← Chapters

စတင်ခြင်း

Vol. 108 Ch. 1512

စတင်ခြင်း

Vol. 108 Ch. 1512

“ဘာလဲ...”

ထန်ရှင်းယွင်မှာ နာ့ရှင်းရီ၏ တီးတိုး ရေရွတ်မှုကို ကြားလိုက်ရလေရာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့၏။ မည်သည့် အရာက ပို၍ စိတ်ဝင်စားစရာ ကောင်းသွားစေခဲ့သနည်း။

နာ့ရှင်းရီက သူမဘက်ကို လှည့်ကာ ပြုံးပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... နင် အဲဒီအတွက် ဝင်ပြိုင်မှာလား...”

သူမက ခေါင်းစဉ်ကို ပြောင်းလဲ လိုက်သည်။ သစ်သီး၏ အာနိသင်နှင့် အာဏာရှင် အဖွဲ့၏ ရည်ရွယ်ချက်များကို ထည့်သွင်း စဉ်းစားပါက ဤနေရာတွင် သူတို့လည်း ပါဝင်မည်မှာ မလွဲမသွေပင် ဖြစ်သည်။ သူတို့ ဤနေရာသို့ ရောက်ရှိလာခြင်းကပင် ထိုအချက်ကို သက်သေခံနေသည်။

“ဝင်ပြိုင်ဖို့...”

ထန်ရှင်းယွင်က လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ သူမ၏ မျက်လုံးများက သစ်သီး စာအုပ်ကို လိုချင် တက်မက်သည့် ဆန္ဒများနှင့် ငေးကြည့် နေခဲ့သည်။ ဒါပေါ့... သူမ ပြိုင်ဆိုင်ချင်သည်။ သို့သော်လည်း... အလားတူ ဝင်ပြိုင်မည့် ရွေးချယ်ခံ သိန်းပေါင်းများစွာလည်း ရှိနေခဲ့သည်။

တိုက်ပွဲက သွေးချောင်းစီးသည် အထိ ပြင်းထန်မှာ မလွဲမသွေပင် ဖြစ်လေသည်။

“သစ်ရွက်တွေကလည်း တန်ဖိုးရှိပါတယ်...”

နာ့ရှင်းရီက ထောက်ပြလိုက်၏။ ထန်ရှင်းယွင် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက သစ်ရွက်များကို စစ်ဆေး ကြည့်လိုက်ရာ ၎င်းတို့၏ အကြောများ အတွင်း၌ ကြယ်တာရာ အမတေများ လှည့်ပတ် စီးဆင်းနေသည်ကို အာရုံခံလိုက်မိ၏။ ၎င်းတို့မှာလည်း ရတနာများသာ ဖြစ်သည်။

မိန်းကလေး နှစ်ယောက် စကားပြောနေသည့် တစ်ချိန်တည်းတွင်ပင် သောင်းပေါင်းများစွာသော အာဏာရှင် အဖွဲ့သားများ အားလုံးမှာ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို အသိစိတ် ပင်လယ်အတွင်းမှ တိုက်ရိုက်ပင် လက်ခံ ရရှိလိုက်၏။ ချက်ချင်းပင် သူတို့ အားလုံး၏ မျက်လုံးများက ခန့်မှန်း၍ မရနိုင်သည့် အတိုင်းအတာ အထိ တောက်ပလာခဲ့တော့သည်။ ၎င်းမှာ အာဏာရှင် အင်ပါယာ ကိုယ်တိုင်၏ အသံပင် ဖြစ်လေသည်။

“အထွတ်အမြတ် ကြယ်တာရာ သစ်ရွက် တစ်ရွက်ကို သိမ်းပိုက်ပါ... ထာဝရ ကမ္ဘာ စွန့်စားခန်း ပြီးဆုံးတဲ့ အချိန် အထိ မကြွေသေးတဲ့ သစ်ရွက်ပေါ်မှာ ရပ်နေနိုင်တဲ့ လူတွေ အားလုံး အာဏာရှင် အမှတ်တစ်မှတ် ရမယ်”

ဟုန်ချွင်းဟွာ၏ နှလုံးသားမှာ သောင်းပေါင်းများစွာသော အာဏာရှင် အဖွဲ့ဝင်များနှင့်အတူ လျင်မြန်စွာ ခုန်နေခဲ့သည်။

အာဏာရှင် အမှတ်ပါ အနန္တ ဧကရာဇ်ဂိုဏ်း အသုံးပြုခဲ့သည့် အနန္တ အမှတ်နှင့် အလွန် ဆင်တူသည်။ ၎င်းမှာ ထူးချွန်သူများကို ဆုချရန်အတွက် တည်ထောင်ထားသည့် စနစ်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း အာဏာရှင အမှတ်တစ်မှတ်ကို ရရှိရန် အလွန်ခက်ခဲသည်။ ဝေ့ဝူယင်မှာ ပုံမှန်အားဖြင့် ကျင့်ကြံခြင်း အခြေခံ အလိုက် စွမ်းဆောင်ရန် ဖြစ်နိုင်သည့် အနိမ့်ဆုံးသော တာဝန်များကို ပေးအပ်လေ့ ရှိသည့် အပြင် ဆုလာဘ်များစွာကိုပါ ချီးမြှင့်လေ့ ရှိလေရာ ထိုအရာကပင် အာဏာရှင် အဖွဲ့သားများ အတွက် ရင်းမြစ် မပြတ်လတ်အောင် ထိန်းသိမ်း ထားပေးသည်။

အဖွဲ့သား အားလုံးမှာ ရာထူး၊ နေရာ မခွဲခြားပဲ တူညီသည့် ပမာဏများကို ရရှိကြသည်။ သို့သော်လည်း... အာဏာရှင် အမှတ်များကတော့ အာဏာရှင် အင်ပါယာ၏ မျက်နှာသာပေးမှုနှင့် ဆင်တူကာ ကျင့်ကြံခြင်း အခြေခံနှင့် ကိုက်ညီသည့် မည်သည့် ရင်းမြစ်မျိုးကို မဆို တောင်းဆိုနိုင်သည်။ ၎င်းမှာ ပုံမှန် ချီးမြှင့်လေ့ ရှိသည့် ပစ္စည်းများထက် ပိုမို ကောင်းမွန်လေရာ ပြိုင်ဘက်များကို များစွာ အသာစီး ရရှိနိုင်စေသည်။

အာဏာရှင် အဖွဲ့မှာ စည်းလုံး ညီညွှတ်မှုကို အဓိက ထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ပြိုင်ဆိုင်မှုများ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ လတစ်လချင်းစီ၊ နှစ်တစ်နှစ်ချင်းစီနှင့် ဆယ်စုနှစ် တစ်ခုချင်းစီ အတွက် အဖွဲ့မှ သတ်မှတ်ထားသည့် ကျင့်ကြံခြင်းနှင့် ခွန်အား စံနှုန်းမျာကို ပြည့်မှီဖို့ လုပ်ဆောင်ရသည်။ ပြည့်မှီခြင်း မရှိပါက အာဏာရှင် တပ်မဟာများတွင် ပါဝင်ခွင့် မရတော့ပဲ အခြား အပိုင်းများထံသို့ ပြောင်းရွှေ့ရသည်။ ဆယ်စုနှစ်များစွာ အတွင်း အာဏာရှင် အဖွဲ့ဝင် အများအပြားမှာ ဝေ့ဝူယင် ဓားနှင့် ဒိုင်းများ ဖြစ်လာရန် မသင့်တော်ဟု ဆိုကာ စစ်ထုတ်ခံခဲ့ကြရသည်။

အာဏာရှင် အမှတ်များမှာ သူတို့ အတွက် ကိုယ်ပိုင် ခွန်အားများ တိုးတက်လာစေရန်၊ အာဏာရှင် အဖွဲ့ဝင် တစ်ယောက် အဖြစ် ဆက်လက် ရပ်တည်ရန်တို့တွင် မရှိမဖြစ် အရေးပါသည့် အထောက်အပံ့များ ဖြစ်ပေသည်။

ဟုန်ချွင်းဟွာ၏ မျက်လုံးများမှာ အပင်ပေါ်သို့ စူးစိုက်ကြည့်နေခဲ့၏။ သူမ၏ မျက်ဝန်းများမှာ ယခင်ကလို စိတ်အားထက်သန်မှုနှင့် လိုအင်ဆန္ဒများ ကင်းမဲ့မနေတော့ဘဲ ပြင်းပြသော စိတ်ခံစားချက်များဖြင့် ပြည့်လျှံနေခဲ့သည်။ သူမတစ်ယောက်တည်း မဟုတ်ပါချေ။ အာဏာရှင် သောင်းပေါင်းများစွာမှာ သွေးစွန်းနေသည့် သားကောင်ကို မြင်တွေ့ရသည့် ငါးမန်းများ အလား ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်နှင့် ပြိုင်ဆိုင်လိုစိတ်များကို စတင် ထုတ်ဖော်ခဲ့ကြ၏။

ဝေ့ဝူယင်၏ သတင်းစကားက ထိုမျှဖြင့် မပြီးဆုံးသေးဘဲ ဒုတိယအပိုင်း ပါလာခဲ့သည်။

“ဒါပေမဲ့ အခြား ကျင့်ကြံသူတွေနဲ့ သစ်ပင်ကို သေစေနိုင်တဲ့... ဒါမှမဟုတ် အလွန်အကျွံ ထိခိုက်စေနိုင်တဲ့ အင်အားမျိုးကို သုံးရင် ကပ်ဘေး အကုသိုလ်ကို ရမယ်”

“…”

မီးတောက်ကို ရေအေးဖြင့် ပက်ဖြန်းလိုက်သကဲ့သို့ လျှို့ဝှက် အာဏာရှင်များ၏ ပြင်းပြသော စိတ်ခံစားမှုများမှာ ငြိမ်းအေးသွားခဲ့သည်။ သို့သော်လည်း သူတို့၏ မျက်ဝန်းများ အတွင်းတွင်တော့ မီးတောက် တစ်ချို့ ရှိနေသေးဆဲ ဖြစ်သည်။ ကပ်ဘေး အကုသိုလ် ဆိုသည့် ဝေါဟာရမှာ လမ်းတွင် လာရောက် တားဆီးမည့် ရှိရှိသမျှ လူတိုင်းအား သတ်ဖြတ်လိုသည့် စိတ်ကို ပျောက်ကွယ်သွားစေခဲ့သော်လည်း သူတို့၏ ယှဉ်ပြိုင်လိုသော စိတ်ဆန္ဒကိုတော့ မပျောက်ကွယ်စေခဲ့ပါချေ။

ဟုန်ချွင်းဟွာ ရယ်မောလိုက်၏။ အကယ်၍ ဝေ့ဝူယင်သာ ဘာမှ မပြောခဲ့ပါက အာဏာရှင် အဖွဲ့သားများမှာ သစ်ပင်တစ်ခုလုံးကို မီလီစက္ကန့်အနည်းငယ်အတွင်း ဖျက်ဆီးပစ်နိုင်ဖွယ်ပင် ရှိသည်။

မူလ အာဏာရှင်များ၊ ဗာကီရီ အဖွဲ့ဝင်များ၊ အာဏာရှင် အဖွဲ့ဝင် ဖြစ်သော်လည်း မူလဂိုဏ်းများကို ကိုယ်စားပြု၍ ပါဝင်ခဲ့သူများ၊ အမှောင် ရွေးချယ်ခံများ (ဥပမာ... ယီယွင်နှင့် အခြား ကောင်းချီးခံ အနည်းငယ်) တို့ကတော့ ထိုကဲ့သို့ လမ်းညွှန်မှုမျိုးကို မရရှိခဲ့ကြချေ။

လေထုက ရုတ်တရက် တင်းမာလာသလို ခံစားလိုက်ရလေရာ နာ့ရှင်းရီ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။ ထန်ရှင်းယွင်၏ လက်ဖဝါးနှင့် ကျောပြင်တို့မှာ ရုတ်ချည်းပင် ချွေးစေးများနှင့် စိုရွှဲလာကာ မသက်သာသည့် ခံစားချက်လှိုင်း တစ်ခုက နှလုံးသား အတွင်း ပြင်ထန်လာခဲ့သည်။ သူမတို့ ပတ်ဝန်းကျင်တွင် ရပ်နေသည့် ကျင့်ကြံသူများစွာ၏ အငွေ့အသက်များ အားလုံးမှာ ပြောင်းလဲသွားကြောင်း သူမ ခံစားမိပေသည်။

နာ့ရှင်းရီ ထန်ရှင်းယွင်ကို လှည့်ကြည့်လိုက်သည်။

“ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်ရဲ့ နောက်ဆုံးအပိုင်းက ဒီအဆင့်ငါး ကံကြမ္မာဇုန်ပဲ... ပန်းသီးသုံးလုံး အခူးခံလိုက်ရရင် ဒါမှမဟုတ် အချိန်ပြည့် စွားရင် အားလုံး ပြီးဆုံးသွားလိမ့်မယ်...”

၀၀ ရက် : ၂၃ နာရီ : ၅၂ မိနစ် : ၀၉ စက္ကန့်...

“ငါတော့ ပွဲကြည့် ပရိသတ်ပဲ လုပ်တော့မယ်...”

ထန်ရှင်းယွင်က ဆုံးဖြတ်လိုက်၏။ သူမ ပန်းသီးနှင့် အရွက်များကို ရယူလိုခဲ့သော်လည်း ၎င်းတို့ အတွက် တိုက်ခိုက်ခြင်းမှာ ကပ်ဘေးနှင့်သာ အဆုံးသတ်ရနိုင်သည်ဟု ခံစားရသည်။

“နင်ရော...”

“ငါက ပန်းသီးတစ်လုံး ယူမယ်”

နာ့ရှင်းရီက ပြတ်သားစွာ ဆိုလိုက်၏။ ထိုကံကြမ္မာက သူမ အတွက် ကြိုတင် သတ်မှတ်ထားပြီး သကဲ့သို့ပင် ဖြစ်သည်။

သူမ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ လေ့လာရန် သက်သက် မဟုတ်ပဲ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်း တစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။ သို့ဖြစ်လေရာ ထိုပြိုင်ပွဲကို သူမ မည်ကဲ့သို့ မပါဝင်ပဲ နေပါမည်နည်း။ ဆုလာဘ်က အမှိုက် ဖြစ်နေလျှင်ပင် သူမ ဝင်ပြိုင်မည် ဖြစ်ပေသည်။

သူမသည် ဤနေရာကို လာကြည့်ရှု လေ့လာရန် မဟုတ်ဘဲ လူသိများရန်၊ မှတ်မိခံရရန်၊ ကြောက်ရွံ့ခံရရန်နှင့် လေးစားခံရရန် ဖြစ်ပါသည်။ ဤပြိုင်ပွဲတွင် သူမ မည်သို့ ပါဝင်ခြင်း မပြုဘဲ နေနိုင်မည်နည်း။ ဆုလာဘ်များသည် လုံးဝ အမှိုက်ဖြစ်နေရင်တောင် သူမ မည်သို့ မပါဝင်ဘဲ နေနိုင်မည်နည်း။

...

“စနေပြီ...”

ထျန်းရီဝူ နှင့် ထျန်းကျန်းဟန် တို့ နှစ်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်ကြ၏။ ရွှေရောင် ကျောက်တိုင်ကြီးမှာ ကောင်းကင်မှနေ၍ ဖြည်းညင်းစွာ ပျောက်ကွယ်စပြုလာနေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးအဆင့်မှာ စတင် နေခဲ့ပြီ ဖြစ်လေသည်။

...

All Chapters