← Chapters

ပူးပေါင်းကြံစည်ခြင်း ၁

Vol. 2 Ch. 16

ပူးပေါင်းကြံစည်ခြင်း ၁

Vol. 2 Ch. 16

"ခုဆိုရင်အချိန်လေးလတောင်ရှိသွားပြီ ဒီလောက်အချိန်တွေ အများကြီး ရနေတာတောင်ဒီကောင်လေးကို ခုချိန်ထိ မကိုင်တွယ်နိုင်သေးဘူးတဲ့လား"

ယန့်ဝူရွှန်းက ဒေါသတကြီးနှင့်လက်သီးလက်မောင်းတန်းရင်း ပြောလိုက်သည်။ သူမ၏ ရှေ့တွင်ကား ဘဏ္ဍာစိုးဖြစ်ဟန်တူသူ လက်အောက်ငယ်သားတယောက်သည်ဒူးထောက်လျက်ထိုင်နေ၏။ ထိုသူက ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။

"စုချန်းဟာ ကျောက်စိမ်းနန်းတော်ကို ရောက်ကတည်းက ဆိုင်အုပ်ချုပ်ရေးမှုးကြီးနောက်ကို တကုပ်ကုပ်နဲ့လိုက်ပြီး ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာတွေ၊ ရှေးဟောင်းသမိုင်းတွေနဲ့ မျိုးစိတ်တွေရဲ့ ဘာသာစကား အမျိုးမျိုးကို လေ့လာသင်ယူနေပါတယ်မိုးရွာရွာ လေတိုက်တိုက်ဆိုင်ကို အချိန်မှန်ရောက်အောင်လာတယ်ဒီလေးလတာကာလအတွင်း တခါမှ နောက်မကျသေးပါဘူး ခင်ဗျ သူဟာ ဆိုင်ရဲ့ လုပ်ငန်းတာဝန်အားလုံးကို အုပ်ချုပ်ရေးမှုးတန်ကို လွှဲအပ်ထားပြီး သူကိုယ်တိုင်တခါမှ ဝင်မလုပ်ဘူးခင်ဗျ ဒီလို အနေအထားမှာ ကျွန်တော်တို့အနေနဲ့ သူ့ကို အပြစ်ရှာဖို့ အင်မတန်ခက်ပါတယ်ခင်ဗျာ"

ယန့်ဝူရွှန်းက မေးလိုက်သည်။

"ဒါတောင်မှ ရှင်တို့က တခြားနည်းလမ်းလေးဘာလေး မရှာကြဘူးလားရှင့်"

ထိုလူက ဖြေလိုက်သည်။

"ကျွန်တော်တို့ နည်းမျိုးစုံနဲ့ စမ်းကြည့်ပြီးပါပြီ မယ်တော်ကြီးခင်ဗျာ ဒါပေမဲ့ စုချန်း ကျောက်စိမ်းနန်းတော်ကို ရောက်လာတဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ရဲ့ ဖိအားပေးမှုတွေ ပါနေတယ်ဆိုတာ သူတို့ သိကောင်း သိနေနိုင်တယ်ဒါကြောင့်ပဲလားမသိဘူး လွန်ခဲ့တဲ့ လတွေက သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ အင်မတန်သတိဝိရိယ ထားလွန်းတယ်ပစ္စည်းဝယ်ယူရာမှာ ပိုပြီး ဂရုစိုက်လာတဲ့အပြင်ကုန်ပစ္စည်းသိုလှောင်ခန်းတွေကိုလည်း လူအင်အား ပိုထုတ်ပြီး စောင့်ကြပ်ခိုင်းတာမျိုး တွေ့နေရတယ်သူတို့ရဲ့ လုံခြုံရေးနံပါတ်တွေဟာလည်း အလွန်တရာ သစ်လွင်ပြီး ဘာအမှားမှ မရှိဘူး ဖြစ်နေတယ်ကျွန်တော်တို့အနေနဲ့ အခွင့်အရေး တစုံတခုများ ပေါ်လာမလားလို့ စောင့်ကြည့်နေခဲ့ကြတာ အတော်လေးကြာပါပြီ ဒါပေမဲ့ ဒီလူတွေဟာ ကျွန်တော်တို့ ထောင်ထားတဲ့ ထောင်ချောက်ထဲကို လုံးဝ ရောက်မလာခဲ့ပါဘူး ဒီကြားထဲမှာ ကျွန်တော်တို့ဟာ လူပေါင်းမြောက်များစွာ လွှတ်ပြီး ဟွမ်ဝမ်တုန်းကိုယ်တိုင်စီရင်ပြုလုပ်ထားတဲ့ ရှေးဟောင်းပစ္စည်းအတုတွေကို ရောင်းချနိုင်ဖို့ ကြိုးစားခဲ့တယ်ဒါပေမဲ့ သူတို့ကို လိမ်လို့မရခဲ့ပါဘူးခင်ဗျာ နောက်တချက်က သူတို့ဆိုင်ဟာ အကွေ့တထောင်လမ်းကြားမှာ တည်ရှိတဲ့အတွက်ရဲမက်တွေ အလွန်များပြားပါတယ်ကျွန်တော်တို့အနေနဲ့ အလွန်အကျွံ ပြုလုပ်ဖို့ ခင်နေပါတယ်ဒီအချက်တွေကြောင့်ဒီကိစ္စဟာ ဒီလောက်အထိ အချိန်ကြာာနေရတာပါ မယ်တော်ကြီး ခင်ဗျာ"

ယန့်ဝူရွှန်း၏ မျက်နှာမှာ မဲမှောင်သွားသည်။ သူမက ပြောလိုက်၏။

"ဒီတော့ သူ့ကို မရမက အကြောင်းရှာပြီး ကျောက်စိမ်းနန်းတော်ကို ပို့လိုက်တာဟာ စာဖတ်ခိုင်းလိုက်သလို ဖြစ်နေပြီပေါ့ ဟုတ်လား"

ဘဏ္ဍစိုးဖြစ်ဟန်တူသည်အစေခံသည်သူ၏ နဖူးပေါ်တွင်ကြက်သွန်ဖြူဥခန့်ရောင်ကိုင်းလာသည်အထိ ကြမ်းပြင်ကို ဦးခေါင်းနှင့်အထပ်ထပ်အခါခါ ဆောင့်ရင်း ခယလိုက်သည်။

"မယ်တော်ကြီး ဒေါသကို ထိန်းပါအုံး ခင်ဗျာ"

ယန့်ဝူရွှန်း၏ ဒေါသကား ထိန်းမရတော့။ သူမက ထိုင်ရာမှထရင်း ဆဲဆိုကျိန်းမောင်းလိုက်သည်။

"နင်တို့ဟာ နည်းနည်းလေးမှ အသုံးမကျတဲ့ အမှိုက်လိုကောင်တွေ"

ပြောပြောဆိုဆို သူမသည်စိတ်ကို ထိန်းမရဟန်ဖြင့်အခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေ၏။ သူမဝတ်ဆင်ထားသာ အနီရောင်ပိုးချည်အကျီ င်္သည်အနီရောင်လှိုင်းတွန့်များထကာ အခန်းထဲတွင်မုန်တိုင်းငယ်တခုပမာ ဖြစ်ပေါ်နေလေသည်။ အတန်ကြာလမ်းလျှောက်ပြီးနောက်ယန့်ဝူရွှန်းက ဖြတ်ခနဲရပ်တန့်ကာ တင်းမာသော လေသံနှင့်ပြောလိုက်၏။

"အတင်းကြပ်ဆုံး လုံခြုံရေးဆိုတာလည်း တကယ်တမ်း စေ့စေ့တွေးကြည့်ရင်လူသားတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဒီတော့ ကျောက်စိမ်းနန်းတော်ရဲ့ လုံခြုံရေးကို ရော့ရဲသွားစေချင်ရင်ဒီလူတွေနဲ့ပဲ စရလိမ့်မယ်ဒီလူတွေကို လာဘ်ထိုးဖို့ ရှင်မကြိုးစားကြည့်ဘူးလား"

ဒူးထောက်နေသူက ပြောလိုက်၏။

"ကြိုးစားကြည့်ပြီးပါပြီ မယ်တော်ကြီးခင်ဗျာ ဒါပေမဲ့ ဘာမှ အကျိုးမထူးပါဘူး စုချန်းကို ဖယ်လိုက်ရင်ကျောက်စိမ်းနန်းတော်မှာ စုစုပါင်း လူကိုးယောက်ရှိပါတယ်သူတို့ထဲက သုံးယောက်ကတော့ ဆိုင်ရဲ့ ကြီးကြပ်ရေးမှုးတွေပါ တယောက်ကတော့ စာရင်းဇယား ထိမ်းသိမ်းသူဖြစ်ပြီး နှစ်ယောက်က အလုပ်ကြမ်းသမားနဲ့ နှစ်ယောက်က အမျိုးသမီး အစေခံတွေပါ ခင်ဗျာ ကျန်တယောက်ကတော့ စားဖိုမှုးကြီး ဖြစ်ပါတယ်လူတိုင်းလူတိုင်းမှာ အလုပ်ကိုယ်စီ ရှိနေပြီး စုချန်းရောက်ရှိလာတဲ့ နောက်ပိုင်းမှာတော့ သူတို့ရဲ့ အလုပ်တာဝန်တွေဟာ ပိုပြီးတော့ ပြတ်သားရှင်းလင်းလာတာကို တွေ့ရပါတယ်အပြစ်ပေးစနစ်တွေကလည်း ပိုပြီး တင်းကျပ်လာတယ်ခင်ဗျ လွန်ခဲ့တဲ့ လအနည်းငယ်က သူတို့ အဆင်သင့်မဖြစ်သေးဘူလို့ ယူဆပြီး အလုပ်ကြမ်းသမားထဲက တယောက်ကို လာဘ်ထိုးဖို့ ကျွန်တော်တို့ ကြံစည်ခဲ့ပါတယ်စုချန်းရဲ့ နားတွေ ဒီလောက်ထိ ပါးလိမ့်မယ်လို့ မထင်ခဲ့တာ ကျွန်တော်တို့ အမှားပါ အလုပ်ကြမ်းသမားရဲ့ မသေသပ်တဲ့ လှုပ်ရှားမှုကြောင့်အသံတချို့ ထွက်ပေါ်လာတဲ့ အချိန်မှာ စုချန်းဟာ သူ့လူတွေကို ခေါ်ပြီး ကျွန်တော်တို့ရဲ့ အလုပ်ကြမ်းသမားကို ဝိုင်းဝမ်းဖမ်ူဆီးခဲ့ပါတယ်နောက်တော့ သူဟာ အလုပ်ကြမ်းသမားကို ဘယ်တော့မှ ပြန်မလာဖို့ပြောပြီး တခါတည်း ကန်ထုတ်လိုက်ပါတယ်အလုပ်ကြမ်းသမားကလည်း ဒီအတိုင်း မနေဘူး ခင်ဗျ စုမျိုးနွယ်စုဆီ လာပြီးတော့ သူဟာ လာဘ်ထိုးခံရလို့သာ ဒီလိုလုပ်ရတာပါလို့ ငိုကြွေးတိုင်တောမယ်လုပ်တော့ ကျွန်တော်တို့မှာ ရွှေစင်အချိန်တရာနဲ့ နှုတ်ပိတ်လိုက်ရပါသေးတယ်ခင်ဗျာ"

ထိုသူ၏ စကားကို ကြားလိုက်ရသောအခါ ယန့်ဝူရွှန်းတယောက်ဒေါသထွက်လွန်း၍ မျက်ခုံးမွှေးများပင်ဒေါင်လိုက်ဖြစ်သွားသကဲ့သို့ ထင်ရသည်။

"ဘာ ရွှေစင်အချိန်တရာ ဟုတ်လား ဘုရား ဘုရား များလိုက်တဲ့ငွေတွေ ဟဲ့ အကောင်ဒီလောက်ပိုက်ဆံဖြုန်းရအောင်တန်ကောတန်ရဲ့လားဟဲ့"

ထိုအချိန်က ရွှေစင်၏ ဝယ်လိုအားသည်အင်မတန်ကောင်းနေ၏။ ရွှေစင်အချိန်တရာဟူသော ငွေပမာဏသည်အလုပ်ကြမ်းသမားတယောက်အတွက်မည်သည့်အလုပ်မျှ လုပ်စရာမလိုပဲ ဆယ်နှစ်ဆယ်မိုး ထိုင်စားရန်လုံလောက်လေသည်။ ထိုသူက နီရဲရဲ မျက်နှာနှင့်သံတော်ဦး တင်လိုက်၏။

"ကျွန်တော်တို့အနေနဲ့ အစတုန်းက ဒီလောက်ထိ ငွေဖြုန်းဖို့ မရည်ရွယ်ပါဘူးခင်ဗျာ ဒါပေမဲ့ စုချန်းဆိုတဲ့ ကောင်လေးက အတော်လေး ကောက်ကျစ်ပါတယ်သူဟာ အလုပ်ကြမ်းသမားကို ဖမ်းမိတဲ့အချိန်မှာ သွေးထိုးခဲ့တယ်ခင်ဗျ သူပြောခဲ့တာက ဒီလိုပါ အလုပ်ကြမ်းသမားရဲ့ နောက်ကွယ်က ဆရာကြီး ဘယ်သူဆိုတာ သူမသိပါဘူးတဲ့ ဒါပေမဲ့ အလုပ်ကြမ်းသမားဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆုံးရှုံးသွားပြီဖြစ်လို့ လျော်ကြေးတောင်းသင့်ပါသတဲ့ ခင်ဗျ ဒါတင်မကသေးဘူး သူက အလုပ်ကြမ်းသမားကို ရွှေစင်အချိန်တရာထိ တောင်းဖို့ကိုလဲ မြှောက်ပေးခဲ့ပါသေးတယ်သူနောက်ထပ်ပြောတဲ့ စကားတွေကလည်း အတော်ကို ဆိုးပါတယ်မယ်တော်ကြီးခင်ဗျာ သူ အလုပ်ကြမ်းသမားကို ထပ်ပြောခဲ့တာက ဒီလိုပါ ရွှေစင်အချိန်တရာဟာ လူတယောက်ရဲ့ပါးစပ်ကို ပိတ်ဖို့ဆိုရင်သိပမများပါဘူးတဲ့ ပြီးတော့ ကျွန်တော်တို့ အလုပ်ကြမ်းသမားကို နှုတ်ပိတ်တဲ့ အနေနဲ့ သတ်ပစ်တာမခံရအောင်ကြိုတင်အစီအစဉ်တွေလုပ်ထားဖို့လည်း ဒင်းက အကြံပေးခဲ့ပါသေးတယ်ဒီလို လုပ်ထားတဲ့အတွက်ကျွန်တော်တို့ဟာ အလုပ်ကြမ်းသမားကို မသတ်ရဲတော့ပဲ ငွေပေးရတော့မှာ ကျိန်းသေပါသတဲ့ ခင်ဗျာ"

ယန့်ဝူရွှန်းက အာရုံစိုက်၍ နားထောင်နေ၏။ ထိုလူက စကားဆက်ပြန်သည်။

"စုချန်း အကြံပေးလိုက်တဲ့အတိုင်း အလုပ်ကြမ်းသမား ငမိုက်သားဟာ ကျွန်တော်တို့ဆီကို လျော်ကြေးလာတောင်းပါတယ်ကျွန်တော့အနေနဲ့ ဒီကောင့်ကို ချက်ချင်းနှုတ်ပိတ်ဖို့ စဉ်းစားပါသေးတယ်ဒါပေမဲ့ ဒီကောင်က အစောကြီးကတည်းက အစီအစဉ်တွေ လုပ်လာတာကိုး ခင်ဗျ နောက်ဆုံးမှာတော့ ဘယ်လိုမှ မတတ်နိုင်ပဲ ရွှေစင်အချိန်တရာ ထုတ်ပေးလိုက်ရတော့တာပါပဲ မယ်တော်ကြီးခင်ဗျာ"

ဘဏ္ဍာထိန်းနှင့်တူသူ၏ စကားမှာ အဆုံးသတ်သွားပေပြီ။ ယန့်ဝူရွှန်းခမျာ ဒေါသထွက်လွန်း၍ တကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်ယင်နေ၏။

လူရည်လည်လိုက်သည့်စုချန်းပေတကား။ သူသည်ငါကြင်းဆီနှင့်ငါကြင်း ပြန်ကြော်လိုက်ခြင်း ဖြစ်သည်။ သူ၏ အကြံအစည်ကြောင့်ကျောက်စိမ်းနန်းတော်မှ ရှေးဟောင်းပစ္စည်းတမျိုးမျိုး ခိုးထုတ်ရန်ယန့်ဝူရွှန်း၏ အကြံအစည်ပျက်ပြားခဲ့ရသလို ငွေကြေးအမြောက်အများ ဆုံးရှုံးခဲ့ရ၏။ မိအေးနှစ်ခါ နာသွားခြင်းပင်။ ယန့်ဝူရွှန်းက ဒေါသတကြီးနှင့်မေးလိုက်သည်။

"ဒီတော့ ရှင်က အုပ်ချုပ်ရေးမှုး တယောက်ယောက်ကို မကြိုးစားကြည့်ဘူးလား"

ထိုလူက ရှင်းပြလိုက်သည်။

"နံပါတ်တစ်အုပ်ချုပ်ရေးမှုးကြီးက တန်ဟွားယွီနဲ့အတူ ပါလာသူဖြစ်တဲ့အပြင်ဒီလူက တန်မျိုးနွယ်စုအပေါ် အင်မတန်သစ္စာစောင့်သိပါတယ်ဒီတော့ သူ့ကို ဝယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ခင်ဗျာ ဒုတိယလူ ကျန်းဟန်ကိုတော့ သခင်ကြီးက တိုက်ရိုက်ခန့်အပ်ခဲ့တာဖြစ်ပြီး တတိယလူ လုယိကတော့ တန်ကျင်းရဲ့ လက်ကတုံးတောင်ဝှေးပါ ဒါကြောင့်ဒီနှစ်ယောက်ကလည်း သစ္စာရှိတယ်လို့ ယေဘုယျ မှတ်ယူနိုင်တယ်ဒါကြောင့်သူတို့သုံးယောက်လုံးကို ဝယ်ယူဖို့ဆိုတာ သိပ်မလွယ်လှပါဘူး မယ်တော်ကြီးခင်ဗျာ"

All Chapters