျိုးနွယ်စုပေါင်းစုံ ရှိသော်လည်း ထူးထူးခြားခြား မပုပ်သွားကြပေ။
၎င်းတို့သည် ယခင်အလောင်းများကဲ့သို့ပင် ၎င်းတို့၏ ခန္ဓာကိုယ် တစ်ဝက်မျှသာ ကျန်ရှိတော့သည်။ အမတနန်းတော်ထဲတွင်တော့ တစ်ယောက်ယောက်က အော်ဟစ်နေသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
နန်းတော်အား သော့ခတ်ထားသော သံကြိုးများသည် ရံဖန်ရံခါ လှုပ်ခါသွားသလိုပင်။ အမတ နန်းတော်က လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။
"အာ--"
ကောင်းကင်မှ အော်သံတစ်သံ ထပ်ထွက်လာသည်။ ချန်ရှီ မော့ကြည့်လိုက်တော့ ကောင်းကင်ကနေ တစ္ဆေနတ်ဘုရား ပြုတ်ကျလာနေတာပြီး ၎င်းခန္ဓာကိုယ်က တော်တော်ထွား၏။ ဤပုဂ္ဂိုလ်ရဲ့ ကျင့်ကြံမှုက အတော်လေး မြင့်မားပေသည်။ တစ်စုံတစ်ယောက်ကြောင့် ပြုတ်ကျသွားပေမယ့် ဖရိုဖရဲ အလင်းတန်းတွေကို ရှောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတုန်းပါပဲ။
သူသည် မဟာဝက်ဝံမျိုးနွယ်၏ တစ္ဆေနတ်ဘုရား ဖြစ်သည်။ သူ့မှာ ဝက်ခေါင်းနဲ့ လူခန္ဓာကိုယ်ရှိသည်။ ဝမ်းဗိုက်နှင့် မြင့်မြတ်သော တန်ခိုးရှိသော်လည်း သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုကြောင့် ခန္ဓာကိုယ်တစ်ဝက်လောက်ဟာ ချက်ချင်း သွေးထွက်ပြီး သေဆုံးသွားခဲ့သည်။
ငရဲနတ်လေးနှစ်ကောင်က သူ့ခါးမှာ တွဲလောင်းကျနေ၏။ နံ့သာပေါင်းကို လက်ထဲ၌ကိုင်လျက် ကောင်းကင်မှ ပြုတ်ကျလာခဲ့ရသဖြင့် တဆက်ဆက် တုန်လှုပ်လျက်။ အလင်းတန်းများရဲ့ လှိုင်းလုံးတွေကို ဖြတ်ကျော်ခါနီးမှာ ခြေသလုံး ကြွက်သားလေးတွေက အလင်းတန်းတွေကို ဖြတ်ကျော်လာ၏။
ငရဲနတ်လေးနှစ်ကောင်လည်း တုန်လှုပ်သွားပြီး ရုတ်တရတ် ဝင်လာသော နွားဦးခေါင်းကို တစ်ယောက်ပြီးတစ်ယောက် ဆုပ်ကိုင်ထားလိုက်သည်။ သူတို့သည် အလင်းတန်းများကို ရှောင်ရှားကာ လေထဲတွင် အကြိမ်ကြိမ် ကွေးညွတ်ပြီးမှ မြေပြင်ပေါ်သို့ လဲကျသွားသည်။
နွားဦးခေါင်းမှာ ချန်ရှီဖြစ်ပြီး မဟာဝက်ဝံမျိုးနွယ် နတ်ဘုရား၏ အလောင်းကို ရှောင်တိမ်းကာ ငရဲနတ်လေးနှစ်ကောင်ကို လှဲချခဲ့သူဖြစ်သည်။ ငရဲနတ်လေးများရဲ့ ခြေထောက်နှစ်ချောင်းမှာ တုန်ခါနေဆဲပင်။
ဝမ်းဝူယွီက တောင်လမ်းတစ်ခုပေါ်တွင် ရပ်လိုက်ပြီး။
"ဒီမှာ လမ်းတစ်လမ်းရှိတယ်!"
ချန်ရှီ လမ်းလျှောက်ခါနီးတွင် ရုတ်တရက် ငရဲနတ်လေးက ရှေ့သို့ ပြေးလာပြီး ပိတ်ဆို့ရန် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ခေါင်းလည်း ခါယမ်းကာ။
"ကွမ် ကုံ!"
ချန်ရှီ ရပ်လိုက်သည်။ နောက်တစ်ကောင်က မထင်မှတ်ဘဲ သူတို့ရှေ့ကို ပြေးလွှားသွားကာ မထင်မှတ်ထားသော တောင်ပေါ်လမ်းတစ်ခုသို့ ရောက်လာပြီး "ကွမ်း၊ ကွပ်" ဟု ဆိုလေသည်။
ဝမ်ဝူယွီသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“သူတို့ ဘာပြောတာလဲ”
ချန်ရှီလည်း သူနဲ့အတူ နောက်ထပ် တောင်လမ်းတစ်ခုကို လျှောက်လာခဲ့သည်။
"မင်းအခုနက လျှောက်ခဲ့တဲ့လမ်းက မရဏလမ်းပဲလို့ သူတို့ပြောနေတာ... နေဝင်ပြီးရင် တောင်တက်လမ်းက ပိတ်ဆို့သွားလိမ့်မယ်... အဲ့မှာ သခင်တော်တော်များများ သေသွားတယ်တဲ့ တခြားလမ်းက တောင်ထိပ်ကိုသွားတဲ့ လမ်းပဲ"
ဝမ်းဝူယွီ အံ့သြသွားကာ။
"ဒီကောင်လေးတွေကို ကယ်တင်တာက ဒီလိုအကျိုးကျေးဇူးရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... သူတို့က ငါတို့နောက်ကို လိုက်နေကြတုန်းပဲနော် နင့်အတွက် နံ့သာပေါင်းတောင် မီးရှို့နေကြတယ်!"
ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ သူတို့နောက်ကို လိုက်လာတဲ့ ငရဲနတ်လေးနှစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ တစ်ယောက်က လက်ထဲမှာ အမွှေးတိုင်တစ်ချောင်းကိုင်ပြီး နံ့သာနံ့က ချန်ရှီဆီ လွင့်ပျံနေ၏။
ချန်ရှီ ခေါင်းယမ်းပြလိုက်သည်။
"မင်းဆို်ရဲ့သခင် သေသွားပြီ... မင်းတို့ လွတ်လပ်သွားပြီ..."
"ကွမ်း!"
ထိုနှစ်ကောင်က ခေါင်းခါပြီး သူ့နောက်ကိုလိုက်ဖို့ အရမ်းခေါင်းမာနေသည်။ ချန်ရှီ စာရွက်အနည်းငယ်ကို ထုတ်ပြီး သူတို့လက်ထဲ ထည့်ပေးလိုက်သည်။
"ငါမင်းတို့ကို မလိုပါဘူး အရှေ့မှာ အန္တရာယ်များလွန်းတယ်.... အန္တရာယ်မရှိတဲ့ အလုပ်တစ်ခုကို သွားရှာ..."
ငရဲနတ်လေးနှစ်ကောင်က ခေါင်းယမ်းပြပြီး သူ့ပိုက်ဆံကို ယူဖို့ ငြင်းဆန်ရင်း နံ့သာပေါင်းနှင့်သာ ဆက်လိုက်နေကြသေးသည်။
ဝမ်းဝူယွီ : "သူတို့အသက်ကို ကယ်ခဲ့လို့ ပြန်ဆပ်ချင်နေတာ ဖြစ်မယ်"
ချန်ရှီ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်သည်။
"ငရဲနတ်လေးတွေရဲ့ သစ္စာစောင့်သိမှု အကြောင်း ပြောချင်တာလား"
ဝမ်းဝူယွီ : "တချို့တွေက အထူးသစ္စာရှိတယ်... ဒီအရာလေးတွေ ကြီးပြင်းလာဖို့ ခက်တယ်လေ... ငရဲနတ်လေးတစ်ရာမှာ သုံးလေးငါးယောက်လောက် အသက်ရှင်သန်နိုင်ရင်ကို အံ့သြစရာ ကောင်းနေပြီ... ဒါပေမယ့် သူတို့ကို ကောင်းကောင်းဆက်ဆံရင် နင့်နောက်ကို တောက်လျှောက် လိုက်လာလိမ့်မယ်"
သူမသည် ယခင်က ငရဲနတ်အဖြစ် ပြောင်းလဲခဲ့ဖူးသဖြင့် ထိုမျိုးနွယ်ကို ကောင်းစွာသိသည်။
အပေါ်စီးမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နှစ်ဘက်လုံးက တိုက်ပွဲပြင်းထန်နေပုံပါပဲ။ အမတနန်းတော်သို့ သွားသော လမ်းသည် အလွန်ကြမ်းတမ်းပြီး ရံဖန်ရံခါ အလင်းတန်းများ ဖြာထွက်ကာ လမ်းကိုပိတ်ဆို့လာတတ်သဖြင့် အလွန်အန္တရာယ်များလှသည်။ အရှေ့ကိုဆက်မသွားခင် အလင်းတန်းတွေကြောင့် ခဏ ရပ်ပြီး စောင့်နေရသည်။
ငရဲနတ်လေးနှစ်ကောင်က ဤနေရာနှင့် ရင်းနှီးပြီး အလင်းတန်းများ မရောက်လာမီတွင် သူတို့ကို ခဏစောင့်ခိုင်းသည်။ သူတို့ အချက်ပြပြီးတာနဲ့ ကျောက်ဆောင်ရဲ့ တစ်ဖက်ခြမ်းကနေ အလင်းတန်းတွေ လွင့်ပျံလာခဲ့၏။ အရူးအမူး လမ်းလျှောက်သွားရင်တော့ တစ်ဝက်လောက် အဖြတ်ခံရမှာ သေချာသည်။
တောင်ပေါ်ကို ဖြတ်သန်းပျံသန်းဖို့ မပြောနှင့်။ သတိမထားမိပါက ပုံမှန်မဟုတ်သော ရွေ့လျားနေသည့် အလင်းတန်းများ၏ တွန်းပို့မှုကြောင့်လည်း တိုက်ရိုက် သေဆုံးသွားနိုင်သည်။
ဝမ်းဝူယွီလည်း တွေးနေ၏။
"ငရဲနတ်လေးတွေကိုသာ မကယ်ခဲ့မိရင် အချိန်အများကြီး ဖြုန်းမိမှာတောင် ကြောက်ရတယ်"
......
ရှန့်ခွမ်းသည် အမတနန်းတော်အနီး၊ စင်္ကြံအစွန်းအထိ အကြိမ်ကြိမ် ဆုတ်သွားပြီး လဲကျလုနီးပါး ဖြစ်လာခဲ့သည်။ သူသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် မတ်တပ်ရပ်လိုက်ပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
သူ့ပြိုင်ဘက်သည် တောင်ပံများကိုခတ်ကာ ချောက်ကမ်းပါးမှ ထိုးထွက်လျက်ရှိသော စင်္ကြံကိုပတ်ကာ လှည့်ပတ်နေသော အင်အားကိုဖယ်ရှားရင်း စင်မြင့်ပေါ်တွင် ဆက်လက် ဆင်းသက်လာခဲ့သည်။
ဤစင်မြင့်ကတော့ သံကြိုးများ ချည်ထားသည့်နေရာ ဖြစ်သည်။ သံကြိုးများက အလွန်ထူပြီး စင်မြင့်အောက်ခြေကို ဖြတ်သွားကြ၏။ တောင်လမ်းက ဒီစင်မြင့်ကို ဦးတည်နေခဲ့ခြင်းသာ။ ယခုအချိန်တွင် ရှန့်ခွမ်းနှင့် အခြားသူများအတွက် ပြန်သွားမည့်လမ်းကို ပိတ်ဆို့နေသော ဤတောင်လမ်းပေါ်တွင် အတောင်ပံခတ် သရဲတစ္ဆေများစွာလည်း ရှိနေသည်။
ရှန့်ခွမ်း၊ ယို့ဖေးနှင့် အခြားသူများကို ယွီပြည်ရှိ လူငယ်သခင်များစွာက ဤစင်မြင့်ပေါ်တွင် ပိတ်ဆို့ထားကြသည်။ ယို့ဖေးနဲ့ အခြားသူများက ဒဏ်ရာရထားပြီး ချောက်ကမ်းပါးကို မှီလိုက်ကြစဥ် ရှန့်ခွမ်းက သူတို့ကို ကာကွယ်ဖို့ သူတို့ရှေ့မှာ ရပ်လိုက်သည်။
ဒေါသအပြင်းထန်ဆုံး ဖြစ်သော ချစ်ကျွင်းက ခြေတစ်ဖက် ကျိုးသွားခဲ့ပါပြီ။ ရန့်ဝူး၏ တစ္ဆေအရုပ်အများစုသည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ယို့ဖေး၏ ရင်ဘတ်ပေါ်ရှိ ခေါင်းလောင်းကို ဆွဲဖြုတ်ထားရာ သွေးထွက်နေပါသည်။ ကုံရှီက အဆိပ်သင့်ထားသောကြောင့် မြေပြင်ပေါ်၌ လဲကျနေကြသည်။
ယွီပြည်က သခင်ငယ်များသည် ၎င်းတို့အား ပိတ်ဆို့ခဲ့သည်။ အများစုမှာ အတောင်ပံပါသော သရဲတစ္ဆေများပင်။ မျိုးနွယ်စုမှ ဦးဆောင်သူတွင် ငှက်ဦးခေါင်းနှင့် လူ့ခန္ဓာကိုယ်ရှိပြီး သူ၏ ဦးခေါင်းနှင့် မျက်နှာကို မီးခိုးရောင် အမွေးများဖြင့် ဖုံးအုပ်ထားသည်။
လူခေါင်းများ၊ မြွေခန္ဓာများနှင့် ငှက်တောင်ပံများပါရှိသော အမွေးမြွေမျိုးနွယ်များလည်း ပါသေး၏။ ရှန်းဟုန်မျိုးနွယ်စုတွင် လူသားဦးခေါင်းများ၊ ငှက်ခြေများနှင့် အတောင်များရှိသည်။
"ရှန့်ခွမ်း... မင်းအဖေဆုံးသွားပြီလို့ ငါကြားတယ် ထျန်းကျစ်ပြည်ရဲ့ ဘုရင် အသစ်က မင်းမဟုတ်ဘူး... အရိုးစုတစ္ဆေဆို??"
ကျာလုံမျိုးနွယ်စုမှ လူက ရယ်ကြသည်။
"မင်းရဲ့ ထျန်းကျစ်ပြည်ကတော့ ဆုတ်ယုတ်တော့မှာပဲ... အရိုးစုတစ္ဆေတောင်မှ ခေါင်းဆောင်ဖြစ်နိုင်တယ်.... ငါ မင်းကို လွန်လွန်ကဲကဲ တွက်ဆခဲ့ဖူးပေမယ့် မင်းက အရိုးစုတစ္ဆေလောက်တောင် ကောင်းကောင်း မလုပ်နိုင်ဘူး"
ရှန့်ခွမ်းသည် နတ်အလင်းရောင်များဖြင့် ဝန်းရံထားရင်း ရှေ့သို့ ထွက်လာခဲ့သည်။
"လုံချား... မင်းသတ္တိရှိရင် တစ်ယောက်ချင်း သေတဲ့အထိ တိုက်မယ်!"
ကျာလုံမျိုးနွယ်စုက အနည်းငယ် ပြုံးပြပြီး ရှန်းဟုန်မျိုးနွယ်နဲ့ မြွေအမွေးမျိုးနွယ်က သခင်ငယ်တွေက တစ်ဖက်စီမှ ပြေးထွက်လာကြသည်။ ဤလူနှစ်ယောက်၏ ခွန်အားသည် ရှန့်ခွမ်းထက် အနည်းငယ်သာ နိမ့်ပါး၏။ ယခု နှစ်ယောက်သားက လက်တွဲပြီး သူ့ထိုးစစ်ကို ဖြိုခွင်းလိုက်ကြသည်။
ရှန့်ခွမ်းအတွက် အကျပ်အတည်း ဖြစ်လာသည်။ ၎င်းတို့၏ ဝိုင်းရံမှုကို ပိတ်ဆို့ရန် လျင်မြန်စွာ လုပ်ဆောင်ရ၏။ ရှန်းဟုန်မျိုးနွယ် ၊ မြွေအမွေးမျိုးနွယ်က သခင်များတွင် ဓားလိုအတောင်များ၊ ကြာပွတ်ကဲ့သို့သော အမြီးရှည်များ၊ ချွန်ထက်သော ခြေသည်းများ ရှိသည်။ ထိုအရာတွေက သူတို့ကိုသတ်ပြီး ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တဲ့ လက်နက်တွေပါပဲ။ အခုလည်း ချောက်ကမ်းပါးပေါ်ကနေ ခုန်ချဖို့ တွန်းအားပေးလုနီးပါး ဖြစ်ခဲ့ပြန်ပြီ။
သူ့ပုံစံအမှန်ကို ပြသရန် တွန်းအားကို ချိုးနှိမ်ကာ အထပ်ထပ် ဟောက်သည်။ သူသည် ရှန့်ဖန်မျိုးနွယ်မှဖြစ်ပြီး ကြမ်းတမ်းသော အသားအရည်နှင့် ယှဉ်နိုင်သော နတ်တန်ခိုး ရှိသည့် သရဲတစ္ဆေများကြားတွင် အဆင့်မြင့်မားသော မျိုးနွယ်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အသွင်အပြင်များက အလွန်ပြင်းထန်သော ခုခံနိုင်စွမ်း ရှိသည်။
သူ့သွေးလိုင်းသည် ဆဋ္ဌမအဆင့်သို့ နိုးထလာခဲ့ပြီး အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။ သူ့ရဲ့ပုံစံအစစ်အမှန်ကို ပြသပြီးရင် ပိုတောင် သန်မာလာပေမယ့် အသွင်အစစ်က အလွန်ကြီးမားလွန်း၏။ ဒီလိုနေရာမျိုးမှာ သူ့ရဲ့ရုပ်သဏ္ဍာန်အမှန်ကို ပြသခဲ့မယ်ဆိုရင် နေဝင်ချိန်အလင်းရောင်ကြောင့် သူ့အသားတစ်ဝက်ကို ဖြတ်တောက်ခံရမှာ သေချာသည်။
ရုတ်တရက်ဆိုသလိုပင် အမွေးမြွေကြီးသည် ၎င်း၏ရှည်လျားသော အမြီးကို လွှင့်ထုတ်ကာ ရှန့်ခွမ်း၏ ဆင်ခြေထောက်တစ်ဖက်ကို ရစ်ပတ်ကာ ပြင်းပြင်းထန်ထန် ဆွဲတင်လိုက်လေသည်။
ရှန်းဟုန်မျိုးနွယ်စု သခင်သည် သူ့လက်သည်းများကို ဆန့်ထုတ်ကာ ရှန့်ခွမ်း၏ မျက်လုံးများကို ဖမ်းဆုပ်ရန် အခွင့်အရေးကို အရယူလိုက်သည်။
ရှန့်ခွမ်းလည်း ဒေါသတကြီး ဖြစ်လာကာ သူ၏သွေးစွမ်းအားကို ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။ အလွန်အမင်း သန်မာသော ညာဘက်လက်မောင်းတွင် လှပသော အသွင်အပြင်မျိုးစုံ ပေါ်လာ၏။ ထိုလက်မောင်းဖြင့် ရှန်းဟုန်မျိုးနွယ် သခင်ကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
"တောင်တုန်ခါမှုစွမ်းအား!"
သူ၏ မိုးခြိမ်းသံနှင့်အတူ သူ့ရှေ့က နေရာလွတ်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။ ဒီလက်သီးဟာ မှော်စွမ်းအားကို အသုံးပြုထားတာမို့ အနီးနားက ရှန်းဟုန်မျိုးနွယ်စုသခင်ကို ထိမှန်သွားခဲ့၏။ ဒါက ရှန့်ဖန်မျိုးနွယ်စု၏ မွေးရာပါ မှော်အစွမ်းဖြစ်သည်။ သွေးစွမ်းအား နိုးကြားမှုနှင့်အတူ သူတို့သည် ဤမှော်အစွမ်းကို သဘာဝကျကျ နားလည်နိုင်ပေသည်။
ရှန့်ခွမ်း၏ တောင်တုန်လှုပ်နေသော စွမ်းအားကို အသုံးပြု၍ တောင်ကုန်းငယ်တစ်ခုကို ရှေ့သို့ တွန်းထုတ်ခဲ့ပုံက အစွမ်းထက်တယ်လို့ မြင်နိုင်ပါ၏။ ရှန်းဟုန်မျိုးနွယ်သခင်၏ မျက်နှာလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ထိုမှော်အစွမ်းသည် သူ့ခြေသည်းများ အနီးသို့ မရောက်မီ၊ သူ့ရဲ့သွေးစွမ်းအားက အချိန်မီ မတားနိုင်ခဲ့ပါဘူး။
သူသည် အတောင်ပံများကို တုန်ထုတ်ခါလိုက်လေ၏။ အနက်ရောင်လေသည် သူ့အတောင်ပံများ အောက်မှ ရုတ်တရက် ရုန်းထလာပြီး ရှန့်ခွမ်းဆီသို့ အေးစက်သော လေနှင့်အတူ မှုတ်ထုတ်လိုက်သည်။
"လေပြင်းဟောက်သံ!"
တစ်ချိန်တည်းမှာပင် အမွေးရှိမြွေသခင်သည် သူ၏မွေးရာပါ မှော်စွမ်းအားကို အသက်သွင်းလိုက်၏။ အဆိပ်ပြင်းသော မီးတစ်လုတ်ကို မှုတ်ထုတ်လိုက်ရင်ပဲ မီးတောက်များသည် လေပြင်းထဲ ဟုန်းခနဲ ထိုးသွင်းလိုက်လေရာ လေက မီးအားကို ပိုအားကောင်းစေတော့သည်။
မီးထဲရှိ ရွှေမြွေသည် အရာအားလုံးကို လောင်ကျွမ်းသွားစေတော့မလို တောက်လောင်နေ၏။
၎င်းတို့နှစ်ဦးသည် ဆဋ္ဌမအဆင့် သွေးနိုးကြားမှု၏ သခင်များဖြစ်ကြပြီး ရှန့်ခွမ်းထက် များစွာ အားနည်းခြင်းမရှိပေ။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် အင်အားစုများနှင့် ပူးပေါင်းပြီး မှော်အစွမ်းများ ပေါင်းစပ်လိုက်တာကြောင့် တုန်လှုပ်နေသော တောင်အင်အားကို ချက်ချင်း ပိတ်ဆို့ထားနိုင်လိုက်သည်။
သူတို့၏ မှော်စွမ်းအားများသည် အလွန်အစွမ်းထက်သော်လည်း သူတို့၏ခြေရင်းအောက်ရှိ စင်မြင့်နှင့် နံဘေးရှိ တောင်တန်းများဆီသို့ ပျံ့နှံ့သွားသော တွန်းအားများသည် တောင်ကြီးကို လုံးဝ မချေဖျက်နိုင်ခဲ့။
ဤတောင်သည် မပျက်စီးနိုင်ဘဲ မြေအောက်ကမ္ဘာထဲသို့ ကျသွားသော နတ်သမီးတောင်ကဲ့သို့ပင်။
မင်းသား လုံချားက ကျယ်လောင်စွာ ရယ်မောကာ သူ့အတောင်များကို ရှေ့သို့ ခုတ်လှဲလိုက်သည်။
"ရှန့်ခွမ်း... မင်းက ငါ့ကို သေတဲ့အထိ တစ်ယောက်ချင်း တိုက်ခိုက်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား... ငါလာပြီ!"
ရှန့်ခွမ်းသည် သခင်နှစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံထားခဲ့ရသဖြင့် မင်းသားလုံချားရဲ့ တိုက်ကွက်ကို ခုခံရန် အင်အားမရှိတော့ပေ။ ရင်ဘတ်ကို အတောင်များဖြင့် လှီးဖြတ်ခံရပြီးနောက် ချက်ချင်းပင် သွေးများ ရွှဲလာသည်။ ရှန့်ခွမ်း ဆက်တိုက် နောက်ပြန်ဆုတ်သွားရကာ ချောက်ကမ်းပါးကို ထိမှန်သွားခဲ့သည်။
မင်းသားလုံချားက ပျံတက်သွားပြီး ရှန့်ခွမ်းခေါင်းကို ဦးတည် တိုက်ခိုက်လိုက်သည်။ ချွန်ထက်သော ခြေသည်းများက ရန်သူရဲ့ ဦးခေါင်းခွံကို တိုက်ရိုက် ထိုးဖောက်ပြီး ဦးနှောက်ထဲအထိ ဝင်ရောက်နိုင်သည်။ မင်းသားလုံချားရဲ့ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည့် အချိန်တွင် ငရဲနတ်လေးနှစ်ကောင်နှင့်အတူ နွားဦးခေါင်းတစ္ဆေတစ်ကောင်သည် တောင်လမ်းပေါ်သို့ ပြေးတက်လာနေတာ တွေ့လိုက်ရသည်။
နွားခေါင်းတစ္ဆေ နှစ်ကောင်မှာ အထီးတစ်ကောင်နှင့် အမတစ်ကောင် ဖြစ်သည်။ အမလေး၏ ဦးချိုဘေးတွင် ကျစ်ဆံမြီးငယ်နှစ်ခုရှိသည်။ ပြေးလာတဲ့အခါ ကျစ်ဆံမြီးလေးတွေက ခုန်ပေါက်နေ၏။
"ဒီတစ္ဆေနှစ်ကောင်က ဒီကိုလာရဲတယ်လား"
ဒါကိုပဲ တွေးလိုက်မိပေမယ့် တောင်လမ်းကို စောင့်နေတဲ့ ယွီပြည်သခင်ငယ်ရဲ့ ခေါင်းကို နွားထီးလေးက ဖိချပြီး ချောက်နံရံဘက် ဆောင့်ကန်လိုက်လေသည်။ ညာဘက်ခြေထောက်ကိုတော့ ယွီတိုင်းပြည် သခင်တစ်ပါးရဲ့ ခွအောက်ကနေ ကန်ချလိုက်တာကို တွေ့လိုက်ရ၏။
"မြန်လိုက်တာ!"
မင်းသားလုံချားလည်း အံ့သြသွားသည်။ သူ ရှန့်ခွမ်းခေါင်းကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။ အားတင်းလုဆဲဆဲတွင် နွားငယ်လေးတစ်ကောင်သည် ယွီပြည်၏ သခင်ငယ်နှစ်ကောင်ကို ကျော်ဖြတ်လာပြီ။ တစ်ကောင်က သတိလစ်သွားကာ နောက်တစ်ကောင်မှာ ဒဏ်ရာအပြင်းအထန် ရသွားသည်။
နွားဦးခေါင်းတစ္ဆေနှစ်ကောင်သည် ၎င်းတို့၏ ဘယ်ညာ ခြေထောက်များကို ဘယ်တစ်ဖက် ညာတစ်ဖက် ကန်သွင်းရင်း ခုတ်ထစ်ကာ ခေါင်းများကို ပြင်းပြင်းထန်ထန် သုတ်သင်ပစ်လိုက်သည်။
နွားဦးခေါင်းတစ္ဆေများသည် သေးငယ်သော်လည်း အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်နေသည်။ ၎င်းသည် သူ့ခေါင်းကို ရိုက်နေသလိုပဲ တုန်လှုပ်သွားစေရာ ကြောင်တက်တက်နဲ့ ရပ်ကြည့်နေမိတော့သည်။
မင်းသားလုံချား ပြန်လည် တိုက်ခိုက်တော့မည် ဖြစ်သော်လည်း နွားထီးလေးက လက်ငါးချောင်းကို ဆုပ်ကာ သူ့လည်မျိုပေါ်၌ လက်သီးတစ်ချက် ထိုးသွင်းလာလေသည်။ ကျန်လက်တစ်ဖက်က နွားကလေးက မေးစေ့ကို ကန်တယ်။
မင်းသားလုံချား နောက်ပြန်လှည့်ကာ သူ့စိတ်ထဲတွင် ဗလာချည်း ဖြစ်သွားသည်။
"သေတော့မယ်!"
နေရာတိုင်းတွင် နှင်းဆီရောင် တောက်နေသည့် တိမ်တွေ ရှိနေတာ ရုတ်တရက် သတိရသွားခိုက် အလိုလို ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် အလွန်ထူထဲသော သံကြိုးတစ်ခုနှင့် ထိမိသွားချေပြီ။ သံကြိုးသည် တောက်ပြောင်နေပြီး ရိုက်ခတ်လာသော တွန်းအားများ လွင့်စင်သွားကာ သူ့ခန္ဓာကိုယ်လည်း ရပ်တန့်သွားသည်။
နွားငယ်လေးသည် လျှပ်စီးလက်သလို ပြေးထွက်သွားကာ သူ့နှလုံးနေရာကို ခြေချောင်းများဖြင့် နင်းချလိုက်သည်။ မင်းသားလုံချား သွေးအန်ပစ်လိုက်၏။ ထိုစဥ် နွားငယ်မလေးသည် နောက်သို့ခုန်ကာ ကျစ်ဆံမြီးနှစ်ချောင်းဖြင့် ဖြတ်သွားကာ အခြားအမွေး မြွေနှစ်ကောင်နှင့် ရှန်းဟုန်မျိုးနွယ်က သခင်များကို မြေပြင်ပေါ်သို့ ခေါက်ချလိုက်တာ မြင်လိုက်ရသည်။
နွားကလေးနှစ်ကောင်သည် အလွန်လျင်မြန်ပြီး ခန္ဓာကိုယ်သေးသေးလေးဖြင့် တစ္ဆေသရဲများကဲ့သို့ လှုပ်ရှားကာ ကြိမ်ဖန်များစွာ တိုက်ခိုက်နိုင်ကြသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လှုပ်ရှားတိုင်း သူတို့သည် ယွီပြည်ရှိ သခင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်၏။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ယွီပြည်ကသခင် ၁၈ ယောက် လဲကျသွားကြသည်။
မင်းသားလုံချားသည် ဒဏ်ရာကို ခံနိုင်ရည်ရှိတာကြောင့် ချက်ချင်း ထရပ်ကာ သူ၏ မွေးရာပါ မှော်စွမ်းအားကို တွန်းအားပေးကာ ပါးစပ်ကို ဖွင့်ကာ စုပ်ယူပစ်လေသဖြင့် သူ့ရှေ့ရှိ နေရာလွတ်လည်း ရုတ်တရက် ပြိုကျသွားသည်။ နွားဦးခေါင်းတစ္ဆေ နှစ်ကောင်သည်လည်း မတ်တပ်ရပ်မနေနိုင်တော့ဘဲ သူ့ပါးစပ်ထဲသို့ လွင့်လာ၏။
ဒါက ကျားလုံမျိုးနွယ်စု၏ အသွေးအသားကို ဝါးမြိုသည့် သွေးလိုင်းပင်။ သွေးကြောများ အပြည့်အဝ ဖွံ့ဖြိုးပြီး ပွင့်လာပါက မိုင်ရာနှင့်ချီသော အချင်းဝက်အတွင်း အပင်များ၊ လူနှင့် တိရိစ္ဆာန်များ အားလုံးကို သူ မျိုချလိမ့်မည်။ လုံချားသည် ဆဋ္ဌမမြောက်သွေးကို နိုးထစေခဲ့ပြီးပြီ ဖြစ်သည်။
မထင်မှတ်ပဲ၊ နွားဦးခေါင်းတစ္ဆေနှစ်ကောင်ထဲက တစ်ကောင်၏ ခေါင်းအနောက်တွင် ငရဲသွေးအိုင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လေချွန်သံနှင့် လှည့်လိုက်ရာ နတ်တစ္ဆေနယ်မြေ၏ စွမ်းအားများ တိုးလာတော့သည်။ အခြားတစ်ကောင်က တာအိုနယ်မြေပေါ် ပြေးတက်သွားပြီး သူ့ခေါင်းနောက်မှာ နတ်ကွန်းတစ်ခုပေါ်လာသည်။ သူတို့နှစ်ယောက်က တစ်ပြိုင်တည်း ပြေးလာကြ၏။
မင်းသားလုံချားသည် ၎င်းကို ခုခံရန် သူ့လက်ကို မြှောက်လိုက်ပြီး အံ့ဩစရာ ကောင်းလောက်အောင် သွေးအန်ကာ သူ၏ အသက်ရှုအားကလည်း ပျော့သွားသည်။ နွားခေါင်းနှစ်ကောင်သည် ထူးဆန်းသောအမြင်အာရုံကို ဖြန့်ကျက်ကာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြရင်း ညာလက်ကိုဆန့်ကာ တိုက်ခိုက်လာလေ၏။
ရှန့်ခွမ်းသည် မူလက မျက်လုံးမှိတ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းခဲ့သော်လည်း ယခုလိုပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ သူသည် နွားဦးခေါင်း တစ္ဆေနှစ်ကောင်ကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေရသည်။
တခြားသခင်ငယ်များသည် မှိုင်းသော အမူအရာဖြင့် နွားခေါင်းနှစ်ကောင်ကို ကြည့်ကြသည်။ ဤနွားငယ်နှစ်ကောင်ဟာ သူတို့ကို ခေါ်လာပေးသူတွေမို့ သဘာဝအတိုင်း မှတ်မိကြပါသည်။
သို့သော် ဤနွားဦးခေါင်း သရဲနှစ်ကောင်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။
ငရဲနတ်လေးနှစ်ကောင်သည် လက်ထဲတွင် အမွှေးတိုင်တစ်ချောင်းစီကို ကိုင်ဆောင်ကာ ဂရုတစိုက်နှင့် ဖြတ်သွားကြ၏။ သူတို့က ချန်ရှီနှင့် ဝမ်းဝူယွီတို့နောက်သို့ လိုက်သွားကြသည်။ ချန်ရှီနှင့် ဝမ်းဝူယွီကလည်း သံကြိုးဆီသို့ ချက်ချင်း လျှောက်သွားကြပေသည်။
ရှန့်ခွမ်း: "ချန်ရှီ မင်း ငါတို့ကို ဘာလို့ ကယ်ခဲ့တာလဲ"
ချန်ရှီ သူ့ကိုပြန်ကြည့်ကာ ပြုံးပြလိုက်သည်။ သို့သော် ပြန်တော့မဖြေဘဲ သံကြိုးပေါ်သာ တက်သွားခဲ့သည်။ သံကြိုးသည် အလွန်ထူသဖြင့် စာတိုက်လမ်းပေါ်တွင် လမ်းလျှောက်နေရသလိုပဲ အလွန် တည်ငြိမ်သည်။
မင်းသားလုံချားခမျာ ချန်ရှီနှင့် ဝမ်းဝူယွီ အနီးသို့ ချဉ်းကပ်လာသည်ကို ကြည့်ရင်း ထိတ်လန့်သွားပုံရသည်။ သူက သူ့ဒဏ်ရာတွေကို တောင့်ခံရင်း အော်မေး၏။
"မိတ်ဆွေက ဘယ်သူလဲ.... ဘာလို့ ငါ့ယွီပြည်ကို ဆန့်ကျင်နေတာလဲ"
"ဘာလို့လဲဆိုတော့ သူတို့က ငါကိုယ်တော်ရဲ့ လူတွေမလို့ပဲ!"
ချန်ရှီ အသွင်ပြောင်းတဲ့ စာလုံးကို ဖြန့်ခွဲလိုက်ပြီး သူ့အရိုးစုပုံသဏ္ဍာန် အစစ်အမှန်ကို ပြသကာ သူ့ဆီ လှမ်းသွားလိုက်သည်။
"မင်းက ငါ့လူတွေကို သတ်လိုက်တာ... မင်းကို ငါချက်ချင်းတော့ မသတ်ဘူး... မင်းရဲ့ ဘိုးဘေးတွေက ငရဲတံခါးဝမှာ မြန်မြန် ခေါင်းစိုက်ချခိုင်းလိုက်ဦးမယ်.."
မင်းသားလုံချား :"မင်းက ထျန်းကျစ်ပြည်ရဲ့ အရိုးစုဘုရင်ပဲ!"
ဝမ်းဝူယွီသည်လည်း အသွင်ပြောင်းစွမ်းအင်ကို ဖြန့်ခွဲကာ သူမ၏ ပုံစံအစစ်အမှန်ကို ပြန်လည်ထိန်းသိမ်းနေပြီး နောင်တရစွာဖြင့် ပြောလေသည်။
"နွားခေါင်းလေးအဖြစ် ဆက်မဟန်ဆောင်နိုင်လို့ သနားစရာကောင်းလိုက်တာ.... ငါနင့်ရဲ့အမြီးကို အခုဆွဲလို့မရတော့ဘူး!"
နှစ်ယောက်သား ငရဲနတ်လေးနှစ်ကောင်ကို ခေါ်ကာ အထက်က အမတနန်းတော်ဆီသို့ လျှောက်သွားကြသည်။ မင်းသားရှန့်ခွမ်း၏ မျက်နှာမှာ မသေချာမရေရာ ဖြစ်ကာ တိတ်ဆိတ်နေ၏။
ယို့ဖေးက သက်ပြင်းချလိုက်ပြီး။
"ဒါက ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာပဒ.... ရှင်ဘုရင်ရာထူးကို ငါ အိပ်မက်မမက်ပါဘူး... ရှန့်ခွမ်း ရန့်ဝူး တိုက်ချင်ရင် ကိုယ့်ဘာသာသွားကြ!"
ယိုဟွမ်က ခေါင်းခါသည်။
“ငါလည်း မတိုက်ဘူး”
ရန့်ဝူး : "သူကငါ့ကိုကူညီခဲ့တယ်... ငါ တိုက်ခိုက်နေသေးရင် ငါ မကောင်းဆိုးဝါးပဲ ဖြစ်သွားလိမ့်မယ်"
လူတိုင်းက ခေါင်းယမ်းကြသည်။
“တိုက်မနေတော့ဘူး”
ထိုစဥ် ရှန့်ခွမ်းကလည်း အသံကျယ်ကျယ်နဲ့ ပြောလာ၏။
"တိုက်မနေတော့ဘူး... ဒါပေမယ့် အမတ ကံကြမ္မာအတွက် ငါ တိုက်ပွဲဝင်ရမယ်!"