ငွေကြေးအတွက် သစ္စာဖောက်သောသူ
Vol. 3 Ch. 24
လင်မျိုးနွယ်ခြံဝင်းမှ ထွက်ခွာလာခဲ့ပြီးနောက် စုချန်းသည် စစ်မှန်သောကျောက်စိမ်းနန်းတော်သို့ တန်း၍ မပြန်သေးချေ။ ထိုသို့ပြန်ရမည့်အစား သူက အိမ်ကို ပထမဦးစွာ ပြန်လာခဲ့လေသည်။ သူရရှိထားသော ဒဏ်ရာများသည် အလုံးစုံ ပျောက်ကင်းသက်သာနေခဲ့ပြီ ဖြစ်သော်လည်း သူဝတ်ဆင်ထားသော အဝတ်အစားများမှာမူကား ကုချိန်းလွှာ ယာယီလှဲလှယ်ပေးထားသော အစေခံဝတ်စုံများသာ ဖြစ်သည်။ အိမ်ကို အရင်ပြန်၍ သင့်လျော်သော အဝတ်အစားများနှင့် လှဲလှယ်လိုက်မှသာ ပို၍ သင့်တော်မည် မဟုတ်ပါလား။
စုမျိုးနွယ်စု ခြံဝင်းသို့ ရောက်ရှိလာခဲ့သောအခါ စုချန်းသည် အခြားသူများ၏ အမေးအမြန်းထူခြင်းကို ရှောင်ရှားရန် နောက်ဖေးပေါက်မှ လှည့်ဝင်လာခဲ့၏ ဤနေရာသည် သူတသက်လုံး နေထိုင်လာခဲ့သော နေရာ ဖြစ်လေရာ စုချန်းအဖို့ မျက်စိမှိတ်၍ပင် သွားလာနိုင်လောက်အောင် ကျွမ်းကျင်လှသည်။ ယခု မျက်စိပြန်မြင်လာသော အခါတွင်ကား ဤနေရာသို့ ဝင်ထွက်သွားလာရသည်မှာ စုချန်းအဖို့ ထမင်းစားရေသောက်သဖွယ် လွယ်ကူသွားခဲ့ပေပြီ။
မည်သူတဦးတယောက်၏ စိုက်ကြည့်ခြင်းကိုမျှ မခံရပဲ စုချန်းတယောက် ရှင်းလင်းဆောင်အတွင်းသို့ ရောက်ရှိလာခဲ့၏။ သို့သော် ကျန်းစင်းတယောက် ထိုနေရာတွင် ရှိမနေချေ။ ကျန်းစင်းသာမဟုတ်၊ ထိုနေရာတွင် ခွေးတကောင် ကြောင်တမြီးမျှပင် မရှိပဲ လူသူကင်းရှင်းလျက်ရှိသည်။ ထိုအခါ စုချန်းသည် အတွင်းခန်းအတွင်းသို့ တန်းတန်းမတ်မတ်ပင် ဝင်လာခဲ့ပြီး သွေးစွန်းနေသော ပတ်တီးစများနှင် အစေခံ အဝတ်အစားများကို ချွတ်ချကာ ဒဏ်ရာများကို စစ်ဆေးအကဲခတ်လိုက်၏။
ကုမျိုးနွယ်စု၏ ခရမ်းရောင်ကျောက်စိမ်းအဆီသည်ကား အံ့ဖွယ်သူရဲ ထူးကဲလှပေ၏။ ဒဏ်ရာများသည် တညတာအတွင်းဝယ် အမာရွတ်မျှသာ ကျန်ရှိတော့သည်။ သူလှုပ်လှုပ်ရှားရှား လုပ်မှသာ ဒဏ်ရာတဝိုက်တွင် နာကျင်မှုတချို့ ပေါ်ပေါက်လာတတ်၏။ ထိုမျှလောက်ကတော့ သူ့အတွက် အနှောင့်အယှက် မဟုတ်ပေ။ ပြောစရာရှိသည်မှာ လက်ကျိုးသည့် ဒဏ်ရာဖြစ်သည်။ ထိုဒဏ်ရာမှာကား ယခုအချိန်ထိ အလုံးစုံ မပျောက်ကင်းသေး။ အထူးသဖြင့် အလေးအပင် မရန် မသင့်သေးဟုသာ ဆိုရမည်။ ထို့ကြောင့် စုချန်းအဖို့ ရက်အနည်းငယ်ခန့်တော့ အနားယူရပေအုံးမည်။
ဤကမ္ဘာဝယ် လူသားတို့သည် ကိုယ်ခန္ဓာစွမ်းအားများကို ကြိုးစားမွေးမြူကြရင်း အလွန် အင်အားကြီးလာကြသည် ဖြစ်ရာ နာမကျန်းဖြစ်မှုဟူ၍ အင်မတန် ရှားပါးလှသကဲ့သို့ ဒဏ်ရာအနာတရများ ရရှိပါကလည်း အချိန်တိုအတွင်း၌ပင် သက်သာပျောက်ကင်းကုန်ကြ၏။ အစွမ်းထက်ဆေးဝါးများပါ ထပ်ပေါင်းပေးလိုက်သောအခါ သေစေလောက်သော ဒဏ်ရာမျိုးမှအပ ကျန်အပရိက ဒဏ်ရာပေါင်းစုံမှာ ပြောပလောက်အောင် မဟုတ်တော့ချေ။ မည်သိုဆိုစေ စုချန်းသည် သူ့ဒဏ်ရာပျောက်ကင်းရန် ရက်အနည်းငယ်ခန့် စောင့်ဆိုင်းရမည်ဟု သိလိုက်သောအခါ အတော်လေးပင် စိတ်အနှောင့်အယှက် ဖြစ်သွား၏။
လင်မျိုးနွယ်စုမှ ရွေးချယ်ထားသူလေးယောက်သည် ယခုအချိန်တွင် အပြင်းအထန် လေ့ကျင့်နေလိမ့်မည်ဟု တွေးတောမိသောအခါ စုချန်း၏ စိတ်ထဲတွင် အချိန်များ အကုန်မြန်လွန်းသည်ဟု ခံစားနေရ၏။ လာမယ်နှစ်မတိုင်မီ သူ့ကိုယ်ခန္ဓာစွမ်းအားများ တိုးမြင့်လာရန် အရေးတကြီး လိုအပ်နေသည် မဟုတ်ပါလား။
အထက်ပါအတိုင်း တွေးတောနေစဉ် အပြင်ဘက်မှ လူတချို့ လမ်းလျှောက်လာသောအသံကို စုချန်း ကြားလိုက်ရ၏။ လက်ရှိအချိန်တွင် သူ့တကိုယ်လုံးသည် မည်သည့် အဝတ်အစားများမျှ ဝတ်ဆင်ထားခြင်း မရှိသည့်အပြင် တကိုယ်လုံးတွင်လည်း ဒဏ်ရာအမာရွတ်များနှင့် ပြည့်နှက်နေရာ မည်သို့မည်ပုံနှင့် လူမြင်ခံဝံ့မည်နည်း။ ကံကောင်းထောက်မစွာပင် အခန်းတွင်း၌ လိုက်ကာတခု ရှိနေလေရာ စုချန်းသည် သူ့အဝတ်အစားများကို ဆွဲယူပြီး လိုက်ကာနောက်သို့ ပြေးဝင်ပုန်းအောင်းလိုက်၏။
စုချန်း ပုန်းအောင်းနေစဉ်မှာပင် အခန်းတွင်းသို့ လူနှစ်ယောက် ရယ်ရယ်မောမောနှင့် လမ်းလျှောက်ဝင်လာ၏။ လူနှစ်ယောက်ထဲမှ တယောက်သည် ကျန်းစင်းဖြစ်၏။ ၎င်းသည် သုံးနှစ်တာကာလအတွင်းဝယ် လူကြီးတယောက်ပင် ဖြစ်လာခဲ့ချေပြီ။ နှုတ်ခမ်းတဝိုက်တွင်လည်း ပါးသိုင်းမွေး မုတ်ဆိတ်မွေးများ ထူလပြစ် ပေါက်ရောက်နေလေသည်။
ကျန်တယောက်မှာ အမျိုးသမီးငယ်လေးတယောက်ဖြစ်ပြီး အစေခံဝတ်စုံကို ဝတ်ဆင်ထား၏။ သူမမျက်နှာသည် ဘဲဥပုံကဲ့သို့ လုံးဝန်းနေပြီး အတော်အတန် ကြည့်၍ကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် စုချန်းက သူမအား မမှတ်မိချေ။ ကြည့်ရသည်မှာ သူ မျက်လုံးကွယ်သွားပြီးမှ သူမအနေနှင့် စုမျိုးနွယ်စုအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် တွန်းထိုးကျီစယ်ရင်း၊ စရင်းနောက်ရင်းနှင့် အခန်းတွင်းသို့ ဝင်လာကြ၏။ ကျန်းစင်းသည် အခန်းတွင်းသို့ ရောက်သည်နှင့် လက်နှစ်ဖက်ကို ဆန့်တန်းကာ အမျိုးငယ်အား အားရပါးရ ပွေ့ဖက်လိုက်သည်။ အမျိုးသမီးသည် တခိုးခိုး တခစ်ခစ် ရယ်မောရင်း ကျန်းစင်း၏ ပွေ့ဖက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် လွတ်အောင်ကား မရှောင်တိမ်းနိုင်ရှာ။ ကျန်းစင်းသည် သူမကို တကိုယ်လုံးမြုပ်သွားအောင် ပွေ့ဖက်လိုက်ပြီး ဆယ်စွယ်ဖြင့် ထုလုပ်ထားသော နဂါးကြီးတကောင်ပုံပါသည့် စုချန်း၏ စန္ဒကူးကုတင်ကြီးရှိရာသို့ ပွေ့ချီခေါ်ဆောင်လာခဲ့လေသည်။
စုချန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။ ဤနှစ်ယောက်မှာကား တရားမဝင် ချစ်ကြိုက်နေကြခြင်းပေတည်း။ သူသည် ဖခင်ဖြစ်သူ၏ အိမ်တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူဖြစ်သည်။ သူသည် ဆယ့်ငါးနှစ်မျှသာ ရှိသေးသော်လည်း ထိုကဲ့သို့သော ပုံပြင်ပေါင်းများစွာကို ကြားဖူးနားဝ ရှိခဲ့ပြီးလေပြီ။ အထူးသဖြင့် မျက်လုံးကွယ်သွားပြီးနောက် သူ၏ အကြားအာရုံသည် ယခင်ကထက် အဆပေါင်းများစွာ ကောင်းမွန်လာခဲ့၏။ ထို့ကြောင့် သူသည် အခြားသူများ မကြားနိုင်သည့် အရာများကိုပင် ကြားနိုင်ခဲ့လေသည်။
မည်သည့် အိမ်တော်၊ နန်းတော်၊ မျိုးနွယ်စု၊ ဂိုဏ်းများတွင်မဆို တရားမဝင် ခိုးကြောင်ခိုးဝှက် ချစ်ကြိုးသွယ်မိကြသော ဖြစ်ရပ်များသည် အင်မတန် ရှားလှ၏။ ယန့်ဝူရွှန်းသည် စုံတွဲတတွဲကို ထိုအကြောင်းပြချက်မျိုးနှင့် အပြစ်ပေးခဲ့ပြီး ဖြစ်သည်။ ကျန်းစင်းအနေနှင့် ထိုအပြစ်မျိုးကို ဖောက်ဖျက်ကျူးလွန်မိလိမ့်မည်ဟု စုချန်း မည်သည့်အခါကမျှပင် မယူဆခဲ့မိချေ။ ယခုတွင်ကား အနှီသပွတ်အူကြီးက သူ့အခန်းသို့မှ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့ချေပြီ။
စုချန်းသည် သဘောထားကြီးသူ ဖြစ်သည့်တိုင် ယခုအခြေအနေမျိုးကိုကား သိပ်မနှစ်မြို့လှ။ သို့သော်ငြားလည်း လက်ရှိတွင်ကား သူ မည်သို့မျှ မတတ်နိုင်။ ကျန်းစင်းနှင့် အစေခံအမျိုးသမီးငယ်တို့၏ ရမ္မက်စိတ်သည်ကား မိုးသို့ပင် ထိုးနေလေပြီ။ မီးဟုန်းဟုန်းတောက်နေလေပြီ။ သူတို့သည် စုချန်း၏ အိပ်ယာပေါ်တွင် ထိုင်ရင် အရူးများပမာ ပြုမူဆောင်ရွက်စ ပြုနေကြလေပြီ။
စုချန်းသည် ယမန်နေ့ညကပင် ကုချန်းလွှာ၏ အဝတ်မဲ့ကိုယ်ခန္ဓာကို မြင်တွေ့ခဲ့ရ၏။ ယခုတဖန် ဤစုံတွဲ၏ ပွင့်ပွင့်လင်းလင်း ကာမနှီးနှောနေပုံကို မြင်တွေ့နေရပြန်သည်။ အနှီတိုက်ဆိုင်မှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မည်သည့်အခါကမျှပင် မမျှော်လင့်ခဲ့။ ထိုအခါ သူ့တကိုယ်လုံးသည် မီးပုံထဲပြုတ်ကျသကဲ့သို့ ပူလောင်လာ၏။ သူ့နှလုံးသားမှာလည်း တဆတ်ဆတ် ခုန်နေ၏။ သို့သော် စုချန်းသည် အသက်ကို သတိထားရှုရှိုက်ရင်း သူ့ကိုယ်သူ ထိန်းချုပ်ထား၏။ ငမိုက်သားကျန်းစင်းအား နောက်တကြိမ်တွင်တော့ သင်ခန်းစာ ကောင်းကောင်းပေးရလိမ့်မည်ဟု တေးထားလိုက်လေသည်။
အဆုံးသတ်တွင်ကား လူငယ်နှစ်ဦးလုံးလိုလိုမှာ နုပျိုကြံ့ခိုင်သူများ ဖြစ်လေရာ သူတို့၏ နှီးနှောမှုကို အချိန်ကြာမြင့်အောင် တောင့်ခံထားနိုင်စွမ်း မရှိချေ။ ကျန်းစင်းသည် သူ၏ ရတနာပစ္စည်းကို ရေရှည် ထိမ်းသိမ်းထားနိုင်စွမ်းမရှိတော့ပဲ တဆတ်ဆတ် တုန်ခါလာပြီး သူထိမ်းသိမ်းထားသော အရာများကို အားရပါးရ စွန့်ထုတ်လိုက်တော့သည်။ မိုင်တသောင်းခန့် ပြေးလာရသူကဲ့သို့ ကျန်းစင်း မောဟိုက်သွား၏။ ထိုစဉ် အစေခံအမျိုးသမီးငယ်သည် အထွတ်အထိပ်သို့ ရောက်ရှိခါနီးလေပြီ။ သို့သော် သူမသည် တဖက်လူ၏ စိတ်အားထက်သန်မှုလျော့ပါးသွားသည်ကို ချက်ချင်းပင် သတိထားမိသွားပြီး ဒေါသထွက်လာ၏။ သူမက ကျန်းစင်း၏ ကိုယ်ခန္ဓာကို ဆောင့်တွန်းရင်း ဒေါနှင့်မောနှင့် ပြောလိုက်လေသည်။
"ရှင်ဟာလေ အမြဲတမ်း ဒီအတိုင်းပဲ အသုံးကို မကျဘူး"
ကျန်းစင်းက အားရပါးရ ရယ်မောလိုက်သည်။
"ဟား ဟား ဟား ကျုပ်က ညီမနဲ့ မတွေ့ရတာကြာတော့ ထိန်းဖို့ခက်တယ်ဗျ ဒါပေမဲ့ စိတ်မပူပါနဲ့ နောက်ဆိုရင် ကျုပ်အတွေ့အကြုံ ပိုမိုရင့်ကျက်လာတဲ့အတွက် ဒီထက်ပိုပြီး စွမ်းဆောင်ရည် ကောင်းလာပါလိမ့်မယ် အဲဒီအခါကျရင် ကျုပ်က ညီမကို သတ္တမမြောက် နိဗ္ဗာန်ဘုံထိ ပို့ပေးနိုင်မှာပါ"
အမျိုးသမီးငယ်က ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ရယ်မောလိုက်၏။
"ဒါဆိုရင်တော့ ရှင်က အမိန့်မနာခံပဲ ပြင်းပြင်းထန်ထန် ကြိုးစားရတော့မှာပဲရှင့်"