← Chapters

သမိုင်းကြောင်း တစေ့တစောင်း

Vol. 2 Ch. 15

သမိုင်းကြောင်း တစေ့တစောင်း

Vol. 2 Ch. 15

ကောင်းကင်နှင့်မြေကြီးဟူ၍ ပေါ်ပေါက်လာခဲ့သော ကာလက ဤမဟာပထဝီ မြေထုကြီးသည်မည်သည့်အသီးအနှံမှ မဖြစ်ထွန်းသော ကျတ်တီးမြေ၊ မည်သည့်သတ္တဝါမှ ရှင်သန်၍ မနေနိုင်သော တစပြင်ကြီးမျှသာ ဖြစ်သည်။ တနေ့တွင်ကား မဟာမြေထုကြီး၏ အလယ်ဗဟိုတွင်အမျိုးအမည်မသိသော ပေါက်ကွဲမှုကြီးတခု ဖြစ်ပေါ်လာ၏။ ထိုပေါက်ကွဲမှုမှနေ၍ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအင်ပမာဏများ ထွက်ပေါ်လာခဲ့လေသည်။

အဆိုပါ စွမ်းအင်ကြောင့်ကမ္ဘာလောကကြီး တခုလုံး အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ဖြစ်ပေါ်စေခဲ့၏။ ထို့နောက်တွင်ကား ကမ္ဘာပေါ်၌ မရေမတွက်နိုင်သော အသက်ပေါင်းများစွာ မွေးဖွားလာခဲ့တော့သည်။

ကမ္ဘာပေါ်ရှိ ပထမဆုံး သက်ရှိများသည်အထက်ပါ စွမ်းအင်ကို လောလောလတ်လတ်လက်ခံရရှိခဲ့ကြလေရာ ၎င်းတို့၏ ကိုယ်ခန္ဓာများသည်တောင်ကြီးတလုံးပမာ အင်မတန်ကြီးမားလှပြီး ခွန်အားအရာတွင်လည်း ဖော်ပြရန်ခက်ခဲလောက်အောင်သန်မာကြလေ၏။ သူတို့သည်ဤမူလကမ္ဘကြီး၏ မူလမျိုးစိတ်များ ဖြစ်ကြကုန်၏။

မူလမျိုးစိတ်သတ္တဝါကြီးများ၏ နောက်တွင်ကား အလွန်ရိုင်းစိုင်းကြမ်းတမ်းပြီး ဖျက်ဆီးတတ်သည့်သတ္တဝါဆိုးကြီးများ အဆက်မပြတ်မွေးဖွားလာတော့သည်။ ထိုခြေလေးချောင်း သတ္တဝါဆိုးကြီးများသည်အလွန်တရာ သန်မာလှသည်မှန်သော်လည်း ကမ္ဘာကြီးအစတွင်ဖြစ်တည်လာခဲ့ မူလမျိုးစိတ်များနှင့်နှိုင်းယှဉ်၍ကား မရသေးချေ။ အဆိုပါ ရိုင်းစိုင်းကြမ်းတမ်းသည့်ခြေလေးချောင်းပါ သတ္တဝါဆိုးကြီးများကို မူလ သတ္တဝါဆိုးကြီးများဟု ခေါ်၏။

မူလမျိုးစိတ်များ၏ နောက်တွင်မူလသတ္တဝါဆိုးကြီးများသည်တလောကလုံးကို ပျံ့နှံ့သွားပြီး ၎င်းတို့သည်မူလကမ္ဘကြီး၏ အရှင်သခင်များ ဖြစ်လာကြလေသည်။ ၎င်းတို့သည်မူလကမ္ဘာကြီး၏ အရှင်သခင်များအဖြစ်နှစ်ပေါင်း နှစ်သောင်းခန့်မင်းမူခဲ့ပြီးနောက်မူလကမ္ဘာကြီးတွင်နောက်ထပ်ခေတ်သစ်တခေတ်ဖြစ်ပေါ်လာခဲ့ပြန်သည်။ နှောင်းလူတို့က အဆိုပါကာလအပိုင်းအခြားကို ဖန်ဆင်းရှင်ကာလဟု ခေါ်ဆိုကြကုန်၏။

ဖန်ဆင်းရှင်ကာလနောက်တွင်ကား မရေမတွက်နိုင်သော အသင်္ချေမကသည့်မျိုးစိတ်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့၏။ ထိုကာလတွင်ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည်တဖြည်းဖြည်း လျော့နည်းစ ပြုလာလေရာ မူလသတ္တဝါဆိုးကြီးများသည်ထိုပြောင်းလဲမှုဖြစ်စဉ်ကို လိုက်လျောညီထွေဖြစ်အောင်မနေထိုင်နိုင်ခဲ့ကြချေ။ ထိုအခါ ၎င်းတ်ို့သည်စွမ်းအင်လိုအပ်ချက်ကို လျော့ချရန်နှင့်အသက်ရှင်သန်ခွင့်ရရန်တကောင်ပြီးတကောင်နက်ရှိုင်းသော မြေအောက်အတွင်းသို့ ဝင်ရောက်ခိုနားကုန်ကြလေသည်။

သို့သော်မူလသတ္တဝါဆိုးကြီးများမှ မွေးဖွားခဲ့သော အကောင်ပေါက်လေးများမှာကား မူလကမ္ဘာကြီးအနှံ့ ခြေဦးတည့်ရာ သွားလာရင်း ဆက်လက်နေထိုင်လျက်ရှိကြလေသည်။ အကောင်ပေါက်များ တနည်းအားဖြင့်မူလသတ္တဝါဆိုးကြီးများ၏ သားစဉ်မျိုးဆက်များသည်အလွန်ကြီးမားပြီး မူလစွမ်းအင်ကို ကိုင်တွယ်အသုံးပြုနိုင်သော ခွန်အား ရှိနေသေးသည့်တိုင်၎င်းတို့၏ ဘိုးဘေးဘီဘင်များနှင့်နှိုင်းယှဉ်လိုက်လျင်ကား တဆင့်နိမ့်သွားခဲ့ပေပြီ။ ထိုသတ္တဝါများကိုကား သမိုင်းမတိုင်မီ သတ္တဝါဆိုးကြီးများဟု ခေါ်၏။

တချိန်တည်းမှာပင်မူလကမ္ဘာကြီးတွင်အဆက်မပြတ်ဖြစ်ပေါ်နေသော စွမ်းအင်စီးဆင်းမှုများကြောင့်ခံစားနားလည်လွယ်ပြီး အသိညဏ်ထက်မြက်သော မျိုးစိတ်များ အစုလိုက်အပြုံလိုက်ပေါ်ပေါက်လာခဲ့၏။ ထိုမျိုးစိတ်များအားလုံးလိုလိုသည်မရေမတွက်နိုင်လောက်အောင်များပြားရုံသာမက ဖန်တီးနိုင်သော ပင်ကိုယ်ဗီဇမျိုးကိုလည်း တူညီစွာ ပိုင်ဆိုင်ထားကြသည်။

ထိုအသိညဏ်ရှိ မျိုးစိတ်များစွာထဲမှ တမျိုးသည်လူသားမျိုးနွယ်များပင်တည်း။ လူသားများသည်၎င်းတို့ ပေါ်ပေါက်လာခါစ၌ အတော်ပင်အင်အားချိနဲ့သေး၏။ ညဏ်ရည်မြင်မားခြင်း၏ ပျံ့နှံ့မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုသည်ခွန်အားကြီးမားမှုကို မယှဉ်သာသေးသော ကာလပင်ဖြစ်သော်ငြား သူတို့သည်တနည်းနည်းအားဖြင့်ရှင်သန်နိုင်ခဲ့ကြလေသည်။ မည်သို့ဆိုစေ မူလသတ္တဝါဆိုးကြီးများအတွက်မူကား လူသားများသည်စားသောက်ဖွယ်ရာတမျိုးသာ ဖြစ်သည်။

ထိုအချိန်ကာလမှာ နှစ်ပေါင်းတစ်သောင်းခန့် ကြာမြင့်ခဲ့ပြီး စွန့်ပစ်ခေတ်ဟုခေါ်သည်။ စွန့်ပစ်ခေတ်နောက်တွင်ကား ဖရိုဖရဲခေတ်ဖြစ်သည်။ ထိုခေတ်တွင်ကား ညဏ်ရည်မြင့်မျိုးစိတ်များသည်ရုတ်တရက် ကြီးမားသောအရှိန်အဟုန်ဖြင့် ကမ္ဘာလောကကြီး၏ ရှေ့သို့ ရောက်ရှိလာတော့သည်။

မူလစွမ်းအင်ကို ထိန်းချုပ်ကိုင်တွယ်နိုင်သော သတ္တဝါအုပ်စုများကို မူလစွမ်းအင်နှင့်ဆက်စပ်နေသော သက်ရှိပုံစံများဟု သတ်မှတ်ကြပြီး ၎င်းတို့သည်မူလသတ္တဝါဆိုးကြီးများဟူသော စကားလုံးမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ ထိုသတ္တဝါဆိုးကြီးများ၏ ကျွန်ပြုခြင်း ခံရသော မျိုးစိတ်များသည်မိမိတို့၏ စွမ်းအားကို တိုးပွားလာအောင်ပြုလုပ်နိုင်ရန်အခွင့်အရေး မရှိကြရာ သူတို့သည်ဗဟုသုတများ တိုးပွားလာအောင်သာ ကြိုးစားကြရကုန်၏။

ထိုသူတို့အတွက်အရေးအကြီးဆုံးအရာမှာ ညဏ်ပညာနှင့်ထိုးထွင်းညဏ်ကို အသုံးပြု၍ သူတို့လိုအပ်သမျှ အရာများကို ပြုလုပ်ဖန်တီးရန်သာ ဖြစ်လေသည်။ အထက်ပါအတိုင်း ညဏ်ရည်ညဏ်သွေးကို အသုံးပြု၍ ပြသနာများကို ဖြေရှင်းတတ်သော မျိုးစိတ်များ(လူသားအပါအဝင်)ကို

ညဏ်ရည်မြင့်မျိုးစိတ်များ သို့မဟုတ်ကျွန်မျိုးစိတ်များဟု သတ်မှတ်ကြ၏။ ညဏ်ရည်မြင့်မျိုးစိတ်အများစုသည်ယေဘုယျအားဖြင့်အဆင့်နိမ့်သူများဖြစ်လေသည်။

ညဏ်ရည်ညဏ်သွေးနှင့်ပညာရပ်ပိုင်းဆိုင်ရာ အသိပညာများ တဖြည်းဖြည်း တိုးပွားလာသည်နှင့်အမျှ ညဏ်ရည်မြင့်မျိုးစိတ်များသည်၎င်းတို့၏ ကျွန်ပြုခြင်းခံနေရသော ကံကြမ္မာကို မေးခွန်းထုတ်လာ၏။ နာကျည်းလာ၏။ မခံချိမခံသာ ဖြစ်လာ၏။ သူတို့သည်သူတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရန်ကြိုးစားအားထုတ်လာ၏။

သို့သော်အချိန်အတန်ကြသည်အထိ မည်သည့်အခွင့်အရေးမျှ မရရှိခဲ့ကြပဲ စောင့်ဆိုင်းနေခဲ့ကြရ၏။ ကောင်းကင်နှင့်မြေပြင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာသော အခါတွင်ကား သူတို့၏ လွတ်မြောက်ခွင့်အတွက်အံ့သြစရာကောင်းသော အခွင့်အရေးတရပ်ပေါ်ပေါက်လာတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ ကောင်းကင်၏ စွမ်းအင်သည်ကား တဖြည်းဖြည်း လျော့ပါးစ ပြုလာလေပြီ။ မူလစွမ်းအင်သည်သိပ်သည်းထူထဲလှသော ရေထုကဲ့သို့ ပေါများနေရာမှ တခါတရံမှသာ တိုက်ခတ်လာတတ်သော လေပြေလေညှင်းကဲ့သို့ နည်းပါးလာလေ၏။ အကျိုးဆက်အနေနှင့် သမိုင်းမတိုင်မီ သတ္တဝါဆိုးကြီးများသည်အင်အားလျော့နည်းလာကြ၏။

၎င်းတို့သည်မိုးအောက်မြေပြင်စွမ်းအင်တို့ကို ထိန်းချုပ်နိုင်သေးသော်လည်း ယခင်ကကဲ့သို့ မလွယ်ကူလှတော့။ ထိုနည်းတူစွာ ၎င်းတို့၏ သားစဉ်မြေးဆက်များမှာလည်း သေးသည်ထက်သေးလာကြကုန်သည်။ သမိုင်းမတိုင်မီသတ္တဝါဆိုးကြီးများမှာ ဆင်းသက်လာသော အရွယ်အစားသေးငယ်သည့်သတ္တဝါများကိုမူကား နတ်ဆိုးသတ္တဝါများဟု ခေါ်တွင်ကြကုန်၏။ သူတို့သည်မိုးအောက်မြေပြင်အရှင်သခင်များ ဖြစ်နေဆဲသော်လည်း ယခင်ကကဲ့သို့ အကြွင်းမဲ့အာဏာရှင်များ မဟုတ်ကြတော့။

အမှောင်နက္ခတ်မျိုးနွယ်စုများသည်ရှေးဦး တော်လှန်ပုန်ကန်သူများ ဖြစ်ကြ၏။ သူတို့သည်စွမ်းအင်ကို ထိမ်းချုပ်နိုင်စွမ်းရှိသော ပထမဆုံး ညဏ်ရည်မြင့်သူများ ဖြစ်ကြရာ သူတို့ကို မူလစွမ်းအင်နှင့်တဝက်သက်ဆိုင်သူများဟု အလွယ်တကူ သတ်မှတ်နိုင်သည်။ မူလစွမ်းအင်အလွန်ပြင်းထန်နေသောအချိန်တွင်၎င်းတို့သည်စွမ်းအင်ကို တိုက်ရိုက်ထိမ်းချုပ်ရန်ကိုယ်ကာယပိုင်းဆိုင်ရာ အားနည်းချက်များ ရှိခဲ့သော်လည်း ကောင်းကင်ဘုံစွမ်းအားများ ပါးလွှာစ ပြုလာသည့်အချိန်တွင်ကား ထိုစွမ်းအင်များကို ထိမ်းချုပ်ရန်နည်းလမ်း တွေ့ရှိ်ခဲ့ကြ၏။ အမှောင်နက္ခတ်မျိုးနွယ်စုများသည်ထိုစွမ်းအင်များကို တော်လှန်ပုန်ကန်ရာတွင်အသုံးချခဲ့ကြလေသည်။

ထိုအချိန်ကာလကို အမှောင်နက္ခတ်မျိုးနွယ်စုများ ကြီးပွားသည့်အချိန်ကာလဖြစ်လူအများ သိရှိထားကြ၏။ ဖရိုဖရဲဖြစ်နေသောခေတ်ကာလ သက္ကရာဇ်၄၆၀၀ခုနှစ်တွင်အမှောင်နက္ခတ်မျိုးနွယ်စုများသည်နတ်ဆိုးသတ္တဝါ အမြောက်အများကို သုတ်သင်ချေမှုန်းနိုင်ခဲ့ပြီး တောင်ဘက်တွင်ကိုယ်ပိုင်နယ်မြေတခုကို တည်ထောင်နိုင်ခဲ့ကြ၏။ သမိုင်းမှတ်တမ်းများတွင်ထိုနယ်မြေကြီးကို မူလပထမဝိညဏ်နိုင်ငံတော်ကြီးဟု သတ်မှတ်ခေါ်တွင်ခဲ့လေသည်။

ကံမကောင်း အကြောင်းမလှစွာပင်မူလပထမဝိညဏ်နိုင်ငံတော်ကြီးသည်နှစ်ပေါင်းနှစ်ထောင်ခန့်သာ တည်မြဲခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားရှာသည်။ မူလစွမ်းအင်မှာလည်း ယခင်ကထက်ပို၍ နည်းပါးလာခဲ့လေရာ နတ်ဆိုးသတ္တဝါများသည်လည်း သူတို့၏ ဘိုးဘေးများနည်းတူ ကမ္ဘာမြေအောက်သို့ တိုးဝင်ပျောက်ကွယ်သွားကြလေသည်။

တချိန်တည်း တပြိုင်တည်းတွင်မျိုးနွယ်စုအသစ်များသည်ကမ္ဘာနှင့်အဝှမ်း လျင်မြန်စွာ တိုးပွားလာ၏။ ရုပ်ပိုင်းဆိုင်ရာနှင့်ညဏ်အရည်အသွေး ထပ်တူညီသော မစ်စတစ်ခေါ် လျှို့ဝှက်မျိုးနွယ်စုများ၊ ညဏ်ရည်မြင့်မျိုးစိတ်များဟုသာ ဆိုရသော်လည်း သတ္တဝါဆိုးကြီးများကဲ့သို့ အလွန်ရိုင်းစိုင်းကြမ်းတမ်းသော စရိုက်ရှိကြသည့်ရေဗန်ဂျာ ခေါ် ဖျက်ဆီးသူများ၊ သစ်တောများအတွင်း၌သာ နေထိုင်ကြပြီး လူတဝက်သစ်ပင်တဝက်နှင့်ဒိုင်းယက်ခေါ် ရုက္ခမျိူးနွယ်စုများ စသည်ဖြင့်အသီးသီး ပေါ်ထွန်းလာကြကုန်၏။ သူတို့အားလုံးသည်သမိုင်းတွင်အမည်နာမတခုကို ထင်ထင်ရှားရှား စိုက်ထူနိုင်ခဲ့သော်လည်း ကြာရှည်မခံပဲ လျင်လျင်မြန်မြန်ပင်ယုတ်လျော့ပျက်စီးကုန်ကြ၏။

ဖရိုဖရဲ ခေတ် သက္ကရာဇ်(၉၈၀၀) ခုနှစ်တွင် လျှို့ဝှက်မျိုးနွယ်စုများသည် ကောင်းကင်နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ နှစ်ပေါင်း၃၀၀၀ ကြာသော် သူတို့နိုင်ငံသည် ပြိုကွဲပျက်စီးခဲ့၏။

သက္ကရာဇ်၁၂၀၀၀ တွင် ဖျက်ဆီးသူများသည် မုန်တိုင်းနယ်မြေများကို တည်ဆောက်ခဲ့ပြန်သည်။ အနှစ် ၅၀၀ ကြာပြီးနောက် သူတို့၏နိုင်ငံသည်လည်း အလားတူ ပျက်စီးခဲ့ရပြန်သည်။

သက္ကရာဇ်၁၅၀၀၀တွင်ရုက္ခမျိုးနွယ်စုများက အဆုံးမဲ့အထီးကျန်မြို့တော်ကို ထပ်မံ တည်ဆောက်ကြပြန်၏။ နှစ်ပေါင်း၄၀၀၀ အကြာတွင် သူတို့နိုင်ငံသည်လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြန်သည်။

မည်သည့်မြို့ပြနိုင်ငံမျှ နှစ်ပေါင်းငါးထောင်ထက်ကျော်လွန်၍ တည်မြဲနိုင်ခဲ့ရိုး မရှိချေ။ နောင်နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ အဆိုပါ မျိုးနွယ်စုများနှင့်သူတို့တည်ထောင်ခဲ့သော မြို့ပြနိုင်ငံများသည်သမိုင်းတွင်နာမည်တခုအဖြစ်သာ ကျန်ရစ်ခဲ့ရှာတော့သည်။

All Chapters