← Chapters

ကျောက်စိမ်းနန်းတော်

Vol. 2 Ch. 13

ကျောက်စိမ်းနန်းတော်

Vol. 2 Ch. 13

ဖြန်း!!

စုချန်းအန်တယောက်စားပွဲခုံကို ရိုက်ချလိုက်ပြီး ဖနောင့်ကို ဆောင့်နင်းလိုက်သည်။ သူသည်ဒေါသနှင့်ပေါက်ကွဲလုမတတ်ဖြစ်နေ၏။ သူက မေးလိုက်သည်။

"ဒီကောင်တကယ်ပဲ ဒီလို ပြောလိုက်တာလား"

သူ့ရှေ့တွင်ကား ယန့်ဝူရွှန်းတယောက်တရှုံ့ရှုံ့ ငိုကြွေးနေ၏။ သူမသည်ငိုကြွေးနေသာ်လည်း လှပနေဆဲပင်ဖြစ်သည်။ သူမက တုန်ရီနေသော အသံနှင့်စုချန်းအန်ကို ဖွင့်ဟလိုက်၏။

"ကျွန်မ အစ်ကိုကြီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲရှင်လိမ်လည်း မလိမ်ဝံ့ပါဘူး အစ်ကိုကြီး သိတဲ့အတိုင်း ကျွန်မဟာ အလွန်တရာ ခါးသီးပြီး ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝက လာခဲ့တဲ့သူပါ ဒီနေရာကို ရောက်လာအောင်အစ်ကိုကြီးကိုယ်တိုင်ကျွန်မရဲ့ လက်ကိုဆွဲပြီး ခေါ်ဆောင်လာခဲ့တယ်ဒါပေမဲ့ အစ်ကိုကြီးသိတဲ့အတိုင်း ကျွန်မဟာ စည်းစိမ်ဘုံကြီးပေါ်မှာ စံစားပြီး အိမ်ကြီးရှင်မအထာနဲ့ တရက်ကလေးတောင်မနေခဲ့သေးပါဘူးရှင်အဲလိုနေမဲ့အစား ကျွန်မဟာ စုမျိုးနွယ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်ခဲ့တယ်လုပ်ခဲ့တာမှ နားရက်လေးတရက်တောင်မရှိပဲ နေ့ရောညရော လုပ်ခဲ့တာပါရှင်ဒီလောက်ပင်ပင်ပန်းပန်းနဲ့ မျိုးနွယ်စုတာဝန်ကို ထမ်းဆောင်ခဲ့တဲ့နောက်မှာ ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး အစ်ကိုကြီးရယ်စုတတ္ထသခင်လေးက ဒီလို ဆက်ဆံလိုက်တဲ့အတွက်ကျွန်မ ဒီနေရာမှာ ဆက်နေတော့ရော ဘာများ အသုံးဝင်အုံးမှာလဲ အစ်ကိုကြီးရယ်"

"ရပြီ ရပြီ ညီမ ကျုပ်သဘာပေါက်ပြီ ဒီလောက်လည်း မြန်မြန်ဆန်ဆန်ကြီး မဆုံးဖြတ်လိုက်ပါနဲ့ကွယ်"

စုချန်းအန်က သူ့လက်နှစ်ဖက်ကို သက်တောင့်သက်သာနှင့်ထောင်ပြရင်ဟန့်တားလိုက်သည်။ သူ့မျက်နှာကား ကြောက်မက်ဖွယ်ရာ တင်းမာခက်ထန်လှ၏။

ယန့်ဝူရွှန်းသည်မျိုးရိုးဇာတိဂုဏ်မြင့်မားသော မိသားစုမျိူးမှ ဆင်းသက်လာသူမဟုတ်။ ပြည့်တန်ဆာအိမ်မှ အပျက်မတယောက်သာ ဖြစ်သည်။ ထိုအကြောင်းကို လူတိုင်းသိ၏။ သို့သော်စုချန်းအန်က စတုတ္ထမယားငယ်အဖြစ်လက်ထပ်ယူလိုက်သောနောက်တွင်ကား သူမ၏ အတိတ်ကို ပြည်ဖုံးကားချရန်အကောင်းဆုံး အချိန်ပင်ဖြစ်လေတော့သည်။ မျိူးနွယ်စုတခုလုံးတွင်ယန့်ဝူရွှန်း၏ အတိတ်နှင့်ပတ်သက်သော ကိစ္စရပ်များအား ပြောဆိုပြီး ထိုးနှက်တိုက်ခိုက်ခြင်းသည်မလုပ်သင့်သော ကိစ္စမှန်း လူတိုင်း နားလည်သဘောပေါက်ပြီးသား ဖြစ်သည်။

ယခုတွင်ကား စုချန်း၏ လုပ်ရပ်သည်မမျှော်လင့်ပဲ အနာဟောင်းကို ဓားနှင့်ဆွလိုက်သည်နှင့်ပင်သွား၍ တူနေခဲ့လေပြီ။ စုချန်းအန်တယောက်အဘယ်မှာ ဒေါသမထွက်ပဲ နေနိုင်အံ့နည်း။ သူ့အနေနှင့်တန်ဟွားယွီနှင့်စုချန်းတို့၏ စီးပွားရေးလုပ်ငန်းများကို လောဘတက်နေသော ယန့်ဝူရွှန်း၏ စိတ်ထားကို ရှင်းလင်းစွာ သဘောပေါက်၏။ သို့သော်၎င်းကို သူက အလွယ်တကူပင်မသိချင်ယောင်ဆောင်ခဲ့လေသည်။

လူဆိုသည်မှာ အမြဲတမ်း ထိုနည်းလည်းကောင်းသာတည်း။ အကယ်၍ တစုံတယောက်သည်မူလကတည်းက မတော်မတရား ဘက်လိုက်မှုတခုကို ပြုလုပ်ခဲ့ပြီးလျင်ထိုဘက်လိုက်မှုကို ထိခိုက်နိုင်စေသော ကိစ္စများအားလုံးကို ကြိုတင်လစ်လျူရှုထားမည်သာ ဖြစ်သည်။ အကျိုးဆက်မှာကား ဤငမိုက်သားသည်အတော်ပင်ကျေးဇူးမသိတတ်သောအကောင်ဟု စုချန်းအန်၏ စိတ်ထဲတွင်လတ်တလော ခံစားနေရ၏။

သားယောကျာ်းလေးနှစ်ယောက်ဆက်တိုက်ရရှိပြီးနောက်အငယ်ဆုံး သားကလေးသည်အချစ်ဆုံးသား ဖြစ်လာသောအခါ စုချန်းအပေါ်ထားသော စုချန်းအန်၏ ချစ်ခြင်းမေတ္တာသည်တဖြည်းဖြည်း အေးစက်လာခဲ့၏။ ထိုအထဲတွင်မှ စုချန်းသည်သူ၏ အမိန့်ကို မနာခံပဲ ထပ်ခါထပ်ခါ အပြစ်များ ကျူးလွန်ခဲ့သောအခါ သားအဖနှစ်ယောက်အကြား ဆက်ဆံရေးသည်အက်ကြောင်းများစွာ ထင်လာခဲ့ရုံသာမက လုံးဝ ပြန်အဖတ်ဆယ်မရသည့်အခြေအနေသို့ တဖြည်းဖြည်း ဆိုက်ရောက်လာခဲ့လေသည်။

ဤယနေ့တွင်စုချန်း ထပ်မံကျူးလွန်ခဲ့သော ပြစ်မှုသည်သူတို့နှစ်ဦးကြား အက်ကြောင်းထင်နေသော ဆက်ဆံရေးကို အပြီးတိုင်အဆုံးသတ်လိုက်သည်နှင့်တူလှ၏။ စုချန်းအန်၏ မျက်လုံးထဲတွင်တချိန်က ချစ်လှစွာသော သားဖြစ်သူ စုချန်းကို ရာဇဝတ်ကောင်တဦးသဖွယ်ထင်မြင်စ ပြုလာလေပြီတည်း။

ထို့နောက်တွင်ကား စုချန်းအန်သည်တစုံတရာကို လေးလေးနက်နက်နှင့်စဉ်းစားတွေးတောနေ၏။ အတန်ကြာ စဉ်းစားတွေးပြီးမှ သူက ပြောလိုက်သည်။

"အမှန်ကတော့ ဒီလောက်တောင်ကျေးဇူးမသိတတ်တဲ့သားကို ကျုပ်အနေနဲ့ ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်တယ်ဒါပေမဲ့ တန်ဟွားယွီရဲ့ ထိမ်းချုပ်မှုအောက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်း အများစုဟာ သူ့မိဘဖက်က ပါလာတဲ့ အမွေအနှစ်တွေ များတယ်ဟွားယွီဟာ ကျုပ်နဲ့လက်ထပ်လို့ စုမျိုးနွယ်စုထဲ ပါဝင်လာတယ်ဆိုပေမဲ့ သူ့လက်အောက်က လုပ်ငန်းအများစုကတော့ စုမျိုးနွယ်စုနဲ့ သိပ်မဆိုင်လှဘူး ဆိုလိုတာက ဒီလုပ်ငန်းတွေကို လွှဲပြောင်းဖို့ဆိုရင်သူ့ရဲ့ ခွင့်ပြုချက်လိုအပ်နေသေးတယ်ဒီကိစ္စကို ကိုင်တွယ်ဖို့ အချိန်နည်းနည်းတော့ ယူရအုံးမယ်ကွဲ့"

စုချန်းအန်၏ စကားကြောင့်ယန့်ဝူရွှန်း၏ လှပသော မျက်နှာတွင်စိတ်ကောက်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူမက ပြောလိုက်သည်။

"အို အစ်ကိုကြီးကလဲ ဘာများ အချိန်ယူနေစရာ စဉ်းစားနေစရာ လိုသလဲရှင့်အစ်ကိုကြီးကိုကြည့်ရတာ ဓလေ့ထုံးတမ်းကို မေ့နေပြီထင်တယ်ပုံမှန်အရဆိုရင်တန်ဟွားယွီဟာ အစ်ကိုကြီးနဲ့ လက်ထပ်ပြီး စုမျိုးနွယ်စုအတွင်း ရောက်လာတာနဲ့ သူ့လက်အောက်က စီးပွားရေးလုပ်ငန်းတွေဟာ စုမျိုးနွယ်စု လက်ထဲကို အလိုအလျောက်ရောက်လာရမယ်လေ ဒါတွေအကုန်လုံးကို တန်ဟွားယွီတယောက်တည်း လက်ဝါးကြီးအုပ်ထားလို့ ဘယ်ရမလဲရှင့်ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံပြောတဲ့လူ တယောက်မှ မရှိကြဘူးလား ဒီအချိုးနဲ့ သူက ဇနီးမယားကောင်း ဖြစ်ချင်နေသေးတာတဲ့လား"

သူမ၏ စကားကို ကြားသောအခါ စုချန်းအန်က ပြန်မေးလိုက်သည်။

"ဒီတော့ ညီမက ဘယ်လို လုပ်ချင်လို့လဲ တန်မျိုးနွယ်စုဟာ စုမျိုးနွယ်လောက်အင်အားမတောင့်ဘူးဆိုပေမဲ့ အထင်တော့ သေးလို့မရဘူး တကယ်လို့ မျိုးနွယ်စုနှစ်စုကြား တိုက်ပွဲဖြစ်လာရင်လူပေါင်း မြောက်များစွာ သေကြေပျက်စီးရလိမ့်မယ်ဒါကြောင့်သူတို့ပိုင်ဆိုင်မှုကို အင်အားသုံးပြီး လုယူဖို့ကိုတော့ အစ်ကိုကြီး မတတ်နိုင်ဘူး ညီမက တတ်နိုင်လို့လား"

ယန့်ဝူရွှန်းက အတန်ကြာ စဉ်းစားတွေးတောပြီး သူမ၏ အကြံကို ပြောလိုက်သည်။

"ဒီလုပ်ငန်းတွေကို စုချန်းက လက်မလွှတ်ချင်ဘူးမလား ဒီတော့ ဒီလုပ်ငန်းတွေကို အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အနေနဲ့ သက်သေပြရလိမ့်မယ်သူ့ကို ဒီလုပ်ငန်းတွေကို စီမံအုပ်ချုပ်ဖို့ အစ်ကိုကြီးက အမိန့်ပေးလိုက်ပါ မျက်မမြင်တယောက်က ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံအုပ်ချုပ်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး သူ သေချာပေါက်ဟက်တက်ကွဲမှာပဲ"

စုချန်းအန်သည်အချိန်အတော်ကြာသည်အထိ လေးလေးနက်နက်စဉ်းစားနေ၏။ အတန်ကြာသော်သူ့မျက်လုံးအစုံက ဝင်းလဲ့တောက်ပလာသည်။ ထို့နောက်သူက ပြောလိုက်၏။

"အင်း စိတ်ကူးကောင်းပဲ သူအမှားလုပ်မိတဲ့အခါ ကျုပ်တို့က ဒါကို ယိုးမယ်ဖွဲ့ စွတ်စွဲပစ်တင်လို့ရမယ်ပြီးတာနဲ့ သူ အသုံးမကျဘူးဆိုပြီး ကျုပ်တို့က သူ့ကို ရာထူးက ဖယ်ရှားပြီး စီမံခန့်ခွဲပိုင်ခွင့်ကို ပြန်ယူလို့ရတယ်ဒီအထိကတော့ ဟုတ်ပါပြီ ဒါပေမဲ့ ကျုပ်တို့က သူ့ကို ဘယ်လုပ်ငန်းကို ဦးစီးခိုင်းရင်ကောင်းမလဲ"

ယန့်ဝူရွှန်းက ရက်ရက်စက်စက်ပင်ပြောလိုက်သည်။

"မျက်လုံးကန်းနေတဲ့လူကို အမြင်အာရုံ အလိုအပ်ဆုံးဖြစ်တဲ့ လုပ်ငန်းကို ဦးစီးခိုင်းလိုက်ပေါ့ရှင်ဘာခက်တာမှတ်လို့"

"မင်းပြောနေတာ စစ်မှန်တဲ့ ကျောက်စိမ်း နန်းတော်လား"

စုချန်းအန်က အံ့သြတသင့်နှင့်မေးလိုက်၏။

___________________×××__________________×××__________________×××________________×××_________

စစ်မှန်သော ကျောက်စိမ်းနန်းတော်...

စစ်မှန်သော ကျောက်စိမ်းနန်းတော်ဆိုသည်မှာ အခြားတော့မဟုတ်။ အကွေ့တထောင်လမ်းကြား၏ ဥမင်လှိုဏ်ခေါင်းတခုအတွင်း၌ တည်ရှိသော ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တဆိုင်ဖြစ်သည်။

မူလကမ္ဘာကြီးသည်နှစ်သန်းပေါင်းများစွာ ပြောင်းလဲတိုးတက်လာခဲ့သော နေရာကြီး ဖြစ်သည်။ ခမ်းနားကြီးကျယ်လှသော အဖွဲ့အစည်း ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံတို့သည်တိုးတက်ထွန်းကားလာလိုက်၊ ပြိုကွဲပျက်စီးသွားလိုက်နှင့်အလှည့်ကျကျ ချီတက်လာခဲ့သည်မှာ မရေမတွက်နိုင်သာ နှစ်ပရိစ္ဆေဒများအထိ ကြာမြင့်လာခဲ့ပေပြီ။ အကျိုးဆက်မှာကား ၎င်းအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုများ ပြိုကွဲပျက်စီးသွားပြီး ကျန်ရစ်ခဲ့သော အကြွင်းအကျန်ပစ္စည်းများသည်စုချန်းတို့ လက်ထက်တွင်အလွန်တရာ တန်ဖိုးကြီးမားလှသော ရှေးဟောင်း ရတနာများ ဖြစ်လာခြင်းပင်။

မူလကမ္ဘာကြီး ယဉ်ကျေးမှု အမြင့်မားဆုံးသော အချိန်တွင်တချိုနိုင့်ငံများ၏ ဖွံဖြိုးတိုးတက်မှုနှင့်အာဏာချဲ့ထွင်မှုသည် ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းထက်ပင်အလွန်လျင်မြန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသေး၏။ ၎င်းတို့သည်အခြေအနေ အကြောင်းကြောင်းကြောင့်ဖုန်မှုန့်များသဖွယ်လွင့်ပြယ်ပျောက်ဆုံးသွားပြီး သမိုင်းထဲတွင်နာမည်မျှသာ ကျန်ရစ်ခဲ့ကြသော်လည်း သူတို့ပိုင်ဆိုင်ခဲ့ဖူးသည့်ထူးခြားထက်မြက်သော နည်းပညာတချို့မှာမူကား ယခုတိုင်တန်ဖိုးကြီးမားနေဆဲသာ။

ထိုအမွေအနှစ်ရတနာများသည်ကမ္ဘာမြေကြီး၏ အောက်ဝယ်နှစ်ပေါင်းများစွာ မြှုပ်နှံခံထားရာမှ ရှေးဟောင်းပစ္စည်းတူးဖော်သူများမှတဆင့်လူသားတို့၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ အတိအကျပြောရလျင်ထိုရှေးဟောင်းအမွေအနှစ်များသည်သမိုင်းဆိုင်ရာ အရေးပါမှုသာမက နည်းပညာအရလည်း အရေးပါနေ၏။

All Chapters