← Chapters

တိုက်ပွဲများ

Vol. 108 Ch. 1506

တိုက်ပွဲများ

Vol. 108 Ch. 1506

လင်းမင်၊ ပိုင်ယုရှီနှင့် ကျောင်းရှုလင်းတို့မှာ ရွှေရောင် စစ်ပွဲ လောကနယ်မြေ အတွင်း၌ တစ်ကြိမ် ဆုံခဲ့ဖူးသည်။ ထိုစဉ်ကတော့ ထန်ရှင်းယွင်လည်း ပါဝင်ခဲ့သည်။ သူတို့ လေးယောက်မှာ အတူတူ ခရီးသွားခဲ့ကာ ရန်သူများကို အတူတူ တိုက်ခိုက်ခဲ့ကြသည်။ အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါ ဟုန်ချွင်းဟွာနှင့်ပင် သူတို့ ထိပ်တိုက် တွေ့ခဲ့ကြသေးသည်။

ယီယွင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း ပတ်ဝန်းကျင်ရှိ မန်နာများကို စတင် စုပ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်း၌ လျှို့ဝှက် ဆန်းကြယ်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာကာ မန်နာများကို ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ အဖြစ် ပြောင်းလဲလိုက်ကာ အသေးစား အတွင်းပိုင်း လောကအတွင်းကိုပင် ဖြည့်စွက်လိုက်၏။ ထိုနည်းဖြင့် သူ၏ ကုန်ခမ်းသွားသော ခွန်အားများမှာ ပြန်လည် ပြည့်လာခဲ့သည်။ အစစ်အမှန် လောက သိုင်းပညာ နည်းလမ်း၏ အကျိုးသက်ရောက်မှုများကို ယီယွင် နောက်တစ်ကြိမ် ကျေနပ်သွားမိပြန်သည်။

အကယ်၍ ချိပ်ပိတ်နယ်မြေ အတွင်းရှိ ကျင့်ကြံသူများသာ သူ အတွင်းပိုင်း လောက တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သတင်ကြားပါက အလွန် ထိတ်လန့် တုန်လှုပ်သွားကြလိမ့်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် အတွင်းပိုင်းလောက တစ်ခုကို ရရှိဖို့ သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် သူတို့၏ ခန္ဓာကိုယ်များကို အကန့်အသတ် ရောက်ရှိအောင် သန့်စင်ဖို့ လိုအပ်သည့် အခြေအနေတွင် သူကတော့ သေမျိုးတစ်ယောက် အနေဖြင့်ပင် ပိုင်ဆိုင်ထားခဲ့သည် မဟုတ်ပါလား။

လင်းမင်မှာ မန်နာများ တိတ်ဆိတ်စွာ ရွေ့လျား နေသည်ကို ခံစားလိုက်မိ၏။ သူ မျက်မှောင်ကြုတ်လိုက်ရင်း ယီယွင်ကို လှမ်းကြည့်လိုက်သည်။ မူလ အဆင့်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် အနေဖြင့် ထိုသိမ်မွေ့သည့် လှုပ်ရှားမှုကို သူ သတိထားမိပေသည်။

“သူ့မှာလည်း မူလ အဆင့် ရှိတာလား...”

လူသားတစ်ပိုင်း၊ အယ်ဗန် တစ်ပိုင်း မျိုးစပ် တစ်ယောက်က ထိုမျှ အဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ခြင်း အပေါ် လင်းမင် အံ့ဩ နေခဲ့မိသည်။

ကောလဟလများမှာ အမှတ်တကယ်ပင် မှားယွင်းနေသလို လင်းမင် ခံစားလိုက်ရ၏။ အယ်ဗန် သွေးမျိုးဆက်က အမှန်တကယ် နိမ့်ကျတာ ဟုတ်ပါ၏လော။

သူတို့ ငါးယောက်မှာ ထိုနေရာတွင်ပင် ဆက်လက် အနားယူရင်း ရောက်တတ်ရာရာ စကားပြောဆို နေကြ၏။ မင်ယုလင်နှင့် ယီယွင်တို့မှာ လင်းမင်၊ ပိုင်ယုရှီတို့နှင့် တစ်ကြိမ်မျှ မတွေ့ဖူးကြသော်လည်း သူတို့ အကြားရှိ ဆက်ဆံရေးတွင် သဟဇာတ မဖြစ်မှု မရှိပါချေ။

ရုတ်တရက်... လေထု၏ အခြေအနေက ပြောင်းလဲ သွားခဲ့၏။ လင်းမင်နှင့် ယီယွင်တို့ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များက ဆန့်တန်းသွားကာ အနောက်အရပ်ကို လှမ်း၍ ကြည့်လိုက်ကြသည်။ အနည်းငယ် ပိုမို နှေးကွေးသည့်တိုင် ကျောင်းရှုလင်းနှင့် ပိုင်ယုရှီတို့မှာလည်း ထိုကဲ့သို့ လိုက်လံ လုပ်ဆောင် လိုက်ကြ၏။ အနှေးကွေးဆုံး ဖြစ်သည့် မင်ယုလင်မှာ ဘာကိုမှ အာရုံမခံခဲ့မိပါချေ။ သူမက သူတို့ကြည့်သည့် နေရာကို သည်အတိုင်း လိုက်ကြည့်လိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော်လည်း... ကြည့်ရှုလိုက်သည်နှင့် ချက်ချင်းပင် သူမ၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ မျက်သားဖြူများထက်တွင် ကြောက်ရွံ့မှု လှိုင်းများ ပေါ်လွင် လာခဲ့တော့၏။

“သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ရှာတွေ့သွားတာလဲ...”

သူမက ထိတ်လန့် တုန်လှုပ်စွာ ရေရွတ်လိုက်လေ၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံက လျှင်မြန်စွာပင် လှည့်ပတ်လာကာ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်လိုက်သည်။ သို့သော်လည်း သူမ၏ အတွင်းအား စွမ်းအင်များနှင့် ကြယ်တာရာ အင်အားတို့မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ချေ။

လင်းမင် မျက်မှောင်ကြုတ်လိုက်၏။ ရင်းနှီးပြီးသား ဖြစ်သည့် အော်ရာ တစ်ခုကို သူ ခံစားနိုင်ပေသည်။

“ကောင်းကင် ပေါင်းစည်းရေး အဖွဲ့...”

လုံလောက်စွာ ငွေပေးချေမည် ဆိုပါက ကောင်းကင် ပေါင်းစည်းရေး အဖွဲ့မှ ကောင်းကင် ပုရောဟိတ်များမှာ မည်သည့် လူပုဂ္ဂိုလ်ကို မဆို ခြေရာခံရန် ကူညီပေးပေသည်။ လင်းမင်မှာ ဒေါသထွက်ခြင်းနှင့် အကူအညီ ကင်းမဲ့ခြင်းတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရ၏။ ကောင်းကင် ပေါင်းစည်းရေး အဖွဲ့မှာ အခြားလူများကိုတော့ ဆန့်ကျင် တိုက်ခိုက်သည်။ သို့သော်လည်း... ရွေးချယ်ခံ တစ်ယောက်က သူတို့ကို ပြန်လည် ဆန့်ကျင်သော အခါတွင်တော့ ဆုကြေးထုတ်၍ အပြတ်ပါ ရှင်းပစ်ခဲ့သည်။

“ခွေးမသားတွေ...”

ယီယွင်က လက်သီးကို ခပ်တင်းတင်းဆုပ်ရင်း ကျိန်ဆဲလိုက်၏။

“သူတို့က ဘာလို့ ဒီလောက်တောင် ဇွဲကောင်း နေရတာလဲ...”

ပိုင်ယုရှီက မကျေမနပ် မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

"မျှော်လင့်မထားတဲ့ ကိစ္စတော့လည်း မဟုတ်ပါဘူး...”

ကျောင်းရှုလင်းက ယီယွင်ကို လှမ်းကြည့်ရင်း ဆိုလိုက်၏။ သူမ၏ မျက်ဝန်းများက အနည်းငယ် စိတ်ရှုပ်ထွေး နေသည့်ပုံ ပေါ်လေ၏။ မိန်းကလေးက ဆက်ပြောလိုက်သည်။

“ဝိညာဉ်ချည်နှောင်ကြာပန်းရဲ့ ဝတ်ဆံကို လျှို့ဝှက် မြေကြီး အဆင့် ထုတ်ကုန် တစ်ခု အနေနဲ့ အသုံးပြုနိုင်တယ်... နောက်ပြီး အရွက်တွေကလည်း အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေနဲ့ ယှဉ်နိုင်တယ်လို့တောင် ပြောကြတယ်... တန်ဖိုးက မခန့်မှန်းနိုင်လောက်အောင်ပဲ”

"ဝိညာဉ်ချည်နှောင် ကြာပန်း...”

လင်းမင်မှာ အနည်းငယ် အံ့ဩသွားကာ ယီယွင်ကို ကြည့်လိုက်၏။ ၎င်းမှာ သူ့ကို ဝိညာဉ်သခင် ဖြစ်လာစေရန် ကူညီပေးနိုင်သည့် ပစ္စည်း အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။

သို့သော်လည်း... သူ အသေးစိတ် မစုံစမ်းနိုင်မီ၊ မည်သည့် ဆုံးဖြတ်ချက်မှ မချနိုင်မီမှာပင် နေကောင်းကင် နန်းတော် အဖွဲ့သားများမှာ သူတို့၏ မဟာမိတ်များနှင့် အတူ အလွန် နီးကပ်လာနေပြီ ဖြစ်လေတော့သည်။ သူတို့၏ ကျယ်လောင်သည့် ရယ်မောသံများကိုပင် ကြားနေခဲ့ရလေတော့၏။

“ဒီဘဝမှာတော့ မင်းတို့လေးတွေ ငါတို့ဆီက လွတ်အောင် မပြေးနိုင်တော့ပါဘူး... ဟား ဟား...”

...

“...”

လင်းမင်၊ ပိုင်ယုရှီနှင့်‌ ကျောင်းရှုလင်းတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ အကြည့်တစ်ချက်ဖြင့်ပင် အတွင်းစိတ်၌ တည်ရှိနေသည့် အပြန်အလှန် အတွေးများကို သူတို့ တိကျစွာ သိရှိ နားလည်ခဲ့ကြပြီး ဖြစ်သည်။

“တိုက်...”

ယီယွင်မှာ မောပန်းနေဆဲ ဖြစ်သော်လည်း တိုက်ပွဲနှင့် စိန်ခေါ်မှုတို့မှ ပေါက်ဖွားလာသည့် တိုက်ခိုက်လိုစိတ်ကြောင့် မျက်လုံးများ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ ဤတိုက်ပွဲကို မဖြစ်မနေ ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သူ နားလည် သဘောပေါက်ခဲ့ပြီး ဖြစ်သည်။

မင်ယုလင်ကတော့ အလွန်ပင် ပင်ပန်း နွမ်းနယ်နေခဲ့ကာ တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ချေ။ သို့သော်လည်း... ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အတွက် အဘွားဖြစ်သူ ဖန်တီးထားခဲ့သည့် အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအဆောင်ထံမှ လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာများ ထွက်လာကာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖိနှိပ်နိုင်သည့် သတိပေး အငွေ့အသက်များကို ထုတ်လွှတ် နေခဲ့သည်။

ထိုအခြေအနေကို ခံစားမိသည်နှင့် တစ်ပြိုင်နက် နေကောင်းကင် နန်းတော်သားများ၏ အမူအရာများမှာ သိသိသာသာပင် ပြောင်းလဲ သွားခဲ့၏။

သူတို့ထံတွင်ရော ထိုကဲ့သို့ အားသာချက် မရှိပဲ နေပါမည်လော။ များလှစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူတို့၏ မျိုးဆက်များကို ကာကွယ်ပေးရန် အတွက် အဆောင်များ၊ အစီအရင်များကို စီစဉ် ပေးလိုက်သည်ချည်းသာ ဖြစ်သည်။

ချက်ချင်းပင် ကျောင်းရှုလင်း၏ အမူအရာက မင်ယုလင်ကို စိုက်ကြည့်ကာ ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ ရက်သတ္တပတ်များစွာ ကုန်လွန်သွားသည်နှင့် အမျှ ထိုကဲ့သို့ အဆောင် လက်ဖွဲ့များ၊ ရတနာများကို အသက်အန္တရာယ်နှင့် မကြုံမချင်း ထုတ်မသုံးခြင်းမှာ မပြောပဲ သိသည့် စည်းကမ်း တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

အကယ်၍ သင် ထိုကဲ့သို့ အဆောင်လက်ဖွဲ့များကို ထုတ်ယူပါက သူတို့လည်း ထုတ်ယူ ကြလိမ့်မည် ဖြစ်သည်။ ထို့နောက် ပြင်းထန် ကြောက်မက်ဖွယ် ကောင်းသည့် ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်လာကာ ကမ္ဘာလောကကြီး တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များ အတွင်း၌ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖန်တီးသည့် အဆောင် လက်ဖွဲ့များနှင့် ရတနာများကြောင့် မလိုလားအပ်သည့် ထိခိုက် ပျက်စီးမှု များစွာ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည်။ ထာဝရ ဧကရာဇ်က ထိုအရာများအား အဘယ်ကြောင့် မတားဆီးခဲ့သည်ကတော့ အံ့ဩစရာပင်။ လူတိုင်းမှာ ထိုအရာများကို ဝယ်ယူနိုင်ခြင်း မရှိသော်လည်း ပိုင်ဆိုင်ထားသူများကတော့ အလွန်အမင်း အာသာချက်များကို စွဲကိုင်ထားသလိုပင် ဖြစ်၏။

“သိမ်းလိုက်...”

နေကောင်းကင် နန်းတော်သားများပါ သူတို့၏ အဆောင် လက်ဖွဲ့များအား ထုတ်ယူလာသည်ကို တွေ့လိုက်ရသော အခါတွင်တော့ ပိုင်ယုရှီက မင်ယုလင်ကို လှမ်းပြောလိုက်၏။ အခြေသာ ပိုမို၍ ဆိုးရွားလာပါက ဝိညာဉ်ချည်နှောင် ကြာပန်း မဆိုထားနှင့်...။ သူတို့ ပိုင်ဆိုင်ထားသမျှ အရာအားလုံး ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

မင်ယုလင်မှာ အဆောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူမ၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေခဲ့၏။ သူမ အံကို တင်းတင်းကြိတ်ရင်း ဆုံးဖြတ်ရခက်နေခဲ့သည်။ ယီယွင်က သူမ၏ လက်ကို ဆုပ်ကိုင်ကာ ယုံကြည်ချက် ပြည့်ဝသည့် မျက်လုံးများနှင့် ကြည့်လိုက်သော အခါတွင်မှ သူမ၏ နှလုံးသားမှာ မရှင်းပြနိုင်စွာ တည်ငြိမ်လာခဲ့သည်။

“စိတ်ချ... အမကို ဘယ်သူ့ကိုမှ ထိခွင့် မပေးဘူး...”

ယီယွင်က တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်၏။ မင်ယုလင်၏ အမူအရာက အနည်းငယ် ပြေလျော့သွားကာ လုံခြုံသည့် စိတ်ခံစားမှု တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ မိန်းကလေး၏ မျက်ဝန်းများထဲမှ ကြောက်ရွံ့သည့် အကြည့်များက ပျောက်ကွယ်သွားကာ အဆောင်ကို ပြန်လည်၍ သိမ်းဆည်းလိုက်သည်။

ထိုအရာကို မြင်ရသော အခါမှသာ နေကောင်းကင် နန်းတော်သားတို့ထံမှ တင်းမာမှုများက ချက်ချင်း ပြေလျော့ သွားခဲ့သည်။ အကာအကွယ်မဲ့သူများ၏ နဖူး၊ လက်ဖဝါးနှင့် လက်ဖမိုးတို့တွင် ချွေးစေးများမှာ စေးကပ် နေခဲ့၏။ သူတို့မှာ နောက်ခံကောင်းကောင်း မရှိသလို ငွေကြေးများစွာ အသုံးပြု၍ အဆောင် လက်ဖွဲ့များကိုလည်း ဝယ်ယူနိုင်ခြင်း မရှိခဲ့ချေ။ လူတိုင်း၌ မင်ယုလင် ကဲ့သို့ သဲသဲလှုပ် ချစ်မြတ်နိုးသည့် အဘွား မရှိချေ။

ဝှစ်...

လင်းမင်က တုံ့ဆိုင်းမနေဘဲ သူ၏ မူလလှံတံကို ထုတ်ယူကာ ရန်သူများထဲသို့ ရဲဝံ့စွာ ပြေးဝင်သွားခဲ့သည်။ ဤအခြေအနေကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းက တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ထင်ရှားသည်။ ကျောင်းရှုလင်းကလည်း သူမ၏လေးကို ထုတ်ယူကာ လင်းမင်ကို ကူညီရန် အတွက် ရန်သူများကို တည်ငြိမ်စွာ ချိန်ရွယ်လိုက်၏။ ပိုင်ယုရှီကလည်း သက်တံ ကဲ့သို့ လှပသည့် ကိုးရောင်ခြယ် ဓားရှည်ကို ထုတ်ယူကာ လင်းမင်၏ဘေးမှ ရဲရဲဝံ့ဝံ့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ကောင်းကင် ပေါင်းစည်းရေး အဖွဲ့၏ ကောင်းကင် ပုရောဟိတ်မှာ ပေါက်ကွဲလာသည့် အခြေအနေကို ကြည့်ရင်း အဝေးသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

နေကောင်းကင် နန်းတော် အဖွဲ့ဝင်များကတော့ လက်နက်များကို ဆုပ်ကိုင်ရင်း တိုက်ခိုက်လိုစိတ်များ ပြင်းပြစွာ ထွက်ပေါ်လာခဲ့သည်။ သူတို့က အမဲလိုက်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သားကောင်များမှာလည်း သူတို့ရှေ့တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ဟိုမျိုးမစစ်ကောင်ကို မထိစေနဲ့...”

ခေါင်းဆောင် ဖြစ်သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မကြာခင်မှာပင် အဖွဲ့နှစ်ဖွဲ့မှာ ပြင်းထန်စွာ တိုက်ခိုက် နေကြပြီ ဖြစ်လေတော့သည်။

***

All Chapters