← Chapters

အဆက်အသွယ်အားလုံး ဖြတ်တောက်ထားခြင်း

Vol. 01 Ch. 20

အဆက်အသွယ်အားလုံး ဖြတ်တောက်ထားခြင်း

Vol. 01 Ch. 20

စုလင်းယွမ်သည် ထန်ရှုနှင့်အတူ သားဖြစ်သူ ပြင်ဆင်ပြုလုပ်ပေးထားသော ညစာအား ကြည်နူးစွာ စားသောက်နေသောအချိန်လေးတွင် တစ်စုံတစ်ယောက်သည် ထိုကဲ့သို့ ပြုမူပြီး အကြွေးလာတောင်းလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။

ထိုလူ၃ယောက်၏မျက်နှာများအား ထင်ထင်ရှားရှား မြင်လိုက်ရသောအချိန်တွင် စုလင်းယွမ်၏ရင်ခုန်သံ မြန်ဆန်လာပြီး သူမ၏ကြည်နူးပျော်ရွှင်မှုလေးများသည် ကွယ်ပျောက်သွားလေတော့သည်။

စုလင်းယွမ်သည် ကြောင်အအ ဖြစ်နေသောကြောင့် ဆံပင်အတိုနှင့်လူ ထမင်းစားပွဲအား ကန်လိုက်သည်ကို သတိမထားမိခဲ့ပေ။ ထိုလူသည် သူမအား ပါးရိုက်ရန်ပြုလုပ်တော့မည့်အချိန်မှ သတိဝင်လာပြီး ရှောင်တိမ်းလိုခဲ့သည်။ သို့သော် စုလင်းယွမ်သည် ထိုင်နေဆဲပင်ရှိသေးသည်။ လွတ်မြောက်ရန်အတွက် သူမ ထမပြေးမီ အရင်ထရပ်ရပေမည်။ သူမအား ရိုက်ရန်ကြိုးပမ်းနေသောသူသည် သူမအား ထရပ်ခွင့်ကို မည်သို့ပေးပါလိမ့်မည်နည်း။ သူမ၏မျက်နှာနှင့်နီးကပ်လာသော လက်ဝါးအား မြင်ပြီး စုလင်းယွမ်သည် မျက်လုံးအား စုံမှိတ်လိုက်တော့သည်။

ခဏအကြာတွင် စုလင်းယွမ်သည် တစ်စုံတစ်ယောက်၏ညည်းညူသံကို ကြားလိုက်ရသည်။ ထိုအသံသည် ဆံပင်တိုတိုနှင့်လူဆီမှ ထွက်ပေါ်လာကြောင်း စုလင်းယွမ် သတိပြုမိသည်။ သူမ၏မျက်လုံးအစုံအား ဖွင့်ကြည့်လိုက်သောအခါ စုလင်းယွမ် အံ့အားသင့်သွားသည်။ ဆံပင်ထောင်ထောင်နှင့် ရက်စက်တတ်သောလူသည် ကြမ်းပြင်ပေါ်တွင် ခွေခွေလေးဖြစ်နေပြီး သူ၏နဖူးသည် ကြက်ရိုးတစ်ချောင်းစိုက်လျက်သားဖြစ်ကာ သွေးများ စီးကျနေသည်။

“မင်း သူ့ကို ချရဲတယ်ပေါ့လေ”

“ခွေးကောင်”

“မင်း သေချင်လို့လား”

ကျန်သောလူနှစ်ယောက်သည် ကြမ်းပြင်ပေါ်သို့ လဲကျနေသော သူတို၏အဖော်အားတစ်လှည့် ထိုင်ခုံပေါ်တွင် မလှုပ်မယှက်ထိုင်နေသော ထန်ရှုအားတစ်လှည့်ကြည့်ပြီးနောက် သူတို့၏အဖော်သည် ကြက်ရိုးဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်ကို နားလည်သွားပြီး ဆဲဆိုကြိမ်းမောင်းလျက် ထန်ရှုထံသို့ ဒေါသတကြီး ပြေးဝင်လာသည်။

“ကျွန်မသားလေးကို နာကျင်အောင် မလုပ်ကြပါနဲ့။ သူ့က ထိခိုက်အောင်လုပ်ဖို့ရည်ရွယ်တာမဟုတ်ပါဘူး။ ကျွန်မ အလျော်ပြန်ပေးပါမယ်ရှင်။”

ထန်ရှုအား တိုက်ခိုက်ရန်ပြေးဝင်လာကြသည်ကို စုလင်းယွမ် မြင်လိုက်လျှင် မည်သည့်အခြင်းအရာဖြစ်ပွားခဲ့သည်ကို ရိပ်မိလိုက်ပြီဖြစ်သောကြောင့် သားဖြစ်သူအား မထိခိုက်စေခြင်းအလို့ငှာ စူးစူးဝါးဝါးအော်ဟစ်ကာ တေင်းပန်လိုက်သည်။

မိခင်ဖြစ်သူ၏ကြောက်လန့်နေသောအမူအရာအား မြင်တွေ့လိုက်ရသောအခါ ထန်ရှု၏အေးစက်စက်အမူအရာသည် ဖျော့တော့သွားခဲ့သည်။ သူ၏လက်အား ဆန့်တန်းလိုက်ပြီး မိခင်အား ပွေ့ဖက်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်များအား မလိုက်ပြီး တိုက်ခိုက်ရန်အသင့်အနေအထားဖြစ်စေခဲ့သည်။ ကြွေပန်းကန်ကွဲစနှစ်ခုသည် ကြမ်းပြင်ပေါ်မှ လွင့်ပျံသွားခဲ့ပြီး ရှေးရှုပြေးလာနေသော လူနှစ်ယောက်၏နဖူးများအား ထိမှန်သွားတော့သည်။သနားစရာထိုလူနှစ်ယောက်သည် ခြေတစ်လှမ်းမျှပင် မရွေ့နိုင်တော့ဘဲ သူတို့၏အဖော်ဖြစ်သကဲ့သို့ နာကျင်စွာ ညည်းတွားရင်း လဲကျသွားလေသည်။

“သူတို့..သူတို့.. ရှုအာ. ဘာတွေဖြစ်သွားကြတာလဲ။” ထိုသူများသည် အကြင်နာတရားမရှိ ရက်စက်ကြသည်ဟု စုလင်းယွမ်တွေးနေစဉ်မှာပင် မည်သည့်အချင်းအရာဖြစ်ပွားသည်ကို နားလည်လိုက်ပြီး အလွန် ထိတ်လန့်သွားတော့သည်။

“အမေ.. ဘာမှ မဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ ကျွန်တော် ဒါကို ဖြေရှင်းပါမယ်။” မိခင်၏လက်ဖဝါးအား ဆုပ်ကိုင်လျက် ထန်ရှုသည် နူးညံံ့စွာ နှစ်သိမ့်လိုက်သည်။

သည်တစ်ကြိမ်တွင်တော့ ထန်ရှုသည် စုလင်းယွမ်အား မြင်ခွင့်ပြုလိုက်ပြီဖြစ်သည်။ သူ၏မိခင်အား အကြောက်တရားဖြင့် မနေထိုင်စေလိုသောကြောင့် မိသားစုအား ကာကွယ်နိုင်သည့်အရည်အချင်းရှိကြောင်း သူ၏ခွန်အားနှင့် စွမ်းဆောင်နိုင်မှုအား စုလင်းယွမ်ကို ပြသချင်ခဲ့သည်။

မိခင်ဖြစ်သူ၏စိတ်လှုပ်ရှားမှုအား ပြေပျောက်စေရန်အလို့ငှာ ထန်ရှုသည် ထိုလူ၃ယောက်ဆီသွားပြီး အေားစက်စွာ မေးလိုက်သည်။

“ ကျွန်တော် မမှားဘူးဆိုရင် အမေက ခင်ဗျားတို့ကို အတိုးရောအရင်းရော ပြန်ဆပ်ပြီးသားမလား။ ဘာလို့ ခင်ဗျားတို့ အနိုင်ကျင့်နေရတာလဲ ပြောစမ်း။”

သူ့ရှေ့တွင် ရှိနေသောထိုသူများအား ထန်ရှုသိသည်။ သူ၏မိခင်သည် စားသောက်ဆိုင်ဖွင့်ရန်အတွက် ငွေကြေးအနည်းငယ်သာ ရှိသောကြောင့် ဆွေမျိုးများဆီမှ ချေးငှားခဲ့ရရုံသာမက လိုအပ်နေသေးသော ယွမ်၅သောင်းအား ငွေချေးလုပ်ငန်းစုတစ်ခုမှ ချေးယူခဲ့ရသည်။ သူတို့ တွေးခဲ့သည်မှာ ယွမ်၅သောင်း ချေးခဲ့သည်သာဖြစ်ပြီး သူတို့ အလုပ်ကြိုးကြိုးစားစား လုပ်ခဲ့ရင် အတိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် သူတို့မထင်ထားခဲ့သည်မှာ အဆိုပါ ငွေချေးလုပ်ငန်းသည် အလိုကြီးသောသူများဖြစ်နေခြင်းပင်။ အဆိုပါသူများသည် ငွေချေးစာချုပ်အား ပြောင်းလဲခဲ့ကြသည်။ မူလကအတိုးနှုန်းသည် ၃.၃ရာခိုင်နှုန်းသာရှိခဲ့ပြီး အချိန်တွေ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးအတိုးနှုန်းသည် ၇.၃၃ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ယွမ်၅သောင်းအား ၆လခွဲဆပ်ရန် စီစဉ်ထားသော်လည်း အတိုးနှုန်း ပြောင်းလဲသွားမှုကြောင့် တစ်လလျှင် ယွမ်၁သောင်းနှစ်ထောင်ပေးနေခဲ့ရသည်။ ထန်ရှုတို့သာားအမိသည် ထိုအတိုးနှုန်းကြောင့် နာကျင်ခဲ့ရပြီး ကူကယ်ရာမဲ့ခဲ့ရသည်။ ထိုမြင့်မားလှသည့်အတိုးနှုန်းသည် သူတို့သားအမိအတွက် ညမအိပ်နိုင်သော အိပ်မက်ဆိုး ဖြစ်ခဲ့ရသည်။

ပထမလတွင် စားသောက်ဆိုင်လေးသည် အရှုံးပေါ်ခဲ့သောကြောင့် ထန်ရှုတို့သည် ပိုက်ဆံမပေးနိုင်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အဆိုပါငွေချေးလုပ်ငန်းစုသည် သူတို့၏အသနားခံစာအား လစ်လျူရှုခဲ့ပြီး အတိုးရော အရင်းပါ ပြန်ပေးရန်နှင့် ထိုသို့မဟုတ်ပါက စားသောက်ဆိုင်လေးအား ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့အတွက် အခြားနည်းလမ်းမရှိသော ထန်ရှုတို့သည် သူငယ်ချင်းများနှင့် ဆွေမျိုးများဆီမှ လိုက်လံချေးငှားရပြီး ၃ရက်အတွင်း အတိုးပေးရန်အတွက်ငွေရှာပေးခဲ့ရသည်။ ထိုအမြတ်ကြီးစား ငွေချေးလုပ်ငန်းစုသည် အနိုင်ကျင့်ရလွယ်ကူသည့်အရသာအား သိသွားသောကြောင့် လတိုင်း ငွေကြေးပိုပိုပေးရန်အတွက် ဖိအားပေးတော့သည်။

ထိုအနိုင်ကျင့်မှုအား ရှောင်ရှားနိုင်ရန် စုလင်းယွမ်သည် ပေးရန်ငွေကြေးအား ကြိုတင်ပြင်ဆင်သော်လည်း စားသောက်ဆိုင်၏အမြတ်ငွေမှာ မလုံလောက်ခဲ့ချေ။ စုလင်းယွမ်၏ဆိုင်ငယ်လေးသည် ကမ်းနားလမ်းဟောင်းလေးတွင် တည်ရှိပြီး ဘေးပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့ ဆိုင်များစွာရှိသောကြောင့် ပြိုင်ဆိုင်မှုများစွာဖြစ်သဖြင့် လတိုင်း ငွေကြေးအများကြီး မရှာနိုင်ခဲ့ပေ။

နှစ်ဝက်ကြာပြီးသောအခါတွင်မှ စုလင်းယွမ်သည် အကြွေးအားလုံးအား နောက်ဆုံးတွင် ပေးနိုင်ခဲ့သည်။ ထိုသို့အကြွေးအားလုံးပေးဆပ်ပြီးသောအခါ စုဆောင်းငွေတစ်ပြားမှ မရှိတော့သောကြောင့် ထန်ရှု၏ကျောင်းစရိတ်အား ပေးရန်ငွေမရှိတော့ချေ။ ထို့ကြောင့် စုလင်းယွမ်သည် စိတ်ဆင်းရဲလွန်းရသဖြင့် ပိန်ကျသွားတော့သည်။

သည်အကြောင်းများကြောင့် စုလင်းယွမ်သည် ထိုလူ၃ယောက်အား မြင်တွေ့ရသောအခါ ထန်ရှုအား အနိုင်ကျင့်ကြမည်ကို စိုးရိမ်သဖြင့် ဖြူဖျော့သွားရခြင်းဖြစ်သည်။

“ထန်ရှု.. ခွေးမသား.. မင်း ငါတို့ကို ချရဲတယ်ပေါ့လေ။ ငါတု့ိက တိုင်လန်အဖွဲ့အစည်းကကွ။ မင်းတို့သားအမိ၂ယောက်ကို အချိန်မရွေး သတ်လို့ရတယ်ဆိုတာ မင်း နားလည်လား” ဆံပင်ခပ်တိုတိုနှင့်လူသည် နဖူးထက်မှ ကြက်ရိုးအား အံကြီတ်ကာ ဆွဲထုတ်လိုက်ရင်း ဆဲဆိုလိုက်သည်။

“ငါတို့စာချုပ်ပြီးသွားခဲ့တာ နှစ်ဝက်လောက်ရှိပြီပဲ။ အဲ့ဒီအတွက် ငါ့ဦးနှောက်မှာတောင် အစာမကြေသေးဘူး။ ဒါကို မင်းတို့က တရားမဝင် သတ်မယ်လို့တောင် ပြောနေသေးတာလား။”

ထန်ရှုသည် ကုလားထိုင်တစ်လုံးအား ဆွဲယူလိုက်ပြီး ထိုသူအား စတင်ရိုက်နှက်တော့သည်။

“ဖြောင်း….”

“ခရက်..”

ထိုအသံများနှင့်အတူ ဆံပင်တိုတိုနှင့်လူ၏ပခုံးရိုးကျိုးသွားခဲ့ပြီး နာကျင်လွန်းသဖြင့် အသံပင်မထွက်နိုင်တော့ချေ။

“ငါ ထပ်မေးမယ်။ ငါတို့သားအမိ အားလုံးဆပ်ပြီးသားကို ဘာလို့အနိုင်ကျင့်ချင်သေးတာလဲ။” ဒီတစ်ကြိမ်တွင်တော့ ထန်ရှုသည် ကျန်လူနှစ်ယောက်အား တိုက်ရိုက်မေးလိုက်သည်။

“အာ. ထန်ရှု. မင်းတို့အကြွေးတွေက ပေးပြီးသားပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လမှာ တစ်စုံတစ်ယောက်က အကြွေးလွှဲတဲ့စာချုပ်တစ်ခု ငါတို့ကို လက်မှတ်ထိုးပေးခဲ့တယ်။ အဲ့ဒါကြောင့် မင်းတို့မှာ အကြွေးစာချုပ်အသစ်တစ်ခုရှိနေတာ။”

ထန်ရှု၏စူးရှသောအကြည့်တို့အောက်တွင် သူ့အား ခွေးမသားဟု ဆဲဆိုခဲ့သောလူသည် လေသံပြောင်းကာ ပြောပြခဲ့သည်။

“ရှုအာ.. အဲ့ဒါ မင်းရဲ့ဦးလေးအငယ်ပါ. အမေ သူ့ဆီကနေ ယွမ်၅သောင်းချေးခဲ့တယ်။ ပြီးခဲ့တဲ့လက အဖြစ်အပျက်က သူ့ကို စိတ်ဆိုးစေပြီး အရှက်ရအောင် လုပ်မိတယ်နဲ့တူတယ်။ အဲ့ဒါကြောင့် သူတို့ကို လွှဲလိုက်တာနေလိမ့်မယ်။”

စုလင်းယွမ်သည် ထိုလူပြည့်စုံစွာ မပြောခဲ့သောအကြောင်းအရာအား ထန်ရှုနားလည်စေရန်အတွက် ဖြည့်စွက်ပြောကြားလိုက်သည်။

စုလင်းယွမ် ပြောသည်ကို ကြားရပြီးနောက် ထန်ရှု တိတ်ဆိတ်သွားသည်။ ဘန်ရှိုနှင့်ဒင်ဇီတို့ပြောခဲ့သည့်စကားများပါ ပြန်လည်ကြားယောင်လာပြီး ဒေါသများ တရှိန်ရှိန်တောက်လောင်လာသည်။ သူ၏ဦးလေးငယ်သည် သွေးသားရင်းချာဖြစ်ပါလျက်နှင့် မည်သည့်အကြောင်းကြောင့် သူတို့သားအမိအပေါ်တွင် နှလုံးသားမဲ့စွာ ပြုမူရပါသနည်း။ ထန်ရှု နားမလည်နိုင်တော့ပါချေ။

“အမေ.. ကျွန်တော့်ကို ဘာလို့ ဒါတွေ မပြောပြခဲ့တာလဲ။” တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုသည် မိခင်အား စောဒကတက်လိုက်သည်။

စုလင်းယွမ်သည် စကားတစ်လုံးမျှ မပြောဘဲ သားဖြစ်သူ၏နဖူးအား ကြင်နာစွာ ထိလိုက်သော်လည်း မိခင်ဖြစ်သူ၏မျက်ဝန်းမှတဆင့် အဖြေအား ထန်ရှု ရှာတွေ့သွားတော့သည်။

စုလင်းယွမ်သည် စားသောက်ဆိုင်နှင့်အိမ်တွင် ဖြစ်ပျက်နေသော ပြသနာအား ထန်ရှုအား မပြောပြခဲ့ခြင်းမှာ သားဖြစ်သူ၏ပညာရေးအား အနှောင့်အယှက်မဖြစ်စေလိုသော၊ ထန်ရှုအား ပူပန်သောကမရောက်စေလိုသော စိတ်စေတနာချစ်ခြင်းတရားကြောင့်ဖြစ်ပေသည်။

ထိုခဏမှာပင် ထန်ရှုသည် သူ၏ခွန်အားအား စောစီးစွာ မထုတ်ဖော်မိသောကြောင့် သူ့ကိုယ်သူ အပြစ်တင်မိသည်။ သို့မဟုတ်ပါက ယခုကဲ့သို့ ဆိတ်ဆိတ်နေမည့်အစား မိခင်ကြီးသည် သူမရင်ဆိုင်နေရသောအခက်အခဲများအား သူနှင့်အတူ တိုင်ပင်ချေလိမ့်မည်။

“ဒီကတ်ထဲမှာ ယွမ် ၅သောင်းရှိတယ်။ အဲ့ဒါယူပြီး ထွက်သွားတော့။ နောက်တစ်ခါ ငါ့အမေကို လာနှောင့်ယှက်ရဲရင် မင်းတို့စီးပွားရေးကို ကြယ်တာရာမှာ လုပ်လို့မရအောင် ငါ ဖျက်ဆီးပြမယ်။” ထန်ရှု အော်ဟစ်လိုက်တော့သည်။

ထိုငွေချေးလုပ်ငန်းစု၏ပြသနာအား မည်သို့ရှင်းပစ်ရမည်ကို စဉ်းစားနေစဉ်မှာပင် အိမ်အပြင်ဘက်မှာ တိုးညှင်းသောအသံကြားရပြီး ယွမ်ချူးလင်သည် ထွားကြိုင်းလှသော ကိုယ်လုံးကြီးအား ကျုံ့လျက် အိမ်ထဲသို့ဝင်လာသည်။

“ဖက်တီး… မင်း ဘာကြောင့် ဒီမှာရှိနေတာလဲ။” ထန်ရှုသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ယွမ်ချူးလင်နှင့် သိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ၏နွမ်းပါးမှုကြောင့် သူ၏အိမ်သို့ လာလည်လိမ့်မည်ဟု မထင်ထားချေ။

“အစ်ကိုကြီး.. မင်းမိသားစုမှာဖြစ်တဲ့ပြသနာကို ကျွန်တေ့ာ်ကို ဘာလို့မပြောရတာလဲ။ အစ်ကိုကြီးက ကျွန်တော့်ကို ညီအစ်ကိုလို့ သဘောမထားတာလား။”  ယွမ်ချူးလင်သည် ရယ်မောကာ ထန်ရှု၏ရင်ဘတ်အား ခပ်ဖွဖွ ထိုးလိုက်သည်။

“ အမေ.. ကျွန်တော် မိတ်ဆက်ပေးရဦးမယ်။ ဒါ ကျွန်တော့်အတန်းဖော် ယွမ်ချူးလင်။ ကျောင်းမှာ တစ်ဦးတည်းသော သူငယ်ချင်းပဲ။ ကျွန်တော် တန်းခွဲ-၅ကနေ တန်းခွဲ-၁၀ကနေ ရွှေ့ရတော့ သူက လိုက်ပြောင်းတယ်လေ။” သူ့အမေ၏မေးခွန်းများဖြင့် ပြည့်နေသော မျက်ဝန်းတို့အား သတိထားမိသောကြောင့် ထန်ရှုသည် ပြုံးပြီး ရှင်းပြလိုက်သည်။

“အို.. ထန်ရှုရဲ့သူငယ်ချင်းလေးလား။ အဒေါ်တို့အိမ်က ကြိုဆိုပါတယ်ကွယ်။” ထန်ရှု၏မိတ်ဆက်စကားကို နားထောင်ပြီး စုလင်းယွမ်သည် နွေးထွေးသောအပြုံးတို့ဖြင့် နှုတ်ဆက်လိုက်သည်။ သို့သော် ကြမ်းပေါ်တွင် ဝတ်စုံအပြည့်ဖြင့် လဲကျနေသော လူ၃ယောက်အား မြင်လိုက်သောကြောင့် အပြုံးခပ်ဖျော့ဖျော့သာ ကျန်တော့သည်။

“မင်းတို့ ခုထိ မသွားကြသေးဘူးလား။ ငါ့ကို ပြန်ပို့စေချင်နေတာလား။” ယွမ်ချူးလင်သည် စုလင်းယွမ်၏မျက်ဝန်းမှ အမူအရာအား သတိထားမိလိုက်သောကြောင့် ယွမ်ချူးလင်သည် ထိုသူများအား ကြိမ်းမောင်းလိုက်သည်။

“သခင်လေးယွမ်… ကျွန်တော် တောင်းပန်ပါတယ်။ သခင်လေးထန်က သခင်လေးရဲ့ မိတ်ဆွေဖြစ်မှန်း မသိလို့ပါခင်ဗျာ။ အဲ့လိုမှန်းသိခဲ့ရင် ကျွန်တော်တို့ နှောင့်ယှက်မှာ မဟုတ်ပါဘူး။”

“သခင်လေးထန်… ဒီဟာ သခင်လေးရဲ့ကတ်ပါ။ သူဋ္ဌေးစုနဲ့ သခင်လေးတို့ရဲ့ညစာကို မတော်တဆ ဖျက်ဆီးလိုက်မိတဲ့အတွက် ဒီဟာကို အစားပေးတယ်လို့ သဘောထားပေးပါဗျာ။ သခင်လေးထန်ရဲ့အကြွေး ယွမ်၅သောင်းလည်း လျှော်ပေးလိုက်ပါပြီ။ သခင်လေးယွမ်က သူဋ္ဌေးယွမ်ဆီမှာ ကျွန်တော့်တို့ကောင်းသတင်းလေး ပြောပေးပါလို့ မျှော်လင့်ပါတယ်။”

ကျန်လူနှစ်ယောက်သည် ကြေက်ရွံ့စွာ ဆိုလျက် သတိလစ်နေသော ဆံပင်တိုတိုနှင့်လူအား သယ်ဆောင်ကာ အိမ်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

စုလင်းယွမ်နှင့် ထန်ရှုတို့ တွေးထင်ခဲ့သည်မှာ ယွမ်ချူးလင်၏စိတ်တိုတတ်မှုကြောင့် ပြသနာများစွာ ပြုလုပ်နိုင်သဖြင့် သူ့အား တားမြစ်ရန်ပင် ပြင်ဆင်နေခဲ့ကြသည်။ သူ၏စကားကြောင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု သူတို့ မည်ကဲ့သို့ ထင်ပါမည်နည်း။

ထန်ရှုတို့သားအမိနှစ်ယောက် အချိန်အတန်ကြာသည်အထိ ငူငူကြီး ရပ်မိနေကြသည်။

All Chapters