ဝင်္ကဘာ (၄)
Vol. 10 Ch. 140
"ယွဲ့ဟန်နဲ့ ယင်လေး မင်းသားလေးကို အထဲခေါ်သွား"
အစောင့်ဟောင်းက မှာကြားသည်။
"မင်းတို့ အနက်ရောင်ထောင်တံခါးကို အထဲကနေ မဖွင့်ဘူးဆိုရင် တန့်ထျန်းဂိုဏ်း အားလုံး ပူးပေါင်းရင်တောင် အချိန်တိုအတွင်း အနက်ရောင်ထောင်ကို အပြင်ကနေ ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။ အချိန်ကျရင် သူတော်စင်ရဲ့ အမိန့်ကို နာခံပြီး လိုအပ်ရင် မင်းသားလေးရဲ့ ငိုသံတွေ ထွက်လာအောင် လုပ်လိုက်"
"ဟုတ်ကဲ့"
နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေတော့သည်။
မြင့်မြတ်ပြီး အပြိုင်အဆိုင်မရှိတဲ့ မင်းသားတစ်ပါးကို နှိပ်စက်ဖို့လား။
သူတို့သည် ယခင်က ဤအကြောင်းကိုပင် စဉ်းစားရန် မရဲခဲ့ကြပေ။ ဆယ့်နှစ်ယောက်မြောက်မင်းသား၏ အမိန့်မရှိလျှင် ဆယ်ဆတောင် သတ္တိရှိဦးတော့ သူတို့ မရဲဝံ့ကြပေ။
လင်းယွဲ့ကမူ မျက်နှာသေဖြင့် “ဒီမင်းသားသာ အသက်ရှင်လွတ်မြောက်ခဲ့ရင် ကောင်းကင်မွေးဖွားဂိုဏ်းရဲ့ အဖွဲ့ဝင်တိုင်း အပိုင်းပိုင်းအစစကြေမွပြီး ပြာမှုန်ဖြစ်သွားအောင် လုပ်ပစ်မယ်” ဟု ပြောလိုက်သည်။
ကောင်းကင်မွေးဖွားဂိုဏ်း ကျင့်ကြံသူနှစ်ဦးဖြစ်သည့် ယွဲ့ဟန်နှင့် ယင်လေးတို့၏ စိတ်ထဲတွင် ရုတ်တရက် ချမ်းစိမ့်သွားသည်။
သို့သော် အစောင့်ဟောင်းက လှောင်ပြောင်လိုက်သည်။
“မင်းသားလေး အသက်ရှင်လွတ်မြောက်ခဲ့ရင်တော့ အနာဂတ်မှာ အဲဒီလို လုပ်နိုင်တာပေါ့။ ဒါပေမဲ့ အခု မင်းသားလေးက ကျွန်တော်တို့ ခြေဖဝါးအောက်က အကျဉ်းသားတစ်ယောက်ပဲ၊ ကျင့်ကျိုးကိုတောင် မဝင်နိုင်ဘူး။ ဒီဟုန်းမြိုဆိုတာ ဝေးသေးတယ်။ မင်းသားတစ်ပါးအနေနဲ့ ဘာလုပ်နိုင်မှာလဲ”
ချက်ချင်းဆိုသလို ယွဲ့ဟန်နှင့် ယင်လေးတို့က လင်းယွဲ့ကို အနက်ရောင်ထောင်ထဲ တွန်းပို့လိုက်ပြီး ထောင်တံခါးကို မြဲမြံစွာ ပိတ်လိုက်သည်။
အစောင့်ဟောင်းက လှောင်ပြောင်လိုက်ပြီးနောက် ရုတ်တရက် သူ၏ခေါင်းကို မလှမ်းမကမ်းရှိ ဦးတည်ရာတစ်ခုဆီ လှည့်လိုက်ပြီး မျက်မှောင်တွန့်ချိုးလိုက်သည်။
“ဟင် ချီလီနဲ့ ဘိုင်လျန်တို့ရဲ့ အသက်ရှူသံတွေ ပျောက်သွားပြီလား။ သူတို့က လေးသင်္ကေတ ကောင်းကင်အတားအဆီးအဆင့် အနိမ့်ဆုံးမှာရှိတဲ့ ဘိုင်လီဖုန်းကျီနဲ့ ရင်ဆိုင်နေတာ မဟုတ်ဘူးလား။ ဘယ်သူ သတ်လိုက်တာလဲ”
ဤအချိန်တွင် သူသည် ကောင်းကင်မွေးဖွားဂိုဏ်း၏ သူတော်စင်၏ အသံကို ကြားလိုက်ရသည်။
“အဇူရာနဂါး ဘိုင်လီဖုန်းကျီကို သွားကိုင်တွယ်လိုက်။ ချီလီနဲ့ ဘိုင်လျန်တို့ကို သူမ သတ်လိုက်တာ ဖြစ်ပုံရတယ်။ သူမ ဘယ်လို လုပ်လိုက်လဲ မသိဘူး။ သတိထား”
ဤ အသံလှိုင်းပိုးကောင်က တစ်ဖက်တည်းသာ အသံလှိုင်းပို့နိုင်တာကြောင့် အစောင့်ဟောင်းက ပြန်မဖြေဘဲ သူ၏လက်ထဲက ဓားကို တိုက်ရိုက်ထိန်းချုပ်ပြီး နံရံကို ချက်ချင်း ဖောက်ထွင်းလိုက်သည်။
“ချွင်”
ဝင်္ကပါနံရံ သုံးထပ်ကို ဖောက်ထွင်းပြီးနောက် အစောင့်ဟောင်းသည် ဝင်္ကပါစင်္ကြံလမ်းတစ်ခုတွင် အနီရောင် ကိုယ်ခံပညာရှင်ဝတ်ရုံဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုသူသည် ငွေရောင်မျက်နှာဖုံးတပ်ထားသည့် ဆံပင်ရှည်ရှည်နှင့် လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားအချို့ထက်ပင် အရပ်မြင့်ပြီး ဖြောင့်စင်းနေသည်။ သူမလက်ထဲတွင် တောက်ပနေသည့် ငွေရောင်လှံရှည်တစ်ချောင်းကို ကိုင်ထားပြီး လှံထိပ်ရှိ အနီရောင်ချယ်ရီသီးပေါ်မှ သွေးစက်လေးများ ကျနေသည်။
သူမရှေ့တွင်မူ ကောင်းကင်မွေးဖွားဂိုဏ်း ကျင့်ကြံသူနှစ်ဦး၏ ခေါင်းများကို ထိုးဖောက်ထားသည့် အလောင်းများ ရှိနေသည်။
ဘိုင်လီဖုန်းကျီ….
“လူတစ်ယောက်ထဲ လှံတစ်ချောင်းနဲ့ ချီလီနဲ့ ဘိုင်လျန်တို့ကို သတ်လိုက်တာလား”
အစောင့်ဟောင်းက ဘိုင်လီဖုန်းကျီကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး အနည်းငယ် မယုံနိုင်ဖြစ်နေသည်။
သူ သိသည်။ ချီလီနှင့် ဘိုင်လျန်းတို့နှစ်ဦးစလုံးသည် ထိုက်ယင်နှင့် ထိုက်ယန်ကို ကျွမ်းကျင်ထားပြီး လေးသင်္ကေတ ကောင်းကင်အတားအဆီး အဆင့် ကျင့်ကြံသူများထဲတွင် အလယ်အလတ်အဆင့်ဟု သတ်မှတ်ခံရသူများ ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးစလုံးမှာ ဆယ့်နှစ်ယောက်
မြောက်မင်းသားက ပေးထားသည့် အရည်အသွေးမြင့် မှော်ရတနာများလည်း ပိုင်ဆိုင်ထားသည်။
ဤကဲ့သို့သော အင်အားမျိုးကို လေးသင်္ကေတ ကောင်းကင်အတားအဆီး အဆင့် အနိမ့်ဆုံးမှာရှိသည့် ဘိုင်လီဖုန်းကျီက နှစ်ယောက်တစ်ယောက် တိုက်ပွဲတွင် ဘယ်လိုလုပ် လွယ်လွယ်ကူကူ ရှင်းပစ်နိုင်မှာလဲ။
“မင်းသားလေးလား”
ဘိုင်လီဖုန်းကျီ ရုတ်တရက် အစောင့်ဟောင်း ရပ်နေသည့် နံရံနောက်သို့ လှည့်ကြည့်လိုက်သည်။ စုတ်ပြဲနေသော အပေါက်မှတစ်ဆင့် အနက်ရောင်ထောင်တစ်ခု၏ ထောင့်စွန်းတစ်နေရာကို လှမ်းမြင်လိုက်ရပြီး ထိုနေရာမှ လင်းယွဲ့၏ အသက်ရှူသံ ထွက်ပေါ်နေသည်။
ဝင်္ကပါနံရံများ ဖြည်းဖြည်းချင်း ပြန်လည်ပြင်ဆင်နေစဉ် အစောင့်ဟောင်း၏ ပုံရိပ်က လျင်မြန်စွာ ရွေ့လျားသွားပြီး ဘိုင်လီဖုန်းကျီ ရပ်နေသည့် ဝင်္ကပါစင်္ကြံလမ်း၌ ပေါ်လာသည်။
"ဘိုင်လီဖုန်းကျီ ဟုတ်လား"
အစောင့်ဟောင်းက ခန့်ညားထည်ဝါသော ထိုအမျိုးသမီး ကိုယ်ခံပညာရှင်ကို စေ့စေ့ကြည့်ရင်း "မင်းရဲ့ အသက်ရှူသံက လေးသင်္ကေတ ကောင်းကင်အတားအဆီးမှာ တိုင်းယန်းကို ကျွမ်းကျင်ထားတဲ့ အနိမ့်ဆုံး ကိုယ်ခံပညာကျင့်ကြံသူရဲ့ အဆင့်ပဲ ရှိတယ်။ ဒါတောင် ဒီနှစ်ယောက်ကို သတ်နိုင်ခဲ့တယ် ဟုတ်လား" ဟု ပြောလိုက်သည်။
"ထွက်သွား"
ဘိုင်လီဖုန်းကျီ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်
ကောင်းသော အနီရောင်နက် စွမ်းအားများဖြင့် လှည့်ပတ်နေသည်။ မီးတောက်စီးကြောင်းတစ်ခုသည် မရပ်မနား ထွက်ပေါ်လာပြီး အစောင့်ဟောင်းဆီသို့ သူမ၏ လှံကို ထိုးသွင်းလိုက်သည်။
"ဘုန်း"
ပေါက်ကွဲထွက်လာသော လှံပုံရိပ်သည် မီးတောင်ပေါက်ကွဲသကဲ့သို့ တရကြမ်းစီးဆင်းနေသော မီးတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သော အပူချိန်ကို သယ်ဆောင်လာကာ လှံ၏ အရှိန်အဟုန်ကို ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်မှုတစ်ခု ပေါင်းထည့်ပေးလိုက်သည်။
ဓားသွားတစ်ခုသည် လှံထိပ်ဆီသို့ ဖြတ်တိုက်လာပြီး ထိခိုက်မှုဖြစ်ပြီး တစ်ခဏအတွင်း မီးတိုင်တစ်ခု ပွင့်ထွက်လာကာ ဓားသွားကို လွင့်စဉ်သွားစေသည်။
ဘိုင်လီဖုန်းကျီလည်း သူမ၏ လှံရှည်ကို ကိုင်ထားရင်း ရပ်တန့်သွားသည်။
"မင်းမှာ ဒီလို အစွမ်းမျိုး ရှိတာကိုး"
အစောင့်ဟောင်းက ဘိုင်လီဖုန်းကျီကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
လေးသင်္ကေတ ကောင်းကင်အတားအဆီး အဆင့် အနိမ့်ဆုံး တိုက်ခိုက်သူမျှသာဟု ထင်ရသော ဘိုင်လီဖုန်းကျီသည် သူ့ကိုယ်ပိုင် လေးသင်္ကေတ အထွတ်အထိပ်အဆင့်နှင့် မယှဉ်နိုင်လောက်အောင် အစွမ်းပြသခဲ့သည်ကို သူ အခုမှပင် သေချာပေါက် သိရှိလိုက်ခြင်းဖြစ်သည်။
ပုံမှန်ဆိုလျှင် လေးသင်္ကေတ အထွတ်အထိပ် အဆင့် တိုက်ခိုက်သူတစ်ဦးသည် အနိမ့်ဆုံးအဆင့်ရှိသူကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေလိမ့်မည်။
သို့သော် ဘိုင်လီဖုန်းကျီသည် သူ့နှင့် တန်းတူယှဉ်ပြိုင်နိုင်ခဲ့သည်။
သို့သော် ဘိုင်လီဖုန်းကျီမှာမူ မျက်မှောင်ကြုတ်နေသည်။
သူမ မင်းသားလေးကို ချက်ချင်း ရှာတွေ့နိုင်တော့မည် မဟုတ်သလို မင်းသားလေးက သူမ အကူအညီမလိုဘူးဟု ပြောခဲ့သော်လည်း သူမ စိတ်ပူပန်နေဆဲပင်။
ကံကောင်းစွာဖြင့် သူမရှေ့မှ ထိုလူ၏ ခွန်အားက ယွီရှီချီထက် အများကြီး နည်းသည်။
သူမ ယွီရှီချီနှင့် ရင်ဆိုင်ခဲ့ရစဉ်က တစ်ချက်တည်းပင် မခံနိုင်ခဲ့။
တစ်စိတ်တစ်ပိုင်းအားဖြင့် ယွီရှီချီက အလွန်အမင်း အစွမ်းထက်သောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ထိုအချိန်က သူမသည် သူမ၏ အနှစ်သာရသွေးထက်ဝက်ကို ဆုံးရှုံးခဲ့သောကြောင့် သူမ၏ ခွန်အား၏ လေးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
သို့သော် ယခုမူ ကွဲပြားသည်။
သူမ၏ အနှစ်သာရသွေး ပြန်လည်ရရှိခဲ့သည့်အပြင် မီးဖီးနစ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကိုပါ ပေါင်းစပ်ပေါင်းစပ်ထားခဲ့သည်။
၎င်းသည် သူမ၏ အရည်အချင်းနှင့် သေစေနိုင်သောပညာများတွင် သိသိသာသာ တိုးတက်မှုများ ရရှိစေခဲ့သည်။
သူမ၏ အဆုံးစွန်သေစေနိုင်သောပညာ တစ်ဆယ့်သုံးမီးလျှံမှ အနည်းငယ်သော ထိုးထွင်းဉာဏ်များနှင့် သူမ၏ အလွန်မြင့်မားပြီးသား အဆင့်တို့နှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် သာမန် လေးသင်္ကေတ အထွတ်အထိပ် တိုက်ခိုက်သူများနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။
"မင်းသားလေး ခဏလေး စောင့်ပါဦး။ ကျွန်မရဲ့ လက်အောက်ငယ်သားတွေ ရောက်လာတော့မယ်..."
ဘိုင်လီဖုန်းကျီ နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော စွမ်းအား သည် ပို၍ပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သူမ၏ လှံရှည်က တိုက်ခိုက်မှုတွင် မီးတောက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။