← Chapters

အမတလမ်း ဖြစ်နိုင်တယ်

Vol. 25 Ch. 367

အမတလမ်း ဖြစ်နိုင်တယ်

Vol. 25 Ch. 367

ချန်ရှီနဲ့ ဟေးကော်သည် ထျန်းကျစ်မြို့တော်မှ ထွက်ခွာပြီး အမတစုဆောင်းမျှော်စင်က လူများကိုခေါ်ရင်း ဝူလျောင့်ချောက်ကမ်းပါးသို့ ရောက်လာခဲ့သည်။

ရှောက်ကျင်၏ အဆိုအရ ယင်တောင်တန်းသည် အခြားသော မရဏကမ္ဘာနှင့် ချိတ်ဆက်မှု အားနည်းသော အချက် ရှိပါသည်။ ဤနေရာမှ ချန်ယန်တောင်နှင့် သက်ဆိုင်သော မရဏကမ္ဘာထဲသို့ ရောက်ရှိနိုင်ပြီး ထိုနေရာမှ သက်ရှိကမ္ဘာသို့ ပြန်သွားရန် ပိုမိုလွယ်ကူသည်။

တောင်နီခန်းမက အားနည်းသော ထိုနေရာတွင် တံတားတစ်ခု တည်ဆောက်ခဲ့သည်။ ၎င်းသည် ဝူလျောင့် ချောက်ကမ်းပါးကို ဖြတ်၍ တစ်ဖက်စွန်းရှိ အဝိုင်းပတ်တံတား ဖြစ်သည်။ တံတားအလယ်ကို ရောက်တဲ့အခါ တံတားက ရုတ်တရက် ပျောက်သွားမည်။

ဒါပေမယ့် တံတားရဲ့ အလယ်ဗဟိုကို လမ်းလျှောက်ရင် ရှေ့တစ်လှမ်းတိုးဖို့ပဲ လိုပြီး ချောက်ကမ်းပါးကနေ ပြုတ်ကျသွားမှာ မဟုတ်ဘဲ တံတားရဲ့ အခြားတစ်ဖက်ကို ရောက်သွားတာကို တွေ့ရပါလိမ့်မည်။

ဤတံတား၏ တစ်ဝက်သည် ခြောက်သွေ့သော ကမ္ဘာ့မြေအောက်မြစ်ကို ဖြတ်သွားသော်လည်း တစ်ဝက်သာမြင်ရပြီး ကျန်တစ်ဝက်ကို လုံးဝမမြင်ရပါ။ တံတားရဲ့ တည်ဆောက်မှု ပုံစံမှာလည်း ကျွမ်းကျင်လိမ္မာ၏။

ချန်ရှီနဲ့ ဟေးကော် တံတားဆီသို့ ​ရောက်လာပြီး ငုံ့ကြည့်လိုက်သောအခါ အဆုံးမရှိသော ချောက်ကမ်းပါးပေါ်တွင် တွဲလောင်းကျနေသော နတ်ဘုရားအလောင်းများကို တွေ့လိုက်ရသည်။

ဤဝူလျောင့်ချောက်ကမ်းပါးသည် သက်တမ်း ဘယ်လောက်ရှိသလဲ မသိရသေးသောကြောင့် ချောက်ကမ်းပါးပေါ်တွင် ချိတ်ဆွဲထားသော နတ်ဘုရားအလောင်း ဘယ်လောက်ရှိသလဲ မည်သူမျှ မသိနိုင်ပေ။

"အတိအကျပြောရရင် မြူလရောင်ပဲ"

ချန်ရှီ သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။

"ဒီနတ်ဘုရား အလောင်းတွေက ဘာကြောင့် မြူကျတဲ့ ညတွေမှာ အသက်ပြန်ရှင်လာတာလဲ ဒီအလောင်းတွေက ဘယ်ကလာတာလဲ"

သူသည် လိန်ချွီ ကဲ့သို့သော တစ္ဆေမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်များကို မေးမြန်းခဲ့သော်လည်း ထိုသစ္ဆေမျိုးနွယ်စုများမှ ထုတ်ဝေသော ကဗျာများတွင် ဤနတ်ဘုရားအလောင်းများ၏ မူလအစကို မဖော်ပြထားပေ။

ချန်ရှီသည် တံတား၏ တစ်ဖက်ကမ်းသို့ လျှောက်သွားကာ ယင်စိမ့်စမ်း ပင်လယ်ကို အဝေးမှ လှမ်းကြည့်လိုက်သည်။ ယင်စိမ့်စမ်း ဟုခေါ်သော ပင်လယ်ပြင်တွင် နွေဦးပေါက်ခဲ့ပြီး အဆုံးမရှိ အေးမြသောလေကို တစ်နေ့တာလုံး စီးဆင်းစေသည်။ ပင်လယ်ပြင်အထက်မှာ သစ်ပင်ကြီးတွေက ကောင်းကင်၌ အမြစ်တွယ်ပြီး သစ်ပင်ကြီးတွေ အောက်မှာတော့ ခေါင်းတလားကြီးတွေ ရှိနေ၏။

"ယင်တောင်တန်းကို ဒီမှာ ဘာလို့ မတွေ့ရတာလဲ"

သူ နောက်ပြန်ကြည့်တော့ ကျိုးနေတဲ့ တံတားရဲ့ တစ်ဖက်ခြမ်းမှာ ဘာမှ မတွေ့ရချေ။ ဒါကြောင့် ခေါင်းယမ်းကာ ဟေးကော်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူတို့သည် ဟွမ်ဖောရွာသို့ ပြန်လာခဲ့ကြပြီး ရွာတွင် ရက်အနည်းငယ်ကြာ နေခဲ့သည်။ နံ့သာပေါင်းကို မီးရှို့ကာ ကျန်းဝူကျူးရှဲ့ဓားကိုလည်း နေ့တိုင်းပူဇော်ကြသည်။ သူနှင့် ဟေးကော်သည် ဤအချိန်အတော်ကြာ ဝေးကွာခဲ့ကြသဖြင့် ထိုက်ဟွာချင်း နန်းတော်သို့ မထွက်ခွာမီ ရက်အနည်းငယ်အလိုတွင် အိမ်၌နေရန် စီစဉ်ခဲ့သည်။

သူ၏အရိုးစုအလောင်းသည် ထျန်းကျစ်​ပြည်တွင်သာ နေထိုင်ခဲ့ပြီး အုပ်စိုးသူအဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။ ဤအရိုးစုခန္ဓာကိုယ်တွင် သူ့​အတွေးအမြင်များရှိပြီး လွတ်လပ်စွာ လေ့ကျင့်နိုင်သည်၊ နတ်သွေးစုဆောင်းနိုင်သည်၊ သူ့ကိုယ်သူ ဂရုစိုက်ကာ၊ တိုက်ပွဲပင် ဝင်နိုင်သဖြင့် ၎င်းအတွက် စိတ်ပူစရာမလိုပါ။

အရိုးစုကိုယ်ထည်သည် ရှုပ်ထွေးသော ပြဿနာများကို မကိုင်တွယ်နိုင်သော်လည်း ဝန်ကြီးအဖွဲ့တွင် ကိုင်တွယ်ဖြေရှင်းရန် ရှုပ်ထွေးသော ပြဿနာများ မရှိချေ။

အရိုးစု ခန္ဓာကိုယ်သည် သွေးကန်ကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီး သူ၏ ကျင့်ကြံမှု တိုးတက်မှုသည့်အခါ ချန်ရှီကို သာလွန်၍ နတ်သန့်စင်နယ်ပယ်က အားကောင်းသူများနှင့် ယှဉ်နိုင်ကာ ချန်ရှီသည် ပေါင်းစပ်မှုနယ်ပယ်သို့ ဝင်ရောက်လာကာ ယင်ယန်တို့ကို သန့်စင်ရင်း နေ့တိုင်း လေ့ကျင့်ရန် လိုအပ်သည်။

အရိုးစု ခန္ဓာကိုယ်ဟာ ချန်ရှီရဲ့ ပြင်ပကိုယ်ထည်တစ်ခုသာ ဖြစ်ပါ၏။ ချန်ရှီသည် သွေးကန်ကျင့်စဥ်ကို ပြန်ယူသောအခါ သူ၏ ခွန်အားသည် အရိုးစု ခန္ဓာကိုယ်ထက် ကျော်လွန်သွားလိမ့်မည်။

သွေးကန်ကျင့်စဥ်ဟာ ကျင့်ကြံမှု တိုးတက်စေုခင်း၏ ဒုတိယအချက်ဖြစ်ပြီး နတ်ဝိညာဉ်၏ တိုးတက်မှုသည်လည်း အံ့သြစရာပင်။ ချန်ရှီ၏ ဝိညာဉ်သည် မကြုံစဖူး စွမ်းအားကြီးမားလာသည်။ စိတ်ဝိဥာဉ်နှင့် နတ်ဝိညာဉ်ကို တိုက်ခိုက်သည့် စာလုံးများသည် သူ့ကို ဘယ်တော့မှ ထိခိုက်​စေ​တော့မည် မဟုတ်ချေ။

သူ့နတ်ဝိညာဥ် ဘယ်လောက် သန်မာတယ်ဆိုတာကို ချန်ရှီ အရင်က မသိခဲ့ပါဘူး။

"တစ်ဆယ်လေး... ငါတို့ မင်းကို တစ်ခုလောက်ပြောပြချင်တယ် "

အဘွားရှား၊ တုယိရန်၊ အားကျိုးနှင့် အခြားသူများလည်း ဟွမ်ဖောရွာသို့ ရောက်လာခဲ့သည်။

"ဒီကိစ္စက အရမ်းအရေးကြီးတယ်... မအံ့သြနဲ့ဦး"

ချန်ရှီ မျက်တောင်ခတ်ပြီး :"သူတို့ပြောချင်တာက မူလကြယ်မြေပုံ မဟုတ်ဘူးလား ငါသိထားပြီးသားကြီးကို" ဟု တွေးလိုက်သည်။

အဖွားရှား တုံ့ဆိုင်းနေပြီး အားကျိုးကို လှမ်းကန်လိုက်သည်။

"မင်းက အမြဲတမ်း အသိစိတ်ကင်းမဲ့နေတာပဲ... မင်းပဲသူ့ကို ပြောလိုက်"

အားကျိုး သူမကို တစ်ချက်ကြည့်လိုက်၏။ နတ်ဆိုးကို ဖယ်ရှားဖို့ သူတို့ ဘယ်လိုကူညီပေးခဲ့သလဲဆိုတာ ဖြည်းညှင်းစွာ ပြောပြရင်း ဘေးဥပဒ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြောလိုက်သည်။ သူက မှိုင်းညို့ပြီး သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုဖို့ ကောင်းကောင်းမလုပ်နိုင်တော့ဘဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ငန်းစဉ်ကို ပြောပြနေခဲ့သည်။

ချန်ရှီသည် တခါတရံ ထိတ်လန့်တတ်သည်၊ တစ်ခါတစ်ရံ စိုးရိမ်မှုပြသည်၊ တစ်ခါတစ်ရံတွင် သူသည် လူတိုင်းအတွက် နတ်ဆိုးကို အောင်မြင်စွာ ဖယ်ရှားနိုင်သည့်အတွက် ပျော်ရွှင်မိသည်၊ တစ်ခါတစ်ရံ နတ်ဆိုးသည် လိမ္မာပါးနပ်ပြီး အစွမ်းထက်မည်ကို စိုးရိမ်​ပြသည်။

တုယိရန်၊ အဘွားရှားနှင့် အခြားသူများ သံသယများ ပိုများလာသည်။ ချင်းယန်က ဟေးကော်လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။

"မင်း သူ့ကို ကြိုပြောထားခဲ့တာ မဟုတ်လား သစ္စာဖောက်!"

ဟေးကော်လည်း သူ့နားရွက်ကို ငုံ့ထားပြီး အမြီးကို ဖင်ကြားထဲ ထိုးထည့်ထားလိုက်သည်။

ဟူရှောင်လျောင် : "ချင်းယန် ဟေးကော်ကို အမြန်ချလိုက်.... သူ့အမေအကြောင်းလည်း တွေးကြည့်ပါဦး"

ချင်းယန်လည်း ဟေးကော်ကို တင်းမာသောမျက်နှာ​ကြီးဖြင့် ပြန်ချလိုက်သည်။ ချန်ရှီလည်း ရှက်ရွံ့စွာဖြင့် ဝင်ဖြေရလေ၏။

"ကျနော် ဟေးကော်ကို အတင်း ပြောခိုင်းလိုက်တာပါ... သူနဲ့ ဘာမှ မဆိုင်ဘူး"

အဘွားရှားက ပြုံးလျက်: "မင်းလက်မခံနိုင်​လောက်ဘူးလို့ ငါတို့က စိုးရိမ်လို့ မင်းကိုပြောဖို့ မစီစဉ်ထားတာ... အခုဒီအဖြစ်မှန်ကို မင်း သိပြီး လက်ခံလိုက်တယ် ဆိုတော့ ငါတို့စိတ်သက်သာရာ ရသွားပါပြီ... ဘေးဥပဒ် ကြယ်မြေပုံကိုပြပြီးတာနဲ့ ငါတို့တွေ ကောင်းကင်နဲ့လူသားတွေ အချင်းချင်း ဆက်သွယ်ဖို့ သွားခဲ့ကြပြီးပြီ... ကြယ်မြေပုံအတိုင်း တစ်ခုခုကို ခံစားလိုက်ရတယ် ငါတို့ ဒီတစ်ခါတော့ အဲဒီကိစ္စအတွက် ဒီကိုရောက်လာကြတာ..."

ချန်ရှီ စိတ်လှုပ်ရှားသွားသည်။

"အဲဒီကြယ်မြေပုံက အာကာသထဲက နတ်ဘုရားအစစ်က ပိတ်ဆို့ထားတဲ့ ကြယ်ကောင်းကင်ကြီးလို့ ကျွန်တော် သံသယဝင်​နေတာ ကြာပြီ..."

အဘွားရှား၊ တုယိရန် နှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အသံတိတ် ခေါင်းညိတ်ကြသည်။

အဖွားရှား: "သက်ဆိုင်တဲ့ ကြယ်တွေကို ငါတို့နားလည်ခဲ့တယ်... ဒါတင်မကဘဲ အဲဒီကြယ်တွေရဲ့ တိကျတဲ့ တည်နေရာတွေကြောင့် ငါ အတုအယောင်ပြန်ခြင်း (အနတ္တပြန်ခြင်း) ရောက်တုန်းက ကျိန်းသေပေါက် အတားအဆီးနည်းနည်းတော့ ရှိသွားတယ်.... အဲဒီနှစ်တုန်းက သူတို့နဲ့ မတူဘူး...."

(TN - အနတ္တသန့်စင်နယ်ပယ် = အတုအယောင်သန့်စင်ခြင်း ၊ အနတ္တပြန်ခြင်းဘုံကို အတုအယောင်ပြန်ခြင်း ၊ အနတ္တလေဟာပြင်ဘုံ ကို အတုအယောင်လေဟာပြင်နယ်မြေ ဟု ပြောင်းလဲ ဘာသာပြန်သွားပါမည်။ တောင်းပန်ပါတယ်။)

တုယိရန် နှင့် အခြားသူများသည် အတုအယောင်ပြန်ခြင်း နယ်ပယ်ကို ဖြတ်ကျော်လာသောအခါတွင် ကြီးမားသော အတားအဆီးများနှင့် ကြုံတွေ့ရပြီး လေဟာပြင်နယ်မြေကို ဖွင့်လိုက်သောအခါ အပြီးသတ်နိုင်ခြင်း မရှိခဲ့ပေ။ စစ်မှန်သော ဘုရင်ခေတ်၏ ရုပ်ကြွင်းအများအပြားကို တူးဖော်ပြီး ဟွာရှရှန်ကျိုးက ကြယ်မြေပုံကို ပေါင်းစပ်လိုက်လျှင်ပင် လေဟာပြင်နယ်မြေကို ဖန်တီးတဲ့အခါ တည်ငြိမ်ရန် ခက်ခဲသည်။

ဤနည်းဖြင့် လေ့ကျင့်ခဲ့မည်ဆိုလျှင် အဘွားရှားတစ်ယောက်တော့ အတုအယောင်ပြန်ခြင်း နယ်ပယ်တွင် ပိတ်မိနေပေလိမ့်မည်။

အားကျိုးမှလွဲ၍ အဘွားရှားသည် မကောင်းဆိုးဝါးငါးကောင်တွင် အငယ်ဆုံးဖြစ်သည်။ သူမသည် အလွန်ထက်မြက်သော်လည်း သူမသား ရှန့်ထျန်းယွီ မြေအောက်ကမ္ဘာတွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် သူမမိသားစု ပြိုကွဲသွားကာ လေ့ကျင့်မှုကို အာရုံမစိုက်နိုင်ဘဲ နှစ်ပေါင်းများစွာ နှောင့်နှေးစေခဲ့သည်။

ယခု ရှန့်ထျန်းယွီကို ရှာတွေ့ပြီ ဖြစ်သလို သူမသည် ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိလာသောကြောင့် သူမရဲ့ ကျင့်ကြံမှုကလည်း အရှိန်အဟုန်ဖြင့် တစ်ဖန်ပြန်လည် တိုးတက်လာခဲ့ပါပြီ။

မူလကြယ်မြေပုံဖြင့် သူမသည် အတုအယောင်ပြန်ခြင်းနယ်ပယ် တက်တော့မှာက သဘာဝကျပါသည်။ တခြားသူများထက် ပိုမိုပြီးပြည့်စုံပြီး ပိုမိုအားကောင်းသည့် အတုအယောင် နယ်မြေတစ်ခုကိုဖွင့်ရန် မူလကြယ်မြေပုံကို အသုံးပြုခဲ့သည်။

တုယိရန်၊ အားကျိုး နှင့် အခြားသူများသည်လည်း ၎င်းတို့၏ကိုယ်ပိုင် အတုအယောင် နယ်ပယ်ရှိ အမှားများနှင့် လွဲချော်မှုများကို ပြုပြင်ရန် မူလကြယ်မြေပုံကို အသုံးပြုနိုင်သည့်အပြင် ၎င်းတို့၏ ခွန်အားကိုလည်း အလွန်တိုးတက်စေပါသည်။

တုယိရန်: "မူလကြယ်မြေပုံကို မင်းဆီပို့ပေးဖို့ ငါတို့က ဒီကိုလာခဲ့တာ..."

ချန်ရှီ တုန်လှုပ်သွားပေမယ့် :"ကျ​နော့်အဖေကလည်း ကျနော့်ကို နတ်ဆိုးကို သုတ်သင်ဖို့ ကူညီပေးခဲ့တယ်... ကြယ်မြေပုံကို မြင်ဖူးပါတယ် ဘာလို့ ကျ​နော့်ကို ကိုယ်တိုင်ကိုယ်ကျ မလွှဲပေးဘဲ အဖွားရှားကို သင်ပေးခိုင်းရတာလဲ"

တုယိရန်သည် သူ့ကိုယ်ပိုင် အတုအယောင် လေဟာပြင်နယ်မြေကို ဖော်ထုတ်ပြီး ချန်ရှီကို ဝင်ခိုင်းလိုက်၏။ ထို့နောက် ကြယ်တစ်ခုစီနှင့် ကြယ်စုတစ်ခုစီ၏ အနေအထားအပြင် ရွေ့လျားမှုနှင့် ပြောင်းလဲခြင်းဆိုင်ရာ နိယာမတို့ကို နားလည်ခွင့်ပေးခဲ့သည်။

"ထျန်းကန်း ၃၆ ခု၊ တိရှ ၇၂ခု၊ အရှေ့တောင်ဘက်၊ အနောက်မြောက်ဘက်မှာ ကောင်းကင်နန်းတော် လေးခု၊ ကျုံးထျန်းမြေပုံ၊ ပေသို့ နဲ့ တခြားကြယ်တွေနဲ့ ကြယ်တွေစုံနေတဲ့ ကောင်းကင်မှာ ကြယ်စုတွေ ရှိတယ်... ဆယ်ရက်ကျော်လောက် အချိန်ယူပြီး နောက်ဆုံးတော့ ဒီကြယ်တွေကို တစ်လုံးပြီးတစ်လုံး လိုက်ဆွဲကြည့်တယ်..."

တုယိရန်၏ နတ်ဝိညာဉ်သည် အတုအယောင် လေဟာပြင်နယ်မြေထဲတွင် ထိုင်ကာ သူ့လက်ကို ညင်သာစွာ မြှောက်လိုက်သည်။ ချန်ရှီ အလိုအလျောက် ပျံတက်သွားပြီး သူ့လက်ဖဝါးပေါ်သို့ လဲကျသွား၏။

တုယိရန်၏ လက်ဖဝါးသည် ညင်သာစွာ ရွေ့လျားသွားသော်လည်း ချန်ရှီသည် ကောင်းကင်တွင် ရွေ့လျားနေပြီး ပြောင်းလဲနေသော ကြယ်များကို မြင်လိုက်ရသလို မယုံနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသော နဂါးငွေ့တန်းကြီး စီးဆင်းနေသည်ကိုလည်း တွေ့လိုက်ရသည်။

"မူလကြယ်မြေပုံက ဘာလို့ အရမ်းအရေးကြီးတာလဲ..."

တုယိရန်၏ နတ်ဝိညာဉ်က ရှင်းပြသည်။ တာအို၏ စည်းလုံးညီညွတ်မှု ပါဝင်သောကြောင့် ကျင့်ကြံသူများသည် အတုအယောင်ပြန်ခြင်း နယ်ပယ်၌ ၎င်းတို့၏ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်ကာ၊ နေနှင့်လ၊ ကြယ်များ၊ မြစ်များ၊ ရေကန်များ၊ တောင်များနှင့် တောင်ကုန်းများကို ဖန်တီးရသည်။ အဆုံးတွင် ၎င်းတို့သည် ကျင့်ကြံသူတို့နှင့်အတူ ပေါင်းစည်းမှု ရှိရမည် ဖြစ်သည်။

သူ့လက်ဖဝါးကို ရွှေ့လိုက်တဲ့အခါ ချန်ရှီသည် နဂါးငွေ့တန်းထဲတွင် ပျံသန်းသွားကာ ကြယ်များကိုလည်း ဖြတ်သန်းသွားခဲ့သည်။

တုယိရန် ရပ်တန့်သွားတော့ ချန်ရှီလည်း အရှေ့ကောင်းကင်ပြာ နဂါးနန်းတော်ရှေ့တွင် ရပ်သွားသည်။ အရွယ်စုံကြယ်ပွင့်များ စုပေါင်း၍ ဤနန်းတော်အား ဖန်ဆင်းထားခဲ့သည်။

"မဟာယာနနယ်ပယ်ကို ရောက်တဲ့အခါ မင်းရဲ့ကိုယ်ထဲမှာ ကောင်းကင်နဲ့မြေကြီး ရောင်ဝါကို ရလိမ့်မယ်... ဒါပေမယ့် မင်းရဲ့လမ်းစဉ်က ကောင်းကင်လမ်းနဲ့ အတူတူပဲလားဆိုတာကို စိစစ်ဖို့အတွက် ဒီကောင်းကင်နဲ့ မြေကြီးကို ပြင်ပကောင်းကင်နဲ့ မြေကြီးနဲ့ ပေါင်းစပ်ထားရမယ်..."

ချန်ရှီသည် စိမ်းပြာနဂါး နန်းတော်၏ ကြီးမားမှုကြောင့် ထိတ်လန့်သွားရသည်။ ရုတ်တရက် သူသည် တောင်ဘက် ကျူးချွဲ့ငှက် နန်းတော်ရှေ့သို့ အလိုအလျောက် ပျံသန်းသွားခဲ့သည်။ တုယိရန်ရဲ့အသံက ဆက်ပြော၏။

"ငါတို့ ချန်ထန်နဲ့ ဒီမူလကြယ်ရောင်ကောင်းကင်ကို လေ့လာခဲ့ပြီးမှ ဒါကိုအခြေခံပြီး နိဂုံးချုပ်ခဲ့တာ... လက်ရှိ ကျင့်ကြံမှု လမ်းကြောင်းက ဘုရင်စစ်မှန်တဲ့ခေတ်နဲ့ မတူပေမယ့် တာအို နဲ့ သဟဇာတဖြစ်နိုင်ပြီး အမတ ဖြစ်လာနိုင်တယ်။တာအို နဲ့ ညီညွတ်အောင် ဘယ်သူမှမလုပ်ဖူးတဲ့ အကြောင်းရင်းက ကြယ်မြေပုံမှားနေလို့ပဲ"

ဒါကိုကြားတော့ ချန်ရှီ အံ့သြသွားပြီး သူပြောတာကို ချက်ချင်း နားလည်သွားတော့သည်။

ကမ္ဘာငယ်လေးသည် လီမိသားစု၏ ဘိုးဘေးနှစ်ဦး၏ အတုအယောင် လေဟာပြင်နယ်မြေဖြင့် ဖွဲ့စည်းထားခြင်းပင်။ ၎င်းတို့ထဲက နေနှင့်လသည်လည်း မှားနေတာ ထင်ရှားပါသည်။ သူတို့၏ နေနှင့်လသည် မျက်လုံးနှစ်လုံး ဖြစ်သည်။

ကောင်းကင်ပြင်က နတ်ဘုရားကို အတုယူနေတာ ထင်ရှားပေ၏။ ဒါကြောင့် အတုအယောင် လေဟာပြင်နယ်မြေကို ဖွင့်လိုက်တဲ့အခါ နေနဲ့ လဟာ ကောင်းကင်ပြင်က နတ်ဘုရားတွေနဲ့ ဆင်တူတဲ့ မျက်လုံးတွေအဖြစ် ပြောင်းလဲသွားသည့်အတိုင်းပင်။ ပြီးတော့ ကြယ်ရောင် ကောင်းကင်ကြီးက ပိုလို့တောင် ဒေါသထွက်စရာကြီး။

ရိုးရိုးကြယ်များဖြင့် ဖွဲ့စည်းထားသည်။ မရေမတွက်နိုင်သော ကြယ်များသည် အတူတကွ စုပုံကာ အချင်းချင်း တိုက်မိကာ ကောင်းကင်၌ စီးဆင်းနေပါသည်။

"ဒီမှားယွင်းတဲ့ ကြယ်ရောင် ကောင်းကင်ကြီးကို တာအိုနဲ့ ဘယ်လိုလုပ် ပေါင်းစပ်နိုင်မှာလဲ? တာအိုနဲ့ မပေါင်းနိုင်ရင် သေချာပေါက် အမတ ဖြစ်လာမှာ မဟုတ်ဘူး!"

သူ့နှလုံးတွေ တဒိန်းဒိန်း ခုန်နေ၏။ စစ်မှန်သောဘုရင်ခေတ် ကုန်ဆုံးချိန်မှစ၍ အနှစ်ခြောက်ထောင်ကို တွေးကြည့်လျှင် ဘယ်သူမှ အမတ မဖြစ်ခဲ့ပေ။ ပြဿနာက ဒီမှာပဲ ရှိနေရမည်။

အတုအယောင်ပြန်ခြင်း နယ်ပယ်သည် ကောင်းကင်နှင့်မြေကြီး၏ သဘောသဘာဝကို နားလည်ခြင်းနှင့် ဖော်ပြခြင်းသည် စစ်မှန်သောကောင်းကင်နှင့်မြေကြီးနှင့် မကိုက်ညီသောကြောင့် အမတ အဖြစ်သို့ ပေါင်းစည်း၍ မရနိုင်ပါ။

ရုတ်တရက် တုယိရန်၏ အတုအယောင် လေဟာပြင်နယ်မြေက ကျုံ့သွားပြီး သူ့နတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ချန်ရှီသည်လည်း ကြယ်ရောင်စုံသော ကောင်းကင်နှင့်အတူ တုယိရန်၏ နတ်ဝိညာဉ်ထဲသို့ ပျံသန်းသွားခဲ့သည်။

"ဝူး!"

သူသည် မရေမတွက်နိုင်သော တောက်ပသည့် အလင်းရောင်များဖြင့် တုယိရန်၏ နတ်ဝိညာဉ်ဆီသို့ ရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ခရီးဆက်​နေခဲ့သည်။ ထို့နောက် ရောင်စုံမီးများသည် အရပ်ရပ်မှ ထွန်းတောက်လာခဲ့သည်။ ၎င်းက တုယိရန်၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ် ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုပင်။

တုယိရန်၏ အတွင်းအင်္ဂါများဖြစ်သည့် ခမ်းနားထည်ဝါသော တောင်ကြီးငါးလုံးသည် သူ့ဆီသို့ ပျံသန်းနေတာ မြင်လိုက်ရသည်။ မျှော်ကြည့်လိုက်တဲ့အခါ ကျောရိုးသုံးဆယ်သုံးချောင်း ရှိသော တိမ်အုံ့ဆိုင်းနေသော မိုဃ်းကောင်းကင်ကို မြင်ရ​လေ၏။ အမြင့်ဆုံးကောင်းကင်၌ ၁၂ထပ် မျှော်စင်၊ ကောင်းကင်၌ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ စစ်မှန်သော ချီစွမ်းအင်ကို ကောင်းကင်သုံးဆယ့်သုံးထပ်တစ်လျှောက် အထက်အောက် စီးဆင်းနေသည်ကိုလည်း သူမြင်ရသည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ မြစ်ဝါမြစ်ဟာ ဒလဟော စီးဆင်း၍ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ခြေထောက်အောက် နွေဦးပေါက်ကို တိုက်ရိုက် ရောက်ရှိနေတာကိုလည်း တွေ့လိုက်ရသည်။

နွေဦးမြင်ကွင်းသည် ယင်စိမ့်စမ်း ပင်လယ်က မြင်ကွင်းနှင့် အတူတူပင်။

ဒါက တုယိရန်ရဲ့ ခန္ဓာကိုယ်အတွင်းက မြင်ကွင်းပဲ ဖြစ်သည်။ အတုအယောင် ​လေဟာပြင်နယ်မြေနှင့် ပေါင်းစပ်သောအခါ၊ နေ၊ လ၊ တောင်များ၊ မြစ်များ၊ ရေကန်များနှင့် ပင်လယ်များ ရှိလာကာ တကယ့်ကို ခမ်းနားလှ၏။

ချန်ရှီ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် မျက်တောင်ခတ်ဖို့တောင် မေ့သွားခဲ့သည်။ တုယိရန်က သူ့ကို နောက်ထပ် ကျင့်ကြံမှု အ​ခြေအနေကို ထပ်ပြပါသည်။ ဘေးဥပဒ် မရှိလျှင် ဘေးဆိုး မရှိလျှင် အမတ ဖြစ်လာနိုင်သည်။

စစ်မှန်သောဘုရင်က မြှင့်တင်လိုသော အမတလမ်းစဥ်၊ မျိုးဆက်အားလုံး၏ အရည်အချင်းရှိသူများ ရှာဖွေလိုသည့်လမ်းနှင့် အဘိုးနှင့် အခြားသူများ မမောမပန်း ရှာဖွေခဲ့သည့်လမ်းဟာ ပြီးမြောက်တော့မညွ မျှော်လင့်ချက်ကို နောက်ဆုံးတွင် မြင်နိုင်သည်။

ကောင်းကင်နှင့်မြေကြီး ပေါင်းစပ်ပြီးရင် ဖြစ်လာနိုင်သည်။

"တစ်ဆယ်လေး... ကြယ်မြေပုံကို ချရေးပြီး​နောက် အပြောင်းအလဲကို ကြည့်လိုက်စမ်း! မင်းက စစ်မှန်တဲ့ဘုရင်ခေတ်ရဲ့ လမ်းဟောင်းမှာ လျှောက်နေပြီ... ငါတို့ရဲ့လမ်းသစ်ပေါ် လျှောက်နေပြီ... အနာဂတ်မှာ တာအို နဲ့ပေါင်းဖို့ပျက်ကွက်ရင် မင်းလမ်းဟောင်းကို စမ်းကြည့်... နားလည်လား"

ချန်ရှီရဲ့နှလုံးကလည်း လေးလံလာသည်။

"နားလည်ပါပြီ!"

စစ်မှန်သော ဘုရင်ခေတ်မှ ယခုအချိန်အထိ မရေမတွက်နိုင်သော အရည်အချင်းရှိသူများသည် တာအို နှင့် ပေါင်းစည်းရေးလမ်းတွင် ၎င်းတို့၏ အသက်ကို စတေးခဲ့ကြရသည်။ ဤလမ်းကို လျှောက်လှမ်းရန်အတွက် အနာဂတ်တွင် မရေမတွက်နိုင်သော လူများစွာ စတေးရပေဦးမည်။

တုယိရန်၊ အားကျိုးနှင့် အခြားသူများသည် တာအိုနှင့် ပေါင်းစည်းရန် ပျက်ကွက်ပါက စတေးခံရန် အသင့်ဖြစ်နေပါပြီ။

အကယ်၍ သူတို့သည် စတေးခဲ့လျှင် ချန်ရှီသည် လမ်းဟောင်းကို လျှောက်ရမည်။ ထို့နောက် လေ့ကျင့်ရန်၊ အတိဒုက္ခကို ကျော်လွှားရန်၊ တာအို နှင့် ပေါင်းစည်းရန်၊ အောင်မြင်နိုင်​ခြင်း ရှိမရှိ စစ်ဆေးရန် မူလကြယ်မြေပုံကို အသုံးပြုရမည်။

မအောင်မြင်ရင် သူလည်း စတေးပြီး အာဇာနည် ဖြစ်သွားလိမ့်မည်။

ချန်ထန်နှင့် ဝူးချင်းယွီတို့သည် မဝေးမဝေးတွင် ရပ်နေခဲ့ကြ၏။ စုံတွဲသည် ဤမြင်ကွင်းကို တိတ်တဆိတ် သာကြည့်နေကြသည်။

ဝူးချင်းယွီ : "အားထန်...ရှင်က မူလကြယ်မြေပုံကို သတိထားမိပြီး အတုအယောင် လေဟာပြင်နယ်မြေကိုလည်း ဖွင့်ပေးထားတယ် ဘာလို့ သားကို ကိုယ်တိုင် မသင်ပေးတာလဲ"

သူမ တော်တော် ပဟေဋ္ဌိဖြစ်သွားခဲ့သည်။

ချန်ထန်က အဘွားရှားနဲ့ တုယိရန်တို့လို လူတွေကို သင်ပေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကိုယ်သူ တခြားသူတွေလောက် မတော်ဘူးလို့ အမြဲခံစားနေရသလိုမျိုး တခြားသူတွေကို သင်ပေးခိုင်းလိုက်တာက အရမ်းထူးဆန်းပါ၏။

"မိဘတွေက သားသမီးတွေကို တင်းကြပ်ဖို့ ခက်တယ်... တစ်ဆယ်လေးအပေါ် လုံလောက်တဲ့ တင်းကြပ်မှု မလုပ်မိမှာကို ကြောက်လို့... အဲ့လိုဆို သူ့တိုးတက်မှုကို လျစ်လျူရှုမိလိမ့်မယ်... ဒါပေမယ့် ဦးလေးတု သူ့ကို သင်ပေးရင်တောင် သူတို့က စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး... ရိုက်နှက်ဆုံးမသင့်တဲ့အခါ ရိုက်နှက်လိမ့်မယ်။ နောက်ပြီး တစ်ဆယ်လေးက ကိုယ့်ထက် သူတို့ရဲ့ သွန်သင်မှုတွေကို ပိုလက်ခံတယ်"

ဝူးချင်းယွီ ပြုံးလိုက်သည်။

"ရှင်ဒီလောက် တိတ်ဆိတ်နေမယ်လို့ မမျှော်လင့်ထားပေမယ့် နောက်ကွယ်မှာ အရမ်းတွေးနေတာပဲ"

ချန်ထန် ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။

"တစ်ဆယ်လေးက အမြဲတမ်း အများကြီး ပေး​နေရတယ်လို့ ခံစားရတယ်... သူ့အဖေဖြစ်ရတာ ရှက်ဖို့​ကောင်းလိုက်တာ..."

ဝူးချင်းယွီက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသည်။

"ရှင် ကောင်းကောင်း လုပ်​ပေးထားပြီးပါပြီ... ကိုယ့်ကိုယ်ကို အပြစ်ပြောနေစရာ မလိုပါဘူး"

သူမ တစ်ခုခုကို သတိရပြီး ပြုံးလိုက်သည်- "စကားမစပ်... ရှင့်မှာ အရင်က မရှိခဲ့ဖူးတဲ့ အလေ့အထ ရှိတာကို ကျွန်မတွေ့လာတယ်နော်... တစ်ခုခုကို ကြည့်နေသလိုမျိုး အမှတ်မထင် ပြန်​ပြန်ကြည့်နေတတ်တယ်..."

ချန်ထန်ရဲ့ နှလုံးသားက အနည်းငယ် ထိတ်လန့်သွားပြီး ခေါင်းယမ်းလိုက်၏။

"ဘာမှ မကြည့်ပါဘူး"

"ကျွန်မက ရှင့်ရဲ့ဇနီး.... သားရဲ့အမေပါ ရှင် မြင်ခဲ့ရတာကို ကျွန်မ မြင်ချင်တယ်... ရှင့်အတွက် ဖိအားတစ်ခု ပေးလိုက်တာလား... ရှင့်ရဲ့အမြင်ကို မျှဝေပါဦး.... အားထန် တစ်ယောက်တည်း သည်းခံမနေပါနဲ့...."

ချန်ထန် တုံ့ဆိုင်းသွားပြီးမှ သူမ၏ အခြေတည်ဝိညာဉ်ကို သူ့နတ်ကွန်းထဲသို့ ထည့်လိုက်သည်။

ဝူးချင်းယွီက သူ့နတ်သန္ဓေသား၏ဘေးတွင် ရပ်နေသည်။ ထိုအချိန်တွင် ချန်ထန်က သူ့ခေါင်းကို လှည့်လိုက်ရာ ကောင်းကင်မှ နတ်အလင်းရောင်များ ဝူးချင်းယွီ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ အမတနတ်ဘုရားများကဲ့သို့ ကြီးကျယ်ခမ်းနားသော သတ္တဝါများစွာသည် ကောင်းကင်တွင် ပေါ်လာပြီး ချန်ထန်ကို စောင့်ကြည့်နေကြ၏။

ချန်ထန် ဆက်မကြည့်တော့ပေ။

ဝူးချင်းယွီ သူ့နတ်ကွန်းမှ ပြေးဆင်းလာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"အားထန်... ရှင့်ရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်... သူတို့ကိုပြန်မကြည့်နဲ့ ကျွန်မတို့ကို ခြိမ်းခြောက်လို့မရဘူး... နောက်ပြန်မကြည့်နဲ့!"

ချန်ထန်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားပြီးမှ တည်ငြိမ်မှု ပြန်ရလာတယ်

"ကိုယ်သူတို့ကို မကြောက်ပါဘူး... ကိုယ် အားနည်းနေမှာကိုပဲ... "

ဝူးချင်းယွီ သူ့လူကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူ့အားနည်းချက်က သူတို့ပဲ။

မိသားစုဆယ့်သုံးစုက ဒီအားနည်းချက်ကို ဆုပ်ကိုင်ထားရင် သူတို့ဟာ ချန်ထန်ကို တိမ်ထဲမှာ ပိတ်မိနေတဲ့ နဂါးတစ်ကောင်လို ထောင်ချောက်ဆင်သွားမှာ ဖြစ်လို့ သူ့အရည်အချင်းနဲ့ ရည်မှန်းချက်တွေကို မပြနိုင်တော့ပါဘူး။

ဝူးချင်းယွီက တုံ့ဆိုင်းနေပြီး တိုးတိုး​လေး ပြောလိုက်သည်။

"အားထန် သိပ်သည်းခံနေစရာ မလိုပါဘူး... ကျွန်မရှင့်ကို ဖုံးကွယ်ထားတာ တစ်ခုရှိတယ်... ရှင့်ရဲ့သားက မရဏကမ္ဘာမှာ အများကြီးလုပ်ခဲ့ပြီး သူ့ကိုယ်သူ နာမည်ကောင်းပေးခဲ့တယ်... ကြောက်စရာကောင်းတဲ့ သတ္တဝါတချို့ကတောင် သူ့နောက်ကို လိုက်နေပြီ...."

"ကိုယ်သိပါတယ်... ထျန်းကျစ် တစ္ဆေမြို့တော်ရဲ့ အရှင်သခင်မလား"

ဝူးချင်းယွီ သူမခေါင်းကို ညင်သာစွာ ခါလိုက်သည်။ ချန်ထန် သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"အဲဒီရှစ်နှစ်အတွင်းမှာ ဖြစ်သွားတာတွေပါ...."

ဝူးချင်းယွီက လေကောင်းလေသန့်ကို ဝဝရှူရင်း တိုးတိုးလေး ပြော၏။

All Chapters