ညှင်းပန်းနှိပ်စက်ခြင်း
Vol. 3 Ch. 21
တိတ်ဆိတ်နေသည့် ရေချိုးခန်းအတွင်းဝယ် ကုချိန်းလွှာ၏ အချိုးအဆစ်ကျနလွန်းသည့် လက်ချောင်းလေးများသည် သူမ၏ ကိုယ်ခန္ဓာတခုလုံးပေါ်သို့ လှုပ်ရှားပြေးလွှားနေ၏။ သူမ၏ လှုပ်ရှားမှုများသည် နှိုင်းယှဉ်ပြစရာ မရှိလောက်အောင် ကျော့ရှင်းသပ်ရပ်လှပြီး ဆွဲဆောင်မှုရှိကာ တပ်မက်ဖွယ်ရာကောင်းလှသည်။
လပေါင်းအနည်းငယ်အတွင်းဝယ် ကုချိန်းလွှာမည်သော မိန်းကလေးသည် အမျိုးသမီးတယောက်ပမာ ကောင်းကောင်းကြီး ဖွံ့ဖြိုးခဲ့လေပြီ။ မို့သည့်နေရာတွင့်မို့၊ ဖောင်းသည့်နေရာတွင်ဖောင်း၊ ချိုင့်သည့်နေရာတွင်ချိုင့်၍ သူမတကိုယ်လုံးသည် နတ်သိကြားများ ဖန်ဆင်းထားသည့် ကျောက်ဆစ်ရုပ်သဖွယ် ရှုမငြီးဖွယ်ရာကောင်းလှသည်။ မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေချင်စရာ ကောင်းလှသည်။
တသက်နှင့်တကိုယ် မိန်းကလေးတယောက်၏ အဝတ်မဲ့ ကိုယ်ခန္ဓာကို မြင်ဖူးဖို့ဝေးစွ၊ မျက်မမြင်တယောက်ဘဝသို့ပင် ရောက်နေခဲ့ရရှာသော စုချန်းအဖို့ ဤမြင်ကွင်းမျိုးနှင့် နဖူးတွေ့ဒူးတွေ့ကြုံလာရသောအခါ မတ်မတ်ပင်မရပ်နိုင်ရှာတော့။ မိန်းမပျိုတဦး၏ ရေချိုးခြင်းကို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်ခြင်းသည် လွန်စွာ ရှက်စရာကောင်းပြီး အကျင့်ပျက်သောလုပ်ရပ်မျိုးဖြစ်လေရာ စုချန်းသည် စိတ်ကိုထိန်းကာ ကျောခိုင်းရင်း လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။
ထိုအခိုက်မှာပင် အလွန်လှပပြီး အံ့ချီးစရာကောင်းလှသော မိန်းကလေးတယောက်၏ ကိုယ်ကာယက ဘွားခနဲ ရေစည်အတွင်းမှ တိုးထွက်လာပြန်ရာ စုချန်းခမျာ ဒုတိယအကြိမ် ကြက်သေသေသွားရပြန်သည်။ ဆန္ဒနှင့် အကျင့်သိက္ခာတို့၏ တိုက်ပွဲကား စလေပြီ။ ဆန္ဒနောက်ကို မလိုက်ရအောင် သိက္ခာနှင့်ပင် ထိန်းချုပ်ရမည်လော။ သို့တည်းမဟုတ် ကိုယ်ကျင့်သိက္ခာကို ပစ်ပယ်ကာ ဆန္ဒနောက်သို့ပင် လိုက်ရတော့မည်လော။ ဤသို့နှင့် သူ့စိတ်ထဲတွင် ဆန္ဒနှင့် ကိုယ်ကျင့်သိက္ခာတရားတို့သည် အကြီးအကျယ် လွန်ဆွဲနေကြလေသည်။ သူ့ဦးခေါင်းသည်လည်း ရှေ့သို့လှည့်လာလိုက်၊ နောက်သို့ပြန်လှည့်လိုက်နှင့် ယမ်းခါနေ၏။
ကုချိန်းလွှာသည် စုချန်း၏ စိတ်ထဲတွင် ဖြစ်ပျက်နေသော အရာများကို အနည်းငယ်မျှပင် မရိပ်စားမိချေ။ သူမသည် စုချန်း၏ ဦးခေါင်း ရှေ့သို့လှည့်လိုက်၊ နောက်ပြန်လှည့်လိုက် လုပ်နေသည်ကို မြင်သောအခါ မေးမြန်းလိုက်၏။
"ရှင့်ခေါင်းက ဘာဖြစ်နေတာလဲရှင့် ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နဲ့"
စုချန်းက ပြန်၍ဖြေလိုက်သည်။
"ကျွန်တော့လည်ပင်းက ဘာကြောင့်ရယ်တော့မသိဘူး အတော်လေး နားနေတယ်ဗျ ဒါကြောင့် လှည့်နေတာ"
ပြောပြောဆိုဆို သူက သူ့ခေါင်းကို ကလေးများကစားသော ပလုပ်တုပ်အရုပ်သဖွယ် ကုချိန်းလွှာမြင်သာအောင် လှုပ်ရမ်းပြလိုက်လေသည်။ သို့သော် အခန်းထောင့်ဖက်သို့ ခေါင်းလှည့်လိုက်တိုင်းတွင် ကုချိန်းလွှာ၏ အဝတ်မဲ့ကိုယ်ခန္ဓာကို မြင်တွေ့နေရခြင်းမှာကား စုချန်းအဖို့ အတော်လေး စိတ်မသက်သာစရာ ဖြစ်နေသလို ထိုမြင်ကွင်းကြောင့် သူ့နှလုံးသားသည်လည်း ပြင်းထန်စွာ တုန်လှုပ်နေရရှာ၏။ နောက်ဆုံးတွင် သူသည် စိတ်ကို မထိန်းချုပ်တော့နိုင်တော့ပဲ ရေထဲတွင် ဆော့ကစားနေသော လှပပြီး အံ့ချီးဖွယ်ရာကောင်းလှသည့် ပန်းပုရုပ်ကိုယ်ခန္ဓာကို အားရပါးရပင် ငေးကြည့်နေမိတော့သည်။
အကယ်၍ ကုချိန်းလွှာသာ အတွေ့အကြုံ အတော်လေးရင့်ကျက်နေသော အမျိုးသမီး ဖြစ်ခဲ့လျင် စုချန်း၏ အမူအကျင့်သည် တနည်းတဖုံ ထူးဆန်းနေကြောင်း သေချာပေါက် သတိထားမိပေလိမ့်မည်။ ယခုတွင်ကား သူမသည် အလွန် ဖြူစင်ရိုးသားလှပေရာ စုချန်း၏ အပြုအမူကို အနည်းငယ်မျှပင် သံသယမဝင်ခဲ့ချေ။ ထိုအစား သူမက ရိုးရိုးသားသားပင် ပြောလိုက်၏။
"ဟုတ်တော့ဟုတ်သားပဲ ဒါနဲ့ နေစမ်းပါအုံး ရှင့်နဲ့လင်ချီးက ခုမှ ပထမဆုံးအကြိမ် တွေ့ကြတာကို ဘယ်လိုကြောင့် တယောက်နဲ့တယောက် အသေသတ်ကြတဲ့အထိ ဖြစ်ကုန်တာလဲ စုမျိုးနွယ်စုနဲ့ လင်မျိုးနွယ်စုကြား ရန်ညိုးက ဒီလောက်ထိပဲ ကြီးမားနေတာလား"
ကုချိန်းလွှာ၏ စကားကြောင့် စုချန်း၏ အာရုံသည် အပြောင်းအလဲ ဖြစ်သွား၏။ သူ့ကိုယ်ခန္ဓာအောက်ပိုင်းမှ တင်းမာနေသော ဖိအားသည် အတော်လေး ပြေလျော့သွားလေသည်။ စုချန်းက တစုံတရာကို စဉ်းစားဟန်ပြုရင်း ပြောလိုက်၏။
"ခင်ဗျား နားလည်မှု လွဲနေပြီဗျ ကျွန်တော်တို့ မျိုးနွယ်စုနှစ်စုက အချင်းချင်း မတည့်ကြဘူး မုန်းတီးနေကြတယ်ဆိုပေမဲ့ မြင်တာနဲ့ တယောက်နဲ့တယောက် အသေသတ်ကြတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး တကယ်တော့ ကျွန်တော်တို့ နှစ်ယောက် ဒီအခြေအနေထိ ရောက်သွားတာ အခြားအကြောင်းတခုကြောင့်ပါ"
ထို့နောက် စုချန်းက ကုချိန်းလွှာအား တနေ့တွင် သတိရလာပုံ၊ ထို့နောက် သူမကို ရှာဖွေရန် လင်မျိုးနွယ်စု ခြံဝင်းအတွင်းသို့ စွန့်စား၍ ဝင်လာပုံ၊ ထိုစဉ် လူနှစ်ယောက်၏ လျှို့ဝှက်ပြောဆိုဆွေးနွေးမှုတို့ကို အမှတ်မထင် ကြားလိုက်ရပုံတို့ကို စီကာပတ်ကုံး ပြောပြလိုက်၏။ စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ကုချိန်းလွှာက အတော်လေးစိတ်ဝင်စားသွားဟန်ဖြင့် ရေထဲတွင် လဲလျောင်းနေရာမှထကာ ကိုယ်ခန္ဓာကို မတ်မတ်ထိုင်လိုက်၏။
ရေစည်ပိုင်းအတွင်းဝယ် ရေများ ဘောင်ဘင်ခတ်လှုပ်ရှားသွားပြီး ဥသျှစ်သီးနှစ်လုံးကို ထက်ပိုင်းခြမ်းကာ တင်ထားသကဲ့သို့ ဝါဝင်းမှည့်အိနေသော ကုချိန်းလွှာ၏ ရင်နှစ်မွှာက ရေအလယ်တွင် ဘွားခနဲ ပေါ်လာ၏။ အနှီရင်သားနှစ်မွှာသည် လှုပ်စိလှုပ်စိနှင့် တုန်ခါနေရာ စုချန်းအား လာပါ လာပါဟု ဖိတ်ခေါ်နေသကဲ့သို့ ထင်ရသည်။ စုချန်းခမျာ ဒုတယအကြိမ်မြောက် မနေတတ် မထိုင်တတ် ဖြစ်သွားပြန်သည်။ သူူ့လည်ပင်းသည် တစုံတဦး၏ ဆွဲညှစ်ခြင်း ခံလိုက်ရသကဲ့သို့ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်လာ၏။
ကုချိန်းလွှာက မေးလိုက်၏။
"ဒါဆိုရင် လင်ချီးကို သတ်ခဲ့တဲ့လူက ရှင်ဆိုတာ သိနေတဲ့ လူတယောက် ရှိသေးတယ်ပေါ့ ဟုတ်လား"
စုချန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်ဗျ အဲဒီအတိုင်းပဲ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကိစ္စကို သိပ်ပြီးတော့ စိတ်မပူဘူး ဘာလို့လဲဆိုတော့ အကြီးအကဲစန်းက လင်မျိုးနွယ်စုက မဟုတ်ဘူး အဲဒီနေ့က သူဟာ လင်မျိုးနွယ်အစောင့်တွေ သူ့ကိုတွေ့သွားမှာ အတော်လေး စိတ်ပူနေဟန် ရှိတယ်ဗျ ဒါကြောင့်မို့ သူကိုယ်တိုင် ကျွန်တော့နောက်မလိုက်ပဲ လင်ချီးကို လိုက်ခိုင်းလိုက်တာပဲ"
သို့သော် ကုချိန်းလွှာက စိတ်မအေးနိုင်သေးပဲ စိုးရိမ်ပူပန်စွာ ပြောလိုက်ပြန်သည်။
"အို ဒါပေမဲ့ အဲဒီလူက တခြားနည်းလမ်းတမျိုးကိုသုံးပြီး ဒီကိစ္စရဲ့ တရားခံဟာ ရှင်ပဲလို့ လင်မျိုးနွယ်စုတွေ သိသွားအောင် လုပ်လို့ရသေးတယ်ရှင့်"
စုချန်းက ပြောလိုက်သည်။
"သိပ်လဲစိတ်မပူပါနဲ့ဗျာ ကျုပ်ဟာ သူတို့လျှို့ဝှက်ချက်ကို သိထားတယ်ဆိုတာ ခင်ဗျား မမေ့နဲ့လေ တကယ်လို့ ကျုပ်ကို တရားခံလို့ လူသိရှင်ကြား ယိုးစွပ်လာတယ်ဆိုပါစို့ ကျုပ်ကလည်း သူတို့လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်မှာပဲဗျ ဒါကို ဒီလူကောင်းကောင်းသိပါတယ် ဒီတော့ ဒီလိုမလုပ်ရဲတာ သေချာပါတယ်ဗျာ"
အထက်ပါစကားကို ကြားရသောအခါ ကုချိန်းလွှာက သက်ပြင်းတချက်ချရင်း ရေထဲသို့ ပြန်လည် ထိုင်ချလိုက်၏။ ဝါဝါဝင်းနေသော ရင်နှစ်မွှာက ရေထဲသို့ ပြန်လည် နစ်မြှုပ်သွားပြန်သည်။ ထိုအခါမှ စုချန်းတယောက် အတော်လေး စိတ်သက်သာရသွား၏။ တချိန်တည်းမှာပင် သူ့စိတ်ထဲတွင် တစုံတရာကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
ကုချိန်းလွှာက ပြောလိုက်ပြန်သည်။
"ဒါပေမဲ့လည်း ဒီအဖိုးကြီးက တယောက်တည်း ခိုးကြောင်ခိုးဝှက်လာပြီး ရှင့်ကို သတ်သွားနိုင်သေးတာပဲရှင့်"
စုချန်းက ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
"ဒါကြောင့်မို့လို့ ခင်ဗျားကို ဒီအကြောင်းတွေ ကျွန်တော် ပြောပြနေတာပေါ့ဗျ ဒီလူကြီး ကျုပ်ကို လာသတ်သွားရင်တောင် ကျုပ်ပါးစပ်ကို ပိတ်လို့မရတော့ပါဘူးလေ"
ကုချိန်းလွှာ၏ အလွန်လှပသော မျက်လုံးနှစ်လုံးသည် ပြူးကျယ်ဝိုင်းစက်သွား၏။ သူမက ပြောလိုက်ပြန်သည်။
"ဟေ့ ဟေ့ ဒါတော့ ရှင်မတရားဘူး ကြည့်စမ်း ကျွန်မ ခုမှသိတယ် လက်စသတ်တော့ ရှင်က ဒီကိစ္စတွေထဲ ကျွန်မပါ ပါသွားအောင် ဆွဲထည့်နေတာပေါ့လေ"
စုချန်းက ရှင်းပြလိုက်သည်။
"မဟုတ်ရပါဘူးဗျာ ဒီလိုလေဗျ ကျွန်တော် ရှင်းပြမယ် ခင်ဗျားနဲ့ ကျွန်တော်ဟာ သူငယ်ချင်းတွေဆိုတာ ဒီအဖိုးကြီး ဘယ်လိုမှ မသိဘူးလေ ပြီးတော့ ဒီကိစ္စကို သိတဲ့လူဟာ ခင်ဗျားတယောက်တည်း မဟုတ်ဘူးလေ"
ကုချိန်းလွှာ ခေါင်းရှုပ်သွား၏။
"ဒီတော့ ရှင်ဆိုလိုတာက..."
စုချန်းက တမင်တကာပင် အသံကို နှေးကွေးအောင် ပြုလုပ်ရင်း ပြောလိုက်သည်။
"အရန်အစီအစဉ်တချို့ကို ကြိုတင်ဆောင်ရွက်ထားခြင်းဟာ အမြဲတစေ မှန်ကန်နေတတ်တယ်ဗျ"
စုချန်းသည် ဤနေရာသို့ တယောက်တည်း ထွက်မလာမီ ကျောက်စိမ်းနန်းတော်ရှိ အလုပ်သမားကို အကျိုးအကြောင်း ပြောပြခဲ့၏။ အချိန်တန်၍ သူပြန်ရောက်မလာပါက ထိုအကြောင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာပေလိမ့်မည်။ ကုချိန်းလွှာသည် ထိုအကြောင်းကို ကြားရသောအခါ လက်ခုပ်လက်ဝါးတီးကာ ရယ်မောရင်း ပြောလိုက်သည်။
"ခစ် ခစ် ခစ် ကောင်းတယ် သိပ်ကောင်းတယ် ဒါဆိုရင် ကျွန်မက ရှင့်ရဲ့ အရန်အစီအစဉ်ပဲ ဆိုပါစို့ တကယ်လို့ ရှင်သာ အသတ်ခံလိုက်ရမယ်ဆိုရင် ဒီအချက်အလက်တွေ နေရာတိုင်းမှာ ပျံံ့နှံ့သွားအောင် လုပ်ပြီး သူတို့အကြံအစည်ကို ဖျက်ဆီးပစ်လိုက်မယ်"
"ဒါပေမဲ့ ခင်ဗျားဟာ ခုချိန်ထိ လင်မျိုးနွယ်စုရဲ့ အထူးဧည့်သည်တော်တယောက် ဖြစ်နေဆဲပဲဗျ ဒါကြောင့် ဒီလိုလုပ်တာတော့ သိပ်မကောင်းဘူး ခင်ဗျား မျက်နှာပျက်ရလိမ့်မယ်"
တဆက်တည်းမှာပင် စုချန်းက ပြောလိုက်သည်။
"ဒီတော့ ကျွန်တော့ကို တခုပဲ ကူညီပါတော့ဗျာ"
ကုချိန်းလွှာက မေးလိုက်သည်။
"ဘာကူညီရမှာလဲရှင့်"
စုချန်းက ဖြေလိုက်၏။
"ကျွန်တော့ကို ဒီနေရာက ထုတ်ပေးဖို့ပေါ့ဗျာ"
ကုချိန်းလွှာက အခြေအနေကို ရှင်းပြလိုက်၏။
"ခုက အချိန်ကောင်း မဟုတ်သေးဘူးရှင့် ဟိုလူတွေ ခုချိန်ထိ ရှင့်ကို သဲကြီးမဲကြီးနဲ့ ရှာနေတုန်းပဲ ဒီနေရာကိုလည်း အကြိမ်ပေါင်းများစွာ လာရှာပြီးပြီ ခုနေသာ ရှင့်ကို အပြင်ထုတ်သွားရင် ကျွန်မတို့နှစ်ယောက်ကို ကွိခနဲနေအောင် မိသွားမှာပဲ နောက်တရက် မိုးလင်းလာမှ ရှင့်ကို အပြင်ထုတ်ပေးမယ် ကျွန်မမှာ အကြံကောင်းတွေ ရှိပါသေးတယ်ရှင်"
စုချန်းက ပြောလိုက်သည်။
"ကျွန်တော်သာ ဒီည ပြန်မလာရင် အိမ်က စိတ်ပူနေတော့မှာပဲဗျ"
ကုချိန်းလွှာက အကြံပေးလိုက်၏။
"ဒီအတွက် စိတ်မပူစမ်းပါနဲ့ရှင် ရှင့်မိဘတွေကို သူငယ်ချင်းတယောက်အိမ်မှာအိပ်နေတယ်လို့ ပြောခိုင်းလိုက်မယ်"
စုချန်းအနေနှင့် ကုချိန်းလွှာ၏ အကြံအစည်ကို လက်သင့်ခံရန်မှတပါး အခြားမရှိတော့။ သူက အားတုံ့အားနာနှင့် ပြောလိုက်သည်။
"ဒါဆိုလည်း ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲဗျာ"
ကုချိန်းလွှာက ပြောလိုက်၏။
"ရှင်နဲ့ ကျွန်မက သူငယ်ချင်းတွေပဲ ဒီလောက်ထိလဲ ယဉ်ကျေးနေစရာ မလိုပါဘူးရှင်"
စကားအဖြစ်သာ ပြောလိုက်ရသည်။ ကုချိန်းလွှာ၏ပုံစံက စုချန်းကို ကူညီရသည့်အဖြစ်အပေါ်တွင် ဂုဏ်ယူနေဟန် ပေါ်နေ၏။ ရေချိုးခြင်းအမှု ပြီးသွားလေပြီ ဖြစ်လေရာ ကုချိန်းလွှာက သူမ၏ ရင်သားများကို ဖွဖွကလေး သုတ်လိုက်သည်။ ဝါဝင်းပြောင်တင်းနေသော ရင်နှစ်မွှာသည် သူမ၏ လက်ဖဝါးအောက်တွင် ပုံစံမျိုးစုံ ဖြစ်ပေါ်နေ၏။ စုချန်းအဖို့ နောက်ထပ်တကြိမ် ရင်ခုန်သံ မြန်ရပြန်ချေပြီ။
ဤတကြိမ်တွင်တော့ စုချန်း၏ အမူအရာကို သူမက သတိထားမိဟန်ဖြင့် မေးလိုက်သည်။
"ဟင် ရှင့်နှာခေါင်းတွေ နီရဲနေပါလား ခုနက သွေးတွေအများကြီး ဆုံးရှုံးထားလို့ သွေးမရှိလောက်တော့ဘူး ထင်နေတာ ကြည့်ရတာ ကျွန်မဆေးတွေက အတော်လေး ကောင်းပုံရတယ်"
စုချန်း ပါးစပ်ကြီး ပြဲသွား၏။ သူမည်သို့မျှ ပြန်မပြောနိုင်ပဲ နေရထိုင်ရ ခက်သွား၏။ ထိုအခိုက်မှာပင် သူက တစုံတခုကို သတိရလာဟန်ဖြင့် မေးလိုက်သည်။
"ဒါနဲ့ ခင်ဗျားကို ကျွန်တော် တခုမေးအုံးမယ် ခင်ဗျား ယွဲ့ဝူချိဆိုတဲ့နာမည်ကို ကြားဖူးသလား နောက်ပြီးတော့ ဝိညဏ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ဆိုတာကကော ဘာလဲဗျ "
ကုချိန်းလွှာက ခေါင်းခါယမ်းလိုက်သည်။
"မသိဘူးရှင့် ဒါပေမဲ့ စိတ်မပူနဲ့ ကျွန်မ တယောက်ယောက်ကို အကူအညီတောင်းပြီး စုံစမ်းပေးမယ် ယွဲ့ဝူချိသာ လောကကြီးပေါ်မှာ တကယ်ရှိနေရင် ဒီလူ ဘာလဲဆိုတာသိဖို့ သိပ်မခက်လောက်ပါဘူးလေ"
စုချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကိုယ်တိုင်ကိုယ်ကျတော့ သွားပြီး မစုံစမ်းလေနဲ့ အမှားကြီး မှားသွားလိမ့်မယ် ဘာလို့လဲဆိုတော့ အကြီးအကဲစန်းရဲ့ တခြားသူလျှိုတွေ လင်မျိုးနွယ်စုထဲမှာ ရှိမရှိ ဘယ်သူမှ မပြောနိုင်လို့ပဲ တကယ်လို့ ခင်ဗျားရဲ့ စုံစမ်းမှုသာ ပေါက်ကြားသွားရင် ခင်ဗျားအပေါ် အန္တရာယ်တွေ ကျရောက်လာနိုင်တယ် ဒါဆိုရင် ငါးပါးမှောက်ပြီပဲ ခင်ဗျားဟာ ကျွန်တော့ရဲ့ အရန်အစီအစဉ်ဆိုတော့ ဘယ်တော့မှ ဒီကိစ္စကို ကိုယ်တိုင်ထွက်ပြီး မစုံစမ်းလေနဲ့ဗျို့ မစုံစမ်းလေနဲ့ ကျွန်တော်ပြောတာ နားထောင် ဟုတ်ပြီလား"
ကုချိန်းလွှာက မေးလိုက်၏။
"ဒီလိုဆိုတော့ ရှင်က သူတို့ရဲ့ ပူးပေါင်းကြံစည်မှုကို လွှတ်ပေးလိုက်တော့မှာပေါ့ ဟုတ်လား"
စုချန်းက ပြောလိုက်သည်။
"ဒီကြားထဲ ကျွန်တော် နည်းလမ်း ရှာပါအုံးမယ် သူတို့နှစ်ယောက် ပြောနေတဲ့စကားအရ ကျွန်တော်တို့အတွက် အချိန်တနှစ်လောက် ရသေးတယ် လာမယ့်ဝိညဏ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် မပွင့်မချင်း သူတို့ ဘာမှ လှုပ်ရှားအုံးမယ် မထင်ဘူးဗျို့"
စုချန်း၏စကားကို ကြားလိုက်ရသောအခါ ကုချိန်းလွှာ၏ နှုတ်ခမ်းနှစ်လွှာက လှပစွာ စူထွက်လာ၏။ ထို့နောက် သူမက ပြောလိုက်သည်။
"အာ့ဆိုလဲ ပြီးတာပဲလေ"
ကုချိန်းလွှာ၏ အမူအရာက လွန်စွာမှပင် ချစ်စရာကောင်းလှသည့်ဖြစ်ရာ စုချန်း၏ နှလုံးသားသည် သိမ့်ခနဲ တုန်လှုပ်သွားရှာ၏။
________________×××_________________×××______________×××______________×××_________________
ထိုနေ့ည တညလုံး စုချန်းအဖို့ ကုချိန်းလွှာ၏ အိပ်ခန်းအတွင်း၌သာ အချိန်ဖြုန်းရလေ၏။ ညပိုင်းရောက်သော် ကုချိန်းလွှာ၏ ပူပန်ကြောင့်ကြခြင်း ကင်းမဲ့သော နေပုံထိုင်ပုံများက စုချန်း၏ စိတ်အာရုံကို အထူးပင် ဒုက္ခပေးခဲ့လေသည်။ ကုချိန်းလွှာ၏ ပျော့ပြောင်းသွယ်ညွတ်သော ကိုယ်ကာယသည် စုချန်း၏ စိတ်အာရုံအား အဆက်မပြတ် ဖျားယောင်းသွေးဆောင်နေသကဲ့သို့ ရှိ၏။
သူမသည် သူနှင့် စကားပြောနေစဉ် အတွင်းခံမျှကိုသာ ဝတ်ဆင်ထားလေရာ မည်သည့် အကာအကွယ်မျှ မရှိပဲ ဟာလာဟင်းလင်းကြီး ဖြစ်နေတော့သည်။ ထို့အတွက်ကြောင့်လည်း စုချန်းခမျာ ဒုက္ခအကြီးအကျယ် ရောက်နေရခြင်းပင်။ တဖက်တွင်လည်း စုချန်းသည် မျက်လုံးမမြင်ဟန်ပြုကာ ကုချိန်းလွှာကို မကြည့်မိစေရန် ကြိုးစားနေရ၏။
အမှန်တော့ စုချန်းသည် ကုချိန်းလွှာကို ကြည့်ရသည်မှာ အားပင်မရသေးချေ။ ဆက်၍ ကြည့်ချင်လှသည်။ သို့သော် ဆက်ကြည့်ရန်ကား မရဲတော့။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်ခန္ဓာကိုယ် အတွင်းပိုင်းတနေရာမှ ပေါ်ပေါက်လာသော စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ပဲ ဖောက်လွဲဖောက်ပြန် ပြုမိမည်ကို စိုးရိမ်သောကြောင့်ပင်။ သူ့ဆင်ခြင်တုံတရားနှင့် သူ့စိတ်ဆန္ဒသည် အကြီးအကျယ် တိုက်ခိုက်နေကြပြီဖြစ်သည်။ စုချန်းသည် ထိုအဖြစ်အပျက်ကို မသိချင်ယောင်ဆောင်ထားရလေရာ မရှုနိုင်မကယ်နိုင်နှင့် အကြီးအကျယ် ဒုက္ခရောက်နေတော့သည်။
ကံကောင်းထောက်မသည်မှာ စုချန်းသည် အပြင်းအထန် ဒဏ်ရာရထားလေရာ အကယ်၍ စိတ်ရိုင်းကို မထိန်းချုပ်နိုင်ခဲ့သည်ထားအုံး၊ လက်ရှိ သူ့အနေအထားအရ တစုံတယောက်ကို မုဒိမ်းကျင့်နိုင်ဖို့ ဝေးစွ၊ သူ့ခြေလက်များကိုပင် သယ်နိုင်ဖို့ မသေချာလှ။ နောက်ဆုံးတွင်ကား စုချန်းတယောက် ဟိုလိမ့်သည်လိမ့်နှင့် အိပ်မောကျသွားလေတော့သည်။
မနက်မိုးသောက်သော် ကုချိန်းလွှာသည် စုချန်းအား အိပ်ယာမှနှိုးကာ နောက်ဖေးပေါက်မှနေ၍ အပြင်သို့ ခေါ်ထုတ်သွား၏။ ကုချိန်းလွှာသည် စုချန်းအား တောအုပ်လေးတခုသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ တောအုပ်မှာ သာမာန်တောအုပ်လေးနှင့် တူသော်လည်း သူ့ခြေဖဝါး၏ အောက်တွင် ကြီးမားသော စွမ်းအင်လှိုင်းကြီးများရှိနေကြောင်း စုချန်း ခံစားလိုက်ရ၏။
စုချန်းက မှင်သက်အံ့သြစွာ ရေရွတ်လိုက်၏။
"ဟာ မူလစွမ်းအင်ဖွဲ့စည်းခြင်းပါလား"
ထိုနေရာတွင် မူလစွမ်းအင်လှိုင်းများသည် ဒီဇိုင်းဆွဲထားသည့်ပမာ ပုံစံတကျ ရှိလှသည်။ ထိုစဉ် ကုချိန်းလွှာက လက်ကိုထောင်ပြရင်း စုချန်းကို ငြိမ်သက်ရန် လက်ပြလိုက်၏။
"ရှုး"
ကုချိန်းလွှာ၏ အချက်ပြသံနှင့် မရှေးမနှောင်းတွင် သူတို့ရှိသောနေရာနှင့် သိပ်မကွာဝေးလှသော နေရာမှ သားရဲတိရစ္ဆာန်ကြီးများ၏ ဟိန်းဟောက်သံများ ဆက်တိုက်ပေါ်ပေါက်လာ၏။ ထိုအသံများကို ကြားလိုက်ရသောအခါ သူ့အနေနှင့် မည်သည့်နေရာသို့ ရောက်နေကြောင်း စုချန်း သဘောပေါက်သွား၏။
လင်မျိုးနွယ်စု၏ နာမည်ကျော် သားရဲဥယျဉ်ပေတကား။ ကုချိန်းလွှာတယောက် သူ့ကို သားရဲဥယျဉ်သို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။