← Chapters

အပြစ်ကင်းသော တာအိုနယ်မြေ

Vol. 25 Ch. 362

အပြစ်ကင်းသော တာအိုနယ်မြေ

Vol. 25 Ch. 362

မင်းသားလုံချား သံကြိုးတစ်လျှောက် တက်လာပြီး ​မော့ကြည့်လိုက်သောအခါ ချန်ရှီနဲ့ ဝမ်းဝူယွီတို့ အပြေးအလွှား သွားနေကြတာ မြင်လိုက်ရလေသည်။

"ထျန်းကျစ်ပြည်ရဲ့ အရှင်ဘုရင်က အရိုးစုတစ္ဆေလေးတစ်ကောင်ပဲ ဆိုပေမယ့် အရမ်း အစွမ်းထက်တယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက အရိုးစုပဲ တကယ့်ကိုယ်ခန္ဓာ မရှိဘူး.... ခန္ဓာကိုယ်မရှိ၊ သွေးမရှိနဲ့... အသွေးမရှိရင် သူ့သွေးနဲ့ မျိုးနွယ်စုပေါင်းစုံကို စုဆောင်းဖို့ မဖြစ်နိုင်ဘူး.. သူက အရိုးစုပဲလေ"

ယွီပြည်နှင့် ထျန်းကျစ်ပြည်တို့က အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်။ ယွီပြည်၌ မျိုးနွယ် အများစုမှာ အတောင်ပံရှိသော သရဲတစ္ဆေများ ဖြစ်ကြကာ ထျန်းကျစ်ပြည်လို တူညီသော စည်းမျဉ်းများ ရှိသည်။ ဆိုလိုသည်မှာ အုပ်စိုးရှင်အသစ် နန်းတက်သောအခါတွင် မျိုးနွယ်စုအသီးသီး၏ နတ်သွေးများကို စုစည်းပြီး အုပ်စိုးသူအသစ်၏ အရွတ်များနှင့် ခြင်ဆီများကို သန့်စင်ရန် လိုအပ်သည်။ သွေး၏ စွမ်းအားကို မြှင့်တင်ပေးပြီး အုပ်စိုးရှင်သစ်၏ ခွန်အားကို တစ်ရှိန်ထိုး ကိုးအဆင့်အထိ မြှင့်တင်ကာ ပြိုင်ဘက်ကင်းသော စစ်ပွဲ ဖြစ်လာစေရမည်။

မြင့်မြတ်သော သွေးကို ပူဇော်ခြင်း ပထမအချက် အနေဖြင့် မျိုးနွယ်စုများသည် ဘုရင်အပေါ် သစ္စာရှိမှုကို ဖော်ပြကြပြီး၊ ဒုတိယအချက်မှာ ဘုရင်မင်းမြတ်၏ စွမ်းအားများ တိုးမြင့်လာကာ မျိုးနွယ်စုများကို နှိမ်နင်းရန် ဖြစ်သည်။ တတိယမှာ တိုင်းတစ်ပါးရန်သူနှင့် ရင်ဆိုင်ရသောအခါ ဘုရင်သည် တိုင်းပြည်ကို စောင့်ရှောက်ရန် လမ်းပြပေးရမည်။ မသန်မာရင်တော့ မကြာခင် အသတ်ခံရမှာပင်။

ယင်တောင်တန်း ဒေသရှိ တစ္ဆေနိုင်ငံအများစုတွင် ဤစည်းမျဉ်းရှိသည်။

"ငါက သူ့ပြိုင်ဘက်မဟုတ်ပေမယ့် ကံကောင်းချင်တော့ ဒီတစ်ခါ အမတနန်းတော်ကို စူးစမ်းလေ့လာဖို့ ယွီပြည်က ထွက်လာတာ ငါတို့တင် မဟုတ်ဘူး"

ဒါကို တွေးကြည့်လိုက်တဲ့အခါ မင်းသားလုံချား၏ မျက်လုံးများ တောက်ပလာတော့သည်။ ဤနေရာသည် ထျန်းကျစ်ပြည်နှင့် ယွီပြည်၏ လမ်းဆုံမှာ ဖြစ်သည်။ အမတများ ပေါ်ပေါက်လာကြောင်း သတင်းများ ပြန့်နှံ့သွားပြီးနောက် ထိုနေရာနှစ်ခုမှ သခင်များစွာသည် စူးစမ်းလေ့လာရန် လာရောက်ခဲ့ကြပြီး ပြန်လာခဲ့ကြခြင်း မရှိခဲ့ပေ။ ယခုတစ်ကြိမ်တွင် မင်းသားလုံချားသည် သူ၏ဦးလေး လုံထျန်းယိနှင့်အတူ အမတနန်းတော်ကို စူးစမ်းလေ့လာရန် လိုက်ပါခဲ့သည်။

လုံထျန်းယိသည် လူအုပ်စုကို အမတနန်းတော်ထဲသို့ ပို့ဆောင်ပေးခဲ့ပြီး မင်းသားလုံချားသည် အခြားသခင်များကို အပြင်တွင်နေရန်နှင့် အခြားသူများ ဝင်မလာအောင် တားဆီးရန် အမိန့်ပေးခဲ့သည်။

လုံထျန်းယိဟာ အဆင့် ၈ သွေးစွမ်းအားကို နိုးထထားသော ကြီးမြတ်သော သခင်ဖြစ်သည်။ သူ့ခွန်အားသည် အကန့်အသတ်မရှိ၊ မျိုးနွယ်စုအသီးသီး၏ ဘိုးဘေးများကိုလည်း ဖမ်းဆုပ်ထားနိုင်သည်။ တစ္ဆေမျိုးနွယ်စုရဲ့ သွေးထဲမှာ သွေးစွမ်အင် အဆင့် တိုးလာလေလေ၊ တိုးတက်ဖို့ ခက်လေလေပင်။ ဒါပေမယ့် တိုးလာလေလေ၊ ခွန်အားတွေကလည်း အားကောင်းလာလေပါပဲ။

ဆဌမအဆင့်မှ သတ္တမအဆင့်အထိကတင် ကြီးမားသော တိုးတက်မှုကြီးတစ်ခု ဖြစ်လေရာ သတ္တမအဆင့်မှ အဋ္ဌမအဆင့်အထိ တိုးတက်မှုဆို ပို၍ပင် အံ့သြဖွယ်ကောင်းပါသည်။

"ဦးလေးထျန်းယိရဲ့ ခွန်အားနဲ့ သူတို့ကို ဖယ်ရှားဖို့က လွယ်ပါတယ်!"

မင်းသားလုံချား၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်တို့ဖြင့် တောက်ပလာခဲ့သည်။

"ထျန်းကျစ်ပြည်ကတော့ မကြာခင် ခေါင်းဆောင် ပြောင်းလဲရတော့မယ်"

အမတနန်းတော်က သူ့ရှေ့တွင် ရှိသည်။ မင်းသားလုံချား နန်းတော်ထဲသို့ ဦးစွာ ပြေးသွားခဲ့သည်။ ရုတ်​တရက်​ သူ့ဆီသို့ အလင်းတစ်​ခု ​ရောက်​လာရာ သူ လန့်ဖြတ်သွားပြီး ချက်ချင်း ပြန်ပြေးသွား၏။ သို့သော် အလင်းသည် အလွန်ပြင်းထန်သောကြောင့် သူ့ကို နစ်မြုပ်သွားစေခဲ့သည်။

အလင်းရောင် ပျောက်ကွယ်သွားသောအခါတွင် သူသည် မသေသေးဘဲ အခြားထူးဆန်းသော နေရာထဲကို ဝင်ရောက်လာခဲ့မိတာ တွေ့လိုက်ရသည်။ သူ့ရှေ့က မြင်ကွင်းကို စိုက်ကြည့်ရင်း ရေရွတ်မိ၏။

"ဒီနေရာက ဘယ်မှာလဲ"

ထိုအချိန်တွင် သူ့အနောက်မှ အလင်းတန်းများ လင်းလက်လာကာ ချန်ရှီနဲ့ ဝမ်းဝူယွီလည်း အမတနန်းတော် အတွင်းရှိ ဤထူးဆန်းသော နေရာကို တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာကြသည်။

မင်းသားလုံချားလည်း လန့်သွားပြီး ကမန်းကတန်း ပြင်ဆင်ထားလိုက်သည်။ ရုတ်​တရက်​ သူ့​ခြေ​ထောက်​က နီရဲလာပြီး ​ခြေဖဝါး​အောက်​မှာ မီး​တောက်​​များ လောင်​ကျွမ်းသွား၏။

မင်းသားလုံချား သူ၏ အတောင်ပံများကို ခတ်ပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့ရသည်။ သူ အမြန် ပြန်ကြည့်လိုက်တော့ တိမ်တွေပေါ်ကနေ ထွက်လာတဲ့ နေလုံးကြီးကို တွေ့လိုက်ရလေသည်။ အနီရောင် မီးလုံးကြီးသည် မီး​တောက်ကြီးများဖြင့် ဝိုင်းရံခံထားရသည်။

မီးတောက်များက ပြင်းထန်စွာ တောက်လောင်လျက်ရှိကာ အဆုံးမရှိသော အပူလှိုင်းများကို လျှံထွက်လာ​စေသည်။

"ဒါကဘာလဲ?"

မင်းသားလုံချား အတော်လေး ထိတ်လန့်သွားပုံပါပဲ။

ချန်ရှီနဲ့ ဝမ်းဝူယွီတို့သည်လည်း တက်လာနေသော နေရောင်ကြီး၏ ရှေ့တွင် ရပ်နေကြသည်။ သူတို့သည် နေ၏စစ်မှန်သော မီးမှ ထွက်ပေါ်လာသော သန့်စင်သော ယန်စွမ်းအင်ကို ခံစားလိုက်ရသဖြင့် အလိုလို တုန်လှုပ်သွားကြသည်။

အထူးသဖြင့် ချန်ရှီသည် ရုတ်တရက် ငိုချင်စိတ်ပေါက်လာသည်။

မှန်တယ်!

စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ နေနဲ့ နောက်ဆုံးတော့ တွေ့ရပြီ။

ကျူးရှို့ချိုင်နဲ့ စာသင်တုန်းက သံသယတွေ အများကြီး ရှိခဲ့သည်။ "နေထွက်ချိန်၊ နေဝင်ချိန်"၊ "အရှေ့ဘက်တွင် နေထွက်သည်"၊ "နေထွက်ချိန်တွင် အလုပ်လုပ်ပြီး နေဝင်ချိန်၌ အနားယူပါ" ဟူသော စကားလုံးများသည် အနောက်နွားရှင်းကျိုးတွင် လုံးဝရှင်းပြ၍ မရချေ။ ၎င်းတို့သည် အနောက်နွားရှင်းကျိုးနဲ့ လုံးဝ မတိုက်ဆိုင်နေခဲ့။

“သဲကန္တာရ မီးခိုးတွေ ဖြောင့်စင်းပြီး မြစ်ရှည်ကြီး” ရဲ့ အဓိပ္ပာယ်ကို သူ မသိသလို နေဝင်ချိန်၊ အဝေးက တောင်တန်းတွေရဲ့ ပုံရိပ်၊ အေးစက်တဲ့ ကောင်းကင်နဲ့ နွမ်းပါးတဲ့ အိမ်ဖြူဖြူတွေကိုလည်း သူ နားမလည်ခဲ့ပါ။

အခုတော့ ဒီကဗျာတွေနဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သူနားလည်လာပါပြီ။

နေမင်းကြီးသည် သူတို့၏ဦးခေါင်းထက်မှ ဖြည်းညှင်းစွာထကာ ကောင်းကင်၌ ချိတ်ဆွဲထားသည်။ ချန်ရှီ နေကို လှမ်းကြည့်လိုက်ရာ အဝေးက တိမ်ပင်လယ်ကြီးပေါ်တွင် အဖြူရောင်နှင့် အနည်းငယ် မှိန်သော လကိုပါ မြင်လိုက်ရသည်။

တိမ်ပင်လယ်ထဲမှာ စိမ်းလန်းစိုပြေတဲ့ တောင်ကုန်းတွေလည်း ရှိ၏။ ကောင်းကင်ပြင်တွင် ကြယ်များ ရှိနေပြီး နဂါးငွေ့တန်းများလည်း ဖြစ်ပေါ်လာသည်။ နဂါးငွေ့တန်းသည် ယခင်က သူမြင်ဖူးသည့် အနတ္တလေဟာပြင်ဘုံထဲက ကောင်းကင်ငယ်များနှင့် မတူပါ။

စကြဝဠာငယ်ရှိ ကြယ်များတွင် ငါး​ထောင့်ပုံ ချွန်သောကြယ်များ၊ ခြောက်ချွန်းကြယ်များ၊ ဘုရားစေတီများ၊ အဂ္ဂိရတ်ဆေးအိုကြီးများ၊ နဂါးများ၊ ကျားဖြူများနှင့် ထူးဆန်းသော ကြယ်အမျိုးအစားများ ပါဝင်သော်လည်း ဤအမနန်းတော် နေရာထဲ၌ ကြယ်များသည် ကြယ်များသာဖြစ်ပြီး တောက်ပသော နဂါးငွေ့တန်းများဖြင့် ဖွဲ့စည်းထားကာ ကောင်းကင်ယံတွင် ချိတ်ဆွဲထား၏။

"ဒီမှာ ရှိနေတဲ့ အမတက တစ္ဆေမျိုးရိုးထဲက မဟုတ်နိုင်ဘူး... ဟွာရှရှန်ကျိုးက လာတဲ့ အမတပဲ ဖြစ်ရမယ် ဒီအမတနန်းတော်ရဲ့ နေရာက တကယ်တော့ သူ့ရဲ့ ပျက်ပြယ်တဲ့ အနတ္တနယ်မြေပဲ"

ချန်ရှီ ရုတ်တရက် တွေးလိုက်မိသည်။

ဤအနဆနန်းတော်၏ သတ်မှတ်ချက်များနှင့် ပုံသဏ္ဍာန်များသည် တစ္ဆေမျိုးနွယ်၏ ပုံစံမဟုတ်သော အမတပုံစံတွေ ဆိုတာ သိသာထင်ရှားပါ၏။

ထို့အပြင်၊ နေ၊ လ၊ ကြယ်များ။ အထူးသဖြင့် ဤနေရာရှိ နဂါးငွေ့တန်းပုံသဏ္ဌာန်သည် သေးငယ်သော ဘုံကျောင်းထဲက ကြယ်ရောင်ကောင်းကင်နှင့် ကိုက်ညီနိုင်သည်။ ထို့ကြောင့် ချန်ရှီသည် အမတနန်းတော်ပိုင်ရှင်သည် စစ်မှန်သော ဘုရင်ခေတ်တွင် ဟွာရှရှန်ကျိုးက လာသူဖြစ်မည်ဟု မှန်းဆခဲ့သည်။

ဤကျင့်​ကြံသူသည် အနောက်နွားရှင်းကျိုးမှာ အတိဒုက္ခကို ကျော်ဖြတ်ပြီး အမတဖြစ်လာအောင် ကျင့်ကြံခဲ့သည်။ သူတို့ အမတနန်းတော်ထဲကို ဝင်လိုက်တာနဲ့ သူတို့ဟာ အမတလေဟာပြင်နယ်မြေထဲကို တကယ် ရောက်သွားခဲ့ကြသည်။

ဒါပေမယ့် ဒီအမတက အဆင့်မတက်ဘဲ ဘာကြောင့် အမတနန်းတော်ကပါ မြေအောက်ကမ္ဘာထဲကို ထိုးကျသွားခဲ့တာလဲ။

"ချန်ရှီ... အနောက်ကိုကြည့်!"

ဝမ်းဝူယွီရဲ့ အသံက သူ့ကို နိုးကြားလာစေခဲ့သည်။ လှည့်ကြည့်လိုက်တော့ သူ့စိတ်တွေ လုံးဝ တုန်လှုပ်သွားခဲ့သည်။

ဤနယ်​မြေထဲရှိ အခြားကောင်းကင်တစ်ခြမ်းသည် ၎င်းတို့မြင်ဖူးသည့် အရာများနှင့် လုံးဝကွဲပြားနေသည်။ နေရာတိုင်းတွင် အသားနှင့်အသွေးများ ထူထပ်နေ၏။ ထိုအသားနှင့်အသွေးများသည် ပင့်ကူမျှင်များကဲ့သို့ လမ်းကြောင်းအရပ်ရပ်တွင် ပြန့်ကျဲနေပြီး ကောင်းကင်ပေါ်သို့ တက်သွားလေသည်။ ပင့်ကူမျှင်များကဲ့သို့ ကွဲပြားသော အသားနှင့်သွေးများသည် အလွန်ပါးလွှာသော အမြှေးပါးများဖြင့် ချိတ်ဆက်ထားသည်။

ရုတ်တရက်ဆိုသလိုပင် မရေမတွက်နိုင်သော ပိုးသားနှင့်တူသော အသွေးအသားတို့သည် သူနှင့် မဝေးလှသော ကောင်းကင်အထက်မှ ပေရာနှင့်ချီ၍ အဆက်မပြတ် ကျဆင်းလာခဲ့သည်။ ဤအသွေးအသား များစွာတို့သည် ဘီလူးကြီး၏ မျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ တွန့်လိမ်နေကြသည်။

ကြီးမားသော အရာမှာ ယခုအခါ ညစ်ညမ်းသွားသော ကြယ်တစ်ပွင့် ဖြစ်​လေသည်။ ကြယ်၏ မျက်နှာပြင်ကို အသွေးအသားများဖြင့် ဖုံးအုပ်ထားသော်လည်း အချို့ရှုပ်ထွေးသော စာလုံးပုံစံများကို အသားအမြှေးမှတဆင့် မြင်တွေ့နိုင်​သေးသည်။

ဒါ ထျန်းရှန်းကြယ် လျှို့ဝှက်ချက်ပင်။

ကြယ်၏မျက်နှာပြင်ကို နတ်ဘုရားသဏ္ဌာန်၊ နတ်ဘုရားအမည်၊ နတ်ဘာသာစကားဖြင့် ရေးထွင်းထားသည်။ ကြယ်များသည် စီးဆင်းနေသော်လည်း အသွေးအသားတွေကြောင်း ညစ်ညမ်းသွားကြသည်။

အသွေးအသားများက ထျန်းရှန်းကြယ်ကို ကောင်းကင်သို့ ဖြည်းညှင်းစွာ ဆွဲယူသွားလေ၏။ ချန်ရှီ မျှော်ကြည့်လိုက်တော့ ကောင်းကင်မှာ အသွေးအသားတွေနဲ့ တွဲလောင်းကျနေတဲ့ ကြယ်တွေကို ထပ်တွေ့လိုက်ရသည်။

ကောင်းကင်တစ်ဝက်ရှိ ကြယ်များအားလုံး ညစ်ညမ်းသွားပြီ။

တိမ်ပင်လယ်တွေတောင် ညစ်ညမ်းနေပုံရ၏။ တိမ်များထဲတွင် ထူထဲပြီး ကြီးမားသော အသွေးအသားများသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကို တူးဖော်ပြီးနောက် တိမ်ပင်လယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာမည့် မြေသန်ကောင်များကဲ့သို့ ဖြည်းညှင်းစွာ တွားသွား​နေသည်။

"ဒီအမတက မကောင်းဆိုးဝါး ဖြစ်သွားတာ!"

သူ ထိတ်လန့်သွား၏။

ထိုအချိန်တွင် နေသည် ညစ်ညမ်းသော ကောင်းကင်သို့ ရွေ့လျားသွားပြီး နတ်ဆိုးများကို သန့်စင်စေ​လေသည်။

နေထွက်လေရာရာ၌ အသွေးအသားတို့သည် တိမ်ပင်လယ်ထဲ၌ ရိုင်းစိုင်းကုန်​ကြ၏၊ ကောင်းကင်က အသွေးအသားတို့ကိုလည်း နေ၏စစ်မှန်သော မီးဖြင့် သန့်စင်စေသည်။ မကောင်းမှုတွေဟာ တလှပ်လှပိ တုန်လှုပ်ရင်း လှည့်ပတ်ကာ ကောင်းကင်ကြီးက တဖြည်းဖြည်း ကြည်လင်လာသည်။

ဒါကိုမြင်တော့ ချန်ရှီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒီအမတက သူ့ကိုယ်သူ ကယ်တင်လိုက်တာပဲ!"

ထိုစဥ် သူတို့ခြေထောက်အောက်က တိမ်ပင်လယ်ကြီးက ရုတ်တရက် ပြင်းထန်စွာ လှိုင်းထန်လာပေ၏။ ထူထဲတဲ့ အသားနဲ့ အသွေးအသား အဖုအထစ်တွေက တိမ်တွေကို ဖြတ်ကျော်ကာ ကောင်းကင်ရဲ့ အခြားတစ်ဝက်ကို ကျူးကျော်၍ တုန်လှုပ်ချောက်ချားစရာ နေဆီသို့ လှိမ့်ဝင်သွားသည်။

တောက်လောင်နေသော နေမင်းကြီးသည် နေ၏စစ်မှန်သော မီးအဖြစ်သို့ ပေါက်ထွက်ကာ အသွေးအသားတို့ကို လောင်ကျွမ်းစေသဖြင့် လေထုထဲ၌ အနံ့အသက်များနှင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ၎င်းတို့က နေထဲသို့ စူးစူးရဲရဲ ထိုးဖောက်နေဆဲ။ ဝိညာဉ်ဆိုးများကို နေထဲသို့ ထိုးသွင်းလိုက်သည့် အခိုက် ထက်ရှသောဓားသဖွယ် အသွေးအသားများက တိမ်ပင်လယ်ထဲမှ ပိုများထွက်လာ​ကြသည်။

ဤနေမင်းကြီးသည် နတ်ဆိုးများကို သန့်စင်စေပြီး အသွေးအသားတို့ကို တောက်လောင်နေသော အသံများဖြင့် ဆူညံကာ ၎င်းတို့ကို ပြာအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

သို့သော် နေကွယ်သွားသည့် နေရာတိုင်းတွင် အသွေးအသားများသည် ဆက်လက်ပျံဝဲကာ နေထဲသို့ ထည့်သွင်းကာ နေ၏အလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားစေသည်။

နေမင်းကြီးသည် သူ့အလိုလို ရွေ့လျားနေ၏။ အသွေးအသားများက ကောင်းကင်ယံထဲသို့ နက်ရှိုင်းစွာ ရွေ့လျားနေသေးသော်လည်း နေ၏ အလင်းရောင်သည် မှိန်ဖျော့ဖျော့ဖြစ်လာကာ တဖြည်းဖြည်း ဆိုးယုတ် ယုတ်မာလာသည်။

ရုတ်တရက် လသည် ညစ်ညမ်းသော ကောင်းကင်သို့ ပျံတက်ပြီး နေကို လှည့်ပတ်လိုက်သည်။ လသည် နေ၏အလင်းရောင်ကို ရောင်ပြန်ဟပ်ကာ ပိုမိုတောက်ပလာသည်။ လရောင်ထွန်းလင်းသည့် နေရာတိုင်းတွင် အသွေးအသားတို့သည် အေးခဲ အက်ကွဲကာ ပြိုလဲသွားခဲ့သည်။

နေ၏ အလင်းရောင်သည်လည်း တဖြည်းဖြည်း ပြန်တောက်ပလာပြီး တောက်ပသော လနှင့်အတူ လှည့်ပတ်လာသည်။ ယင်နှင့်ယန်၏ စွမ်းအားများသည် ဆက်လက်ပေါက်ကွဲပြီး သန့်စင်သွားကာ ဝင်လာသော အသွေးအသားများကို အမှုန့်အမွှားများ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့၏။

ချန်ရှီ အံ့သြသွား၏။

"ဒီအသွေးအသားတွေက နေကို ညစ်ညမ်းအောင် လုပ်ဖို့ ကြိုးစားနေတာ... ဒီအမတက ယင်နဲ့ ယန်ကို သန့်စင်ဖို့၊ မကောင်းမှုတွေကို ဖယ်ရှားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကြိုးစားနေတာ..."

ဒါကို သူတွေးကြည့်လိုက်တော့ သူ့ခြေဖဝါးအောက်က တိမ်တိုက်တွေထဲ တစ်ခုခုဟာ အရှိန်အဟုန်နဲ့ ရွေ့နေတာကို ရုတ်တရက် သိလိုက်ရသည်။ မိုင်ပေါင်းများစွာ လွတ်မြောက်ဖို့ လျှပ်စီးကြောင်းပေါ် အလျင်အမြန် လှမ်းတက်လိုက်ရသည်။

ဝမ်းဝူယွီ၏ ခြေရင်းအောက်တွင်လည်း မီးတောက်တစ်ချက်ရှိကာ သူနှင့်အတူ ခုန်ထွက်လာခဲ့သည်။ သို့သော် သူတို့နှစ်ယောက် ရပ်နေသည့် တိမ်တိုက်ထဲတွင် အသွေးအသားအကွဲအပြဲများ ထွက်ကျဲကျဲဖြင့် ထွက်လာကာ သူတို့ကို ဖုံးအုပ်ရန် ကြိုးစားသော်လည်း အလျင်အမြန် ရှောင်လိုက်သဖြင့် ဘာမှမဖမ်းမိလိုက်။

အဝေးရှိ မင်းသားလုံချားထံမှ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ချန်ရှီ အပေါ်မှ ငုံ့ကြည့်လိုက်ရာ မင်းသားလုံချားသည် လေထဲတွင် လျင်မြန်စွာ ပျံသန်းနေကာ အသွေးအသားများ၏ တိုက်ခိုက်ခြင်းကို ရှောင်ရှား​​နေ၏။

ချန်ရှီနဲ့ ဝမ်းဝူယွီကြောင့် ဒဏ်ရာရခဲ့သဖြင့် သူ၏ ပျံသန်းမှုအမြန်နှုန်းမှာ ယခင်ကလောက် မမြန်တော့ပေ။ သူသည် မရေရာစွာ ရှောင်ရှားရင်း အချိန်မရွေး ဖမ်းမိနိုင်သည့် အခြေအနေ ဖြစ်လာသည်။

ထိုအချိန်တွင် တိမ်များက ရုတ်တရက် လှိုင်းထန်လာပြီး ပေပေါင်းရာနှင့်ချီ ရှည်လျားသော တစ္ဆေနတ်ဘုရားက သူ့အတောင်ပံများကို ခတ်လိုက်လေသည်။ သူသည် လေနှင့်မီးချောင်းကို ဝှေ့ယမ်းပြီး လေထဲက အသွေးအသားကို လောင်ကျွမ်းစေကာ မင်းသားလုံချားကို ကယ်တင်ပြီး ပြန်ဆုတ်သွားခဲ့သည်။

"ဦးလေး!"

မင်းသားလုံချားလည်း အံ့အားသင့် ပျော်ရွှင်သွားသည်။

ငှက်ဦးခေါင်းနတ်ဘုရားသည် ယွီဘုရင့်သွေးတော်၏ အဋ္ဌမအဆင့် တန်ခိုးကြီးသော စစ်သည်တော် လုံထျန်းယိပဲ ဖြစ်သည်။ သူ့မှာ ပြင်းထန်တဲ့ ရောင်ဝါရှိပြီး သူ့လက်ကို မြှောက်လိုက်တဲ့အခါ မင်းသားလုံချားလည်း အလိုအလျောက် ပျံတက်သွားပြီး သူ့ပုခုံးပေါ်သို့ ဆင်းသက်လိုက်သည်။

"အရှင်မင်းသား... အပြင်မှာ စောင့်မနေဘူးလား ဘာဖြစ်လို့ အမတနန်းတော်ထဲကို ဝင်လာတာလဲ... ဒီမှာ အရမ်းအန္တရာယ်များတယ် မင်းရဲ့အသံကိုသာ ငါမကြားရင် သေနေလောက်ပြီ"

ယွီပြည်က သရဲတစ္ဆေများနှင့် နတ်ဘုရားအုပ်စုတစ်စုသည် တိမ်များထဲမှ ပျံထွက်လာပြီး လုံထျန်းယိအနားသို့ ဆင်းသက်လာသည်။ ၎င်းတို့သည် လုံထျန်းယိ နောက်လိုက် သခင်များဖြစ်ပြီး အားလုံးသည် မျိုးနွယ်စုအသီးသီးမှ အဆင့်ရှစ် အစွမ်းထက်သော စစ်သည်များပဲ ဖြစ်သည်။

ထိုအချိန်တွင် ရှန့်ခွမ်း၊ ယို့ဖေးနဲ့ ထျန်းကျစ်ပြည်က တခြားသခင်ငယ်များကလည်း ဤနေရာသို့ ဝင်ရောက်လာကာ တိမ်ပင်လယ်ပေါ်တွင် ပေါ်လာပြီး ပတ်ဝန်းကျင်ကို ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ငရဲနတ်လေးနှစ်ကောင်သည် နံ့သာပေါင်းကို လက်ထဲတွင်ကိုင်ကာ အမတနန်းတော်ထဲသို့ ဝင်လာခဲ့ပြီး ချန်ရှီကို တွေ့သောအခါ အမြန်ပြေးသွားခဲ့သည်။

"အရှင်မင်းကြီး!"

ယို့ဖေး၊ ရန့်ဝူးနဲ့ တခြားသူတွေက ချန်ရှီကို ဂါဝရပြုဖို့ ပြေးလာကြသည်။ ရှန့်ခွမ်း တွန့်ဆုတ်စွာဖြင့် လျှောက်သွားကာ ချန်ရှီကို ဂါဝရပြု​​လေသည်။

"အဲ့မျက်နှာကြီး လုပ်မထားနဲ့"

ယို့ဖေးက သူ့ကို တိတ်တဆိတ် ကန်ထုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ကောင်းကောင်း လုပ်... အရှင်မင်းကြီးက ရှင့်ကို အိမ်ရှေ့စံ မင်းသားဖြစ်လာအောင် လုပ်လိမ့်မယ်"

ရှန့်ခွမ်း ဒေါသတကြီးနဲ့ :"သူက အရိုးစုတစ္ဆေပဲ... ငါ့ကို အိမ်ရှေ့စံ မင်းသားလေးဖြစ်အောင် ဘယ်လိုလုပ် လုပ်​ပေးနိုင်မှာလဲ"

ယို့ဖေး: "သူ ကလေးမွေးပေးနိုင်မှာလား... သူဘာတတ်နိုင်မလဲ သေချာတာကတော့ သူ့မှာ သားတစ်ယောက် မွေးစားလို့ရမယ့် အစီအစဉ် ဆွဲလို့ရတယ်... ရှင့်မှာ အခွင့်အရေးကောင်း ရှိသေးတယ်"

ရှန့်ခွမ်းသည် ဆင်နှာမောင်းဖြင့် သူမ၏လည်ချောင်းကို ရစ်ပတ်ပြီး လည်ပင်းညှစ်သတ်ချင်လာခဲ့သည်။ သို့သော် ယွီ​ပြည်က ယခုအချိန်တွင် အားကောင်းနေသည်မှာ ထင်ရှား​နေ၏။ သူတို့စိတ်ဓာတ်တွေ ပြန့်ကျဲနေသေးရင် ဒီမှာ အမတ ကံကြမ္မာကို ရှာဖို့ နေနေသာသာ ချက်ချင်း သေသွားနိုင်သည်။

မင်းသားလုံချားဆီက အသံထွက်လာသည်-

"ဦးလေး အဲဒါ ထျန်းကျစ်ပြည်ရဲ့ အုပ်စိုးရှင်အသစ်နဲ့ မင်းသား ရှန့်ခွမ်း!"

လုံထျန်းယိက ထိုဘက်ခြမ်းကို လျှပ်တပြက် လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဒီကိစ္စမှာ ထျန်းကျစ်ပြည်ရဲ့ အုပ်စိုးရှင်နဲ့ မင်းသားကို ပြောင်းလဲသင့်ပြီ!"

ရှန့်ခွမ်းက ဒေါသတကြီးနဲ့ ပြန်​အော်ပြောသည်။

"ငါက အရင်မင်းရဲ့ မင်းသား... သူ့သားမဟုတ်ဘူး!"

"အတူတူပဲ!"

လုံထျန်းယိက လူသတ်ချင်နေသော ရည်ရွယ်ချက်ဖြင့် ဤဘက်သို့ လျှောက်လာခဲ့လေသည်။ ချန်ရှီ အနည်းငယ် မျက်မှောင်ကြုတ်ပြီး မယ်မယ်ရှစ်ကျီကို လွှတ်ထုတ်လိုက်တော့သည်။

မယ်မယ်ရှစ်ကျီကလည်း ဘုံကျောင်းငယ်လေးမှ ပြေးထွက်လာပြီး သူမ၏ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဒီနတ်ဆိုးတွေက ဘယ်သူတွေလဲ... ငါ့ကိုမြင်ရင် ဒူးထောက်ရမယ်မှန်း မသိဘူးလား...."

ချန်ရှီ တိုးတိုး​လေး ပြောလိုက်သည်။

"သူတို့က လူများပြီး အစွမ်းထက်တယ်"

မယ်မယ်ရှစ်ကျီ : "စိတ်မပူပါနဲ့ အရှင်သံတမန်... ကျွန်မ ဘယ်တုန်းက ကြောက်ဖူးလို့လဲ သူတို့လာရင် တစ်ယောက်ပြီးတစ်ယောက် သတ်လိုက်မယ်... အတွဲလိုက်လာမယ်ဆိုရင် အတွဲလိုက်သတ်လိုက်... ဟေ့ သူတို့လက်ထဲက ဘယ်လိုရတနာတွေလဲ"

သူမမျက်နှာသည် အနည်းငယ် ပြောင်းသွားပြီး လုံထျန်းယိ လက်ထဲက လေနှင့်မီးချောင်းပေါ်သို့ မျက်လုံးများ ကျရောက်သွားသည်။

ချန်ရှီက မင်းသားရှန့်ခွမ်းကို ကြည့်ကာ မေးနေ၏။

"မင်းသား.... မင်း သိလား"

မင်းသားရှန့်ခွမ်းလည်း "သူက ငါ့ကို သူ့သားလို့ တကယ်မှတ်နေတာလား" ဟုပင် တွေးမိနေသည်။

သူစိတ်မချမ်းသာသော်လည်း ပြောပြလိုက်ပါသေးသည်။

"ယွီပြည်ရဲ့ တိုင်းပြည်ရတနာ လေမီးတုတ်လို့ ခေါ်တယ်... အဲဒါကို အသက်သွင်းပြီးရင် လေနဲ့မီး ပေါင်းစပ်သွားပြီး လေထဲမှာ မီးတောက်နဲ့လုပ်ထားတဲ့ ရွှေနဂါးစပါးအုံးမြွေကြီး အဆက်မပြတ် လူးလိမ့်နေသလိုပဲ... တုတ်ကို ထိမိရင် ဘာမဆို ကျိုးပဲ့သွားလိမ့်မယ်"

ချန်ရှီ တိုးတိုးလေး ထပ်ပြောသည်။

"မယ်မယ် အခုပဲ ဒီတစ္ဆေက ဒီတုတ်ကို အသွေးအသားနဲ့ တိုက်ခိုက်မှုကို တွန်းလှန်ခဲ့တယ်.... ဒီအသွေးအသား အများစုက တကယ့် အမတရဲ့ အသွေးတွေပဲ..."

"အရှင်သံတမန် စိတ်မပူပါနဲ့... ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်"

စိတ်ထဲကနေတော့ “လေမီးတုတ်ကို မတားနိုင်ရင် အရှင်သံတမန်ကို စွန့်လွှတ်ပြီး ပြေးမယ်” လို့ တွေးထားပြီးသား။

နှစ်ဦးနှစ်ဖက် ရန်ဖြစ်ခါနီးတွင် တိမ်တိုက်များထဲမှ တာအိုလူငယ်လေးသည် ရုတ်တရက် ထွက်ပေါ်လာ၏။ သူက လှည့်ပတ်ကြည့်ကာ ဦးထုပ်ကို ချိန်ညှိရင်း ပြုံးပြလိုက်သည်။

"ချစ်ဧည့်သည်တို့ ကျွန်တော်က ဒီနေရာရဲ့ အရှင်သခင်ပါ... ကျွန်တော့်ကို မျက်နှာပေးတဲ့ အနေနဲ့ တိုက်ခိုက်နေတာကို ရပ်ပေးနိုင်မလား"

ချန်ရှီရဲ့ နှလုံးသားသည် အနည်းငယ် ထိတ်လန့်သွားပြီး။

"မင်းက အမတနန်းတော်ရဲ့ အရှင်သခင်!"

တာအိုဝါဒီကောင်လေးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး :"ဒါက လူသားချင်းပဲလေ... ငါက အပြစ်ကင်းတယ် ယဉ်ကျေးတယ် ယဉ်ကျေးတယ်"

သူက ဦးညွှတ်ပြီး ပြုံးပြလေသည်။

"ဒါက ငါ့ရဲ့ ပျက်ပြယ်တဲ့ အနတ္တဘုံပါ... မကောင်းဆိုးဝါး အပြောင်းအလဲတွေကို ချိုးနှိမ်ဖို့ ငါ ပြင်းပြင်းထန်ထန် ကြိုးစားနေရတာကို မင်းတို့ဒီမှာ ရန်ဖြစ်ရင် ငါ အဲဒါကို မနှိမ်နှင်းနိုင်တော့မှာ ကြောက်ရတယ်.... မင်းတို့ကို နာကျင်စေမိလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!"

သူသည် မိုက်မဲစွာ ပြောနေကြောင်း လုံထျန်းယိ၊ ရှန့်ခွမ်းနှင့် အခြားသူများလည်း နားလည်နိုင်သည်။

"ဒါက ငါတို့ တစ္ဆေအမတတွေရဲ့ နန်းတော် မဟုတ်ဘူးလား"

လုံထျန်းယိ အလွန်စိတ်ပျက်သွားသည်။

တာအိုဝါဒီလူငယ်က အပြစ်ကင်းစင်စွာ ပြုံးပြလေ၏။

"မဟုတ်ဘူး ငါက ထိုက်ဟွာချင်း နန်းတော်က တာအိုဝါဒီတစ်ယောက်ပါ.... စစ်မှန်တဲ့ဘုရင်က အမတဘွဲ့ကို အပ်နှင်းတဲ့အခါတုန်းက ဒီကမ္ဘာက အမတဖြစ်ဖို့ မျှော်လင့်ချက်ရှိတဲ့ လူအားလုံးကို သတ်ပစ်ချင်ခဲ့တယ်လေ... ငါ ဒီကနေထွက်ပြေးပြီး အထီးကျန်စွာ နေထိုင်ခဲ့တယ်... လောကကြီးရဲ့ ဒုစရိုက်တွေနဲ့ ဝေးဝေးနေခဲ့ရတယ်။

ချန်ရှီ အံ့သြလာပြီး။

"မင်းက ထိုက်ဟွာချင်း နန်းတော်ကို တည်ထောင်သူလား? မိန်းမစိုး စန်းပေါင် အနောက်နွားရှင်းကျိုးကို ရှာတွေ့တုန်းက မင်မင်းဆက် စစ်သားတွေကို နတ်ဆိုးတွေကို နှိမ်နင်းပြီး သတ်ဖို့ တာအိုဝါဒီ ရှစ်ယောက်က ကူညီခိုင်းခဲ့တယ်... သူတို့ထဲက ဆယ့်ငါးယောက်က တိုက်ပွဲမှာ ကျဆုံးခဲ့ပြီး ကျန်တဲ့ သုံးယောက်က ထိုက်ဟွာချင်း နန်းတော်ဆိုတာကို တည်ထောင်ခဲ့တယ်ဆို ဟုတ်လား"

တာအိုလူငယ်က ပြုံးပြီးပြော၏။

"မင်း နန်းတော်တည်ထောင်သူ သုံးယောက်အကြောင်း ပြောနေတာလား... ငါက ဆရာဘိုး​ဘေးကျန်းယန်ရဲ့ တာအိုကလေးပါ သူတို့ မဟုတ်ဘူး.... ဆရာဘိုးဘေးကျန်းယန်က ငါ့မှာ သဘာဝအတိုင်း အပြစ်ကင်းတယ်လို့ မြင်ပြီး တာအိုဘာသာကို စွဲစွဲမြဲမြဲ အောင်မြင်မယ်လို့ ပြောတဲ့အတွက် ထိုက်ဟွာချင်း နန်းတော်လို့ နာမည်ပေးထားခဲ့တယ်...."

သူက ရယ်မောရင်း ကျားသွားနှစ်ချောင်းကို ထုတ်ပြလာသည်။

"ငါတို့တောင်ပေါ်မှာ ချင်းယန် တစ်ကောင်လည်း ရှိတယ်"

ချန်ရှီ ဟန်မဆောင်နိုင်ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

"ကြာတော့ သိုးကပျောက်သွားပြီး အခု ချင်းနန်းတော်လို့တော့ ခေါ်တယ်"

တာအိုထျန်းကျန်းလည်း အံ့အားသင့်သွားပြီး။

"ပျောက်သွားတာလား ဘယ်သူခိုးတာလဲ"

ချန်ရှီ ချီတုံချတုံနဲ့ :"ချန်လို့ ခေါ်တဲ့ လူဆိုးလေး ..."

တာအိုထျန်းကျန်းက အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။

"ပျောက်သွားပြီ ဆိုတော့လည်း ပျောက်သွားတယ်ပေါ့.... ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့လို့ ဒီအကြောင်းကို မမေးဖြစ်တော့ဘူး... နောက်ပိုင်းမှာ တကယ်ကို မြင့်မားတဲ့အဆင့်အထိ ကျင့်​ကြံခဲ့ပေမယ့် စစ်မှန်တဲ့ ဘုရင်ကျန်းက ငါ့ကိုသတ်ချင်တယ်... သခင်တော်တော်များများကို စေလွှတ်ပြီး ဆရာဘိုးဘေးကျန်းယန်ကတောင် ကျန်းဝူကျူးရှဲ့ဓားကို ထုတ်သုံးခဲ့တယ်... "

သူက ပဟေဠိဆန်တဲ့ အကြည့်နဲ့ :"ငါ ဆက်ပြေးနေရင်းနဲ့ နောက်ဆုံးတော့ ဒီကို လာပုန်းအောင်းနေရတယ်... ငါ ဆိုးတာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတာ သိသာပါတယ် ဘာလို့ ငါ့ကို သတ်ချင်တာလဲ မသိဘူး"

သူ အနည်းငယ် ဝမ်းနည်းသွားသည်။

"ဘိုးဘေးက ငါ့ကို သတ်ချင်နေတာ... မဟုတ်ရင် သူက ကျန်းဝူကျူးရှဲ့ဓားကို ယဇ်ပူဇော်မှာ မဟုတ်ဘူး ဒါပေမယ့် ငါ ဘယ်တော့မှ မကောင်းတာ မလုပ်ဖူးဘူး..."

လုံထျန်းယိလည်း သူ၏ကိုယ်ခန္ဓာ အစစ်အမှန်ကို စွန့်ကြဲလိုက်ပြီး ဆယ်ပေကျော်မြင့်သော အရပ်ကို ပြန်လည် တည်ဆောက်ကာ လမ်းလျှောက်လာခဲ့သည်။

"မင်းက ငါတို့တစ္ဆေမျိုးရိုးရဲ့ အမတမဟုတ်မှတော့ ငါတို့ကို လွှတ်​ပေးနိုင်မလား"

"ဒါပေါ့... ငါထွက်လာရတဲ့ ရည်ရွယ်ချက်က မင်းတို့ကို မတိုက်ဖို့ပဲ... သဟဇာတဖြစ်အောင် လုပ်ပြီး မင်းတို့ကို လွှတ်လိုက်မယ်... မင်းတို့က ရတနာရှာဖို့ ဒီ​ရောက်​နေတာလား? ငါက လေ့ကျင့်နည်းကိုပဲ သိတာ... ရတနာတွေ မရှိဘူး... မင်းတို့ တစ်ယောက်ချင်းစီအတွက် စာလုံး ဆွဲပေးမယ်"

သူသည် လက်ချောင်းများကို ဆန့်ထုတ်ကာ ရေးကာ လေထဲတွင် ဆွဲငင်​နေသည်။ များမကြာမီ အမတအလင်းသည် ချုပ်ငြိမ်းသွားကာ လူတိုင်း၏ အရေပြားနှင့် တွဲလျက်ရှိသော စာလုံးတစ်ခု ပေါ်လာခဲ့သည်။

မင်းသား ရှန့်ခွမ်း: "မိတ်ဆွေ...ကျနော့်အဖေ ဒီကို ရောက်လာဖူးတယ်... သူဘယ်လိုသေသွားလဲ သိလား"

တာအိုထျန်းကျန်းလည်း သူ့အဖေရဲ့ အသွင်အပြင်ကို မေးလိုက်သည်။ မင်းသား ရှန့်ခွမ်းလည်း သူ့အ​ဖေအကြောင်းကို ပြောပြလိုက်၏။

"သူဒီရောက်လာတယ်... လူတော်တော်များများကလည်း ရန်ဖြစ်ပြီး ဒီမှာ ဒုက္ခရောက်နေကြတယ်.... ငါ သူတို့ကို လွှတ်လိုက်ပြီလေ... သေသွားပြီလား"

မင်းသား ရှန့်ခွမ်းက ခေါင်းညိတ်လိုက်သည်။

တာအိုထျန်းကျန်းလည်း သက်ပြင်းချလိုက်ပြီး သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ တိမ်ပင်လယ်ပေါ်မှ တံခါးများ ပွင့်သွားကာ အမတနန်းတော်ထဲမှ တိုက်ရိုက် လွှတ်ထုတ်လိုက်သည်။

"ခဏ​နေပါဦး!"

တာအိုထျန်းကျန်းသည် ချန်ရှီလို့ခေါ်တဲ့ သူ့ကို အပေါ်အောက် ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်ပြသည်။

"မင်းမှာ ငါနဲ့တူတဲ့ လက္ခဏာတွေ ရှိတယ်... မင်းလည်း နတ်ဆိုးတွေ ဝင်ဖူးတာလား!"

ချန်ရှီ အတော်လေး စိတ်လှုပ်ရှားသွားသည်။

"တာအိုမိတ်ဆွေက မြင်နိုင်လား? ခင်ဗျားမှာ အဖြေရှိလား"

"ငါက တာအိုကလေးငယ်လေ... ဆရာဘိုးဘေးကျန်းယန် အတွက် အဂ္ဂိရတ်မီးဖိုကို မီးညှိပေးတဲ့သူပါ.. တာအိုဝါဒီ မဟုတ်ပါဘူး ငါကိုယ်တိုင် မဖြေရှင်းနိုင်ပေမယ့် ငါ့မှာ နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ ယင်နဲ့ယန် သန့်စင်နည်းတစ်ခု ရှိပါတယ်... မင်းလေ့လာချင်ရင် ငါသင်ပေးမယ်"

ချန်ရှီသည် သူ၏ နေနှင့်လ အပြန်အလှန် လှည့်ပတ်နေသည့် မြင်ကွင်းကို သတိရသွားပြီး အလွန်အစွမ်းထက်သည့် အသွေးအသားကို သန့်စင်ကာ ချက်ချင်းပင် ကျေးဇူးတင်သွားခဲ့သည်။

တာအိုထျန်းကျန်းက သူ့ကို ထိုးထွင်းသိမြင်ခြင်း နည်းလမ်းဖြစ်သည့် ယင်နဲ့ယန် သန့်စင်နည်းအား သင်ပေးသည်။ မျက်စိကို နေနှင့်လကဲ့သို့ သဘောထားလိုက်တဲ့အခါ နေနှင့်လသည် တပေါင်းတစည်းတည်း ထွန်းလင်းနေသကဲ့သို့ နတ်ဆိုးစွမ်းအင်များကို သန့်စင်စေသည်။ အဆင့်တစ်ခုသို့ ရောက်သောအခါ တာအိုနယ်မြေ အဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ ကိုယ်ပိုင် နတ်ဝိညာဥ်နယ်မြေထဲတွင် နေနှင့်လသည် ပေါ်လာမည်။

၎င်းတို့က လှည့်ပတ်ကာ ကျင့်ကြံနေသူကို မကောင်းသော သဘာဝနှင့် နတ်ဆိုးများကို နှိမ်နင်းရန်နှင့် ယိုယွင်းမှု မဖြစ်စေရန် ကူညီပေးသည်။ အနတ္တပြန်ခြင်းဘုံကို မွေးမြူသောအခါ လေဟာပြင်နယ်မြေကို ဖွင့်ထားရမည် ဖြစ်ပြီး နေနှင့်လသည် လေဟာပြင်နယ်မြေထဲ ပေါ်လာမည်။ ဆက်လက် ကျင့်ကြံနေလျှင်ပင် မကောင်းမှုအဖြစ် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

"အဂ္ဂိရတ်မီးဖိုကို မီးညှိတုန်းက ငါစဉ်းစားခဲ့တာ... ဒီနည်းလမ်းက မင်းကို ကောင်းကင်ဘုံအထိ မွေးမြူနိုင်စေလိမ့်မယ်... အဲဒါပြီးရင် ဘာလုပ်ရမလဲဆိုတာ ငါမသိဘူး"

တာအိုထျန်းကျန်းက ခဏလောက် စဉ်းစားနေပေမယ့် ခေါင်းခါပြလေသည်။

"ငါ အရမ်းမိုက်မဲတာပဲ... ဒီနှစ်တွေကြာမှ ရှင်းမပြတော့ဘူး... စကားမစပ် ဘိုးဘေးရဲ့ ကျန်းဝူကျူးရှဲ့ဓားကို ငါ ယူလိုက်တယ်။ အပြင်သွားတဲ့အခါ ဒီဓားကိုယူပြီး ထိုက်ဟွာချင်းနန်းတော်ဆီ ယူသွားပြီး အမတဓားကို ချင်းယန်နန်းတော်ဆီ ပြန်ပို့ပေးဖို့ သတိရ​ပေးပါ... ငါ မကောင်းတာ မလုပ်ဖူးဘူး ကျေးဇူးပြုပြီး ဘိုးဘေးကျန်းယန်ကို အကူအညီတောင်းပြီး ဘုရင်ကျန်းကို တောင်းပန်ပေးပါလို့...."

သူ အရမ်းဝမ်းနည်းသွားသည်။

"ငါ အိမ်ပြန်ချင်နေပြီ... ကျေးဇူးပြုပြီး တာအိုမိတ်ဆွေကပဲ!"

သူသည် ချန်ရှီကို ဦးညွှတ်လိုက်သည်။ ချန်ရှီလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောကာ ပါးစပ်ထောင့်ကို ရွှေ့လိုက်သော်လည်း ဘုရင်အစစ်အမှန် သေဆုံးသွားကြောင်း သူ့ကို မပြောသေးဘဲ လှည့်ထွက်သွားခဲ့သည်။

သူ့ရုပ်သွင်သည် အမတနန်းတော်ထဲတွင် ပေါ်လာသည်။ ရှန့်ခွမ်းနှင့် အခြားသူများက မထွက်သွားသေးဘဲ အားလုံး နန်းတော်ထဲတွင် ရပ်နေကြ၏။ ထိုစဥ် ဝမ်းဝူယွီက သူ့နှုတ်ခမ်းတွေကို စေ့ထားပြီး သူ့နောက်ကို ညွှန်ပြလိုက်သည်။

ချန်ရှီ လှည့်ကြည့်လိုက်တော့ တာအိုကောင်လေးက ဖူတွန်ပေါ်တွင် ဒူးထောက်လျက် သူ့ဆီသို့ ကျောပေးနေသည်အား တွေ့လိုက်ရ​လေသည်။ သူ့လက်ထဲတွင် အမဓားတစ်ချောင်းကို ကိုင်ထားကာ အမတဓားက အလင်းတန်းများကို ထုတ်လွှတ်​နေသည်။

တာအိုထျန်းကျန်းတွင် သူ့ခန္ဓာကိုယ်က တစ်ဝက်သာရှိပြီး ကျန်တစ်ဝက်မှာ အသွေးအသား လုံးဝ ကင်းစင်ကာ သေဆုံးသွားခဲ့ပြီပဲ ဖြစ်သည်။ ကျန်းဝူကျူးရှဲ့ဓားကိုတော့ သူ့လက်ထဲက မလွှတ်နိုင်ခဲ့ပါ။

ချန်ရှီ ခဏ ငြိမ်သက်သွားကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ လက်နှစ်ဖက်ဆုပ်ရင်း တာအိုမိတ်ဆွေအား ဦးညွှတ်ကာ ကျန်းဝူကျူးရှဲ့ဓားကို လက်ခံရင်း တိုးတိုးလေး ပြောလိုက်၏။

"အစ်ကိုထျန်းကျန်း... စိတ်မပူပါနဲ့ ကျနော် ဒီဓားကို ချင်းယန်နန်းတော်ဆီ သေချာပြန်ပို့ပေးပြီး ခင်ဗျား အိမ်ပြန်လာတာကို ကြိုဆိုခိုင်းပါ့မယ်!"

တာအိုထျန်းကျန်းက သူ့စကားကို ကြားလိုက်ပုံရပြီး ကျန်​နေတဲ့ မျက်နှာတစ်ဝက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့​လေသည်။

All Chapters