← Chapters

မူလကြယ်မြေပုံ

Vol. 25 Ch. 365

မူလကြယ်မြေပုံ

Vol. 25 Ch. 365

ချန်ရှီသည် သူ၏ အသွေးအသား ခန္ဓာကိုယ်မှ ဖြည်းညှင်းစွာ နိုးလာပြီး မျက်လုံးများကို ဖွင့်ကာ ထထိုင်လိုက်သည်။ ထိုအခါမှ အဘွားရှားလည်း သက်ပြင်းချနိုင်လေ၏။

"တစ်ဆယ်လေး ဘာဖြစ်တာလဲ တခြား သရဲတစ္ဆေတွေ ဖမ်းမိလို့ ထောင်ကျနေတာလား... မင်းအဖေက မင်းသေမှာကို စိုးရိမ်နေတာ... မင်းအမေကလည်း စိတ်ပူလို့ သေတော့မယ်..."

ချန်ရှီက တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့မျက်နှာက ပုံမှန်အတိုင်းပင်။

"အဒေါ်ချိုးထုန်... ကျနော် အဆင်ပြေပါတယ်.. စိတ်မပူပါနဲ့... တစ်ခုခုဖြစ်သွားလို့ပါ"

ချန်ထန်သည်လည်း ယဇ်ပလ္လင်ပေါ်သို့ လျင်မြန်စွာ လျှောက်သွားကာ စိုးရိမ်လွန်းသဖြင့် ခေါင်းတဆက်ဆက် ညိတ်နေရ၏။

"ပြန်လာတာ ကောင်းပါတယ် မင်းအမေ သေမလောက်ကို စိုးရိမ်နေတာ... မင်းမတော်တဆ ဖြစ်နေတယ်လို့တောင် အမြဲတမ်း တွေးနေတာ"

အဖွားရှားသည် ချန်ထန်ကို ငုံ့ကြည့်ရင်း စိတ်ထဲတွင် လှောင်ရယ်နေသည်။ ချန်ထန်သည် သူ့သား ဒုက္ခမဖြစ်ရအောင် ချန်ရှီ၏ ဝိညာဉ်ကို ပြန်ခေါ်နိုင်အောင် သူမအား တတွတ်တွတ် တိုက်တွန်း​နေခဲ့သော်လည်း တကယ်တမ်းတော့ ဝူးချင်းယွီအပေါ် ပုံချခဲ့သည်။

ချန်ရှီ မတ်တပ်ထရပ်ပြီး သူ့ခန္ဓာကိုယ်ကို ရင်းနှီးသွားအောင် အကြောဆန့်လိုက်သည်။

"ဖေဖေ.... သား အဆင်ပြေပါတယ်"

ချန်ထန်ကတော့ သူ့သား နည်းနည်း ပြောင်းလဲသွားတယ်လို့ ခံစားရလေသည်။ ဤခန္ဓာကိုယ်နှင့် အလွန်ရင်းနှီးပုံ မပေါက်တော့သလိုကြီး လမ်းလျှောက်ရာတွင်လည်း ယခင်ကဲ့သို့ မဟုတ်တော့ပေ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ချန်ရှီဟာ သူ့ခန္ဓာကိုယ်နဲ့ ရင်းနှီးဖို့ အချိန်သိပ်မကြာလိုက်ပါဘူး။

ယခုအထိ သူသည် အရိုးစုအဖြစ်သာ အသက်ရှင်ခဲ့သည်။ ၎င်းက အချိန်မရွေး ပြိုကွဲနိုင်ပြီး အရိုးအပိုင်းအစများအဖြစ် ပြောင်းလဲကာ အကွာအဝေးတွင် ပြန်လည် စုစည်းနိုင်ကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ ဒီနည်းနဲ့ ခန္ဓာကိုယ် အသွေးအသားတွေကို အသုံးမချနိုင်တာ နှမြောစရာပင်။

"အဖေ... အဒေါ်ချိုးထုန်... ကျနော့်ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ဖယ်ရှားလိုက်ပြီလား"

ချန်ရှီ ယဇ်ပလ္လင်​ပေါ်မှ ဆင်းလာစဉ် အမြန် မေးလိုက်သည်။ ဟေးကော်က အမြီး​လေးတွန့်ကာ ပြေးလာရင်း လွန်စွာ ရင်းနှီးစွာ နှစ်ခါဟောင်လေ၏။ ၎င်းက ချန်ရှီနဲ့ ရက်အတော်ကြာ ခွဲခွာနေခဲ့ရသဖြင့် အရမ်းလွမ်းနေပြီ။ ချန်ရှီလည်း ထိုင်ချလိုက်ပြီး ခွေးခေါင်းကို ဖက်ထားလိုက်သည်။ ဟေးကော်က သူ့လက်များမှ လွတ်ထွက်သွားပြီး သူ့မျက်နှာပေါ်တွင် တံတွေးများ ပေကျံသွားအောင် လုပ်ပစ်တော့၏။

ချန်ထန်သည် သူနှင့် ဟေးကော်အကြားက ရင်းနှီးမှုကို မနာလိုစိတ်ဖြင့် ယဇ်ပလ္လင်ပေါ်မှ ဆင်းလာခဲ့သော်လည်း ချက်ချင်း ငြိမ်သက်ကာ။

"မဟုတ်သေးဘူး.. ငါတို့က နတ်ဆိုး၁၀၂ ကောင်ကို ဆွဲထုတ်ပြီးပြီ...နတ်ဖွေရှာအိတ်က မလုံလောက်ဘူး အဲဒါကြောင့် အိတ်ကို သန့်စင်ဖို့ ပစ္စည်းတွေ ရှာဖွေရဦးမယ်"

ချန်ရှီ ပြုံးပြီးပြောလိုက်သည်။

"အဖေ ကျနော့်ကို ဖုံးကွယ်ထားတာ တခြားဘာမှ မရှိဘူးမလား"

ချန်ထန်က အေးဆေးတည်ငြိမ်စွာပဲ ပြောလေသည်။

"မရှိဘူး မင်းအိမ်ပြန်သင့်တယ်... မင်းအမေက မင်းကိုစိတ်ပူနေတာ"

"ဖေဖေ အတူတူ ပြန်ကြရအောင်"

ချန်ထန်က ခေါင်းခါလိုက်ပြီး :"အဒေါ်ချိုးထုန်ကို ကူညီရဦးမယ်... ဟေးကော် မင်း သူ့ကို ဟွမ်ဖောရွာကို ပြန်ပို့ပေးလိုက်"

ချန်ရှီလည်း ညင်သာစွာ ခေါင်းညိတ်ပြပြီး ဟေးကော်နှင့်အတူ မရဏကမ္ဘာမှ ထွက်ခွာသွားခဲ့သည်။ ချန်ထန် သူတို့ ထွက်သွားတာကို ကြည့်နေခဲ့၏။

အဘွားရှား: "မင်း သူ့ကို ဖုံးကွယ်ချင်သေးလို့လား"

ချန်ထန် ပေါ့ပေါ့ပါးပါးနဲ့ :"သူ့ကို မဖုံးကွယ်ထားရင် ကျ​နော်တို့ဘာလုပ်ရမှာလဲ ငါတို့က နတ်ဆိုးတွေကို ဖယ်ထုတ်တဲ့အခါတုန်းက ဘေးဥပဒ်အဆင့် နတ်ဆိုးတစ်ကောင် ပေါ်လာတယ်လို့ သူ့ကို ပြောရမှာလား"

အဘွားရှားလည်း သူဒီလိုပြောတာကို ကြားတော့ နတ်ဆိုးတွေကို ဆွဲထုတ်တဲ့ မြင်ကွင်းက သူမ တုန်လှုပ်ခြောက်ခြားလာစေကာ မနေနိုင်တော့ဘဲ တုန်တုန်ယင်ယင် ဖြစ်လာသည်။

ဒီတစ်ခါတော့ ကုသိုလ်ကံက ချောမွေ့သွားခဲ့သည်။ ချန်ထန်သည် ခြိုးခြံချွေတာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အကြိမ်များစွာလည်း လေ့ကျင့်ခဲ့သည်။ ချန်ရှီအမေ မျှော်မှန်းထားသည့်အတိုင်း နောက်ပိုင်းတွင် နတ်ဆိုးများက ပိုမိုအားကောင်းလာပြီး ဘေးဥပဒ်အဆင့်များကဲ့သို့ အမျိုးမျိုးသော အခြေအနေများ ဖြစ်ပေါ်လာပြီး နတ်ဆိုးနှစ်မွှာများနှင့် နတ်ဆိုးသုံးမွှာ စသော ထူးဆန်းသည့် ဖြစ်စဉ်များလည်း ရှိလာခဲ့သည်။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူတို့ ထိန်းချုပ်နိုင်ခဲ့ပါ၏။

နတ်ဆိုးသုံးပါးက ပိုအန္တရာယ်များလှသည်။ "ချန်ရှီ" သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဦးခေါင်းသုံးလုံးရှိပြီး တစ်ချိန်တည်းတွင် လမ်းကြောင်းအားလုံးကို တိုက်ခိုက်နိုင်သည်။ ချို့ယွင်းချက်ရှာရန် အခွင့်မရှိသဖြင့် ချန်ထန်၊ တုယိရန်တို့၏ ပိတ်ဆို့ခြင်းကို ဖြတ်ကျော်သွားခဲ့သည်။

ဟော့သော်ကသာ သူ့ကို တားဖို့ အချိန်မီ မထွက်လာနိုင်ခဲ့ရင် သူဟာ သက်ရှိကမ္ဘာထဲကို ထွက်ပြေးသွားလိမ့်မည်။ ထိုအချိန်တွင် နတ်ဆိုးသုံးပါးသည် သီးခြားစီ ထွက်ပြေးသွားကာ ၎င်းတို့ကို ဖမ်းရန် အလွန်ခက်ခဲမှာပဲ ဖြစ်သည်။

ချန်ရှီ၏ ခန္ဓာကိုယ်ထဲတွင် မတူညီသော "နတ်ဆိုး" ပေါ်လာသည်အထိ ဆိုးရွားလာ၏။

ဤ "ချန်ရှီ" သည် နိုးထပြီးနောက် ကမ္ဘာကြီးကို ဝါးမြိုချင်သော အခြားနတ်ဆိုးများနှင့် မတူပါ။ ဆန့်ကျင်ဘက်အနေနဲ့ သူက အရမ်းအေးဆေးပြီး ယဉ်ကျေးကာ လူတိုင်းနဲ့ စကားပြောသည်။ သူဘယ်ကလာတယ် ဆိုတာသာ မသိရင် သူက ပညာတတ်တစ်ယောက်လို့ပင် ထင်မိလိမ့်မည်။

ကြယ်များပြည့်နှက်ကာ ခမ်းနားပြီး ထူးထူးခြားခြား ကောင်းကင်မှ တံလျှပ်များကို ဖန်တီးနိုင်စွမ်းကို ပြသခဲ့သည်။ ဤရူပါရုံသည် ကုန်းမြေ မိုင်ထောင်ပေါင်းများစွာကို လွှမ်းခြုံထားပြီး လူတိုင်း၏ မျက်နှာအ​ရောင်ကို ပြောင်းလဲစေသည်။

နတ်ဆိုးသည် လူကိုယ်တိုင်ပေါ်လာပြီး လူတိုင်းက သူ့ကိုသတ်ရန် အဆင်သင့် ဖြစ်သောအခါ "ချန်ရှီ" တစ်ချိန်တည်းတွင် လူတိုင်းနှင့် နတ်ဆိုးများကို အနိုင်ယူရန် ခက်ခဲမည်ဟု ထင်သောကြောင့် တိုက်ခိုက်ခြင်းမပြုဘဲ ဆုတ်ခွာရန်သာ သူ့ဘာသာ အစပြုခဲ့သည်။

အဖွားရှားနှင့် အခြားသူများသည် ချန်ရှီ၏ အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်ရာ ချောက်ထဲတွင် ပိတ်နေကြောင်း တွေ့ရှိခဲ့ရပြီး "ဘေးဥပဒ်" အဆင့် သည် ချန်ရှီ၏ အသိစိတ်ပင်လယ်ထဲတွင် ပုန်းနေဆဲ ဖြစ်လေ၏။

သူတို့သည် ဘေးဥပဒ်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိသဖြင့် နတ်ဆိုးကို ဆက်လက်ဖယ်ရှားမည့် လုပ်ဆောင်မှုကို စွန့်လွှတ်ကာ ချန်ရှီဝိညာဉ်ကို ပြန်လည် အသက်ပြန်သွင်းခဲ့သည်။

"တစ်ဆယ်လေးရဲ့ အသိစိတ်ပင်လယ်ထဲက နတ်ဆိုးကို အပြီးတိုင် ချေမှုန်းပစ်သင့်တယ်... ဒါပေမယ့် အတွင်းထဲမှာ ကပ်ဥပဒ်တွေ ဘယ်လောက်ကျန်သေးလဲ မသိဘူး... တစ်ခုပဲရှိမယ်လို့ မျှော်လင့်တယ်..."

အဖွားရှား: "ဒါပေမယ့် ဒီဘေးဥပဒ်အဆင့် ငါတို့ကို အကြီးမားဆုံး တုန်လှုပ်စေခဲ့တာက သူပြသခဲ့တဲ့ ကြယ်ရောင်ကောင်းကင်ကြီးပဲ"

၎င်းပြသခဲ့သော ကောင်းကင်မှာ ကြယ်တွေပြည့်နေပြီး ထက်မြက်ပြီး အနှိုင်းမဲ့အလင်းတွေ ဖြာထွက်နေ၏။ ဤမြင်ကွင်းက သူတို့ကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။ အထူးသဖြင့် လူဆိုးငါးယောက်ပင်။

အဘွားရှား၊ တုယိရန်၊ ဟူရှောင်လျောင်၊ ချင်းယန်၊ ချောင်ကျိုးနှင့် ချန်ယင်တူးတို့သည် ရှေးခေတ်နက်နဲသော အရာများကို ရှာဖွေခဲ့ကြပြီး စစ်မှန်သော ဘုရင်ခေတ်က ရုပ်ကြွင်းများကို ရှာဖွေကာ အတိဒုက္ခကို ကျော်လွန်ပြီး အထက်ပျံသန်း နယ်ပယ်နှစ်ခုကို ရှာဖွေခဲ့ကြသည်။ သူတို့သည် လက်ရှိခေတ် ကျင့်​ကြံမှုစနစ်နှင့် ကွဲပြားသော အရာများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အထူးသဖြင့် အနတ္တလေဟာပြင်ဘုံကို ဖွင့်သောအခါတွင် အသုံးပြုသော ကြယ်မြေပုံပင်။

ကြယ်မြေပုံများကို ကြယ်ပွင့်မြေပုံများ၊ ကြယ်မြစ်မြေပုံ၊ နန်းတော်လေးခုမြေပုံ၊ ကျုံးထျန်းမြေပုံနှင့် ကျိုးထျန်းမြေပုံ စသဖြင့် ခွဲခြားထားပါသည်။

ယင်းနှင့်ပတ်သက်ပြီး သူတို့သည် မြေပူံ အများအပြားကို ရှာတွေ့ခဲ့ပြီး ၎င်းတို့အား အသေးစိတ်လေ့လာကာ ကြယ်မြေပုံများတွင် တဖြည်းဖြည်း ဖြည့်သွင်းခဲ့သည်။ ထို့ကြောင့် တုယိရန်နဲ့ ချောင်ကျိုးတို့ အနတ္တလေဟာပြင်ဘုံ ဖွင့်လိုက်တဲ့အခါ ၎င်းတို့ ကြယ်မြေပုံများသည် တခြားကျင့်ကြံသူများ အသုံးပြုသည့် ပုံစံများနှင့် ကွဲပြားနေခြင်းပင်။

ချန်ယင်တူးနှင့် ချန်ထန်တို့မှာလည်း အလားတူပင်ဖြစ်သည်။

သို့သော် ဘေးဥပဒ်အဆင့် "ချန်ရှီ" ပြသထားသော ကြယ်ရောင်ကောင်းကင်သည် ကြယ်မြေပုံအရ သူတို့ဖြည့်ထားသော ကြယ်ရောင်ကောင်းကင်နှင့် ကွဲပြားနေသည်။ ကြယ်များ၏ စီစဉ်မှုအစီအစဥ်နှင့် တိမ်းညွှတ်မှုအပြင် နန်းတော်လေးခု၏ ပုံသဏ္ဌာန်၊ နဂါးငွေ့တန်းပုံသဏ္ဌာန်နှင့် ကျိုးထျန်း မြေပုံတို့နဲ့လည်း မတူညီပါ။

ဒါကြောင့် သူတို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။

တုယိရန်နှင့် အခြားသူများသည် ချန်ရှီ၏ဝိညာဉ်ကို ခေါ်ဆောင်ရန် ချန်ထန်နဲ့ အဘွားရှားကိုသာ အပ်ထားခဲ့သည်။ သူတို့သာ ကျန်ခဲ့သော သဘာဝဘေးအန္တရာယ် "ချန်ရှီ" မှပြသထားသည့် ကြယ်မြေပုံကို နားလည်သွားခဲ့သည်။ ထိုကြယ်မြေပုံသည် အာကာသမှ နတ်ဘုရားက ပိတ်ဆို့ထားသော ကြယ်ရောင်ကောင်းကင်ကြီး ဖြစ်နိုင်ချေရှိကြောင်း ချက်ချင်းပင် စီရင်ဆုံးဖြတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကြယ်မြေပုံကို မြင်ယောင်ကာ တွေးတောကြည့်သောအခါတွင် ပြင်ပအာကာသမှ ကွဲပြားခြားနားသော ကြယ်စွမ်းအားများကို ခံစားသိရှိနိုင်သောကြောင့်ပဲ ဖြစ်သည်။ ထိုကြယ်များသည် စိတ်ထဲတွင် တဖျပ်ဖျပ် ခတ်သွားကာ သူတို့၏ ရာထူးများကို ဖြည်းဖြည်းချင်း ဆုံးဖြတ်လိုက်ကြသည်။

ချန်ထန်: "မေးခွန်းက ဒီဘေးဥပဒ်က ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို ဘာကြောင့် ပြခဲ့တာလဲ.... သူက ဟန်မဆောင်ဘဲ ကြယ်တွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးကို တမင်တကာ ပြနေသလိုပဲ..."

အဘွားရှား ဤအကြောင်းရင်းကို မခန့်မှန်းနိုင်ပေ။

လေပြင်း တိုက်ခတ်သွားပြီးနောက် ချန်ရှီနှင့် ဟေးကော်တို့သည် ကုန်းစောင်းပေါ်တွင် ပေါ်လာခဲ့သည်။ ချန်ရှီသည် ကျူးရှို့ချိုင်ကို နှုတ်ဆက်ပြီး သူနဲ့ ကန့်ညောင်အတွက် အမွှေးတိုင်အနည်းငယ် မီးရှို့ပေးခဲ့ကာ သူ့အမေ ဝူးချင်းယွီကို ဘေးကင်းကြောင်း သတင်းပို့ဖို့ အိမ်ပြန်ခဲ့၏။

အရာအားလုံး ငြိမ်သက်သွားသည်။

ချန်ရှီသည် ကောက်ကွေးနေသော မိုးမခပင်အောက်တွင် လဲလျောင်းနေပြီး ကောင်းကင်ကို မော့ကြည့်ကာ ပါးစပ်ထဲရှိ ခွေးမြက်ပင်ကို ကိုက်နေသည်။ ဟေးကော်သည် သူ့ဘေးတွင်ထိုင်ကာ လည်ပင်းကိုဆန့်ကာ ရှေ့ခြေပေါ် မေးစေ့တင်ထားသည်။

"မင်းနဲ့ ငါ့အဖေ...အဘွားနဲ့ တခြားသူတွေ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားကြတယ်"

ချန်ရှီသည် ခွေးမြက်ပင်ကို ကိုက်လိုက်ပြီး တိတ်ဆိတ်မှုကို ရုတ်တရက် ချိုးဖျက်လိုက်သည်။ နဂိုက လဲလျောင်းနေသည့် ဟေးကော်၏ နားရွက်များသည် ချက်ချင်း ​ထောင်လာသော်လည်း သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသေးပြီး မျက်လုံးများ မှိတ်ကျသွားသည်။ ဘေးဥပဒ် "ချန်ရှီ" ပေါ်လာပြီးနောက် ချန်ထန်က မပြောပြဖို့ ချန်ရှီကို စိတ်မပူစေချင်ကြောင်း ပြောခဲ့ပါ၏။

ချန်ရှီ: "ဟေးကော် ငါတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေလို့ ငါထင်ခဲ့တာ... ငါတို့အတူတူကြီးပြင်းခဲ့တယ်၊ စားတယ်၊ သောက်တယ်၊ ဆီးသွားတယ် အတူတူအိပ်တယ်၊ ဒါပေမယ့် မင်းတို့ ငါ့ကို အပြင်လူလို ဆက်ဆံနေမယ်လို့ ငါမမျှော်လင့်ထားဘူး"

ဟေးကော်သည် ရှက်ရွံ့သော မျက်နှာဖြင့် လည်ပင်းကို မြှောက်လိုက်ပြီး စကားပြောရန် ချီတုံချတုံ ဖြစ်နေသည်။

"မေ့လိုက်ပါတော့... ငါတို့တွေက လမ်းခွဲနေကြပြီ"

ချန်ရှီ ဝမ်းနည်းစွာ ပြောလိုက်သည်။ ဟေးကော် မတ်တပ်ထရပ်ပြီး သူ့ရှေ့ခြေနှစ်ချောင်းကို ကျောပေါ်တင်ကာ မိုးမခပင်တစ်ပင်ကို လှည့်ပတ်ရင်း စိတ်ရှုပ်သွား၏။

ချန်ရှီ ဝမ်းနည်းစွာနဲ့ :"မင်းနဲ့ ချန်ထန်က အပေါင်းအဖော်ကောင်းတွေ ဖြစ်သွားတာပေါ့... ငါမှားသွားပြီ..."

နောက်ဆုံးတော့ ဟေးကော်က သူ့စိတ်ကို ထိန်းထားပေမယ့် သူ့ရှေ့ယက်ကို ချန်ရှီပုခုံးပေါ်တင်ကာ သက်ပြင်းချလိုက်၏။

"ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်!"

ချန်ရှီ အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြကာ မျက်မှောင်လည်း ကြုတ်ရင်း ထိတ်လန့် ကြောက်ရွံ့နေလေသည်။ နောက်ဆုံးတွင် သူသည် အံ့သြသော မျက်နှာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"မင်းဆိုလိုတာက ချန်ထန်နဲ့ တခြားသူတွေက ကောင်းကင်ဘေးဥပဒ်ကြီး ပြထားတဲ့ ကြယ်မြေပုံက ကောင်းကင်ပြင်နတ်ဘုရား ဖုံးထားတဲ့ ကောင်းကင်ကြီးလို့ သံသယဝင်​နေတာလား"

ဟေးကော်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဝူး ဝူး ဝူး?"

ချန်ရှီ ပြုံးပြီးပြောလိုက်သည်။

"ငါ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်ဘေးဥပဒ်ကြီး ရှိမရှိကို ငါစိတ်မပူပါဘူး.... အရင်ကရော မရှိခဲ့လို့လား ခါတိုင်းလို ငါ့ဘဝကို ရှင်သန်နေတာ မဟုတ်ဘူးလား ကောင်းကင်ဘေးဥပဒ်ကြီးရဲ့ ကြယ်မြေပုံက တကယ်ပဲ ကြယ်တွေဖုံးထားတဲ့ ကောင်းကင် ဟုတ်လား? တကယ်ဆိုရင် ကောင်းကင်ကနတ်ဘုရားက ဘာလို့ ကြယ်ရောင်စုံတဲ့ ကောင်းကင်ကြီးကို ဖုံးအုပ်ထားရတာလဲ? ချန်ထန်က ဘာလို့ကြယ်အစစ်ကို သိနေတာလဲ တခြားသူတွေရော?"

ဟေးကော်ကလည်း တံတောင်ဆစ်တစ်ဖက်နှင့် မေးစေ့တစ်ဖက်ကို ကိုင်ကာ လေးလေးနက်နက်တွေးတောလိုက်သည်။ ချန်ရှီက အားတက်သရော ပြုံးကာ ပြောလာသည်။

"ညီလေး ဒီရက်ပိုင်း မင်းရဲ့ အတွေ့အကြုံက တကယ့်ကို ထူးဆန်းတယ်... ဒါပေမယ့် ငါ့အတွေ့အကြုံက ပိုလို့တောင် စိတ်လှုပ်ရှားစရာ ကောင်းနေသေးတယ်ကွ... ငါ ထျန်းကျစ်ပြည်ရဲ့ ဘုရင်ဖြစ်လာတာ မင်းသိလား"

ဟေးကော်ကို ထိုင်ခိုင်းပြီး ယင်တောင်တန်းက သူ၏အတွေ့အကြုံကို ဖြည်းညှင်းစွာ ပြောပြလိုက်သည်။ ကောင်းကင်နားစွင့်သူတွေ ဝမ်းဝူယွီကို ရှာဖွေပုံ၊ ဝမ်းဝူယွီနှင့် တိုက်ပွဲ၊ အမတအမှန်တရား ရှာဖွေရေး၊ တာအိုထျန်းကျန်းကို ရှာဖွေရန် အမတနန်းတော်သို့ ဝင်ရောက်ခြင်းနှင့် တာအိုထျန်းကျန်း၏ အပ်နှင်းမှု။ ထူးဆန်းသော အမတမီးအကြောင်းကိုလည်း သူပြောပြသည်..။

"ဝုတ် ဝုတ်!"

ဟေးကော်က ထထိုင်လိုက်၏။

"ဝုတ် ဝုတ်!"

ချန်ရှီ : "ဒီအမတမီးကြောင့် ငါလည်း တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တာ... အမတမီးက အကြောင်းပြချက်မရှိဘဲ တာအိုထျန်းကျန်း သူ့ကိုယ်သူ တံဆိပ်ခတ်ထားတဲ့ တောင်ပေါ်မှာ မပေါ်လာနိုင်သလို တံဆိပ်ချိတ်စည်းကို သော့ဖွင့်ဖို့အတွက် သော့တံပေါ် လဲကျလာမှာလည်း မဟုတ်ဘူး..."

ဟေးကော်ကလည်း ခပ်တည်တည်နဲ့ အော်လိုက်သည်။

"မင်းမှန်တယ်! သူက တာအိုထျန်းကျန်းရဲ့ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲပြီး သဘာဝဘေးအန္တရာယ်အဖြစ် ပြောင်းလဲပစ်ချင်​နေတာပဲ!"

ချန်ရှီ ခပ်တည်တည်နဲ့ ထပ်ပြောလိုက်သည်။

"မင်းနဲ့ငါ တွေးတူနေကြတာ... အရမ်းထူးဆန်းတာ တစ်ခုရှိတယ် စစ်မှန်တဲ့ဘုရင်က တာအိုထျန်းကျန်းကိုသတ်ဖို့ လူတွေကို အမိန့်ပေးတဲ့အခါတုန်းက ထိုက်ဟွာချင်း နန်းတော်ရဲ့ ကျန်းဝူကျူးရှဲ့ဓားကို သုံးခဲ့တယ်တဲ့... တာအိုထျန်းကျန်းက ယင်တောင်တန်းမှာ ဓားနဲ့ အထိုးခံရပြီး သေဆုံးသွားတာ... သူက ကြင်နာသနားတတ်တယ်... သေပြီးရင် သူ့ကိုယ်သူ ဘေးဥပဒ် ဖြစ်သွားပြီး လူတွေက သတ်ပစ်မိမှာကို စိုးရိမ်နေတာ..."

စစ်မှန်သော ဘုရင်ခေတ်မှ စ၍ ယခုဆို အနည်းဆုံး နှစ်ပေါင်း ခြောက်ထောင် ကျော်လွန်ခဲ့ပြီ။

စစ်မှန်သော ဘုရင်ခေတ် ပျက်သုဉ်းပြီး ဘုရင်လည်း ပြုတ်သွားသည်။ ထိုအချိန်မှစ၍ အစွမ်းထက်ဆုံး ကျင့်​ကြံသူများသည်ပင် သက်တမ်း နှစ်တစ်ရာကျော်သာ ရှိတော့၏။ သက်တမ်းရှည်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ အနှစ်နှစ်ရာ သုံးရာသာ အသက်ရှင်နိုင်သည်။ တစ်စုံတစ်ယောက်သာ ဤလျှို့ဝှက်ချက်ကို သိခဲ့လျှင် ယခုအချိန်အထိ အသက်ရှင်ရန် မဖြစ်နိုင်​တော့ပေ။

ပြီးတော့ အဲဒီလူက အမတမီးကို သုံးနိုင်တာကြောင့် သူ့ရဲ့ မူလအစက ပိုလို့တောင် အံ့သြစရာကောင်းတာကို ပြနေ၏။ ဒီလျှို့ဝှက်ချက်ကိုလည်း သိပြီး အမတမီးကို တစ်ချိန်တည်းမှာ အသုံးချခဲ့တယ် ဆိုတာက အဲဒီနှစ်ရဲ့ မျက်မြင်သက်သေက အခုထိ အသက်ရှင်နေသေးတာ ဖြစ်နိုင်လား။

"အဲဒီလူက ဘယ်သူပဲ ဖြစ်ဖြစ် မကြာခင်မှာ ထပ်ပေါ်လာဦးမှာပဲ"

ချန်ရှီရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် အလင်းများဖြင့် လတ်နေသည်။

"တာအိုထျန်းကျန်းက ယင်ယန်သန့်စင်နည်းကို သိထားတယ်... သူ သေသွားပြီးတာတောင် မကောင်းမှုကို ချိတ်ပိတ်ထားရလိမ့်ဦးမယ်လို့ မထင်ထားဘူး... သူ့ပန်းတိုင်က ကျရှုံးသွားတယ် အဲဒါကြောင့် သူ ဒုတိယအကြိမ် ဘေးအန္တရာယ် ကျရောက်မှာ သေချာတယ်! သူ ပထမအကြိမ် တိုက်ခိုက်တာကို ဘယ်သူမှ သတိမထားမိခဲ့ပေမယ့် ဒုတိယအကြိမ် ပေါ်လာရင် မသေချာတော့ဘူး.."

သူ ငြိမ်သက်သွားပြီး မြူလရောင် ဖြစ်စဉ်အကြောင်း ဟေးကော်ကို ထပ်ပြောပြလိုက်သည်။ သေခြင်းတရားက တာအိုထျန်းကျန်းရဲ့ ဆိုးရွားတဲ့ အသွင်ကူးပြောင်းမှုနှင့် ၎င်းကို လိုက်ရှာနေသူများအား သုတ်သင်စေခဲ့သည်။ သူသည် လူတိုင်းကို ထျန်းကျစ်ပြည်သို့ ပြန်ခေါ်ဆောင်သွားခဲ့ပြီး အဘွားရှား ဝိညာဉ်ခေါ်ဆောင်နေတာကြောင့် ထွက်ခွာခဲ့ရသည်...။

ဟေးကော်က စိတ်တိုသွားပြီး "ဝုတ်!"

ချန်ရှီ လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

"ငါလည်း သူတို့ကို ကယ်ချင်ပေမယ့် နောက်တစ်ခါ မလုပ်နိုင်ပါဘူး... ငါ သေရင် အဖေနဲ့ တခြားသူတွေက ငါ့​ခန္ဓာကိုယ်ထဲက သဘာဝဘေးအန္တရာယ်ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"

"ဝုတ် ဝုတ် ဝုတ်!"

ချန်ရှီ ပြုံးပြီး ဆက်ပြောလိုက်သည်။

"ညီလေး ဒါဆို သဘောတူလိုက်ပြီနော်... သူတို့ အတူတူ ရှာဖို့ ယင်တောင်တန်းကို သွားရအောင် မင်းကို ငါ့ပလ္လင်ပေါ်မှာ ထိုင်ခိုင်းပြီး သရဖူကို ဝတ်ခိုင်းမယ်... နန်းတော်က အစေခံတွေက မင်းကို မဂ္ဂမာရေကန်မှာ ရေချိုးပေးမှာနော်... မင်းအရိုးပေါ်မှာ ပိုးကောင်တွေ မရှိစေရဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အိမ်ရှေ့ မင်းသားလည်း ရှိသေးတယ်... ငါက အရိုးစုလေ... ဘယ်လိုလုပ် မွေးရမှာလဲ..."

ချန်ရှီသည် သူ့အမေ ဝူးချင်းယွီကို နှုတ်ဆက်ရန် အိမ်ပြန်သွားကာ ဟေးကော်နှင့်အတူ နိမ့်ပါးသော တောင်စောင်းသို့ ချက်ချင်းပြန်သွားကာ လူတစ်ဦးနှင့် ခွေးတစ်ကောင် မြေအောက်ကမ္ဘာထဲသို့ နစ်မြုပ်သွားခဲ့သည်။

ဟေးကော်က ၎င်း၏အစစ်အမှန် ပုံစံကို ပြသခဲ့ပြီး ဧရာမနတ်ဆိုးကြီး အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ငရဲနတ်ဆိုးမီးကို နင်း၍ မြင့်မားသော တောင်ကုန်းတစ်ခုပေါ်တွင် တိတ်ဆိတ်နေသော အနက်ရောင်တောင်တန်းတစ်ခုကဲ့သို့ ရပ်နေခဲ့သည်။

ချန်ရှီကလည်း တောင်ထိပ်ပေါ်တွင် ရပ်နေကာ ပတ်ဝန်းကျင်ကို ကြည့်နေ၏။ ခဏကြာတော့ သူ့လက်ကို မြှောက်ကာ အဝေးရှိ မြင့်မားသော တောင်တန်းများဆီသို့ ညွှန်ပြလိုက်သည်။

"ဟိုဘက်မှာ ဖြစ်မယ်!"

ဟေးကော် ခုန်တက်လာပြီး နတ်ဆိုးမီးပေါ် လှမ်းတက်ကာ တောင်များဆီသို့ လျှောက်သွားခဲ့သည်။

မြေအောက်ကမ္ဘာရှိ ချန်ယန်တောင်၊ တောင်တန်းကြီးများ၊ လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်သော ယင်စိမ့်စမ်း ပင်လယ်၊ ကောင်းကင်တွင် ဇောက်ထိုးကျနေသော သစ်ပင်ကြီးများ၊ တောအုပ်ထဲက ကြီးမားသော ခေါင်းတလားကြီးများ၊ လျှာဆွဲငရဲနှင့် တောင်များတွင် ဝှက်ထားသော ဝူဝမ့်မြို့ထဲလည်း နက်ရှိုင်းသွားကြသည်။

မြွေကြီး၏ မျက်လုံးများသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် တွဲလောင်းကျနေသော မီးရှူးမီးပန်းကဲ့သို့ပင် သူတို့ကို ကြည့်နေသည်။ မြင့်မားသော ချင်းယန်သည် ၎င်းတို့ကို ဖြတ်ကျော် ကြည့်ရှုနေကာ အံ့သြထိတ်လန့်နေသည့် အကြည့်အား ထုတ်ဖော်လိုက်သည်။

အဘွားကျွမ်း၏ အဆုံးမရှိနီးပါးနှင့် ထူထဲသော နဂါးပုံသဏ္ဍာန် အမြစ်များသည် ကောင်းကင်မှ ကွေ့ပတ်နေသည်။ သစ်ပင်တွင်းရှိ အဘွားကြီး၏ ပုံသဏ္ဌာန်သည်လည်း အလွန်တရာ ခံ့ညားထည်ဝါလာသည်။ ဒါပေမယ့် ဒါတွေက ချန်ရှီ ရှာနေတဲ့ တောင် မဟုတ်ပေ။

သူနဲ့ ဟေးကော် ဆယ်ရက်ကျော် ပြေးခဲ့ကြသော်လည်း ယင်တောင်ကို မတွေ့ကြသေး။

"သူတို့တွေ လုံခြုံရဲ့လားမသိဘူး..."

ချန်ရှီက သူ့နှလုံးသားထဲမှာ တိတ်တိတ်လေး ပြောနေမိသည်။

တစ်နေ့တွင် ဟေးကော်သည် တောင်များကြားတွင် ပြေးလွှားနေရင်း ရုတ်တရက် မရင်းနှီးသော တောင်ကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ ချန်ရှီ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်သည်။ ဟေးကော် သူ့ဘာသာသူ ပြေးနေဆဲ ဖြစ်ကာ ကြီးမားသော ကျိုင်းပင်များကို မြင်လိုက်ရတဲ့အခါ ချန်ရှီ စိတ်လှုပ်ရှားလာပြီး ဝူလျောင့် ချောက်ကမ်းပါးကို လက်ညှိုးထိုးပြလိုက်သည်။

"ဟေးကော်! သွားတော့! အဲ့ကိုသွား!"

ဟေးကော်လည့း တောင်တန်းများကြားတွင် ရိုင်းစိုင်းစွာ ပြေးလွှားရင်း နောက်ဆုံးတွင်တော့ ဝူလျောင့် ချောက်ကမ်းပါးသို့ ရောက်လာပြီး မှော်မီးကို လှမ်းနင်းလိုက်သည်။ ထို့နောက် ချောက်ကမ်းပါးပေါ်သို့ တက်သွားကာ အဆုံးမဲ့ ထျန်းကျစ်ပြည်က သူတို့၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။

ဟေးကော် မြို့တော်ဆီသို့ ပြေးဝင်သွားခဲ့သည်။

ရှန့်ခွမ်း၊ ယို့ဖေး နှင့် အခြားသူများသည် မြို့တော်ထဲတွင် ကွဲအက်နေသော ချန်ရှီ၏ အရိုးများကို စောင့်ရှောက်ကာ သူတို့၏ ဘုရင်ကို ကာကွယ် စောင့်ရှောက်နေကြဆဲ ဖြစ်သည်။ ထိုစဥ် ရုတ်​တရက်​ပင်​ ကျိုးသွား​သော အရိုးများက လှုပ်​ရှားလာသည်​။

သူတို့ အံ့သြ ဝမ်းသာသွားသည်။ အဲဒီအချိန်မှာ လူတွေရဲ့ အသံကို ကြားလိုက်ရတာကြောင့် အသံ၏ဦးတည်ရာသို့ လှမ်းကြည့်လိုက်သော် နတ်ဆိုးမီးနဲ့အတူ တောင်ကုန်းကြီးလို ဟော့သော် တစ်ကောင် ထျန်းကျစ်မြို့တော်ထဲသို့ လျှောက်သွားကာ ဤဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ဟော့သော်၏ ဦးခေါင်းထက်တွင် လူသားကောင်လေးတစ်ယောက်က မတ်တပ်ရပ်နေသည်။ တောက်ပပြီး နေသာသော အပြုံးနှင့်အတူ သူ့အဝတ်အစားများကလည်း လေထဲတွင် လွင့်နေ၏။

All Chapters