← Chapters

မြူလရောင် လာပြီ

Vol. 25 Ch. 363

မြူလရောင် လာပြီ

Vol. 25 Ch. 363

ချန်ရှီသည် ကျန်းဝူကျူးရှဲ့ဓားကို ကိုင်ဆောင်ထားသည့် အမတနန်းတော်မှ ထွက်သွားခဲ့သည်။

"ဝူယွီ မင်းက ဒီကိစ္စကို အရင်ဆုံး စိတ်ပျက်ဖွယ်ကုန်းစောင်းကို သတင်းမပို့ပါနဲ့လား.... ငါ ထိုက်ဟွာချင်းနန်းတော်ကို အရင်သွားချင်တယ်... တာအိုထျန်းကျန်း အိမ်ပြန်ချင်တာကို ကြိုဆို​ပေးဖို့ တောင်းဆိုထားတယ်"

ဝမ်းဝူယွီ၏ ရည်ရွယ်ချက်မှာ အမတ မွေးဖွားခြင်းကို စုံစမ်းရန်ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ စိတ်ပျက်ဖွယ်ကုန်းစောင်းက အမှန်တရားကို သေချာ​ပေါက် သတင်းရလိမ့်မည်။ စိတ်ပျက်ဖွယ်ကုန်းစောင်းကသာ ဒါကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် တာအိုထျန်းကျန်းရဲ့ ခန္ဓာကိုယ်က အန္တရာယ်​ကြီး ဖြစ်လာမှာကို ကြောက်ရလေသည်။

ဝမ်းဝူယွီ ပြုံးလိုက်သည်။

"နင်က ကျန်းဝူကျူးရှဲ့ဓားကို ကိုင်ထားပြီလေ... ငါ့ကို ဓားတစ်ချောင်းတည်းနဲ့ သတ်နိုင်တယ်... ဘာလို့ အကူအညီ တောင်းနေရတာလဲ"

ချန်ရှီ ခေါင်းခါလိုက်သည်။

"မင်းငယ်ငယ်ကစလို့ အခုထိ ငါက မင်းရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား...ပြန်မရှင်ခင်က မှတ်ဉာဏ်တွေ ငါ့မှာ မရှိဘူး ဒါပေမယ့် ဒီအမှတ်တရတွေကို ပြန်မှတိမိတဲ့အခါ သူငယ်ချင်းတစ်ယောက်ကို သတ်ခဲ့မိတဲ့အတွက် တစ်သက်လုံး နောင်တရမ​နေချင်ဘူး"

ဝမ်းဝူယွီ ခဏလောက် ထိတ်လန့်သွားပြီးနောက် ပြုံးပြလိုက်သည်။

"ကောင်းပြီ... ဒါကို စိတ်ပျက်ဖွယ်ကုန်းစောင်းကို လောလောဆယ် ငါ မတင်ပြဘူး ဒါပေမယ့် ဒီတာအိုကျင့်ကြံသူကတော့ သေချာပေါက် နတ်ဆိုး ဖြစ်သွားဖူးတော့ သူ အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး"

ချန်ရှီလည်း သက်ပြင်းချလိုက်၏။

"ကျေးဇူးတင်ပါတယ်"

ဝမ်းဝူယွီက သူ့လက်ထဲက ကျန်းဝူကျူးရှဲ့ဓားကို စိုက်ကြည့်ပြီး ပြောပြသည်။

"ဒီဓားက အရမ်းဆိုးလွန်းတယ်... ဓားရဲ့ ဓားစွမ်းအင်က အက်ကွဲတောင်တန်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ အလင်းတန်းတွေလိုပဲ... နင် နည်းနည်းထိလိုက်ရင် ခန္ဓာကိုယ်တစ်ဝက်လောက်က တိမ်မြုပ်သွားလိမ့်မယ်... ဒီဓားကို စိတ်ပျက်ဖွယ်ကုန်းစောင်းမှာ တံဆိပ်ခတ်ထားလိုက်တာ ပိုကောင်းမယ်"

ချန်ရှီက ခေါင်းယမ်းပြသည်။

"ငါ ဒီဓားကို ထိုက်ဟွာချင်း နန်းတော်ဆီ ပြန်ပေးမယ်လို့ ကတိပေးထားတယ်..."

ဝမ်းဝူယွီ တခဏမျှ တုံ့ဆိုင်းသွားပေမယ့် အံ့သြလောက်အောင်ပင် ငြင်းမနေခဲ့။

"ဘာပဲဖြစ်ဖြစ် စိတ်ပျက်ဖွယ်ကုန်းစောင်းမှာလည်း ဒီလိုအရာတွေ ပြတ်တောက်မှု မရှိပါဘူး"

"တာအိုထျန်းကျန်းက အမတလား?"

ဝမ်းဝူယွီ ခေါင်းကို ခါယမ်းလိုက်ကာ။

"မဟုတ်ဘူး သူသာ အမတဆိုရင် သေမှာ မဟုတ်ဘူး... သူက အတိဒုက္ခကို ကျော်ဖြတ်ပြီး ကောင်းကင်ဘုံရဲ့ ကြီးမြတ်တဲ့ ပြည့်စုံမှုဆီကို ရောက်ထားလောက်ပြီ... ကောင်းကင်မြေကြီးနဲ့ ပေါင်းလိုက်တုန်းက တစ်ခုခုမှားသွားတော့ ဆိုးဆိုးရွားရွား ပြောင်းလဲလာတာ... ပြီးတော့ သူ့ကို စစ်မှန်တဲ့ ဘုရင်ကျန်းက ရှာတွေ့သွားလို့ သတ်ပစ်ဖို့ အမိန့်ပေးလိုက်တာ ဖြစ်မယ်"

ချန်ရှီ: "သူက ဘိုးဘေးကျန်းယန်ရဲ့ တာအိုကလေးတဲ့...သူ့ကျင့်ကြံမှုက ဘယ်လောက်မြင့်တယ် ဆိုတာ ဘယ်သူမှ မသိနိုင်သလို သူကိုယ်တိုင်လည်း မသိနိုင်တော့ဘူး... သူ နတ်ဆိုး ဖြစ်သွားတုန်းက ကမ္ဘာကြီးကို မထိခိုက်စေအောင် သူ့ကိုယ်သူ တံဆိပ်ခတ်ထားခဲ့တယ်... စစ်မှန်တဲ့ဘုရင်က လူမှားပြီး သတ်လိုက်တာပဲ ဖြစ်မယ်ထင်တယ်"

ဝမ်းဝူယွီက အရိပ်အမြွက်ဖြင့်: "ဆိုးဆိုးရွားရွား မပြောင်းလဲဘူးလို့ ဘယ်သူက လောင်းရဲမှာလဲ... စစ်မှန်တဲ့ဘုရင်ခေတ်ရဲ့ ဥပဒေဟောင်းကို လိုက်စားသူတွေဟာ ဆိုးဆိုးရွားရွား ပြောင်းလဲလာမှာကို ရှောင်လွှဲလို့မရဘူးလေ..."

ချန်ရှီ တိတ်ဆိတ်သွားခဲ့သည်။

သူသည် ဥပဒေဟောင်း၏ ကျင့်​ကြံ​ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီးပြီ။ ယခု မကောင်းသော ပြောင်းလဲမှုသည် သူ့အထဲ၌ ပေါက်ဖွားလာကြောင်း လေးနက်စွာ ခံစားလာခဲ့ရသည်။

ဝမ်းဝူယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

"သူသေသွားပြီဆိုတာကို တာအိုထျန်းကျန်း သိ​လောက်လား?"

ရှန့်ခွမ်း: "သူသိမယ် မထင်ဘူး... သူက ငါတို့နဲ့ စကားပြောပြီး ရယ်မောပျော်ရွှင်နေတာ..."

ယို့ဖေး ခေါင်းခါပြီး :"သိလောက်တယ် နောက်ဆုံးတော့ သူက သူ့ကိုလိုက်နေတဲ့ အမတဓားကို ယူလိုက်တယ်လေ... ဓားနဲ့ အထိုးခံရပြီးရင် သူအသက်မရှင်နိုင်ဘူး ဆိုတာ သိသင့်တယ်"

ကုံရှီ :"သေ​ပြီးမှတော့ ဘာလို့ အိမ်ပြန်​နေဦးမှာလဲ.... ဒါဆို သူ အသက်ရှင်နေသင့်သေးတယ်!"

ချစ်ကျွင်းက ခေါင်းခါလိုက်ပြန်သည်။

"ဒီဓားနဲ့ ခုတ်သတ်ခံရရင် သူ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ သူက အသက်ရှင်နေဟန်ဆောင်နေတာပဲ"

သူတို့ မှန်းသာ မှန်းဆပြီး တိတိကျကျ ကောက်ချက်မချနိုင်ပေ။

ချန်ရှီသည် ကျန်းဝူကျူးရှဲ့ဓားကို ဒုတိယဘုံကျောင်းငယ်၏ နတ်ကွန်းပေါ်တွင် ထားကာ နံ့သာပေါင်းတစ်ချောင်းဖြင့် ပူဇော်လိုက်သည်။

"ငါ့အထင်​တော့ ဓားနဲ့ အထိုးခံရချိန်မှာ သူသေသွားပြီ... ဒါပေမယ့် သေပြီးရင် မကောင်းဆိုးဝါးဖြစ်သွားမှာကို ကြောက်လို့ တောင်ပေါ်မှာ ချိတ်ပိတ်ပြီး သူ့ကိုယ်သူ သော့ခတ်ထားလိုက်တာ... ဒါကြောင့် သေပြီးရင် ဘေးဥပဒ်မဖြစ်အောင် သူ့ကိုယ်သူ နှိမ်နှင်းဖို့ ရွေးချယ်လိုက်တယ်..."

သူသည် မီးတောက်များ ခုန်ပေါက်နေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"ထိုက်ဟွာချင်း နန်းတော်ရဲ့ အရေးအကြီးဆုံး ကျွမ်းကျင်မှုကို ငါ မှတ်မိတယ်... ဒီတောင်မှာ သူ့ကိုယ်သူ တံဆိပ်ခတ်ထားရင် ရွှေခေါင်းလောင်း တံဆိပ်ခတ်နည်းကို သုံးထားမှ ဖြစ်မှာ... ဒီတံဆိပ်က သဘာဝကမ္ဘာကနေ စွမ်းအားတွေကို အဆက်မပြတ် ဆွဲထုတ်ပြီး တံဆိပ်ကို ပိုခိုင်ခံ့စေရမယ်... ပြင်းပြင်းထန်ထန် ချိုးဖျက်ရင်တောင် ပျက်စီးသွားဖို့ လုံးဝ မဖြစ်နိုင်ဘူး"

ဝမ်းဝူယွီလည်း သူ့နောက်ကို လိုက်သွားသည်။

"ပြင်ပအင်အားက ရွှေခေါင်းလောင်း တံဆိပ်ခတ်နည်းကို ချိုးဖျက်လိုက်တယ်လို့ ဆိုလိုတာလား"

ချန်ရှီသည် အမတနန်းတော်၏ တံခါးခုံရှေ့တွင် ရပ်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်ကာ ခြေဖဝါးကို အနည်းငယ်ရွှေ့ကြည့်သည်။

"ငါသာ တာအိုထျန်းကျန်း ဆိုရင် အမတနန်းတော်ကို ဒီမှာ အခြေချမယ်... လိုက်ရှာသူတွေနဲ့ အမတဓားကို လိုက်ဖမ်း​နေတာကို ရှောင်ဖို့အတွက် တားမြစ်ချက်ကို လုပ်ဆောင်ဖို့ ဒီမှာပဲရပ်​နေသင့်တယ်... ဝူယွီ အနေအထား မှန်လား"

ဝမ်းဝူယွီက မှန်တစ်ချပ်ကို မြှောက်လိုက်ပြီး ပတ်ပတ်လည်ကို ထွန်းလိုက်သည်။ မှန်ထဲတွင် လက်မအရွယ် မိန်းကလေးတစ်ယောက် အလင်းရောင်ကို ထိန်းချုပ်ကာ မှန်နှင့် ပတ်ဝန်းကျင် တောင်တန်းများကြား အကွာအဝေးကို တိုင်းတာ​နေသည်။

မှန်က ချန်ရှီရဲ့ ပတ်ပတ်လည်ကို လှည့်သွားသည်။ ဝမ်းဝူယွီသည် ချန်ရှီနှင့် ပတ်ဝန်းကျင်ရှိ ချောက်ကမ်းပါးများကြား အကွာအဝေးကို ဆုပ်ကိုင်လိုက်ပြီး လှမ်းပြော၏။

"ဘယ်ဘက်သို့ တစ်လက်မလောက် ရွှေ့လိုက်.."

ချန်ရှီသည် အရှေ့သို့ မျက်နှာမူကာ တစ်လက်မခန့် ရွှေ့ကာ ရွှေခေါင်းလောင်း တံဆိပ်ခတ်နည်းကို ရုတ်တရက် အသက်သွင်းလိုက်သည်။ ဆူညံသော အသံနှင့်အတူ ရွှေရောင်ခေါင်းလောင်းကြီးများစွာသည် သူ့ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး ကြီးမားသော ရွှေခေါင်းလောင်းကြီး အဖြစ် ပေါင်းစပ်သွားသည်။

ရွှေခေါင်းလောင်းသည် ကျယ်ပြန့်သော အပိုင်းအခြားကို လွှမ်းခြုံကာ နှင်းဆီရောင် တိမ်တိုက်များကဲ့သို့ ဓားရောင်ခြည်များအား ဖြတ်သန်းစေပြီး တောင်နှင့် ချိတ်ဆက်ထားလိုက်သည်။ ရွှေခေါင်းလောင်း တောင်ကို ထိလိုက်တဲ့အခါ တူညီတဲ့ စာလုံးပုံစံတွေက တောင်ရဲ့မျက်နှာပြင်ပေါ်မှာ ပေါ်လာ၏။

ဤစာလုံးပုံစံများသည် ပြီးပြည့်စုံသော ရွှေခေါင်းလောင်းကို ပေါင်းစပ် ဖွဲ့စည်းထားပါသည်။

ချန်ရှီ၏ ရွှေခေါင်းလောင်းတံဆိပ်ခတ်နည်းနှင့် တာအိုထျန်းကျန်း မသေဆုံးမီက လုပ်ဆောင်ခဲ့သော ရွှေခေါင်းလောင်းတံဆိပ်ခတ်နည်းက အမှန်တကယ် လုံး၀ ထပ်နေကာ မှော်စာလုံးအားလုံးက အတူတူပဲ ဖြစ်သည်။

တာအိုထျန်းကျန်းသည် သူ့ကိုယ်သူနှင့် အမတနန်းတော်တို့ကို ပေါင်းစည်းရန် ရွှေခေါင်းလောင်းတံဆိပ်ခတ်နည်းကို အသက်သွင်းခဲ့ပြီး မကောင်းသော ပြောင်းလဲမှုကို အစွမ်းကုန် တွန်းလှန်ရန် ဤနေရာတွင် ရှိနေခဲ့သည်ဟု ထင်ရပါ၏။

ရှန့်ခွမ်း နှင့် အခြားသူများ မယုံနိုင်လောက်အောင် အံ့သြသွားကြသည်။ ထိုစဥ် ယို့ဖေးက ရှန့်ခွမ်းကို လက်လှမ်းဆွဲလေ၏။

"အရှင်မင်းသား... ရှင့်မှာ ဒီနည်းလမ်းရှိ​သေးလား"

ရှန့်ခွမ်းက ခေါင်းခါသည်။

"သူက ဘုရင်ပဲ... ငါက မင်းသား..."

ချန်ရှီသည် တောင်ပေါ်ရှိ မှော်စာလုံးအားလုံးကို အသက်သွင်းရန် အတွက် သူ၏ကိုယ်ပိုင် ရွှေခေါင်းလောင်း တံဆိပ်ခတ်နည်းကို အသုံးပြုခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မကြာခင်မှာပဲ တစ်ခုခုကို တွေ့လိုက်သည်။

"ဟိုမှာ!"

ဝမ်းဝူယွီလည်း သူညွှန်ပြသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ ချောက်ကမ်းပါးစွန်းတွင် ပျောက်ဆုံးနေသော သတ္တုတစ်ခု ရှိနေတာ တွေ့လိုက်ရသည်။ ချန်ရှီ၏ ရွှေခေါင်းလောင်းတံဆိပ်ခတ်နည်းနှင့် ထပ်နေသင့်သည့် သက်ဆိုင်သော စာလုံးတွေ မရှိပါ။ ထိုနေရာတွင် မီးတောက်ငယ်တစ်ခုကသာ တောက်လောင်နေသေးသည်။

"ထူးဆန်းတယ်... အဲဒါက ဘယ်လိုမီးတောက်လဲ? အမတတစ်ဝက်ရဲ့ ချိတ်စည်းကိုတောင် လောင်ကျွမ်းသွားစေနိုင်တယ် ဆိုတော့!"

ချန်ရှီ ကျန်းဝူကျူးရှဲ့ဓားကို အသက်သွင်းရန် ကြိုးစားလိုက်သည်။ အမတဓားသည် ဘုံကျောင်းထဲက ပျံထွက်လာပြီး ဓားထိပ်က မီးတောက်ကို စုပ်ယူရန် ကြိုးစားရင်း မီးလျှံဆီသို့ ရောက်ရှိလာသည်။ ရုတ်​တရက်​ မီး​တောက်​က ​လေချွန်​သံနဲ့အတူ ပြေးလာ၏။

ချန်ရှီလည်း ခုခံရန် ဓားကို အလျင်အမြန် စတေးပြီး မီးတောက်ကို ပိတ်ဆို့ထားလိုက်သည်။ မီးတောက် အမတဓားကို ထိလိုက်သည့်အခိုက်တွင် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး မီးသည် ချက်ချင်းပင် ထောင်ပေါင်းများစွာသော ပန်းများအဖြစ်သို့ ကွဲသွားကာ အရပ်ရပ်သို့ ပြန့်ကျဲသွားလေသည်။

ချန်ရှီရဲ့ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"အမတနန်းတော်ထဲသို့ ဝင်!"

လူတိုင်း နန်းတော်ထဲသို့ ပြေးဝင်လိုက်ကြပြီးနောက် နန်းတော်အပြင်ဘက်တွင် အလွန်ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်အား ကြားလိုက်ရလေ၏။ ရာနှင့်ချီသော နဂါးတို့၏ ဟောက်သံ၊ နွားထောင်ပေါင်းများစွာ ဟောက်သံတွေကြား၌ မနတ နန်းတော်သည် တခဏချင်း လောင်ကျွမ်းသွားသကဲ့သို့ နန်းတော်အပြင်ဘက်ရှိ အရာအားလုံးကို လောင်ကျွမ်းစေခဲ့သည်။

မင်းသားလုံချား၊ လုံထျန်းယိတို့သည် ချန်ရှီတို့ ထွက်လာပါက တိုက်ခိုက်ရန် ကြံစည်ကာ တောင်ခြေတွင် ချောင်းမြောင်းနေကြသည်။ ချန်ရှီတို့ဟာ ထျန်းကျစ်ပြည်က ဘုရင်နဲ့ အိမ်ရှေ့စံ ဖြစ်တာကြောင့် သူတို့ကို ဒီမှာပဲ သတ်နိုင်ခဲ့ရင် ဒါဟာ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုပါပဲ။

အမတမီး ပန်းပေါင်းထောင်ပေါင်းများစွာကို ပေါက်ကွဲသွားသည့် အခိုက်တွင် လုံထျန်းယိ၏ မျက်နှာအမူအရာလည်း ရုတ်တရက် ပြောင်းလဲသွား၏။ သူဘာမှ မပြော​တော့ဘဲ ခြေတစ်ထောင်ခန့်ရှိသော ခန္ဓာကိုယ်အစစ်အမှန်ကို ပြသကာ မင်းသားလုံချားကို ဖမ်းကိုင်ရင်း တောင်ပံများကို လှန်ပစ်လိုက်သည်။

ယွီပြည်က အခြားသခင်များသည်လည်း ထိတ်လန့်တကြားဖြင့် အသက်စွန့် ထွက်ပြေးခဲ့ကြရသည်။

"ဗုန်း--"

ကြောက်မက်ဖွယ်ကောင်းသော မီးလှိုင်းသည် ဤတောင်ကြီးကို ဗဟိုပြုကာ ပေါက်ကွဲသွား၏။ မီးတောက်များက မိုင်တစ်ရာအတွင်း ချက်ချင်းပျံ့နှံ့သွားသည်။

လုံထျန်းယိရဲ့ အတောင်ပံတွေဟာ တုန်ခါ​နေပြီး လျှပ်စီးကြောင်း ဖြတ်ပြေးသွားသလို မင်းသားလုံချားကို မိုင်တစ်ရာအထိ ပျံသန်းဖို့ သယ်ဆောင်လာခဲ့သည်။ ကြီးမားသော ဖိအားဒဏ်ကြောင့် မင်းသားလုံချား၏ အရိုးများ ကျိုးသွားကာ သူ၏ အတွင်းအင်္ဂါများလည်း ကွဲအက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူ့သွေးသားသည် ဆဌမအဆင့်သို့ နိုးထလာပြီးပြီ။ ဒါက မျိုးဆက်သစ် လူငယ်များကြားတွင် ရှားရှားပါးပါး သခင်တစ်ပါးဖြစ်နေပြီ ဖြစ်သော်လည်း လုံထျန်းယိရဲ့ ပျံသန်းမှု အမြန်နှုန်းအောက်မှာတောင် မထင်မှတ်ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိနေဆဲ။

လုံထျန်းယိသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသကဲ့သို့ မိုင်တစ်ရာဝေးသော တောင်ထိပ်ပေါ်သို့ ပျက်ကျသွား၏။ အထပ်ထပ် အခါခါ လှိမ့်ပြီးမှ သူ့အတောင်များ ရပ်သွားသည်။ ပြန်ကြည့်လိုက်တော့ အမတမီးဟာ ယင်တောင်တန်း ဒေသကို မိုင်ထောင်ချီကြာအောင် လင်းထိန်နေတော့မယ့် ဧရာမမီးရှူးတိုင်တစ်ခုလို တောက်ပနေတာ မြင်လိုက်ရ​တော့သည်​။

ဤအရာသည် သူနားမလည်နိုင်သော စွမ်းအားတစ်ခုဖြစ်ပြီး စိတ်မပျက်ဘဲ မနေနိုင်ပေ။

သူနှင့် မင်းသားလုံချားသာလျှင် ဤအမတခရီးစဉ်က လွတ်မြောက်ခဲ့သည်။ အဋ္ဌမအဆင့်တွင် ၎င်းတို့၏သွေးများကို နိုးကြားစေခဲ့သော အခြား စစ်သည်တော် ဒါဇင်ပေါင်းများစွာတို့သည် အမတမီး၏ လွှမ်းခြုံမှု​အောက်မှ မလွတ်ကင်းနိုင်ခဲ့ဘဲ အားလုံးကို မီးအိုင်ထဲတွင် မြှုပ်နှံထားခဲ့သည်။

အမတနန်းတော်တွင်မူ အမတမီး၏ စွမ်းအားသည် နန်းတော်ကို သိမ်းပိုက်တော့မည် ဖြစ်သော်လည်း တာအိုထျန်းကျန်း၏ ကိုယ်ခန္ဓာသည် မမြင်နိုင်သောစွမ်းအားကို ထုတ်လွှတ်ကာ အပြင်ဘက်ရှိ အမတမီး၏ စွမ်းအားကို ပိတ်ဆို့ထားခဲ့သည်။ အမတမီးသည် နန်းတော်အတွင်းရှိ လူများကို ဘယ်လိုမှ မထိခိုက်စေခဲ့ပါ။ မီးစွမ်းအားသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားတဲ့အထိ လူတိုင်းက မလှုပ်မယှက်သာ။

ချစ်ကျွင်း ခြေဆန့်ပြီး အပြင်ထွက်ချင်ပေမယ့် ချန်ရှီက ခေါင်းခါပြရင်း။

"မင်း မသွားနိုင်ဘူး အမတနန်းတော်က အရမ်းပူနေပြီ"

ချစ်ကျွင်းက ပြန်ပြုံးပြလိုက်သည်။

"ငါက မီးနတ်ဆိုးပဲ... အပူကို မကြောက်ဘူး"

သူသည် တံခါးခုံမှ လှမ်းထွက်လာပြီး သူ့ခြေထောက်များ ဆင်းသက်လာသည်နှင့်အမျှ ကျယ်လောင်စွာ အော်လိုက်ကာ ခြေထောက်များကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်ရသည်။ ခြေဖဝါးပေါ်မှ အရေပြားအလွှာ တစ်ခုကလည်း မီးလောင်သွားခဲ့သည်။

သူ့မျိုးနွယ်ရဲ့ မွေးရာပါ မှော်အစွမ်းတွေတောင် အမတမီးရဲ့ ကျန်နေတဲ့ အပူဒဏ်ကို မဟန့်တားနိုင်ခဲ့ပါဘူး။ ချစ်ကျွင်းမှာ ပူလောင်လွန်းလို့ ငိုပြီး မြေပြင်ပေါ် ထိုင်ချလိုက်ရသည်။

လူတိုင်း ငြိမ်သက်စွာ ဆက်လက် စောင့်ဆိုင်းကြရ၏။ ငရဲနတ်လေးနှစ်ကောင်သည် အမွှေးတိုင်များ ကိုင်ဆောင်ကာ ဘယ်ညာတွင် ချန်ရှီနှင့်အတူ လိုက်ပါသွားကြသည်။

အမတနန်းတော်ထဲက အပူချိန် တဖြည်းဖြည်း အေးလာကာ ချန်ရှီလည်း ငြီးငွေ့လာသဖြင့် ငရဲနတ်လေးနှစ်ကောင်ကို ၎င်း၏ကိုယ်ပိုင် ဘုံကျောင်းငယ်လေးထဲသို့ ခေါ်ဆောင်ကာ မယ်မယ်ရှစ်ကျီ အတွက် နံ့သာပေါင်းတွေ မီးရှို့ခိုင်းလိုက်သည်။

မယ်မယ်ရှစ်ကျီလည်း အလွန်ကျေနပ်သွားပြီး။

"အရှင်သံတမန်က ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်... နောက်တစ်ကြိမ် ငါ အချိန်ပိုကြာအောင် ခုခံပြီး သူ့ကျေးဇူးကို ပြန်ဆပ်ပြီးမှ ထွက်ပြေးရမယ်"

"အပြင်မှာ ပူနေသေးလားဆိုတာ ဘယ်သူ စမ်းကြည့်မှာလဲ"

ယို့ဖေးက မျက်လုံးပြူးပြီး လိုက်ကြည့်နေ၏။

"ရန့်ဝူး... နင့်ရဲ့ တစ္ဆေရုပ်တစ်ရုပ်ကို လွှင့်ပစ်ပြီး သေတဲ့အထိ မီးရှို့နိုင်မလား ကြည့်​ကြည့်စမ်းပါ"

ရန့်ဝူး နှင့် သူမနောက်ကွယ်ရှိ သရဲအရုပ်များက သူမအား ပြင်းစွာ စိုက်ကြည့်နေကြသည်။

ချန်ရှီ: "ငါက အရိုးစုပဲ အပူကို မကြောက်ဘူး"

သူ အမတနန်းတော်ထဲက ထွက်လာပြီးနောက် အပူချိန်ကို စမ်းသပ်ကြည့်သည်။ ခဏအကြာ၌ လှည့်ပြောလိုက်သည်။

"မင်းတို့ ထွက်လာနိုင်ပြီ"

လူတိုင်း ဂရုတစိုက် ထွက်လာကြ၏။ ခြေဖဝါးဖြင့် နင်းလိုက်သောအခါ အနည်းငယ် ပူနေသေးသည်ဟု ခံစားမိသော်လည်း ၎င်းတို့၏ မွေးရာပါ အသွင်အပြင်ကို စုစည်းလိုက်လျှင် ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။

ချန်ရှီ ကောင်းကင်ကို ကြည့်လိုက်တော့ လက ညဘက်ဆို ပိုတောက်ပလာနေတာကို တွေ့လိုက်ရသည်။

မြေအောက်ကမ္ဘာ၏ ကောင်းကင်သည် မူလက မီးခိုးရောင် ဖြစ်သော်လည်း ညဘက်တွင် ပို၍တောက်ပလာမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ညအချိန်တွင် သက်ရှိလောကရှိ ယင်စွမ်းအင်သည် ပိုမိုအားကောင်းလာပြီး ယင်နဲ့ယန် ကမ္ဘာကြားရှိ အတားအဆီးများက ပိုမိုပါးလွှာလာကာ သက်ရှိလောကရှိ လရောင်က ဖျတ်ခနဲ ပိုမိုလင်းလက်လာမည် ဖြစ်သည်။

နေ့ခင်းဘက်တွင် အတားအဆီးက ပိုထူလာကာ အလင်းရောင် မဝင်နိုင်ပေ။ ချန်ရှီ သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး။

"မင်းသားလေး မင်းအဖေ သေတာ ဘယ်လောက်ကြာပြီလဲ"

"တစ်လ..."

ချန်ရှီ : "ငါ့ကို ပုန်ကန်ဖို့ပဲ အမြဲတမ်း မစဉ်းစားနေနဲ့ မင်းအဖေကို ငါမသတ်ဘူး မင်းကိုလည်း အိမ်ရှေ့စံ မင်းသားလေးလို ဆက်ဆံ​ပေးနိုင်တယ်"

'သူတကယ်ပဲ ငါ့အဖေ ဖြစ်ချင်နေတာလား?'

ဝမ်းဝူယွီ: "လွန်ခဲ့တဲ့တစ်လက မြူဆိုင်းနေတဲ့ လတစ်ညမှာ... ရှင့်အဖေနဲ့ တခြားသူတွေ သေသွားတာ ကျွန်မ သိတယ် တောင်ပေါ်က ဆင်းရအောင်"

ချန်ရှီ ရုတ်တရက် နိုးလာသလို မျက်နှာအမူအရာ ပြောင်းသွားပြီး :"မြူလရောင်ပေါ်လာရင် သေနေတဲ့ အမတတွေ ပြန်ထလာလိမ့်မယ်... တာအိုထျန်းကျန်းလည်း ပြန်အသက်ဝင်လာလိမ့်မယ်!"

လူတိုင်းက သူ့ကို အမီလိုက်ဖို့ စပြေးကြသည်။

ရှန့်ခွမ်း : "တာအိုထျန်းကျန်း အသက်ရှင်နေတာ ကောင်းတာ မဟုတ်ဘူးလား"

ဝမ်းဝူယွီက စိတ်မချမ်းသာစွာနဲ့ :"ကောင်းရင် ရှင့်အဖေသေမှာ မဟုတ်ဘူး!"

ရှန့်ခွမ်း မျက်လုံးများ ပြူးကျယ်သွားပြီး သူ့အလိုလို တုန်လှုပ်သွားသည်။

သူ့အဖေ ရှန့်ဖူ ဆုံးပါးသွားတဲ့ညက တကယ်ကို မြူဆိုင်းတဲ့ညပါပဲ။ ရှန့်ဖူနောက်လိုက်သော မျိုးနွယ်စစ်သည်များ အားလုံးလည်း သေဆုံးသွားခဲ့သည်။ ရှန့်ဖူဟာ ကျန်းဝူကျူးရှဲ့ဓားဆီက ဓားအလင်းဖြင့် ထိမှန်သွားပုံရပြီး သူ့ခန္ဓာကိုယ်တစ်ဝက်သာ ပြန်ရောက်လာခဲ့သည်။

ရှန့်ဖူဟာ အလွန်သန်မာသဖြင့် ထျန်းကျစ်ပြည် ပြန်ရောက်အထိ အခိုင်အမာ တောင့်ခံထားနိုင်ခဲ့၏။ သို့သော် ထိန်းမရဖြစ်ကာ ဓားဒဏ်ရာများကြောင့် ခန္ဓာကိုယ်က ပြတ်တောက်ကာ သေဆုံးသွားခဲ့သည်။

တောင်ခြေရင်းသို့ လူတိုင်း ရောက်လာကြသော်လည်း ကောင်းကင်က အနည်းငယ် ပိုတောက်ပလာပါပြီ။ အာကာသအတွင်း နေရာတိုင်းတွင် အလင်းရောင်များ ရှိနေတာ မြင်​နေရသော်လည်း အလင်းရောင်က ဘယ်ကလာသလဲ မမြင်နိုင်ကြပေ။

သူတို့ အလျင်အမြန် ထွက်ပြေးကြသည်။

ချန်ရှီ: "တောင်ထက်မြင့်တဲ့ သစ်ပင်တစ်ပင်ကို ရှာ... မြူခိုးတွေပေါ်မှာ ပုန်းနေနိုင်သမျှ ပုန်းနေရမယ်... သစ်ပင်အ​မြင့်​ပေါ်​မှာ ပုန်းနေရင် ထိခိုက်မှာ မဟုတ်ဘူး!"

ထိုအချိန်တွင်ပင် ကောင်းကင်ကြီးသည် ရုတ်တရက် တောက်ပလာပြီး လမင်းကြီးကလည်း ရုတ်တရက် ပေါ်ထွက်လာ၏။ ၎င်းက တောင်ထိပ်ပေါ်တွင် ရပ်နေသကဲ့သို့ပင်။ နိမ့်ကျလာပါက လက်နှင့်ပင် ထိနိုင်လောက်သည်။

ဤလသည် ကမ္ဘာပေါ်ရှိ ချန်ရှီ မြင်ဖူးသော လထက် လေးဆ သို့မဟုတ် ငါးဆ ပိုကြီးပြီး ဘိုးဘွားပိုင်နယ်မြေရှိ လထက် ခြောက်ဆ သို့မဟုတ် ခုနစ်ဆ ပိုကြီးသည်။ လတွင် အတွင်းမှ အပြင်ဘက်အထိ အလွှာတစ်ခုပြီးတစ်ခု ကာရံထားကာ စုစုပေါင်း ကိုးအလွှာအထိ ရှိသည်။

ထိုစဥ် လ​ပေါ်ရှိ မြူခိုးများ ပြိုကျလာရာ ယင်တောင်တန်း တောင်​ချိုင့်​အတွင်း ​အော်​ဟစ်သံများ ထွက်ပေါ်လာ၏။ မကြာခင်မှာပဲ မြူခိုးထူထူတွေက ကောင်းကင်နဲ့ နေတွေကို ဖုံးလွှမ်းထားတဲ့ တောင်တွေဆီကနေ ပြန့်ကျဲလာပြီး သူတို့ဘက်ခြမ်းကို ပြေးဝင်လာသည်။

"မြန်မြန်လုပ်!"

လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်အစစ်အမှန်ကို ပြသပြီး ပြင်းထန်စွာ ဆက်ပြေးကြသည်။ သူတို့ထဲက တချို့က သူတို့ရဲ့ ခန္ဓာကိုယ် ခွန်အားနဲ့ ပြေးကြပြီး တချို့က သူတို့ရဲ့ မွေးရာပါ မှော်အစွမ်းတွေကို နှိုးကာ မှောင်မိုက်တဲ့ လေပေါ်မှာ လျှောက်သွားကြရာ အရှိန်က မနှေးကြချေ။

အနောက်မှ ရေလွှမ်းမိုးသံကြီး ထွက်ပေါ်လာ၏။ ၎င်းက သူတို့နှင့် နီးကပ်လာနေပြီ။ ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ အသွေးအသား အပိုင်းအစတွေ မြူခိုးတွေထဲ လွင့်နေတာကို တွေ့လိုက်ရသည်။

လူတိုင်း အသည်းအသန် ဆက်ပြေးခဲ့ကြသည်။

ချန်ရှီ : "ပြေး! ဆက်ပြေး... တာအိုထျန်းကျန်းရဲ့ အနတ္တလေဟာပြင်က ကန့်သတ်ချက်ရှိတယ်!"

“တကယ် ကန့်သတ်ချက်ရှိတယ် ဒါပေမယ့် မိုင်ထောင်ချီ အကွာအဝေးပဲ”

ဝမ်းဝူယွီက တိုးတိုး ပြောသည်။ ဒါကိုကြားတော့ ချန်ရှီလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားတာကို မထိန်းနိုင်ခဲ့။

ဤအခိုက်အတန့်တွင် ရင်းနှီးသော စွမ်းအားတစ်ခုက သူ့ကို လှမ်းခေါ်အား ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ဆီ ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့ အဘွားရှား သုံးနေတဲ့ ဝိညာဥ်ခေါ် စွမ်းအင်တွေပဲ။

ချန်ရှီ သူ့သွားတွေကို အံကြိတ်ပြီး ခေါ်နေတာကို ဆန့်ကျင်ကာ လူတိုင်းနဲ့ ဆက်ပြေးခဲ့သည်။

"ငါက တိုင်းပြည်ရဲ့အရှင်ပဲ... ငါ့လူမျိုးကို ဘယ်လိုလုပ် စွန့်လွတ်နိုင်မှာလဲ"

"ဟူး--"

လေပြင်းတိုက်ကာ မြူခိုးများ ပိုမို ဝင်ရောက်လာသည်။

ချန်ရှီ ကျန်းဝူကျူးရှဲ့ဓားကို မြှောက်လိုက်ပြီး ဓားအလင်းတွေကြား လူတိုင်းကို ဆက်ပြေးစေ၏။ လူတိုင်းသည် အေးစက်သောအလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး ထူထဲသော အသားစထစ်များနှင့် ပြင်းထန်စွာ တိုက်မိကာ ကောင်းကင်မှ ပြုတ်ကျလာပြီး ပိတ်ဆို့သွားကြသည်။

သက်ရှိလောကတွင်တော့ အဘွားရှားသည် သူမ၏မျက်နှာကို ထူးဆန်းသော အကြည့်ဖြင့် ပေါ့ပေါ့ပါးပါး အာမေဋိတ်တစ်ခု ထုတ်ကာ မျှော်ကြည့်လိုက်သည်။

"တစ်ဆယ်လေး ပြန်မလာနိုင်အောင် တားဆီးထားတဲ့ တွန်းအားတစ်ခုရှိတယ်!"

ချန်ထန်က စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

"နည်းလမ်းရှိလား"

အဘွားရှား: "စိတ်ဝိညာဉ်နည်းလမ်းမှာ ဘယ်သူ့ကိုမှ မကြောက်ဘူး... ကောင်းကင်နဲ့ မြေကြီးရဲ့ တရားတော်ကို ချေးငှားပြီး ဒီလူနဲ့ ယှဉ်ပြိုင်မယ်... ပြီးရင် တစ်ဆယ်လေးရဲ့ ဝိညာဉ်ကို သေချာပေါက် ပြန်ယူနိုင်မှာပါ!"

All Chapters