ဝင်္ကဘာ
Vol. 10 Ch. 137
ညသည် အရာအားလုံးကို ဖုံးလွှမ်းသွားပြီး လင်းယွဲ့ ခေါင်းမော့ကြည့်လိုက်ရာ အတားအဆီး၏ ပါးလွှာသည့် အဖြူရောင်မြူခိုးများကြားမှ မြင့်မားသော ဆောင်းဦးနေမင်း၏ ပါးလွှာသည့် ရွှေရောင်အနားသတ်လေးကိုသာ မြင်ရသည်။ ထို့ကြောင့် ကောင်းကင်သည် မှောင်မိုက်မှုဆီသို့ လက်နက်ချခဲ့ခြင်းပင်။
“နေကြတ်တာလား”
လင်းယွဲ့ မျက်မှောင်အနည်းငယ် တွန့်ချိုးလိုက်သည်။
လေးသင်္ကေတကောင်းကင်အတားအဆီးအဆင့် ကျင့်ကြံသူများသည် နေ၊ လ၊ ကြယ်များကို ထိန်းချုပ်နိုင်ပြီး လေးသင်္ကေတ အနှစ်သာရကို အသုံးပြု၍ ညဘက်ကဲ့သို့သော နေရာငယ်လေးတစ်ခုကို ဖန်တီးနိုင်သည်ဟု ဆိုကြသည်။
ဘိုင်လီဖုန်းကျီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး “ဒါက ကောင်းကင်နဲ့မြေကြီးဥပဒေရဲ့ သုံးပါးစွမ်းရည်အဆင့်ကို အသုံးပြုထားတဲ့ လျှို့ဝှက်ဖွဲ့စည်းမှု တစ်ခုဖြစ်နိုင်တယ်။ မဟုတ်
ရင် ဓားရှာလှေကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။
ယေဘူယျအားဖြင့်ဆိုလျှင် ဂိုဏ်းချုပ်ကြီးများသာ ကောင်းကင်နဲ့မြေကြီးဥပဒေကို အသုံးပြုနိုင်ကြသည်။ စစ်မှန်သော ရတနာတစ်ခုကိုပင် ဂိုဏ်းချုပ်ကြီးတစ်ဦးမှသာ အပြည့်အဝ အသက်သွင်းနိုင်ပြီး လေးသင်္ကေတအဆင့် ရှိသူများအတွက်မူ စစ်မှန်သော ရတနာက သာမန် မှော်ပစ္စည်း တစ်ခုမျှသာ ဖြစ်သည်။
လေးသင်္ကေတအဆင့် ရှိသူတစ်ဦးကို ကောင်းကင်နှင့်မြေကြီးဥပဒေကို အသုံးပြုနိုင်စေသည့် ရတနာဆိုသည်မှာ အလွန်ရှားပါးသည်။
တန့်ထျန်းဂိုဏ်း၏ တန်ဖိုးရှိသည့် ဓားရှာလှေကဲ့သို့ပင် ၎င်းကို ဂိုဏ်းချုပ်ဟောင်း ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တန့်ထျန်းဂိုဏ်းဝင်များ၏ ပေါင်းစပ်အားထုတ်မှုဖြင့်သာ မောင်းနှင်နိုင်သည်။
ထို့အပြင် ဆယ့်နှစ်ယောက်မြောက်မင်းသား၏ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကလည်း ဤကဲ့သို့သော ရတနာမျိုးများကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည်။
ပျံသန်းလှေထဲမှ လူအများအပြား ပျံသန်းထွက်လာပြီး ကုန်းပတ်ပေါ်သို့ တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်။
သူတို့သည် တန့်ထျန်းဂိုဏ်းဝင်များပင်။
“ဂိုဏ်းချုပ် နောက်ဆုတ်ပါ”
သခင်က နက်ရှိုင်းသောအသံဖြင့် “ကောင်းကင်မွေးဖွားဂိုဏ်းကတော့ ထင်ထားတဲ့အတိုင်းပါပဲ။ ဂိုဏ်းချုပ်ကြီးတွေ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့ မရပေမဲ့ အဲဒီအဆင့်အောက်က သူတို့ရဲ့ အင်အားစုတွေကတော့ အတော်လေး အစွမ်းထက်နေတုန်းပါပဲ” ဟု ပြောလိုက်သည်။
ကောင်းကင်မွေးဖွားဂိုဏ်းနှင့် တန့်ထျန်းဂိုဏ်းနှစ်ခုလုံးသည် နတ်ဆိုးလမ်းမှ ဖြစ်သည်။ သမိုင်းအရ တန့်ထျန်းဂိုဏ်းသည် တစ်ချိန်က ကောင်းကင်မွေးဖွားဂိုဏ်းထက် အများကြီး ပိုအားကောင်းခဲ့သည်။ သို့သော် ယခု တန့်ထျန်းဂိုဏ်း ကျဆင်းလာသည်နှင့် ဆယ့်နှစ်ယောက်မြောက်မင်းသား၏ ကျင့်ကြံမှုအရဆိုလျှင် ကောင်းကင်မွေးဖွားဂိုဏ်းက သံသယဖြစ်စရာမလိုဘဲ ပိုမိုအားကောင်းနေသည်။ ဆယ့်ခြောက်ယောက်မြောက်မင်းသား ကွယ်လွန်ပြီးနောက် တန့်ထျန်းဂိုဏ်းသည် မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ပြီး ကျင့်ကြံသူများ အနည်းငယ်သာ ကျန်တော့သည်။ သူတို့၏ တတိယမျိုးဆက် တပည့်များမှာ ယခုဆိုလျှင် ရှစ်ယောက်သာ ကျန်တော့သည်။ ဆယ့်နှစ်ယောက်မြောက်မင်းသားက ကောင်းကင်မွေးဖွားဂိုဏ်းကို လျှို့ဝှက်ကျင့်ကြံစေသည်ဖြစ်ရာ သူတို့၏ တကယ့်အင်အားမှာ မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ပေ။
“သူတို့ ဘယ်နှစ်ယောက် စေလွှတ်လိုက်လဲ သိလား”
လင်းယွဲ့က သူ့လူများ၏ အကာအကွယ်ဝိုင်းထဲ ဝင်ရောက်ရင်း မေးလိုက်သည်။ သူသည် ပါးလွှာသည့် အဖြူရောင်မြူခိုးနှင့် နက်ရှိုင်းသည့် ညကို စောင့်ကြည့်နေသော်လည်း ရန်သူတစ်ဦးကိုမျှ မတွေ့ရပေ။ တန့်ထျန်းဂိုဏ်းမှ အခြားအဖွဲ့ဝင်များလည်း မည်သည့်အရာကိုမျှ ခွဲခြားသိမြင်နိုင်ခြင်း မရှိကြပေ။
သခင်က ဓားရှာလှေ၏ အတားအဆီးကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး မျက်မှောင်အတော်လေး တွန့်ချိုးကာ “ကျွန်တော်တို့ လေးသင်္ကေတ ကောင်းကင်အတားအဆီးအဆင့် ကျင့်ကြံသူ (၆၂) ယောက်ကို ခံစားမိပါတယ်။ လေးသင်္ကေတ အထွတ်အထိပ်အဆင့်က ကျွန်တော်တို့ထက် မနည်းပါဘူး” ဟု ပြောလိုက်သည်။
ဤသတင်းကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။ တန့်ထျန်းဂိုဏ်းဘက်တွင် ဘိုင်လီဖုန်းကျီနှင့် ယွီရှီချီ အပါအဝင် လေးသင်္ကေတ ကောင်းကင်အတားအဆီးကို ကျော်ဖြတ်ထားသည့် ကျင့်ကြံသူ စုစုပေါင်း ၁၂ ယောက်သာ ရှိသည်။
ကံကောင်းစွာပင် ဆယ့်နှစ်ယောက်မြောက်မင်းသားသည် အိမ်ရှေ့စံမင်းသားကို ကြောက်ရသည်ဖြစ်ရာ သူ၏ အင်အားစုများကို ပေါ်ပေါ်တင်တင် လှုပ်ရှားရန် မရဲပေ။ သူ၏ လျှို့ဝှက်ကျင့်ကြံထားသည့် အင်အားစုများကိုပင် ဆယ့်လေးယောက်မြောက်မင်းသားက ထိန်းချုပ်ထားသည်ဖြစ်ရာ ဆယ့်လေးယောက်မြောက်မင်းသား မထိန်းချုပ်နိုင်သည့် အင်အားစုအနည်းငယ်ကိုသာ စေလွှတ်နိုင်ခဲ့သည်။ မဟုတ်လျှင် သူတို့၏ လက်ရှိ ကြိုးစားမှုများက အချည်းနှီး ဖြစ်နေမည်ပင်။
ပြိုင်ဘက်တွေက ၆၂ ယောက်တောင် ရှိတယ် ဟုတ်လား။
၎င်းက ဆယ့်လေးယောက်မြောက်မင်းသား၏ စစ်ဆေးပြီးနောက် ရရှိသည့် ရလဒ်ပင်။
သာမန်အားဖြင့်ဆိုလျှင် လေးသင်္ကေတကောင်းကင်အတားအဆီးအဆင့် ကျင့်ကြံသူများ မည်မျှ ပိုမိုထွက်ပေါ်လာနိုင်မလဲ။
ရုတ်တရက် သခင်၏ မျက်နှာအမူအရာက မည်းမှောင်သွားပြီး "သူတို့ထဲက ၃၆ ယောက်က ဒီ ဖွဲ့စည်းမှု အတွက် အခြေခံအနေနဲ့ ဆောင်ရွက်နေကြပြီး အဲ့ဒီဖွဲ့စည်းမှုရဲ့ လက်လှမ်းမမီတဲ့နေရာမှာ ပုန်းအောင်းနေကြတယ်။ အခု သူတို့ကို သတ်ပြီး ဖွဲ့စည်းမှုကို ချိုးဖျက်ဖို့က မဖြစ်နိုင်တော့ဘူး" ဟု ပြောလိုက်သည်။
ထိုနေရာရှိ လူတိုင်း၏ မျက်နှာများ ထပ်မံပြောင်းလဲသွားသည်။
ဖွဲ့စည်းမှုကို ချိုးဖျက်၍မရဟု ဆိုခြင်းက သူတို့ ထွက်ပြေး၍မရဘူးဟု ဆိုလိုခြင်းပင်။
ဤသည်မှာ အဆုံးထိ ခါးစည်းတိုက်ရမည့် တိုက်ပွဲတစ်ခုပင်။
ညက ပိုမိုမှောင်မိုက်လာပြီး ကောင်းကင်တွင် နေကြတ်ခြင်း၏ ရွှေရောင်ဝိုင်းလေးသာ ကျန်ရှိတော့သည်။
မှောင်မိုက်ထဲတွင် မမြင်ရသည့် နတ်ဆိုးအရိပ်များ ပုန်းအောင်းနေပြီး ကောင်းကင်နဲ့မြေကြီးအနှစ်သာရအများအပြားက မရပ်မနား စီးဆင်းနေသည်။
"အဲ့ဒီ ကောင်းကင်မွေးဖွားဂိုဏ်းက ဖွဲ့စည်းမှုကို ထိန်းသိမ်းနေတဲ့ ၃၆ ယောက်က အခု ကောင်းကင်နဲ့ မြေကြီးအနှစ်သာရကို စုဆောင်းနေကြတယ်။ အဲ့ဒါကတော့ ဓားရှာလှေရဲ့ အတားအဆီးကို ဖောက်ဖို့ သူတို့ရဲ့ နည်းလမ်းဖြစ်ရမှာပဲ"
သခင်က ပြောလိုက်သည်။
"ရန်သူက အားကောင်းပြီး ကျွန်တော်တို့က အားနည်းတယ်။ တိုက်ရိုက်ရင်ဆိုင်တာက ကျွန်တော်တို့အတွက် အားနည်းချက်ဖြစ်ပြီး တန့်ထျန်းဂိုဏ်းရဲ့ အားသာချက်တွေကို အသုံးချနိုင်မှာ မဟုတ်ဘူး။ ဒီအချက်ကို သေချာ မှတ်ထားပါ"
သူ လင်းယွဲ့ကို ထပ်မံကြည့်လိုက်ကာ ညင်သာစွာ သတိပေးလိုက်သည်။
"ဂိုဏ်းချုပ် မင်းသားတစ်ပါးကို လုပ်ကြံသူတွေဟာ ကြီးမားတဲ့ အပြစ်တွေကို သေချာပေါက် ခံရလိမ့်မယ်။ အကြောင်းအကျိုးဆက်အရ သူတို့ သေဆုံးမှာ သေချာတယ်။ သီအိုရီအရ ကောင်းကင်မွေးဖွားဂိုဏ်းက မင်းကို သတ်ဖြတ်ဖို့ မရဲသင့်ပေမယ့်၊ ဆယ့်ခြောက်ယောက်မြောက်မင်းသားကိုတောင် သတ်ခဲ့ပြီးပြီ။ ဒါ့အပြင် အဲ့ဒီထက်စောပြီး တခြားမင်းသားတွေကိုလည်း လုပ်ကြံခဲ့ကြပေမဲ့ တကယ့် တရားခံတွေကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး... ဒါကြောင့် မင်း သတိထားရမယ်"
“နားလည်ပါပြီ”
လင်းယွဲ့ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး “ဒါဆို တာအိုဆရာတုက ဘယ်မှာလဲ” ဟု မေးလိုက်သည်။
သခင်က ဂိုဏ်းချုပ်၏ ညွှန်ကြားချက်အတိုင်း ပြန်ဖြေသည်။
"တာအိုဆရာတုက အခု ပျံသန်းလှေရဲ့ အနက်ပိုင်းမှာရှိတဲ့ လျှို့ဝှက်ဖွဲ့စည်းမှုထဲမှာ ပိတ်မိနေတယ်။ သူ အပြင်မထွက်နိုင်သလို အပြင်မှာ ဘာဖြစ်နေလဲဆိုတာကိုလည်း မသိနိုင်ပါဘူး"
သူ ခဏတာ တွန့်ဆုတ်သွားပြီး လင်းယွဲ့ကိုလည်း ပျံသန်းလှေ၏ အနက်ပိုင်းတွင် ပုန်းအောင်းရန် ဆွဲဆောင်ချင်ခဲ့သော်လည်း လင်းယွဲ့၏ အရင်စကားများကို သတိရသွားပြီး စိတ်ကူးကို လက်လျှော့လိုက်သည်။
“ကောင်းပါပြီ ဒီတစ်ခေါက်တော့ ခင်ဗျားတို့အားလုံးကိုပဲ အားကိုးရတော့မယ်”
လင်းယွဲ့၏ အကြည့်က လူတိုင်းကို ဝေ့ကြည့်သွားပြီး “ခင်ဗျားတို့အားလုံး ဒီကနေ အသက်ရှင်လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတိုက်ပွဲမှာ ခင်ဗျားတို့ ကျဆုံးသွားရင် ကျွန်တော် ကောင်းကင်မွေးဖွားဂိုဏ်းကို သေချာပေါက် ချေမှုန်းပြီး ခင်ဗျားတို့ကို လက်စားချေပါ့မယ်” ဟု ပြောကြားခဲ့သည်။
တန့်ထျန်းဂိုဏ်း အဖွဲ့ဝင်များ ဘာမှမပြောကြသော်လည်း သခင်နှင့် တတိယမျိုးဆက် တပည့်များကတော့ အနည်းငယ် ရှုပ်ထွေးနေပုံရသည့် ယွီရှီချီကို တိတ်တဆိတ် ကြည့်လိုက်ကြပြီး သူတို့မျက်လုံးများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် ပေါ်လာသည်။
“နေကိုးမျိုးအစီးအရင်”
“ကောင်းကင်မွေးဖွားဂိုဏ်းကို ချေမှုန်းမှာလား”
ရုတ်တရက် ပျံသန်းလှေ၏ အတားအဆီး အပြင်ဘက်မှ သက်ပြင်းချသံ ဖျော့တော့စွာ ထွက်ပေါ်လာသည်။
“မင်းသားလေးမှာ ရည်မှန်းချက်တွေ အများကြီး ရှိလှချည်လား။ ဒါပေမဲ့ နှမြောစရာပဲ မင်း ကျင့်ကျိုးရဲ့ နယ်နိမိတ်ထဲကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး။ ဒီဟုန်းမြို့ကို ပြန်သွားပြီး မင်းသားဘွဲ့ကို ပြန်ရဖို့ အခွင့်အရေးဆိုတာ ဝေးရောပေါ့...”
နောက်တစ်ခဏတွင်
“အာဝူး…”
မာနကြီးပြီး စိတ်လှုပ်ရှားနေသည့် အော်ဟစ်သံတစ်ခု ညဘက်တစ်လျှောက် ရုတ်တရက် ပဲ့တင်ထပ်လာပြီး ကောင်းကင်နဲ့မြေကြီးအနှစ်သာရ၏ ပြင်းထန်သည့် လှိုင်းလုံးများဖြင့်အတူ ဓားရှာလှေ၏ အတားအဆီးကိုပါ တုန်လှုပ်သွားစေသည်။
ခွေးလား ဝံပုလွေလား။
လင်းယွဲ့ အော်ဟစ်သံ၏ အရင်းအမြစ်ကို ချက်ချင်း ခွဲခြားသိမြင်လိုက်သည်။
နက်ရှိုင်းသည့် ညထဲတွင် ကောင်းကင်နဲ့မြေကြီးအနှစ်သာရ၏ ပေါင်းစပ်မှု အမျိုးမျိုး ပေါ်လာပြီး တစ်ခဏအတွင်း ကြီးမားသည့် ခွေးနက်ရုပ်ကြွကြီးအဖြစ် ပေါင်းစည်းသွားကာ ကောင်းကင်ကို အော်ဟစ်လိုက်သည်။
“နေကိုးမျိုး အစီအရင်”
တန့်ထျန်းဂိုဏ်းဝင်များသည် အစီအရငါကို ချက်ချင်း မှတ်မိသွားပြီး သူတို့မျက်နှာများ ဖြူဖျော့သွားသည်။
ပျံသန်းလှေထက် ပိုကြီးသည့် ခွေးနက်ရုပ်ကြွကြီးသည် ဓားရှာလှေကို လှည့်ကြည့်လိုက်ပြီး အော်ဟစ်ရင်း သူ၏ ကြီးမားသည့် မေးရိုးများကို ဖွင့်ကာ ပျံသန်းလှေကို ကိုက်ရန် ကြိုးစားလိုက်သည်။